Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30): Final
Chapter (4)
အိမ္ျပန္လာတဲ့တစ္ေလၽွာက္လံုး ေခသုတၿငိမ္ေနတာေၾကာင့္ ညီရဲရင့္ မေနတတ္ေတာ့ပါ။ စကားစလိုက္လည္း တစ္ခြန္းအျပင္ Reply မလာ။ ဘာျဖစ္ေနမွန္းလည္း မသိတာေၾကာင့္ ကားေမာင္းေနတဲ့လူကို အေႏွာင့္အယွက္မေပးခ်င္လို႔ မေမးဘဲထားတာ အိမ္ေရာက္ေတာ့ မေနႏိုင္ေတာ့ပါ။

"သုတ၊ မင္းဘာျဖစ္ေနတာလဲ? ငါ့ကို စိတ္ဆိုးေနေသးတာလား?"

"မဟုတ္ပါဘူး"

"ဘာလို႔ၿငိမ္ေနတာလဲ?"

"စကားမမ်ားနဲ႔၊ ဆင္းေတာ့။ ငါလာတြဲေပးမယ္"

သူတို႔အိမ္ထဲဝင္လာေတာ့

"Tutorial ၿပီးတာနဲ႔ ျပန္လာၾကတယ္ေပါ့?"

"ဟုတ္ကဲ့"

"ေမေမ၊ သားတို႔ အခန္းထဲမွာရွိမယ္ေနာ္။ ခဏေနမွ ထမင္းစားေတာ့မယ္"

"ေအးပါ။ မသက္သာဘူးလား သား?"

"နည္းနည္းပါ။ သက္သာေနပါၿပီ။ သုတ၊ အခန္းထဲသြားရေအာင္"

"အင္း"

အခန္းထဲေရာက္ေတာ့မွ

"ဘာျဖစ္ေနတာလဲ ငါ့ကိုေျပာ"

"ဘာမွမျဖစ္ဘူးလို႔ ေျပာၿပီးၿပီေလ"

"ေမႏွင္းေၾကာင့္လား? သူနဲ႔က ျဖတ္ေတာ့မွာ။ စိတ္ထဲမထားနဲ႔"

"ဘာကိစၥျဖတ္မွာလဲ? မင္း တည္တည္တန္႔တန္႔ေနလို႔ မရဘူးလား?"

"ျဖတ္ခ်င္လို႔ျဖတ္မွာကြာ။ ငါက ရြထေနလို႔လား?"

"မိန္းကေလးေတြကို အဲဒီလို လြယ္လြယ္တြဲ၊ လြယ္လြယ္ျဖတ္ေနတာ အဆင္ေျပတယ္ ထင္ေနတာလား?"

"ငါနဲ႔ျပတ္လို႔လည္း ဘယ္သူမွ အၾကာႀကီးအသည္းကြဲမေနဘူး။ အကုန္အဆင္ေျပတယ္"

"႐ႈပ္တယ္၊ ေပြတယ္ဆိုတာ နာမည္ေကာင္းရတယ္လို႔ ေတြးေနတာေတာ့ မဟုတ္ပါဘူးေနာ္"

"ဟာကြာ ... ေကာင္မေလးေတြနဲ႔မႀကိဳက္ေတာ့ဘူး။ ေကာင္ေလးေတြနဲ႔ ေျပာင္းတြဲမယ္။ Ok လား?"

"မရြဲ႕နဲ႔ ညီရဲရင့္! ငါက အေကာင္းေျပာေနတာ"

"အဲဒါဆို ေမႏွင္းနဲ႔ပဲ အတည္တြဲလိုက္မယ္ေလ။ ရည္းစားလည္း ထပ္မထားေတာ့ဘူး။ အဲဒါဆို ႐ႈပ္တယ္လို႔ ေျပာၾကမွာမဟုတ္ေတာ့ဘူး"

ငါေျပာခ်င္တာ အဲဒီလိုမဟုတ္ဘူးေလ ရဲရင့္ရာ။

"လုပ္ခ်င္တာလုပ္၊ ငါမေျပာေတာ့ဘူး"

"စိတ္ဆိုးမေျပေသးဘူးလား? ဒါဆို မင္းေျပာ၊ ငါတကယ္ အတည္ေမးတာေနာ္။ ေမႏွင္းကို ငါျဖတ္လိုက္ရမလား? သူငယ္ခ်င္းေကာင္းတစ္ေယာက္အေနနဲ႔ သူနဲ႔တြဲေနတာကို မင္းဘယ္လိုအၾကံေပးခ်င္တာလဲ?"

"သူကလည္း မင္းလိုပဲေလ။ ခ်ိတ္ခ်ိတ္ခ်င္း ခ်ိတ္ေနၾကတာမဟုတ္ဘူးလား? ႏွစ္ေယာက္လံုးက ႐ႈပ္လိုက္ၾကတဲ့အမ်ိဳး"

"ဟုတ္ၿပီ။ ငါျဖတ္လိုက္မယ္"

ေျပာေနရင္း ဖုန္းဝင္လာျပန္သည္။ ရဲရင့္ဆီကို ေခၚေနတာပါ။

"ဟယ္လို၊ မ"

"..........."

"ေမာင္ စာပို႔လိုက္တယ္ေလဗ်ာ။ မလာႏိုင္ေတာ့ဘူးဗ်"

"..........."

"မမ်ားဘူး မရဲ႕။ ခါးေလးနည္းနည္းနာသြားတာ။ စိတ္မပူနဲ႔၊ ရတယ္"

"..........."

"ဟုတ္ကဲ့ မ။ See you later"

ဒီတစ္ခါေတာ့ ခ်စ္တယ္တို႔၊ Fly kiss တို႔၊ မြတို႔ မပါေတာ့ပါ။

"ေျပာေနရင္းကိုပဲ"

"မ နဲ႔က သိပ္မေတြ႕ျဖစ္ပါဘူးကြ။ သူဘာသာ စာေတြနဲ႔ပိေနတာ"

"အဲဒီလိုမိန္ကေလး ရထားရင္လည္း တျခားေတြ ႐ႈပ္မေနနဲ႔ေတာ့ေလ"

"မင္းကလည္း၊ သူ႔အေၾကာင္းသိလို႔လား?"

"မၾကာခင္ ဆရာဝန္ျဖစ္ေတာ့မွာေလ။ မိဘအသိုင္းအဝိုင္းလည္း အဆင္ေျပတာပဲ"

"အဲဒီဂုဏ္ကို ေငြနဲ႔ထပ္ဖို႔လုပ္ေနတာက် မင္းသိလို႔လား?"

"ဘာျဖစ္လို႔လဲ?"

