Chapter (20)
*** Our Day Out ***
"မကြောက်မလန့်"
"အဲဒီတော့?"
"ဘာရယ်?"
"ဘာလဲ?"
"အင်း"
"အင်း"
"အင်း"
"မင်းကွာ"
"ဘာလို့ပြောလိုက်လဲ?"
"ရူးမှာပါပဲ"
"မင်း တားလေ"
"ငါ ..."
"ဟိုဘက်အိမ်ကိုပါ"
"ကလေးတွေမရှိကြဘူးလေ"
"သွားအိပ်မလို့"
သုတတို့အိမ်မှာလည်း
"မငိုပါဘူး"
"မေသက်သားက ... "
"အင်း၊ သူဘာဖြစ်လဲ?"
¤
"မဝယ်ပါဘူး။ ယံလေးဝယ်လြို့ပီးရင် ပြန်ရအောင်"
"ခဏပဲလေကွာ၊ လာပါ"
"သွား၊ ငါ ဒီကစောင့်မယ်"
"ဟာ၊ အဲဒီလိုမဟုတ်ဘူးလေ"
"အရစ်မရှည်စမ်းနဲ့ကွာ"
"လာ၊ ပြန်မယ်"
"ဟင်! ဝယ်ဖို့ကျန် ..."
"အရစ်မရှည်နဲ့၊ ပြန်မယ်"
"ကိုသု၊ ကိုသု"
"ဟမ်၊ ဘာပြောတာလဲ ယံလေး"
"အာ ... သွားချင်ရင်သွားပါ"
"ပြန်လာကြပြီလား?"
"ဘာလဲ ယံလေးရဲ့"
"ဖိနပ်လေ။ ယံ ပြမယ်"
"ဪ၊ အေး"
"ညီရဲရင့်၊ ရဲရင့် ထစမ်း။ ဟေ့၊ ညီရဲရင့်!"
"အင် ... အင်းး"
"သုတလေး"
"အင်း၊ ထတော့"
"ငါ ... ငါက စိတ်ပူနေတာ"
"အင်း"
"အွန်း"
"အင်း၊ သိပါတယ်။ ငါမပြန်ချင်သေးဘူး"
"ခေသုတ၊ မင်းနော်"
"ဒါဆို လစ်လိုက်တော့"
"အေးပါ"
"ဒီကလေးဟာလေ တကယ်ပဲ"
"သွားပြီဗျို့"
"""""""""""""""""""""""""""""
ချစ်ရသူရဲ့ဥပေက္ခာတွေကြောင့် အချစ်ဆိုတာ နှလုံးသားကိုလောင်တဲ့ငရဲမီး။
အခန်းထဲနေပြီး ထိုင်မရ၊ ထမရ၊ အိပ်လို့လည်းမရ။ အတူသွားလာလည်ပတ်နေကျ ခေသုတက တိမ်ယံနဲ့နှစ်ယောက်တည်းထွက်သွားတာ အခုဆို လေးဆယ့်ငါးမိနစ်။ ဒီအချိန်လေးကိုပဲ ညီရဲရင့်တို့ ကမ္ဘာအသချေၤတွေမကကြာနေသလို သည်းမခံနိုင်ဖြစ်ရသည်။ အငြိမ်မနေနိုင်၍ လိုင်းဖွင့်လိုက်ခါမှ
*** Our Day Out ***
Post တင်တာကအစအဆင်မပြေတဲ့ တိမ်ယံဆိုတဲ့ချာတိတ်ကြောင့် ရဲရင့်ပိုစိတ်ညစ်သွားရသည်။ သူကိုယ်တိုင်ကနောက်ပြန်လှည့်ပြီး သူ့နောက်ကသုတကိုပါပါအောင် Selfie ဆွဲထားခြင်း။ ထူးမြတ်ရဲ့ Comment ကိုတောင် စိတ်လိုလက်ရ Reply ပြန်လိုက်တာကို မြင်လိုက်ရပါသေးသည်။ Just now ဆိုပြီးတက်လာတဲ့ Comment တွေကိုဖတ်ချင်စိတ်လည်း မရှိတော့ပါ။ ပြန်ထွက်လာလိုက်တော့ ထူးမြတ်ဆီကစာဝင်လာသည်။
📨 "မင်းက ဘယ်ချောင်ကပ်နေလို့ မပါသွားတာလဲ?"
