Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30): Final
Chapter (6)
႐ုတ္တရက္ လက္ကိုဆြဲကာေျပးပါေသာရဲရင့္ေနာက္သို႔ သုတလည္း ယက္ကန္ယက္ကန္ႏွင့္ ေျပးလိုက္ခဲ့ရေလသည္။ ဘူမိေဗဒေဆာင္ႏွင့္ Main ေဆာင္သည္ အေတာ္ပင္အလွမ္းေဝးသည္။ ေနပူထဲေျပးရသည္မို႔ ေမာသည္။ သို႔ေပမဲ့ ခ်စ္ရသူႏွင့္အတူေျပးရသည္ေၾကာင့္ထင္ပါရဲ႕၊ သုတ အတိုင္းမသိေပ်ာ္႐ႊင္မိသည္။

"ေမာေတာ့ေမာတာေပါ့၊ ဒါေပမဲ့ မေမာဘူး" ဆိုတာ ယခုလိုခံစားမႈမ်ိဳးပါလားဟုေတြးရင္း သုတၿပဳံးမိသည္။

"ဟူးးး အမေလး၊ ေမာလိုက္တာ"

"မင္းကေျပးတာကိုး ေခြးေကာင္ရဲ႕။ ဟမ္းး ဟူးးး ေသေတာ့မွာပဲ"

ခါးေလးေတြကုန္းၿပီး ဒူးေပၚလက္ေတြတင္ကာ ေမာေနၾကေသာ အစ္ကိုႏွစ္ေယာက္ကိုၾကည့္ကာ တိမ္ယံၿပဳံးလိုက္မိသည္။ ကေလးေတြလိုပါပဲေလ။ လက္ထဲကေရဘူးေလးအား ကိုသုကိုလွမ္းေပးမိသည္။

"ကိုသု၊ ေရေသာက္လိုက္ပါ့လား"

"အင္း၊ ရတယ္ ယံေလး။ ေန ေန"

"ေပး၊ ယံေလး။ ငါေသာက္မယ္"

"မေသာက္နဲ႕"

တိမ္ယံလက္ထဲကေရဘူးအား မေသာက္ႏွင့္ဟုဆိုကာ ပုတ္ခ်လိုက္ေသာသုတေၾကာင့္ ရဲရင့္ေရာ တိမ္ယံပါ ၿပိဳင္တူေအာ္လိုက္မိသည္။

"သုတ"

"ကိုသု"

"Sorry! ငါ ... ငါက ... ငါတမင္လုပ္တာမဟုတ္ပါဘူး။ ငါ ... "

အထစ္ထစ္အေငါ့ေငါ့ႏွင့္ မ်က္ႏွာေလးရဲကာ ေတာင္းပန္လာေသာကိုသုအား တိမ္ယံ ခ်စ္လို႔မဝေပ။ ေအာ္လိုက္မိသည့္အတြက္လည္း စိတ္မေကာင္းျဖစ္ရသည္။

သုတေရ၊ မင္းလုပ္ပံုနဲ႕ေတာ့ကြာ ငါလည္း႐ူးေတာ့မယ္ဟ! တစ္ခါတစ္ခါ ဘာထထျဖစ္မွန္းမသိေသာ ဒီေကာင္ဟာေလ ေဒါသကလည္းႀကီးပါ့၊ လက္ကလည္းျမန္ပါ့။ အခုပဲၾကည့္၊ လက္ကဝွစ္ကနဲပဲ ေရဘူးကိုရ္ိုက္ခ်ပစ္တာ။

"ဘာမွမျဖစ္ဘူး။ လာ၊ ကန္တင္းကို ဒီတစ္သက္ေရာက္ပါဦးမလား ဟမ္"

"ဟုတ္ပါ့။ ယံလည္း ဗိုက္ဆာတယ္"

"သြားၾကမယ္ေလ အဲ့ဒါဆိုလည္း"

ရဲရင့္ကေတာ့ သုတပခုံးေလးကိုဖက္ရင္း တိမ္ယံလက္တစ္ဖက္ကိုဆြဲကာ  အလယ္ကေန ေျမာက္ႂကြေျမာက္ႂကြနဲ႕ လိုက္ပါလာခဲ့သည္။ ရဲရင့္အေၾကာင္းသိေနသည့္ လူတခ်ိဳ႕သည္လည္း သူတို႔အားကြက္ၾကည့္ကြက္ၾကည့္ႏွင့္။ ကန္တင္းေရာက္ေတာ့လည္း သူတို႔အားၾကည့္ကာ တိုးတိုးႏွင့္ တြတ္ထိုးေနၾကေလရဲ႕။

"ဟဲ့၊ ညီရဲရင့္က မိန္းကေလးေတြရိုးသြားလို႔ ေကာင္ေလးေတြဘက္လွည့္သြားတာလား မသိဘူးေနာ္"

"ဟဲ့၊ နင္ကလည္း ျဖစ္နိုင္ပါ့မလား"

"ဘယ္ေျပာလို႔ရမလဲဟ! သူ႕ေဘးကေကာင္ေလးက ခ်စ္စရာေလး၊ Uke type ေလးကို။ ၿပီးေတာ့ အဲ့ဒီေကာင္ေလးလက္ကို ဆြဲလာတာ နင္တို႔မျမင္ၾကဘူးလား?"

"အမေလး၊ နင္တို႔အဲ့ဒီလိုေျပာေၾကးဆို သုတပခုံးကိုလည္း ဖက္ထားတာပဲေလ။ တစ္ခါတစ္ခါ ရဲရင့္က သုတရင္ခြင္ထဲေတာင္ ဝင္အိပ္တတ္ေသးတာပဲကို"

"ေတာ္ၾကပါေတာ့ေအ။ ညီအစ္ကိုေတြဆို ဘယ္လိုလုပ္မလဲ?"

"ဒီအဆင္နဲ႕ဒီအဆင္က ညီအစ္ကိုျဖစ္မလားဟဲ့! အသိသာႀကီး"

"အင္းး ေသခ်ာၾကည့္ၾကစမ္း၊ နင္တို႔ထင္ေနတာေတြက လြဲေနတယ္"

"ဘာကိုလဲ?"

