Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30): Final
Chapter (29)
*ေဖေဖ၊ သားေျပာစရာရွိလို႔*

"ေအး၊ ေျပာေလကြာ"

*ေျပာရမွာ အားနာလို႔*

"မေျပာဘဲေနလို႔ ၿပီးသြားမွာဆိုရင္ေတာ့ တစ္မ်ိဳးေပါ့ကြာ"

*သားေလ၊ ရည္းစားေတြ အရမ္းမ်ားခဲ့တယ္*

"သိပါ့ကြာ။ အခုေျခၿငိမ္ေနတာလည္း သိတယ္"

*အဲဒါ သား ေခသုတကိုခ်စ္လို႔။ သားေျပာတာ ဘယ္လိုအခ်စ္လဲဆိုတာေတာ့ ေဖေဖ သိမယ္ထင္ပါတယ္*

"ဟင္း ... ေျပာေတာ့လည္း တည့္တိုးကြာ"

"..............."

"အေဖတစ္ေယာက္အေနနဲ႔ သားနားမွာအျမဲမရွိႏိုင္ေပမဲ့ သားအေၾကာင္းေတြကို အေဖ အျမဲတမ္းဂ႐ုစိုက္ေနတာပါ။ အခုအခ်ိန္အတြင္းမွာကို အေဖသတိထားမိပါတယ္။ ဒါေပမဲ့ သားရယ္၊ မင္းတို႔ႏွစ္ေယာက္က ငယ္ငယ္တည္းက အတူတူတစ္တြဲတြဲမို႔ သံေယာဇဥ္ေၾကာင့္ျဖစ္လာတဲ့ တျခားအခ်စ္မ်ိဳးလည္း ျဖစ္ႏိုင္တာပဲ"

*ေသခ်ာကို ေတြးၾကည့္ၿပီးမွ ေျပာတာပါ။ ဒီလိုကိစၥကို သားက လြယ္လြယ္ေျပာပါ့မလား*

ရဲရင့္မ်က္ႏွာသည္ တည္ၿငိမ္မေနပါ။ စိုးရိမ္ပူပန္မႈမ်ားလည္း အထင္းသား။ အားနာမႈတို႔သည္လည္း တရိပ္ရိပ္ေျပးကာ၊ ေမၽွာ္လင့္ခ်က္တခ်ိဳ႕မွာလည္း ခိုတြဲရင္း၊ ေတာင္းပန္တိုးလၽွိဳးျခင္းမ်ားလည္း ကပ္ၿငိပါေနသည္။

"သားတို႔က တစ္ဦးတည္းေသာသားေတြေနာ္။ မိဘေတြအတြက္ ေတြးမေပးေတာ့ဘူးလား။ သားနဲ႔၊ မယားနဲ႔၊ မိသားစုသိုက္သိုက္ဝန္းဝန္းေလး ျဖစ္ေစခ်င္တာေတာ့ မိဘေတြရဲ႕အတၱေပါ့ကြာ"

*အရမ္းကို အားနာရပါတယ္။ သူလည္း အဲဒီကိစၥ ေတြးပူေနမယ္ထင္တယ္။ တစ္ခါက သူေျပာဖူးတယ္။ ပတ္ဝန္းက်င္ကဘယ္လိုေျပာမလဲ၊ မိဘေတြသေဘာတူပါ့မလားတဲ့။ သားလည္း ေတြးမိပါတယ္။ ေဖေဖေျပာသလို ႏွစ္ေယာက္လံုးက တစ္ဦးတည္းေသာေတြမို႔ ေဖေဖတို႔ လက္ခံဖို႔ခက္တာလည္း နားလည္ပါတယ္။ သားတို႔ကို နားလည္ေပးလို႔ရမလား ေဖေဖ*

"ခ်စ္သူေတြ ျဖစ္ေနၾကၿပီလား"

*အေျဖမေပးေသးဘူး။ သူ အေတြးေတြမ်ားေနတယ္ထင္တယ္*

"မင္း ေပြခဲ့တာေတြေၾကာင့္ေရာ မပါဘူးလား"

"အင္း"

"ဪ၊ မိဘေရွ႕က် အခုမွအသံထြက္ရသလား"

*ေဖေဖကလည္း*

"ငါ့သားဘက္က သိပ္ကိုေသခ်ာေနၿပီလား။ သားအေမကိုေရာ ေျပာၿပီးၿပီလား"

*ေသခ်ာတယ္ ေဖေဖ။ ေမေမ့ကို မေျပာရေသးဘူး*

"အေဖကို အရင္တိုင္ပင္တယ္ေပါ့ေလ"

*အစကတည္းက ေဖေဖ့ကိုအရင္ဖြင့္ေျပာဖို႔ ေတြးထားတာပါ*

"စဥ္းစားပါဦးကြာ။ သားအေမကိုေတာ့ အေဖပဲေျပာလိုက္ပါ့မယ္။ ေနျပန္ေကာင္းမွ ေသခ်ာေဆြးေႏြးၾကတာေပါ့"

ရဲရင့္ေခါင္းညိတ္ျပလိုက္ေတာ့ အေဖျဖစ္သူက ေခါင္းေလးကိုပုတ္လိုက္ၿပီး

"နားေတာ့။ ငါ့သားေလး အသံျမန္ျမန္ျပန္ထြက္မွပါပဲ။ အေဖပ်င္းတယ္ကြ"

အေဖတစ္ေယာက္ရဲ႕ေမတၱာေၾကာင့္ ရဲရင့္ လႈိက္လႈိက္လွဲလွဲျပံဳးမိၿပီး အေဖျဖစ္သူ တံခါးပိတ္၍ထြက္သြားသည္အထိ လိုက္ၾကည့္ေနမိသည္။

ေဖေဖက ေနျပန္ေကာင္းမွ ဆက္ေဆြးေႏြးမယ္တဲ့။ သုတက မင္းပါးစပ္ကေန ေသခ်ာဖြင့္ေျပာပါတဲ့။ ေသခ်ာေပါက္ကို စကားသံျပန္ထြက္မွ အဆင္ေျပမွာ။ ငါ့ဘက္က မိဘေတြနဲ႔ ေသခ်ာညႇိႏႈိင္းၿပီးရင္ေတာ့ မင္းဘက္က ေသေသခ်ာခ်ာေလးအေျဖေပးပါ ေခသုတေရ။

¤

စာေမးပြဲနီးေန၍ သုတႏွင့္တိိ္မ္ယံ စာအုပ္ပံုၾကားေခါင္းစိုက္ေနသကဲ့သို႔ ရဲရင့္သည္လည္း သုတေဘးတြင္ထိုင္ကာ တြက္စာပံုေသနည္းမ်ား စုေပးေနေလသည္။

