Chapter (3)
ေခသုတ ႏွင့္ ညီရဲရင့္ လမ္းေလၽွာက္လာခ်ိန္ အနားကို အေျပးေရာက္လာသည္က ညီရဲရင့္ရဲ့ ဘယ္ႏွေယာက္ေျမာက္မွန္းမသိေသာ ရည္းစားေကာင္မေလးပင္။
"ကိုကို၊ ကိုကို ဘာျဖစ္လို႔လဲဟင္?"
"ေခ်ာ္လဲတာပါ ေပပီေလးရယ္။ ဘာမွမျဖစ္ပါဘူး၊ စိတ္မပူနဲ႔ေနာ္"
"အို! စိတ္မပူလို႔ရမလား။ ကိုကိုက ေပပီခ်စ္သူပဲဟာကို"
"အဟားး ေအးပါကြာ၊ ခ်စ္ဖို႔ေကာင္းလိုက္တာ"
ေဘးနားမွာလူတစ္ေယာက္လုံးရွိေနတာကိုပင္ ေမ့ေနၾကသလားမသိ။ ေသာက္ပိုတစ္သိန္းလုပ္ေနတဲ့ ႏွစ္ေယာက္ကို အျမင္ကပ္လာၿပီ။
ညီရဲရင့္၊ ညီရဲရင့္! ငါ့ကို အသက္တိုေအာင္လုပ္ေနတာပဲကြာ။
သူ႔ဟာမနဲ႔ကလူက်ီစယ္ေနရင္း ေခါင္းကကိုယ့္ပခုံးေပၚမွာအခန္႔သား။
ငါ သည္းခံနိုင္စြမ္းကုန္သြားၿပီ၊ ညီရဲရင့္ေရ။
စိတ္ကထစ္ဆို လက္ကလုပ္ၿပီးေနၿပီမို့ မ်က္ေတာင္တစ္ခတ္အတြင္း ညီရဲရင့္ကေတာ့ ေျမျပင္ေပၚမွာပုံလ်က္သားလဲက်ေနရင္း ျပဴးတူးျပဲတဲနဲ႔ ကိုယ့္ကိုျပန္ၾကည့္ေနေလရဲ႕။ တစ္ဖက္ကဟာမေလးကေတာ့ ဟိုအေကာင္အနားေျပးသြားရင္း ကိုယ့္ကိုေအာ္ဟစ္လာေလရဲ႕။
"ဒီမွာ! နင္ဘာလုပ္လိုက္တာလဲ၊ ဟမ္?"
"ျမင္တဲ့အတိုင္းပဲေလ။ နင္ကန္းေနလို႔ ထပ္ေမးေနတာလား?"
"ဘာ! နင္ ေတာ္ေတာ္စိတ္ပုပ္တဲ့ေကာင္"
"အဲ့ဒီေတာ့"
ကိုယ့္မွာ နာတာကတစ္မ်ိဳး၊ သုတနဲ႔ေပပီရန္ျဖစ္ေနတာကိုၾကည့္ရင္း စိတ္ေတြပါညစ္လာသလို ေက်ာင္းကလူတခ်ိဳ႕လည္း ဝိုင္းၾကည့္ေနတာေၾကာင့္ ရန္ပြဲအားအျမန္တားလိုက္ရသည္။
"ကဲ၊ ေတာ္ၾကပါေတာ့ကြာ။ သုတ၊ ငါ့ကိုထူပါဦး။ မထနိုင္ေတာ့ဘူး"
"ဘာ! အဟားးးဟဟားးး ငါက မင္းကို တမင္တြန္းလိုက္တာေလ။ အဲ့ဒါကိုငါက အခု မင္းကိုလာျပန္ထူရမယ္ေပါ့၊ ဟုတ္လား? မ ထူ နိုင္ ဘူး"
"ကိုကို အဆင္ေျပရဲ့လားဟင္? ကိုကို လာ၊ ေပပီထူေပးမယ္ေနာ္။ ထနိုင္ရဲ့လား? ေပပီက္ိုတြဲလိုက္ေနာ္"
"အင္း။ ရ ... ရတယ္၊ ေပပီ"
အေရွ႕ကျမင္ကြင္းအား ေခသုတ မျမင္ခ်င္ေတာ့ၿပီမို႔ လွည့္ထြက္ဖို႔ျပင္လိုက္စဥ္ ရဲရင့္လက္တစ္ဖက္က ကိုယ့္အကၤ်ီစအားလွမ္းဆြဲလိုက္သည္ေၾကာင့္ ေရွ႕ဆက္မည့္ေျခလွမ္းမ်ားက ရပ္တန္႔သြားရသည္။
"သုတ"
"ဘာလဲ? ငါ့ကိုလႊတ္လိုက္ ရဲရင့္! ငါစိတ္မတိုခ်င္ဘူးေနာ္ "
"ငါ ... ငါမင္းနဲ႔အတူလိုက္မယ္။ ငါ့ကို တြဲကူေပး"
"အဟက္! မင္းေကာင္မနဲ႔သာလာခဲ့၊ ငါအတန္းထဲကေစာင့္ေနမယ္ ရဲရင့္"
ေက်ာခိုင္းသြားေသာ သုတအား ရဲရင့္ေငးၾကည့္ေနမိသည္။
စိတ္ကလည္းျမန္ပါ့၊ သုတရယ္ ဟုသာေတြးလိုက္မိေတာ့သည္။
"ကိုကို ... ကိုကို"
"ဟင္? ဘာ ... ဘာလဲ?"
