Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30): Final
Chapter (9)
တိမ္ယံအခန္းထဲေရာက္ၿပီး ၾကားထဲမွစာသင္ခ်ိန္တစ္ခ်ိန္လြတ္ေနတုန္းတြင္

"မင္းက တိမ္ယံေနာ္"

"ဟုတ္ပါတယ္"

"ငါက ဝဏၰေမာင္၊ သူက ရန္လင္း"

"အာ ... ေတြ႕ရတာဝမ္းသာပါတယ္။ ငါ့ကို ကူညီေပးပါဦး"

"အင္း၊ လြတ္ထားတဲ့စာေတြကို ငါတို႔ကူညီေပးမယ္"

"ေက်းဇူးတင္ပါတယ္"

စာကူးရန္အလုပ္မ်ားေနရင္း တစ္ခ်ိန္စာကုန္သြားၿပီး ေနာက္တစ္ခ်ိန္ေရာက္ေသာအခါမွာေတာ့ ဆရာကအရွိန္မပ်က္သင္လိုက္တာ Break Time ထဲမွ ဆယ္မိနစ္ပါေနပါၿပီ။ ဆရာနႈတ္ဆက္ၿပီးထြက္သြားေတာ့ အခန္းနဲ႔မ်က္ေစာင္းထိုးတြင္ ျမင္လိုက္ရတာ ကိုသုႏွင့္ ကိုရဲရင့္။

"တိမ္ယံ၊ ကန္တင္းသြားမယ္ေလ"

"မင္းတို႔သြားႏွင့္ေတာ့၊ ငါကိစၥေလးရွိလို႔"

"Ok"

တိမ္ယံ အခန္းထဲကထြက္လာၿပီး

"ယံ့ကိုလာေစာင့္ေနၾကတာလား?"

"အင္း၊ အဆင္ေျပလားလို႔လာၾကည့္ရင္း ကန္တင္းသြားဖို႔လာေခၚတာ။ ဆရာကလည္း ၾကာလိုက္တာ"

"သြားရေအာင္ကြာ၊ ငါဗိုက္ပါေအာင့္ခ်င္ေနၿပီ"

"ကိုသု ရရဲ႕လား?" ... "အဆင္ေျပရဲ႕လား သုတ?"

ၿပိဳင္တူထြက္လာေသာ စကားႏွစ္ခြန္းႏွင့္ အၾကည့္ခ်င္းဆံုသြားေသာ သူတို႔ႏွစ္ေယာက္။

"ရတယ္၊ အဆင္ေျပတယ္။ သြားရေအာင္"

လွည့္ထြက္သြားေသာသုတႏွင့္ ေဘးကေျပးလိုက္သြားေသာရဲရင့္ကို တိမ္ယံေနာက္ကၾကည့္ေနမိၿပီးမွ အမီလိုက္လာလိုက္သည္။
ထမင္းစားၾကရင္း သုတက ခ်ဥ္ေပါင္ေၾကာ္ကိုလွမ္းႏႈိက္ေတာ့

"ကိုသု၊ အဲဒီအခ်ဥ္ေတြ ..."

တိမ္ယံစကားႏွင့္အၿပိဳင္ပင္ ရဲရင့္ကလည္း ခ်ဥ္ေပါင္ေၾကာ္ေတြျပန္လုယူလိုက္သည္မို႔ တိမ္ယံစကားတန္းလန္းႏွင့္ ရပ္သြားသည္။

"သုတ၊ မင္းဗိုက္ေအာင့္ရင္ အဲဒါေတြမစားနဲ႔ေလ။ အဲဒီေလာက္အထိ လိုက္ေျပာေနရေအာင္ မင္းကကေလးလား?"

ညီရဲရင့္ ပြစိပြစိဆက္လုပ္ေန၍ ေခသုတက ျပံဳးၿပီးၾကည့္ေနသည္ကို တိမ္ယံေငးသြားမိသည္။ အခုအေနအထားက ဘာေတြလဲ?
.

Break Time မွာ ကိုသုကိုျမင္လိုက္လို႔ေပ်ာ္သြားတုန္း ကိုရဲရင့္က ပခံုးဖက္ၿပီးခပ္တိုးတိုးေျပာေနလို႔ အေပ်ာ္ေတြအရွိန္ရပ္ကုန္ရသည္။ ကိုသုဗိုက္ေအာင့္တယ္ေျပာလို႔ မနက္ကလည္း ဘာမွမစားထားတာကို စိတ္ပူမိေပမဲ့ ကိုရဲရင့္ကပဲ ပ်ာပ်ာသလဲဂ႐ုစိုက္ေနျပန္သည္္။ အခ်ဥ္ေတြမစားဖို႔တားခ်င္တာေတာင္ သူကအရင္ ဖယ္ထုတ္လိုက္ၿပီးေနၿပီ။
တကယ္ပဲ ယံ့အတြက္ ေနရာမရွိေတာ့ဘူးလား ကိုသုရယ္။
.
မနက္က ရဲရင့္ကိုမၾကည္လို႔ ဘာမွမစားလိုက္တာ အခုမွဗိုက္ဆာလိုက္တာ။ ဒါေပမဲ့ ဟိုကေလးကို လစ္လ်ဴ႐ႈထားလို႔မေကာင္းတာမို႔ သြားေခၚဦးမွေကာင္းမယ္။ မင္းကိုမလိုက္ေစခ်င္လို႔ ကန္တင္းမွာေစာင့္ခိုင္းတာကို လိုက္ျဖစ္ေအာင္လိုက္လာေသးတယ္ေနာ္။ ငါထင္တဲ့အတိုင္း ေကာင္မေလးေတြက ငမ္းကုန္ၾကၿပီ၊ အဆင္ေျပမေနဘူး။ ႐ုတ္တရက္ ပခံုးကိုဖက္လာလို႔သာ ေတာ္ေသးတာေပါ့၊ သူတို႔နည္းနည္းၿငိမ္သြားၾကတယ္။
ဗိုက္ေအာင့္တာကနည္းနည္းပါ၊ မင္းက ဂ႐ုတစိုက္နဲ႔စိုးရိမ္ျပေနေတာ့ ငါဘယ္လိုေနရမလဲ?
မင္းေႁခြသမၽွေႂကြရတာ ခေရပင္ေတာင္႐ႈံးၿပီထင္ပါတယ္။
.
Break Time မတိုင္ခင္ ဆရာမက နည္းနည္းေစာလႊတ္လိုက္လို႔ သုတက တိမ္ယံ့အေဆာင္ကိုသြားမယ္တဲ့။ မင္းဗိုက္ဆာရင္ ကန္တင္းမွာေစာင့္တဲ့။ ငါက မင္းတစ္ေယာက္တည္း လႊတ္လိုက္စရာလား? ဟိုေရာက္ေတာ့ တိမ္ယံတို႔အတန္းမဆင္းေသးပါ။ ဆရာထြက္သြားလို႔ အခန္းနားသြားေတာ့ ေကာင္မေလးေတြကြက္ၾကည့္ကြက္ၾကည့္နဲ႔မို႔ သုတပခံုးကိုဖက္ၿပီး စကားရွာေျပာေနလိုက္တယ္။ တကယ္ကို အၿငိမ္မေနတဲ့အမိေလးေတြ။
သုတကဗိုက္ေအာင့္တယ္တဲ့၊ ဒါကိုမ်ား လာေခၚေနေသးတယ္။ ဟိုကေလးကလည္း စိုးရိမ္ျပေနတယ္။ အခ်ဥ္ေတြမစားနဲ႔ဆိုလား? ငါသိတယ္၊ ငါနားလည္တယ္၊ ဖယ္ေပးၿပီးၿပီ။
မင္းကိုေတာ့ သုတနားမေရာက္ေအာင္ ငါတားရလိမ့္မယ္ တိမ္ယံ။
.