"သူ႔အိမ္က သူေဌးတစ္ေယာက္နဲ႔ သေဘာတူေနတာ သူမျငင္းဘူးေလ"

"အဲဒါပဲေလ။ မင္းဘက္ကသာ သူ႔အသိုင္းအဝိုင္းထဲ ခ်ျပလို႔ေကာင္းမယ့္လူမ်ိဳးဆို အဆင္ေျပတယ္ေလ။ အခုက မင္းတို႔တကယ္ခ်စ္ၾကရင္ေတာင္ မင္းပံုစံနဲ႔ သူ႔မိဘကို ဘယ္လိုဖြင့္ေျပာျပမလဲ?"

"ဟုတ္ၿပီေလ။ ငါက အဲဒီလို မေပြမရႈပ္ရင္ေရာ သူက အဲဒီလူကို ျငင္းမွာတဲ့လား?"

"စကားကို ကပ္မေျပာနဲ႔။ မင္းကို ငါက ေကာင္းေစခ်င္လို႔ ေျပာေနတာ"

"ငါ့ဘာသာ ေပ်ာ္ေပ်ာ္ေနတာေလ။ ဘယ္သူ႔ကိုမွလည္း မထိခိုက္ဘူး။ အသည္းေတာင္ ကြဲၾကလို႔လားကြာ"

"ေအး၊ အဲဒီလိုေတြနဲ႔တြဲေနမွေတာ့ တစ္ခ်ိန္ခ်ိန္မွာ ျပႆနာျဖစ္မွာပဲ။ ဘယ္ေတာ့ ဆြဲစိခံရမလဲမသိဘူး။ မင္းနဲ႔လည္း တည္တည္ၿငိမ္ၿငိမ္ေလးေတြနဲ႔ မတန္ပါဘူး"

"ငါက ငတံုးလား? မတန္ဘူးဆိုတာက ပါေသးတယ္"

"အလည္လြန္ၿပီး ျဖစ္ကုန္ရင္ ပိုဆိုးၿပီေလ။ ေစာေစာစီးစီး မိန္းမရမယ့္ေကာင္"

"မတြဲဘူးကြာ။ ေနာက္ေန႔ကစၿပီး ေယာက္်ားေလးေတြပဲ စိတ္ဝင္စားေတာ့မယ္"

မင္း ဘယ္လိုေတြေျပာေနတာလဲ ရဲရင့္ရယ္။

"မင္းဘာသာ လုပ္ခ်င္ရာလုပ္။ ငါသြားၿပီ"

"ဟာ! အတူတူ ထမင္းစားမယ္ေလ"

ရဲ႕ရင့္ေျပာတာကို လွည့္မၾကည့္ဘဲထြက္သြားေသာ သုတေၾကာင့္ ေနာက္ကလိုက္ရျပန္ပါသည္။

"ေနဦးေလ၊ သုတ"

"လိုက္မလာနဲ႔။ ငါေျပာတယ္ေနာ္၊ လိုက္မလာနဲ႔"

လိုက္မယ့္ေျခလွမ္းေတြသည္ တုံ႔ခနဲ။ တစ္ခါတေလေတာ့လည္း ညီရဲရင့္ဆိုသည္မွာ ေခသုတတစ္ခြန္းဆို တစ္ခြန္း။ အခ်ိဳ႕ေသာ ေခသုတရဲ႕စကားေတြမွာ သူဆတ္ဆတ္ခါနာတတ္ေနတာမ်ိဳး။ အခုလည္း သုတအေျပာေတြကိုမႀကိဳက္လို႔ ျပန္ရြဲ႕ရင္းက ဟိုကစိတ္လက္တစ္ဆစ္မို႔ စိတ္ဆိုးသြားျပန္ေတာ့ သူမေနႏိုင္ျပန္။ အခုခ်ိန္လိုက္သြားလည္း ရန္ထပ္ျဖစ္တာပဲ အဖတ္တင္မည္။

ဘာျဖစ္ေနတာလဲ သုတရာ။ ငါ ေပြတာ႐ႈပ္တာ မွန္ပါတယ္။ မင္းအဲဒီလို ခဏခဏေျပာရင္ေတာ့ ငါမႀကိဳက္ဘူး။
ေစာေစာစီးစီး မိန္းမရမယ့္ေကာင္တဲ့။ ေအးပါ၊ မင္းၾကည့္ေနလိုက္။ ဘယ္မိန္းကေလးမွ မတြဲေတာ့ဘူး။ ျဖတ္ခ်င္ရင္ ရက္ပိုင္းအတြင္း အကုန္လံုးကိုအျပတ္ျဖတ္လို႔ရတယ္။
ဘာတဲ့? အဲဒီလိုပံုစံနဲ႔ တစ္ဘက္ကမိဘေတြကို ဘယ္လိုမ်က္ႏွာျပမလဲ ဟုတ္လား?
သူတို႔သမီးေတြကလည္း အဲဒီလိုေကာင္မွန္းသိရဲ႕နဲ႔ တြဲေနၾကတာေတာ့ ထည့္မေျပာေတာ့ဘူးလား?
ေခသုတ၊ မင္းရည္းစားရမွ ငါနဲ႔ေတြ႕မယ္။

"သား! သုတနဲ႔ ျပႆနာတက္ျပန္ၿပီေပါ့။ ေမေမၾကားပါတယ္၊ သုတေလးေျပာတာ မွန္တယ္။ ငါ့သား အဲဒီလိုေတြ မ႐ႈပ္စမ္းပါနဲ႔။ ေမေမလည္းမႀကိဳက္ဘူး၊ ဘယ္သူမွလည္း ႀကိဳက္ၾကမွာမဟုတ္ဘူး"

"ေကာင္မေလးေတြ ႀကိဳက္လို႔ပဲ အခုလိုတြဲေနတာေလ ေမေမရဲ႕"

"သားရယ္၊ ေမေမဆိုလိုခ်င္တာ မင္းသိပါတယ္"

"သိပါတယ္၊ သားပဲလူဆိုးပါ။ ဆိုးသြမ္းေနရင္လည္း သူက သားသူငယ္ခ်င္းေလ။ ဘာကိစၥ သူမ်ားဘက္ကနာၿပီး ကုိယ့္သူငယ္ခ်င္းကိုယ္ ခ်ိဳးခ်ိဳးဖဲ့ဖဲ့ေတြ လာေျပာတာလဲ?"

"အကုန္လံုးက မင္းကိုေကာင္းေစခ်င္လို႔ ေျပာေနတာေလ။ အဲဒါကို ရန္လုပ္ေနတာလား ရဲရင့္"

"မသိဘူး ေမေမရာ။ ဘယ္သူ ဘာေျပာေျပာ သူေတာ့မေျပာရဘူး"

"အေျပာမခံခ်င္ရင္ အေျပာလြတ္ေအာင္ေနေလ။ မင္းလုပ္ပံုက ဟုတ္လို႔လား?"

"ေမေမ့သားက ညီရဲရင့္လား၊ ေခသုတလား၊ မသဲကြဲဘူး။ ကေလးခ်င္းမ်ား လဲထားၾကသလား?"

"ဟဲ့ေကာင္ေလး၊ မေအကို ဘယ္လိုေတြေမးေနတာလဲ? နာခ်င္ေနၿပီလား?"

