Chapter (26)
""""""""
"သားသား သုတ"
"ဗျာ၊ ဦးဖေ"
"အဟား ... သဘောဗျာ၊ သဘော သဘော"
"ဆန်ပြုတ်လား၊ သားယံလေး"
"အေး၊ အေး။ သားရော ဘာစားထားလဲ"
"သား ခဏနေမှစားမယ်"
"ဟုတ်ကဲ့"
ယံလေး၊ ရေလေးသောက်။ ဖြည်းဖြည်းစားနဲ့။ အရှက်မရှိချက်ပဲ။
"အာ ... ကလေးကလည်း ကိုယ်က ..."
"တော်၊ တိတ်။ ပါးစပ်ပိတ်ထား"
"အေးပါကွာ"
"ဗျ၊ ဗျာ။ ဟု ... ဟုတ်"
"ဟို ... ဟို"
"ဟာ၊ ဦးဖေနော် "
"ဟေ။ အေးပါ၊ အေးပါ။ သားသုကတော့ကွာ"
"မေမေကလည်း"
"ဟုတ်တယ်"
"အဟားးးဟားး"
"ခိခ် ခိခ်"
"""""""""""""""""""""
ထူးမြတ် အိပ်ပျော်နေရာမှ ဆတ်ခနဲနိုးလာကာ နာရီတစ်ချက်ကြည့်လိုက်တော့ မနက်ငါးနာရီသာရှိသေးသည်။ အိပ်ချင်စိတ်လည်းမရှိတော့ပါ။ ထို့နောက် ကိုယ်လက်ဆန့်၊ အညောင်းအညာဖြေပြီး ဘေးကိုကြည့်လိုက်တော့ ကွေးကွေးလေးအိပ်နေသည့် ယံလေး။ လူနာခုတင်ထက်ကြည့်လိုက်တော့လည်း အသက်ရှူသံမှန်မှန်လေးနဲ့ အိပ်ပျော်နေသော ရဲရင့်။ ထိုနှစ်ယောက်အား တစ်လှည့်စီကြည့်ရင်း ထူးမြတ်ပြုံးလိုက်မိသည်။
'အဟင်း၊ အိပ်နေတော့လည်း ကလေးလေးတွေလိုပဲ'
နှစ်ယောက်လုံးနိုးသွားမှာစိုးသဖြင့် ကိုယ်လက်သန့်စင်ကာ အခန်းတံခါးအားအသာလေးဖွင့်ပြီး အခန်းအပြင်ထွက်လာခဲ့သည်။ လူမမာရော၊ လူနာစောင့်ပါ နိုးလာရင် ဗိုက်ဆာနေကြမည်မဟုတ်လား။ ရေခဲသေတ္တာနဲ့စားပွဲပေါ်က အစားတွေကို စားလို့ရတာသိပေမဲ့ မနက်စာကို ပူပူနွေးနွေးလေးစားစေချင်သည်။ ထို့ကြောင့် ယံလေးအတွက် အဆင်ပြေတာတစ်ခုခုနှင့် ရဲရင့်အတွက်ကတော့ သူကြိုက်တဲ့နို့ဆန်ပြုတ်လေး ဝယ်ရပေမည်။ ကိုယ်ကတော့ ထမင်းသုပ်စားချင်နေသလိုရှိသည်ကြောင့် ထမင်းသုပ်စားမည်။
""""""""
သုတတစ်ယောက် အိပ်ရေးပျက်တာရော၊ စိတ်ပင်ပန်းတာပါရောပြီး လူကအားနည်းနေသည်။
ညကဆေးသွင်းခဲ့ရသည်ဟု မေမေကပြောသည်။ အခုလည်း ရဲရင့်ဆီသွားဖို့ကို နှစ်ဖက်အိမ်က အမေတွေ၊ အဖေတွေက မလိုက်ဖို့၊ နားနေခဲ့ဖို့ကို ဝိုင်းပြောနေကြသည်။
မနေချင်ပါ၊ ရဲရင့်မရှိတဲ့နေရာမှာ သုတမနေနိုင်ပါ။ ထို့ကြောင့် မိဘတွေတားနေသည့်ကြားက ဆေးရုံကိုအတင်းလိုက်ခဲ့သည်။ ကားပေါ်မှာလည်း အိမ်ကမေမေထက် မေမေနှင်းက စိတ်ပူသည်ဟုဆိုကာ ဗျစ်တောက်ဗျစ်တောက်လုပ်နေလေသည်။ သုတလည်း မကြားဟန်ဆောင်ကာသာနေလိုက်သည်။ ပြန်ပြောနေရင် ခေါင်းခေါက်ခံရကိန်းရောက်မှာ အသေအချာပါပဲ။