"ယံေလး၊ စားေလ။ ဟင္းမႀကိဳက္လို႔လား? ဘာႀကိဳက္တတ္လဲမသိေသးေတာ့ ကိုယ္တို႔လည္း ဘယ္ဆိုင္ေခၚရမွန္းမသိတာ။ ႀကိဳက္တတ္တာေလးေတြ ေျပာထားဦး"

ရဲရင့္၊ မင္းကခ်က္ခ်င္းႀကီး တိမ္ယံဘက္လွည့္သြားျပန္တာလား?

ကိုရဲရင့္က ဘယ္လိုေတြ ေျပာျပန္တာလဲ?

"ယံက ဟင္းသိပ္မေရြးတတ္ပါဘူး။ အဆင္ေျပပါတယ္"

"အင္း၊ အဲဒါေကာင္းတယ္။ အခန္းေဖာ္သူငယ္ခ်င္းေတြ ရၿပီလား?"

"ရၿပီ အစ္ကို၊ အခုေတာင္ သူတို႔က ကန္တင္းသြားမယ္ေခၚေနတာ။ အစ္ကိုတို႔ကိုေတြ႕လိုက္လို႔ လိုက္မသြားေတာ့တာ။ စာေတြလည္း သူတို႔ဆီကပဲ ကူးလိုက္လို႔ရတယ္"

"ဘယ္ဆိုးလို႔လဲ၊ တစ္မနက္နဲ႔ အကုန္အဆင္ေျပသြားတာပဲ။ ယံေလးက ခ်စ္ဖို႔ေကာင္းေတာ့ လူခ်စ္လူခင္ေပါတယ္"

လူခ်စ္လူခင္ေပါတာလား? မင္းကိုက ခ်စ္ခင္ခ်င္လြန္းေနတာလား? ရွင္းရွင္းေျပာစမ္း ရဲရင့္ရယ္။ မင္းက တကယ္ကိုလၽွာႏွစ္ခြနဲ႔။

"သုတ၊ ၿပီးရင္ တိမ္ယံအခန္းကို ျပန္လိုက္ပို႔မွာမဟုတ္လား?"

ေမးခြန္းကေတာ့ ႐ိုး႐ိုးေလးေပမဲ့ က်န္တဲ့ႏွစ္ေယာက္မွာေတာ့ တစ္မ်ိဳးစီအေတြးမ်ားလို႔။
ကိုသု၊ ယံ့ကို ျပန္မပို႔ခ်င္တာလား? မ်က္ႏွာတည္ႀကီးနဲ႔။
မင္းက ေတာ္ေတာ္ျပန္ပို႔ေပးခ်င္ေနတာလား? မင္းစိတ္ႀကိဳက္လုပ္ေနလိုက္ပါ။

"အင္း"

ေခသုတေဘးမွာ အျပံဳးေတြတစ္သီတစ္တန္းနဲ႔ ေလၽွာက္လာေနတဲ့ တိမ္ယံရယ္၊
ခပ္တည္တည္႐ုပ္နဲ႔ အလယ္ကေန ေခ်မိုးေနတဲ့ ေခသုတရယ္၊
တိမ္ယံျပံဳးေနသမၽွကိုၾကည့္ရင္း သုတေဘးကကပ္လိုက္လာတဲ့ ရဲရင့္ရယ္၊
အေၾကာင္းသိတခ်ိဳ႕ရဲ႕ စူးစမ္းသလိုအၾကည့္ေတြရယ္က ေန႔လည္ခင္း ေက်ာင္းလမ္းေပၚမွာ သူ႔အခင္းအက်င္းနဲ႔သူ။

¤

"တိမ္ယံ၊ မင္းက ကိုညီရဲရင့္တို႔နဲ႔သိတာလား?"

"အင္း၊ သိတယ္ေလ။ ဘာလို႔လဲ ဝဏၰရဲ႕"

"ေန႔လည္က မင္းတို႔သံုးေယာက္ကို ေတြ႕လိုက္လို႔ေလ။ ဘယ္လိုမ်ိဳးသိတာလဲ?"

"ငါ့အေဖနဲ႔ကိုသုအေဖက မိတ္ေဆြေတြမို႔ ငါက ကိုသုတို႔အိမ္ကေန ေက်ာင္းတက္တာေလ"

"ကိုေခသုတတို႔အိမ္လား? အဲဒီေလာက္ထိရင္းႏွီးတာလား?"

"ငါတို႔ခ်င္းကေတာ့ အခုမွသိၾကတာပါ"

"ဪ၊ မသိပါဘူး။ အမ်ိဳးမ်ိဳးေျပာေနတာၾကားလို႔ေလ။ ညီရဲရင့္ဆိုတဲ့ဘဲက အရမ္းေပြတာေလ။ အဲဒါ အခု သူ႔ေကာင္မေလးေတြနဲ႔ အကုန္ျပတ္ၿပီလို႔ၾကားေနတယ္"

"အင္း၊ ဟိုေန႔က အဲဒီကိစၥ ကိုသုနဲ႔ေျပာေနၾကတာၾကားတယ္။ ဘယ္သူေတြက ဘာေတြေျပာေနတာကို မင္းတို႔ကၾကားလာလို႔လဲ?"

"ညီရဲရင့္က ေခသုတနဲ႔အရမ္းတြဲတယ္ေလ။ အခု ရည္းစားေတြအကုန္ျဖတ္ပစ္တာလည္း ေခသုတေၾကာင့္လို႔ ေျပာေနၾကျပန္ၿပီ။ ၿပီးေတာ့ သူတို႔ေဘးမွာ ခ်စ္စရာေကာင္ေလးတစ္ေယာက္ ေတြ႕တယ္တဲ့။ ညီရဲရင့္က ေယာက္်ားေလးေတြဘက္ ေျခဦးလွည့္ေနတာလားလို႔လည္း ေျပာၾကတယ္။ မင္းကို သူတို႔အထင္လြဲေနၾကတာထင္ပါတယ္"

"ဪ"

"အဲ၊ ငါတို႔ေျပာတာက ဒီတိုင္းေျပာျပတာေနာ္။ အဲဒီစကားေတြ မင္းအဖက္လုပ္မေနနဲ႔"

"အင္းပါ၊ မင္းတို႔ဆိုလိုခ်င္တာ ငါသိပါတယ္"

"အင္း၊ ငါတို႔ကို အထင္လြဲမွာစိုးလို႔"

"ျဖစ္စရာလား"

ဝဏၰေမာင္နဲ႔ရန္လင္းရဲ႕ တစ္ေယာက္တစ္လွည့္ရွင္းျပလာတဲ့စကားေတြေၾကာင့္ တိမ္ယံဘာလုပ္ရမွန္းမသိ။

ဒီလိုစကားေတြကို ကိုသုျပန္ၾကားၿပီး ယံ့ကို အစ္ကိုရဲရင့္နဲ႔အထင္မွားလို႔ေတာ့ မျဖစ္ဘူးေနာ္။ ယံ ကိုသုကိုသေဘာက်တယ္၊ ခ်စ္တယ္လို႔ပဲ ေျပာရမွာေပါ့။
ကိုသုစကားေတြမွာလည္း ေပ်ာ္ဝင္သြားတယ္၊ အၾကည့္ေတြမွာလည္း ေလာင္ကၽြမ္းသြားတယ္။
ကိုသုရဲ႕ မ်က္ႏွာတည္တည္ေလးနဲ႔တင္ ယံ့ႏွလံုးသားက တကယ္ကို Lost Control ပါပဲ။

