Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30): Final
Chapter (8)
တိမ္ယံတစ္ေယာက္ ညီရဲရင့္ႏွင့္ေခသုတတို႔လာအေခၚကို ေစာင့္ေနမိသည္။ လူကသာၿငိမ္ေနေသာ္လည္း စိတ္တို႔ကမၿငိမ္ပါ။ သူတို႔ႏွစ္ေယာက္ကရန္ျဖစ္ေနက်မို႔ ႏွစ္အိမ္လံုးအတြက္မထူးဆန္းေပမဲ့ တိမ္ယံအတြက္က အစိမ္းသက္သက္ပင္။
ဘယ္ေလာက္မွမႀကီးက်ယ္သည့္ကိစၥကို တစ္ေယာက္ကအက်ယ္ခ်ဲ႕လိုက္ၿပီး ေနာက္တစ္ေယာက္က သည္းသည္းလႈပ္ခံစားေနၾကသည္က တိမ္ယံအတြက္ေတာ့ထူးဆန္းေနသည္။ ညီရဲရင့္အေနႏွင့္ ဤမၽွေလာက္ျပႆနာမလုပ္ခဲ့လၽွင္ ေခသုတသည္လည္း တခမ္းတနားေၾကကြဲျပစရာမရွိ၍ တိမ္ယံသည္လည္း အႀကီးအက်ယ္ရင္ပူစရာမလို။

*တီ ... တီ*

ကားဟြန္းသံၾကားမွ တိမ္ယံ၏စိတ္တို႔က ခႏၶာကိုယ္ဆီျပန္ေျပးကပ္လာသည္။
တိမ္ယံ ကားေနာက္ခန္းတြင္ဝင္ထိုင္လိုက္ခ်ိန္ ရဲရင့္က

"Morning, ယံေလး။ Breakfast စားၿပီးၿပီလား?"

"Morning, အစ္ကိုတို႔။ ယံ စားခဲ့ၿပီးၿပီ"

"Morning, တိမ္ယံ"

"ကိုယ္တို႔ကမစားခဲ့ရဘူး၊ အိပ္ရာထေနာက္က်သြားလို႔။ ေက်ာင္းေရာက္မွပဲ ဆိုင္မွာစားရမယ္"

"ဪ၊ ဟုတ္"

ညီရဲရင့္က ကားေမာင္းထြက္လာရင္း ျပံဳးရႊင္တက္ႂကြစြာရွင္းျပေနသေလာက္ တိမ္ယံမွာေတာ့ အေတြးေတြမ်ားေနပါသည္။
ညက ဘာေတြမ်ားေျပာေနၾက၍ ဒီမနက္ အိပ္ရာထေနာက္က်ၾကသလဲ?

"ရဲရင့္ေရ၊ ထူးျမတ္နဲ႔ခန္႔သူက ေနာက္က်မွာတဲ့"

Group Chat မွာစာ႐ိုက္ရင္းဖုန္းပြတ္ေနေသာ ေခသုတ၏အေျပာကို ရဲရင့္က

"ဟိုတစ္ေကာင္ကေတာ့ ဆိုင္ေစာင့္နတ္ကေတာ္ဆိုေတာ့ ႀကိဳေရာက္ေနမယ္မဟုတ္လား?"

"ေအးေပါ့၊ ျဖဴေဝေမာင္တစ္ေယာက္ ေက်ာင္းကိုေစာေရာက္ေနသမၽွ၊ ဆိုင္ေျပာင္းမထိုင္သမၽွေတာ့ အဲဒီေကာင္အခ်ိဳးမေျပာင္းဘူး"

"ငါေျပာပါတယ္။ ဒီေကာင္ ဆိုင္ေစာင့္နတ္နဲ႔ညားေတာ့မွာလို႔"

"ဟား ဟား ဟား၊ ေသခ်ာသေလာက္ရွိေနၿပီ။ ျဖဴေဝေမာင္က သူ႔ဆီလာလာေနတဲ့ဟုိအင္ဂ်င္နီယာနဲ႔ အဆင္ေျပေတာ့မယ့္အေနအထားႀကီး"

"ငါတို႔ေကာင္ႀကီး ကြဲဦးမွာေပါ့"

တိမ္ယံတို႔ကံဆိုးသည္က မနက္ေစာေစာၾကားရတာကေတာင္ အသည္းကြဲဇာတ္လမ္း။
ေျပာေနသည့္ႏွစ္ေယာက္က ၿမိန္ေရယွက္ေရ။ နားေထာင္ေနရသူသာ သက္ေတာင့္သက္သာမရွိျခင္း။

ေက်ာင္းေရာက္လို႔ ကားေပၚကအဆင္းမွ ရဲရင့္ေျခေထာက္ကဒဏ္ရာကို တိမ္ယံေတြ႕ၿပီး

"အစ္ကိုရဲရင့္ ေျခေထာက္ကဘာျဖစ္တာလဲ?"

"အ႐ူးထၿပီး ထိသြားတာ။ အႀကီးႀကီးမဟုတ္လို႔ ေတာ္ေသးတာေပါ့။ ညက ေသြးေတြျမင္ေတာ့ ဒဏ္ရာႀကီးတယ္ထင္ၿပီး လန္႔သြားတာပဲ။ အခုကားေမာင္းေတာ့ ျပန္မနာဘူးလား? ငါေမာင္းပါမယ္ဆိုလည္းမရဘူး"

ေမးတာက ရဲရင့္ကိုဆိုေပမဲ့ ေသခ်ာေျဖသြားတာက သုတပါ။ ရဲရင့္ကလည္း သုတကိုၾကည့္ၿပီး ျပံဳးေနတာေၾကာင့္ တိမ္ယံဘာမွဆက္မေျပာျဖစ္ေတာ့။ အဆင္ေျပလို႔ ကားေတာင္ေမာင္းလာခဲ့ၿပီပဲ။

¤

"မင္းတို႔ကလည္း ၾကာလိုက္တာကြာ"

"မၾကာပါဘူး၊ ဒီေန႔လမ္းမပိတ္ဘူး"

"ေအး၊ ငါလာတာလည္း လမ္းမပိတ္ဘူးေလ။ အဲဒါကို ငါ့ျဖဴေလးက အခုထိမေရာက္လာေသးဘူး"

"လင္ေနာက္လိုက္သြားၿပီေနမွာေပါ့"

"ဟာ! လြဲပါေစ၊ ဖယ္ပါေစ၊ ေျပာတဲ့ေကာင္ေခ်ာ္လဲပါေစ။ ပါးစပ္ပုပ္နဲ႔ ဘာေတြေျပာေနတာလဲ?"

"ဟား ဟား ဟား"

ညီရဲရင့္က စေနာက္ၿပီးေအာ္ရယ္ေနတာကို ေခသုတကပါလိုက္ရယ္ေနသည္။ သူငယ္ခ်င္းျဖစ္သူက

"ဒီက ဘယ္သူလဲ?"