"ဟို ... အဆင္မေျပရင္ ေက်ာင္းေဆးခန္းသြားၾကမယ္ေလ"
"ရတယ္၊ ကိုကိုသြားေတာ့မယ္ေနာ္။ ဖုန္းဆက္လိုက္မယ္ေနာ္ ေပပီေလး''
''ဟုတ္ကဲ့၊ အဲ့ဒါဆို ေပပီသြားေတာ့မယ္ေနာ္"
"အြန္း"
ေခသုတ အတန္းထဲမွာထိုင္ေနေပမဲ့ အခန္းဝကိုသာေငးေနမိသည္။ အင္း ... ရဲရင့္အားေမၽွာ္ေနသည္ဆို ပိုမွန္ေပလိမ့္မည္။ စိတ္မထိန္းနိုင္ျဖစ္ကာ တြန္းလွဲမိခဲ့ၿပီး ရင္ထဲကနာက်င္လာသည္မို့ ေက်ာခိုင္းထားခဲ့ရေပမဲ့ အဆင္မွေျပရဲ႕လားဟုစိတ္ပူမိသည္ကအမွန္ပင္။ ဘယ္လိုပဲျဖစ္ေနပါေစ ရဲရင့္က သုတ အရမ္းခ်စ္ရသည့္ေကာင္ေလးပင္မဟုတ္ပါလား။
အေတြးမ်ားပင္မဆုံးေသး၊ အတန္းထဲသို႔ ေထာ့နဲ႔ေထာ့နဲ႔ျဖင့္ဝင္လာေသာ ရဲရင့္အား ျမင္လိုက္ရသည္မို႔ ေျခလွမ္းတို႔က ရဲရင့္အနားသို႔ လွမ္းမိလ်က္သားျဖစ္ေနေလၿပီ။
"လာ၊ ငါ့ကိုတြဲ"
"အင္း၊ တင္ပါးေအာင့္လိုက္တာ"
"လာ၊ ခုံမွာထိုင္။ ျဖည္းျဖည္း"
"မင္း ငါ့ကို စိတ္မဆိုးေတာ့နဲ႔ေနာ္ သုတ"
"အင္း"
သိတာေပါ့၊ သုတက ေဒါသႀကီးေပမဲ့ ရဲရင့္ကိုဆို ၾကာၾကာစိတ္မဆိုးတတ္ဘူးဆိုတာ။ အင္း ... သိေနရဲ႕နဲ႔ေတာင္ သုတစိတ္ဆိုးရင္ ရဲရင့္လည္း စိတ္ညစ္ရသည္။ ဝမ္းနည္းသြားရသည္ဆို ပိုမွန္ေပလိမ့္မည္။
"သုတ"
"အင္း"
"ငါ ... ငါေလ၊ ငါေတာင္းပန္ပါတယ္"
"ဘာအတြက္လဲ?"
"ခုန ကိစၥအတြက္"
"ရတယ္၊ ငါေမ့လိုက္ၿပီ။ စိတ္မဆိုးဘူး။ မင္းေရာ နာသြားလား?"
"အင္း၊ နာတာေပါ့။ ဖင္ကိုေအာင့္သြားတာပဲ"
"အဟက္ "
"မရယ္နဲ႔၊ ေဟ့ေကာင္ "
"အင္း၊ မရယ္ပါဘူး။ ေခါင္းကေရာ မူးေသးလား? "
"အင္း၊ နည္းနည္း"
"ဟူးးး မင္းေၾကာင့္နဲ႔ငါလည္း ျမန္ျမန္အသက္တိုမွာပဲ ရဲရင့္ရာ"
"အဖိုးအိုလိုပဲ ပြစိပြစိမလုပ္နဲ႔ "
"မင္းးး"
"ဟိုမွာ ဆရာလာၿပီ"
စာသင္ခ်ိန္သံုးခ်ိန္ေျမာက္မွာေတာ့ ညီရဲရင့္တစ္ေယာက္ ခုံေပၚေခါင္းေလးတင္ၿပီး အိပ္ေပ်ာ္သြားေလရဲ့။
"ရဲရင့္၊ ထေတာ့! Tutorial အခ်ိန္ေရာက္ၿပီ"
"ဟင္? အင္း"
အိပ္ခ်င္မူးတူးနဲ႔ ထလာၿပီး ေရေတြေသာက္ေနသည္။ ေျဖစရာရွိတာေျဖၿပီးတဲ့အခါ သုတက ရဲရင့္စာရြက္ကိုပါယူသြားေပးၿပီး တင္ေပးေနတုန္း ညီရဲရင့္ ခံုေပၚေမွာက္ေနျပန္ပါရဲ႕။
"ထစမ္းကြာ! မင္းက စာလာသင္တာလား? လာအိပ္တာလား?"