"သူတို႔သုံးေယာက္ကို ေသခ်ာၾကည့္လိုက္။ ညီရဲရင့္က ႏွစ္ေယာက္လုံးကိုဂ႐ုစိုက္ေပမဲ့ သုတကိုၾကည့္၊ သုတအျမင္မွာ ညီရဲရင့္တစ္ေယာက္ကိုပဲ ကြက္ျမင္ေနတဲ့ပုံစံ။ သုတအၾကည့္ေတြက ရဲရင့္ဆီမွာပဲ။ ၿပီးေတာ့ ဟိုေကာင္ေလးက ညီရဲရင့္ေကာင္ေလးလုံးဝမဟုတ္ဘူး။ ညီရဲရင့္ကိုလည္း သူစိတ္မဝင္စားဘူး၊ သူစိတ္ဝင္စားတာက ေခသုတ။ အဟင္း၊ ပြဲကေတာ့ ၾကည့္လို႔လွၿပီပဲ"

"ေအး၊ ဟုတ္တယ္။ ငါတို႔ေတာ့ ဘာဆက္ျဖစ္မလဲ အရမ္းသိခ်င္ေနၿပီ"

"မၾကာမီ လာမည္၊ ေမွ်ာ္ ေပါ့ဟာ"

ဘယ္သူေတြေျပာေျပာ သူတို႔သံုးေယာက္ကေတာ့ ဘာကိုမွအေရးမလုပ္ၾကေပ။ ကိုယ့္အလုပ္ကိုသာ ကိုယ္လုပ္ေနၾကေလရဲ႕။ ဘာလုပ္ေနၾကသလဲဆိုရင္ေတာ့ျဖင့္

"သုတေလး၊ ေရအရင္ေသာက္လိုက္။ ေရာ့၊ ေရဘူးအသစ္"

"အင္း၊ မင္း အစပ္ေတြေလွ်ာ့စားစမ္း ရဲရင့္"

"ေအးပါကြ။ ယံေလး ေရာ့၊ ဒီဆိုင္က ရွမ္းေခါက္ဆြဲအရမ္းေကာင္းတယ္။ စားၾကည့္"

"ဟုတ္ကဲ့ ကိုရဲရင့္ "

"ရဲရင့္၊ မင္းလည္းစားဦးေလ။ သူလည္း သူ႔ဘာသာလုပ္တတ္ပါတယ္ဟ။ မင္းက ကေလးအေဖက်ေနတာပဲ"

"ကေလးအေဖမလုပ္ပါဘူး၊ သၾကားေဖေဖပဲလုပ္မွာ။ အဟားးး"

"ညီရဲရင့္ ... ေတာက္! မင္း"

တိမ္ယံကိုၾကည့္ၿပီး သၾကားေဖေဖပဲလုပ္မည္ဟုေျပာေနေသာ ရဲရင့္အား သုတစိတ္တိုမိသည္ေၾကာင့္ ေတာက္ခတ္လိုက္ရင္း စားပြဲကေန ထရပ္လိုက္မိသည္။

"သုတ၊ ျပန္ထိုင္စမ္း။ ဘာမွလည္း မစားရေသးဘဲနဲ႕။ ငါက စကားကို ဒီတိုင္းေလွ်ာက္ေျပာလိုက္တာကို"

"အဟက္! ဒီအတိုင္း ဟုတ္လား? မင္းဘယ္ေျခလွမ္းလွမ္းေနတယ္ဆိုတာ ငါသိတယ္၊ ညီရဲရင့္။ မင္း ... ကြၽတ္! ေတာ္ၿပီ၊ ငါသြားႏွင့္ေတာ့မယ္ "

"ကိုသု၊ ကိုသု "

ဘာကဘယ္လို မွားသြားလဲမသိ။ ကိုသုက ေဒါသေတြထြက္ကာ ထသြားေလေတာ့ တိမ္ယံ လိုက္ေခၚမိသည္။ သို႔ေသာ္ လက္တစ္ဖက္အားလွမ္းဆြဲလိုက္သည့္ ကိုရဲရင့္ေၾကာင့္ ​ဆက္မလိုက္ျဖစ္ေတာ့ေပ။

"မလိုက္နဲ႕၊ တိမ္ယံ။ လိုက္မသြားနဲ႕"

"ဟို ... ကိုသုက ဘာျဖစ္သြားတာလဲ၊ အစ္ကိုရဲရင့္?"

"အင္း၊ မသိခ်င္ပါနဲ႕။ လာ၊ ကိုယ္တို႔လည္းသြားရေအာင္ေလ။ အတန္းလည္းမတက္ခ်င္ေတာ့ဘူး၊ ျပန္ၾကမယ္"

"ဗ်ာ! ကိုသုကေရာဟင္?"

"သုတရွိမယ့္ေနရာ ငါသိတယ္၊ သြားမယ္။ စကားမမ်ားနဲ႕ တိမ္ကေလး၊ ငါစိတ္ရႈပ္ေနတယ္ "

"ဟုတ္ကဲ့"

"လိမၼာတယ္။ လာ၊ သုတဆီ သြားရေအာင္ "

မင္းသိပ္ဆိုးတယ္ သုတရယ္။ ငါမင္းကို နားမလည္ဘူး။ တစ္ခါတစ္ခါ ေျပာင္းလဲသြားတတ္တဲ့ မင္းစိတ္ကို ငါလိုက္မဖတ္နိုင္ဘူး၊ သုတေလးရာ။ ငါ့ကို စိတ္ရႈပ္ေအာင္ သိပ္သိပ္မလုပ္နဲ႕ကြာ။

""""""""""""''''''''''''''''''''
ကန္တင္းကထြက္လာၿပီး အတန္းထဲလည္းမသြားခ်င္ေတာ့တာေၾကာင့္ ကားရပ္ထားတဲ့ဆီသြားၿပီး ကားအဖုံးေပၚထိုင္ကာ ေဆးလိပ္တစ္လိပ္ကိုမီးညွိလိုက္ၿပီး ခပ္ျပင္းျပင္းတစ္ခ်က္ဖြာ႐ႈိက္လိုက္ကာ ေလကို ဟူးခနဲျမည္ေအာင္ျပန္မႈတ္ထုတ္လိုက္ေတာ့ အခိုးအေငြ႕တို႔က မ်က္ႏွာေရွ႕မွာ တစ္လူလူ။

အဟင္း၊ မင္းအေပၚမွာထားတဲ့ ငါ့ခံစားခ်က္ေတြလည္း ေဆးလိပ္ေငြ႕ေတြနဲ႔အတူပါသြားၿပီး ေလထဲမွာေပ်ာက္ကြယ္သြားရင္ သိပ္ေကာင္းမွာပဲ၊  ရဲရင့္ရာ။ ငါ့ရင္ကိုခြဲမယ့္ ဓားသြားလိုထက္တဲ့စကားလုံးေတြကိုမွ တမင္ေ႐ြးေျပာေလသလား? မင္းလုပ္ရပ္ေတြက ငါ့ႏွလုံးသားေလးကို ဆတ္ဆတ္ခါေအာင္ နာက်င္ေစတယ္ဆိုတာ မသိေလေရာ့သလား အခ်စ္ရယ္....