တိမ္ယံကိုၾကည့္ၿပီးေမးလာေတာ့မွ ေခသုတကမိတ္ဆက္ေပးလာသည္။

"အဲဒါ ငါ့ေဖေဖမိတ္ေဆြရဲ႕သား၊ တိမ္ယံတဲ့။ ငါတို႔အိမ္မွာေနၿပီး ဒီေက်ာင္းမွာတက္မယ့္ဂ်ဴနီယာေလး"

"ဟုတ္ကဲ့၊ ေတြ႕ရတာဝမ္းသာပါတယ္ အစ္ကို။ ယံ့ကိုလည္း ကိုသုတို႔ကိုခင္သလို ခင္ႏိုင္ပါတယ္ဗ်"

"ဟုတ္ၿပီဗ်ာ။ အစ္ကို႔နာမည္က ဥကၠာဦးပါ။ ဒီႏွစ္ေကာင္နဲ႔ေတာ့ အရမ္းခင္ပါတယ္။ ေနာက္ထပ္ႏွစ္ေကာင္လည္းရွိေသးတယ္၊ ဒီမနက္ေတာ့ မဆံုျဖစ္ေလာက္ေတာ့ဘူး"

"ဟုတ္ကဲ့"

"ဒါဆို မေန႔က ရဲရင့္ေက်ာင္းလိုက္အပ္ေပးေနတာ တိမ္ယံကိုလား?"

"အင္း၊ ဟုတ္တယ္"

သူတို႔မိတ္ဆက္ေနၾကစဥ္

"ေမာင္"

အသံၾကားရာသို႔ ေလးေယာက္သားလွည့္ၾကည့္မိေတာ့ ႐ိုး႐ိုးယဥ္ယဥ္ေလးႏွင့္လွေနေသာ မမတစ္ေယာက္။ ထိုအခါမွ ညီရဲရင့္တို႔လႈပ္ရွားလာၿပီး

"မ၊ ေက်ာင္းအထိလိုက္လာတာလား? ဒီမွာရွိေနတာ ဘယ္လိုသိလဲ?"

"ေမာင္တို႔ကားေနာက္က ပါလာတာ၊ ေမာင္တို႔သံုးေယာက္ေနာက္က လိုက္လာတာေလ။ အသိတစ္ေယာက္နဲ႔ စကားရပ္ေျပာလိုက္လို႔ မမီလိုက္တာ"

"ဘာကိစၥရွိလို႔လဲ မ?"

"ခဏေလးစကားေျပာရေအာင္၊ မလည္း အခ်ိန္သိပ္မရဘူး"

"အင္း၊ ရတယ္ေလ။ ငါခဏလိုက္သြားလိုက္ဦးမယ္"

"အင္း၊ သြား"

"အစ္မတို႔ ခဏပဲစကားေျပာမွာပါ။ ခြင့္ျပဳပါဦး"

"ဟုတ္"

နႈတ္ဆက္ၿပီးထြက္သြားသည့္ ဆရာဝန္ေလာင္းမမေနာက္သို႔ပါသြားေသာ ညီရဲရင့္ကိုၾကည့္ၿပီး ေခသုတ၏မနက္ခင္းသည္ ခုနကလိုၾကည္လင္မေနေတာ့ပါ။

ေျပာေတာ့ျဖင့္ ရည္းစားေတြအကုန္ျပတ္ၿပီဆိုၿပီး အခုေတာ့ ေမာင္ေတြ၊ မေတြနဲ႔။ မင္းကို ငါဘယ္လိုယံုရမလဲ? ေအးေပါ့ေလ၊ ငါမယံုလည္း မင္းအပူမွမပါတာပဲ။ ငါကိုက ဘာေတြေမၽွာ္လင့္မိမွန္းမသိတဲ့ အ႐ူးပဲ။

တစ္ဘက္က ညီရဲရင့္တို႔မွာေတာ့

"မ ဘာျဖစ္လာလို႔လဲ?"

"မ ေနာက္တစ္ပတ္ထဲ ဩဇီကိုသြားရေတာ့မယ္။ အဲဒါ မင္းနဲ႔ေတြ႕ၿပီးေျပာခ်င္လို႔ ထြက္လာခဲ့တာ"

"ခ်က္ခ်င္းႀကီးပါလား။ ဘာျဖစ္ၾကလို႔လဲ? မရဲ႕လူႀကီးနဲ႔ သြားရမွာလား?"

"ေမာင္သိေနမယ္လို႔ေတာ့ တြက္ၿပီးသားပါ။ ေမာင္နဲ႔တြဲေနတာကို အိမ္ကသိသြားၿပီး သူနဲ႔ေစ့စပ္ဖို႔ ခ်က္ခ်င္းစီစဥ္ၾကတယ္။ မ မျငင္းလိုက္ဘူး၊ ေတာင္းပန္ပါတယ္"

"ေတာင္းပန္ဖို႔မလိုပါဘူးဗ်ာ။ သူနဲ႔မက သိပ္လိုက္ဖက္ေနတာပဲကို။ Congratulations မ"

"ေက်းဇူးတင္တယ္လို႔ေတာ့ မေျပာႏိုင္ဘူး။ မအတြက္ သူကျငင္းစရာေယာက္်ားမဟုတ္ဘူး။ ဒါေပမဲ့ ေမာင့္ကို ..."

သူမက မ်က္ရည္ဝဲေနတဲ့အၾကည့္ေတြနဲ႔ၾကည့္လာေတာ့ ရဲရင့္ စကားျဖတ္ေျပာလိုက္သည္။

"မခ်စ္ပါနဲ႔ မရာ။ မရဲ႕ဆံုးျဖတ္ခ်က္ မွန္ကန္ခဲ့ၿပီးၿပီပဲ"

"ဟား! ေမာင္က တကယ္ေသြးေအးတာပဲ။ သူတို႔ေျပာၾကတာအမွန္ပဲေပါ့"

"ဟုတ္ပါတယ္"

"ဒါဆို ေမာင့္ကို အားနာစရာမလိုေတာ့ဘူးပဲ။ ေတာ္ေသးတာေပါ့၊ ဦးေႏွာက္ကိုပဲ အႏိုင္ေပးမိလို႔"

"မမကေလ တကယ္ျပည့္စံုပါတယ္။ ေမာင္ကသာ အခ်စ္ကိုမသိေသးလို႔ မကိုလွည္စားခဲ့သလိုျဖစ္သြားတာ"

"ေတာ္ေတာ့ ေမာင္။ ခ်စ္တတ္ေအာင္သင္ေပးခဲ့သလို အခ်စ္ကကိုးကြယ္စရာမဟုတ္ေၾကာင္း လမ္းျပေပးခဲ့လို႔ ေက်းဇူးတင္ပါတယ္။ တစ္ခုေတာ့သတိထားပါ၊ အခ်စ္ဆိုတာေတာ့ တကယ္ရွိတယ္ေနာ္။ ေမာင့္အခ်စ္ေတြကိုေတာ့ မကစားမိပါေစနဲ႔။ ေစတနာနဲ႔ေျပာတာပါ"

"ေမာင္ သတိထားပါ့မယ္"

"ေပ်ာ္စရာေတြေပးခဲ့လို႔ ေက်းဇူးတင္ပါတယ္။ ၿပီးေတာ့ တကယ္လည္း ေမာင့္ကိုခ်စ္ခဲ့ပါတယ္။ သြားေတာ့မယ္ေနာ္၊ Good Luck ပါ ေမာင္"