"သားသား သုတ"
"ဗျာ၊ ဦးဖေ"
"ဆေးရုံရောက်ဖို့ လိုသေးတာပဲ၊ ခဏအိပ်လိုက်"
"ဟင့်အင်း၊ သားမအိပ်ချင်ဘူး"
"အဟား ... သဘောဗျာ၊ သဘော သဘော"
"ရှင်လည်း အဲ့ဒီကလေးတွေကို ကျပ်ကျပ်အလိုလိုက်နော်၊ မပြောချင်ဘူး"
"မိန်းမရယ်၊ ငါ့မှာ ကလေးတွေနား အချိန်ပြည့်နေနိုင်တာမဟုတ်ဘူးကွ။ ပြန်လာတုန်းလေး ချစ်ရတာ"
"ဟွန့်! ရှင်လည်းအတူတူပဲ၊ ပြောရဆိုရတာ လက်ပေါက်ကပ်တယ်"
"အဟဲ၊ သားကြောင့် ဦးဖေပါအဆူခံရပြီ။ ဟဟားး"
"အဟင်း၊ အတော်ဆိုးတဲ့ကလေး"
"ကဲ၊ ရောက်ပြီ။ ဘာဝယ်သွားကြဦးမလဲ၊ သားရဲရင့် ဘာစားလို့ရလဲ"
"မဝယ်ဘူး ဖေဖေ။ သူစားချင်တာမေးပြီးမှ ဝယ်မယ်။ အရင်သွားကြရအောင်လေ"
"အေး အေး၊ ဒါဆိုလည်း သွားကြတာပေါ့"
ရဲရင့်ရှိတဲ့ VIP အခန်းတံခါးအား အသာတွန်းဖွင့်ပြီး သုတတို့အားလုံးဝင်သွားကြတော့ ယံလေးက ရဲရင့်အားဆန်ပြုတ်ခွံ့နေပြီး ထူးမြတ်ကလည်း ဆီချက်ခေါက်ဆွဲပူပူအား အအေးခံနေလေသည်။ သုတတို့ဝင်လာတာမြင်တော့ ရဲရင့်က ပြုံးပြနေလေသည်။
"ဆန်ပြုတ်လား၊ သားယံလေး"
"ဟုတ်ကဲ့။ ကိုရဲရင့်က နို့ဆန်ပြုတ်ကြိုက်တယ်ဆိုပြီး ကိုထူးမြတ်ဝယ်လာပေးတာ"
"အေး၊ အေး။ သားရော ဘာစားထားလဲ"
"သား ခဏနေမှစားမယ်"
"အိုး၊ ယံလေး ဘာမှမစားရသေးဘူးလား။ သွားစား၊ သွား။ ရဲရင့်ကို ကိုသုပဲ ဆက်တိုက်လိုက်မယ်နော်"
"ဟုတ်ကဲ့"
"ကဲ၊ သုတရောက်ပြီဆိုတော့ ဟိုကလေး၊ လာကွာ ဆီချက်လာစားတော့"
"ဘာကလေးလဲ၊ ခင်ဗျား ... ဟွန်း"
"အဟား၊ သားယံလေးလည်း စိတ်ကောက်တတ်သလားကွ၊ ဟေ"
ကိုသုဖေဖေက စတော့ ယံလေး ရှက်ရယ်သာရယ်နေမိတော့သည်။
ထို့နောက် ဆီချက်ပန်းကန်လေးယူကာ ထိုင်စားနေလိုက်သည်။
ဟိုလူကတော့ အနားကနေသရုပ်ပျက်နေတာ မြင်မကောင်းဘူး။ လူနာက ကိုယ်လား၊ ကိုရဲရင့်လားတောင် ဝေခွဲမရဖြစ်လာရသည်အထိ။
ယံလေး၊ ရေလေးသောက်။ ဖြည်းဖြည်းစားနဲ့။ အရှက်မရှိချက်ပဲ။
"ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ။ လူကြီးတွေရှေ့မှာနော်"
"အာ ... ကလေးကလည်း ကိုယ်က ..."