"အိမ္မွာဆို ေက်ာင္းမသြားဘဲအိပ္ေနလို႔ဆိုၿပီး အဆူခံရမွာ။ ေက်ာင္းလာၿပီးအိပ္ေတာ့ Roll Call လည္းရ၊ အိပ္လည္းငိုက္ရ၊ ဘယ္ေလာက္အဆင္ေျပလဲ? စာက မင္းကူးထားတယ္မဟုတ္လား? အဲဒါဆိုရၿပီေလ"
"စာေမးပြဲက ငါကူေျဖေပးလို႔ မရဘူးေနာ္၊ သိဖို႔"
"မင္း စာျပန္ရွင္းျပေပးရင္ One Subject, One Night နဲ႔လည္း ညီရဲရင့္တို႔က ေအာင္တယ္။ ဉာဏ္ေကာင္းၿပီးသားေနာ္၊ သိဖို႔"
"ေက်ာင္းေရာက္ၿပီးမွေတာ့ စာမကူးခ်င္ရင္ေတာင္ စာေလးေတာ့လိုက္ၾကည့္သင့္တယ္ေလ။ မင္းဉာဏ္ေကာင္းတယ္ဆိုတိုင္း ေပေတမေနနဲ႔"
"အခုက ငါ့ကို ဆူေနတာလား? ငါက မင္းလက္ခ်က္နဲ႔ တင္ပါးေအာင့္ေနလို႔ သက္သာေအာင္အိပ္လိုက္တာေလ။ အဲဒါကို ဆူေနတာလား?"
တတ္လည္းတတ္ႏိုင္တဲ့ အေကာင္။ မ်က္ႏွာေလး မက်ည္းရြက္ေလာက္နဲ႔ ဆူတာလားေမးေတာ့ ငါက ဘာဆက္ေျပာရမွာလဲ?
"ေပါက္ကရေတြ ေျပာမေနနဲ႔။ မသိရင္ ငါကပဲ မေတာ္မတရားလုပ္ထားတာက်လို႔"
"မင္းလုပ္လို႔ ငါဖင္နာေနတာေလ"
"ဟာ! ဘာလို႔ေအာ္ေနတာလဲ? ေျပာတဲ့စကားက ဘယ္ေရာက္သြားလဲေတြးဦး"
ႏွစ္ေယာက္တည္းအျငင္းပြားေနတုန္း ေနာက္တန္းကဟာေတြကပါ
"အိပ္ခန္းထဲေရာက္သြားၿပီ"
"မင္းတို႔က အိမ္ေရာက္မွရန္ဆက္ျဖစ္ၾကပါကြာ"
"ေအးေလ၊ အဲဒီေလာက္ပင္ပန္းေနရင္လည္း ဘာလို႔ေက်ာင္းလာေနေသးတာလဲ?"
တစ္ေယာက္တစ္ေပါက္ မွတ္ခ်က္ျပဳေနၾကသည္မို႔ ညီရဲရင့္တို႔ စိတ္႐ႈပ္လာၾကၿပီ။
"ေဟ့ေကာင္ေတြ!!! ဘာေတြေျပာေနၾကတာလဲ? အားေနရင္ ဆယ့္ကိုးေယာက္စုေနတာလား?"
ထေအာ္လိုက္ေတာ့မွ ပိုဆိုးသြားခဲ့ၿပီ။
"ေလာေလာဆယ္ မင္းတို႔နဲ႔မွ ငါးေယာက္တည္းပါ"
"ေအးေလကြာ၊ မင္းပဲ သုတလုပ္လို႔ ဖင္နာတယ္ဆို?"
အမႈက ႀကီးသြားပါၿပီ။
"မသာေတြ၊ မနက္က အိမ္ကေနခါးနာလာတဲ့အထဲ ေက်ာင္းေရာက္ေတာ့ သုတကတြန္းလိုက္လို႔ ဖင္ထိုင္လ်က္လဲသြားတာကို ေျပာေနတာ။ ေနာ္၊ သုတ?"
"ဟုတ္တယ္"
ရွင္းျပေတာ့လည္း စပ္ျဖဲျဖဲ႐ုပ္ေတြနဲ႔
"ဪ၊ အိမ္ကေန ခါးနာလာတာလား? ဘယ္သူ႔အိမ္ကေန လာၾကတာလဲ?"