အေမျဖစ္သူက လက္ရြယ္ေနၿပီမို႔ ရဲရင့္တို႔ ေရွာင္ရတိမ္းရၿပီေလ။

"စကားအျဖစ္ေမးတာပါ ေမေမရဲ႕။ ဗိုက္ဆာတယ္၊ ထမင္းစားခ်င္တယ္၊ ဘာခ်က္လဲ?"

ရဲရင့္တို႔ စကားလမ္းေၾကာင္းေျပာင္းၿပီး လူကပါ မီးဖိုခန္းဘက္ ဦးတည္လိုက္ၿပီးေနၿပီ။

"ဘာမွမရွိဘူး။ ဒီအခ်ိန္က ထမင္းခ်က္ခ်ိန္လား?"

"ဟာ၊ ေမေမကလည္း အက်န္ေလးေတာင္မရွိဘူးလား?"

"မရွိဘူးဟယ္။ နင့္ဘာသာ လမ္းထိပ္မွာမုန္႔သြားဝယ္စား၊ သြား!"

"ဟာဗ်ာ၊ ေမေမတို႔ကလည္း စိတ္ဓာတ္ပဲ။ သူ႕ေယာက္်ားအတြက္ ခ်န္ထားတာေတြရွိတာ မသိရင္ခက္မယ္။ ဟဟားးး"

ေျပာလည္းေျပာ၊ အိမ္ေရွ႕ဘက္ကို လွစ္ကနဲေျပးထြက္သြားေလရဲ႕။

"သုတကို သြားေခၚရင္ေကာင္းမလား? ဟာ၊ မေခၚဘူးကြာ! ငါလည္း သူ႕ကိုစိတ္ဆိုးတယ္။ မေခၚဘူး၊ လုံးဝမေခၚဘူး။ ေခသုတ! ငါမင္းကို လုံးဝမေခၚဘူးကြ"

"""""""""""""""""""""""""""

ေခသုတ အိမ္ျပန္ေရာက္လာကတည္းက အခန္းထဲသာ ဝင္ေနမိပါေတာ့တယ္။ ခုတင္စြန္းေလးမွာထိုင္ရင္း စားပြဲေပၚကဓာတ္ပုံေလးကို တစ္ခ်က္လွမ္းၾကည့္လိုက္ေတာ့ ပုံထဲက ကေလးေလးႏွစ္ေယာက္ကေတာ့ သူ႕ကို အျပစ္ကင္းစြာရယ္ျပလို႔ေနေလရဲ႕။

"ငါေလ၊ ၾကာရင္႐ူးေတာ့မယ္ထင္တယ္ ရဲရင့္ရာ။ မင္းကေတာ့ ဘာမွအပူအပင္မရွိ ေအးခ်မ္းလိုက္တာ။ ငါ့မွာေတာ့ တစ္ေန႕တစ္ေန႕ မင္းကိုခ်စ္တဲ့အခ်စ္မီးေတြနဲ႕ပူေလာင္ေနၿပီ၊ ရဲရင့္။ မင္းဒီအတိုင္းပဲ ေရွ႕ဆက္သြားေတာ့မွာလား? အင္း ... မင္းသာ ဒီအတိုင္းေရွ႕ဆက္သြားရင္ ငါလည္း ဘာေတြလုပ္မိမယ္မသိေတာ့ဘူး၊ ရဲရင့္။ ငါ့စိတ္ကို မထိန္းႏိုင္မွာစိုးတယ္ကြာ"

*ေဒါက္ ေဒါက္*

အေတြးႏြံထဲနစ္ေမ်ာေနစဥ္ တံခါးေခါက္သံျပင္းျပင္းေၾကာင့္ အေတြးတို႔ကလြင့္ျပယ္သြားေလရဲ႕။

*ေဒါက္ ေဒါက္*

"သားေရ ... သုတ၊ သားသား"

"ဗ်ာ! လာၿပီ၊ ေမေမ"

တံခါးဖြင့္ေပးလိုက္ေတာ့ ေမေမကအခန္းဝမွာရပ္ရင္း သုတအားၾကည့္ကာ

"သား အိပ္ေနတာလား?"

"မအိပ္ပါဘူး ေမေမရဲ႕။ ဘာလဲဟင္? ေမေမဘာခိုင္းစရာရွိလို႔လဲ?''

''ခိုင္းစရာမရွိပါဘူး သားရယ္။ ျပန္ေရာက္လာတည္းက အခန္းထဲတန္းဝင္သြားေတာ့ ေနမ်ားမေကာင္းဘူးလားလို႔ပါကြယ္"

"ေကာင္းပါတယ္ ေမေမရဲ႕ "

"အင္း၊ အဲ့ဒါဆိုလည္း ေရေလးဘာေလးခ်ိဳး။ ညေနမင္းေဖေဖျပန္လာရင္ ဧည့္သည္ပါလာမယ္တဲ့၊ သူ႕မိတ္ေဆြရဲ႕သားဆိုလားပဲ။ ဒီမွာေနၿပီး ေက်ာင္းတက္မွာတဲ့"

"ဟမ္! အင္းပါ၊ သားသိၿပီ"

"ေအး၊ အဲ့ဒါဆို ေမေမသြားၿပီ"

ေမေမထြက္သြားေတာ့မွ သုတ ေခါင္းကိုလက္ႏွစ္ဖက္နဲ႕ထုလိုက္ရင္း ႏႈတ္ကလည္းစကားတစ္ခြန္းကို ခပ္က်ယ္က်ယ္ေအာ္ရင္း ေရခ်ိဳးခန္းထဲဝင္သြားပါေတာ့တယ္။ သုတေအာ္လိုက္သည္က
"႐ႈပ္႐ႈပ္ယွက္ယွက္ေတြ" တဲ့ေလ။

မေနႏိုင္တဲ့ရဲရင့္တစ္ေယာက္ကေတာ့ သုတႀကိဳက္သည့္မုန္႔ေလးေတြလက္ကဆြဲလို႔ သုတရွိရာသို႔ ခ်ီတက္လာခဲ့ေလေတာ့သည္။
အိမ္ထဲလွမ္းဝင္လိုက္ေတာ့ ေမေမသက္ကိုေတြ႕ရသည္မို႔ အေနာက္ကေန တိတ္တိတ္ေလးသြားၿပီး ခါးကိုဖက္လိုက္ေတာ့ ေမေမသက္က ရဲရင့္ဆိုတာကိုသိေနသည္မို႔ ရယ္ေနေတာ့သည္။

"ကဲ! အခြၽဲေလး၊ ဒီနည္းလမ္းပဲလား? ေမေမသက္ကရိုးေနၿပီ"

"ဟာ၊ ေမေမသက္က မမိုက္ပါဘူးဗ်ာ။ လန္႔လည္းမလန္႔ဘူးကြာ"

"အမေလးဟယ္၊ ရွင့္အကြက္ေတြက ရိုးေနၿပီရွင့္။ ကဲ၊ ေျပာ! ႏွစ္ေယာက္သား စိတ္ေကာက္ေနၾကတယ္မလားဟင္?"