ငိုချင်လျက်လက်တို့ဖြစ်နေသော ရဲရင့်တစ်ယောက် ဖုန်းကိုပါကိုင်ပေါက်ချင်လာပါပြီ။
📨 "ငါက မင်းခုတင်ပေါ်မှာလေ"
"မကြောက်မလန့်"
"မင်းသာ ခုတင်အောက်ကထွက်လာခဲ့စမ်းပါ"
"ငါက အကောင်းမေးနေတာလေ။ ဟိုမှာပြုံးပျော်နေတာပဲ"
"အဲဒီတော့?"
"ငါအတည်မေးမယ်၊ မှန်မှန်ဖြေ။ မင်း သုတကိုဖွင့်ပြောလိုက်ပြီလား?"
"ဘာရယ်?"
ထူးမြတ်က ဘယ်လိုလုပ်ပြီးသိသွားတာလဲ?
တွေးနေတုန်းမှာပဲ Ringtone သံထွက်လာလို့ကြည့်မိတော့ ထူးမြတ်က Voice call ခေါ်နေခြင်း။
"ဘာလဲ?"
"ငါမေးတာဖြေလေ။ ဟုတ်တယ်မလား? မင်းတို့ အခုရက်ပိုင်း အရမ်းကိုအမူအရာပျက်နေတာ"
အဲဒီလောက်တောင် သိသာနေတာလား? အရမ်းရင်းနှီးတဲ့သူငယ်ချင်းမို့ ရိပ်မိသွားတာဖြစ်နိုင်ပါသည်။
"အင်း"
"ငါထင်တယ်။ အခုက မင်းကိုထားခဲ့တယ်ပေါ့?"
"အင်း"
"ဒီအတိုင်းကြည့်နေမှာလား? အဲဒီကလေးက ဘယ်လိုသဘောထားရှိလဲဆိုတာလည်း မင်းသိတယ်ဟုတ်?"
"အင်း"
"အဲဒီတော့ အခု ငိုချတော့မလို့လား?"
အင်း တစ်လုံးကိုပဲမူပိုင်ခွင့်တင်နေတော့ ထူးမြတ်မေးတာက လွန်လည်းမလွန်သလို၊ မှားလည်းမမှားပါ။ ရဲရင့်မငိုပေမဲ့ မျက်ရည်ကဝဲနေပြန်ပြီ။
"ငါက ... ဘာလုပ်နိုင်မှာတဲ့လဲ?"
ခပ်ဖျော့ဖျော့လေသံနဲ့ ပြောလိုက်မိသလားတောင် ကိုယ့်ဘာသာမသိနိုင်တော့အောင် စိတ်တွေကလွင့်လို့။
"ဟား! အဲဒါ ညီရဲရင့်ဆိုတဲ့ Playboy ရဲ့အသံလား?"
"မင်းကွာ"
"Sorry, sorry. သူကဘာပြောလို့လဲ?"
"ငါ့ကိုမယုံဘူးတဲ့။ မချစ်နိုင်ဘူးဆိုရင်ရောတဲ့။ သူ ရည်းစား ... အင်း ... ရည်းစားထားမယ်ဆိုရင်ရော သူ့စိတ်အနှောင့်အယှက်မဖြစ်အောင် ပြုံးနေပေးနိုင်မလားတဲ့။ အား ... ငါ ... ငါနေပေးပါ့မယ်လို့ ပြောလိုက်မိတယ်။ တကယ်တော့ ငါမနေနိုင်ဘူး ထူးမြတ်ရဲ့"
"ဘာလို့ပြောလိုက်လဲ?"
