Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30): Final
Chapter (24)
မေတြ႕ရရင္ စိတ္ပူရတာ ေမာတယ္။
ေတြ႕ခ်င္လြန္းလို႔ ေမၽွာ္ရတာ ပိုေမာတယ္။
ေတြ႕လိုက္ရခ်ိန္မွာ ရင္ခုန္ရတာ အေမာဆံုးပဲ။

¤

အိပ္ေပ်ာ္သြားမိၿပီးမွ လက္ကစူးၿပီးနာလာ၍ ရဲရင့္ႏိုးလာခဲ့သည္။ လက္ကို႐ုန္းမည္ေတြးခါမွ ခပ္ေႏြးေႏြးခံစားခ်က္ေၾကာင့္ မ်က္စိဖြင့္ၾကည့္မိေတာ့ သူ႔လက္ကိုကိုင္ကာ ခုတင္ေပၚ ေခါင္းေစာင္းအိပ္ေနေသာ ေခသုတေၾကာင့္ ျပံဳးမိသြားသည္။ အပ္တန္းလန္းႏွင့္လက္တစ္ဖက္ကို ကိုင္ထားေသာသုတက အိပ္ေပ်ာ္သြားခ်ိန္တြင္ ဆုပ္ညႇစ္လိုက္မိသည္ထင္ပါရဲ႕။
ညဦးပိုင္းက လူနာေစာင့္ရန္ Plan ခ်ၿပီး အလၽွိဳလၽွိဳျပန္သြားေသာ ခ်စ္သူငယ္ခ်င္းမ်ားေၾကာင့္ အခန္းထဲတြင္ သုတႏွင့္ခန္႔သူသာ ရွိေနသည္။ ခန္႔သူက ခပ္လွမ္းလွမ္းမွခံုေပၚတြင္ အိပ္ေပ်ာ္ေနၿပီး သုတကေတာ့ သူ႔ေဘးတြင္သာ။ သုတႏိုးသြားမည္စိုး၍ ၿငိမ္ၿငိမ္ေလးေနေနသည့္ရဲရင့္က အေတြးေတြရြက္လႊင့္ေနသည္။

ေမၽွာ္ေနမိသည့္သူက စိုးရိမ္တႀကီးသတင္းေမးခ်ိန္တြင္ စိတ္မပူဖို႔ေျပာခ်င္ပါေသာ္လည္း စကားသံတို႔က ေပ်ာက္ဆံုးေနသည္ေၾကာင့္ ျပံဳးျပႏွစ္သိမ့္ရန္သာ သူတတ္ႏိုင္ခဲ့သည္။ တတြတ္တြတ္ေတာင္းပန္ေနသံက ရင္ကိုရိုက္ခတ္ေလေတာ့ မ်က္ရည္က်မိရသည္။
'ငါ မင္းကိုစကားမေျပာခ်င္တာ မဟုတ္ရပါဘူးကြာ။'

အေၾကာင္းစံုသိသြားခ်ိန္တြင္ ကာယကံရွင္ထက္ပို၍ တုန္လႈပ္ေနေသာသူေၾကာင့္ ကိုယ့္ကိုယ္ကိုယ္သာ အျပစ္တင္မိသည္။
'ငါ ဘာလို႔မ်ား ႏွစ္သိမ့္မေပးႏိုင္ရတာလဲ?'

"ရဲ ..."

ခန္႔သူ တစ္ေရးႏိုးလာၿပီး ခပ္တိုးတိုးလွမ္းေခၚသည္ကို အကဲပိုစြာႏွင့္ ေခါင္းရမ္းကာ သုတဆီေမးေငါ့ျပသည္က လူနာကိုယ္တိုင္ပင္။ လူနာေစာင့္ကေတာ့ မဲ့ရြဲ႕ကာျဖင့္

"ပိုကိုပိုတယ္"

ပါးစပ္လႈပ္႐ံုေျပာသည့္အသံကို ရဲရင့္ရယ္ေနေသးသည္။ ခန္႔သူက အနားကပ္လာၿပီး

"ဘာလုပ္ေပးရမလဲ? ေနလို႔အဆင္ေျပလား?"

ေခါင္းညိတ္ျပံဳးျပလိုက္ေတာ့ ခန္႔သူအၾကည့္ေတြက သူတို႔လက္ေတြဆီေရာက္လာသည္။

"ဟာ၊ အဲဒီေလာက္ဆုပ္ထားရင္ အပ္နဲ႔ဆိုေတာ့ တင္းၿပီးနာမွာေပါ့"

ခန္႔သူေျပာရင္း လက္ေတြကို ျဖည္းျဖည္းခ်င္းဆြဲျဖည္ဖို႔ ႀကိဳးစားသည္။ ရဲရင့္ေခါင္းခါျပေတာ့

"မဟုတ္လည္း နႈိးရမွာပဲ။ အခုအတိုင္းဆို လည္ပင္းနာသြားလိမ့္မယ္။ မေန႔ညကလည္း သူမအိပ္ထားဘူး။ ခံုေပၚမွာျဖစ္ျဖစ္ ခဏေလာက္အိပ္ခိုင္းရမယ္ေလ"

ခန္႔သူ၏အၾကံျပဳခ်က္ကို ရဲရင့္လက္ခံလိုက္ရၿပီး သုတလက္ထဲမွသူ႔လက္ကို ျဖည္းျဖည္းခ်င္းဆြဲထုတ္လိုက္သည္။

"အင္း ... ဟာ၊ ရဲရင့္ ဘာျဖစ္လို႔လဲ? ဘယ္နားနာလို႔လဲ?"

"ေဟ့ေကာင္၊ လူနာက ဘာမွမျဖစ္ဘူး။ မင္းအတင္းဆြဲညႇစ္မွ အဲဒီလက္ကနာမွာမို႔ ဆြဲထုတ္လိုက္တာ"

"လက္? အဲ၊ Sorry, sorry. ငါ ထိ႐ံုပဲထိထားတာပါ၊ မင္းတစ္ခုခုဆို မသိလိုက္မွာစိုးလို႔ေလ။ အခု နာသြားတာလား?"

ေဆးသြင္းထားသည့္ ရဲရင့္လက္တစ္ဖက္ကို ထိရခက္၊ ကိုင္ရခက္ႏွင့္ တစ္ေယာက္တည္းရြာပတ္ေနေသာ သုတေၾကာင့္ ရဲရင့္ေခါင္းခါျပကာ အကူအညီေတာင္းေသာအၾကည့္တို႔ႏွင့္ ခန္႔သူကိုၾကည့္လာသည္။

"သုတေရ၊ ခဏေလာက္ၿငိမ္ၿငိမ္ေနကြာ။ စပ္စလူးပ်ားတုပ္ေနတာ ေတာ္သင့္ၿပီ"

"ငါက စိတ္ပူလို႔ပါ"

ခန္႔သူစကားကို သုတရန္မရွာႏိုင္အားဘဲ မ်က္ႏွာေလးငယ္ကာ ေလသံတိုးတိုးႏွင့္ေျပာရွာသည္။
ခန္႔သူက ခုတင္ကို အနည္းငယ္မတ္သြားေအာင္ ျပင္ေပးလိုက္သည့္အခါ ရဲရင့္က ဖုန္းကိုလွမ္းေတာင္းေတာ့ ခန္႔သူက ရဲရင့္လက္ထဲထည့္ေပးသည္။ လက္တစ္ဖက္တြင္ပတ္တီးႏွင့္မို႔ ေဆးသြင္းထားေသာလက္ျဖင့္သာ Note တြင္စာ႐ိုက္လိုက္သည္။

*Don't worry, I'm ok.*

"အင္းပါ"

"မင္းတို႔ ဗိုက္မဆာဘူးလား? ငါေတာ့ ဗိုက္ဆာလို႔ႏိုးလာတာ။ တစ္ခုခုသြားဝယ္မလို႔"

"ငါမဆာဘူး"

*Milk & Bread*

"ဟုတ္ၿပီ၊ ေနာက္မွ ဗိုက္ဆာတယ္ေျပာရင္ ကိုယ့္ဘာသာသြားဝယ္။ ျပာလူးေနတဲ့ ငရံ႕ေကာင္"

သုတကိုေျပာဆိုၿပီး ခန္႔သူအျပင္ထြက္သြားေလၿပီ။
ခန္႔သူကိုလွည့္ၾကည့္ေနေသာသုတ ရဲရင့္ဘက္ျပန္လွည့္လာေသာအခါ ရဲရင့္ကေငးၾကည့္ေန၍

"ဘာေျပာခ်င္လို႔လဲ? အေရးမႀကီးရင္ ေနာက္မွေျပာ။ အဲဒီလက္က အပ္တန္းလန္းနဲ႔ဆိုေတာ့ လႈပ္ရင္နာမွာ"

ရဲရင့္ ေခါင္းခါျပကာ လက္ကိုဆန္႔ထုတ္လိုက္သည္။

"ဘာလိုခ်င္ျပန္ၿပီလဲ? လက္က တစ္ခုခုျဖစ္လို႔လား?"