"အြန္း၊ ေမေမသက္ကဘယ္လိုသိ?"

"အမေလး၊ ဒီသားေတြအေၾကာင္း ဒီအေမသာအသိဆုံးပါေတာ္"

"အဟီးး၊ ေမေမသက္ သုတေရာ?"

"အခန္းထဲမွာ သားရဲ႕။ ေရခ်ိဳးေနတယ္ထင္တာပဲ"

"ဟုတ္၊ သားတက္သြားလိုက္မယ္"

ရဲရင့္  သုတအခန္းေရွ႕ေရာက္ေတာ့ အရင္လိုစြတ္႐ြတ္မဝင္ရဲေတာ့ဘူး။ သင္းက စိတ္ဆိုးေနတာေလ။ ေတာ္ၾကာ ေဆာင့္ကန္လႊတ္ရင္ ဒုကၡေရာက္ဦးမယ္။ တံခါးအရင္ေခါက္လိုက္တာက ပိုအဆင္ေျပမယ္ထင္တာပဲ။
ေတြးေနတုန္း အခန္းတံခါးက ႐ုတ္တရက္ပြင့္လာတာေၾကာင့္ ရဲရင္လန္႔ၿပီး အေနာက္ကိုလန္က်သြားေလရဲ႕။

"ဒီတစ္ခါဆိုရင္ေတာ့ ေသၿပီပဲ" ဟုသာေတြးရင္း မ်က္လုံးသာစုံမွိတ္ထားလိုက္ေတာ့တယ္။ သို႔ေပမဲ့ ေအာက္ျပဳတ္မက်ဘဲ ေလထဲတြင္တိုးလို႔တန္းလန္းျဖစ္ေနတာေၾကာင့္ မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ သုတလက္အစုံက ကိုယ့္အကၤ်ီရင္ဘတ္စကိုဆြဲထားျခင္းပင္။

"အကၤ်ီၿပဲခ်င္ေနတာလား၊ ဒါမွမဟုတ္ ဖင္ေအာင့္ခ်င္ျပန္ၿပီလား? ထေလ "

"ဪ၊ အင္း ... အင္း"

ေလွကားအတိုင္း တစ္လွမ္းခ်င္းဆင္းေနရင္း စကားစလာသူက သုတပင္။

"ဘာလာလုပ္တာလဲ?"

"ငါ မင္းႀကိဳက္တဲ့မုန္႔ေတြဝယ္လာတယ္"

"ဘာလုပ္ဖို႔လဲ?"

"မင္းစားဖို႔ေလ"

"ငါက စားခ်င္တယ္ေျပာမိလို႔လား?"

"မေျပာမိပါဘူး၊ ငါကေစတနာနဲ႕"

"မလိုဘူး"

ဟူးးး မင္းစိတ္ေျပေအာင္ ငါဘာလုပ္ရမလဲ သုတရယ္? အေရွ႕ကေနထြက္သြားၿပီျဖစ္တဲ့ သုတေက်ာျပင္အားေငးၾကည့္ရင္း ရဲရင့္ ရင္ထဲမွာ ဘာရယ္လို႔အမည္တပ္မရတဲ့ ခံစားခ်က္ႀကီးေၾကာင့္ ရင္ဘတ္ေတြပင္ေအာင့္လာရသည္အထိ ခံရခက္လြန္းသည္။ ထို႔ေၾကာင့္ ဘယ္ဘက္ရင္ဘတ္အား လက္ႏွင့္အသာဖိကာ ရပ္ေနလိုက္မိသည္။

အေနာက္ကအသံတိတ္သြားလို႔ လွည့္ၾကည့္ေတာ့ ေလွကားလက္ရန္းကိုကိုင္ထားကာ ရင္ဘတ္အားလက္ႏွင့္ဖိၿပီး ရပ္ေနသည့္ရဲရင့္ကို ေတြ႕ရသည္မို႔ လူကပူထူသြားကာ အနားကိုအေျပးျပန္သြားရင္း ရဲရင့္ခႏၶာကိုယ္အား အသာအယာလႈပ္၍ ဘာျဖစ္တာလဲဟူေသာစကားအား ဘယ္ႏွခါေျမာက္မွန္းမသိေအာင္ စိုးရိမ္စြာနဲ႕ ထပ္ခါေမးေနမိပါေတာ့သည္။

"ရဲရင့္၊ ဘာျဖစ္တာလဲဟမ္? ရဲရင့္! မင္းဘာျဖစ္ေနတာလဲလို႔? ေဟ့ေကာင္၊ ညီရဲရင့္!!"

"ခဏ အသက္႐ွဴပါဦး သုတရယ္၊ ငါဘာမွမျဖစ္ပါဘူး။ ခုန ရင္ဘတ္ထဲက ေအာင့္သလိုျဖစ္သြားလို႔ပါ''

"ဟာ၊ အဲ့ဒါဘာမွမျဖစ္ဘူးလား ငႏြားေလးရဲ႕။ ေမေမေရ ... ေမေမ၊ ေမေမလာပါဦး"

ေဒၚခင္ေမသက္လည္း သားျဖစ္သူရဲ႕ေအာ္သံေၾကာင့္ အျပင္ေျပးထြက္လာရင္း

"ဘာလဲ၊ ဘာလဲ? ဘာျဖစ္တာလဲ?"

"ေမေမ၊ ရဲရင့္ကေလ ရင္ဘတ္ေအာင့္လို႔တဲ့"

"ဟုတ္လား သားေလး"

"ဟုတ္ ေမေမသက္၊ ခုနကပါ။ အခုသားအဆင္ေျပသြားၿပီ၊ တကယ္"

"ေအးပါ သားရယ္။ သြား သြား၊ ဟိုမွာသြားထိုင္ေနၾက။ ေမေမ သစ္သီးေဖ်ာ္ရည္ေလး လုပ္ေပးမယ္ေနာ္"

"ဟုတ္ကဲ့"

ထိုင္ခုံေလးေပၚထိုင္ရင္း သုတ ရဲရင့္အား စိတ္မခ်သလိုၾကည့္ေနမိသည္။ ရဲရင့္သည္လည္း ေခါင္းေလးအသာငုံ႕လို႔ သုတအားခိုးခိုးၾကည့္ေနေလရဲ႕။

"သုတ"

"အင္း"

"ငါ့ကို စိတ္မဆိုးနဲ႕ေတာ့ေနာ္။ ငါေလ၊ မင္းမႀကိဳက္တာ မလုပ္ေတာ့ပါဘူး။ ငါ့ကိုစကားမေျပာဘဲ မေနနဲ႕ေနာ္၊ သုတ"

"အင္း"

"ငါဝယ္လာတဲ့မုန္႔ေတြလည္း စားရမယ္ေနာ္၊ သုတ"

"ေအး''

"သုတ"

"အြန္း"

"တကယ္ စိတ္ဆိုးေျပၿပီေပါ့ေနာ္?"