"အခုသူက အေးစက်စက်ကြီးဖြစ်နေတာလေ။ ငါက ပြုံးနေပေးနိုင်ရင် အရင်လိုပြန်နေပေးမယ်တဲ့"
"မင်းရူးနေလား ညီရဲရင့်"
"ရူးမှာပါပဲ"
"ဟာကွာ၊ အဲဒီလိုဆိုတိုင်း တိမ်ယံနဲ့လွှတ်မထားနဲ့လေ။ တိမ်ယံက သုတကိုကြွေနေတော့ သုတကသာ အသုံးချလိုက်ရင် ပိုဆိုးကုန်မှာပေါ့"
"မင်း တားလေ"
"ငါ ..."
"အဟက်! မင်းမတားနိုင်ဘူးမဟုတ်လား? ငါကပိုဆိုးတာပေါ့၊ ငါက သူ့စိတ်ကြိုက်နေပေးရုံအပြင် မရှိတော့ဘူး"
"တကယ်ဆို သုတက မင်းကိုသံယောဇဉ်ကြီးတာပဲကွာ။ အခုက သက်သက်မဲ့လုပ်နေတာနေမှာပါ"
"ဘာကြောင့်ဖြစ်ဖြစ် ငါကဘာတတ်နိုင်မှာလဲလို့!!!"
ရဲရင့် ထအော်ပစ်လိုက်မိသည်။
"ဟူး ... စိတ်ထိန်းစမ်းပါကွာ"
စိတ်ထိန်းပါဆိုမှ မျက်ရည်ကိုမထိန်းနိုင်တော့ပြန်ပါ။
"ဒီအတိုင်းဆို သုတက မင်းကိုရွဲ့ပြီး တစ်ယောက်ယောက်နဲ့တွဲတော့မှာ မင်းသိလား?"
"မင်းဟာလေးနဲ့မို့ ကျွဲခတ်ခံနေရတာလား?"
"အဲဒါလည်း အဲဒါပေါ့။ ဒါပေမဲ့ မင်းတို့သံယောဇဉ်ကို ငါတို့သူငယ်ချင်းတွေမြင်တာပဲလေ။ မင်းကိုခံစားစေချင်လို့ဆိုရင်လည်း တခြားတစ်ယောက်ကိုတော့ အသုံးမချသင့်ဘူးလေ။ ပိုဆိုးတာက စိတ်ဝင်စားနေတဲ့သူကို မျှော်လင့်ချက်ပေးမိရင် မင်းတို့သုံးယောက်လုံး အထိနာမှာနော်။ မင်းတားသင့်တယ်"
"ငါတားလိုက်ရင် ပိုဆိုးသွားမှာလေ"
"လွှတ်ထားတော့မလို့လား?"
"တော်ပြီကွာ၊ မပြောချင်တော့ဘူး"
ရဲရင့်ဖုန်းချလိုက်ပြီး သုတတို့အိမ်ဘက်ထွက်လာခဲ့သည်။
"ဟဲ့ ဒီကလေး၊ ဘယ်သွားမလို့လဲ?"
"ဟိုဘက်အိမ်ကိုပါ"
"ကလေးတွေမရှိကြဘူးလေ"
"သွားအိပ်မလို့"
ရဲရင့်အဖြေကြောင့် အမေဖြစ်သူမှာ အူကြောင်ကြောင်နဲ့ကျန်နေခဲ့ရသည်။ ကိုယ့်အိမ်ကပဲ အိပ်မရအောင်တစ်ခုခုဖြစ်နေလို့များ အိမ်ကသားတော်မောင်က သူများအိမ်အထိသွားအိပ်လေသလား?