¤

ညေနအတန္းၿပီးလို႔ အိမ္ျပန္ခ်ိန္မွာေတာ့ ရဲရင့္ကကားေမာင္းၿပီး သုတႏွင့္တိမ္ယံက အေနာက္ခန္းမွာအတူထိုင္လိုက္ၾကသည္။ ေလထုကေတာ့ ကားေလးထဲေအးစက္လို႔။
ဘာေၾကာင့္လဲဆို ကားေပၚတက္ခါနီး စကားမ်ားၾကေသးသည္။  ဒီတစ္ခါေတာ့ စိတ္တိုေနသူက ညီရဲရင့္။
သုတအား ေဘးနားမွာထိုင္ရန္ေျပာသည္ကို သုတက တိမ္ယံႏွင့္အတူ အေနာက္ခန္းတြင္သာထိုင္မည္ဟုဆိုေသာေၾကာင့္ မေက်မနပ္ျဖစ္ေနျခင္းပင္။ ထို႔ေၾကာင့္ ကားကို ေႏွးလိုက္၊ ျမန္လိုက္၊ ဘရိတ္ေဆာင့္နင္းလိုက္လုပ္ေနေလသည္။ အေနာက္ခန္းကႏွစ္ေယာက္မွာေတာ့ ဆန္ေကာထဲဇီးျဖဴသီးထည့္လွိမ့္ေနသလို ရမ္းခါေနေတာ့သည္။ သုတကဘာမွမျဖစ္ေပမဲ့ တိမ္ယံကေတာ့ ေခြၽးေတြပ်ံၿပီး မ်က္ႏွာကလည္းျဖဴေဖ်ာ့ေနၿပီမို႔ သုတ ရဲရင့္ကိုလွမ္းေငါက္လိုက္ေတာ့သည္။  ေတာ္ၾကာေန တိမ္ယံတစ္ေယာက္ ကားထဲတင္အသက္ထြက္သြားမွ ဟုတ္ေပ့ျဖစ္ေနဦးမည္။

"ရဲရင့္၊ ညီရဲရင့္"

"ဘာလဲ?"

"ကားကို လူလိုေမာင္းစမ္း"

"လူလိုေမာင္းေနတာပဲေလ"

"မင္း! ေသကုန္ေတာ့မယ္ မင္းလုပ္ေနပုံက။ ငါကရတယ္၊ မင္းႀကိဳက္သလိုေမာင္း။ ေအး၊ ခုက ယံေလးပါေနတယ္ေလ။ နားမလည္ဘူးလား ညီရဲရင့္?"

"ဘာ! ေခသုတ၊ မင္း"

"ေတာ္ၾကပါေတာ့။ အဟင့္ ဟီးးး ရန္မျဖစ္ၾကပါနဲ႕ေတာ့လို႔။ ဟင့္ ... ေခါင္းမူးတယ္။ အီးး ... ေမေမေရ၊ ယံေလးကို ႏွိပ္စက္ေနၾကတယ္ ... ဟီးးး"

ကားစထြက္ကတည္းက ယိမ္းထိုးေနၿပီး တုန္႔ခနဲရပ္သြားလိုက္၊ ေဆာင့္ခနဲထြက္လိုက္ႏွင့္ျဖစ္ေနသည္။ ကိုရဲရင့္တမင္လုပ္ေနတာသိေပမဲ့ တိမ္ယံေၾကာက္သည္။ ငယ္ငယ္က ေမေမနဲ႕အတူ နယ္ဘက္ကအမ်ိဳးေတြဆီသြားရင္း ကားမေတာ္တဆျဖစ္တဲ့အထဲပါခဲ့ဖူးသည္။ ထိုအခ်ိန္တုန္းကစီးခဲ့ေသာ Express ကားႀကီးသည္လည္း ေမွာက္ခါနီးမွာ ယခုကဲ့သို႔ျဖစ္ေနခဲ့ျခင္းပင္။ ကံေကာင္း၍ ယံေလးေရာ၊ေမေမပါ အသက္မေသခဲ့ျခင္းပင္။ ထိုျမင္ကြင္းအားျပန္ျမင္ေယာင္လာမိသလို အရမ္းလည္းေၾကာက္ေနမိသည္။ ထို႔ေၾကာင့္ မဟန္ႏိုင္ေတာ့သည့္အဆုံးေတာ့ ငိုခ်ပစ္လိုက္မိသည္။

"ဟင့္ ... အင့္ ... ေခါင္း မူး တယ္ ... ဟီးး"

႐ုတ္တရက္ထေအာ္ငိုေသာတိမ္ယံေၾကာင့္ ရဲရင့္ေရာ၊ သုတပါ ဘာလုပ္ရမွန္းမသိျဖစ္ကုန္ၾကေတာ့သည္။

"တိမ္ယံ၊ အဆင္ေျပရဲ႕လား ဟမ္? အန္ခ်င္ေနလား? ကိုသုကိုေျပာ၊ အန္ခ်င္လား?"

"ေၾကာက္ ... ေၾကာက္တယ္။ ဟင့္ ... ကိုရဲရင့္၊ ယံေလး ေၾကာက္တယ္။ အင့္ ... ဟင့္ ... ဟီးး"

"ဟုတ္ၿပီ၊ ဟုတ္ၿပီ။ ဘာမွမျဖစ္ေတာ့ဘူးေနာ္၊ မေၾကာက္နဲ႔ ဟုတ္ၿပီလား? ကိုယ္ ျဖည္းျဖည္းေမာင္းေပးမယ္ေနာ္"

"ဟင့္ ... ဟုတ္ ... ဟုတ္ကဲ့။ အြတ္ ... ဟင့္"

"လာ၊ ငါ့ကိုမွီထား တိမ္ယံ"

"ဟင့္ ... ဟုတ္၊ ေၾကာက္တယ္"

"မေၾကာက္နဲ႔၊ ကိုယ္ရွိတယ္။ မေၾကာက္နဲ႔"

သုတရင္ခြင္ထဲဝင္တိုးေနသည့္ တိမ္ယံ
တိမ္ယံကိုဖက္ထားေပးသည့္ သုတ
ထိုအခ်ိန္ျဖစ္ေပၚလာေသာ ရဲရင့္ခံစားခ်က္တို႔က ပူေလာင္ျခင္းပင္။ တိမ္ယံကိုသနားမိေပမဲ့ သူ႔အပိုင္ျဖစ္တဲ့လူသားေလးရဲ႕ရင္ခြင္ထဲ ဝင္ေနတာကိုေတာ့ မႀကိဳက္ပါ။

"သုတေလး"

"ဟင္?"

"ဟို ... မင္း လာေမာင္းပါလား"

"ဘာျဖစ္လို႔လဲ?"

"ငါ ... ငါ ... ဟို ... စိတ္မခ်လို႔"

"ဘာကိုလဲ ရဲရင့္?"

ရဲရင့္မ်က္ႏွာကိုစိုက္ၾကည့္ရင္း ရင္ထဲကေန မေက်နပ္သမွ်ကို ေအာ္ဟစ္ေနလိုက္မိသည္။ ေဒါသစိတ္ေၾကာင့္ ရင္ခြင္ထဲမွာမွိန္းေနသည့္တိမ္ယံကို ပိုတင္းတင္းဖက္ထားလိုက္သည္။

'ငါ့ရင္ထဲကေဝဒနာေတြကို မင္းမသိပါဘူး၊ ညီရဲရင့္ရာ။ အခုလည္း စိတ္မခ်ဘူးတဲ့။ ဟဟားး ဘာကို စိတ္မခ်ျဖစ္ရျပန္တာလဲ ရဲရင့္? ငါနဲ႕တိမ္ယံကိုလား? မင္းအေတာ္ရယ္ရတာပဲ၊ ရဲရင့္။ ငါ့ကို အရိုင္းစိတ္ေတြဝင္ေအာင္လုပ္ေနတာ မင္းပဲ။ ငါစိတ္ေတြမထိန္းခ်ဳပ္ႏိုင္ရင္ အားလုံး ျပႆနာေတြတက္ကုန္လိမ့္မယ္။'

စကားတစ္ခြန္းမွျပန္မေျပာဘဲ လူကိုစိမ္းစိမ္းႀကီးၾကည့္ေနေသာ သုတအား ရဲရင့္နားမလည္ႏိုင္ေပ။
'ဒါကဘာျဖစ္ရတာလဲ သုတ? မင္းအၾကည့္ကေလ ... ဘာလဲ ေခသုတ၊ ေနာက္မွေရာက္လာတဲ့ေကာင္ကို ဖက္တြယ္ေနတာေတာ့ မဟုတ္ဘူးမလား? ငါ့ထက္ မင္းရင္ခြင္ထဲကေကာင္ကို ပိုအေလးထားေနတာေတာ့ မဟုတ္ဘူးမလား? ေခသုတေရ၊ ငါ့ရင္ထဲမြန္းက်ပ္လိုက္တာ။ မၾကည့္နဲ႔ သုတေလး၊ ငါ့ကို အဲဒီလိုႀကီးမၾကည့္ပါနဲ႕ကြာ'