တစ္ခုခုဆို ေသခ်ာအာ႐ံုမစိုက္ႏိုင္ဘဲ ပ်ာယာခတ္ခ်င္ေနသည့္ သုတေၾကာင့္ ရဲရင့္စာ႐ိုက္ရျပန္ၿပီ။

*wanna hug u*

"ဟင္?"

ရဲရင့္က ပတ္တီးႏွင့္လက္ကို ေဘးသို႔ခ်လိုက္ၿပီး က်န္တစ္ဖက္ကို ဆန္႔ျပလိုက္သည္။ သုတက ခုတင္ေပၚထိုင္လိုက္ၿပီး ခႏၶာကိုယ္ကိုညႊတ္ကိုင္းကာ ရဲရင့္ခါးကိုလွမ္းဖက္လိုက္သည္။ ရဲရင့္က သုတေက်ာျပင္ကို လက္ႏွင့္အသာပုတ္ကာ စိတ္ေအးေအးထားႏိုင္ရန္ ႏွစ္သိမ့္ေပးမိသည္။

"ငါသိၿပီ။ ငါစိတ္ေအးေအးထားပါ့မယ္။ တစ္ခုခုဆို ပ်ာယာခတ္မေနဘဲ မင္းေျပာခ်င္တာကိုနားလည္ေအာင္ ငါဂ႐ုစိုက္ရမွာေပါ့။ အဲဒါမွ မင္းအျမဲတမ္း စာရိုက္ေနစရာမလိုမွာ။ တျခားလူေတြနဲ႔လည္း ၾကားကေန ငါဘာသာျပန္ေပးလို႔ရတဲ့အထိ မင္းဆိုလိုခ်င္တာကို ငါသတိထားၿပီးကို ေစာင့္ၾကည့္ေပးမယ္ေလ"

ေခါင္းေမာ့လာၿပီး ေျပာလာေသာေၾကာင့္ သုတေခါင္းေလးကိုလက္ႏွင့္ဖိကာ ရဲရင့္ပခံုးေပၚသို႔ ျပန္မွီေနေစသည္။

'ငါ မင္းကို အရမ္းခ်စ္တာပဲ။ ငါ့ကိုစိုးရိမ္ေနတာျမင္ရေတာ့ ငါေပ်ာ္မိသလိုပဲ။ ဒါေပမဲ့ မင္းစိတ္ထဲပူေလာင္ေနရတာမ်ိဳး ငါ့အတြက္ေၾကာင့္ေတာင္မျဖစ္ရဘူး သုတ'

"အဟမ္း! ဒါေဆး႐ံုေနာ္"

ခန္႔သူအသံေၾကာင့္ ရဲရင့္ကလက္လႊတ္ေပးလိုက္ၿပီး မတ္တပ္ထရပ္သည့္သုတမ်က္ႏွာမွာ ခပ္ရဲရဲ။

"ငါကေတာ့ လူနာဗိုက္ဆာမွာစိုးလို႔ အျမန္ျပန္လာတာကို အခုေတာ့ ေစတနာလြန္သြားတယ္ထင္ပါရဲ႕"

ရဲရင့္က ရယ္ျပၿပီး ေခါင္းခါသည္။ ခန္႔သူ အစားအေသာက္ေတြကို သုတလက္ထဲထည့္ကာ

"ငါေတာ့ ေအာက္ထပ္ကဆိုင္ေလးမွာ သြားထိုင္စားလိုက္ဦးမယ္။ ဒီေကာင္ႀကီးအတြက္ အရင္လာပို႔တာ"

"အင္း"

"တစ္ခုခုမွာခ်င္ရင္ ဖုန္းေခၚလိုက္"

"အင္းပါ"

ခန္႔သူက တံခါး lock ကိုပါႏွိပ္ၿပီး ျပန္ပိတ္ေပးသြားသည္။

"ဟင္! ေသြးေတြ"

ေဆးသြင္းထားေသာပိုက္အတြင္းသို႔ ေသြးေတြဝင္ေနသည္။ သုတက ခပ္ဖြဖြထိၾကည့္ကာ

"ဘာျဖစ္တာလဲ? ငါ ... ငါ နာ့စ္သြားေခၚလိုက္မယ္"

ရဲရင့္က သုတလက္ကိုလွမ္းဆြဲၿပီး ေခါင္းခါျပန္သည္။

"အဲဒီလက္ကို မလႈပ္နဲ႔"

သုတကေျပာေပမဲ့ ရဲရင့္က လက္ကိုရင္ဘတ္ေပၚတင္ကာ ေဆးပိုက္ကိုတည့္တည့္ထားလိုက္သည္။ ေဘးစားပြဲေပၚတင္ထားေသာ တိပ္ကိုေတာင္းၿပီး တိပ္အေဟာင္းေပၚ ထပ္ကပ္ေစသည္။ ခဏအၾကာတြင္ ေဆးရည္ႏွင့္အတူ ေသြးမ်ားျပန္ပါသြားေတာ့သည္။

"လက္လႈပ္တာမ်ားသြားလို႔ ေသြးေတြထြက္တာမဟုတ္လား? အခုလိုလုပ္လိုက္ေတာ့လည္း အဆင္ေျပသားေနာ္။ နာေနလား?"

ေခါင္းခါျပေသာရဲရင့္ကိုၾကည့္ကာ သုတေျပာလာသည္။

"စိတ္ေအးေအးထားၿပီး မင္းဘာျဖစ္လဲသတိထားၾကည့္မယ္လို႔ ငါပဲေျပာတာ။ အခုေတာ့ ငါပဲလူးခါလို႔"

ေျပာၿပီး စပ္ျဖဲျဖဲႏွင့္လုပ္ေနေတာ့ ရဲရင့္ရယ္လိုက္ကာ မ်က္လံုးႏွစ္ဖက္လံုးကို အသာမွိတ္ျပသည္။
ကိစၥမရွိပါဘူးဆိုသည့္ အဓိပၸါယ္ကို ဒီတစ္ခါေတာ့ သုတနားလည္လိုက္ပံုပင္။

'အဆင္ေျပတယ္။ မင္းပ်ာယာခတ္ေနလည္း ငါကပဲ လိုက္ထိန္းေပးမယ္။ အရမ္းႀကီးေတာ့ ပူေလာင္မေနပါနဲ႔။ မင္းစိတ္ပူေနတာကိုျမင္ရတာ ငါလည္း ရင္ပူလို႔ပါ'

"မုန္႔စားမယ္မဟုတ္လား? မင္းလက္မလႈပ္နဲ႔၊ ငါခြံ႕ေကၽြးမယ္"

ထိုစကားေနာက္တြင္ေတာ့ ေဆး႐ံုခန္းတစ္ခုအတြင္း ေပါင္မုန္႔ႏွင့္ႏြားႏို႔ကို တစ္လွည့္ခြံ႕လိုက္၊ ပါးစပ္သုတ္ေပးလိုက္ႏွင့္ အလုပ္မ်ားေနေသာ ကေလးထိန္းတစ္ေယာက္ကို ေတြ႕ရမည္ျဖစ္သည္။

"ႏို႔လီတာဝက္က ကုန္ၿပီ။ ေတာ္ေတာ္ဗိုက္ဆာေနတာလား?"