သုတတို့အိမ်မှာလည်း
"သားလေး၊ သုတနဲ့ရန်ဖြစ်ကြပြန်ပြီလား? အနှင်းပြောတော့ ငိုနေတယ်ဆို?"
"မငိုပါဘူး"
"မျက်နှာကြီးက စူပုပ်လို့ကွယ်။ ဘာတွေဖြစ်ကြလဲလို့ မေသက်ကိုပြောလေ"
"မေသက်သားက ... "
"အင်း၊ သူဘာဖြစ်လဲ?"
"တော်ပြီဗျာ၊ သူ့အခန်းထဲအိပ်မလို့ လာခဲ့တာ။ သွားအိပ်တော့မယ် မေသက်"
ပြောပြီး သုတအခန်းဘက်ထွက်သွားသောရဲရင့်ကြောင့် ဒေါ်ခင်မေသက်လည်း သက်ပြင်းချမိသည်။ ဒီကလေးနှစ်ယောက် ခဏခဏသတ်နေကြတာက သူတို့အတွက်မဆန်းပေမဲ့ အခုရဲရင့်ပုံစံက လုံးဝကိုအရုပ်ကြိုးပြတ်ဖြစ်နေသည်လေ။
သုတရဲ့အခန်းထဲကိုရောက်သွားတော့လည်း ရဲရင့်အတွက် ကြည့်မိသမျှ၊ မြင်လာသမျှက သူတို့နှစ်ယောက်ရဲ့အမှတ်တရတွေချည်း ဖြစ်နေပါသည်။ တွေးမနေချင်တော့တာကြောင့် ခုတင်ပေါ်ပစ်လှဲလိုက်တော့ သုတဆီကရနေကျအနံ့သင်းသင်းလေးက ပျံ့လွင့်လာ၍ ပြုံးမိသွားရပြီ။ ခေါင်းအုံးလေးကို ရင်ခွင်ထဲထည့်ဖက်ထားရင်း ရဲရင့်အိပ်ပျော်သွားသည်။
ချစ်ရသူရဲ့ရနံ့နဲ့ဆို အချစ်ဆိုတာက ကြည်နူးဆွတ်ပျံ့စရာ Aromatherapy တစ်ခု။
¤
Mall ကိုပတ်ကာဈေးဝယ်ရင်း ပျော်မြူးနေတဲ့တိမ်ယံကြောင့် သုတပြုံးမိပြီးမှ မျက်စိထဲမြင်ယောင်မိသည်က ရဲရင့်ရဲ့ပုံရိပ်တွေ။ နားထဲကြားယောင်နေသည်က မေမေနှင်းပြောတဲ့ အငိုနဲ့ကျန်နေခဲ့တယ်ဆိုတဲ့ စကားသံ။ ဘာကြောင့်ငိုသလဲလို့တော့ ဆက်မတွေးချင်တော့ပါ။
"ကိုသု၊ ကိုသုရောဘာဝယ်ဦးမလဲ?"