ထို႔ေနာက္ သုတေရာ၊ ရဲရင့္ပါ တစ္ေယာက္ကိုတစ္ေယာက္ အၾကည့္လႊဲလိုက္ၾကၿပီး သုတလည္း အိပ္ေပ်ာ္ေနၿပီျဖစ္ေသာတိမ္ယံကို အသာဖက္ထားရင္း ျပတင္းေပါက္ဘက္ကိုသာေငးေနမိေတာ့သည္။

ရဲရင့္လည္း ကားကိုသာ အာ႐ုံစိုက္ေမာင္းေနလိုက္ေတာ့သည္။ ရင္ထဲတြင္ေတာ့ အမည္ေဖာ္ျပ၍မရႏိုင္ေလာက္ေအာင္ နာက်င္ေနေတာ့သည္။

မတူညီေသာအေတြးကိုယ္စီႏွင့္ ထိုေကာင္ေလးႏွစ္ေယာက္ရဲ႕ရင္ထဲတြင္ေတာ့ ကိုယ္စီနာက်င္ျခင္းေတြ ပိုင္ဆိုင္ထားၾကသည္ဆိုတာကိုေတာ့ ကာယကံရွင္ေတြသာ သိၾကေပလိမ့္မည္။

"""""""''''''''
ေနာက္တစ္ေန႕မနက္ ေဒၚခင္ေမသက္ေရာ၊ ဦးေမာင္ပါ အိမ္မွာမရွိ။ မနက္အေစာႀကီး ဘုရားသြားၾကသည္မို႔ သုတႏွင့္တိမ္ယံသာ အိမ္မွာက်န္ခဲ့ၾကရသည္။

သုတႏွင့္တိမ္ယံ မနက္စာထိုင္စားေနရင္း သုတက တိမ္ယံအားလွမ္းၾကည့္ကာ

"တိမ္ယံ၊ သက္သာရဲ႕လား?"

"ဟုတ္ကဲ့ ကိုသု၊ ယံေလး သက္သာပါတယ္။ မေန႔က ယံေလးေၾကာင့္ ကိုသုတို႔အလုပ္မ်ားသြားၾကရတယ္"

"ကိစၥမရွိပါဘူး၊ ငါတို႔ကသာေတာင္းပန္ရမွာ။ ဟိုမ်က္ႏွာ႐ူးေကာင္ေၾကာင့္ မင္းအခုလိုျဖစ္ရတာ။ အဲ့ဒီေကာင္ကို ငါရိုက္သတ္ခ်င္ေနတာ"

"ကိုသုကလည္း ယံကိုက အေၾကာက္လြန္သြားတာပါဗ်ာ"

"အင္း၊ ရပါတယ္။ ဒါနဲ႔ မေန႕က ဘာလို႔ဒီေလာက္လန္႔သြားရတာလဲ မင္းက"

"ယံငယ္ငယ္က ေမေမနဲ႔အတူ နယ္ကေဆြမ်ိဳးေတြဆီသြားရင္း လမ္းမွာ ကားမေတာ္တဆျဖစ္ခဲ့တာ။ ယံ အရမ္းေၾကာက္ခဲ့ရတာ။ ကံေကာင္းလို႔အသက္မေသခဲ့တာ"

"အာ၊ ဟုတ္လား? Sorry ပါကြာ၊ ရဲရင့္အစား ငါကပဲေတာင္းပန္ပါတယ္"

"ရပါတယ္ အစ္ကိုရဲ႕။ အစ္ကိုရဲရင့္ကလည္း တမင္ရည္႐ြယ္ခ်က္ရွိရွိလုပ္တာမွမဟုတ္တာ"

အဟက္! မင္းကေတာ့ ေရွ႕ေနေတြဘာေတြေတာင္ရေနၿပီ ညီရဲရင့္ေရ။ အင္း၊ ဘယ္လိုလုပ္ရမလဲ! ငါက ထင္သေလာက္သေဘာမေကာင္းဘူးေလ။ အဲ့ဒီေတာ့ မင္းေရွ႕ေနေလးကို ငါ နည္းနည္းေတာ့ေႏွာက္လိုက္မွျဖစ္မယ္။ မနက္ေစာေစာ ယုတ္မာရေတာ့မွာေပါ့ေလ။ ဟဟားးး

"အဟားးးဟားဟားးး"

"ဘာ ... ဘာရယ္တာလဲ ကိုသုရဲ႕"

"မင္း ငယ္ပါေသးတယ္၊ တိမ္ယံရယ္။ ေလာကႀကီးအေၾကာင္း မင္းဘာမွမသ္ိေသးပါဘူးကြာ။ အဟင္း"

"ယံ နားမလည္ဘူး"

"ညီရဲရင့္က မင္းကို ခုလိုျဖစ္ေအာင္ တမင္သက္သက္လုပ္တာဆိုရင္ေရာ"

"ဗ်ာ!"

"သူကမင္းကို ဒုကၡေရာက္ေစခ်င္ေနတာဆိုရင္ေရာ၊ မင္းခြင့္လႊတ္မွာလား?"

"မဟုတ္တာ။ ကိုရဲရင့္က ယံကို တမင္လုပ္တာမျဖစ္ႏိုင္ပါဘူး ကိုသုရဲ႕"

"အဟင္း၊ ဟုတ္မွာပါေလ။ ကဲ၊ စား စား ေက်ာင္းေနာက္က်ေတာ့မယ္"

"ဟုတ္ကဲ့"

သုတတို႔အား ရဲရင့္ မိမိအိမ္ေရွ႕ေလးမွာ ထိုင္ေစာင့္ေနျခင္းပင္။ ကိုယ့္မွာလည္းကားရွိေနေပမဲ့ တိမ္ယံနဲ႔စိတ္မခ်သည္မို႔ သုတကားႏွင့္သာ လိုက္ကပ္စီးေနမိသည္။ ခုခ်ိန္ထိအိမ္ထဲကထြက္မလာေသးသည့္ သုတတို႔ကားေလးအား လည္တဆန္႔ဆန္႔ႏွင့္ေမွ်ာ္ေနမိသည္။
ထိုအခ်ိန္ သူ႔အေရွ႕ကေန ဝူးခနဲေနေအာင္ေမာင္းထြက္သြားေသာ ကားအျဖဴေလးအား ရဲရင့္ ေၾကာင္ၾကည့္ေနမိသည္။

သုတက မိမိကိုပင္တစ္ခ်က္မၾကည့္။ တိမ္ယံႏွင့္အတူ ကားေမာင္းထြက္သြားသည္တဲ့ေလ။ ရဲရင့္ကို တစ္ခ်က္ပင္လွည့္မၾကည့္ခဲ့ေသာသုတအား ရဲရင့္စိတ္မဆိုးႏိုင္။ အေတာ္ေဝးေဝးေရာက္သြားၿပီျဖစ္ေသာ ကားေလးအား ေငးၾကည့္ရင္း ႏွလုံးသားတစ္စုံက နာက်င္ေနမိသည္။ ထို႔ေနာက္ မတ္တပ္ပင္ဆက္မရပ္ႏိုင္ေတာ့သည္ေၾကာင့္ အိမ္ေရွ႕ကအုတ္ခုံေလးေပၚတြင္ အသာထိုင္ေနလိုက္မိသည္။

"မင္း ဘာလို႔ခုလိုျဖစ္ေနရတာလဲ၊ သုတေလးရယ္။ ငါ့ကို တကယ္မလိုေတာ့ဘူးလား? တိမ္ယံရွိရင္ရၿပီလား? ေနာက္မွေရာက္လာတဲ့ အဲ့ဒီေကာင္ေလးကို ငါ့ထက္ပိုခင္တြယ္သြားၿပီလား? ငါကေရာ? ငါက အခုမင္းအတြက္ အမႈိက္ျဖစ္သြားၿပီလားကြာ"

"""""""""""""
"ကိုသု"

"အင္း"

"ကိုရဲရင့္ကို ဘာျဖစ္လို႔မေခၚတာလဲ?"