ေမးတတ္တယ္။ ဘာအစာမွေကာင္းေကာင္းမစားရဘဲ တို႔တိတို႔တိျဖစ္ေနတာ သူသတိထားမိပံုမရဘူး။

"ဘာလုပ္ဦးမလဲ?"

ေခါင္းခါျပေသာရဲရင့္ေၾကာင့္ စားေသာက္ထားသည့္အမႈိက္မ်ားကို သုတရွင္းလိုက္သည္။
ထို႔ေနာက္ သုတက ခုတင္ေပၚျပန္ထိုင္ကာ ခုနပံုစံအတိုင္း ရဲရင့္ကို ဖြဖြေလးဖက္ထားေပးသည္။
ရဲရင့္ကေတာ့ အျပံဳးေတြႏွင့္ သူ႔ပခံုးေပၚကေခါင္းလံုးလံုးေလးကို ေခါင္းမွီထားမိေတာ့သည္။

"အဟင္း"

ပခံုးထက္ကေကာင္ေလးရဲ႕ ခပ္ဟဟရယ္သံေလးေၾကာင့္ ရဲရင့္ေခါင္းငဲ့ၾကည့္ေတာ့ ေကာင္ေလးက ေမာ့ၾကည့္လာကာၿပံဳးျပရင္း

"အဟင္း! ဘာမွမဟုတ္ပါဘူး၊ ငါေတြးေနတာ။ ရဲရင့္၊ မင္းက ကတံုးေျပာင္ေလးနဲ႔လည္း ေခ်ာတာပဲလို႔ေလ။ အဟင္း ... ကတံုးေလး၊ အူၾကဴးေလး"

သုတစကားတို႔ေၾကာင့္  ရဲရင့္တစ္ေယာက္ကေတာ့ နားရြက္ဖ်ားေလးေတြရဲလာကာ ႏႈတ္ခမ္းေလးတစ္ဖက္ကိုသာ ဖိကိုက္ထားလိုက္မိသည္။
'တကယ္ေတာ့ ကြၽန္ေတာ္ရွက္ေနတာဗ်'

"အယ္ ... အယ္ ... ဒါကရွက္တာလား၊ ဟုတ္လား? အဟား! ၾကည့္ပါဦး၊ မ်က္ႏွာေရာ နားေတြပါရဲေနတာ။ အယ္ ... ကတံုးေလးရွက္ေနတာ၊ ဟဟားးး"

ရဲရင့္ ေခါင္းကိုသာငံု႔ထားမိေတာ့သည္။
'ေခသုတႀကီးက ဆိုးလိုက္တာ၊ လိုက္စေနတယ္'
ျပန္ခံေျပာခ်င္ေပမဲ့ စကားသံတို႔ကထြက္မလာ။ ႏႈတ္ခမ္းကိုသာ ထပ္ခါထပ္ခါဖိကိုက္ထားမိေတာ့သည္။

"ေတာ္၊ ေတာ္၊ လႊတ္ေတာ့။ ႏႈတ္ခမ္းကို အတင္းဖိကိုက္မထားနဲ႔။ ငါကစတာေလ၊ ခ်စ္လို႔စတာ"

ဘယ္ေလာက္ရွက္ေနသည္မသိ။ မ်က္ႏွာေလးရဲကာ ႏႈတ္ခမ္းအားဖိကိုက္ထားတာ ေသြးပင္စို႔ေနေလၿပီ။
'ညီရဲရင့္ေလးက သိပ္ကိုခ်စ္စရာေကာင္းေနတာေတာ့ အမွန္ပါပဲ'

"ရဲရင့္"

မ်က္လံုးျပဴးေလးနဲ႔ၾကည့္လာသည့္ ​ကတံုးေလးအား အသည္းယားလြန္းသျဖင့္ သုတ ဘယ္လိုမွမေနႏိုင္စြာ လက္က ရဲရင့္ကတံုးေလးေပၚသို႔တင္လိုက္ရင္း

"ငါ့ကို စိတ္မနာဘူးလားဟင္၊ ကတံုးေလး? တကယ္ဆို မင္းအခုလိုျဖစ္ရတာ ငါ့ေၾကာင့္ေလ"

ေခါင္းကိုတြင္တြင္ခါရင္း ကိုယ့္လက္ကိုဆုပ္ကိုင္ကာ သူ႔ပါးေလးႏွင့္ပြတ္သပ္ေနပံုက ေၾကာင္ေလးတစ္ေကာင္လို။
သုတေတြးမိလိုက္သည္က 'ေခါင္းထိမွ ကေလးဆန္ကာ အခြၽဲပိုသြားသလား' ဟုပင္။ ရဲရင့္၏ယခုပံုစံေလးက အကဲပိုေနသည္ဟု မခံစားရသည့္အျပင္ ခ်စ္စရာေကာင္းလြန္းေနသည္။

"အဟင္း! ေၾကာင္ကေလးလားဟင္၊ မင္းက? အခြၽဲပိုေနတာ၊ ေၾကာင္ကတံုးေလး"

"ကဲ၊ ေတာ္ၾကစို႔။ ဒါက ေဆးရံုပါခင္ဗ်ာ၊ ေဆးရံုပါ"

ရုတ္တရက္ အခန္းဝကလွမ္းေအာ္လိုက္သည့္ ခန္႔သူေၾကာင့္ ခုတင္ေပၚက နဂါးမဟုတ္သည့္ လူမမာကတံုးႏွင့္ အကဲပိုေခသုတတို႔ရဲ႕ မ်က္ေစာင္းမ်ားက ဒိုင္းခနဲ။ ေတာ္ေသးသည္၊ နဂါးေတြသာဆို အေမာင္ခန္႔သူေလး ျပာက်သြားမွာအေသအခ်ာ။

"မင္းကေလ၊ သာသနာဖ်က္ေကာင္။ ဒီမွာ ငါ့ကတံုးေလးလန္႔သြားၿပီ။ သူ႔ခမ်ာ အခုမွသက္သာခါစေလး၊ ေဆးရံုကေတာင္မဆင္းရေသးတာ။ မင္းကေလ ... ဟင္း..."

"ေအး၊ မင္း ငါ့ကိုေျပာ။ ဒီမွာၾကည့္၊ မင္းႀကိဳက္တဲ့ေၾကးအိုးဝယ္လာတာ။ မတိုက္ေတာ့ဘူး"

"အဟားး စတာပါ၊ ခ်စ္သူငယ္ခ်င္းေလးကလည္း ... ဟဲဟဲ"

"ဟြန္း! အမ်ိဳးမ်ိဳး"

"ဟ ဟားးး"

"ရယ္မေနနဲ႔၊ လာစား။ ေအးကုန္မယ္၊ ပူတုန္းစား"

"အင္း။ ကတံုးေလး ခဏေနာ္၊ ငါသြားစားဦးမယ္။ အြန္း၊ အရင္ကဆို ကတံုးေလးက ငါ့အႀကိဳက္လုပ္ေပးတာ။ ဟင္း ... ျမန္ျမန္ေနေကာင္းေတာ့ေနာ္"

ေခါင္းေလးညိတ္ျပလာသည့္ေကာင္ေလးရဲ႕ မ်က္ဝန္းေတြက ဝမ္းနည္းေနသေယာင္ပင္။
'ငါလည္း ျမန္ျမန္ေနေကာင္းခ်င္ၿပီ သုတေလးရာ။ ငါအရင္လို ... ဟင့္အင္း ... ငါအရင္လိုျပန္ေကာင္းသြားရင္ မင္းက ... မင္းက ငါ့ကို ... ငါ့ကို ထြက္သြားခိုင္းဦးမွာ ငါေၾကာက္တယ္'