¤

ရဲရင့္သြားရာကို တိမ္ယံပါလာရင္းက

"အစ္ကို၊ ကိုသုက ယံ ေရဘူးေပးတုန္းကလည္း ပုတ္ခ်ပစ္တယ္။ ယံ့ကို တစ္ခုခုစိတ္ဆိုးေနတာလား? အစ္ကိုသိလား?"

"ဟင့္အင္း၊ မသိဘူး"

"ဟုတ္"

"ဒါနဲ႔၊ သုတက ေအးစက္စက္နဲ႔ေလ၊ ခင္ဖို႔ေကာင္းလို႔လား?"

"ကိုသုက အေနတည္ေပမဲ့ စိတ္ထားေကာင္းမယ့္ပံုပါ။ ဦးနဲ႔အန္တီကလည္း စိတ္ေကာင္းရွိၾကတယ္ေလ"

"ဪ၊ တစ္ညတည္းနဲ႔ခင္သြားရေအာင္အထိ သုတက Social မေကာင္းဘူးလားလို႔ပါ"

"အစ္ကိုကလည္း ေနာက္ျပန္ပါၿပီ။ ကိုယ့္သူငယ္ခ်င္းကိုယ္ အဲဒီလိုႀကီး ေျပာတာလား?"

အင္းေလ၊ အဲဒီလိုမေျပာေတာ့ ဘယ္လိုေျပာမလဲ? အရင္တည္းက ေခသုတဆိုတာ ခပ္တည္တည္နဲ႔ စိတ္လက္တစ္ဆစ္ပဲကို။ ဘာေတြေရွ႕ေနလိုက္ေပးခ်င္တာလဲ?

"မစၥတာ လက္တစ္ဆစ္ေလ"

"အဲ၊ ေျပာေတာ့မယ္ အစ္ကိုကေတာ့။ အဲဒါဆို အခုကေရာ ဘာျဖစ္တာလဲဟင္?"

"သူ႔ ေမးၾကည့္ေပါ့။ အရင္တည္းက အဲဒီလိုပဲ။ ဘာထျဖစ္မွန္း မသိရဘူး"

"ကိုသုက တျခားသူငယ္ခ်င္းေတြနဲ႔ မတြဲဘူးလား?"

"အခန္းထဲမွာေတာ့ ေနာက္ထပ္သံုးေယာက္နဲ႔ တြဲၾကပါေသးတယ္။ အားလံုးငါးေယာက္ေပါ့"

"ဟိုေလ ... ဟို ..."

"ဘာေတြ ဟိုေနတာလဲ တိမ္ယံ?"

"အဲဒါက ... ကိုသုမွာေလ ေကာင္မေလးရွိလား?"

WTF! အဲဒါ မင္းအပူပါလား? ဘာေတြစပ္စုေနတာလဲ?

"ေကာင္ေလးေတြပါရွိတယ္"

"အဟိ!"

"ဘာရယ္တာလဲကြ"

"အဲဒါ ကိုသုစကားႀကီးေလ။ မနက္က ကန္တင္းမွာ ယံတို႔ဝင္မထိုင္ခင္ အစ္ကိုတို႔ကိုျမင္လို႔ အစ္ကို႔ေကာင္မေလးလားလို႔ ယံကေမးေတာ့ ကိုသုကေျပာတယ္၊ ညီရဲရင့္မွာ ေကာင္ေလးေတြပါရွိတယ္တဲ့။ အခုလည္း အစ္ကိုက အဲဒီလိုႀကီး ေနာက္ျပန္ၿပီ"

"မင္းကမယံုဘူးလား?"

"ဟုတ္လို႔လား အစ္ကိုကလည္း"

ကိုယ္ကမ်က္ႏွာတည္ႏွင့္ေျပာေတာ့ သူကမ်က္ႏွာငယ္ႏွင့္ ေမးလာျပန္သည္။ ဒီေကာင္ေလးက ဘာလို႔ အဲဒီေလာက္စပ္စုခ်င္ေနမွန္းမသိ။ ရြဲ႕ခ်င္စိတ္က ေပၚလာသည္မို႔

"အင္းေလ၊ သူ႔႐ုပ္သူ႔ရည္နဲ႔ ဒီအရြယ္အၿမီးမေပါက္ရေအာင္ ခ်င္ပန္ဇီလည္းမဟုတ္ဘူး"

"အာ ... "

ေခသုတတို႔ လူစင္စစ္က အၿမီးေပါက္ခ်င္ေနရင္ေတာ့ ဒိုဘာမင္လို ျဖတ္ပစ္မယ္။ စိတ္က သိပ္ၾကည္ေနတာမဟုတ္ဘူး။
ဒီေကာင္ေလးကေရာ ဘာျဖစ္ခ်င္တာလဲ? ငါေသခ်ာသိရမွျဖစ္မယ္။

"ကိုယ္ေတြကိုေတာ့ ေမးၿပီး ယံေရာ ေကာင္မေလးေတြ၊ ဘာေတြ ဟိုမွာမက်န္ခဲ့ဘူးလား?"

"ဟာ၊ ယံ့မွာ အဲဒီလိုေတြ မရွိပါဘူး။ ထားလည္းမထားဖူးဘူး"

ၿပီးေတာ့ ယံ ေကာင္မေလးေတြကို စိတ္မဝင္စားဘူး။

"ဟုတ္လို႔လား? ခ်စ္စရာေကာင္ေလးက RS Virgin ဆိုေတာ့ ယံုရခက္သား"

"ဘယ္လို အစ္ကို?"

"အိမ္ေထာင္မက်ေသးရင္ Virgin ေလ။ အခုထိ ရည္းစားမထားဖူးဘူးဆိုေတာ့ RS Virgin ေပါ့?"