"ဟား!!! ေသခ်င္ၿပီလား? ရဲရင့္အိမ္ေရွ႕မွာ သူ႔ဘာသာေခ်ာ္လဲတာကြ"
"ေခ်ာ္လဲတာလား? မသိပါဘူး၊ ငါတို႔က ေခ်ာ္လဲတယ္ထင္လို႔"
"ေအးေလ၊ ငါတို႔ကလည္း ေခ်ာ္လဲလို႔နာေနရင္ အိမ္မွာပဲနားပါလားလို႔ ေျပာတာေလ။ မင္းတို႔ဘာသာ လိုရာဆြဲေတြးေနတာေလ"
ေနာက္လို႔မဆံုးတဲ့ေကာင္ေတြကို သုတစိတ္မရွည္ေတာ့ပါ။ ဒါကိုသိတဲ့ ရဲရင့္ကပဲ
"Shut up! အဆဲမေတာင္းနဲ႔သားႀကီးတို႔။ မင္းတို႔အေဖ ငါက စိတ္ၾကည္ေနတာမဟုတ္ဘူး။ Canteen သြားရေအာင္ သုတေရ"
"အသံကိုက ငါတို႔ကိုေျပာေတာ့တစ္မ်ိဳး၊ သုတကိုေျပာေတာ့တစ္မ်ိဳး"
"တူမလား? ကိုယ့္အဆင့္ကိုယ္သိၾကေလ"
ပစၥည္းေတြသိမ္းေပးၿပီး အဆင္သင့္ခ်ေပးထားတဲ့လြယ္အိမ္ကို ညီရဲရင့္ ေကာက္ကိုင္လိုက္ကာ ထရပ္လိုက္ေတာ့
"အား! နာတယ္"
"ဟာကြာ၊ သတိထားေလ။ ရလား?"
"အင္း ... အင္း၊ ရတယ္။ သြားမယ္"
"ေနၾကဦးေလ။ ငါတို႔လည္းလိုက္မယ္"
လွည့္မၾကည့္ဘဲထြက္သြားတဲ့ ရဲရင့္သုတေနာက္ကို သံုးေယာက္သား ဖ႐ိုဖရဲေျပးလိုက္သြားၾကရင္း Canteen သို႔ ခ်ီတက္ခဲ့ၾကသည္။
¤
ထမင္းေပါင္းစားေနတဲ့ ေခသုတကိုၾကည့္ၿပီး မနက္ကအျပဳအမူေတြကို ျပန္ျမင္ေနမိတာ ညီရဲရင့္ရယ္ပါ။
ေမႏွင္းေရာက္လာမွ တြဲေနတဲ့လက္ကိုျဖဳတ္ခ်ပစ္တာ၊ စကားေျပာေနေတာ့မွ တြန္းပစ္လိုက္တာေတြက စိတ္တိုသြားတာေၾကာင့္လို႔ေတာ့ သိေနေပမဲ့ ဘာေၾကာင့္စိတ္တိုတာလဲဆိုတာကို ေတြးလို႔မရေသး။
ေမႏွင္းနဲ႔စကားေတြေျပာေနၿပီး သူ႔ကိုအဖက္မလုပ္သလို ျဖစ္သြားခဲ့သည္ထင္ပါရဲ႕။
တကယ္ေတာ့လည္း သူစိတ္တိုေနရင္ ကိုယ့္မွာေနစရာမရွိ။ မနက္က ကိုယ့္ကိုတြန္းလိုက္ၿပီး ျပန္မထူတဲ့အျပင္ ေက်ာခိုင္းသြားေတာ့ ကိုယ့္မွာ ေဘးကေမႏွင္းကိုပါ ဂ႐ုမစိုက္ႏိုင္ေတာ့။
ေမႏွင္းကလည္း သုတကိုဆို ၾကည့္မရ။ ခၽြဲတတ္၊ စြာတတ္လြန္းေသာ ေမႏွင္းကိုလည္း သုတက အျမင္ၾကည္သည္မဟုတ္။ ဒီပံုစံအတိုင္းဆိုရင္ ေမႏွင္းနဲ႔က မၾကာခင္ျပတ္ေပေတာ့မည္။
သုတက သူၾကည္ေနရင္ေတာ့ ကိုယ့္အ႐ႈပ္ထုပ္ေတြ လိုက္ရွင္းေပးတတ္ေပမဲ့ သူ႔ေဒါသေၾကာင့္ ကိုယ့္ရည္းစားေတြနဲ႔ျပတ္ရတာလည္း ရွိဖူးခဲ့ၿပီ။
ငယ္သူငယ္ခ်င္းသံေယာဇဥ္ဆိုတာ ႏွစ္ေတြအမ်ားႀကီးရင္းၿပီး ခ်ည္ေႏွာင္ခဲ့ရတာမို႔ ေခသုတကိုေတာ့ ညီရဲရင့္ အေလးထားမိပါသည္။
"ငရဲ! ဘာေတြးေနတာလဲ?"
"အာ ... ဘာမွမဟုတ္ပါဘူး ထူးျမတ္ရာ"
"ရဲရင့္၊ မင္း ေမႏွင္းကို သြားမေခၚဘူးလား?"