"မေခၚခ်င္လို႔"

"ဗ်ာ? မဟုတ္ေသးဘူးေလ ကိုသုရဲ႕"

"စကားမမ်ားနဲ႕ယံေလး။ သူ႕မွာလည္းကားရွိတယ္။ အၿမဲတမ္း ငါ့ကားနဲ႔လိုက္ကပ္စီးေနတာမႀကိဳက္လို႔၊ သိၿပီလား? သြားေတာ့ အတန္းထဲ"

"ဟုတ္ကဲ့"

တိမ္ယံ အနားကထြက္သြားေတာ့မွ သုတ ေက်ာင္းေပါက္ဝကိုလွမ္းၾကည့္မိသည္။

"Sorry ရဲရင့္" ဟု ခပ္တိုးတိုးေရ႐ြတ္လိုက္မိသည္။ ထို႔ေနာက္ ပါးျပင္ေပၚစီးက်လာေသာ မ်က္ရည္တခ်ိဳ႕အား ခပ္ၾကမ္းၾကမ္းသုတ္ပစ္လိုက္ကာ စာသင္ခန္းဆီကိုသာ ဦးတည္လိုက္မိသည္....

"""""""""""""""""""""""''''''"""""""""""""""""


တိမ်ယံအခန်းထဲရောက်ပြီး ကြားထဲမှစာသင်ချိန်တစ်ချိန်လွတ်နေတုန်းတွင်

"မင်းက တိမ်ယံနော်"

"ဟုတ်ပါတယ်"

"ငါက ဝဏ္ဏမောင်၊ သူက ရန်လင်း"

"အာ ... တွေ့ရတာဝမ်းသာပါတယ်။ ငါ့ကို ကူညီပေးပါဦး"

"အင်း၊ လွတ်ထားတဲ့စာတွေကို ငါတို့ကူညီပေးမယ်"

"ကျေးဇူးတင်ပါတယ်"

စာကူးရန်အလုပ်များနေရင်း တစ်ချိန်စာကုန်သွားပြီး နောက်တစ်ချိန်ရောက်သောအခါမှာတော့ ဆရာကအရှိန်မပျက်သင်လိုက်တာ Break Time ထဲမှ ဆယ်မိနစ်ပါနေပါပြီ။ ဆရာနှုတ်ဆက်ပြီးထွက်သွားတော့ အခန်းနဲ့မျက်စောင်းထိုးတွင် မြင်လိုက်ရတာ ကိုသုနှင့် ကိုရဲရင့်။

"တိမ်ယံ၊ ကန်တင်းသွားမယ်လေ"

"မင်းတို့သွားနှင့်တော့၊ ငါကိစ္စလေးရှိလို့"

"Ok"

တိမ်ယံ အခန်းထဲကထွက်လာပြီး

"ယံ့ကိုလာစောင့်နေကြတာလား?"

"အင်း၊ အဆင်ပြေလားလို့လာကြည့်ရင်း ကန်တင်းသွားဖို့လာခေါ်တာ။ ဆရာကလည်း ကြာလိုက်တာ"

"သွားရအောင်ကွာ၊ ငါဗိုက်ပါအောင့်ချင်နေပြီ"

"ကိုသု ရရဲ့လား?" ... "အဆင်ပြေရဲ့လား သုတ?"

ပြိုင်တူထွက်လာသော စကားနှစ်ခွန်းနှင့် အကြည့်ချင်းဆုံသွားသော သူတို့နှစ်ယောက်။

"ရတယ်၊ အဆင်ပြေတယ်။ သွားရအောင်"

လှည့်ထွက်သွားသောသုတနှင့် ဘေးကပြေးလိုက်သွားသောရဲရင့်ကို တိမ်ယံနောက်ကကြည့်နေမိပြီးမှ အမီလိုက်လာလိုက်သည်။
ထမင်းစားကြရင်း သုတက ချဉ်ပေါင်ကြော်ကိုလှမ်းနှိုက်တော့

"ကိုသု၊ အဲဒီအချဉ်တွေ ..."

တိမ်ယံစကားနှင့်အပြိုင်ပင် ရဲရင့်ကလည်း ချဉ်ပေါင်ကြော်တွေပြန်လုယူလိုက်သည်မို့ တိမ်ယံစကားတန်းလန်းနှင့် ရပ်သွားသည်။

"သုတ၊ မင်းဗိုက်အောင့်ရင် အဲဒါတွေမစားနဲ့လေ။ အဲဒီလောက်အထိ လိုက်ပြောနေရအောင် မင်းကကလေးလား?"

ညီရဲရင့် ပွစိပွစိဆက်လုပ်နေ၍ ခေသုတက ပြုံးပြီးကြည့်နေသည်ကို တိမ်ယံငေးသွားမိသည်။ အခုအနေအထားက ဘာတွေလဲ?
.

Break Time မှာ ကိုသုကိုမြင်လိုက်လို့ပျော်သွားတုန်း ကိုရဲရင့်က ပခုံးဖက်ပြီးခပ်တိုးတိုးပြောနေလို့ အပျော်တွေအရှိန်ရပ်ကုန်ရသည်။ ကိုသုဗိုက်အောင့်တယ်ပြောလို့ မနက်ကလည်း ဘာမှမစားထားတာကို စိတ်ပူမိပေမဲ့ ကိုရဲရင့်ကပဲ ပျာပျာသလဲဂရုစိုက်နေပြန်သည်။ အချဉ်တွေမစားဖို့တားချင်တာတောင် သူကအရင် ဖယ်ထုတ်လိုက်ပြီးနေပြီ။
တကယ်ပဲ ယံ့အတွက် နေရာမရှိတော့ဘူးလား ကိုသုရယ်။
.
မနက်က ရဲရင့်ကိုမကြည်လို့ ဘာမှမစားလိုက်တာ အခုမှဗိုက်ဆာလိုက်တာ။ ဒါပေမဲ့ ဟိုကလေးကို လစ်လျူရှုထားလို့မကောင်းတာမို့ သွားခေါ်ဦးမှကောင်းမယ်။ မင်းကိုမလိုက်စေချင်လို့ ကန်တင်းမှာစောင့်ခိုင်းတာကို လိုက်ဖြစ်အောင်လိုက်လာသေးတယ်နော်။ ငါထင်တဲ့အတိုင်း ကောင်မလေးတွေက ငမ်းကုန်ကြပြီ၊ အဆင်ပြေမနေဘူး။ ရုတ်တရက် ပခုံးကိုဖက်လာလို့သာ တော်သေးတာပေါ့၊ သူတို့နည်းနည်းငြိမ်သွားကြတယ်။
ဗိုက်အောင့်တာကနည်းနည်းပါ၊ မင်းက ဂရုတစိုက်နဲ့စိုးရိမ်ပြနေတော့ ငါဘယ်လိုနေရမလဲ?
မင်းခြွေသမျှကြွေရတာ ခရေပင်တောင်ရှုံးပြီထင်ပါတယ်။
.
Break Time မတိုင်ခင် ဆရာမက နည်းနည်းစောလွှတ်လိုက်လို့ သုတက တိမ်ယံ့အဆောင်ကိုသွားမယ်တဲ့။ မင်းဗိုက်ဆာရင် ကန်တင်းမှာစောင့်တဲ့။ ငါက မင်းတစ်ယောက်တည်း လွှတ်လိုက်စရာလား? ဟိုရောက်တော့ တိမ်ယံတို့အတန်းမဆင်းသေးပါ။ ဆရာထွက်သွားလို့ အခန်းနားသွားတော့ ကောင်မလေးတွေကွက်ကြည့်ကွက်ကြည့်နဲ့မို့ သုတပခုံးကိုဖက်ပြီး စကားရှာပြောနေလိုက်တယ်။ တကယ်ကို အငြိမ်မနေတဲ့အမိလေးတွေ။
သုတကဗိုက်အောင့်တယ်တဲ့၊ ဒါကိုများ လာခေါ်နေသေးတယ်။ ဟိုကလေးကလည်း စိုးရိမ်ပြနေတယ်။ အချဉ်တွေမစားနဲ့ဆိုလား? ငါသိတယ်၊ ငါနားလည်တယ်၊ ဖယ်ပေးပြီးပြီ။
မင်းကိုတော့ သုတနားမရောက်အောင် ငါတားရလိမ့်မယ် တိမ်ယံ။
.