"မဝယ်ပါဘူး။ ယံလေးဝယ်လိုြ့ပီးရင် ပြန်ရအောင်"
ဝယ်ရင်လည်း အကျင့်ပါပြီး နှစ်ယောက်စာဖြစ်နေဦးမှာ။ မတွေးဘူး၊ ငါ သူ့အကြောင်းမတွေးဘူး။
"ပြန်တော့မှာလား? အခုမှ တစ်နာရီလောက်ပဲပတ်ရသေးတာကို"
Oh, my God! တစ်နာရီလောက်ပဲတဲ့။ ညီရဲရင့်နဲ့ဆို ဝယ်စရာရှိတာဝယ်ပြီး ... တော်စမ်း၊ သူ့အကြောင်းမတွေးဘူး။
"အင်း၊ ဒီတစ်နာရီမတိုင်ခင် ဆိုင်ထိုင်ပြီးစားသောက်နေတာက နာရီဝက်လေ"
"ကိုသုကလည်း၊ ဘာမှမကြာသေးတာကို"
"အဲဒါဆို ယံလေးသွားဝယ်လေ၊ ကိုယ် ဒီနားမှာထိုင်စောင့်နေမယ်"
"ဟင့်၊ ကိုသုကလည်း အတူလာပြီးမှ တစ်ယောက်တည်းပတ်ရမှာလား"
တိမ်ယံစကားကြောင့် အရင်ကစကားသံတချို့ကို ကြားယောင်လာမိသည်။
"ဟာကွာ ညီရဲရင့်၊ အစကတည်းက ဘာဝယ်မှာလဲဆိုတာသေချာစစ်လေ။ အခုမှကျန်ပြီဆိုတော့ အပေါ်ထပ်ပြန်တက်ရမှာလေကွာ"
"ခဏပဲလေကွာ၊ လာပါ"
"သွား၊ ငါ ဒီကစောင့်မယ်"
"ဟာ၊ အဲဒီလိုမဟုတ်ဘူးလေ"
"အရစ်မရှည်စမ်းနဲ့ကွာ"
"လာ၊ ပြန်မယ်"
"ဟင်! ဝယ်ဖို့ကျန် ..."
"အရစ်မရှည်နဲ့၊ ပြန်မယ်"
သုတနဲ့အပြိုင်ရွဲ့ပြီး လုပ်ချင်ရာလုပ်တတ်သောညီရဲရင့်က မျက်စိရှေ့ပေါ်လာပြီး ပျောက်သွားပြန်ပြီ။
"ကိုသု၊ ကိုသု"
"ဟမ်၊ ဘာပြောတာလဲ ယံလေး"
"ကိုသုမသွားချင်တော့ရင် ပြန်ရအောင်လေနော်။ ယံလည်း ဝယ်စရာမကျန်တော့ပါဘူး"
"အာ ... သွားချင်ရင်သွားပါ"
"ရပါတယ်။ တကယ်က ရုပ်ရှင်ကြည့်မလားလို့ပါ။ သရဲကားပဲဖြစ်နေပြန်ပြီ၊ ယံ ကံမကောင်းဘူး"
ကြော်ငြာဆိုင်းဘုတ်ကိုမေးငေါ့ပြပြီး နှုတ်ခမ်းစူနေတဲ့တိမ်ယံကြောင့် ကြည့်မိတော့ ထိုင်းသရဲကားတဲ့။
နောက်ဆုံးတော့ နှစ်ယောက်သားအိမ်ပြန်လာလိုက်ကြတော့သည်။
တိမ်ယံတစ်ယောက် အိမ်ထဲကိုခုန်ပေါက်ဝင်လာပြီးမှ ကိုယ်ရှိန်သတ်ကာ နောက်ကိုကြည့်တော့ သုတကနောက်ကပါလာသည်။ အထဲဝင်လာတော့ သုတမေမေက
"ပြန်လာကြပြီလား?"