ေခသုတအေမးေၾကာင့္ ညီရဲရင့္တို႔ စဥ္းစားသြားသည္။ အခုအခ်ိန္က Break time, ပံုမွန္ဆို ဒီအခ်ိန္ သူသြားေခၚေနက်။ အခုက ေမ့သြားခဲ့တာ။
"အမ္း ... ဖုန္းဆက္လိုက္မယ္။ လမ္းေလၽွာက္ဖို႔က အဆင္ေျပမေနဘူး"
ဪ၊ မေခၚေတာ့ဘူးလို႔မ်ား ေျပာမလားလို႔ စိတ္ကူးယဥ္မိတာ ငါ့အမွားပဲ။
"အင္း၊ ဟုတ္တယ္။ အဲဒါေၾကာင့္ ျပန္လိုက္ေတာ့မယ္ေနာ္"
တကယ္ႀကီး လွမ္းေခၚတာမဟုတ္ဘူးေပါ့ေလ။
"Love you, too. See you tomorrow, Baby"
အဟက္! Love you တဲ့။ မင္းပါးစပ္ကလြယ္လြယ္ထြက္ေနတဲ့ စကားတစ္ခြန္းေပမဲ့လည္း တျခားတစ္ေယာက္ကိုေျပာေနက် အဲဒီစကားနဲ႔ အခုထိ ငါအသားမက်ေသးဘူး ရဲရင့္။
"""""""""""""""""""""""""""""""""""""""
ခေသုတ နှင့် ညီရဲရင့် လမ်းလျှောက်လာချိန် အနားကို အပြေးရောက်လာသည်က ညီရဲရင့်ရဲ့ ဘယ်နှယောက်မြောက်မှန်းမသိသော ရည်းစားကောင်မလေးပင်။
"ကိုကို၊ ကိုကို ဘာဖြစ်လို့လဲဟင်?"
"ချော်လဲတာပါ ပေပီလေးရယ်။ ဘာမှမဖြစ်ပါဘူး၊ စိတ်မပူနဲ့နော်"
"အို! စိတ်မပူလို့ရမလား။ ကိုကိုက ပေပီချစ်သူပဲဟာကို"
"အဟားး အေးပါကွာ၊ ချစ်ဖို့ကောင်းလိုက်တာ"
ဘေးနားမှာလူတစ်ယောက်လုံးရှိနေတာကိုပင် မေ့နေကြသလားမသိ။ သောက်ပိုတစ်သိန်းလုပ်နေတဲ့ နှစ်ယောက်ကို အမြင်ကပ်လာပြီ။
ညီရဲရင့်၊ ညီရဲရင့်! ငါ့ကို အသက်တိုအောင်လုပ်နေတာပဲကွာ။
သူ့ဟာမနဲ့ကလူကျီစယ်နေရင်း ခေါင်းကကိုယ့်ပခုံးပေါ်မှာအခန့်သား။
ငါ သည်းခံနိုင်စွမ်းကုန်သွားပြီ၊ ညီရဲရင့်ရေ။
စိတ်ကထစ်ဆို လက်ကလုပ်ပြီးနေပြီမို့ မျက်တောင်တစ်ခတ်အတွင်း ညီရဲရင့်ကတော့ မြေပြင်ပေါ်မှာပုံလျက်သားလဲကျနေရင်း ပြူးတူးပြဲတဲနဲ့ ကိုယ့်ကိုပြန်ကြည့်နေလေရဲ့။ တစ်ဖက်ကဟာမလေးကတော့ ဟိုအကောင်အနားပြေးသွားရင်း ကိုယ့်ကိုအော်ဟစ်လာလေရဲ့။
"ဒီမှာ! နင်ဘာလုပ်လိုက်တာလဲ၊ ဟမ်?"
"မြင်တဲ့အတိုင်းပဲလေ။ နင်ကန်းနေလို့ ထပ်မေးနေတာလား?"
"ဘာ! နင် တော်တော်စိတ်ပုပ်တဲ့ကောင်"
"အဲ့ဒီတော့"
ကိုယ့်မှာ နာတာကတစ်မျိုး၊ သုတနဲ့ပေပီရန်ဖြစ်နေတာကိုကြည့်ရင်း စိတ်တွေပါညစ်လာသလို ကျောင်းကလူတချို့လည်း ဝိုင်းကြည့်နေတာကြောင့် ရန်ပွဲအားအမြန်တားလိုက်ရသည်။
"ကဲ၊ တော်ကြပါတော့ကွာ။ သုတ၊ ငါ့ကိုထူပါဦး။ မထနိုင်တော့ဘူး"
"ဘာ! အဟားးးဟဟားးး ငါက မင်းကို တမင်တွန်းလိုက်တာလေ။ အဲ့ဒါကိုငါက အခု မင်းကိုလာပြန်ထူရမယ်ပေါ့၊ ဟုတ်လား? မ ထူ နိုင် ဘူး"
"ကိုကို အဆင်ပြေရဲ့လားဟင်? ကိုကို လာ၊ ပေပီထူပေးမယ်နော်။ ထနိုင်ရဲ့လား? ပေပီကိုတွဲလိုက်နော်"
"အင်း။ ရ ... ရတယ်၊ ပေပီ"
အရှေ့ကမြင်ကွင်းအား ခေသုတ မမြင်ချင်တော့ပြီမို့ လှည့်ထွက်ဖို့ပြင်လိုက်စဉ် ရဲရင့်လက်တစ်ဖက်က ကိုယ့်အင်္ကျီစအားလှမ်းဆွဲလိုက်သည်ကြောင့် ရှေ့ဆက်မည့်ခြေလှမ်းများက ရပ်တန့်သွားရသည်။
"သုတ"
"ဘာလဲ? ငါ့ကိုလွှတ်လိုက် ရဲရင့်! ငါစိတ်မတိုချင်ဘူးနော် "
"ငါ ... ငါမင်းနဲ့အတူလိုက်မယ်။ ငါ့ကို တွဲကူပေး"
"အဟက်! မင်းကောင်မနဲ့သာလာခဲ့၊ ငါအတန်းထဲကစောင့်နေမယ် ရဲရင့်"
ကျောခိုင်းသွားသော သုတအား ရဲရင့်ငေးကြည့်နေမိသည်။
စိတ်ကလည်းမြန်ပါ့၊ သုတရယ် ဟုသာတွေးလိုက်မိတော့သည်။
"ကိုကို ... ကိုကို"
"ဟင်? ဘာ ... ဘာလဲ?"