"အစ္ကိုကေတာ့ ေျပာတတ္တယ္ေနာ္။ အဲဒါေၾကာင့္ ေကာင္မေလးေတြ ဝိုင္းေနတာေနမွာ"

"မဝိုင္းပါဘူး"

"မလၽွိဳပါနဲ႔ဗ်။ ကိုသုေျပာတာေလ၊ အစ္ကိုက ရည္းစားေတြမ်ားတယ္တဲ့"

ေခသုတ၊ မင္းက ဘာျဖစ္ခ်င္ေနတာလဲ? ေတြ႕ၾကေသးတာေပါ့။

"မဝိုင္းဘူး၊ အကုန္ျပတ္ကုန္ၿပီ။ အခုမွ အခ်စ္စစ္ကို ရွာမလို႔"

တိမ္ယံကို ေသခ်ာၾကည့္ၿပီးေျပာလိုက္ေတာ့ သူ႔ကို နားမလည္သလိုျပန္ၾကည့္လာၿပီး

"အစ္ကိုက မခ်စ္ခဲ့ဖူးဘူးလား?"

"ခ်စ္စရာေကာင္းရင္ေတာ့ ခ်စ္မွာေပါ့"

"အဲဒါ သေဘာက်တာေလ အစ္ကိုရဲ႕။ ခ်စ္တယ္ဆိုတာက်ေတာ့ ေလးေလးနက္နက္ရွိတယ္"

ငါက ေပါ့ပ်က္ပ်က္ေပါ့ေလ။ မ်ားေနၿပီ တိမ္ယံ။

"အင္း၊ အခု ေလးနက္ေတာ့မလို႔ပါပဲ"

"ဪ။ ဒါနဲ႔အစ္ကို၊ အခု ကားဆီကိုသြားေနတာလား? ကိုသုက အဲဒီမွာလား?"

"အင္း၊ အဲဒီမွာ"

"ကိုသုက စိတ္႐ႈပ္ရင္ တစ္ေယာက္တည္းေနတတ္တာေပါ့။ ေသခ်ာပါၿပီ၊ ကိုသုမွာ ရည္းစားမရွိဘူး"

ငါက သုတအေၾကာင္းေျပာျပေနလို႔ လိုက္မွတ္ေနျပန္တာလား! မ်က္ႏွာကလည္း ျပံဳးလို႔၊ ရႊင္လို႔။

မနက္က ကားရပ္ထားခဲ့ရာေနရာဆီ ေရာက္လာေတာ့ ကားေနာက္ဖံုးေပၚထိုင္ကာ ေဆးလိပ္ေသာက္ေနေသာ သုတေၾကာင့္ ရဲရင့္က ခ်က္ခ်င္းအနားေရာက္သြားၿပီး ေဆးလိပ္ကို ဆြဲယူလႊင့္ပစ္လိုက္သည္။

"ဘာျဖစ္လို႔ ေသာက္ေနျပန္တာလဲ?"

"ဘာျဖစ္လို႔လဲ?"

"မေသာက္နဲ႔"

"အဲဒါ မေန႔က မင္းအိတ္ထဲက ငါယူထားတာေလ။ မင္းကေသာက္ၿပီး ငါက ေသာက္လို႔မရဘူးလား?"

ေအးတိေအးစက္ႏွင့္ အသက္မပါသလိုေတြလုပ္ေနေသာ သုတကိုၾကည့္ကာ ရဲရင့္ မခ်င့္မရဲျဖစ္ရၿပီ။

"ဟာကြာ! ငါ့ဘာသာ ေသာက္မလို႔ဝယ္တာေလ။ မင္းေသာက္စရာမလိုဘူး"

"မင္းလုပ္ေနတာေတြ ငါကေတာ့မလုပ္ရဘူးဆိုေတာ့ မလြန္လြန္းဘူးလား?"

မင္းရဲ႕ရည္းစားေတြ မႈိလိုေပါက္သမၽွကို၊
ငါ့ရင္ဘတ္ ဆန္ခါေပါက္နဲ႔ လိုက္ေကာက္ေနရတာေလ၊
ဒဏ္ရာေတြက ရင္နဲ႔မဆံ့ေတာ့ဘူး။
ငါ အဲဒီလိုလုပ္ၾကည့္ရင္ေရာ? အဟက္! မင္းကေတာ့ ဘာျဖစ္မွာတဲ့လဲ?

"ငါ့ကိုျပန္မေျပာနဲ႔ကြာ။ ေနာက္မေသာက္နဲ႔ေတာ့။ အခုအိမ္ျပန္မယ္"

"ျပန္ေလ၊ ငါအတန္းသြားတက္မယ္"

"မင္း!"

"ဘာလဲ? အခုက် မင္းနဲ႔အတူ ေက်ာင္းေျပးရမွာတဲ့လား?"

သုတက ရဲရင့္ကို Anti ေတြခ်ည္းလုပ္ပစ္ေနတာေၾကာင့္ ေဘးကၾကည့္ေနေသာ တိမ္ယံ မေနသာေတာ့ပါ။

"ခဏ၊ ခဏေနၾကပါဦးေနာ္။ ဟိုေလ၊ အစ္ကိုရဲရင့္က ကိုသုဒီမွာေရာက္ေနတာသိလို႔ အိမ္ျပန္မယ္ဆိုၿပီး လာခဲ့ၾကတာပါ။ အခု အတန္းခ်ိန္က ဘာမွမက်န္ေတာ့ဘူးမဟုတ္လား? ေက်ာင္းဆင္းရင္ ကားေတြ႐ႈပ္ေတာ့မွာေလေနာ္။ ယံတို႔ နည္းနည္းေလးေစာျပန္ၾကရင္ အဆင္မေျပဘူးလား?"

အခုမွ တိမ္ယံရွိတာ သတိရၾကၿပီး ျပန္ၿငိမ္သြားေသာႏွစ္ေယာက္က ကားထဲဝင္သြားၾကေတာ့ တိမ္ယံမွာ ေၾကာင္အအေလးျဖစ္ေနေတာ့သည္။ သူတို႔ပဲ အမ်ိဳးမ်ိဳးတတ္ႏို္င္ၾကပါသည္။
တိမ္ယံကားေပၚတက္မည္လုပ္ေတာ့ ေရွ႕ခန္းမွာက ေနရာမလြတ္ေတာ့တာေၾကာင့္ ေနာက္ခန္းကလြယ္အိတ္ေတြကို ေဘးဘက္တိုးၿပီး ဝင္ထိုင္လိုက္ေတာ့သည္။ ရဲရင့္က ေနာက္ၾကည့္မွန္မွ လွမ္းၾကည့္လိုက္သည္မို႔ သုတက ခပ္တိုးတိုးအသံျဖင့္

"ေပါင္ေပၚ ေခၚတင္ခ်င္ေနတဲ့႐ုပ္နဲ႔"

လြယ္အိတ္ေတြေရႊ႕ေနတဲ့ တိမ္ယံက ေရွ႕ခန္းကအသံတိုးတိုးကိုမၾကားလိုက္ေပမဲ့ ေဘးကကပ္ထိုင္ေနတဲ့ ညီရဲရင့္ကေတာ့ ရွင္းရွင္းလင္းလင္းသိလိုက္သည္မို႔

"အဆင္ေျပလား ယံ? ေရွ႕မွာလာထိုင္မလား?"