"ယံလေး၊ စားလေ။ ဟင်းမကြိုက်လို့လား? ဘာကြိုက်တတ်လဲမသိသေးတော့ ကိုယ်တို့လည်း ဘယ်ဆိုင်ခေါ်ရမှန်းမသိတာ။ ကြိုက်တတ်တာလေးတွေ ပြောထားဦး"

ရဲရင့်၊ မင်းကချက်ချင်းကြီး တိမ်ယံဘက်လှည့်သွားပြန်တာလား?

ကိုရဲရင့်က ဘယ်လိုတွေ ပြောပြန်တာလဲ?

"ယံက ဟင်းသိပ်မရွေးတတ်ပါဘူး။ အဆင်ပြေပါတယ်"

"အင်း၊ အဲဒါကောင်းတယ်။ အခန်းဖော်သူငယ်ချင်းတွေ ရပြီလား?"

"ရပြီ အစ်ကို၊ အခုတောင် သူတို့က ကန်တင်းသွားမယ်ခေါ်နေတာ။ အစ်ကိုတို့ကိုတွေ့လိုက်လို့ လိုက်မသွားတော့တာ။ စာတွေလည်း သူတို့ဆီကပဲ ကူးလိုက်လို့ရတယ်"

"ဘယ်ဆိုးလို့လဲ၊ တစ်မနက်နဲ့ အကုန်အဆင်ပြေသွားတာပဲ။ ယံလေးက ချစ်ဖို့ကောင်းတော့ လူချစ်လူခင်ပေါတယ်"

လူချစ်လူခင်ပေါတာလား? မင်းကိုက ချစ်ခင်ချင်လွန်းနေတာလား? ရှင်းရှင်းပြောစမ်း ရဲရင့်ရယ်။ မင်းက တကယ်ကိုလျှာနှစ်ခွနဲ့။

"သုတ၊ ပြီးရင် တိမ်ယံအခန်းကို ပြန်လိုက်ပို့မှာမဟုတ်လား?"

မေးခွန်းကတော့ ရိုးရိုးလေးပေမဲ့ ကျန်တဲ့နှစ်ယောက်မှာတော့ တစ်မျိုးစီအတွေးများလို့။
ကိုသု၊ ယံ့ကို ပြန်မပို့ချင်တာလား? မျက်နှာတည်ကြီးနဲ့။
မင်းက တော်တော်ပြန်ပို့ပေးချင်နေတာလား? မင်းစိတ်ကြိုက်လုပ်နေလိုက်ပါ။

"အင်း"

ခေသုတဘေးမှာ အပြုံးတွေတစ်သီတစ်တန်းနဲ့ လျှောက်လာနေတဲ့ တိမ်ယံရယ်၊
ခပ်တည်တည်ရုပ်နဲ့ အလယ်ကနေ ချေမိုးနေတဲ့ ခေသုတရယ်၊
တိမ်ယံပြုံးနေသမျှကိုကြည့်ရင်း သုတဘေးကကပ်လိုက်လာတဲ့ ရဲရင့်ရယ်၊
အကြောင်းသိတချို့ရဲ့ စူးစမ်းသလိုအကြည့်တွေရယ်က နေ့လည်ခင်း ကျောင်းလမ်းပေါ်မှာ သူ့အခင်းအကျင်းနဲ့သူ။

¤

"တိမ်ယံ၊ မင်းက ကိုညီရဲရင့်တို့နဲ့သိတာလား?"

"အင်း၊ သိတယ်လေ။ ဘာလို့လဲ ဝဏ္ဏရဲ့"

"နေ့လည်က မင်းတို့သုံးယောက်ကို တွေ့လိုက်လို့လေ။ ဘယ်လိုမျိုးသိတာလဲ?"

"ငါ့အဖေနဲ့ကိုသုအဖေက မိတ်ဆွေတွေမို့ ငါက ကိုသုတို့အိမ်ကနေ ကျောင်းတက်တာလေ"

"ကိုခေသုတတို့အိမ်လား? အဲဒီလောက်ထိရင်းနှီးတာလား?"

"ငါတို့ချင်းကတော့ အခုမှသိကြတာပါ"

"ဪ၊ မသိပါဘူး။ အမျိုးမျိုးပြောနေတာကြားလို့လေ။ ညီရဲရင့်ဆိုတဲ့ဘဲက အရမ်းပွေတာလေ။ အဲဒါ အခု သူ့ကောင်မလေးတွေနဲ့ အကုန်ပြတ်ပြီလို့ကြားနေတယ်"

"အင်း၊ ဟိုနေ့က အဲဒီကိစ္စ ကိုသုနဲ့ပြောနေကြတာကြားတယ်။ ဘယ်သူတွေက ဘာတွေပြောနေတာကို မင်းတို့ကကြားလာလို့လဲ?"

"ညီရဲရင့်က ခေသုတနဲ့အရမ်းတွဲတယ်လေ။ အခု ရည်းစားတွေအကုန်ဖြတ်ပစ်တာလည်း ခေသုတကြောင့်လို့ ပြောနေကြပြန်ပြီ။ ပြီးတော့ သူတို့ဘေးမှာ ချစ်စရာကောင်လေးတစ်ယောက် တွေ့တယ်တဲ့။ ညီရဲရင့်က ယောက်ျားလေးတွေဘက် ခြေဦးလှည့်နေတာလားလို့လည်း ပြောကြတယ်။ မင်းကို သူတို့အထင်လွဲနေကြတာထင်ပါတယ်"

"ဪ"

"အဲ၊ ငါတို့ပြောတာက ဒီတိုင်းပြောပြတာနော်။ အဲဒီစကားတွေ မင်းအဖက်လုပ်မနေနဲ့"

"အင်းပါ၊ မင်းတို့ဆိုလိုချင်တာ ငါသိပါတယ်"

"အင်း၊ ငါတို့ကို အထင်လွဲမှာစိုးလို့"

"ဖြစ်စရာလား"

ဝဏ္ဏမောင်နဲ့ရန်လင်းရဲ့ တစ်ယောက်တစ်လှည့်ရှင်းပြလာတဲ့စကားတွေကြောင့် တိမ်ယံဘာလုပ်ရမှန်းမသိ။

ဒီလိုစကားတွေကို ကိုသုပြန်ကြားပြီး ယံ့ကို အစ်ကိုရဲရင့်နဲ့အထင်မှားလို့တော့ မဖြစ်ဘူးနော်။ ယံ ကိုသုကိုသဘောကျတယ်၊ ချစ်တယ်လို့ပဲ ပြောရမှာပေါ့။
ကိုသုစကားတွေမှာလည်း ပျော်ဝင်သွားတယ်၊ အကြည့်တွေမှာလည်း လောင်ကျွမ်းသွားတယ်။
ကိုသုရဲ့ မျက်နှာတည်တည်လေးနဲ့တင် ယံ့နှလုံးသားက တကယ်ကို Lost Control ပါပဲ။

¤

ညနေအတန်းပြီးလို့ အိမ်ပြန်ချိန်မှာတော့ ရဲရင့်ကကားမောင်းပြီး သုတနှင့်တိမ်ယံက အနောက်ခန်းမှာအတူထိုင်လိုက်ကြသည်။ လေထုကတော့ ကားလေးထဲအေးစက်လို့။
ဘာကြောင့်လဲဆို ကားပေါ်တက်ခါနီး စကားများကြသေးသည်။  ဒီတစ်ခါတော့ စိတ်တိုနေသူက ညီရဲရင့်။
သုတအား ဘေးနားမှာထိုင်ရန်ပြောသည်ကို သုတက တိမ်ယံနှင့်အတူ အနောက်ခန်းတွင်သာထိုင်မည်ဟုဆိုသောကြောင့် မကျေမနပ်ဖြစ်နေခြင်းပင်။ ထို့ကြောင့် ကားကို နှေးလိုက်၊ မြန်လိုက်၊ ဘရိတ်ဆောင့်နင်းလိုက်လုပ်နေလေသည်။ အနောက်ခန်းကနှစ်ယောက်မှာတော့ ဆန်ကောထဲဇီးဖြူသီးထည့်လှိမ့်နေသလို ရမ်းခါနေတော့သည်။ သုတကဘာမှမဖြစ်ပေမဲ့ တိမ်ယံကတော့ ချွေးတွေပျံပြီး မျက်နှာကလည်းဖြူဖျော့နေပြီမို့ သုတ ရဲရင့်ကိုလှမ်းငေါက်လိုက်တော့သည်။  တော်ကြာနေ တိမ်ယံတစ်ယောက် ကားထဲတင်အသက်ထွက်သွားမှ ဟုတ်ပေ့ဖြစ်နေဦးမည်။

"ရဲရင့်၊ ညီရဲရင့်"

"ဘာလဲ?"