"အင္း"

"ပါးစပ္ကေျဖေလကြာ"

"ငါကအခု ဖင္ကအသံထြက္ေနလို႔လား ရဲရင့္ "

"မင္းကလည္း ၾကားခ်င္လို႔ "

"ဘာကိုလဲ?"

"စိတ္ဆိုးေျပၿပီလို႔ ေျပာတာကို"

"ေျပၿပီ"

"ေယးးး ဒါမွ ငါ့ရဲ႕သုတကြ! ဟဟားးး"

ေပ်ာ္ေပ်ာ္ေနပါ ခ်စ္သူ၊
မင္းအၿပဳံးေတြက ငါ့အတြက္ အားေဆးမို႔။
မငိုပါနဲ႕ ခ်စ္သူ၊
မင္းမ်က္ရည္ေတြက ငါ့ရင္ကိုခြဲမယ့္ ဓားတစ္လက္မို႔ ... အၿမဲေပ်ာ္ေနေပးပါ ခ်စ္သူေရ။

""""""""""""""""""""""'''''""""""""

အိမ်ပြန်လာတဲ့တစ်လျှောက်လုံး ခေသုတငြိမ်နေတာကြောင့် ညီရဲရင့် မနေတတ်တော့ပါ။ စကားစလိုက်လည်း တစ်ခွန်းအပြင် Reply မလာ။ ဘာဖြစ်နေမှန်းလည်း မသိတာကြောင့် ကားမောင်းနေတဲ့လူကို အနှောင့်အယှက်မပေးချင်လို့ မမေးဘဲထားတာ အိမ်ရောက်တော့ မနေနိုင်တော့ပါ။

"သုတ၊ မင်းဘာဖြစ်နေတာလဲ? ငါ့ကို စိတ်ဆိုးနေသေးတာလား?"

"မဟုတ်ပါဘူး"

"ဘာလို့ငြိမ်နေတာလဲ?"

"စကားမများနဲ့၊ ဆင်းတော့။ ငါလာတွဲပေးမယ်"

သူတို့အိမ်ထဲဝင်လာတော့

"Tutorial ပြီးတာနဲ့ ပြန်လာကြတယ်ပေါ့?"

"ဟုတ်ကဲ့"

"မေမေ၊ သားတို့ အခန်းထဲမှာရှိမယ်နော်။ ခဏနေမှ ထမင်းစားတော့မယ်"

"အေးပါ။ မသက်သာဘူးလား သား?"

"နည်းနည်းပါ။ သက်သာနေပါပြီ။ သုတ၊ အခန်းထဲသွားရအောင်"

"အင်း"

အခန်းထဲရောက်တော့မှ

"ဘာဖြစ်နေတာလဲ ငါ့ကိုပြော"

"ဘာမှမဖြစ်ဘူးလို့ ပြောပြီးပြီလေ"

"မေနှင်းကြောင့်လား? သူနဲ့က ဖြတ်တော့မှာ။ စိတ်ထဲမထားနဲ့"

"ဘာကိစ္စဖြတ်မှာလဲ? မင်း တည်တည်တန့်တန့်နေလို့ မရဘူးလား?"

"ဖြတ်ချင်လို့ဖြတ်မှာကွာ။ ငါက ရွထနေလို့လား?"

"မိန်းကလေးတွေကို အဲဒီလို လွယ်လွယ်တွဲ၊ လွယ်လွယ်ဖြတ်နေတာ အဆင်ပြေတယ် ထင်နေတာလား?"

"ငါနဲ့ပြတ်လို့လည်း ဘယ်သူမှ အကြာကြီးအသည်းကွဲမနေဘူး။ အကုန်အဆင်ပြေတယ်"

"ရှုပ်တယ်၊ ပွေတယ်ဆိုတာ နာမည်ကောင်းရတယ်လို့ တွေးနေတာတော့ မဟုတ်ပါဘူးနော်"

"ဟာကွာ ... ကောင်မလေးတွေနဲ့မကြိုက်တော့ဘူး။ ကောင်လေးတွေနဲ့ ပြောင်းတွဲမယ်။ Ok လား?"

"မရွဲ့နဲ့ ညီရဲရင့်! ငါက အကောင်းပြောနေတာ"

"အဲဒါဆို မေနှင်းနဲ့ပဲ အတည်တွဲလိုက်မယ်လေ။ ရည်းစားလည်း ထပ်မထားတော့ဘူး။ အဲဒါဆို ရှုပ်တယ်လို့ ပြောကြမှာမဟုတ်တော့ဘူး"

ငါပြောချင်တာ အဲဒီလိုမဟုတ်ဘူးလေ ရဲရင့်ရာ။

"လုပ်ချင်တာလုပ်၊ ငါမပြောတော့ဘူး"

"စိတ်ဆိုးမပြေသေးဘူးလား? ဒါဆို မင်းပြော၊ ငါတကယ် အတည်မေးတာနော်။ မေနှင်းကို ငါဖြတ်လိုက်ရမလား? သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ သူနဲ့တွဲနေတာကို မင်းဘယ်လိုအကြံပေးချင်တာလဲ?"

"သူကလည်း မင်းလိုပဲလေ။ ချိတ်ချိတ်ချင်း ချိတ်နေကြတာမဟုတ်ဘူးလား? နှစ်ယောက်လုံးက ရှုပ်လိုက်ကြတဲ့အမျိုး"

"ဟုတ်ပြီ။ ငါဖြတ်လိုက်မယ်"

ပြောနေရင်း ဖုန်းဝင်လာပြန်သည်။ ရဲရင့်ဆီကို ခေါ်နေတာပါ။

"ဟယ်လို၊ မ"

"..........."

"မောင် စာပို့လိုက်တယ်လေဗျာ။ မလာနိုင်တော့ဘူးဗျ"

"..........."

"မများဘူး မရဲ့။ ခါးလေးနည်းနည်းနာသွားတာ။ စိတ်မပူနဲ့၊ ရတယ်"

"..........."

"ဟုတ်ကဲ့ မ။ See you later"

ဒီတစ်ခါတော့ ချစ်တယ်တို့၊ Fly kiss တို့၊ မွတို့ မပါတော့ပါ။

"ပြောနေရင်းကိုပဲ"

"မ နဲ့က သိပ်မတွေ့ဖြစ်ပါဘူးကွ။ သူဘာသာ စာတွေနဲ့ပိနေတာ"

"အဲဒီလိုမိန်ကလေး ရထားရင်လည်း တခြားတွေ ရှုပ်မနေနဲ့တော့လေ"

"မင်းကလည်း၊ သူ့အကြောင်းသိလို့လား?"

"မကြာခင် ဆရာဝန်ဖြစ်တော့မှာလေ။ မိဘအသိုင်းအဝိုင်းလည်း အဆင်ပြေတာပဲ"

"အဲဒီဂုဏ်ကို ငွေနဲ့ထပ်ဖို့လုပ်နေတာကျ မင်းသိလို့လား?"