"ဟို ... အဆင်မပြေရင် ကျောင်းဆေးခန်းသွားကြမယ်လေ"
"ရတယ်၊ ကိုကိုသွားတော့မယ်နော်။ ဖုန်းဆက်လိုက်မယ်နော် ပေပီလေး''
''ဟုတ်ကဲ့၊ အဲ့ဒါဆို ပေပီသွားတော့မယ်နော်"
"အွန်း"
ခေသုတ အတန်းထဲမှာထိုင်နေပေမဲ့ အခန်းဝကိုသာငေးနေမိသည်။ အင်း ... ရဲရင့်အားမျှော်နေသည်ဆို ပိုမှန်ပေလိမ့်မည်။ စိတ်မထိန်းနိုင်ဖြစ်ကာ တွန်းလှဲမိခဲ့ပြီး ရင်ထဲကနာကျင်လာသည်မို့ ကျောခိုင်းထားခဲ့ရပေမဲ့ အဆင်မှပြေရဲ့လားဟုစိတ်ပူမိသည်ကအမှန်ပင်။ ဘယ်လိုပဲဖြစ်နေပါစေ ရဲရင့်က သုတ အရမ်းချစ်ရသည့်ကောင်လေးပင်မဟုတ်ပါလား။
အတွေးများပင်မဆုံးသေး၊ အတန်းထဲသို့ ထော့နဲ့ထော့နဲ့ဖြင့်ဝင်လာသော ရဲရင့်အား မြင်လိုက်ရသည်မို့ ခြေလှမ်းတို့က ရဲရင့်အနားသို့ လှမ်းမိလျက်သားဖြစ်နေလေပြီ။
"လာ၊ ငါ့ကိုတွဲ"
"အင်း၊ တင်ပါးအောင့်လိုက်တာ"
"လာ၊ ခုံမှာထိုင်။ ဖြည်းဖြည်း"
"မင်း ငါ့ကို စိတ်မဆိုးတော့နဲ့နော် သုတ"
"အင်း"
သိတာပေါ့၊ သုတက ဒေါသကြီးပေမဲ့ ရဲရင့်ကိုဆို ကြာကြာစိတ်မဆိုးတတ်ဘူးဆိုတာ။ အင်း ... သိနေရဲ့နဲ့တောင် သုတစိတ်ဆိုးရင် ရဲရင့်လည်း စိတ်ညစ်ရသည်။ ဝမ်းနည်းသွားရသည်ဆို ပိုမှန်ပေလိမ့်မည်။
"သုတ"
"အင်း"
"ငါ ... ငါလေ၊ ငါတောင်းပန်ပါတယ်"
"ဘာအတွက်လဲ?"
"ခုန ကိစ္စအတွက်"
"ရတယ်၊ ငါမေ့လိုက်ပြီ။ စိတ်မဆိုးဘူး။ မင်းရော နာသွားလား?"
"အင်း၊ နာတာပေါ့။ ဖင်ကိုအောင့်သွားတာပဲ"
"အဟက် "
"မရယ်နဲ့၊ ဟေ့ကောင် "
"အင်း၊ မရယ်ပါဘူး။ ခေါင်းကရော မူးသေးလား? "
"အင်း၊ နည်းနည်း"
"ဟူးးး မင်းကြောင့်နဲ့ငါလည်း မြန်မြန်အသက်တိုမှာပဲ ရဲရင့်ရာ"
"အဖိုးအိုလိုပဲ ပွစိပွစိမလုပ်နဲ့ "
"မင်းးး"
"ဟိုမှာ ဆရာလာပြီ"
စာသင်ချိန်သုံးချိန်မြောက်မှာတော့ ညီရဲရင့်တစ်ယောက် ခုံပေါ်ခေါင်းလေးတင်ပြီး အိပ်ပျော်သွားလေရဲ့။
"ရဲရင့်၊ ထတော့! Tutorial အချိန်ရောက်ပြီ"
"ဟင်? အင်း"
အိပ်ချင်မူးတူးနဲ့ ထလာပြီး ရေတွေသောက်နေသည်။ ဖြေစရာရှိတာဖြေပြီးတဲ့အခါ သုတက ရဲရင့်စာရွက်ကိုပါယူသွားပေးပြီး တင်ပေးနေတုန်း ညီရဲရင့် ခုံပေါ်မှောက်နေပြန်ပါရဲ့။
"ထစမ်းကွာ! မင်းက စာလာသင်တာလား? လာအိပ်တာလား?"