ေၾကးအိုးစားေနသည့္ေခသုတအား လွမ္းၾကည့္ေနသည့္ ရဲရင့္မ်က္ဝန္းေတြအား ခန္႔သူၾကည့္မိခ်ိန္ ဝမ္းနည္းရိပ္ေတြစြန္းထင္းကာ မ်က္ရည္စတို႔ရစ္ဝိုင္းေနတာကို သတိထားမိတာေၾကာင့္ ရဲရင့္အနားသြားထိုင္ရင္း

"ရဲရင့္၊ ဘာမွေလ်ွာက္မေတြးရဘူး။ မင္းကိုေလ သုတကလည္း သိပ္ခ်စ္တာ ငါသိတယ္။ ဘာမွမျဖစ္ဘူး၊ ဟုတ္ၿပီလား? စိတ္ေအးေအးထားေနာ္"

ေခါင္းကိုသာ အဆက္မျပတ္ညိတ္ျပေနမိသည္။
'ဟုတ္တာေပါ့၊ သုတေလးက ငါ့ကို ပစ္မထားပါဘူးေလ"

"ကဲ! စားလို႔ဝပါၿပီ။ ဒီတစ္ခါ ကတံုးေလးအလွည့္၊ ေဆးေသာက္ရမယ္ေနာ္။ အာ..."

ေဆးေလးေတြကို ပါးစပ္နားေတ့ကာ 'အာ'ဟုအသံေလးေပးရင္း ပါးစပ္ေလးဟျပကာ ကိုယ့္ကိုေဆးတိုက္ေနေသာေကာင္ေလးအား ရဲရင့္ ခ်စ္မဝပါေလ။
'ခ်စ္စရာေကာင္းလိုက္တာ သုတေလးရာ။ ဖက္ၿပီးသာ အားရပါးရ နမ္းပစ္လိုက္ခ်င္ေတာ့တယ္'

ရဲရင့္အားေဆးတိုက္ၿပီး  အိပ္ရာထက္ျပန္လွဲေပးကာ အိပ္ခိုင္းရေတာ့သည္။ အိပ္ေရးဝမွ အားရိွမွာ။ ဒါမွ ျမန္ျမန္ေနေကာင္းမွာမဟုတ္လား။
အေတာ္ၾကာေတာ့ အသက္ရႉသံမွန္မွန္ေလးႏွင့္ ျပန္အိပ္ေပ်ာ္သြားေလေသာ ကတံုးေလးအား သုတေငးၾကည့္ေနမိသည္။

"ငါ မင္းကို အရမ္းခ်စ္တယ္၊ ရဲရင့္"

"သုတ၊ မင္းလည္း အိပ္လိုက္ဦး။ ငါေစာင့္ေနမယ္။ ငါတို႔ပါအားရိွဖို႔လိုတယ္ေလ၊ အိပ္လိုက္။ တစ္ေယာက္တစ္လွည့္ေစာင့္ၾကမယ္"

"ေအးပါ။ အဲဒါဆို ငါအိပ္ဦးမယ္၊ မင္း ေစာင့္ေနေပးေနာ္။ မင္းအိပ္ခ်င္ရင္ျဖစ္ျဖစ္၊ ကတံုးေပါက္ေလးႏိုးလာရင္ျဖစ္ျဖစ္ ငါ့ကိုႏိႈးေနာ္"

"ေအး၊ ေအး။ အိပ္လိုက္"

"ဪ၊ အိမ္ကို ဖုန္းဆက္ရဦးမယ္ေလ"

"အင္း။ ခုနက ငါဆက္လိုက္တယ္၊ မင္းတို႔အိမ္ကိုေရာ၊ ဟိုေကာင္ေတြကိုပါ။ မနက္မွ လာၾကမယ္တဲ့"

"ေအး၊ ေအး။ အိပ္ၿပီ"

"""""""""""""""""""""
မနက္ေရာက္ေတာ့ မိဘေတြေရာ၊ သူငယ္ခ်င္းေတြပါ ေရာက္လာၾကသည္။ အခန္းထဲထိုင္ေနၾကရင္း ကဲကဲသည္းသည္းတို႔ကို ထိုင္ၾကည့္ေနၾကျခင္းပင္။ 
ရဲရင့္အား သြားတိုက္ေပး၊ မ်က္ႏွာသစ္ေပးေနသည့္ သုတ။ သုတအား မ်က္ေတာင္မခတ္လိုက္ၾကည့္ေနေသာ ရဲရင့္။ ႏွစ္ေယာက္တည္း တစ္ကမ႓ာတည္ေနၾကေလသည္။

"ကဲ! အကဲပိုတို႔ေရ၊ ဟိုမွာ ဆရာဝန္ႀကီးလာတယ္"

"အာ ... ဟုတ္ကဲ့ "

ဆရာဝန္ႀကီး အခန္းထဲဝင္လာကာ လိုအပ္တာေတြစစ္ေဆးၿပီး အဆင္ေျပေၾကာင္း၊ ေနာက္တစ္ပတ္ေလာက္ေနရင္ ေဆးရံုကဆင္းလို႔ရၿပီျဖစ္ေၾကာင္းနဲ႔ စကားလံုးေတြကို ႀကိဳးစားၿပီးေျပာၾကည့္ဖို႔ ဆိုသည္။ ထို႔ေနာက္ မိသားစုႏွင့္ သူငယ္ခ်င္းမ်ားကိုလည္း လူနာအားကူညီ၍ စကားလံုးမ်ားျပန္သင္ေပးရန္ႏွင့္ သူနဲ႔အတူလိုက္ေျပာေပးရန္ မွာၾကားကာ အခန္းထဲမွထြက္သြားသည္။

"ကဲ၊ ေမသက္အခြၽဲေလး ၾကားတယ္ေနာ္။ စကားလံုးေတြ ႀကိဳးစားေျပာရမယ္တဲ့။ ဒီေမေမက အခြၽဲေလးရဲ႕ေခၚသံေလးေတြ ၾကားခ်င္ေနပါၿပီေနာ္"

"ဟုတ္တယ္ သားရဲ႕။ ေမေမေရာ၊ ေဖေဖေရာပဲ ေမ့သားေလးေခၚသံေလးကို လြမ္းေနၿပီ"

မိဘမ်ားက ထိုသို႔ေျပာလာၾကသည္ေၾကာင့္ ရဲရင့္ ႀကိဳးစားေခၚၾကည့္မိသည္။ နဖူးစပ္က ေခြၽးေလးေတြစို႔လာသည့္တိုင္ 'အိ ... အ' မွလြဲ၍ တျခားအသံထြက္မလာေပ။ အားမလိုအားမရျဖစ္လာကာ အိပ္ရာခင္းေတြကိုသာ ဆြဲဆုပ္ေနမိသည္။

ရဲရင့္အေျခအေနအားၾကည့္ကာ သုတ သနားလာရေလသည္။ ထို႔ေၾကာင့္ ရဲရင့္အားေျပးဖက္ကာ မိဘေတြဘက္လွည့္ၾကည့္ၿပီး

"ေမေမတို႔ကလည္း အခုအပင္စိုက္၊ အခုအသီးလိုခ်င္လို႔ေတာ့ ရမလားဗ်။ အရမ္းဖိအားမေပးပါနဲ႔။ ၾကည့္ဦး၊ ဒီမွာ ဘယ္ေလာက္ဝမ္းနည္းေနလဲဆိုတာ"

"ေခသုတရယ္၊ နင္ဟာေလ ... ဟင္း ဟင္း ..."