ရဲရင့္ရယ္၊ မင္းကေလ စာေမးပြဲမေျဖျဖစ္တာေတာင္ ငါနဲ႔အတူ စာၾကည့္ေပးေနေသးတာလား။

"ရဲရင့္၊ ေခါင္းကိုက္မယ္။ နားေတာ့"

"ဟင့္ အင္း"

ေမာ့မၾကည့္ပါဘဲ ဟင့္အင္းတစ္ခြန္းကို ရေအာင္ေျပာလာသည္။

"ငါ့ဘာသာ ဆက္လုပ္လိုက္မယ္ေလ။ မင္းလက္က အဆင္မေျပဘူးေလကြာ"

ေခါင္းခါလာသည့္ရဲရင့္ေၾကာင့္ သုတစိတ္တိုသြားရသည္။ စိတ္ပူ၍ေျပာသည္ကို လွည့္ပင္မၾကည့္ပါဘဲ ေခါင္းမာေနသည္က အဖက္မတန္သကဲ့သို႔ပင္။

"ညီရဲရင့္ !!!"

သုတေအာ္သံေၾကာင့္ မနီးမေဝးခံုတြင္စာလုပ္ေနေသာ တိမ္ယံသည္ပင္ လွမ္းၾကည့္လာသည္။ ရဲရင့္ကေတာ့ ပ်ာပ်ာသလဲလွည့္ၾကည့္ကာ ဘာေၾကာင့္ေအာ္သည္ကို နားမလည္ႏိုင္ဟန္ျဖင့္ ၾကည့္ေနသည္။
႐ုတ္တရက္ ထေအာ္မိၿပီးခါမွ ျပဴးေၾကာင္ေၾကာင္ၾကည့္လာေသာ မ်က္လံုးႏွစ္စံုေၾကာင့္ ေခသုတတို႔ စကားလံုးမ်ားေပ်ာက္ဆံုးကုန္သည္။ ရဲရင့္မ်က္ႏွာ ညႇိဳးက်သြားၿပီး တိမ္ယံက ေျပးေပါက္ရွာေနသကဲ့သို႔ လႈပ္လႈပ္ရြရြ။ သည္လိုဆိုေတာ့ျဖင့္ ေအာ္မိသူကသာ လူၾကမ္းျဖစ္ရေလၿပီ။

"နားလိုက္ေတာ့ ရဲရင့္ရာ"

*ငါက မင္းစာၾကည့္ရလြယ္ေအာင္ ကူေပးတာပါ။ ၿပီးေတာ့ အဲဒါ စာေမးပြဲတိုင္း ငါလုပ္ေပးေနက်ေလ။ မင္းမႀကိဳက္ရင္ မလုပ္ေတာ့ပါဘူး*

လုပ္လာၿပီ။ ညီရဲရင့္ရဲ႕အခ်ိဳးေတြက ေခသုတကို လူၾကမ္းဇာတ္သြင္းေနၿပီ။ ဘယ္လက္နဲ႔ စာ႐ိုက္ကၽြမ္းက်င္လာေလ၊ အႏွစ္ႏွစ္အလလကမာယာေတြကို စာေရးၿပီး ပိုပိုသံုးလာေလပါပဲ။ စိတ္ေလၽွာ့ ေခသုတ၊ စိတ္ေလၽွာ့။

"ရဲရင့္၊ ငါကေလ မင္းကိုစိတ္ပူလို႔ ေျပာတာပါ။ မင္းက ငါေျပာတာကိုအဖက္မလုပ္ဘဲ ျငင္းေနေတာ့ ငါ ေသးေသးေလးစိတ္တိုသြားတာ။ ေအာ္ခ်င္လို႔ေအာ္တာမဟုတ္ဘူး"

*ရပါတယ္။ ႐ုတ္တရက္ႀကီးထေအာ္ေတာ့ စိတ္မေကာင္းျဖစ္သြား႐ံုပါ*

ေတြ႕လား။ သူက စိတ္မေကာင္းျဖစ္သြားတာဆိုေတာ့ ေအာ္မိတဲ့လူက တိုင္နဲ႔ေခါင္းနဲ႔ ေျပးေဆာင့္ခ်င္ေနၿပီ။ ဘယ္လိုမ်က္ႏွာေပးနဲ႔ လူကိုအပိုင္ကိုင္တယ္မသိ။ ဒါေတာင္ အသံေနအသံထားမပါေသးလို႔။

"Sorry ပါ၊ ရဲရင့္ေလးရယ္။ ငါက စိတ္ေလာသြားတာ"

*စိတ္တိုတာဆို?*

"ေသးေသးေလး"

*အခုေရာ?*

"မတိုေတာ့ဘူး။ အဲဒါ ခုနက"

*ဘာလို႔ စိတ္တိုတာလဲ*

"မင္းကို စိတ္ပူလို႔"

*ဘာလို႔ စိတ္ပူတာလဲ*

"မင္းတစ္ခုခုထပ္ျဖစ္ရင္ ငါအရင္ေသမွာ"

*အဲဒီေလာက္ ငါ့အတြက္ေတြးလား*

"ဟာ၊ ေတြးတာေပါ့"

*ဘာလို႔?*

"ငါ မင္းကို ... အဲ ... ဘာလဲ၊ မင္းက ဘာကိစၥ အေမးအျမန္းထူေနတာလဲ။ သြားေတာ့၊ သြားနားလိုက္ေတာ့။ ငါ့ဘာသာ စာလုပ္ႏိုင္တယ္၊ ကေလးမဟုတ္ဘူး။ လိုက္ၾကည့္ေပးေနစရာ မလိုဘူး။ ငါ့ကို ဆရာလာလုပ္ေနစရာလည္း မလိုဘူး"

ေအာ္သည္လည္းမဟုတ္ပါဘဲ လက္က စာအုပ္ေတြဆြဲယူသိမ္းကာ ပါးစပ္မွလည္း စကားေတြေတာက္ေလၽွာက္ေျပာခ်သြားသည့္ ေခသုတကို ညီရဲရင့္ ျမတ္ျမတ္ႏိုးႏိုးၾကည့္ေနမိသည္။ ၿငိမ္သြားသည့္ ညီရဲရင့္ေၾကာင့္  ေခသုတ စာအုပ္ေတြငံု႔သိမ္းေနရာမွ ေမာ့ၾကည့္မိေတာ့

"ဘာ ... ဘာျဖစ္လို႔လဲ၊ ဘယ္လိုႀကီးၾကည့္ေနတာလဲ"