"အိမ်မှာဆို ကျောင်းမသွားဘဲအိပ်နေလို့ဆိုပြီး အဆူခံရမှာ။ ကျောင်းလာပြီးအိပ်တော့ Roll Call လည်းရ၊ အိပ်လည်းငိုက်ရ၊ ဘယ်လောက်အဆင်ပြေလဲ? စာက မင်းကူးထားတယ်မဟုတ်လား? အဲဒါဆိုရပြီလေ"
"စာမေးပွဲက ငါကူဖြေပေးလို့ မရဘူးနော်၊ သိဖို့"
"မင်း စာပြန်ရှင်းပြပေးရင် One Subject, One Night နဲ့လည်း ညီရဲရင့်တို့က အောင်တယ်။ ဉာဏ်ကောင်းပြီးသားနော်၊ သိဖို့"
"ကျောင်းရောက်ပြီးမှတော့ စာမကူးချင်ရင်တောင် စာလေးတော့လိုက်ကြည့်သင့်တယ်လေ။ မင်းဉာဏ်ကောင်းတယ်ဆိုတိုင်း ပေတေမနေနဲ့"
"အခုက ငါ့ကို ဆူနေတာလား? ငါက မင်းလက်ချက်နဲ့ တင်ပါးအောင့်နေလို့ သက်သာအောင်အိပ်လိုက်တာလေ။ အဲဒါကို ဆူနေတာလား?"
တတ်လည်းတတ်နိုင်တဲ့ အကောင်။ မျက်နှာလေး မကျည်းရွက်လောက်နဲ့ ဆူတာလားမေးတော့ ငါက ဘာဆက်ပြောရမှာလဲ?
"ပေါက်ကရတွေ ပြောမနေနဲ့။ မသိရင် ငါကပဲ မတော်မတရားလုပ်ထားတာကျလို့"
"မင်းလုပ်လို့ ငါဖင်နာနေတာလေ"
"ဟာ! ဘာလို့အော်နေတာလဲ? ပြောတဲ့စကားက ဘယ်ရောက်သွားလဲတွေးဦး"
နှစ်ယောက်တည်းအငြင်းပွားနေတုန်း နောက်တန်းကဟာတွေကပါ
"အိပ်ခန်းထဲရောက်သွားပြီ"
"မင်းတို့က အိမ်ရောက်မှရန်ဆက်ဖြစ်ကြပါကွာ"
"အေးလေ၊ အဲဒီလောက်ပင်ပန်းနေရင်လည်း ဘာလို့ကျောင်းလာနေသေးတာလဲ?"
တစ်ယောက်တစ်ပေါက် မှတ်ချက်ပြုနေကြသည်မို့ ညီရဲရင့်တို့ စိတ်ရှုပ်လာကြပြီ။
"ဟေ့ကောင်တွေ!!! ဘာတွေပြောနေကြတာလဲ? အားနေရင် ဆယ့်ကိုးယောက်စုနေတာလား?"
ထအော်လိုက်တော့မှ ပိုဆိုးသွားခဲ့ပြီ။
"လောလောဆယ် မင်းတို့နဲ့မှ ငါးယောက်တည်းပါ"
"အေးလေကွာ၊ မင်းပဲ သုတလုပ်လို့ ဖင်နာတယ်ဆို?"
အမှုက ကြီးသွားပါပြီ။
"မသာတွေ၊ မနက်က အိမ်ကနေခါးနာလာတဲ့အထဲ ကျောင်းရောက်တော့ သုတကတွန်းလိုက်လို့ ဖင်ထိုင်လျက်လဲသွားတာကို ပြောနေတာ။ နော်၊ သုတ?"
"ဟုတ်တယ်"
ရှင်းပြတော့လည်း စပ်ဖြဲဖြဲရုပ်တွေနဲ့
"ဪ၊ အိမ်ကနေ ခါးနာလာတာလား? ဘယ်သူ့အိမ်ကနေ လာကြတာလဲ?"
"ဟား!!! သေချင်ပြီလား? ရဲရင့်အိမ်ရှေ့မှာ သူ့ဘာသာချော်လဲတာကွ"
"ချော်လဲတာလား? မသိပါဘူး၊ ငါတို့က ချော်လဲတယ်ထင်လို့"
"အေးလေ၊ ငါတို့ကလည်း ချော်လဲလို့နာနေရင် အိမ်မှာပဲနားပါလားလို့ ပြောတာလေ။ မင်းတို့ဘာသာ လိုရာဆွဲတွေးနေတာလေ"
နောက်လို့မဆုံးတဲ့ကောင်တွေကို သုတစိတ်မရှည်တော့ပါ။ ဒါကိုသိတဲ့ ရဲရင့်ကပဲ
"Shut up! အဆဲမတောင်းနဲ့သားကြီးတို့။ မင်းတို့အဖေ ငါက စိတ်ကြည်နေတာမဟုတ်ဘူး။ Canteen သွားရအောင် သုတရေ"
"အသံကိုက ငါတို့ကိုပြောတော့တစ်မျိုး၊ သုတကိုပြောတော့တစ်မျိုး"
"တူမလား? ကိုယ့်အဆင့်ကိုယ်သိကြလေ"
ပစ္စည်းတွေသိမ်းပေးပြီး အဆင်သင့်ချပေးထားတဲ့လွယ်အိမ်ကို ညီရဲရင့် ကောက်ကိုင်လိုက်ကာ ထရပ်လိုက်တော့
"အား! နာတယ်"
"ဟာကွာ၊ သတိထားလေ။ ရလား?"