"ဟုတ်၊ ဒီမှာကြည့်ပါဦး ဘာပါလာလဲလို့"
"ဘာလဲ ယံလေးရဲ့"
"ဖိနပ်လေ။ ယံ ပြမယ်"
တိမ်ယံက ဖိနပ်ဘူးလေးဆွဲထုတ်ကာ ဖိနပ်လေးတစ်ရံကို ဒေါ်ခင်မေသက်ခြေထောက်နားချလို့
"စီးကြည့်ပါဦး။ သား သေချာလေးနံပါတ်မှတ်ပြီး လက်နဲ့ပါတိုင်းသွားတာ"
"ဟယ်၊ ကွက်တိပဲ။ တော်လိုက်တာ သားလေးက။ အရောင်လေးလည်းကြိုက်တယ်ကွယ်"
"အဟီး၊ အရောင်က ကိုသုပြောပြတာ"
"မေမေ၊ သား သွားနားတော့မယ်"
"ဪ၊ အေး"
"ဟိုလေ၊ သားက မတော်မှာစိုးနေတာ"
ဒေါ်ခင်မေသက်က ရဲရင့်ရောက်နေတာကိုပြောမယ်လုပ်ပေမဲ့ တိမ်ယံစကားကြောင့် အာရုံက ဖိနပ်ဆီပြန်ရောက်သွားပြီး မပြောဖြစ်တော့ပါ။ ထူးဆန်းသည့်ကိစ္စလည်းမဟုတ်တာမို့ ပြောမနေဖြစ်တော့။
သုတ မိမိအခန်းဆီဦးတည်လာမိသည်။ တကယ်ဆို သုတပင်ပန်းနေသည့်စိတ်တို့ကြောင့် နားချင်နေပေပြီ။ အခန်းတံခါးဖွင့်ဝင်လာတော့ မြင်လိုက်ရသည်က ခုတင်ထက်မှာ မိမိခေါင်းအုံးလေးအားပိုက်ကာ ကွေးကွေးလေးအိပ်နေသော ရဲရင့်။
ဘယ်လိုဖြစ်လို့များ ကိုယ့်အိမ်မှာကိုယ်မအိပ်ဘဲ သူများအိမ်လာပြီး အိပ်နေရသလဲ? ဒီအရူးကောင်လေးကတော့ မလွယ်ပါ။
သုတလည်း ခုတင်အစွန်းမှာဝင်ထိုင်ရင်း ရဲရင့်မျက်နှာလေးကို ငုံကြည့်နေမိသည်။ မေနှင်းပြောတာကိုသတိရသွားတာကြောင့် သုတ ရဲရင့်မျက်နှာလေးကို သေချာငုံ့ကြည့်လိုက်တော့ မျက်လုံးအစပ်နဲ့ နှာခေါင်းတွေရဲနေကာ နှာပိတ်နေသလို အသံပါထွက်နေသည်ကြောင့် ရဲရင့် ဘယ်လောက်တောင်ငိုထားလဲဆိုတာ သုတခန့်မှန်းမိသည်။ သနားလည်း သနားသွားရသည်။ သို့ပေမဲ့ ပျော့ညံ့မနေချင်ပါ။ ထို့နောက် ရဲရင့်ကို လှုပ်နှိုးလိုက်သည်။
"ညီရဲရင့်၊ ရဲရင့် ထစမ်း။ ဟေ့၊ ညီရဲရင့်!"
"အင် ... အင်းး"
"ထ၊ ညီရဲရင့်။ သေမနေနဲ့၊ ထ။ ကိုယ့်အိမ်ကိုပြန်စမ်း မင်း"
"သုတလေး"
အိပ်မှုန်စုန်မွှားလေးနှင့် ထထိုင်လာသူကြောင့် သုတပြုံးလိုက်မိသည်။
"အင်း၊ ထတော့"
"ပြန်လာပြီလားဟင်? ဘယ်တွေသွားကြတာလဲ၊ ဘာတွေသွားလုပ်တာလဲ? ဟို ..."
"အပြင်လျှောက်လည်တာ၊ ယံလေးလိုချင်တာတွေဝယ်တာ။ မင်းက ဘာတွေသိချင်နေသေးတာလဲ? စပ်စုမနေနဲ့"
"ငါ ... ငါက စိတ်ပူနေတာ"
"ငါကလေးမဟုတ်ဘူး။ ဒါနဲ့နေပါဦး၊ မင်းက ဘာကိစ္စ ငါ့အခန်းထဲလာအိပ်နေတာလဲ?"