"တော်၊ တိတ်။ ပါးစပ်ပိတ်ထား"
"အေးပါကွာ"
ကိုရဲရင့်ဖေဖေက ယံလေးကိုစိုက်ကြည့်နေသည်ကြောင့် ယံလေးစားနေသည့်ခေါက်ဆွဲပင် မျိုချဖို့မေ့နေလေသည်။ တစ်ခါမှမတွေ့ဖူးသလို ထိုအန်ကယ်ကြီးရဲ့ရုပ်ရည်က ခံ့ညားမှုအပြည့်နှင့် ခပ်တည်တည်မို့ လန့်လည်းလန့်နေသည်။
"သားက တိမ်ယံလေးပေါ့၊ ဟုတ်လား"
"ဗျ၊ ဗျာ။ ဟု ... ဟုတ်"
"အဟား၊ သားရယ်၊ ဦးကိုလန့်နေတာများလားကွာ။ စကားတွေတောင် ထစ်နေပြီကွာ"
"ဟို ... ဟို"
"ကဲပါ၊ ရှင်ကလည်း ကလေးကိုမစပါနဲ့၊ အစားစားပါစေ။ ဒီမှာ ရှင့်သားကိုလည်းလှည့်ကြည့်ဦး၊ ချွဲစိန်လုပ်နေတာ''
ဒေါ်ခင်နှင်းအပြောကြောင့် အားလုံးရဲ့အကြည့်တွေက သဖန်းပိုးနှစ်ကောင်ထံသို့။
"အာ ... ဘာကြည့်နေကြတာလဲ၊ ရဲရင့်လေးကို စကားပြောသင်နေတာကို"
"ဪ၊ စကားပြောသင်တာက အဲ့ဒီလို ရင်ခွင်ထဲထည့်ဖက်ထားပြီးမှ သင်ရတာလား"
"ဟာ၊ ဦးဖေနော် "
ဖေဖေတို့ကို လှည့်ရန်တွေ့နေချိန် အင်္ကျီလက်အစကိုဆွဲကာ ဖုန်းထဲကစာတချို့ပြလာသည်ကြောင့် ဖတ်ကြည့်လိုက်တော့
*သုတလေး၊ ငါ အိမ်မှာပြန်နေချင်တယ်။ ငါသက်သာနေပါပြီ။ စကားကတော့ တဖြည်းဖြည်းပြန်ကုရမှာပဲ။ ဒီမှာနေရတာ ငါတကယ်ငြီးငွေ့နေပြီ*
"ဟူးး တကယ်ပြန်ချင်နေတာလား? အင်းပါ၊ ငါပြောပေးမယ်"
ရဲရင့်ခေါင်းညိတ်ပြလိုက်တော့ သုတ မိဘတွေဘက်လှည့်ကာ
"ဖေဖေတို့၊ မေမေတို့၊ ရဲရင့်လေးက အိမ်ပြန်နေချင်တယ်တဲ့"
"အို၊ ဖြစ်ပါ့မလား သားရယ်"
"သက်သာနေပြီတဲ့၊ ဒီမှာမနေချင်တော့လို့ပါတဲ့"
"အေးပါ၊ ဖေဖေ ဆရာဝန်နဲ့တွေ့ပြီး မေးကြည့်မယ်။ အဆင်ပြေရင်ပြန်ကြတာပေါ့၊ ဟုတ်ပြီလား"
"ဟုတ်ကဲ့၊ အခုသွားမေးလိုက်ပါလား ဦးဖေ"
"ဟေ။ အေးပါ၊ အေးပါ။ သားသုကတော့ကွာ"
အရယ်တစ်ဝက်ဖြင့် အခန်းထဲကထွက်သွားသော ဦးဖေအား ဖေဖေက သူလည်းလိုက်မည်ဟုဆိုကာ လိုက်သွားလေရဲ့။ ခေသုတနဲ့ ညီရဲရင့်၊ သားချင်းမှားနေတာသေချာတယ်။
"ကိုခေသုတ၊ ရှင်တော်တော်အကဲပိုတာနော်။ မြင်မကောင်းဘူး"
"မေမေကလည်း"
"ဘာမေမေကလည်းလဲ၊ မဟုတ်လို့လား"
"ဟုတ်တယ်"
"အဟားးးဟားး"
"ခိခ် ခိခ်"
သုတစကားကြောင့် အားလုံးသဘောကျကာ ရယ်ကြတော့ ခုတင်ထက်ကရဲရင့်ကပါ ပြုံးနေလေရဲ့။
'အပြုံးလေးတွေမမြင်ရတာတောင် ကြာပြီပဲ။ ငါက မင်းကို အမြဲပြုံးပျော်နေစေချင်တာပါ၊ ရဲရင့်ရယ်'
"""""""""""""""""""""
by Jay