"မဟုတ္လို႔လား ဟမ့္! ကတံုးေလး၊ ဘာမွမျဖစ္ဘူးေနာ္၊ စိတ္ေလၽွာ့။ ငါသင္ေပးမယ္၊ ၾကားလား? ငါက မင္း စကားျပန္ေျပာႏိုင္ေအာင္ ကူညီေပးမယ္ေနာ္။ အခ်ိန္ေတာ့ယူရမယ္ေလကြာ၊ ဟုတ္ၿပီလား?"

ေခါင္းေလးညိတ္ျပကာ ရင္ခြင္ထဲတိုးဝင္လာသည့္ ကတံုးေလးအား အသာဖက္ထားရင္း ကတံုးေျပာင္ေလးကိုလည္း အနမ္းေပးလိုက္မိသည္။

အနားမွသူေတြကေတာ့ ထံုးစံအတိုင္း ပိုတာ၊ သည္းကဲေနတာဟုဆိုကာ ရယ္ေနၾကေတာ့သည္။

'ဒီအခ်ိန္ကစလို႔ အခက္အခဲေတြကင္းေဝးၿပီး ေပ်ာ္ရႊင္တဲ့အခ်ိန္ေတြကိုသာ ပိုင္ဆိုင္ခ်င္မိပါေတာ့သည္။ ဘယ္လိုအခက္အခဲေတြရိွလာပါေစ၊ ငါတို႔ေတြ လက္တြဲမျဖဳတ္ေၾကးေနာ္ ခ်စ္ရသူေရ'

""""""""""""""""



မတွေ့ရရင် စိတ်ပူရတာ မောတယ်။
တွေ့ချင်လွန်းလို့ မျှော်ရတာ ပိုမောတယ်။
တွေ့လိုက်ရချိန်မှာ ရင်ခုန်ရတာ အမောဆုံးပဲ။

¤

အိပ်ပျော်သွားမိပြီးမှ လက်ကစူးပြီးနာလာ၍ ရဲရင့်နိုးလာခဲ့သည်။ လက်ကိုရုန်းမည်တွေးခါမှ ခပ်နွေးနွေးခံစားချက်ကြောင့် မျက်စိဖွင့်ကြည့်မိတော့ သူ့လက်ကိုကိုင်ကာ ခုတင်ပေါ် ခေါင်းစောင်းအိပ်နေသော ခေသုတကြောင့် ပြုံးမိသွားသည်။ အပ်တန်းလန်းနှင့်လက်တစ်ဖက်ကို ကိုင်ထားသောသုတက အိပ်ပျော်သွားချိန်တွင် ဆုပ်ညှစ်လိုက်မိသည်ထင်ပါရဲ့။
ညဦးပိုင်းက လူနာစောင့်ရန် Plan ချပြီး အလျှိုလျှိုပြန်သွားသော ချစ်သူငယ်ချင်းများကြောင့် အခန်းထဲတွင် သုတနှင့်ခန့်သူသာ ရှိနေသည်။ ခန့်သူက ခပ်လှမ်းလှမ်းမှခုံပေါ်တွင် အိပ်ပျော်နေပြီး သုတကတော့ သူ့ဘေးတွင်သာ။ သုတနိုးသွားမည်စိုး၍ ငြိမ်ငြိမ်လေးနေနေသည့်ရဲရင့်က အတွေးတွေရွက်လွှင့်နေသည်။

မျှော်နေမိသည့်သူက စိုးရိမ်တကြီးသတင်းမေးချိန်တွင် စိတ်မပူဖို့ပြောချင်ပါသော်လည်း စကားသံတို့က ပျောက်ဆုံးနေသည်ကြောင့် ပြုံးပြနှစ်သိမ့်ရန်သာ သူတတ်နိုင်ခဲ့သည်။ တတွတ်တွတ်တောင်းပန်နေသံက ရင်ကိုရိုက်ခတ်လေတော့ မျက်ရည်ကျမိရသည်။
'ငါ မင်းကိုစကားမပြောချင်တာ မဟုတ်ရပါဘူးကွာ။'

အကြောင်းစုံသိသွားချိန်တွင် ကာယကံရှင်ထက်ပို၍ တုန်လှုပ်နေသောသူကြောင့် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်မိသည်။
'ငါ ဘာလို့များ နှစ်သိမ့်မပေးနိုင်ရတာလဲ?'

"ရဲ ..."

ခန့်သူ တစ်ရေးနိုးလာပြီး ခပ်တိုးတိုးလှမ်းခေါ်သည်ကို အကဲပိုစွာနှင့် ခေါင်းရမ်းကာ သုတဆီမေးငေါ့ပြသည်က လူနာကိုယ်တိုင်ပင်။ လူနာစောင့်ကတော့ မဲ့ရွဲ့ကာဖြင့်

"ပိုကိုပိုတယ်"

ပါးစပ်လှုပ်ရုံပြောသည့်အသံကို ရဲရင့်ရယ်နေသေးသည်။ ခန့်သူက အနားကပ်လာပြီး

"ဘာလုပ်ပေးရမလဲ? နေလို့အဆင်ပြေလား?"

ခေါင်းညိတ်ပြုံးပြလိုက်တော့ ခန့်သူအကြည့်တွေက သူတို့လက်တွေဆီရောက်လာသည်။

"ဟာ၊ အဲဒီလောက်ဆုပ်ထားရင် အပ်နဲ့ဆိုတော့ တင်းပြီးနာမှာပေါ့"

ခန့်သူပြောရင်း လက်တွေကို ဖြည်းဖြည်းချင်းဆွဲဖြည်ဖို့ ကြိုးစားသည်။ ရဲရင့်ခေါင်းခါပြတော့

"မဟုတ်လည်း နှိုးရမှာပဲ။ အခုအတိုင်းဆို လည်ပင်းနာသွားလိမ့်မယ်။ မနေ့ညကလည်း သူမအိပ်ထားဘူး။ ခုံပေါ်မှာဖြစ်ဖြစ် ခဏလောက်အိပ်ခိုင်းရမယ်လေ"

ခန့်သူ၏အကြံပြုချက်ကို ရဲရင့်လက်ခံလိုက်ရပြီး သုတလက်ထဲမှသူ့လက်ကို ဖြည်းဖြည်းချင်းဆွဲထုတ်လိုက်သည်။

"အင်း ... ဟာ၊ ရဲရင့် ဘာဖြစ်လို့လဲ? ဘယ်နားနာလို့လဲ?"

"ဟေ့ကောင်၊ လူနာက ဘာမှမဖြစ်ဘူး။ မင်းအတင်းဆွဲညှစ်မှ အဲဒီလက်ကနာမှာမို့ ဆွဲထုတ်လိုက်တာ"

"လက်? အဲ၊ Sorry, sorry. ငါ ထိရုံပဲထိထားတာပါ၊ မင်းတစ်ခုခုဆို မသိလိုက်မှာစိုးလို့လေ။ အခု နာသွားတာလား?"