"ဘာဖြစ်လို့လဲ?"

"သူ့အိမ်က သူဌေးတစ်ယောက်နဲ့ သဘောတူနေတာ သူမငြင်းဘူးလေ"

"အဲဒါပဲလေ။ မင်းဘက်ကသာ သူ့အသိုင်းအဝိုင်းထဲ ချပြလို့ကောင်းမယ့်လူမျိုးဆို အဆင်ပြေတယ်လေ။ အခုက မင်းတို့တကယ်ချစ်ကြရင်တောင် မင်းပုံစံနဲ့ သူ့မိဘကို ဘယ်လိုဖွင့်ပြောပြမလဲ?"

"ဟုတ်ပြီလေ။ ငါက အဲဒီလို မပွေမရှုပ်ရင်ရော သူက အဲဒီလူကို ငြင်းမှာတဲ့လား?"

"စကားကို ကပ်မပြောနဲ့။ မင်းကို ငါက ကောင်းစေချင်လို့ ပြောနေတာ"

"ငါ့ဘာသာ ပျော်ပျော်နေတာလေ။ ဘယ်သူ့ကိုမှလည်း မထိခိုက်ဘူး။ အသည်းတောင် ကွဲကြလို့လားကွာ"

"အေး၊ အဲဒီလိုတွေနဲ့တွဲနေမှတော့ တစ်ချိန်ချိန်မှာ ပြဿနာဖြစ်မှာပဲ။ ဘယ်တော့ ဆွဲစိခံရမလဲမသိဘူး။ မင်းနဲ့လည်း တည်တည်ငြိမ်ငြိမ်လေးတွေနဲ့ မတန်ပါဘူး"

"ငါက ငတုံးလား? မတန်ဘူးဆိုတာက ပါသေးတယ်"

"အလည်လွန်ပြီး ဖြစ်ကုန်ရင် ပိုဆိုးပြီလေ။ စောစောစီးစီး မိန်းမရမယ့်ကောင်"

"မတွဲဘူးကွာ။ နောက်နေ့ကစပြီး ယောက်ျားလေးတွေပဲ စိတ်ဝင်စားတော့မယ်"

မင်း ဘယ်လိုတွေပြောနေတာလဲ ရဲရင့်ရယ်။

"မင်းဘာသာ လုပ်ချင်ရာလုပ်။ ငါသွားပြီ"

"ဟာ! အတူတူ ထမင်းစားမယ်လေ"

ရဲ့ရင့်ပြောတာကို လှည့်မကြည့်ဘဲထွက်သွားသော သုတကြောင့် နောက်ကလိုက်ရပြန်ပါသည်။

"နေဦးလေ၊ သုတ"

"လိုက်မလာနဲ့။ ငါပြောတယ်နော်၊ လိုက်မလာနဲ့"

လိုက်မယ့်ခြေလှမ်းတွေသည် တုံ့ခနဲ။ တစ်ခါတလေတော့လည်း ညီရဲရင့်ဆိုသည်မှာ ခေသုတတစ်ခွန်းဆို တစ်ခွန်း။ အချို့သော ခေသုတရဲ့စကားတွေမှာ သူဆတ်ဆတ်ခါနာတတ်နေတာမျိုး။ အခုလည်း သုတအပြောတွေကိုမကြိုက်လို့ ပြန်ရွဲ့ရင်းက ဟိုကစိတ်လက်တစ်ဆစ်မို့ စိတ်ဆိုးသွားပြန်တော့ သူမနေနိုင်ပြန်။ အခုချိန်လိုက်သွားလည်း ရန်ထပ်ဖြစ်တာပဲ အဖတ်တင်မည်။

ဘာဖြစ်နေတာလဲ သုတရာ။ ငါ ပွေတာရှုပ်တာ မှန်ပါတယ်။ မင်းအဲဒီလို ခဏခဏပြောရင်တော့ ငါမကြိုက်ဘူး။
စောစောစီးစီး မိန်းမရမယ့်ကောင်တဲ့။ အေးပါ၊ မင်းကြည့်နေလိုက်။ ဘယ်မိန်းကလေးမှ မတွဲတော့ဘူး။ ဖြတ်ချင်ရင် ရက်ပိုင်းအတွင်း အကုန်လုံးကိုအပြတ်ဖြတ်လို့ရတယ်။
ဘာတဲ့? အဲဒီလိုပုံစံနဲ့ တစ်ဘက်ကမိဘတွေကို ဘယ်လိုမျက်နှာပြမလဲ ဟုတ်လား?
သူတို့သမီးတွေကလည်း အဲဒီလိုကောင်မှန်းသိရဲ့နဲ့ တွဲနေကြတာတော့ ထည့်မပြောတော့ဘူးလား?
ခေသုတ၊ မင်းရည်းစားရမှ ငါနဲ့တွေ့မယ်။

"သား! သုတနဲ့ ပြဿနာတက်ပြန်ပြီပေါ့။ မေမေကြားပါတယ်၊ သုတလေးပြောတာ မှန်တယ်။ ငါ့သား အဲဒီလိုတွေ မရှုပ်စမ်းပါနဲ့။ မေမေလည်းမကြိုက်ဘူး၊ ဘယ်သူမှလည်း ကြိုက်ကြမှာမဟုတ်ဘူး"

"ကောင်မလေးတွေ ကြိုက်လို့ပဲ အခုလိုတွဲနေတာလေ မေမေရဲ့"

"သားရယ်၊ မေမေဆိုလိုချင်တာ မင်းသိပါတယ်"

"သိပါတယ်၊ သားပဲလူဆိုးပါ။ ဆိုးသွမ်းနေရင်လည်း သူက သားသူငယ်ချင်းလေ။ ဘာကိစ္စ သူများဘက်ကနာပြီး ကိုယ့်သူငယ်ချင်းကိုယ် ချိုးချိုးဖဲ့ဖဲ့တွေ လာပြောတာလဲ?"

"အကုန်လုံးက မင်းကိုကောင်းစေချင်လို့ ပြောနေတာလေ။ အဲဒါကို ရန်လုပ်နေတာလား ရဲရင့်"

"မသိဘူး မေမေရာ။ ဘယ်သူ ဘာပြောပြော သူတော့မပြောရဘူး"

"အပြောမခံချင်ရင် အပြောလွတ်အောင်နေလေ။ မင်းလုပ်ပုံက ဟုတ်လို့လား?"

"မေမေ့သားက ညီရဲရင့်လား၊ ခေသုတလား၊ မသဲကွဲဘူး။ ကလေးချင်းများ လဲထားကြသလား?"

"ဟဲ့ကောင်လေး၊ မအေကို ဘယ်လိုတွေမေးနေတာလဲ? နာချင်နေပြီလား?"