ရဲရင့္အၾကည့္ေၾကာင့္ မလံုမလဲျဖစ္ကာ တိမ္ယံရွိေနသည္ကိုသတိရၿပီး လွမ္းၾကည့္မိသည္တြင္ ထိုကေလးမရွိေတာ့ပါ။ ထထြက္သြားသည္ကိုလည္း မသိလိုက္သည္အထိ။

"တိမ္ယံ ဘယ္ေရာက္သြားလဲ"

*Sorry ပါ၊ ရဲရင့္ေလးရယ္ ... ဆိုကတည္းက ထထြက္သြားတာပဲ*

စာ႐ိုက္ၿပီးေတာ့လည္း မခ်ိဳမခ်ဥ္အျပံဳးႏွင့္ ျပံဳးျပေနျပန္သည္။

"သြားေတာ့။ ငါေတာ့ စာလုပ္ျဖစ္ေနဦးမယ္"

စာလုပ္ခ်င္ေယာင္ေဆာင္သည္ ေျပာရမည္လား၊ ေတြ႕ရာစာအုပ္ဆြဲယူလိုက္သည့္ ေခသုတက ဘာေၾကာင့္ရင္ခုန္ေနသည္မသိပါ။

*စာေမးပြဲၿပီးရင္ ငါတို႔ ေအးေအးေဆးေဆး စကားေျပာရေအာင္ေနာ္။ အခု မင္း စာလုပ္ပါ၊ ငါမေႏွာင့္ယွက္ေတာ့ဘူး။ ဒါေပမဲ့ မင္းအခန္းထဲမွာ ခဏအိပ္မယ္။ ရတယ္မလား*

"အင္း၊ ထ။ ေျခေထာက္ျပန္နာမယ္၊ ငါ့ကိုဆြဲၿပီးထ"

"အင္း"

မင္းက စာေမးပြဲကို ေအးေအးေဆးေဆးေျဖၿပီး ေနာက္တစ္ႏွစ္ကိုဆက္သြားပါ။ ငါက ငါတို႔ဘဝအတြက္ မင္းေတြးပူခဲ့တာေတြကို မင္းအစားေျဖရွင္းၿပီး ငါတို႔အနာဂတ္အတြက္ ဆက္သြားမယ္။
ခ်စ္တယ္၊ "သု တ ေလး"

¤

ခ်စ္ၾကည္ႏူး တစ္တီတူးစုံတြဲအား အျမင္ကပ္လာသျဖင့္ တိမ္ယံ အခန္းအျပင္ထြက္လာခဲ့လိုက္ေတာ့သည္။ စာက်က္ရတာလည္း ၾကာလာသျဖင့္ အေညာင္းအညာေျပေစရန္ အိမ္ေရွ႕ထြက္လာကာ အေၾကာဆန္႔ရင္း တျဖဴးျဖဴးတိုက္ခတ္လာေသာ ေလႏုေအးတို႔အား မ်က္လုံးမွိတ္ေခါင္းေမာ့ကာ ခံစားေနမိသည္။ ေအးခ်မ္းမႈ၊ ၾကည္ႏူးလန္းဆန္းမႈတို႔ေၾကာင့္ ၿငီးျငဴေနသည့္စိတ္တို႔လြင့္ျပယ္သြားကာ လူကလန္းဆန္းတက္ႂကြလာသည္။ ထိုစဥ္ ဆူညံစြာထြက္ေပၚလာေသာ ဖုန္းသံေၾကာင့္ တိမ္ယံ "က်စ္"ခနဲစုပ္သတ္လိုက္မိသည္။

"Hello, ေျပာ"

"အဟား၊ ေလသံကလည္းကြာ၊ သံမဏိျဖစ္ေနပါ့လား ယံေလးရဲ႕"

"ဘာလဲဗ်ာ"

"ဘာျဖစ္လို႔လဲ၊ စိတ္မၾကည္ဘူးလား"

"ခုနအထိေတာ့ၾကည္တယ္။ ခင္ဗ်ားအသံၾကားလိုက္ရေတာ့ ၾကည္ေနတဲ့စိတ္ေတာင္ ႐ႊံ႕ေနာက္ေရျဖစ္သြားၿပီ"

"ေၾသာ္၊ Sorry ပါကြာ။ ကိုယ့္ေၾကာင့္ ... အင္း ... ဒါပဲေလ။ ကိုယ္က ယံေလး စာၾကည့္ရတာေခါင္းပူေနမွာစိုးလို႔ လွမ္းဆက္လိုက္တာ။ ဒါဆို ကိုယ္မေႏွာင့္ယွက္ေတာ့ဘူးေနာ္၊ စာၾကည့္ေတာ့ေလ"

"Hello, hello, ေဟ့လူ။ ဟာ ... ဒီလူက ဘာျဖစ္သြားတာလဲဟ"

ေျပာခ်င္ရာေျပာၿပီး ဖုန္းခ်သြားေသာ ထူးျမတ္အား တိမ္ယံအားနာမိသည္။ တစ္ဖက္ကဖုန္းစေခၚကတည္းက ျပန္ေျပာေနမိသည္က အကန္စကားမ်ားပင္။ ထို႔အျပင္ သူ႔ေၾကာင့္စိတ္ညစ္ရတယ္ဆိုေတာ့ စိတ္မေကာင္းျဖစ္သြားသည္ထင္ပါရဲ႕။

"ဟူးးး ခင္ဗ်ားဗ်ာ"



ထူးျမတ္ ဖုန္းအားလက္ထဲဆုပ္ကိုင္ထားရင္း မလႈပ္မယွက္ထိုင္ေနမိသည္။ ရင္ထဲကေဝဒနာ ကိုယ္သာအသိဆုံးမဟုတ္လား။ ခ်စ္ရသူထံမွ စိမ္းကားရက္စက္ေသာ စကားလုံးမ်ားေၾကာင့္ အရာရာဗလာနတၳိ။ အခ်စ္က နာက်င္ေစသည္လား၊ ခ်စ္ရသူကပဲ ကိုယ့္ကိုရက္စက္ေနသည္လား။ တစ္ဖက္သတ္ခ်စ္ျခင္းတို႔သည္ နာက်င္ရျမဲပါပဲလား။

"ကိုတိုးေရ၊ ကိုတိုး"

ထူးျမတ္ မိမိအိမ္မွာအလုပ္လုပ္ေသာ အစ္ကိုအား လွမ္းေခၚလိုက္သည္။

"ဗ်ာ"

"လာဦး အစ္ကို၊ ကၽြန္ေတာ္သြားခိုင္းစရာရွိလို႔"

"ဟုတ္ကဲ့"

"ေရာ့ အစ္ကို၊ ဒီမုန္႔ထုပ္ေတြနဲ႔ အားျဖည့္ေဆးရည္ေတြကို သုတတို႔အိမ္ကို သြားပို႔ေပးပါ"