ဆေးသွင်းထားသည့် ရဲရင့်လက်တစ်ဖက်ကို ထိရခက်၊ ကိုင်ရခက်နှင့် တစ်ယောက်တည်းရွာပတ်နေသော သုတကြောင့် ရဲရင့်ခေါင်းခါပြကာ အကူအညီတောင်းသောအကြည့်တို့နှင့် ခန့်သူကိုကြည့်လာသည်။

"သုတရေ၊ ခဏလောက်ငြိမ်ငြိမ်နေကွာ။ စပ်စလူးပျားတုပ်နေတာ တော်သင့်ပြီ"

"ငါက စိတ်ပူလို့ပါ"

ခန့်သူစကားကို သုတရန်မရှာနိုင်အားဘဲ မျက်နှာလေးငယ်ကာ လေသံတိုးတိုးနှင့်ပြောရှာသည်။
ခန့်သူက ခုတင်ကို အနည်းငယ်မတ်သွားအောင် ပြင်ပေးလိုက်သည့်အခါ ရဲရင့်က ဖုန်းကိုလှမ်းတောင်းတော့ ခန့်သူက ရဲရင့်လက်ထဲထည့်ပေးသည်။ လက်တစ်ဖက်တွင်ပတ်တီးနှင့်မို့ ဆေးသွင်းထားသောလက်ဖြင့်သာ Note တွင်စာရိုက်လိုက်သည်။

*Don't worry, I'm ok.*

"အင်းပါ"

"မင်းတို့ ဗိုက်မဆာဘူးလား? ငါတော့ ဗိုက်ဆာလို့နိုးလာတာ။ တစ်ခုခုသွားဝယ်မလို့"

"ငါမဆာဘူး"

*Milk & Bread*

"ဟုတ်ပြီ၊ နောက်မှ ဗိုက်ဆာတယ်ပြောရင် ကိုယ့်ဘာသာသွားဝယ်။ ပြာလူးနေတဲ့ ငရံ့ကောင်"

သုတကိုပြောဆိုပြီး ခန့်သူအပြင်ထွက်သွားလေပြီ။
ခန့်သူကိုလှည့်ကြည့်နေသောသုတ ရဲရင့်ဘက်ပြန်လှည့်လာသောအခါ ရဲရင့်ကငေးကြည့်နေ၍

"ဘာပြောချင်လို့လဲ? အရေးမကြီးရင် နောက်မှပြော။ အဲဒီလက်က အပ်တန်းလန်းနဲ့ဆိုတော့ လှုပ်ရင်နာမှာ"

ရဲရင့် ခေါင်းခါပြကာ လက်ကိုဆန့်ထုတ်လိုက်သည်။

"ဘာလိုချင်ပြန်ပြီလဲ? လက်က တစ်ခုခုဖြစ်လို့လား?"

တစ်ခုခုဆို သေချာအာရုံမစိုက်နိုင်ဘဲ ပျာယာခတ်ချင်နေသည့် သုတကြောင့် ရဲရင့်စာရိုက်ရပြန်ပြီ။

*wanna hug u*

"ဟင်?"

ရဲရင့်က ပတ်တီးနှင့်လက်ကို ဘေးသို့ချလိုက်ပြီး ကျန်တစ်ဖက်ကို ဆန့်ပြလိုက်သည်။ သုတက ခုတင်ပေါ်ထိုင်လိုက်ပြီး ခန္ဓာကိုယ်ကိုညွှတ်ကိုင်းကာ ရဲရင့်ခါးကိုလှမ်းဖက်လိုက်သည်။ ရဲရင့်က သုတကျောပြင်ကို လက်နှင့်အသာပုတ်ကာ စိတ်အေးအေးထားနိုင်ရန် နှစ်သိမ့်ပေးမိသည်။

"ငါသိပြီ။ ငါစိတ်အေးအေးထားပါ့မယ်။ တစ်ခုခုဆို ပျာယာခတ်မနေဘဲ မင်းပြောချင်တာကိုနားလည်အောင် ငါဂရုစိုက်ရမှာပေါ့။ အဲဒါမှ မင်းအမြဲတမ်း စာရိုက်နေစရာမလိုမှာ။ တခြားလူတွေနဲ့လည်း ကြားကနေ ငါဘာသာပြန်ပေးလို့ရတဲ့အထိ မင်းဆိုလိုချင်တာကို ငါသတိထားပြီးကို စောင့်ကြည့်ပေးမယ်လေ"

ခေါင်းမော့လာပြီး ပြောလာသောကြောင့် သုတခေါင်းလေးကိုလက်နှင့်ဖိကာ ရဲရင့်ပခုံးပေါ်သို့ ပြန်မှီနေစေသည်။

'ငါ မင်းကို အရမ်းချစ်တာပဲ။ ငါ့ကိုစိုးရိမ်နေတာမြင်ရတော့ ငါပျော်မိသလိုပဲ။ ဒါပေမဲ့ မင်းစိတ်ထဲပူလောင်နေရတာမျိုး ငါ့အတွက်ကြောင့်တောင်မဖြစ်ရဘူး သုတ'

"အဟမ်း! ဒါဆေးရုံနော်"

ခန့်သူအသံကြောင့် ရဲရင့်ကလက်လွှတ်ပေးလိုက်ပြီး မတ်တပ်ထရပ်သည့်သုတမျက်နှာမှာ ခပ်ရဲရဲ။

"ငါကတော့ လူနာဗိုက်ဆာမှာစိုးလို့ အမြန်ပြန်လာတာကို အခုတော့ စေတနာလွန်သွားတယ်ထင်ပါရဲ့"

ရဲရင့်က ရယ်ပြပြီး ခေါင်းခါသည်။ ခန့်သူ အစားအသောက်တွေကို သုတလက်ထဲထည့်ကာ

"ငါတော့ အောက်ထပ်ကဆိုင်လေးမှာ သွားထိုင်စားလိုက်ဦးမယ်။ ဒီကောင်ကြီးအတွက် အရင်လာပို့တာ"

"အင်း"

"တစ်ခုခုမှာချင်ရင် ဖုန်းခေါ်လိုက်"

"အင်းပါ"

ခန့်သူက တံခါး lock ကိုပါနှိပ်ပြီး ပြန်ပိတ်ပေးသွားသည်။

"ဟင်! သွေးတွေ"

ဆေးသွင်းထားသောပိုက်အတွင်းသို့ သွေးတွေဝင်နေသည်။ သုတက ခပ်ဖွဖွထိကြည့်ကာ

"ဘာဖြစ်တာလဲ? ငါ ... ငါ နာ့စ်သွားခေါ်လိုက်မယ်"

ရဲရင့်က သုတလက်ကိုလှမ်းဆွဲပြီး ခေါင်းခါပြန်သည်။

"အဲဒီလက်ကို မလှုပ်နဲ့"

သုတကပြောပေမဲ့ ရဲရင့်က လက်ကိုရင်ဘတ်ပေါ်တင်ကာ ဆေးပိုက်ကိုတည့်တည့်ထားလိုက်သည်။ ဘေးစားပွဲပေါ်တင်ထားသော တိပ်ကိုတောင်းပြီး တိပ်အဟောင်းပေါ် ထပ်ကပ်စေသည်။ ခဏအကြာတွင် ဆေးရည်နှင့်အတူ သွေးများပြန်ပါသွားတော့သည်။

"လက်လှုပ်တာများသွားလို့ သွေးတွေထွက်တာမဟုတ်လား? အခုလိုလုပ်လိုက်တော့လည်း အဆင်ပြေသားနော်။ နာနေလား?"

ခေါင်းခါပြသောရဲရင့်ကိုကြည့်ကာ သုတပြောလာသည်။

"စိတ်အေးအေးထားပြီး မင်းဘာဖြစ်လဲသတိထားကြည့်မယ်လို့ ငါပဲပြောတာ။ အခုတော့ ငါပဲလူးခါလို့"

ပြောပြီး စပ်ဖြဲဖြဲနှင့်လုပ်နေတော့ ရဲရင့်ရယ်လိုက်ကာ မျက်လုံးနှစ်ဖက်လုံးကို အသာမှိတ်ပြသည်။
ကိစ္စမရှိပါဘူးဆိုသည့် အဓိပ္ပါယ်ကို ဒီတစ်ခါတော့ သုတနားလည်လိုက်ပုံပင်။

'အဆင်ပြေတယ်။ မင်းပျာယာခတ်နေလည်း ငါကပဲ လိုက်ထိန်းပေးမယ်။ အရမ်းကြီးတော့ ပူလောင်မနေပါနဲ့။ မင်းစိတ်ပူနေတာကိုမြင်ရတာ ငါလည်း ရင်ပူလို့ပါ'

"မုန့်စားမယ်မဟုတ်လား? မင်းလက်မလှုပ်နဲ့၊ ငါခွံ့ကျွေးမယ်"

ထိုစကားနောက်တွင်တော့ ဆေးရုံခန်းတစ်ခုအတွင်း ပေါင်မုန့်နှင့်နွားနို့ကို တစ်လှည့်ခွံ့လိုက်၊ ပါးစပ်သုတ်ပေးလိုက်နှင့် အလုပ်များနေသော ကလေးထိန်းတစ်ယောက်ကို တွေ့ရမည်ဖြစ်သည်။

"နို့လီတာဝက်က ကုန်ပြီ။ တော်တော်ဗိုက်ဆာနေတာလား?"