"ရတယ္ အစ္ကို၊ ေရႊ႕မေပးေနနဲ႔ေတာ့ေလ"

ဘာမွမသိရွာတဲ့တိမ္ယံကေတာ့ ႐ိုး႐ိုးေလးသာ ျပန္ေျဖလိုက္ပါသည္။ ေရွ႕ခန္းမွာေတာ့ အၾကည့္ေတြစီးခ်င္းထိုးလို႔။
ဒီလိုသာဆို ေနာက္ေန႔ေတြ ဘယ္လိုစခန္းသြားၾကမွာလဲ?

""""""""""""""""""""""""""""""""""""""""""""""""""""""""""

ရုတ်တရက် လက်ကိုဆွဲကာပြေးပါသောရဲရင့်နောက်သို့ သုတလည်း ယက်ကန်ယက်ကန်နှင့် ပြေးလိုက်ခဲ့ရလေသည်။ ဘူမိဗေဒဆောင်နှင့် Main ဆောင်သည် အတော်ပင်အလှမ်းဝေးသည်။ နေပူထဲပြေးရသည်မို့ မောသည်။ သို့ပေမဲ့ ချစ်ရသူနှင့်အတူပြေးရသည်ကြောင့်ထင်ပါရဲ့၊ သုတ အတိုင်းမသိပျော်ရွှင်မိသည်။

"မောတော့မောတာပေါ့၊ ဒါပေမဲ့ မမောဘူး" ဆိုတာ ယခုလိုခံစားမှုမျိုးပါလားဟုတွေးရင်း သုတပြုံးမိသည်။

"ဟူးးး အမလေး၊ မောလိုက်တာ"

"မင်းကပြေးတာကိုး ခွေးကောင်ရဲ့။ ဟမ်းး ဟူးးး သေတော့မှာပဲ"

ခါးလေးတွေကုန်းပြီး ဒူးပေါ်လက်တွေတင်ကာ မောနေကြသော အစ်ကိုနှစ်ယောက်ကိုကြည့်ကာ တိမ်ယံပြုံးလိုက်မိသည်။ ကလေးတွေလိုပါပဲလေ။ လက်ထဲကရေဘူးလေးအား ကိုသုကိုလှမ်းပေးမိသည်။

"ကိုသု၊ ရေသောက်လိုက်ပါ့လား"

"အင်း၊ ရတယ် ယံလေး။ နေ နေ"

"ပေး၊ ယံလေး။ ငါသောက်မယ်"

"မသောက်နဲ့"

တိမ်ယံလက်ထဲကရေဘူးအား မသောက်နှင့်ဟုဆိုကာ ပုတ်ချလိုက်သောသုတကြောင့် ရဲရင့်ရော တိမ်ယံပါ ပြိုင်တူအော်လိုက်မိသည်။

"သုတ"

"ကိုသု"

"Sorry! ငါ ... ငါက ... ငါတမင်လုပ်တာမဟုတ်ပါဘူး။ ငါ ... "

အထစ်ထစ်အငေါ့ငေါ့နှင့် မျက်နှာလေးရဲကာ တောင်းပန်လာသောကိုသုအား တိမ်ယံ ချစ်လို့မဝပေ။ အော်လိုက်မိသည့်အတွက်လည်း စိတ်မကောင်းဖြစ်ရသည်။

သုတရေ၊ မင်းလုပ်ပုံနဲ့တော့ကွာ ငါလည်းရူးတော့မယ်ဟ! တစ်ခါတစ်ခါ ဘာထထဖြစ်မှန်းမသိသော ဒီကောင်ဟာလေ ဒေါသကလည်းကြီးပါ့၊ လက်ကလည်းမြန်ပါ့။ အခုပဲကြည့်၊ လက်ကဝှစ်ကနဲပဲ ရေဘူးကိုရိုက်ချပစ်တာ။

"ဘာမှမဖြစ်ဘူး။ လာ၊ ကန်တင်းကို ဒီတစ်သက်ရောက်ပါဦးမလား ဟမ်"

"ဟုတ်ပါ့။ ယံလည်း ဗိုက်ဆာတယ်"

"သွားကြမယ်လေ အဲ့ဒါဆိုလည်း"

ရဲရင့်ကတော့ သုတပခုံးလေးကိုဖက်ရင်း တိမ်ယံလက်တစ်ဖက်ကိုဆွဲကာ  အလယ်ကနေ မြောက်ကြွမြောက်ကြွနဲ့ လိုက်ပါလာခဲ့သည်။ ရဲရင့်အကြောင်းသိနေသည့် လူတချို့သည်လည်း သူတို့အားကွက်ကြည့်ကွက်ကြည့်နှင့်။ ကန်တင်းရောက်တော့လည်း သူတို့အားကြည့်ကာ တိုးတိုးနှင့် တွတ်ထိုးနေကြလေရဲ့။

"ဟဲ့၊ ညီရဲရင့်က မိန်းကလေးတွေရိုးသွားလို့ ကောင်လေးတွေဘက်လှည့်သွားတာလား မသိဘူးနော်"

"ဟဲ့၊ နင်ကလည်း ဖြစ်နိုင်ပါ့မလား"

"ဘယ်ပြောလို့ရမလဲဟ! သူ့ဘေးကကောင်လေးက ချစ်စရာလေး၊ Uke type လေးကို။ ပြီးတော့ အဲ့ဒီကောင်လေးလက်ကို ဆွဲလာတာ နင်တို့မမြင်ကြဘူးလား?"

"အမလေး၊ နင်တို့အဲ့ဒီလိုပြောကြေးဆို သုတပခုံးကိုလည်း ဖက်ထားတာပဲလေ။ တစ်ခါတစ်ခါ ရဲရင့်က သုတရင်ခွင်ထဲတောင် ဝင်အိပ်တတ်သေးတာပဲကို"

"တော်ကြပါတော့အေ။ ညီအစ်ကိုတွေဆို ဘယ်လိုလုပ်မလဲ?"

"ဒီအဆင်နဲ့ဒီအဆင်က ညီအစ်ကိုဖြစ်မလားဟဲ့! အသိသာကြီး"

"အင်းး သေချာကြည့်ကြစမ်း၊ နင်တို့ထင်နေတာတွေက လွဲနေတယ်"

"ဘာကိုလဲ?"