"ကားကို လူလိုမောင်းစမ်း"

"လူလိုမောင်းနေတာပဲလေ"

"မင်း! သေကုန်တော့မယ် မင်းလုပ်နေပုံက။ ငါကရတယ်၊ မင်းကြိုက်သလိုမောင်း။ အေး၊ ခုက ယံလေးပါနေတယ်လေ။ နားမလည်ဘူးလား ညီရဲရင့်?"

"ဘာ! ခေသုတ၊ မင်း"

"တော်ကြပါတော့။ အဟင့် ဟီးးး ရန်မဖြစ်ကြပါနဲ့တော့လို့။ ဟင့် ... ခေါင်းမူးတယ်။ အီးး ... မေမေရေ၊ ယံလေးကို နှိပ်စက်နေကြတယ် ... ဟီးးး"

ကားစထွက်ကတည်းက ယိမ်းထိုးနေပြီး တုန့်ခနဲရပ်သွားလိုက်၊ ဆောင့်ခနဲထွက်လိုက်နှင့်ဖြစ်နေသည်။ ကိုရဲရင့်တမင်လုပ်နေတာသိပေမဲ့ တိမ်ယံကြောက်သည်။ ငယ်ငယ်က မေမေနဲ့အတူ နယ်ဘက်ကအမျိုးတွေဆီသွားရင်း ကားမတော်တဆဖြစ်တဲ့အထဲပါခဲ့ဖူးသည်။ ထိုအချိန်တုန်းကစီးခဲ့သော Express ကားကြီးသည်လည်း မှောက်ခါနီးမှာ ယခုကဲ့သို့ဖြစ်နေခဲ့ခြင်းပင်။ ကံကောင်း၍ ယံလေးရော၊မေမေပါ အသက်မသေခဲ့ခြင်းပင်။ ထိုမြင်ကွင်းအားပြန်မြင်ယောင်လာမိသလို အရမ်းလည်းကြောက်နေမိသည်။ ထို့ကြောင့် မဟန်နိုင်တော့သည့်အဆုံးတော့ ငိုချပစ်လိုက်မိသည်။

"ဟင့် ... အင့် ... ခေါင်း မူး တယ် ... ဟီးး"

ရုတ်တရက်ထအော်ငိုသောတိမ်ယံကြောင့် ရဲရင့်ရော၊ သုတပါ ဘာလုပ်ရမှန်းမသိဖြစ်ကုန်ကြတော့သည်။

"တိမ်ယံ၊ အဆင်ပြေရဲ့လား ဟမ်? အန်ချင်နေလား? ကိုသုကိုပြော၊ အန်ချင်လား?"

"ကြောက် ... ကြောက်တယ်။ ဟင့် ... ကိုရဲရင့်၊ ယံလေး ကြောက်တယ်။ အင့် ... ဟင့် ... ဟီးး"

"ဟုတ်ပြီ၊ ဟုတ်ပြီ။ ဘာမှမဖြစ်တော့ဘူးနော်၊ မကြောက်နဲ့ ဟုတ်ပြီလား? ကိုယ် ဖြည်းဖြည်းမောင်းပေးမယ်နော်"

"ဟင့် ... ဟုတ် ... ဟုတ်ကဲ့။ အွတ် ... ဟင့်"

"လာ၊ ငါ့ကိုမှီထား တိမ်ယံ"

"ဟင့် ... ဟုတ်၊ ကြောက်တယ်"

"မကြောက်နဲ့၊ ကိုယ်ရှိတယ်။ မကြောက်နဲ့"

သုတရင်ခွင်ထဲဝင်တိုးနေသည့် တိမ်ယံ
တိမ်ယံကိုဖက်ထားပေးသည့် သုတ
ထိုအချိန်ဖြစ်ပေါ်လာသော ရဲရင့်ခံစားချက်တို့က ပူလောင်ခြင်းပင်။ တိမ်ယံကိုသနားမိပေမဲ့ သူ့အပိုင်ဖြစ်တဲ့လူသားလေးရဲ့ရင်ခွင်ထဲ ဝင်နေတာကိုတော့ မကြိုက်ပါ။

"သုတလေး"

"ဟင်?"

"ဟို ... မင်း လာမောင်းပါလား"

"ဘာဖြစ်လို့လဲ?"

"ငါ ... ငါ ... ဟို ... စိတ်မချလို့"

"ဘာကိုလဲ ရဲရင့်?"

ရဲရင့်မျက်နှာကိုစိုက်ကြည့်ရင်း ရင်ထဲကနေ မကျေနပ်သမျှကို အော်ဟစ်နေလိုက်မိသည်။ ဒေါသစိတ်ကြောင့် ရင်ခွင်ထဲမှာမှိန်းနေသည့်တိမ်ယံကို ပိုတင်းတင်းဖက်ထားလိုက်သည်။

'ငါ့ရင်ထဲကဝေဒနာတွေကို မင်းမသိပါဘူး၊ ညီရဲရင့်ရာ။ အခုလည်း စိတ်မချဘူးတဲ့။ ဟဟားး ဘာကို စိတ်မချဖြစ်ရပြန်တာလဲ ရဲရင့်? ငါနဲ့တိမ်ယံကိုလား? မင်းအတော်ရယ်ရတာပဲ၊ ရဲရင့်။ ငါ့ကို အရိုင်းစိတ်တွေဝင်အောင်လုပ်နေတာ မင်းပဲ။ ငါစိတ်တွေမထိန်းချုပ်နိုင်ရင် အားလုံး ပြဿနာတွေတက်ကုန်လိမ့်မယ်။'

စကားတစ်ခွန်းမှပြန်မပြောဘဲ လူကိုစိမ်းစိမ်းကြီးကြည့်နေသော သုတအား ရဲရင့်နားမလည်နိုင်ပေ။
'ဒါကဘာဖြစ်ရတာလဲ သုတ? မင်းအကြည့်ကလေ ... ဘာလဲ ခေသုတ၊ နောက်မှရောက်လာတဲ့ကောင်ကို ဖက်တွယ်နေတာတော့ မဟုတ်ဘူးမလား? ငါ့ထက် မင်းရင်ခွင်ထဲကကောင်ကို ပိုအလေးထားနေတာတော့ မဟုတ်ဘူးမလား? ခေသုတရေ၊ ငါ့ရင်ထဲမွန်းကျပ်လိုက်တာ။ မကြည့်နဲ့ သုတလေး၊ ငါ့ကို အဲဒီလိုကြီးမကြည့်ပါနဲ့ကွာ'

ထို့နောက် သုတရော၊ ရဲရင့်ပါ တစ်ယောက်ကိုတစ်ယောက် အကြည့်လွှဲလိုက်ကြပြီး သုတလည်း အိပ်ပျော်နေပြီဖြစ်သောတိမ်ယံကို အသာဖက်ထားရင်း ပြတင်းပေါက်ဘက်ကိုသာငေးနေမိတော့သည်။