မေးတတ်တယ်။ ဘာအစာမှကောင်းကောင်းမစားရဘဲ တို့တိတို့တိဖြစ်နေတာ သူသတိထားမိပုံမရဘူး။

"ဘာလုပ်ဦးမလဲ?"

ခေါင်းခါပြသောရဲရင့်ကြောင့် စားသောက်ထားသည့်အမှိုက်များကို သုတရှင်းလိုက်သည်။
ထို့နောက် သုတက ခုတင်ပေါ်ပြန်ထိုင်ကာ ခုနပုံစံအတိုင်း ရဲရင့်ကို ဖွဖွလေးဖက်ထားပေးသည်။
ရဲရင့်ကတော့ အပြုံးတွေနှင့် သူ့ပခုံးပေါ်ကခေါင်းလုံးလုံးလေးကို ခေါင်းမှီထားမိတော့သည်။

"အဟင်း"

ပခုံးထက်ကကောင်လေးရဲ့ ခပ်ဟဟရယ်သံလေးကြောင့် ရဲရင့်ခေါင်းငဲ့ကြည့်တော့ ကောင်လေးက မော့ကြည့်လာကာပြုံးပြရင်း

"အဟင်း! ဘာမှမဟုတ်ပါဘူး၊ ငါတွေးနေတာ။ ရဲရင့်၊ မင်းက ကတုံးပြောင်လေးနဲ့လည်း ချောတာပဲလို့လေ။ အဟင်း ... ကတုံးလေး၊ အူကြူးလေး"

သုတစကားတို့ကြောင့်  ရဲရင့်တစ်ယောက်ကတော့ နားရွက်ဖျားလေးတွေရဲလာကာ နှုတ်ခမ်းလေးတစ်ဖက်ကိုသာ ဖိကိုက်ထားလိုက်မိသည်။
'တကယ်တော့ ကျွန်တော်ရှက်နေတာဗျ'

"အယ် ... အယ် ... ဒါကရှက်တာလား၊ ဟုတ်လား? အဟား! ကြည့်ပါဦး၊ မျက်နှာရော နားတွေပါရဲနေတာ။ အယ် ... ကတုံးလေးရှက်နေတာ၊ ဟဟားးး"

ရဲရင့် ခေါင်းကိုသာငုံ့ထားမိတော့သည်။
'ခေသုတကြီးက ဆိုးလိုက်တာ၊ လိုက်စနေတယ်'
ပြန်ခံပြောချင်ပေမဲ့ စကားသံတို့ကထွက်မလာ။ နှုတ်ခမ်းကိုသာ ထပ်ခါထပ်ခါဖိကိုက်ထားမိတော့သည်။

"တော်၊ တော်၊ လွှတ်တော့။ နှုတ်ခမ်းကို အတင်းဖိကိုက်မထားနဲ့။ ငါကစတာလေ၊ ချစ်လို့စတာ"

ဘယ်လောက်ရှက်နေသည်မသိ။ မျက်နှာလေးရဲကာ နှုတ်ခမ်းအားဖိကိုက်ထားတာ သွေးပင်စို့နေလေပြီ။
'ညီရဲရင့်လေးက သိပ်ကိုချစ်စရာကောင်းနေတာတော့ အမှန်ပါပဲ'

"ရဲရင့်"

မျက်လုံးပြူးလေးနဲ့ကြည့်လာသည့် ကတုံးလေးအား အသည်းယားလွန်းသဖြင့် သုတ ဘယ်လိုမှမနေနိုင်စွာ လက်က ရဲရင့်ကတုံးလေးပေါ်သို့တင်လိုက်ရင်း

"ငါ့ကို စိတ်မနာဘူးလားဟင်၊ ကတုံးလေး? တကယ်ဆို မင်းအခုလိုဖြစ်ရတာ ငါ့ကြောင့်လေ"

ခေါင်းကိုတွင်တွင်ခါရင်း ကိုယ့်လက်ကိုဆုပ်ကိုင်ကာ သူ့ပါးလေးနှင့်ပွတ်သပ်နေပုံက ကြောင်လေးတစ်ကောင်လို။
သုတတွေးမိလိုက်သည်က 'ခေါင်းထိမှ ကလေးဆန်ကာ အချွဲပိုသွားသလား' ဟုပင်။ ရဲရင့်၏ယခုပုံစံလေးက အကဲပိုနေသည်ဟု မခံစားရသည့်အပြင် ချစ်စရာကောင်းလွန်းနေသည်။

"အဟင်း! ကြောင်ကလေးလားဟင်၊ မင်းက? အချွဲပိုနေတာ၊ ကြောင်ကတုံးလေး"

"ကဲ၊ တော်ကြစို့။ ဒါက ဆေးရုံပါခင်ဗျာ၊ ဆေးရုံပါ"

ရုတ်တရက် အခန်းဝကလှမ်းအော်လိုက်သည့် ခန့်သူကြောင့် ခုတင်ပေါ်က နဂါးမဟုတ်သည့် လူမမာကတုံးနှင့် အကဲပိုခေသုတတို့ရဲ့ မျက်စောင်းများက ဒိုင်းခနဲ။ တော်သေးသည်၊ နဂါးတွေသာဆို အမောင်ခန့်သူလေး ပြာကျသွားမှာအသေအချာ။

"မင်းကလေ၊ သာသနာဖျက်ကောင်။ ဒီမှာ ငါ့ကတုံးလေးလန့်သွားပြီ။ သူ့ခမျာ အခုမှသက်သာခါစလေး၊ ဆေးရုံကတောင်မဆင်းရသေးတာ။ မင်းကလေ ... ဟင်း..."

"အေး၊ မင်း ငါ့ကိုပြော။ ဒီမှာကြည့်၊ မင်းကြိုက်တဲ့ကြေးအိုးဝယ်လာတာ။ မတိုက်တော့ဘူး"

"အဟားး စတာပါ၊ ချစ်သူငယ်ချင်းလေးကလည်း ... ဟဲဟဲ"

"ဟွန်း! အမျိုးမျိုး"

"ဟ ဟားးး"

"ရယ်မနေနဲ့၊ လာစား။ အေးကုန်မယ်၊ ပူတုန်းစား"

"အင်း။ ကတုံးလေး ခဏနော်၊ ငါသွားစားဦးမယ်။ အွန်း၊ အရင်ကဆို ကတုံးလေးက ငါ့အကြိုက်လုပ်ပေးတာ။ ဟင်း ... မြန်မြန်နေကောင်းတော့နော်"

ခေါင်းလေးညိတ်ပြလာသည့်ကောင်လေးရဲ့ မျက်ဝန်းတွေက ဝမ်းနည်းနေသယောင်ပင်။
'ငါလည်း မြန်မြန်နေကောင်းချင်ပြီ သုတလေးရာ။ ငါအရင်လို ... ဟင့်အင်း ... ငါအရင်လိုပြန်ကောင်းသွားရင် မင်းက ... မင်းက ငါ့ကို ... ငါ့ကို ထွက်သွားခိုင်းဦးမှာ ငါကြောက်တယ်'

ကြေးအိုးစားနေသည့်ခေသုတအား လှမ်းကြည့်နေသည့် ရဲရင့်မျက်ဝန်းတွေအား ခန့်သူကြည့်မိချိန် ဝမ်းနည်းရိပ်တွေစွန်းထင်းကာ မျက်ရည်စတို့ရစ်ဝိုင်းနေတာကို သတိထားမိတာကြောင့် ရဲရင့်အနားသွားထိုင်ရင်း

"ရဲရင့်၊ ဘာမှလျှောက်မတွေးရဘူး။ မင်းကိုလေ သုတကလည်း သိပ်ချစ်တာ ငါသိတယ်။ ဘာမှမဖြစ်ဘူး၊ ဟုတ်ပြီလား? စိတ်အေးအေးထားနော်"

ခေါင်းကိုသာ အဆက်မပြတ်ညိတ်ပြနေမိသည်။
'ဟုတ်တာပေါ့၊ သုတလေးက ငါ့ကို ပစ်မထားပါဘူးလေ'

"ကဲ! စားလို့ဝပါပြီ။ ဒီတစ်ခါ ကတုံးလေးအလှည့်၊ ဆေးသောက်ရမယ်နော်။ အာ..."