"ဟမ္၊ ကိုယ့္ဟာကိုယ္မသြားဘူးလား"

"အစ္ကိုကလည္းဗ်ာ၊ သြားေပးစမ္းပါ။ ေမးျမန္းမေနပါနဲ႔။ သုတအတြက္မဟုတ္ဘူး၊ အဲ့ဒီအိမ္ကေကာင္ေလး တိမ္ယံအတြက္ဗ်ာ"

"ေအး၊ တိမ္ယံအတြက္လို႔ေျပာလိုက္ရမွာေပါ့၊ ဟုတ္လား"

"အင္း၊ သြားေတာ့"

"ေအးပါ၊ သြားပါ့မယ္"

¤

ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနေသာ ရဲရင့္အား သုတထိုင္ၾကည့္ေနမိသည္။

'အျမန္ဆုံးေနေကာင္းပါေတာ့လား။ စကားေတြလည္း အမ်ားႀကီးေျပာပါေတာ့လား၊ ရဲရင့္ရယ္'

"သားေရ၊ သုတ"

အခန္းေရွ႕က ေမေမ့ေခၚသံေၾကာင့္ သုတ တံခါးသြားဖြင့္ေပးလိုက္ေတာ့ ေမေမကအခန္းထဲဝင္လာကာ အိပ္ေပ်ာ္ေနေသာရဲရင့္အားၾကည့္ကာ မ်က္ရည္ဝဲေနေလၿပီ။  ေမေမဟာ သားအရင္းျဖစ္သူထက္ ရဲရင့္ကိုပိုခ်စ္ေလသလား ေတြးမိသည္။

"ဟင္း ... ေမသက္ခၽြဲစိန္ေလး၊ သနားစရာေကာင္းလိုက္တာ။ သူ႔ခမ်ာ ဘယ္ေလာက္ေတာင္ပင္ပန္းေနမလဲ။ စာေမးပြဲလည္း မေျဖႏိုင္ရွာဘူး။ သနားလိုက္တာ သားေလးရယ္"

"ဟင္း၊ ေမေမရာ။ အဲဒီေလာက္လည္းမဟုတ္ပါဘူး၊ စိတ္မပူပါနဲ႔"

"အင္း၊ သားသားလည္း မနက္ျဖန္စာေမးပြဲေျဖရေတာ့မယ္။ ညေနမွ ေမေမ ၾကက္စြပ္ေလးလုပ္တိုက္ဦးမယ္။  နားနားေနေနလည္းေနဦးေနာ္၊ ၾကားလား"

"ဟုတ္ကဲ့"

"ေအး၊ ညေနေစာင္းေနၿပီ။ ခဏေနရင္ သားရဲရင့္ေလးကို ႏႈိးလိုက္ေတာ့။ ယံေလးေရာ?"

"အိမ္ေရွ႕မွာထင္တယ္"

"ေအး ေအး၊ ေရေစာေစာခ်ိဳးၾက။ သားတို႔စားဖို႔ ေမေမစီစဥ္လိုက္ဦးမယ္။ သားပါေရာအိပ္မေနနဲ႔ေနာ္"

"ဟုတ္ကဲ့ ေမေမ"

¤

ယံေလး ထိုင္ေနရာမွထကာ အိမ္ထဲျပန္ဝင္ခါနီး အိမ္ေရွ႕ကဘဲလ္တီးသံေၾကာင့္ အိမ္ေရွ႕တံခါးဆီအျမန္ေျပးသြားလိုက္ေတာ့ တစ္ခါမွမျမင္ဖူးတဲ့သူတစ္ေယာက္ အထုပ္ေတြဆြဲၿပီးရပ္ေနတာေၾကာင့္

"ဧည့္သည္ထင္တယ္၊ အိမ္ထဲဝင္မလို႔လားဗ်"

"ဗ်ာ၊ ဪ၊ မဝင္ေတာ့ပါဘူး။ ဟို ... ဒီအိမ္က တိမ္ယံဆိုတဲ့ေကာင္ေလးကို အစ္ကိုတို႔အိမ္က အစ္ကိုေလးက ဒါေတြလာပို႔ခိုင္းလို႔ပါ"

"ဟမ္၊ ဘယ္သူကလဲ"

"ထူးျမတ္ပါ။ သိလား"

"အမ္းး အဟမ္း၊ သိတယ္။ တိမ္ယံက ကၽြန္ေတာ္ပါ"

"ဟုတ္ကဲ့ပါ။ ဒါဆို ဒါေလးေတြယူလိုက္ပါေနာ္"

"ဟုတ္ကဲ့။ ဟို ... ခဏေလးေစာင့္ေပးပါဦးေနာ္"

"ရပါတယ္"

တိမ္ယံ အထုပ္ေတြဆြဲ၍ အိမ္ထဲေျပးဝင္လာကာ အထုပ္ေတြကို ဧည့္ခန္းကစားပြဲေပၚတင္လိုက္သည္။ စာအုပ္ႏွင့္ေဘာပင္ယူ၍ စာရြက္ထဲ၌စာအခ်ိဳ႕ေရးကာ ၿခံေရွ႕ကအစ္ကိုထံေျပးသြားၿပီး စာရြက္ေလးေပးကာ

"အစ္ကို၊ ဒါေလးကို ကိုထူးျမတ္ကိုေပးလိုက္ပါေနာ္"

"ဟုတ္ကဲ့ပါ။ သြားလိုက္ပါဦးမယ္ေနာ္"

"ဟုတ္ကဲ့"

¤

ထူးျမတ္ စာၾကည့္ေနရင္း ကိုတိုးေခၚသံေၾကာင့္ အခန္းတံခါးဖြင့္ေပးလိုက္ၿပီး

"ျပန္လာၿပီလား။ ယံေလးနဲ႔ေတြ႕ခဲ့လား။ ဘာေျပာလိုက္ေသးလဲ။ မုန္႔ေတြေရာ ယူထားလား။ သူစိတ္ဆိုးေသးလား"

"ခဏ၊ ခဏ၊ အသက္႐ွဴပါဦးကြာ"

"အဟဲ၊ ေလာသြားလို႔ပါ"

"ဘာမွေတာ့မေျပာပါဘူး။ မုန္႔ေတြလည္းယူထားလိုက္တယ္။ ဒီမွာ စာျပန္ေပးလိုက္တယ္။ ေရာ့"

"ဟုတ္လား။ ေပး ေပး၊ ေက်းဇူးပါ အစ္ကို"

"ေအးပါကြာ"