"သူတို့သုံးယောက်ကို သေချာကြည့်လိုက်။ ညီရဲရင့်က နှစ်ယောက်လုံးကိုဂရုစိုက်ပေမဲ့ သုတကိုကြည့်၊ သုတအမြင်မှာ ညီရဲရင့်တစ်ယောက်ကိုပဲ ကွက်မြင်နေတဲ့ပုံစံ။ သုတအကြည့်တွေက ရဲရင့်ဆီမှာပဲ။ ပြီးတော့ ဟိုကောင်လေးက ညီရဲရင့်ကောင်လေးလုံးဝမဟုတ်ဘူး။ ညီရဲရင့်ကိုလည်း သူစိတ်မဝင်စားဘူး၊ သူစိတ်ဝင်စားတာက ခေသုတ။ အဟင်း၊ ပွဲကတော့ ကြည့်လို့လှပြီပဲ"

"အေး၊ ဟုတ်တယ်။ ငါတို့တော့ ဘာဆက်ဖြစ်မလဲ အရမ်းသိချင်နေပြီ"

"မကြာမီ လာမည်၊ မျှော် ပေါ့ဟာ"

ဘယ်သူတွေပြောပြော သူတို့သုံးယောက်ကတော့ ဘာကိုမှအရေးမလုပ်ကြပေ။ ကိုယ့်အလုပ်ကိုသာ ကိုယ်လုပ်နေကြလေရဲ့။ ဘာလုပ်နေကြသလဲဆိုရင်တော့ဖြင့်

"သုတလေး၊ ရေအရင်သောက်လိုက်။ ရော့၊ ရေဘူးအသစ်"

"အင်း၊ မင်း အစပ်တွေလျှော့စားစမ်း ရဲရင့်"

"အေးပါကွ။ ယံလေး ရော့၊ ဒီဆိုင်က ရှမ်းခေါက်ဆွဲအရမ်းကောင်းတယ်။ စားကြည့်"

"ဟုတ်ကဲ့ ကိုရဲရင့် "

"ရဲရင့်၊ မင်းလည်းစားဦးလေ။ သူလည်း သူ့ဘာသာလုပ်တတ်ပါတယ်ဟ။ မင်းက ကလေးအဖေကျနေတာပဲ"

"ကလေးအဖေမလုပ်ပါဘူး၊ သကြားဖေဖေပဲလုပ်မှာ။ အဟားးး"

"ညီရဲရင့် ... တောက်! မင်း"

တိမ်ယံကိုကြည့်ပြီး သကြားဖေဖေပဲလုပ်မည်ဟုပြောနေသော ရဲရင့်အား သုတစိတ်တိုမိသည်ကြောင့် တောက်ခတ်လိုက်ရင်း စားပွဲကနေ ထရပ်လိုက်မိသည်။

"သုတ၊ ပြန်ထိုင်စမ်း။ ဘာမှလည်း မစားရသေးဘဲနဲ့။ ငါက စကားကို ဒီတိုင်းလျှောက်ပြောလိုက်တာကို"

"အဟက်! ဒီအတိုင်း ဟုတ်လား? မင်းဘယ်ခြေလှမ်းလှမ်းနေတယ်ဆိုတာ ငါသိတယ်၊ ညီရဲရင့်။ မင်း ... ကျွတ်! တော်ပြီ၊ ငါသွားနှင့်တော့မယ် "

"ကိုသု၊ ကိုသု "

ဘာကဘယ်လို မှားသွားလဲမသိ။ ကိုသုက ဒေါသတွေထွက်ကာ ထသွားလေတော့ တိမ်ယံ လိုက်ခေါ်မိသည်။ သို့သော် လက်တစ်ဖက်အားလှမ်းဆွဲလိုက်သည့် ကိုရဲရင့်ကြောင့် ဆက်မလိုက်ဖြစ်တော့ပေ။

"မလိုက်နဲ့၊ တိမ်ယံ။ လိုက်မသွားနဲ့"

"ဟို ... ကိုသုက ဘာဖြစ်သွားတာလဲ၊ အစ်ကိုရဲရင့်?"

"အင်း၊ မသိချင်ပါနဲ့။ လာ၊ ကိုယ်တို့လည်းသွားရအောင်လေ။ အတန်းလည်းမတက်ချင်တော့ဘူး၊ ပြန်ကြမယ်"

"ဗျာ! ကိုသုကရောဟင်?"

"သုတရှိမယ့်နေရာ ငါသိတယ်၊ သွားမယ်။ စကားမများနဲ့ တိမ်ကလေး၊ ငါစိတ်ရှုပ်နေတယ် "

"ဟုတ်ကဲ့"

"လိမ္မာတယ်။ လာ၊ သုတဆီ သွားရအောင် "

မင်းသိပ်ဆိုးတယ် သုတရယ်။ ငါမင်းကို နားမလည်ဘူး။ တစ်ခါတစ်ခါ ပြောင်းလဲသွားတတ်တဲ့ မင်းစိတ်ကို ငါလိုက်မဖတ်နိုင်ဘူး၊ သုတလေးရာ။ ငါ့ကို စိတ်ရှုပ်အောင် သိပ်သိပ်မလုပ်နဲ့ကွာ။

""""""""""""''''''''''''''''''''
ကန်တင်းကထွက်လာပြီး အတန်းထဲလည်းမသွားချင်တော့တာကြောင့် ကားရပ်ထားတဲ့ဆီသွားပြီး ကားအဖုံးပေါ်ထိုင်ကာ ဆေးလိပ်တစ်လိပ်ကိုမီးညှိလိုက်ပြီး ခပ်ပြင်းပြင်းတစ်ချက်ဖွာရှိုက်လိုက်ကာ လေကို ဟူးခနဲမြည်အောင်ပြန်မှုတ်ထုတ်လိုက်တော့ အခိုးအငွေ့တို့က မျက်နှာရှေ့မှာ တစ်လူလူ။

အဟင်း၊ မင်းအပေါ်မှာထားတဲ့ ငါ့ခံစားချက်တွေလည်း ဆေးလိပ်ငွေ့တွေနဲ့အတူပါသွားပြီး လေထဲမှာပျောက်ကွယ်သွားရင် သိပ်ကောင်းမှာပဲ၊  ရဲရင့်ရာ။ ငါ့ရင်ကိုခွဲမယ့် ဓားသွားလိုထက်တဲ့စကားလုံးတွေကိုမှ တမင်ရွေးပြောလေသလား? မင်းလုပ်ရပ်တွေက ငါ့နှလုံးသားလေးကို ဆတ်ဆတ်ခါအောင် နာကျင်စေတယ်ဆိုတာ မသိလေရော့သလား အချစ်ရယ်....