ဆေးလေးတွေကို ပါးစပ်နားတေ့ကာ 'အာ'ဟုအသံလေးပေးရင်း ပါးစပ်လေးဟပြကာ ကိုယ့်ကိုဆေးတိုက်နေသောကောင်လေးအား ရဲရင့် ချစ်မဝပါလေ။
'ချစ်စရာကောင်းလိုက်တာ သုတလေးရာ။ ဖက်ပြီးသာ အားရပါးရ နမ်းပစ်လိုက်ချင်တော့တယ်'

ရဲရင့်အားဆေးတိုက်ပြီး  အိပ်ရာထက်ပြန်လှဲပေးကာ အိပ်ခိုင်းရတော့သည်။ အိပ်ရေးဝမှ အားရှိမှာ။ ဒါမှ မြန်မြန်နေကောင်းမှာမဟုတ်လား။
အတော်ကြာတော့ အသက်ရှူသံမှန်မှန်လေးနှင့် ပြန်အိပ်ပျော်သွားလေသော ကတုံးလေးအား သုတငေးကြည့်နေမိသည်။

"ငါ မင်းကို အရမ်းချစ်တယ်၊ ရဲရင့်"

"သုတ၊ မင်းလည်း အိပ်လိုက်ဦး။ ငါစောင့်နေမယ်။ ငါတို့ပါအားရှိဖို့လိုတယ်လေ၊ အိပ်လိုက်။ တစ်ယောက်တစ်လှည့်စောင့်ကြမယ်"

"အေးပါ။ အဲဒါဆို ငါအိပ်ဦးမယ်၊ မင်း စောင့်နေပေးနော်။ မင်းအိပ်ချင်ရင်ဖြစ်ဖြစ်၊ ကတုံးပေါက်လေးနိုးလာရင်ဖြစ်ဖြစ် ငါ့ကိုနှိုးနော်"

"အေး၊ အေး။ အိပ်လိုက်"

"ဪ၊ အိမ်ကို ဖုန်းဆက်ရဦးမယ်လေ"

"အင်း။ ခုနက ငါဆက်လိုက်တယ်၊ မင်းတို့အိမ်ကိုရော၊ ဟိုကောင်တွေကိုပါ။ မနက်မှ လာကြမယ်တဲ့"

"အေး၊ အေး။ အိပ်ပြီ"

"""""""""""""""""""""
မနက်ရောက်တော့ မိဘတွေရော၊ သူငယ်ချင်းတွေပါ ရောက်လာကြသည်။ အခန်းထဲထိုင်နေကြရင်း ကဲကဲသည်းသည်းတို့ကို ထိုင်ကြည့်နေကြခြင်းပင်။ 
ရဲရင့်အား သွားတိုက်ပေး၊ မျက်နှာသစ်ပေးနေသည့် သုတ။ သုတအား မျက်တောင်မခတ်လိုက်ကြည့်နေသော ရဲရင့်။ နှစ်ယောက်တည်း တစ်ကမ္ဘာတည်နေကြလေသည်။

"ကဲ! အကဲပိုတို့ရေ၊ ဟိုမှာ ဆရာဝန်ကြီးလာတယ်"

"အာ ... ဟုတ်ကဲ့ "

ဆရာဝန်ကြီး အခန်းထဲဝင်လာကာ လိုအပ်တာတွေစစ်ဆေးပြီး အဆင်ပြေကြောင်း၊ နောက်တစ်ပတ်လောက်နေရင် ဆေးရုံကဆင်းလို့ရပြီဖြစ်ကြောင်းနဲ့ စကားလုံးတွေကို ကြိုးစားပြီးပြောကြည့်ဖို့ ဆိုသည်။ ထို့နောက် မိသားစုနှင့် သူငယ်ချင်းများကိုလည်း လူနာအားကူညီ၍ စကားလုံးများပြန်သင်ပေးရန်နှင့် သူနဲ့အတူလိုက်ပြောပေးရန် မှာကြားကာ အခန်းထဲမှထွက်သွားသည်။

"ကဲ၊ မေသက်အချွဲလေး ကြားတယ်နော်။ စကားလုံးတွေ ကြိုးစားပြောရမယ်တဲ့။ ဒီမေမေက အချွဲလေးရဲ့ခေါ်သံလေးတွေ ကြားချင်နေပါပြီနော်"

"ဟုတ်တယ် သားရဲ့။ မေမေရော၊ ဖေဖေရောပဲ မေ့သားလေးခေါ်သံလေးကို လွမ်းနေပြီ"

မိဘများက ထိုသို့ပြောလာကြသည်ကြောင့် ရဲရင့် ကြိုးစားခေါ်ကြည့်မိသည်။ နဖူးစပ်က ချွေးလေးတွေစို့လာသည့်တိုင် 'အိ ... အ' မှလွဲ၍ တခြားအသံထွက်မလာပေ။ အားမလိုအားမရဖြစ်လာကာ အိပ်ရာခင်းတွေကိုသာ ဆွဲဆုပ်နေမိသည်။

ရဲရင့်အခြေအနေအားကြည့်ကာ သုတ သနားလာရလေသည်။ ထို့ကြောင့် ရဲရင့်အားပြေးဖက်ကာ မိဘတွေဘက်လှည့်ကြည့်ပြီး

"မေမေတို့ကလည်း အခုအပင်စိုက်၊ အခုအသီးလိုချင်လို့တော့ ရမလားဗျ။ အရမ်းဖိအားမပေးပါနဲ့။ ကြည့်ဦး၊ ဒီမှာ ဘယ်လောက်ဝမ်းနည်းနေလဲဆိုတာ"

"ခေသုတရယ်၊ နင်ဟာလေ ... ဟင်း ဟင်း ..."

"မဟုတ်လို့လား ဟမ့်! ကတုံးလေး၊ ဘာမှမဖြစ်ဘူးနော်၊ စိတ်လျှော့။ ငါသင်ပေးမယ်၊ ကြားလား? ငါက မင်း စကားပြန်ပြောနိုင်အောင် ကူညီပေးမယ်နော်။ အချိန်တော့ယူရမယ်လေကွာ၊ ဟုတ်ပြီလား?"

ခေါင်းလေးညိတ်ပြကာ ရင်ခွင်ထဲတိုးဝင်လာသည့် ကတုံးလေးအား အသာဖက်ထားရင်း ကတုံးပြောင်လေးကိုလည်း အနမ်းပေးလိုက်မိသည်။

အနားမှသူတွေကတော့ ထုံးစံအတိုင်း ပိုတာ၊ သည်းကဲနေတာဟုဆိုကာ ရယ်နေကြတော့သည်။

'ဒီအချိန်ကစလို့ အခက်အခဲတွေကင်းဝေးပြီး ပျော်ရွှင်တဲ့အချိန်တွေကိုသာ ပိုင်ဆိုင်ချင်မိပါတော့သည်။ ဘယ်လိုအခက်အခဲတွေရှိလာပါစေ၊ ငါတို့တွေ လက်တွဲမဖြုတ်ကြေးနော် ချစ်ရသူရေ'

""""""""""""""""

by Jay & Demon
© Demon ,
книга «Zippy Amor (Lively Friendship)».
Коментарі