"ဟုတ္ကဲ့ပါ"

အဟက္! တကယ္ခ်စ္ခဲ့ပါတယ္တဲ့လား? တကယ္ခ်စ္ခဲ့ရင္ ဘာလို႔မ်ား ခ်က္ခ်င္းႀကီးေစ့စပ္လိုက္သလဲ?
ကိုယ့္ဘက္ကသာခ်စ္မိေနရင္ သက္သက္မဲ့အသည္းကြဲဦးမွာ။ ညီရဲရင့္တို႔က လာကစားတဲ့သူေတြနဲ႔သာ အေပ်ာ္ေဆာ့တာပါ၊ ကိုယ့္ဘက္က မကစားခဲ့မိဘူးထင္တာပဲ။
အခ်စ္က တကယ္ရွိပါတယ္ေတြဘာေတြ လာမေျပာနဲ႔။ အဲဒီစိတၱဇနာမ္ကို အေျပာေတြ၊ စကားလံုးေတြနဲ႔ အမ်ားႀကီးပံုေဖာ္ခဲ့ဖူးတဲ့ကိုယ္က မသိစရာလား။ ခ်စ္တာမ်ား ထူးဆန္းတာမွတ္လို႔။ အခုပဲ အခ်စ္ကို ဘဝနဲ႔လဲသြားတာပဲေလ။

ဘဝက လိေမၼာ္သီးတစ္လံုးဆိုရင္၊ အခ်စ္က အႁမႊာတစ္ႁမႊာ။
အခ်စ္မရွိရင္ ဘဝကမျပည့္စံုေပမဲ့
အခ်စ္တစ္ခုတည္းနဲ႔လည္း ဘဝမျဖစ္ဘူး တဲ့။

အဲဒီေတာ့ အခ်စ္ေတြ၊ ဘဝေတြဆိုတာကို မစဥ္းစားေတာ့ဘူး။ ခ်စ္ခ်င္ရင္ခ်စ္လိုက္မယ္၊ မခ်စ္ခ်င္လို႔ လမ္းခြဲရင္လည္း Goodbye ပဲ။ ဦးေႏွာက္စားစရာေတြ မေတြးခ်င္ဘူး။

¤

အခ်ိန္အေတာ္ၾကာတဲ့အထိ ေရာက္မလာေသးတဲ့ရဲရင့္အား သုတစိတ္ပူမိသည္။ ဒီေကာင္အတန္းမတက္ဘဲ ဟိုအမ်ိဳးသမီးနဲ႔လိုက္သြားတာေတာ့ မဟုတ္ေလာက္ပါဘူး။ အေျပာနဲ႔အလုပ္မညီတဲ့ ညီရဲရင့္ေၾကာင့္ ေခသုတစိတ္တိုမိျပန္သည္။

"သုတ၊ သုတေရ"

အေကာင္းႀကီးထိုင္ေနရင္းကေန အံႀကိိတ္ကာ အသက္႐ွဴသံျပင္းလာသည့္သုတအား ဥကၠာသတိထားမိလိုက္သျဖင့္ အသာလႈပ္ၿပီးေခၚလိုက္မိသည္။ သုတ ရဲရင့္ကိုစိတ္တ္ိုေနၿပီဆိုတာလည္း သိသည္။ ထို႔အျပင္ သုတက ရဲရင့္အေပၚဘယ္လိုသေဘာထားသလဲဆိုတာကိုပင္ သိေနသည္။ ဟိုငေပြး ညီရဲရင့္ကသာမသိတာ ေဘးလူေတြကအကုန္ရိပ္မိသည္။

"သုတ ရဲရင့္လာၿပီ၊ ဟိုမွာ''

"အင္း"

ရဲရင့္လာေနသည္ကိုျမင္ေတာ့မွ သုတသက္ျပင္းဖြဖြခ်မိသည္။

"Sorry, ငါနည္းနည္းၾကာသြားတယ္ကြာ"

"ရပါတယ္၊ မင္းကလည္း "

ညီရဲရင့္ ေခသုတကိုၾကည့္လိုက္ေတာ့ မ်က္ႏွာမေကာင္းတာေၾကာင့္ ဥကၠာနဲ႔တိမ္ယံဘက္ကို လွည့္ကာၾကည့္လိုက္သည္။ ထို႔ေနာက္ ေခသုတအနားေလးကပ္ထိုင္ရင္း

"သုတေလး မ်က္ႏွာမေကာင္းဘူး၊  ခုနကမွအေကာင္း။ ေဟ့ေကာင္ ဥကၠာ၊ မင္းတို႔ ငါ့သုတေလးကို စိတ္ဆိုးေအာင္ ဘာလုပ္လိုက္ၾကတာလဲဟမ္"

"အမေလး ေမာင္မင္းႀကီးသားရယ္၊ ငါကဘာလုပ္ရမလဲ? သူ႔ဘာဘာသူထျဖစ္တာ။ မယုံရင္ တိမ္ယံကိုေမးၾကည့္"

"ဟုတ္လား ယံေလး? ဒီေကာင္ သုတကို စေသးလား?"

"ဗ်ာ? မစပါဘူး။ ကိုသုကို ဘာမွမလုပ္ပါဘူး"

"ကြၽတ္! ညီရဲရင့္၊ ငါ့ကိုဘယ္သူမွဘာမွမလုပ္ဘူး။ အတန္းထဲသြားမယ္ "

"သူမ်ားေတြကိုပဲ လိုက္မဲမေနနဲ႔။ ငါအခုလိုျဖစ္ေနတာေတြက မင္းေၾကာင့္" ဆိုေသာစကားလုံးမ်ားကိုေတာ့ စိတ္ထဲတြင္သာေအာ္ပစ္လိုက္မိသည္။ ႏႈတ္ကေျပာရေအာင္လည္း ကိုယ္နဲ႕သူက သူငယ္ခ်င္းပဲမဟုတ္လား။ ကိုယ့္ဘက္ကသာ တစ္ဖက္သတ္ျဖစ္ေနတာကိုး။

ေကာက္ခါငင္ကာထထြက္သြားေသာသုတအား ရဲရင့္ ေမာ့ၾကည့္ရင္း ေလသံေအးေအးနဲ႕စကားဆိုမိသည္။
မနက္ကတည္းက ဘာမွမစားရေသးတာကို အခုလည္းဘာမွမစားရေသးဘဲ အတန္းသြားေတာ့မယ္တဲ့။ ဒီစိတ္လက္တစ္ဆစ္နဲ႔ေတာ့လည္း ခက္ပါတယ္ေလ။

"ဘာမွမစားရေသးဘူးေလကြာ။ မနက္ကလည္း အိမ္က စားမလာရဘူးဟာကို"

"မစားနဲ႔ေတာ့ကြာ"

"ကိုသု၊ တစ္ခုခုစားၿပီးမွသြားၾကပါ့လား? အစ္ကိုရဲရင့္လည္း ဘာမွမစားရေသးဘူးဆိုေတာ့ ဆာေနမွာေပါ့"

အဟက္! အစ္ကိုရဲရင့္လည္းဆာေနမွာေပါ့ဆိုပဲ။ ဟူးး ငါကြာ! စိတ္ရွိလက္ရွိသာ ေအာ္ဟစ္ပစ္လိုက္ခ်င္ေတာ့တယ္ကြာ။ ယံေလးက ေစတနာနဲ႔ေျပာတယ္ဆိုရင္ေတာင္ မလိုခ်င္ပါ။ ရဲရင့္ကို ကိုယ့္ဆီကလုသြားမယ့္ မည္သူ႔ကိုမဆို ေခသုတမၾကည္ျဖဴႏိုင္ပါ။

"ငါမဆာဘူး။ မင္းစားခ်င္ရင္ေနခဲ့ ရဲရင့္"

"မင္းကလည္း အတူစား..."