ရဲရင့်လည်း ကားကိုသာ အာရုံစိုက်မောင်းနေလိုက်တော့သည်။ ရင်ထဲတွင်တော့ အမည်ဖော်ပြ၍မရနိုင်လောက်အောင် နာကျင်နေတော့သည်။

မတူညီသောအတွေးကိုယ်စီနှင့် ထိုကောင်လေးနှစ်ယောက်ရဲ့ရင်ထဲတွင်တော့ ကိုယ်စီနာကျင်ခြင်းတွေ ပိုင်ဆိုင်ထားကြသည်ဆိုတာကိုတော့ ကာယကံရှင်တွေသာ သိကြပေလိမ့်မည်။

"""""""''''''''
နောက်တစ်နေ့မနက် ဒေါ်ခင်မေသက်ရော၊ ဦးမောင်ပါ အိမ်မှာမရှိ။ မနက်အစောကြီး ဘုရားသွားကြသည်မို့ သုတနှင့်တိမ်ယံသာ အိမ်မှာကျန်ခဲ့ကြရသည်။

သုတနှင့်တိမ်ယံ မနက်စာထိုင်စားနေရင်း သုတက တိမ်ယံအားလှမ်းကြည့်ကာ

"တိမ်ယံ၊ သက်သာရဲ့လား?"

"ဟုတ်ကဲ့ ကိုသု၊ ယံလေး သက်သာပါတယ်။ မနေ့က ယံလေးကြောင့် ကိုသုတို့အလုပ်များသွားကြရတယ်"

"ကိစ္စမရှိပါဘူး၊ ငါတို့ကသာတောင်းပန်ရမှာ။ ဟိုမျက်နှာရူးကောင်ကြောင့် မင်းအခုလိုဖြစ်ရတာ။ အဲ့ဒီကောင်ကို ငါရိုက်သတ်ချင်နေတာ"

"ကိုသုကလည်း ယံကိုက အကြောက်လွန်သွားတာပါဗျာ"

"အင်း၊ ရပါတယ်။ ဒါနဲ့ မနေ့က ဘာလို့ဒီလောက်လန့်သွားရတာလဲ မင်းက"

"ယံငယ်ငယ်က မေမေနဲ့အတူ နယ်ကဆွေမျိုးတွေဆီသွားရင်း လမ်းမှာ ကားမတော်တဆဖြစ်ခဲ့တာ။ ယံ အရမ်းကြောက်ခဲ့ရတာ။ ကံကောင်းလို့အသက်မသေခဲ့တာ"

"အာ၊ ဟုတ်လား? Sorry ပါကွာ၊ ရဲရင့်အစား ငါကပဲတောင်းပန်ပါတယ်"

"ရပါတယ် အစ်ကိုရဲ့။ အစ်ကိုရဲရင့်ကလည်း တမင်ရည်ရွယ်ချက်ရှိရှိလုပ်တာမှမဟုတ်တာ"

အဟက်! မင်းကတော့ ရှေ့နေတွေဘာတွေတောင်ရနေပြီ ညီရဲရင့်ရေ။ အင်း၊ ဘယ်လိုလုပ်ရမလဲ! ငါက ထင်သလောက်သဘောမကောင်းဘူးလေ။ အဲ့ဒီတော့ မင်းရှေ့နေလေးကို ငါ နည်းနည်းတော့နှောက်လိုက်မှဖြစ်မယ်။ မနက်စောစော ယုတ်မာရတော့မှာပေါ့လေ။ ဟဟားးး

"အဟားးးဟားဟားးး"

"ဘာ ... ဘာရယ်တာလဲ ကိုသုရဲ့"

"မင်း ငယ်ပါသေးတယ်၊ တိမ်ယံရယ်။ လောကကြီးအကြောင်း မင်းဘာမှမသိသေးပါဘူးကွာ။ အဟင်း"

"ယံ နားမလည်ဘူး"

"ညီရဲရင့်က မင်းကို ခုလိုဖြစ်အောင် တမင်သက်သက်လုပ်တာဆိုရင်ရော"

"ဗျာ!"

"သူကမင်းကို ဒုက္ခရောက်စေချင်နေတာဆိုရင်ရော၊ မင်းခွင့်လွှတ်မှာလား?"

"မဟုတ်တာ။ ကိုရဲရင့်က ယံကို တမင်လုပ်တာမဖြစ်နိုင်ပါဘူး ကိုသုရဲ့"

"အဟင်း၊ ဟုတ်မှာပါလေ။ ကဲ၊ စား စား ကျောင်းနောက်ကျတော့မယ်"

"ဟုတ်ကဲ့"

သုတတို့အား ရဲရင့် မိမိအိမ်ရှေ့လေးမှာ ထိုင်စောင့်နေခြင်းပင်။ ကိုယ့်မှာလည်းကားရှိနေပေမဲ့ တိမ်ယံနဲ့စိတ်မချသည်မို့ သုတကားနှင့်သာ လိုက်ကပ်စီးနေမိသည်။ ခုချိန်ထိအိမ်ထဲကထွက်မလာသေးသည့် သုတတို့ကားလေးအား လည်တဆန့်ဆန့်နှင့်မျှော်နေမိသည်။
ထိုအချိန် သူ့အရှေ့ကနေ ဝူးခနဲနေအောင်မောင်းထွက်သွားသော ကားအဖြူလေးအား ရဲရင့် ကြောင်ကြည့်နေမိသည်။

သုတက မိမိကိုပင်တစ်ချက်မကြည့်။ တိမ်ယံနှင့်အတူ ကားမောင်းထွက်သွားသည်တဲ့လေ။ ရဲရင့်ကို တစ်ချက်ပင်လှည့်မကြည့်ခဲ့သောသုတအား ရဲရင့်စိတ်မဆိုးနိုင်။ အတော်ဝေးဝေးရောက်သွားပြီဖြစ်သော ကားလေးအား ငေးကြည့်ရင်း နှလုံးသားတစ်စုံက နာကျင်နေမိသည်။ ထို့နောက် မတ်တပ်ပင်ဆက်မရပ်နိုင်တော့သည်ကြောင့် အိမ်ရှေ့ကအုတ်ခုံလေးပေါ်တွင် အသာထိုင်နေလိုက်မိသည်။

"မင်း ဘာလို့ခုလိုဖြစ်နေရတာလဲ၊ သုတလေးရယ်။ ငါ့ကို တကယ်မလိုတော့ဘူးလား? တိမ်ယံရှိရင်ရပြီလား? နောက်မှရောက်လာတဲ့ အဲ့ဒီကောင်လေးကို ငါ့ထက်ပိုခင်တွယ်သွားပြီလား? ငါကရော? ငါက အခုမင်းအတွက် အမှိုက်ဖြစ်သွားပြီလားကွာ"

"""""""""""""
"ကိုသု"

"အင်း"

"ကိုရဲရင့်ကို ဘာဖြစ်လို့မခေါ်တာလဲ?"

"မခေါ်ချင်လို့"

"ဗျာ? မဟုတ်သေးဘူးလေ ကိုသုရဲ့"

"စကားမများနဲ့ယံလေး။ သူ့မှာလည်းကားရှိတယ်။ အမြဲတမ်း ငါ့ကားနဲ့လိုက်ကပ်စီးနေတာမကြိုက်လို့၊ သိပြီလား? သွားတော့ အတန်းထဲ"

"ဟုတ်ကဲ့"

တိမ်ယံ အနားကထွက်သွားတော့မှ သုတ ကျောင်းပေါက်ဝကိုလှမ်းကြည့်မိသည်။

"Sorry ရဲရင့်" ဟု ခပ်တိုးတိုးရေရွတ်လိုက်မိသည်။ ထို့နောက် ပါးပြင်ပေါ်စီးကျလာသော မျက်ရည်တချို့အား ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်ကာ စာသင်ခန်းဆီကိုသာ ဦးတည်လိုက်မိသည်....

"""""""""""""""""""""""''''''"""""""""""""""""

by Jay & Demon
© Demon ,
книга «Zippy Amor (Lively Friendship)».
Коментарі