¤

ရဲရင့်သွားရာကို တိမ်ယံပါလာရင်းက

"အစ်ကို၊ ကိုသုက ယံ ရေဘူးပေးတုန်းကလည်း ပုတ်ချပစ်တယ်။ ယံ့ကို တစ်ခုခုစိတ်ဆိုးနေတာလား? အစ်ကိုသိလား?"

"ဟင့်အင်း၊ မသိဘူး"

"ဟုတ်"

"ဒါနဲ့၊ သုတက အေးစက်စက်နဲ့လေ၊ ခင်ဖို့ကောင်းလို့လား?"

"ကိုသုက အနေတည်ပေမဲ့ စိတ်ထားကောင်းမယ့်ပုံပါ။ ဦးနဲ့အန်တီကလည်း စိတ်ကောင်းရှိကြတယ်လေ"

"ဪ၊ တစ်ညတည်းနဲ့ခင်သွားရအောင်အထိ သုတက Social မကောင်းဘူးလားလို့ပါ"

"အစ်ကိုကလည်း နောက်ပြန်ပါပြီ။ ကိုယ့်သူငယ်ချင်းကိုယ် အဲဒီလိုကြီး ပြောတာလား?"

အင်းလေ၊ အဲဒီလိုမပြောတော့ ဘယ်လိုပြောမလဲ? အရင်တည်းက ခေသုတဆိုတာ ခပ်တည်တည်နဲ့ စိတ်လက်တစ်ဆစ်ပဲကို။ ဘာတွေရှေ့နေလိုက်ပေးချင်တာလဲ?

"မစ္စတာ လက်တစ်ဆစ်လေ"

"အဲ၊ ပြောတော့မယ် အစ်ကိုကတော့။ အဲဒါဆို အခုကရော ဘာဖြစ်တာလဲဟင်?"

"သူ့ မေးကြည့်ပေါ့။ အရင်တည်းက အဲဒီလိုပဲ။ ဘာထဖြစ်မှန်း မသိရဘူး"

"ကိုသုက တခြားသူငယ်ချင်းတွေနဲ့ မတွဲဘူးလား?"

"အခန်းထဲမှာတော့ နောက်ထပ်သုံးယောက်နဲ့ တွဲကြပါသေးတယ်။ အားလုံးငါးယောက်ပေါ့"

"ဟိုလေ ... ဟို ..."

"ဘာတွေ ဟိုနေတာလဲ တိမ်ယံ?"

"အဲဒါက ... ကိုသုမှာလေ ကောင်မလေးရှိလား?"

WTF! အဲဒါ မင်းအပူပါလား? ဘာတွေစပ်စုနေတာလဲ?

"ကောင်လေးတွေပါရှိတယ်"

"အဟိ!"

"ဘာရယ်တာလဲကွ"

"အဲဒါ ကိုသုစကားကြီးလေ။ မနက်က ကန်တင်းမှာ ယံတို့ဝင်မထိုင်ခင် အစ်ကိုတို့ကိုမြင်လို့ အစ်ကို့ကောင်မလေးလားလို့ ယံကမေးတော့ ကိုသုကပြောတယ်၊ ညီရဲရင့်မှာ ကောင်လေးတွေပါရှိတယ်တဲ့။ အခုလည်း အစ်ကိုက အဲဒီလိုကြီး နောက်ပြန်ပြီ"

"မင်းကမယုံဘူးလား?"

"ဟုတ်လို့လား အစ်ကိုကလည်း"

ကိုယ်ကမျက်နှာတည်နှင့်ပြောတော့ သူကမျက်နှာငယ်နှင့် မေးလာပြန်သည်။ ဒီကောင်လေးက ဘာလို့ အဲဒီလောက်စပ်စုချင်နေမှန်းမသိ။ ရွဲ့ချင်စိတ်က ပေါ်လာသည်မို့

"အင်းလေ၊ သူ့ရုပ်သူ့ရည်နဲ့ ဒီအရွယ်အမြီးမပေါက်ရအောင် ချင်ပန်ဇီလည်းမဟုတ်ဘူး"

"အာ ... "

ခေသုတတို့ လူစင်စစ်က အမြီးပေါက်ချင်နေရင်တော့ ဒိုဘာမင်လို ဖြတ်ပစ်မယ်။ စိတ်က သိပ်ကြည်နေတာမဟုတ်ဘူး။
ဒီကောင်လေးကရော ဘာဖြစ်ချင်တာလဲ? ငါသေချာသိရမှဖြစ်မယ်။

"ကိုယ်တွေကိုတော့ မေးပြီး ယံရော ကောင်မလေးတွေ၊ ဘာတွေ ဟိုမှာမကျန်ခဲ့ဘူးလား?"

"ဟာ၊ ယံ့မှာ အဲဒီလိုတွေ မရှိပါဘူး။ ထားလည်းမထားဖူးဘူး"

ပြီးတော့ ယံ ကောင်မလေးတွေကို စိတ်မဝင်စားဘူး။

"ဟုတ်လို့လား? ချစ်စရာကောင်လေးက RS Virgin ဆိုတော့ ယုံရခက်သား"

"ဘယ်လို အစ်ကို?"

"အိမ်ထောင်မကျသေးရင် Virgin လေ။ အခုထိ ရည်းစားမထားဖူးဘူးဆိုတော့ RS Virgin ပေါ့?"

"အစ်ကိုကတော့ ပြောတတ်တယ်နော်။ အဲဒါကြောင့် ကောင်မလေးတွေ ဝိုင်းနေတာနေမှာ"

"မဝိုင်းပါဘူး"

"မလျှိုပါနဲ့ဗျ။ ကိုသုပြောတာလေ၊ အစ်ကိုက ရည်းစားတွေများတယ်တဲ့"

ခေသုတ၊ မင်းက ဘာဖြစ်ချင်နေတာလဲ? တွေ့ကြသေးတာပေါ့။

"မဝိုင်းဘူး၊ အကုန်ပြတ်ကုန်ပြီ။ အခုမှ အချစ်စစ်ကို ရှာမလို့"

တိမ်ယံကို သေချာကြည့်ပြီးပြောလိုက်တော့ သူ့ကို နားမလည်သလိုပြန်ကြည့်လာပြီး

"အစ်ကိုက မချစ်ခဲ့ဖူးဘူးလား?"