"ကြၽတ္! ငါမစားဘူးလို႔ေျပာေနတယ္ေလ"

"ၿပီးေရာကြာ ၿပီးေရာ၊ မစားေတာ့ဘူး။ မင္းေတာင္ေနႏိုင္တာ၊ ငါက ဘာမွမေနႏိုင္စရာမရွိဘူး၊ သြားမယ္"

"ၿပီးေရာ"

ထို႔ေနာက္ သုတ တိမ္ယံဘက္လွည့္ကာ

"ယံေလး၊ တက္ရမယ့္အခန္းသိတယ္ေနာ္? လိုက္မပို႔ေတာ့ဘူး၊ အဆင္ေျပတယ္မလား?"

"ဗ်ာ၊ ဟုတ္ကဲ့ ရပါတယ္"

"ဥကၠာ၊ မင္းကေရာ?"

"ဟမ္၊ ငါက ျဖဴေလးကိုေစာင့္ဦးမွာ"

"သေဘာရွိ။ လာ၊ သြားမယ္ ရဲရင့္"

သုတ ရဲရင့္လက္ကိုဆြဲကာ စာသင္ခန္းဆီကို ခပ္သြက္သြက္သြားေနမိသည္။ တကယ္ေတာ့ စိတ္တိုေနသည္မို႔ ေျခလွမ္းတို႔ကသြက္ေနျခင္းပင္။

"အ! သုတေလး၊ ငါ့ေျခေထာက္ နာေနၿပီ။ ျဖည္းျဖည္း"

"ဟာ ဟုတ္သားပဲ၊ ငါေမ့သြားတာကြာ။ ျပစမ္း ေျခေထာက္၊ အေတာ္နာသြားလား?"

"အင္း၊ နည္းနည္းပါ။ သြားရေအာင္ေလ"

"အင္း။ ျဖည္းျဖည္းေလၽွာက္၊ အနာထပ္ထိမယ္။ ခုနတည္းကမေျပာဘူး။ ေပေတခံေနတယ္၊ ညီရဲရင့္ ... မင္းကေလ"

"ဟိုးထား၊ ဟိုးထား! ငါဘာမွမျဖစ္ဘူး။ အဲ့ဒါေၾကာင့္ စိတ္ေလၽွာ့။ ဟုတ္ၿပီလား?"

"ေအး "

အတန္းထဲေရာက္ေတာ့ ခပ္ငိုင္ငိုင္ထိုင္ေနတဲ့သုတကိုၾကည့္ၿပီး ရဲရင့္သက္ျပင္းခ်မိသည္။ သူသိတာေပါ့၊ သုတစိတ္တိုေနျပန္ၿပီဆိုတာကို။ အင္း၊ ဘာေၾကာင့္စိတ္တိုေနလဲဆိုတာကိုပါ သိေနသည္။ ထို႔ေၾကာင့္ သုတေလးကိုရွင္းျပရမည္။ သုတအခုလိုမ်ိဳးျဖစ္ေနရင္ ညီရဲရင့္မေနႏိုင္ပါ။ ရင္ထဲခုလုခုႏွင့္ အေတာ္အဆင္မေျပျဖစ္ရသည္။

"သုတေလး"

"အင္း"

"မ က ႏိုင္ငံျခားကို အၿပီးသြားေတာ့မယ္တဲ့။ ငါ့ကိုလာႏႈတ္ဆက္တာ"

"ဘယ္လို?"

"အင္း၊ ဟုတ္တယ္။ သူ႔အိမ္ကသေဘာတူတဲ့သူနဲ႔ လက္ထပ္ေတာ့မွာေလ။ အခုလည္း အဲဒီလူေနာက္လိုက္သြားမွာ"

ခပ္ေဆြးေဆြးေျပာေနေသာ ရဲရင့္ကိုၾကည့္ကာ သုတရင္တြင္းတစ္ေနရာက အလြန္ပင္နာက်င္ရသည္။ တျခားသူေၾကာင့္နာက်င္ေနရေသာ မိမိခ်စ္ရသူအား ျမင္ေနရသည္က အရွင္လတ္လတ္ငရဲက်ခံေနရသလိုပင္။

"မင္း အဆင္ေျပရဲ႕လား ရဲရင့္?"

"ဟမ္! ေျပတာေပါ့။ မေျပစရာ ဘာရွိလို႔လဲ?"

"မင္းကို သူကထားသြားတာေလ။ မင္း အခု သူ႔ေၾကာင့္ ခံစားေနရတယ္မဟုတ္လား?"

"ဒီမွာ သုတေလး၊ ငါခံစားေနရတာမဟုတ္ဘူး၊ ခံျပင္းတာ။ ငါ့ကိုခ်စ္ပါတယ္ဆိုၿပီး တျခားသူေနာက္ ေကာက္ေကာက္ပါေအာင္လိုက္သြားတာကို ငါခံျပင္းတာ။ ဘာမဟုတ္တဲ့အခ်စ္ဆိုတာႀကီးအတြက္ ငါက အခ်ိန္ကုန္ခံၿပီး ေၾကကြဲေနရမွာလား၊ သုတေလးရာ"

"ကြၽတ္! မင္း အသည္းႏွလုံးမရွိတဲ့ေကာင္ပဲ။ အခ်စ္ကတကယ္မရွိဘူးလို႔ မင္းထင္ေနတာလား?"

"အင္း၊ မရွိဘူး။ ယုံလည္းမယုံဘူး၊ အယုံအၾကည္လည္းမရွိဘူး အခ်စ္ဆိုတာႀကီးကို"

"အခ်စ္က တကယ္ရွိတယ္၊ ရဲရင့္။ မင္း တစ္ေန႔ေတာ့သိလာလိမ့္မယ္"

"ေတာ္ၿပီကြာ။ အခ်စ္ရွိတာေတြ၊ မရွိတာေတြ ငါစိတ္မဝင္စားဘူး။ ငါစိတ္ဝင္စားတာက မင္းပဲ၊ သုတေလး။ ငါ့အတြက္ဘာမွမလိုဘူး၊ မင္းရွိေနရင္ရၿပီ။ မင္းကေတာ့ ငါ့အတြက္အၿမဲရွိေနရမယ္ေနာ္"

"ဘာလို႔လဲ? ငါကေလ?"