ကိုတိုးထြက္သြားေတာ့မွ အခန္းတံခါးပိတ္ကာ ခုံေပၚျပန္ထိုင္ရင္း လက္ထဲကစာရြက္ေလးအား ဖြင့္ဖတ္လိုက္ေတာ့ မ်ားမ်ားစားစားမဟုတ္။ ရိုးရိုးရွင္းရွင္းသာေရးထားေသာ စာလုံးေလးမ်ား။

"ေကာင္းေကာင္းစားပါမယ္။ ေက်းဇူးတင္ပါတယ္။ ဘာမွေလၽွာက္မေတြးဘဲ စာကိုပဲအာ႐ုံစိုက္ပါ။  See u tomorrow" ဟူ၍ပင္။

ထူးျမတ္ကေတာ့ စာရြက္ေလးအား ရင္ဘတ္ေပၚတင္၍ တဟားဟားေအာ္ရယ္ကာ အူျမဴးေနေလရဲ႕။

ေနျမင့္ေလ၊ အ႐ူးရင့္ေလ ဆိုတာ ထူးျမတ္ကိုေျပာတာထင္ပါရဲ႕ .....

""""""""""""""""""""""""""

*ဖေဖေ၊ သားပြောစရာရှိလို့*

"အေး၊ ပြောလေကွာ"

*ပြောရမှာ အားနာလို့*

"မပြောဘဲနေလို့ ပြီးသွားမှာဆိုရင်တော့ တစ်မျိုးပေါ့ကွာ"

*သားလေ၊ ရည်းစားတွေ အရမ်းများခဲ့တယ်*

"သိပါ့ကွာ။ အခုခြေငြိမ်နေတာလည်း သိတယ်"

*အဲဒါ သား ခေသုတကိုချစ်လို့။ သားပြောတာ ဘယ်လိုအချစ်လဲဆိုတာတော့ ဖေဖေ သိမယ်ထင်ပါတယ်*

"ဟင်း ... ပြောတော့လည်း တည့်တိုးကွာ"

"..............."

"အဖေတစ်ယောက်အနေနဲ့ သားနားမှာအမြဲမရှိနိုင်ပေမဲ့ သားအကြောင်းတွေကို အဖေ အမြဲတမ်းဂရုစိုက်နေတာပါ။ အခုအချိန်အတွင်းမှာကို အဖေသတိထားမိပါတယ်။ ဒါပေမဲ့ သားရယ်၊ မင်းတို့နှစ်ယောက်က ငယ်ငယ်တည်းက အတူတူတစ်တွဲတွဲမို့ သံယောဇဉ်ကြောင့်ဖြစ်လာတဲ့ တခြားအချစ်မျိုးလည်း ဖြစ်နိုင်တာပဲ"

*သေချာကို တွေးကြည့်ပြီးမှ ပြောတာပါ။ ဒီလိုကိစ္စကို သားက လွယ်လွယ်ပြောပါ့မလား*

ရဲရင့်မျက်နှာသည် တည်ငြိမ်မနေပါ။ စိုးရိမ်ပူပန်မှုများလည်း အထင်းသား။ အားနာမှုတို့သည်လည်း တရိပ်ရိပ်ပြေးကာ၊ မျှော်လင့်ချက်တချို့မှာလည်း ခိုတွဲရင်း၊ တောင်းပန်တိုးလျှိုးခြင်းများလည်း ကပ်ငြိပါနေသည်။

"သားတို့က တစ်ဦးတည်းသောသားတွေနော်။ မိဘတွေအတွက် တွေးမပေးတော့ဘူးလား။ သားနဲ့၊ မယားနဲ့၊ မိသားစုသိုက်သိုက်ဝန်းဝန်းလေး ဖြစ်စေချင်တာတော့ မိဘတွေရဲ့အတ္တပေါ့ကွာ"

*အရမ်းကို အားနာရပါတယ်။ သူလည်း အဲဒီကိစ္စ တွေးပူနေမယ်ထင်တယ်။ တစ်ခါက သူပြောဖူးတယ်။ ပတ်ဝန်းကျင်ကဘယ်လိုပြောမလဲ၊ မိဘတွေသဘောတူပါ့မလားတဲ့။ သားလည်း တွေးမိပါတယ်။ ဖေဖေပြောသလို နှစ်ယောက်လုံးက တစ်ဦးတည်းသောတွေမို့ ဖေဖေတို့ လက်ခံဖို့ခက်တာလည်း နားလည်ပါတယ်။ သားတို့ကို နားလည်ပေးလို့ရမလား ဖေဖေ*

"ချစ်သူတွေ ဖြစ်နေကြပြီလား"

*အဖြေမပေးသေးဘူး။ သူ အတွေးတွေများနေတယ်ထင်တယ်*

"မင်း ပွေခဲ့တာတွေကြောင့်ရော မပါဘူးလား"

"အင်း"

"ဪ၊ မိဘရှေ့ကျ အခုမှအသံထွက်ရသလား"

*ဖေဖေကလည်း*

"ငါ့သားဘက်က သိပ်ကိုသေချာနေပြီလား။ သားအမေကိုရော ပြောပြီးပြီလား"

*သေချာတယ် ဖေဖေ။ မေမေ့ကို မပြောရသေးဘူး*

"အဖေကို အရင်တိုင်ပင်တယ်ပေါ့လေ"

*အစကတည်းက ဖေဖေ့ကိုအရင်ဖွင့်ပြောဖို့ တွေးထားတာပါ*

"စဉ်းစားပါဦးကွာ။ သားအမေကိုတော့ အဖေပဲပြောလိုက်ပါ့မယ်။ နေပြန်ကောင်းမှ သေချာဆွေးနွေးကြတာပေါ့"

ရဲရင့်ခေါင်းညိတ်ပြလိုက်တော့ အဖေဖြစ်သူက ခေါင်းလေးကိုပုတ်လိုက်ပြီး

"နားတော့။ ငါ့သားလေး အသံမြန်မြန်ပြန်ထွက်မှပါပဲ။ အဖေပျင်းတယ်ကွ"

အဖေတစ်ယောက်ရဲ့မေတ္တာကြောင့် ရဲရင့် လှိုက်လှိုက်လှဲလှဲပြုံးမိပြီး အဖေဖြစ်သူ တံခါးပိတ်၍ထွက်သွားသည်အထိ လိုက်ကြည့်နေမိသည်။

ဖေဖေက နေပြန်ကောင်းမှ ဆက်ဆွေးနွေးမယ်တဲ့။ သုတက မင်းပါးစပ်ကနေ သေချာဖွင့်ပြောပါတဲ့။ သေချာပေါက်ကို စကားသံပြန်ထွက်မှ အဆင်ပြေမှာ။ ငါ့ဘက်က မိဘတွေနဲ့ သေချာညှိနှိုင်းပြီးရင်တော့ မင်းဘက်က သေသေချာချာလေးအဖြေပေးပါ ခေသုတရေ။