အမေဖြစ်သူက လက်ရွယ်နေပြီမို့ ရဲရင့်တို့ ရှောင်ရတိမ်းရပြီလေ။

"စကားအဖြစ်မေးတာပါ မေမေရဲ့။ ဗိုက်ဆာတယ်၊ ထမင်းစားချင်တယ်၊ ဘာချက်လဲ?"

ရဲရင့်တို့ စကားလမ်းကြောင်းပြောင်းပြီး လူကပါ မီးဖိုခန်းဘက် ဦးတည်လိုက်ပြီးနေပြီ။

"ဘာမှမရှိဘူး။ ဒီအချိန်က ထမင်းချက်ချိန်လား?"

"ဟာ၊ မေမေကလည်း အကျန်လေးတောင်မရှိဘူးလား?"

"မရှိဘူးဟယ်။ နင့်ဘာသာ လမ်းထိပ်မှာမုန့်သွားဝယ်စား၊ သွား!"

"ဟာဗျာ၊ မေမေတို့ကလည်း စိတ်ဓာတ်ပဲ။ သူ့ယောက်ျားအတွက် ချန်ထားတာတွေရှိတာ မသိရင်ခက်မယ်။ ဟဟားးး"

ပြောလည်းပြော၊ အိမ်ရှေ့ဘက်ကို လှစ်ကနဲပြေးထွက်သွားလေရဲ့။

"သုတကို သွားခေါ်ရင်ကောင်းမလား? ဟာ၊ မခေါ်ဘူးကွာ! ငါလည်း သူ့ကိုစိတ်ဆိုးတယ်။ မခေါ်ဘူး၊ လုံးဝမခေါ်ဘူး။ ခေသုတ! ငါမင်းကို လုံးဝမခေါ်ဘူးကွ"

"""""""""""""""""""""""""""

ခေသုတ အိမ်ပြန်ရောက်လာကတည်းက အခန်းထဲသာ ဝင်နေမိပါတော့တယ်။ ခုတင်စွန်းလေးမှာထိုင်ရင်း စားပွဲပေါ်ကဓာတ်ပုံလေးကို တစ်ချက်လှမ်းကြည့်လိုက်တော့ ပုံထဲက ကလေးလေးနှစ်ယောက်ကတော့ သူ့ကို အပြစ်ကင်းစွာရယ်ပြလို့နေလေရဲ့။

"ငါလေ၊ ကြာရင်ရူးတော့မယ်ထင်တယ် ရဲရင့်ရာ။ မင်းကတော့ ဘာမှအပူအပင်မရှိ အေးချမ်းလိုက်တာ။ ငါ့မှာတော့ တစ်နေ့တစ်နေ့ မင်းကိုချစ်တဲ့အချစ်မီးတွေနဲ့ပူလောင်နေပြီ၊ ရဲရင့်။ မင်းဒီအတိုင်းပဲ ရှေ့ဆက်သွားတော့မှာလား? အင်း ... မင်းသာ ဒီအတိုင်းရှေ့ဆက်သွားရင် ငါလည်း ဘာတွေလုပ်မိမယ်မသိတော့ဘူး၊ ရဲရင့်။ ငါ့စိတ်ကို မထိန်းနိုင်မှာစိုးတယ်ကွာ"

*ဒေါက် ဒေါက်*

အတွေးနွံထဲနစ်မျောနေစဉ် တံခါးခေါက်သံပြင်းပြင်းကြောင့် အတွေးတို့ကလွင့်ပြယ်သွားလေရဲ့။

*ဒေါက် ဒေါက်*

"သားရေ ... သုတ၊ သားသား"

"ဗျာ! လာပြီ၊ မေမေ"

တံခါးဖွင့်ပေးလိုက်တော့ မေမေကအခန်းဝမှာရပ်ရင်း သုတအားကြည့်ကာ

"သား အိပ်နေတာလား?"

"မအိပ်ပါဘူး မေမေရဲ့။ ဘာလဲဟင်? မေမေဘာခိုင်းစရာရှိလို့လဲ?''

''ခိုင်းစရာမရှိပါဘူး သားရယ်။ ပြန်ရောက်လာတည်းက အခန်းထဲတန်းဝင်သွားတော့ နေများမကောင်းဘူးလားလို့ပါကွယ်"

"ကောင်းပါတယ် မေမေရဲ့ "

"အင်း၊ အဲ့ဒါဆိုလည်း ရေလေးဘာလေးချိုး။ ညနေမင်းဖေဖေပြန်လာရင် ဧည့်သည်ပါလာမယ်တဲ့၊ သူ့မိတ်ဆွေရဲ့သားဆိုလားပဲ။ ဒီမှာနေပြီး ကျောင်းတက်မှာတဲ့"

"ဟမ်! အင်းပါ၊ သားသိပြီ"

"အေး၊ အဲ့ဒါဆို မေမေသွားပြီ"

မေမေထွက်သွားတော့မှ သုတ ခေါင်းကိုလက်နှစ်ဖက်နဲ့ထုလိုက်ရင်း နှုတ်ကလည်းစကားတစ်ခွန်းကို ခပ်ကျယ်ကျယ်အော်ရင်း ရေချိုးခန်းထဲဝင်သွားပါတော့တယ်။ သုတအော်လိုက်သည်က
"ရှုပ်ရှုပ်ယှက်ယှက်တွေ" တဲ့လေ။

မနေနိုင်တဲ့ရဲရင့်တစ်ယောက်ကတော့ သုတကြိုက်သည့်မုန့်လေးတွေလက်ကဆွဲလို့ သုတရှိရာသို့ ချီတက်လာခဲ့လေတော့သည်။
အိမ်ထဲလှမ်းဝင်လိုက်တော့ မေမေသက်ကိုတွေ့ရသည်မို့ အနောက်ကနေ တိတ်တိတ်လေးသွားပြီး ခါးကိုဖက်လိုက်တော့ မေမေသက်က ရဲရင့်ဆိုတာကိုသိနေသည်မို့ ရယ်နေတော့သည်။

"ကဲ! အချွဲလေး၊ ဒီနည်းလမ်းပဲလား? မေမေသက်ကရိုးနေပြီ"

"ဟာ၊ မေမေသက်က မမိုက်ပါဘူးဗျာ။ လန့်လည်းမလန့်ဘူးကွာ"

"အမလေးဟယ်၊ ရှင့်အကွက်တွေက ရိုးနေပြီရှင့်။ ကဲ၊ ပြော! နှစ်ယောက်သား စိတ်ကောက်နေကြတယ်မလားဟင်?"

"အွန်း၊ မေမေသက်ကဘယ်လိုသိ?"

"အမလေး၊ ဒီသားတွေအကြောင်း ဒီအမေသာအသိဆုံးပါတော်"

"အဟီးး၊ မေမေသက် သုတရော?"