"မင္းက ငါ့အပိုင္မို႔လို႔ပဲ"

"မင္းက်ေတာ့ ေနခ်င္သလိုေန၊ တြဲခ်င္တဲ့သူနဲ႔တြဲၿပီး ငါ့ကိုက်ေတာ့ ငါေျပာသလိုလုပ္၊ ငါလုပ္သလိုမလုပ္နဲ႔ဆိုတဲ့ ပုံစံနဲ႕ လာေျပာေနတယ္။ မင္းကဆိုးလိုက္တာ"

"မသိဘူးကြာ။ ငါ့ဘာသာဘယ္လိုေနေန မင္းကေတာ့မရဘူးေနာ္၊ သုတေလး"

ႏႈတ္ခမ္းစူကာ လက္ေမာင္းကိုမ်က္ႏွာေလးနဲ႔ပြတ္ၿပီး လိုခ်င္တာကို အတင္းဇြတ္ပူဆာေနတဲ့ ရဲရင့္ကို ၾကည့္ရင္း သုတေခါင္းေလးရမ္းကာ စကားတစ္ခြန္းဆိုလိုက္မိသည္။

"အဟင္း၊ မင္းက တစ္ကိုယ္ေကာင္းဆန္လိုက္တာကြာ"

""""""""'""""""""""""""""""""""""""""""""""""""

တိမ်ယံတစ်ယောက် ညီရဲရင့်နှင့်ခေသုတတို့လာအခေါ်ကို စောင့်နေမိသည်။ လူကသာငြိမ်နေသော်လည်း စိတ်တို့ကမငြိမ်ပါ။ သူတို့နှစ်ယောက်ကရန်ဖြစ်နေကျမို့ နှစ်အိမ်လုံးအတွက်မထူးဆန်းပေမဲ့ တိမ်ယံအတွက်က အစိမ်းသက်သက်ပင်။
ဘယ်လောက်မှမကြီးကျယ်သည့်ကိစ္စကို တစ်ယောက်ကအကျယ်ချဲ့လိုက်ပြီး နောက်တစ်ယောက်က သည်းသည်းလှုပ်ခံစားနေကြသည်က တိမ်ယံအတွက်တော့ထူးဆန်းနေသည်။ ညီရဲရင့်အနေနှင့် ဤမျှလောက်ပြဿနာမလုပ်ခဲ့လျှင် ခေသုတသည်လည်း တခမ်းတနားကြေကွဲပြစရာမရှိ၍ တိမ်ယံသည်လည်း အကြီးအကျယ်ရင်ပူစရာမလို။

*တီ ... တီ*

ကားဟွန်းသံကြားမှ တိမ်ယံ၏စိတ်တို့က ခန္ဓာကိုယ်ဆီပြန်ပြေးကပ်လာသည်။
တိမ်ယံ ကားနောက်ခန်းတွင်ဝင်ထိုင်လိုက်ချိန် ရဲရင့်က

"Morning, ယံလေး။ Breakfast စားပြီးပြီလား?"

"Morning, အစ်ကိုတို့။ ယံ စားခဲ့ပြီးပြီ"

"Morning, တိမ်ယံ"

"ကိုယ်တို့ကမစားခဲ့ရဘူး၊ အိပ်ရာထနောက်ကျသွားလို့။ ကျောင်းရောက်မှပဲ ဆိုင်မှာစားရမယ်"

"ဪ၊ ဟုတ်"

ညီရဲရင့်က ကားမောင်းထွက်လာရင်း ပြုံးရွှင်တက်ကြွစွာရှင်းပြနေသလောက် တိမ်ယံမှာတော့ အတွေးတွေများနေပါသည်။
ညက ဘာတွေများပြောနေကြ၍ ဒီမနက် အိပ်ရာထနောက်ကျကြသလဲ?

"ရဲရင့်ရေ၊ ထူးမြတ်နဲ့ခန့်သူက နောက်ကျမှာတဲ့"

Group Chat မှာစာရိုက်ရင်းဖုန်းပွတ်နေသော ခေသုတ၏အပြောကို ရဲရင့်က

"ဟိုတစ်ကောင်ကတော့ ဆိုင်စောင့်နတ်ကတော်ဆိုတော့ ကြိုရောက်နေမယ်မဟုတ်လား?"

"အေးပေါ့၊ ဖြူဝေမောင်တစ်ယောက် ကျောင်းကိုစောရောက်နေသမျှ၊ ဆိုင်ပြောင်းမထိုင်သမျှတော့ အဲဒီကောင်အချိုးမပြောင်းဘူး"

"ငါပြောပါတယ်။ ဒီကောင် ဆိုင်စောင့်နတ်နဲ့ညားတော့မှာလို့"

"ဟား ဟား ဟား၊ သေချာသလောက်ရှိနေပြီ။ ဖြူဝေမောင်က သူ့ဆီလာလာနေတဲ့ဟိုအင်ဂျင်နီယာနဲ့ အဆင်ပြေတော့မယ့်အနေအထားကြီး"

"ငါတို့ကောင်ကြီး ကွဲဦးမှာပေါ့"

တိမ်ယံတို့ကံဆိုးသည်က မနက်စောစောကြားရတာကတောင် အသည်းကွဲဇာတ်လမ်း။
ပြောနေသည့်နှစ်ယောက်က မြိန်ရေယှက်ရေ။ နားထောင်နေရသူသာ သက်တောင့်သက်သာမရှိခြင်း။

ကျောင်းရောက်လို့ ကားပေါ်ကအဆင်းမှ ရဲရင့်ခြေထောက်ကဒဏ်ရာကို တိမ်ယံတွေ့ပြီး

"အစ်ကိုရဲရင့် ခြေထောက်ကဘာဖြစ်တာလဲ?"

"အရူးထပြီး ထိသွားတာ။ အကြီးကြီးမဟုတ်လို့ တော်သေးတာပေါ့။ ညက သွေးတွေမြင်တော့ ဒဏ်ရာကြီးတယ်ထင်ပြီး လန့်သွားတာပဲ။ အခုကားမောင်းတော့ ပြန်မနာဘူးလား? ငါမောင်းပါမယ်ဆိုလည်းမရဘူး"

မေးတာက ရဲရင့်ကိုဆိုပေမဲ့ သေချာဖြေသွားတာက သုတပါ။ ရဲရင့်ကလည်း သုတကိုကြည့်ပြီး ပြုံးနေတာကြောင့် တိမ်ယံဘာမှဆက်မပြောဖြစ်တော့။ အဆင်ပြေလို့ ကားတောင်မောင်းလာခဲ့ပြီပဲ။

¤

"မင်းတို့ကလည်း ကြာလိုက်တာကွာ"

"မကြာပါဘူး၊ ဒီနေ့လမ်းမပိတ်ဘူး"

"အေး၊ ငါလာတာလည်း လမ်းမပိတ်ဘူးလေ။ အဲဒါကို ငါ့ဖြူလေးက အခုထိမရောက်လာသေးဘူး"

"လင်နောက်လိုက်သွားပြီနေမှာပေါ့"

"ဟာ! လွဲပါစေ၊ ဖယ်ပါစေ၊ ပြောတဲ့ကောင်ချော်လဲပါစေ။ ပါးစပ်ပုပ်နဲ့ ဘာတွေပြောနေတာလဲ?"