"အင်း ... အင်း၊ ရတယ်။ သွားမယ်"
"နေကြဦးလေ။ ငါတို့လည်းလိုက်မယ်"
လှည့်မကြည့်ဘဲထွက်သွားတဲ့ ရဲရင့်သုတနောက်ကို သုံးယောက်သား ဖရိုဖရဲပြေးလိုက်သွားကြရင်း Canteen သို့ ချီတက်ခဲ့ကြသည်။
¤
ထမင်းပေါင်းစားနေတဲ့ ခေသုတကိုကြည့်ပြီး မနက်ကအပြုအမူတွေကို ပြန်မြင်နေမိတာ ညီရဲရင့်ရယ်ပါ။
မေနှင်းရောက်လာမှ တွဲနေတဲ့လက်ကိုဖြုတ်ချပစ်တာ၊ စကားပြောနေတော့မှ တွန်းပစ်လိုက်တာတွေက စိတ်တိုသွားတာကြောင့်လို့တော့ သိနေပေမဲ့ ဘာကြောင့်စိတ်တိုတာလဲဆိုတာကို တွေးလို့မရသေး။
မေနှင်းနဲ့စကားတွေပြောနေပြီး သူ့ကိုအဖက်မလုပ်သလို ဖြစ်သွားခဲ့သည်ထင်ပါရဲ့။
တကယ်တော့လည်း သူစိတ်တိုနေရင် ကိုယ့်မှာနေစရာမရှိ။ မနက်က ကိုယ့်ကိုတွန်းလိုက်ပြီး ပြန်မထူတဲ့အပြင် ကျောခိုင်းသွားတော့ ကိုယ့်မှာ ဘေးကမေနှင်းကိုပါ ဂရုမစိုက်နိုင်တော့။
မေနှင်းကလည်း သုတကိုဆို ကြည့်မရ။ ချွဲတတ်၊ စွာတတ်လွန်းသော မေနှင်းကိုလည်း သုတက အမြင်ကြည်သည်မဟုတ်။ ဒီပုံစံအတိုင်းဆိုရင် မေနှင်းနဲ့က မကြာခင်ပြတ်ပေတော့မည်။
သုတက သူကြည်နေရင်တော့ ကိုယ့်အရှုပ်ထုပ်တွေ လိုက်ရှင်းပေးတတ်ပေမဲ့ သူ့ဒေါသကြောင့် ကိုယ့်ရည်းစားတွေနဲ့ပြတ်ရတာလည်း ရှိဖူးခဲ့ပြီ။
ငယ်သူငယ်ချင်းသံယောဇဉ်ဆိုတာ နှစ်တွေအများကြီးရင်းပြီး ချည်နှောင်ခဲ့ရတာမို့ ခေသုတကိုတော့ ညီရဲရင့် အလေးထားမိပါသည်။
"ငရဲ! ဘာတွေးနေတာလဲ?"
"အာ ... ဘာမှမဟုတ်ပါဘူး ထူးမြတ်ရာ"
"ရဲရင့်၊ မင်း မေနှင်းကို သွားမခေါ်ဘူးလား?"
ခေသုတအမေးကြောင့် ညီရဲရင့်တို့ စဉ်းစားသွားသည်။ အခုအချိန်က Break time, ပုံမှန်ဆို ဒီအချိန် သူသွားခေါ်နေကျ။ အခုက မေ့သွားခဲ့တာ။
"အမ်း ... ဖုန်းဆက်လိုက်မယ်။ လမ်းလျှောက်ဖို့က အဆင်ပြေမနေဘူး"
ဪ၊ မခေါ်တော့ဘူးလို့များ ပြောမလားလို့ စိတ်ကူးယဉ်မိတာ ငါ့အမှားပဲ။
"အင်း၊ ဟုတ်တယ်။ အဲဒါကြောင့် ပြန်လိုက်တော့မယ်နော်"
တကယ်ကြီး လှမ်းခေါ်တာမဟုတ်ဘူးပေါ့လေ။
"Love you, too. See you tomorrow, Baby"
အဟက်! Love you တဲ့။ မင်းပါးစပ်ကလွယ်လွယ်ထွက်နေတဲ့ စကားတစ်ခွန်းပေမဲ့လည်း တခြားတစ်ယောက်ကိုပြောနေကျ အဲဒီစကားနဲ့ အခုထိ ငါအသားမကျသေးဘူး ရဲရင့်။
"""""""""""""""""""""""""""""""""""""""
by Jay & Demon

Коментарі