¤

စာမေးပွဲနီးနေ၍ သုတနှင့်တိမ်ယံ စာအုပ်ပုံကြားခေါင်းစိုက်နေသကဲ့သို့ ရဲရင့်သည်လည်း သုတဘေးတွင်ထိုင်ကာ တွက်စာပုံသေနည်းများ စုပေးနေလေသည်။

ရဲရင့်ရယ်၊ မင်းကလေ စာမေးပွဲမဖြေဖြစ်တာတောင် ငါနဲ့အတူ စာကြည့်ပေးနေသေးတာလား။

"ရဲရင့်၊ ခေါင်းကိုက်မယ်။ နားတော့"

"ဟင့် အင်း"

မော့မကြည့်ပါဘဲ ဟင့်အင်းတစ်ခွန်းကို ရအောင်ပြောလာသည်။

"ငါ့ဘာသာ ဆက်လုပ်လိုက်မယ်လေ။ မင်းလက်က အဆင်မပြေဘူးလေကွာ"

ခေါင်းခါလာသည့်ရဲရင့်ကြောင့် သုတစိတ်တိုသွားရသည်။ စိတ်ပူ၍ပြောသည်ကို လှည့်ပင်မကြည့်ပါဘဲ ခေါင်းမာနေသည်က အဖက်မတန်သကဲ့သို့ပင်။

"ညီရဲရင့် !!!"

သုတအော်သံကြောင့် မနီးမဝေးခုံတွင်စာလုပ်နေသော တိမ်ယံသည်ပင် လှမ်းကြည့်လာသည်။ ရဲရင့်ကတော့ ပျာပျာသလဲလှည့်ကြည့်ကာ ဘာကြောင့်အော်သည်ကို နားမလည်နိုင်ဟန်ဖြင့် ကြည့်နေသည်။
ရုတ်တရက် ထအော်မိပြီးခါမှ ပြူးကြောင်ကြောင်ကြည့်လာသော မျက်လုံးနှစ်စုံကြောင့် ခေသုတတို့ စကားလုံးများပျောက်ဆုံးကုန်သည်။ ရဲရင့်မျက်နှာ ညှိုးကျသွားပြီး တိမ်ယံက ပြေးပေါက်ရှာနေသကဲ့သို့ လှုပ်လှုပ်ရွရွ။ သည်လိုဆိုတော့ဖြင့် အော်မိသူကသာ လူကြမ်းဖြစ်ရလေပြီ။

"နားလိုက်တော့ ရဲရင့်ရာ"

*ငါက မင်းစာကြည့်ရလွယ်အောင် ကူပေးတာပါ။ ပြီးတော့ အဲဒါ စာမေးပွဲတိုင်း ငါလုပ်ပေးနေကျလေ။ မင်းမကြိုက်ရင် မလုပ်တော့ပါဘူး*

လုပ်လာပြီ။ ညီရဲရင့်ရဲ့အချိုးတွေက ခေသုတကို လူကြမ်းဇာတ်သွင်းနေပြီ။ ဘယ်လက်နဲ့ စာရိုက်ကျွမ်းကျင်လာလေ၊ အနှစ်နှစ်အလလကမာယာတွေကို စာရေးပြီး ပိုပိုသုံးလာလေပါပဲ။ စိတ်လျှော့ ခေသုတ၊ စိတ်လျှော့။

"ရဲရင့်၊ ငါကလေ မင်းကိုစိတ်ပူလို့ ပြောတာပါ။ မင်းက ငါပြောတာကိုအဖက်မလုပ်ဘဲ ငြင်းနေတော့ ငါ သေးသေးလေးစိတ်တိုသွားတာ။ အော်ချင်လို့အော်တာမဟုတ်ဘူး"

*ရပါတယ်။ ရုတ်တရက်ကြီးထအော်တော့ စိတ်မကောင်းဖြစ်သွားရုံပါ*

တွေ့လား။ သူက စိတ်မကောင်းဖြစ်သွားတာဆိုတော့ အော်မိတဲ့လူက တိုင်နဲ့ခေါင်းနဲ့ ပြေးဆောင့်ချင်နေပြီ။ ဘယ်လိုမျက်နှာပေးနဲ့ လူကိုအပိုင်ကိုင်တယ်မသိ။ ဒါတောင် အသံနေအသံထားမပါသေးလို့။

"Sorry ပါ၊ ရဲရင့်လေးရယ်။ ငါက စိတ်လောသွားတာ"

*စိတ်တိုတာဆို?*

"သေးသေးလေး"

*အခုရော?*

"မတိုတော့ဘူး။ အဲဒါ ခုနက"

*ဘာလို့ စိတ်တိုတာလဲ*

"မင်းကို စိတ်ပူလို့"

*ဘာလို့ စိတ်ပူတာလဲ*

"မင်းတစ်ခုခုထပ်ဖြစ်ရင် ငါအရင်သေမှာ"

*အဲဒီလောက် ငါ့အတွက်တွေးလား*

"ဟာ၊ တွေးတာပေါ့"

*ဘာလို့?*

"ငါ မင်းကို ... အဲ ... ဘာလဲ၊ မင်းက ဘာကိစ္စ အမေးအမြန်းထူနေတာလဲ။ သွားတော့၊ သွားနားလိုက်တော့။ ငါ့ဘာသာ စာလုပ်နိုင်တယ်၊ ကလေးမဟုတ်ဘူး။ လိုက်ကြည့်ပေးနေစရာ မလိုဘူး။ ငါ့ကို ဆရာလာလုပ်နေစရာလည်း မလိုဘူး"

အော်သည်လည်းမဟုတ်ပါဘဲ လက်က စာအုပ်တွေဆွဲယူသိမ်းကာ ပါးစပ်မှလည်း စကားတွေတောက်လျှောက်ပြောချသွားသည့် ခေသုတကို ညီရဲရင့် မြတ်မြတ်နိုးနိုးကြည့်နေမိသည်။ ငြိမ်သွားသည့် ညီရဲရင့်ကြောင့်  ခေသုတ စာအုပ်တွေငုံ့သိမ်းနေရာမှ မော့ကြည့်မိတော့

"ဘာ ... ဘာဖြစ်လို့လဲ၊ ဘယ်လိုကြီးကြည့်နေတာလဲ"