"ချစ်စရာကောင်းရင်တော့ ချစ်မှာပေါ့"

"အဲဒါ သဘောကျတာလေ အစ်ကိုရဲ့။ ချစ်တယ်ဆိုတာကျတော့ လေးလေးနက်နက်ရှိတယ်"

ငါက ပေါ့ပျက်ပျက်ပေါ့လေ။ များနေပြီ တိမ်ယံ။

"အင်း၊ အခု လေးနက်တော့မလို့ပါပဲ"

"ဪ။ ဒါနဲ့အစ်ကို၊ အခု ကားဆီကိုသွားနေတာလား? ကိုသုက အဲဒီမှာလား?"

"အင်း၊ အဲဒီမှာ"

"ကိုသုက စိတ်ရှုပ်ရင် တစ်ယောက်တည်းနေတတ်တာပေါ့။ သေချာပါပြီ၊ ကိုသုမှာ ရည်းစားမရှိဘူး"

ငါက သုတအကြောင်းပြောပြနေလို့ လိုက်မှတ်နေပြန်တာလား! မျက်နှာကလည်း ပြုံးလို့၊ ရွှင်လို့။

မနက်က ကားရပ်ထားခဲ့ရာနေရာဆီ ရောက်လာတော့ ကားနောက်ဖုံးပေါ်ထိုင်ကာ ဆေးလိပ်သောက်နေသော သုတကြောင့် ရဲရင့်က ချက်ချင်းအနားရောက်သွားပြီး ဆေးလိပ်ကို ဆွဲယူလွှင့်ပစ်လိုက်သည်။

"ဘာဖြစ်လို့ သောက်နေပြန်တာလဲ?"

"ဘာဖြစ်လို့လဲ?"

"မသောက်နဲ့"

"အဲဒါ မနေ့က မင်းအိတ်ထဲက ငါယူထားတာလေ။ မင်းကသောက်ပြီး ငါက သောက်လို့မရဘူးလား?"

အေးတိအေးစက်နှင့် အသက်မပါသလိုတွေလုပ်နေသော သုတကိုကြည့်ကာ ရဲရင့် မချင့်မရဲဖြစ်ရပြီ။

"ဟာကွာ! ငါ့ဘာသာ သောက်မလို့ဝယ်တာလေ။ မင်းသောက်စရာမလိုဘူး"

"မင်းလုပ်နေတာတွေ ငါကတော့မလုပ်ရဘူးဆိုတော့ မလွန်လွန်းဘူးလား?"

မင်းရဲ့ရည်းစားတွေ မှိုလိုပေါက်သမျှကို၊
ငါ့ရင်ဘတ် ဆန်ခါပေါက်နဲ့ လိုက်ကောက်နေရတာလေ၊
ဒဏ်ရာတွေက ရင်နဲ့မဆံ့တော့ဘူး။
ငါ အဲဒီလိုလုပ်ကြည့်ရင်ရော? အဟက်! မင်းကတော့ ဘာဖြစ်မှာတဲ့လဲ?

"ငါ့ကိုပြန်မပြောနဲ့ကွာ။ နောက်မသောက်နဲ့တော့။ အခုအိမ်ပြန်မယ်"

"ပြန်လေ၊ ငါအတန်းသွားတက်မယ်"

"မင်း!"

"ဘာလဲ? အခုကျ မင်းနဲ့အတူ ကျောင်းပြေးရမှာတဲ့လား?"

သုတက ရဲရင့်ကို Anti တွေချည်းလုပ်ပစ်နေတာကြောင့် ဘေးကကြည့်နေသော တိမ်ယံ မနေသာတော့ပါ။

"ခဏ၊ ခဏနေကြပါဦးနော်။ ဟိုလေ၊ အစ်ကိုရဲရင့်က ကိုသုဒီမှာရောက်နေတာသိလို့ အိမ်ပြန်မယ်ဆိုပြီး လာခဲ့ကြတာပါ။ အခု အတန်းချိန်က ဘာမှမကျန်တော့ဘူးမဟုတ်လား? ကျောင်းဆင်းရင် ကားတွေရှုပ်တော့မှာလေနော်။ ယံတို့ နည်းနည်းလေးစောပြန်ကြရင် အဆင်မပြေဘူးလား?"

အခုမှ တိမ်ယံရှိတာ သတိရကြပြီး ပြန်ငြိမ်သွားသောနှစ်ယောက်က ကားထဲဝင်သွားကြတော့ တိမ်ယံမှာ ကြောင်အအလေးဖြစ်နေတော့သည်။ သူတို့ပဲ အမျိုးမျိုးတတ်နိုင်ကြပါသည်။
တိမ်ယံကားပေါ်တက်မည်လုပ်တော့ ရှေ့ခန်းမှာက နေရာမလွတ်တော့တာကြောင့် နောက်ခန်းကလွယ်အိတ်တွေကို ဘေးဘက်တိုးပြီး ဝင်ထိုင်လိုက်တော့သည်။ ရဲရင့်က နောက်ကြည့်မှန်မှ လှမ်းကြည့်လိုက်သည်မို့ သုတက ခပ်တိုးတိုးအသံဖြင့်

"ပေါင်ပေါ် ခေါ်တင်ချင်နေတဲ့ရုပ်နဲ့"

လွယ်အိတ်တွေရွှေ့နေတဲ့ တိမ်ယံက ရှေ့ခန်းကအသံတိုးတိုးကိုမကြားလိုက်ပေမဲ့ ဘေးကကပ်ထိုင်နေတဲ့ ညီရဲရင့်ကတော့ ရှင်းရှင်းလင်းလင်းသိလိုက်သည်မို့

"အဆင်ပြေလား ယံ? ရှေ့မှာလာထိုင်မလား?"

"ရတယ် အစ်ကို၊ ရွှေ့မပေးနေနဲ့တော့လေ"

ဘာမှမသိရှာတဲ့တိမ်ယံကတော့ ရိုးရိုးလေးသာ ပြန်ဖြေလိုက်ပါသည်။ ရှေ့ခန်းမှာတော့ အကြည့်တွေစီးချင်းထိုးလို့။
ဒီလိုသာဆို နောက်နေ့တွေ ဘယ်လိုစခန်းသွားကြမှာလဲ?

""""""""""""""""""""""""""""""""""""""""""""""""""""""""""

by Jay & Demon
© Demon ,
книга «Zippy Amor (Lively Friendship)».
Коментарі