"ဟား ဟား ဟား"

ညီရဲရင့်က စနောက်ပြီးအော်ရယ်နေတာကို ခေသုတကပါလိုက်ရယ်နေသည်။ သူငယ်ချင်းဖြစ်သူက

"ဒီက ဘယ်သူလဲ?"

တိမ်ယံကိုကြည့်ပြီးမေးလာတော့မှ ခေသုတကမိတ်ဆက်ပေးလာသည်။

"အဲဒါ ငါ့ဖေဖေမိတ်ဆွေရဲ့သား၊ တိမ်ယံတဲ့။ ငါတို့အိမ်မှာနေပြီး ဒီကျောင်းမှာတက်မယ့်ဂျူနီယာလေး"

"ဟုတ်ကဲ့၊ တွေ့ရတာဝမ်းသာပါတယ် အစ်ကို။ ယံ့ကိုလည်း ကိုသုတို့ကိုခင်သလို ခင်နိုင်ပါတယ်ဗျ"

"ဟုတ်ပြီဗျာ။ အစ်ကို့နာမည်က ဥက္ကာဦးပါ။ ဒီနှစ်ကောင်နဲ့တော့ အရမ်းခင်ပါတယ်။ နောက်ထပ်နှစ်ကောင်လည်းရှိသေးတယ်၊ ဒီမနက်တော့ မဆုံဖြစ်လောက်တော့ဘူး"

"ဟုတ်ကဲ့"

"ဒါဆို မနေ့က ရဲရင့်ကျောင်းလိုက်အပ်ပေးနေတာ တိမ်ယံကိုလား?"

"အင်း၊ ဟုတ်တယ်"

သူတို့မိတ်ဆက်နေကြစဉ်

"မောင်"

အသံကြားရာသို့ လေးယောက်သားလှည့်ကြည့်မိတော့ ရိုးရိုးယဉ်ယဉ်လေးနှင့်လှနေသော မမတစ်ယောက်။ ထိုအခါမှ ညီရဲရင့်တို့လှုပ်ရှားလာပြီး

"မ၊ ကျောင်းအထိလိုက်လာတာလား? ဒီမှာရှိနေတာ ဘယ်လိုသိလဲ?"

"မောင်တို့ကားနောက်က ပါလာတာ၊ မောင်တို့သုံးယောက်နောက်က လိုက်လာတာလေ။ အသိတစ်ယောက်နဲ့ စကားရပ်ပြောလိုက်လို့ မမီလိုက်တာ"

"ဘာကိစ္စရှိလို့လဲ မ?"

"ခဏလေးစကားပြောရအောင်၊ မလည်း အချိန်သိပ်မရဘူး"

"အင်း၊ ရတယ်လေ။ ငါခဏလိုက်သွားလိုက်ဦးမယ်"

"အင်း၊ သွား"

"အစ်မတို့ ခဏပဲစကားပြောမှာပါ။ ခွင့်ပြုပါဦး"

"ဟုတ်"

နှုတ်ဆက်ပြီးထွက်သွားသည့် ဆရာဝန်လောင်းမမနောက်သို့ပါသွားသော ညီရဲရင့်ကိုကြည့်ပြီး ခေသုတ၏မနက်ခင်းသည် ခုနကလိုကြည်လင်မနေတော့ပါ။

ပြောတော့ဖြင့် ရည်းစားတွေအကုန်ပြတ်ပြီဆိုပြီး အခုတော့ မောင်တွေ၊ မတွေနဲ့။ မင်းကို ငါဘယ်လိုယုံရမလဲ? အေးပေါ့လေ၊ ငါမယုံလည်း မင်းအပူမှမပါတာပဲ။ ငါကိုက ဘာတွေမျှော်လင့်မိမှန်းမသိတဲ့ အရူးပဲ။

တစ်ဘက်က ညီရဲရင့်တို့မှာတော့

"မ ဘာဖြစ်လာလို့လဲ?"

"မ နောက်တစ်ပတ်ထဲ ဩဇီကိုသွားရတော့မယ်။ အဲဒါ မင်းနဲ့တွေ့ပြီးပြောချင်လို့ ထွက်လာခဲ့တာ"

"ချက်ချင်းကြီးပါလား။ ဘာဖြစ်ကြလို့လဲ? မရဲ့လူကြီးနဲ့ သွားရမှာလား?"

"မောင်သိနေမယ်လို့တော့ တွက်ပြီးသားပါ။ မောင်နဲ့တွဲနေတာကို အိမ်ကသိသွားပြီး သူနဲ့စေ့စပ်ဖို့ ချက်ချင်းစီစဉ်ကြတယ်။ မ မငြင်းလိုက်ဘူး၊ တောင်းပန်ပါတယ်"

"တောင်းပန်ဖို့မလိုပါဘူးဗျာ။ သူနဲ့မက သိပ်လိုက်ဖက်နေတာပဲကို။ Congratulations မ"

"ကျေးဇူးတင်တယ်လို့တော့ မပြောနိုင်ဘူး။ မအတွက် သူကငြင်းစရာယောက်ျားမဟုတ်ဘူး။ ဒါပေမဲ့ မောင့်ကို ..."

သူမက မျက်ရည်ဝဲနေတဲ့အကြည့်တွေနဲ့ကြည့်လာတော့ ရဲရင့် စကားဖြတ်ပြောလိုက်သည်။

"မချစ်ပါနဲ့ မရာ။ မရဲ့ဆုံးဖြတ်ချက် မှန်ကန်ခဲ့ပြီးပြီပဲ"

"ဟား! မောင်က တကယ်သွေးအေးတာပဲ။ သူတို့ပြောကြတာအမှန်ပဲပေါ့"

"ဟုတ်ပါတယ်"

"ဒါဆို မောင့်ကို အားနာစရာမလိုတော့ဘူးပဲ။ တော်သေးတာပေါ့၊ ဦးနှောက်ကိုပဲ အနိုင်ပေးမိလို့"

"မမကလေ တကယ်ပြည့်စုံပါတယ်။ မောင်ကသာ အချစ်ကိုမသိသေးလို့ မကိုလှည်စားခဲ့သလိုဖြစ်သွားတာ"

"တော်တော့ မောင်။ ချစ်တတ်အောင်သင်ပေးခဲ့သလို အချစ်ကကိုးကွယ်စရာမဟုတ်ကြောင်း လမ်းပြပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ တစ်ခုတော့သတိထားပါ၊ အချစ်ဆိုတာတော့ တကယ်ရှိတယ်နော်။ မောင့်အချစ်တွေကိုတော့ မကစားမိပါစေနဲ့။ စေတနာနဲ့ပြောတာပါ"

"မောင် သတိထားပါ့မယ်"

"ပျော်စရာတွေပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ တကယ်လည်း မောင့်ကိုချစ်ခဲ့ပါတယ်။ သွားတော့မယ်နော်၊ Good Luck ပါ မောင်"

"ဟုတ်ကဲ့ပါ"