ရဲရင့်အကြည့်ကြောင့် မလုံမလဲဖြစ်ကာ တိမ်ယံရှိနေသည်ကိုသတိရပြီး လှမ်းကြည့်မိသည်တွင် ထိုကလေးမရှိတော့ပါ။ ထထွက်သွားသည်ကိုလည်း မသိလိုက်သည်အထိ။

"တိမ်ယံ ဘယ်ရောက်သွားလဲ"

*Sorry ပါ၊ ရဲရင့်လေးရယ် ... ဆိုကတည်းက ထထွက်သွားတာပဲ*

စာရိုက်ပြီးတော့လည်း မချိုမချဉ်အပြုံးနှင့် ပြုံးပြနေပြန်သည်။

"သွားတော့။ ငါတော့ စာလုပ်ဖြစ်နေဦးမယ်"

စာလုပ်ချင်ယောင်ဆောင်သည် ပြောရမည်လား၊ တွေ့ရာစာအုပ်ဆွဲယူလိုက်သည့် ခေသုတက ဘာကြောင့်ရင်ခုန်နေသည်မသိပါ။

*စာမေးပွဲပြီးရင် ငါတို့ အေးအေးဆေးဆေး စကားပြောရအောင်နော်။ အခု မင်း စာလုပ်ပါ၊ ငါမနှောင့်ယှက်တော့ဘူး။ ဒါပေမဲ့ မင်းအခန်းထဲမှာ ခဏအိပ်မယ်။ ရတယ်မလား*

"အင်း၊ ထ။ ခြေထောက်ပြန်နာမယ်၊ ငါ့ကိုဆွဲပြီးထ"

"အင်း"

မင်းက စာမေးပွဲကို အေးအေးဆေးဆေးဖြေပြီး နောက်တစ်နှစ်ကိုဆက်သွားပါ။ ငါက ငါတို့ဘဝအတွက် မင်းတွေးပူခဲ့တာတွေကို မင်းအစားဖြေရှင်းပြီး ငါတို့အနာဂတ်အတွက် ဆက်သွားမယ်။
ချစ်တယ်၊ "သု တ လေး"

¤

ချစ်ကြည်နူး တစ်တီတူးစုံတွဲအား အမြင်ကပ်လာသဖြင့် တိမ်ယံ အခန်းအပြင်ထွက်လာခဲ့လိုက်တော့သည်။ စာကျက်ရတာလည်း ကြာလာသဖြင့် အညောင်းအညာပြေစေရန် အိမ်ရှေ့ထွက်လာကာ အကြောဆန့်ရင်း တဖြူးဖြူးတိုက်ခတ်လာသော လေနုအေးတို့အား မျက်လုံးမှိတ်ခေါင်းမော့ကာ ခံစားနေမိသည်။ အေးချမ်းမှု၊ ကြည်နူးလန်းဆန်းမှုတို့ကြောင့် ငြီးငြူနေသည့်စိတ်တို့လွင့်ပြယ်သွားကာ လူကလန်းဆန်းတက်ကြွလာသည်။ ထိုစဉ် ဆူညံစွာထွက်ပေါ်လာသော ဖုန်းသံကြောင့် တိမ်ယံ "ကျစ်"ခနဲစုပ်သတ်လိုက်မိသည်။

"Hello, ပြော"

"အဟား၊ လေသံကလည်းကွာ၊ သံမဏိဖြစ်နေပါ့လား ယံလေးရဲ့"

"ဘာလဲဗျာ"

"ဘာဖြစ်လို့လဲ၊ စိတ်မကြည်ဘူးလား"

"ခုနအထိတော့ကြည်တယ်။ ခင်ဗျားအသံကြားလိုက်ရတော့ ကြည်နေတဲ့စိတ်တောင် ရွှံ့နောက်ရေဖြစ်သွားပြီ"

"သြော်၊ Sorry ပါကွာ။ ကိုယ့်ကြောင့် ... အင်း ... ဒါပဲလေ။ ကိုယ်က ယံလေး စာကြည့်ရတာခေါင်းပူနေမှာစိုးလို့ လှမ်းဆက်လိုက်တာ။ ဒါဆို ကိုယ်မနှောင့်ယှက်တော့ဘူးနော်၊ စာကြည့်တော့လေ"

"Hello, hello, ဟေ့လူ။ ဟာ ... ဒီလူက ဘာဖြစ်သွားတာလဲဟ"

ပြောချင်ရာပြောပြီး ဖုန်းချသွားသော ထူးမြတ်အား တိမ်ယံအားနာမိသည်။ တစ်ဖက်ကဖုန်းစခေါ်ကတည်းက ပြန်ပြောနေမိသည်က အကန်စကားများပင်။ ထို့အပြင် သူ့ကြောင့်စိတ်ညစ်ရတယ်ဆိုတော့ စိတ်မကောင်းဖြစ်သွားသည်ထင်ပါရဲ့။

"ဟူးးး ခင်ဗျားဗျာ"



ထူးမြတ် ဖုန်းအားလက်ထဲဆုပ်ကိုင်ထားရင်း မလှုပ်မယှက်ထိုင်နေမိသည်။ ရင်ထဲကဝေဒနာ ကိုယ်သာအသိဆုံးမဟုတ်လား။ ချစ်ရသူထံမှ စိမ်းကားရက်စက်သော စကားလုံးများကြောင့် အရာရာဗလာနတ္ထိ။ အချစ်က နာကျင်စေသည်လား၊ ချစ်ရသူကပဲ ကိုယ့်ကိုရက်စက်နေသည်လား။ တစ်ဖက်သတ်ချစ်ခြင်းတို့သည် နာကျင်ရမြဲပါပဲလား။

"ကိုတိုးရေ၊ ကိုတိုး"

ထူးမြတ် မိမိအိမ်မှာအလုပ်လုပ်သော အစ်ကိုအား လှမ်းခေါ်လိုက်သည်။

"ဗျာ"

"လာဦး အစ်ကို၊ ကျွန်တော်သွားခိုင်းစရာရှိလို့"

"ဟုတ်ကဲ့"

"ရော့ အစ်ကို၊ ဒီမုန့်ထုပ်တွေနဲ့ အားဖြည့်ဆေးရည်တွေကို သုတတို့အိမ်ကို သွားပို့ပေးပါ"

"ဟမ်၊ ကိုယ့်ဟာကိုယ်မသွားဘူးလား"

"အစ်ကိုကလည်းဗျာ၊ သွားပေးစမ်းပါ။ မေးမြန်းမနေပါနဲ့။ သုတအတွက်မဟုတ်ဘူး၊ အဲ့ဒီအိမ်ကကောင်လေး တိမ်ယံအတွက်ဗျာ"

"အေး၊ တိမ်ယံအတွက်လို့ပြောလိုက်ရမှာပေါ့၊ ဟုတ်လား"