"ငါ အိပ်မပျော်လို့။ ပြီးတော့ မေမေက ငါ့ကိုဆူတယ်"
နှုတ်ခမ်းကိုစူကာ မျက်နှာငယ်လေးနဲ့ မော့ကြည့်ပြီးပြောလာသူကြောင့် သုတရယ်ချင်မိသည်။ ဒါက ကောင်မလေးတွေအသည်းစွဲ Play boy ကြီး ညီရဲရင့်လို့ပြောရင် ဘယ်သူကယုံပါ့မလဲ။ သူ့ဇယားတွေကို ခေါ်ပြီးပြချင်ပါရဲ့။
ညီရဲရင့်က တကယ့်ငချွဲကောင်။
"အင်း"
"အုန်းနို့ခေါက်ဆွဲတွေများကြီးစားလို့တဲ့။ မင်းသိလား၊ မေမေကငါ့ကို မချစ်ပါဘူး"
"အွန်း"
"ပြီးတော့လေ၊ မင်းကလည်း ငါ့ကို ..."
"ကဲ၊ တော်ပြီ။ ငါခဏနားမလို့။ မင်းပြန်တော့လေ၊ ညနေကျမှလာခဲ့။ စာမေးပွဲက အနားနီးနေပြီ၊ စာလုပ်ရမယ်"
"အင်း၊ သိပါတယ်။ ငါမပြန်ချင်သေးဘူး"
"မင်း မပြန်ဘူးလား? ငါ ယံလေးအခန်းထဲသွားအိပ်မှာနော်"
"ခေသုတ၊ မင်းနော်"
"ဒါဆို လစ်လိုက်တော့"
"ပြီးရော၊ ငါ ညနေကျရင်ပြန်လာမှာနော်"
"အေးပါ၊ သွား။ ရေချိုးလာခဲ့နော် ညစ်ပတ်အိုး"
"အင်းပါ၊ နားတော့။ ကိုယ့်အခန်းမှာကိုယ်နေနော်"
"အေးပါ"
ဒေါ်ခင်မေသက် မိမိအခန်းထဲကနေထွက်လာတော့ သားရဲ့အခန်းထဲကထွက်လာတဲ့ ရဲရင့်လေးက အလာတုန်းကနဲ့မတူစွာ ရွှင်လန်းနေတဲ့ ပုံစံလေးကိုကြည့်ရင်း သူမပြုံးလိုက်မိသည်။
"ဟော၊ မေ့သားလေး အိပ်ရေးဝရဲ့လား"
"ဟုတ် မေမေသက်၊ သားခဏပြန်ဦးမယ်။ ပြန်လာမှာ၊ ညနေကျရင် ဒီမှာထမင်းလာစားမှာနော် သိလား"
"ဟုတ်ပါပြီရှင်၊ ဟုတ်ပါပြီ"
"ချစ်တယ် မေမေသက်ရေ၊ မွ မွ"
"ဟဲ့ ဟဲ့! အမလေး၊ မေမေ့ပါးတွေတော့ ပဲ့ကုန်တော့မှာပဲဟယ်"
"ပဲ့ပါဘူးဗျ၊ ဖေကြီးနမ်းဖို့ကျန်ပါသေးတယ်။ ဟဟားး"
"ဒီကလေးဟာလေ တကယ်ပဲ"
"သွားပြီဗျို့"
ပြန်အဆင်ပြေသွားကြပြီထင်ပါရဲ့။ သူမတို့မှာလည်း ဒီကလေးနှစ်ယောက်ကိုပဲ အချစ်ပိုနေရတာကိုး။ ကလေးတွေကို အမြဲအဆင်ပြေနေစေချင်သည်။ သားယံလေးကိုလည်း ချစ်ပါသည်။ သို့ပေမဲ့ ငချွဲတုံးလေးနဲ့ယှဉ်ရင်တော့ သူမအနေဖြင့် ငချွဲလေးကိုသာပိုမိပါသည်။ ငယ်ငယ်ကတည်းက မိမိသားလေးနှင့်အတူကြီးပြင်းလာတဲ့ကလေးမို့ သံယောဇဉ်ပိုမိတာထင်ပါရဲ့ .....
"""""""""""""""""""""""""""""
by Jay & Demon