"အခန်းထဲမှာ သားရဲ့။ ရေချိုးနေတယ်ထင်တာပဲ"

"ဟုတ်၊ သားတက်သွားလိုက်မယ်"

ရဲရင့်  သုတအခန်းရှေ့ရောက်တော့ အရင်လိုစွတ်ရွတ်မဝင်ရဲတော့ဘူး။ သင်းက စိတ်ဆိုးနေတာလေ။ တော်ကြာ ဆောင့်ကန်လွှတ်ရင် ဒုက္ခရောက်ဦးမယ်။ တံခါးအရင်ခေါက်လိုက်တာက ပိုအဆင်ပြေမယ်ထင်တာပဲ။
တွေးနေတုန်း အခန်းတံခါးက ရုတ်တရက်ပွင့်လာတာကြောင့် ရဲရင်လန့်ပြီး အနောက်ကိုလန်ကျသွားလေရဲ့။

"ဒီတစ်ခါဆိုရင်တော့ သေပြီပဲ" ဟုသာတွေးရင်း မျက်လုံးသာစုံမှိတ်ထားလိုက်တော့တယ်။ သို့ပေမဲ့ အောက်ပြုတ်မကျဘဲ လေထဲတွင်တိုးလို့တန်းလန်းဖြစ်နေတာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ သုတလက်အစုံက ကိုယ့်အင်္ကျီရင်ဘတ်စကိုဆွဲထားခြင်းပင်။

"အင်္ကျီပြဲချင်နေတာလား၊ ဒါမှမဟုတ် ဖင်အောင့်ချင်ပြန်ပြီလား? ထလေ "

"ဪ၊ အင်း ... အင်း"

လှေကားအတိုင်း တစ်လှမ်းချင်းဆင်းနေရင်း စကားစလာသူက သုတပင်။

"ဘာလာလုပ်တာလဲ?"

"ငါ မင်းကြိုက်တဲ့မုန့်တွေဝယ်လာတယ်"

"ဘာလုပ်ဖို့လဲ?"

"မင်းစားဖို့လေ"

"ငါက စားချင်တယ်ပြောမိလို့လား?"

"မပြောမိပါဘူး၊ ငါကစေတနာနဲ့"

"မလိုဘူး"

ဟူးးး မင်းစိတ်ပြေအောင် ငါဘာလုပ်ရမလဲ သုတရယ်? အရှေ့ကနေထွက်သွားပြီဖြစ်တဲ့ သုတကျောပြင်အားငေးကြည့်ရင်း ရဲရင့် ရင်ထဲမှာ ဘာရယ်လို့အမည်တပ်မရတဲ့ ခံစားချက်ကြီးကြောင့် ရင်ဘတ်တွေပင်အောင့်လာရသည်အထိ ခံရခက်လွန်းသည်။ ထို့ကြောင့် ဘယ်ဘက်ရင်ဘတ်အား လက်နှင့်အသာဖိကာ ရပ်နေလိုက်မိသည်။

အနောက်ကအသံတိတ်သွားလို့ လှည့်ကြည့်တော့ လှေကားလက်ရန်းကိုကိုင်ထားကာ ရင်ဘတ်အားလက်နှင့်ဖိပြီး ရပ်နေသည့်ရဲရင့်ကို တွေ့ရသည်မို့ လူကပူထူသွားကာ အနားကိုအပြေးပြန်သွားရင်း ရဲရင့်ခန္ဓာကိုယ်အား အသာအယာလှုပ်၍ ဘာဖြစ်တာလဲဟူသောစကားအား ဘယ်နှခါမြောက်မှန်းမသိအောင် စိုးရိမ်စွာနဲ့ ထပ်ခါမေးနေမိပါတော့သည်။

"ရဲရင့်၊ ဘာဖြစ်တာလဲဟမ်? ရဲရင့်! မင်းဘာဖြစ်နေတာလဲလို့? ဟေ့ကောင်၊ ညီရဲရင့်!!"

"ခဏ အသက်ရှူပါဦး သုတရယ်၊ ငါဘာမှမဖြစ်ပါဘူး။ ခုန ရင်ဘတ်ထဲက အောင့်သလိုဖြစ်သွားလို့ပါ''

"ဟာ၊ အဲ့ဒါဘာမှမဖြစ်ဘူးလား ငနွားလေးရဲ့။ မေမေရေ ... မေမေ၊ မေမေလာပါဦး"

ဒေါ်ခင်မေသက်လည်း သားဖြစ်သူရဲ့အော်သံကြောင့် အပြင်ပြေးထွက်လာရင်း

"ဘာလဲ၊ ဘာလဲ? ဘာဖြစ်တာလဲ?"

"မေမေ၊ ရဲရင့်ကလေ ရင်ဘတ်အောင့်လို့တဲ့"

"ဟုတ်လား သားလေး"

"ဟုတ် မေမေသက်၊ ခုနကပါ။ အခုသားအဆင်ပြေသွားပြီ၊ တကယ်"

"အေးပါ သားရယ်။ သွား သွား၊ ဟိုမှာသွားထိုင်နေကြ။ မေမေ သစ်သီးဖျော်ရည်လေးလုပ်ပေးမယ်နော်"

"ဟုတ်ကဲ့"

ထိုင်ခုံလေးပေါ်ထိုင်ရင်း သုတ ရဲရင့်အား စိတ်မချသလိုကြည့်နေမိသည်။ ရဲရင့်သည်လည်း ခေါင်းလေးအသာငုံ့လို့ သုတအားခိုးခိုးကြည့်နေလေရဲ့။

"သုတ"

"အင်း"

"ငါ့ကို စိတ်မဆိုးနဲ့တော့နော်။ ငါလေ၊ မင်းမကြိုက်တာ မလုပ်တော့ပါဘူး။ ငါ့ကိုစကားမပြောဘဲ မနေနဲ့နော်၊ သုတ"

"အင်း"

"ငါဝယ်လာတဲ့မုန့်တွေလည်း စားရမယ်နော်၊ သုတ"

"အေး''

"သုတ"

"အွန်း"

"တကယ် စိတ်ဆိုးပြေပြီပေါ့နော်?"

"အင်း"

"ပါးစပ်ကဖြေလေကွာ"

"ငါကအခု ဖင်ကအသံထွက်နေလို့လား ရဲရင့် "

"မင်းကလည်း ကြားချင်လို့ "

"ဘာကိုလဲ?"

"စိတ်ဆိုးပြေပြီလို့ ပြောတာကို"

"ပြေပြီ"

"ယေးးး ဒါမှ ငါ့ရဲ့သုတကွ! ဟဟားးး"

ပျော်ပျော်နေပါ ချစ်သူ၊
မင်းအပြုံးတွေက ငါ့အတွက် အားဆေးမို့။
မငိုပါနဲ့ ချစ်သူ၊
မင်းမျက်ရည်တွေက ငါ့ရင်ကိုခွဲမယ့် ဓားတစ်လက်မို့ ... အမြဲပျော်နေပေးပါ ချစ်သူရေ။

""""""""""""""""""""""'''''""""""""

by Jay & Demon
© Demon ,
книга «Zippy Amor (Lively Friendship)».
Коментарі