"အင်း၊ သွားတော့"

"အေးပါ၊ သွားပါ့မယ်"

¤

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ရဲရင့်အား သုတထိုင်ကြည့်နေမိသည်။

'အမြန်ဆုံးနေကောင်းပါတော့လား။ စကားတွေလည်း အများကြီးပြောပါတော့လား၊ ရဲရင့်ရယ်'

"သားရေ၊ သုတ"

အခန်းရှေ့က မေမေ့ခေါ်သံကြောင့် သုတ တံခါးသွားဖွင့်ပေးလိုက်တော့ မေမေကအခန်းထဲဝင်လာကာ အိပ်ပျော်နေသောရဲရင့်အားကြည့်ကာ မျက်ရည်ဝဲနေလေပြီ။  မေမေဟာ သားအရင်းဖြစ်သူထက် ရဲရင့်ကိုပိုချစ်လေသလား တွေးမိသည်။

"ဟင်း ... မေသက်ချွဲစိန်လေး၊ သနားစရာကောင်းလိုက်တာ။ သူ့ခမျာ ဘယ်လောက်တောင်ပင်ပန်းနေမလဲ။ စာမေးပွဲလည်း မဖြေနိုင်ရှာဘူး။ သနားလိုက်တာ သားလေးရယ်"

"ဟင်း၊ မေမေရာ။ အဲဒီလောက်လည်းမဟုတ်ပါဘူး၊ စိတ်မပူပါနဲ့"

"အင်း၊ သားသားလည်း မနက်ဖြန်စာမေးပွဲဖြေရတော့မယ်။ ညနေမှ မေမေ ကြက်စွပ်လေးလုပ်တိုက်ဦးမယ်။  နားနားနေနေလည်းနေဦးနော်၊ ကြားလား"

"ဟုတ်ကဲ့"

"အေး၊ ညနေစောင်းနေပြီ။ ခဏနေရင် သားရဲရင့်လေးကို နှိုးလိုက်တော့။ ယံလေးရော?"

"အိမ်ရှေ့မှာထင်တယ်"

"အေး အေး၊ ရေစောစောချိုးကြ။ သားတို့စားဖို့ မေမေစီစဉ်လိုက်ဦးမယ်။ သားပါရောအိပ်မနေနဲ့နော်"

"ဟုတ်ကဲ့ မေမေ"

¤

ယံလေး ထိုင်နေရာမှထကာ အိမ်ထဲပြန်ဝင်ခါနီး အိမ်ရှေ့ကဘဲလ်တီးသံကြောင့် အိမ်ရှေ့တံခါးဆီအမြန်ပြေးသွားလိုက်တော့ တစ်ခါမှမမြင်ဖူးတဲ့သူတစ်ယောက် အထုပ်တွေဆွဲပြီးရပ်နေတာကြောင့်

"ဧည့်သည်ထင်တယ်၊ အိမ်ထဲဝင်မလို့လားဗျ"

"ဗျာ၊ ဪ၊ မဝင်တော့ပါဘူး။ ဟို ... ဒီအိမ်က တိမ်ယံဆိုတဲ့ကောင်လေးကို အစ်ကိုတို့အိမ်က အစ်ကိုလေးက ဒါတွေလာပို့ခိုင်းလို့ပါ"

"ဟမ်၊ ဘယ်သူကလဲ"

"ထူးမြတ်ပါ။ သိလား"

"အမ်းး အဟမ်း၊ သိတယ်။ တိမ်ယံက ကျွန်တော်ပါ"

"ဟုတ်ကဲ့ပါ။ ဒါဆို ဒါလေးတွေယူလိုက်ပါနော်"

"ဟုတ်ကဲ့။ ဟို ... ခဏလေးစောင့်ပေးပါဦးနော်"

"ရပါတယ်"

တိမ်ယံ အထုပ်တွေဆွဲ၍ အိမ်ထဲပြေးဝင်လာကာ အထုပ်တွေကို ဧည့်ခန်းကစားပွဲပေါ်တင်လိုက်သည်။ စာအုပ်နှင့်ဘောပင်ယူ၍ စာရွက်ထဲ၌စာအချို့ရေးကာ ခြံရှေ့ကအစ်ကိုထံပြေးသွားပြီး စာရွက်လေးပေးကာ

"အစ်ကို၊ ဒါလေးကို ကိုထူးမြတ်ကိုပေးလိုက်ပါနော်"

"ဟုတ်ကဲ့ပါ။ သွားလိုက်ပါဦးမယ်နော်"

"ဟုတ်ကဲ့"

¤

ထူးမြတ် စာကြည့်နေရင်း ကိုတိုးခေါ်သံကြောင့် အခန်းတံခါးဖွင့်ပေးလိုက်ပြီး

"ပြန်လာပြီလား။ ယံလေးနဲ့တွေ့ခဲ့လား။ ဘာပြောလိုက်သေးလဲ။ မုန့်တွေရော ယူထားလား။ သူစိတ်ဆိုးသေးလား"

"ခဏ၊ ခဏ၊ အသက်ရှူပါဦးကွာ"

"အဟဲ၊ လောသွားလို့ပါ"

"ဘာမှတော့မပြောပါဘူး။ မုန့်တွေလည်းယူထားလိုက်တယ်။ ဒီမှာ စာပြန်ပေးလိုက်တယ်။ ရော့"

"ဟုတ်လား။ ပေး ပေး၊ ကျေးဇူးပါ အစ်ကို"

"အေးပါကွာ"

ကိုတိုးထွက်သွားတော့မှ အခန်းတံခါးပိတ်ကာ ခုံပေါ်ပြန်ထိုင်ရင်း လက်ထဲကစာရွက်လေးအား ဖွင့်ဖတ်လိုက်တော့ များများစားစားမဟုတ်။ ရိုးရိုးရှင်းရှင်းသာရေးထားသော စာလုံးလေးများ။

"ကောင်းကောင်းစားပါမယ်။ ကျေးဇူးတင်ပါတယ်။ ဘာမှလျှောက်မတွေးဘဲ စာကိုပဲအာရုံစိုက်ပါ။  See u tomorrow" ဟူ၍ပင်။

ထူးမြတ်ကတော့ စာရွက်လေးအား ရင်ဘတ်ပေါ်တင်၍ တဟားဟားအော်ရယ်ကာ အူမြူးနေလေရဲ့။

နေမြင့်လေ၊ အရူးရင့်လေ ဆိုတာ ထူးမြတ်ကိုပြောတာထင်ပါရဲ့ .....

""""""""""""""""""""""""""

by Jay & Demon
© Demon ,
книга «Zippy Amor (Lively Friendship)».
Коментарі