အဟက်! တကယ်ချစ်ခဲ့ပါတယ်တဲ့လား? တကယ်ချစ်ခဲ့ရင် ဘာလို့များ ချက်ချင်းကြီးစေ့စပ်လိုက်သလဲ?
ကိုယ့်ဘက်ကသာချစ်မိနေရင် သက်သက်မဲ့အသည်းကွဲဦးမှာ။ ညီရဲရင့်တို့က လာကစားတဲ့သူတွေနဲ့သာ အပျော်ဆော့တာပါ၊ ကိုယ့်ဘက်က မကစားခဲ့မိဘူးထင်တာပဲ။
အချစ်က တကယ်ရှိပါတယ်တွေဘာတွေ လာမပြောနဲ့။ အဲဒီစိတ္တဇနာမ်ကို အပြောတွေ၊ စကားလုံးတွေနဲ့ အများကြီးပုံဖော်ခဲ့ဖူးတဲ့ကိုယ်က မသိစရာလား။ ချစ်တာများ ထူးဆန်းတာမှတ်လို့။ အခုပဲ အချစ်ကို ဘဝနဲ့လဲသွားတာပဲလေ။

ဘဝက လိမ္မော်သီးတစ်လုံးဆိုရင်၊ အချစ်က အမြွှာတစ်မြွှာ။
အချစ်မရှိရင် ဘဝကမပြည့်စုံပေမဲ့
အချစ်တစ်ခုတည်းနဲ့လည်း ဘဝမဖြစ်ဘူး တဲ့။

အဲဒီတော့ အချစ်တွေ၊ ဘဝတွေဆိုတာကို မစဉ်းစားတော့ဘူး။ ချစ်ချင်ရင်ချစ်လိုက်မယ်၊ မချစ်ချင်လို့ လမ်းခွဲရင်လည်း Goodbye ပဲ။ ဦးနှောက်စားစရာတွေ မတွေးချင်ဘူး။

¤

အချိန်အတော်ကြာတဲ့အထိ ရောက်မလာသေးတဲ့ရဲရင့်အား သုတစိတ်ပူမိသည်။ ဒီကောင်အတန်းမတက်ဘဲ ဟိုအမျိုးသမီးနဲ့လိုက်သွားတာတော့ မဟုတ်လောက်ပါဘူး။ အပြောနဲ့အလုပ်မညီတဲ့ ညီရဲရင့်ကြောင့် ခေသုတစိတ်တိုမိပြန်သည်။

"သုတ၊ သုတရေ"

အကောင်းကြီးထိုင်နေရင်းကနေ အံကြိတ်ကာ အသက်ရှူသံပြင်းလာသည့်သုတအား ဥက္ကာသတိထားမိလိုက်သဖြင့် အသာလှုပ်ပြီးခေါ်လိုက်မိသည်။ သုတ ရဲရင့်ကိုစိတ်တိုနေပြီဆိုတာလည်း သိသည်။ ထို့အပြင် သုတက ရဲရင့်အပေါ်ဘယ်လိုသဘောထားသလဲဆိုတာကိုပင် သိနေသည်။ ဟိုငပွေး ညီရဲရင့်ကသာမသိတာ ဘေးလူတွေကအကုန်ရိပ်မိသည်။

"သုတ ရဲရင့်လာပြီ၊ ဟိုမှာ''

"အင်း"

ရဲရင့်လာနေသည်ကိုမြင်တော့မှ သုတသက်ပြင်းဖွဖွချမိသည်။

"Sorry, ငါနည်းနည်းကြာသွားတယ်ကွာ"

"ရပါတယ်၊ မင်းကလည်း"

ညီရဲရင့် ခေသုတကိုကြည့်လိုက်တော့ မျက်နှာမကောင်းတာကြောင့် ဥက္ကာနဲ့တိမ်ယံဘက်ကို လှည့်ကာကြည့်လိုက်သည်။ ထို့နောက် ခေသုတအနားလေးကပ်ထိုင်ရင်း

"သုတလေး မျက်နှာမကောင်းဘူး၊  ခုနကမှအကောင်း။ ဟေ့ကောင် ဥက္ကာ၊ မင်းတို့ ငါ့သုတလေးကို စိတ်ဆိုးအောင် ဘာလုပ်လိုက်ကြတာလဲဟမ်"

"အမလေး မောင်မင်းကြီးသားရယ်၊ ငါကဘာလုပ်ရမလဲ? သူ့ဘာဘာသူထဖြစ်တာ။ မယုံရင် တိမ်ယံကိုမေးကြည့်"

"ဟုတ်လား ယံလေး? ဒီကောင် သုတကို စသေးလား?"

"ဗျာ? မစပါဘူး။ ကိုသုကို ဘာမှမလုပ်ပါဘူး"

"ကျွတ်! ညီရဲရင့်၊ ငါ့ကိုဘယ်သူမှဘာမှမလုပ်ဘူး။ အတန်းထဲသွားမယ် "

"သူများတွေကိုပဲ လိုက်မဲမနေနဲ့။ ငါအခုလိုဖြစ်နေတာတွေက မင်းကြောင့်" ဆိုသောစကားလုံးများကိုတော့ စိတ်ထဲတွင်သာအော်ပစ်လိုက်မိသည်။ နှုတ်ကပြောရအောင်လည်း ကိုယ်နဲ့သူက သူငယ်ချင်းပဲမဟုတ်လား။ ကိုယ့်ဘက်ကသာ တစ်ဖက်သတ်ဖြစ်နေတာကိုး။

ကောက်ခါငင်ကာထထွက်သွားသောသုတအား ရဲရင့် မော့ကြည့်ရင်း လေသံအေးအေးနဲ့စကားဆိုမိသည်။
မနက်ကတည်းက ဘာမှမစားရသေးတာကို အခုလည်းဘာမှမစားရသေးဘဲ အတန်းသွားတော့မယ်တဲ့။ ဒီစိတ်လက်တစ်ဆစ်နဲ့တော့လည်း ခက်ပါတယ်လေ။

"ဘာမှမစားရသေးဘူးလေကွာ။ မနက်ကလည်း အိမ်က စားမလာရဘူးဟာကို"

"မစားနဲ့တော့ကွာ"

"ကိုသု၊ တစ်ခုခုစားပြီးမှသွားကြပါ့လား? အစ်ကိုရဲရင့်လည်း ဘာမှမစားရသေးဘူးဆိုတော့ ဆာနေမှာပေါ့"

အဟက်! အစ်ကိုရဲရင့်လည်းဆာနေမှာပေါ့ဆိုပဲ။ ဟူးး ငါကွာ! စိတ်ရှိလက်ရှိသာ အော်ဟစ်ပစ်လိုက်ချင်တော့တယ်ကွာ။ ယံလေးက စေတနာနဲ့ပြောတယ်ဆိုရင်တောင် မလိုချင်ပါ။ ရဲရင့်ကို ကိုယ့်ဆီကလုသွားမယ့် မည်သူ့ကိုမဆို ခေသုတမကြည်ဖြူနိုင်ပါ။

"ငါမဆာဘူး။ မင်းစားချင်ရင်နေခဲ့ ရဲရင့်"

"မင်းကလည်း အတူစား..."

"ကျွတ်! ငါမစားဘူးလို့ပြောနေတယ်လေ"

"ပြီးရောကွာ ပြီးရော၊ မစားတော့ဘူး။ မင်းတောင်နေနိုင်တာ၊ ငါက ဘာမှမနေနိုင်စရာမရှိဘူး၊ သွားမယ်"

"ပြီးရော"

ထို့နောက် သုတ တိမ်ယံဘက်လှည့်ကာ

"ယံလေး၊ တက်ရမယ့်အခန်းသိတယ်နော်? လိုက်မပို့တော့ဘူး၊ အဆင်ပြေတယ်မလား?"

"ဗျာ၊ ဟုတ်ကဲ့ ရပါတယ်"

"ဥက္ကာ၊ မင်းကရော?"

"ဟမ်၊ ငါက ဖြူလေးကိုစောင့်ဦးမှာ"

"သဘောရှိ။ လာ၊ သွားမယ် ရဲရင့်"

သုတ ရဲရင့်လက်ကိုဆွဲကာ စာသင်ခန်းဆီကို ခပ်သွက်သွက်သွားနေမိသည်။ တကယ်တော့ စိတ်တိုနေသည်မို့ ခြေလှမ်းတို့ကသွက်နေခြင်းပင်။

"အ! သုတလေး၊ ငါ့ခြေထောက် နာနေပြီ။ ဖြည်းဖြည်း"

"ဟာ ဟုတ်သားပဲ၊ ငါမေ့သွားတာကွာ။ ပြစမ်း ခြေထောက်၊ အတော်နာသွားလား?"

"အင်း၊ နည်းနည်းပါ။ သွားရအောင်လေ"

"အင်း။ ဖြည်းဖြည်းလျှောက်၊ အနာထပ်ထိမယ်။ ခုနတည်းကမပြောဘူး။ ပေတေခံနေတယ်၊ ညီရဲရင့် ... မင်းကလေ"

"ဟိုးထား၊ ဟိုးထား! ငါဘာမှမဖြစ်ဘူး။ အဲ့ဒါကြောင့် စိတ်လျှော့။ ဟုတ်ပြီလား?"

"အေး "

အတန်းထဲရောက်တော့ ခပ်ငိုင်ငိုင်ထိုင်နေတဲ့သုတကိုကြည့်ပြီး ရဲရင့်သက်ပြင်းချမိသည်။ သူသိတာပေါ့၊ သုတစိတ်တိုနေပြန်ပြီဆိုတာကို။ အင်း၊ ဘာကြောင့်စိတ်တိုနေလဲဆိုတာကိုပါ သိနေသည်။ ထို့ကြောင့် သုတလေးကိုရှင်းပြရမည်။ သုတအခုလိုမျိုးဖြစ်နေရင် ညီရဲရင့်မနေနိုင်ပါ။ ရင်ထဲခုလုခုနှင့် အတော်အဆင်မပြေဖြစ်ရသည်။

"သုတလေး"

"အင်း"

"မ က နိုင်ငံခြားကို အပြီးသွားတော့မယ်တဲ့။ ငါ့ကိုလာနှုတ်ဆက်တာ"

"ဘယ်လို?"

"အင်း၊ ဟုတ်တယ်။ သူ့အိမ်ကသဘောတူတဲ့သူနဲ့ လက်ထပ်တော့မှာလေ။ အခုလည်း အဲဒီလူနောက်လိုက်သွားမှာ"

ခပ်ဆွေးဆွေးပြောနေသော ရဲရင့်ကိုကြည့်ကာ သုတရင်တွင်းတစ်နေရာက အလွန်ပင်နာကျင်ရသည်။ တခြားသူကြောင့်နာကျင်နေရသော မိမိချစ်ရသူအား မြင်နေရသည်က အရှင်လတ်လတ်ငရဲကျခံနေရသလိုပင်။

"မင်း အဆင်ပြေရဲ့လား ရဲရင့်?"

"ဟမ်! ပြေတာပေါ့။ မပြေစရာ ဘာရှိလို့လဲ?"

"မင်းကို သူကထားသွားတာလေ။ မင်း အခု သူ့ကြောင့် ခံစားနေရတယ်မဟုတ်လား?"

"ဒီမှာ သုတလေး၊ ငါခံစားနေရတာမဟုတ်ဘူး၊ ခံပြင်းတာ။ ငါ့ကိုချစ်ပါတယ်ဆိုပြီး တခြားသူနောက် ကောက်ကောက်ပါအောင်လိုက်သွားတာကို ငါခံပြင်းတာ။ ဘာမဟုတ်တဲ့အချစ်ဆိုတာကြီးအတွက် ငါက အချိန်ကုန်ခံပြီး ကြေကွဲနေရမှာလား၊ သုတလေးရာ"

"ကျွတ်! မင်း အသည်းနှလုံးမရှိတဲ့ကောင်ပဲ။ အချစ်ကတကယ်မရှိဘူးလို့ မင်းထင်နေတာလား?"

"အင်း၊ မရှိဘူး။ ယုံလည်းမယုံဘူး၊ အယုံအကြည်လည်းမရှိဘူး အချစ်ဆိုတာကြီးကို"

"အချစ်က တကယ်ရှိတယ်၊ ရဲရင့်။ မင်း တစ်နေ့တော့သိလာလိမ့်မယ်"

"တော်ပြီကွာ။ အချစ်ရှိတာတွေ၊ မရှိတာတွေ ငါစိတ်မဝင်စားဘူး။ ငါစိတ်ဝင်စားတာက မင်းပဲ၊ သုတလေး။ ငါ့အတွက်ဘာမှမလိုဘူး၊ မင်းရှိနေရင်ရပြီ။ မင်းကတော့ ငါ့အတွက်အမြဲရှိနေရမယ်နော်"

"ဘာလို့လဲ? ငါကလေ?"

"မင်းက ငါ့အပိုင်မို့လို့ပဲ"

"မင်းကျတော့ နေချင်သလိုနေ၊ တွဲချင်တဲ့သူနဲ့တွဲပြီး ငါ့ကိုကျတော့ ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့ဆိုတဲ့ ပုံစံနဲ့ လာပြောနေတယ်။ မင်းကဆိုးလိုက်တာ"

"မသိဘူးကွာ။ ငါ့ဘာသာဘယ်လိုနေနေ မင်းကတော့မရဘူးနော်၊ သုတလေး"

နှုတ်ခမ်းစူကာ လက်မောင်းကိုမျက်နှာလေးနဲ့ပွတ်ပြီး လိုချင်တာကို အတင်းဇွတ်ပူဆာနေတဲ့ ရဲရင့်ကို ကြည့်ရင်း သုတခေါင်းလေးရမ်းကာ စကားတစ်ခွန်းဆိုလိုက်မိသည်။

"အဟင်း၊ မင်းက တစ်ကိုယ်ကောင်းဆန်လိုက်တာကွာ"

""""""""'""""""""""""""""""""""""""""""""""""""

by Jay & Demon
© Demon ,
книга «Zippy Amor (Lively Friendship)».
Коментарі