Chapter (18)
"အင်း ..... ထမယ်"
"အင်းပါ၊ သွားပါပြီ။ ညက ..."
"သုတ၊ ငါမနက်စာယူလာတယ်"
"မေမေ့ကိုလား?"
"အင်း"
"ဘာလို့လဲ အဲဒီတော့"
"ဟင့်အင်း"
"ရဲရင့်၊ ရဲရင့်။ ဟာ ... ဟေ့ကောင် ငရဲ!"
"အမ်း၊ အင်း ... ဘာလဲ၊ ဘာလဲ?"
"ရော့"
"မဟုတ်ပါဘူးကွ"
"ပြီးရော"
"သွားတော့မှာလား?"
"ကွေးချင်နေပြီလား?"
.
"ဟမ်၊ အေးပါကွာ''
"အဟား၊ ငပျင်းလေး"
"ဟဟားးး"
"""""""''"""""""""""
မနက်ခင်းသည် ပုံမှန်အတိုင်းရောက်လာသော်လည်း နိုးလာသည့်ခေသုတမှာတော့ ပုံမှန်မဟုတ်ခဲ့ပေ။ ညကအဖြစ်ကိုသတိရလိုက်မိလျှင် လူက ထိုင်မရထမရနှင့် နေရခက်လာသည်။ ဤကဲ့သို့ဖြစ်စေသောတရားခံသည်လည်း သုတ၏မျက်စိရှေ့မှာပင် အိပ်ပျော်နေသေးသည်။ ဘာလုပ်ရမည်မသိသည့်အဆုံး ငြိမ်ငြိမ်လေး ပြန်အိပ်နေလိုက်ပါတော့သည်။
နံဘေးမှ လှုပ်စိလှုပ်စိဖြစ်နေသောကြောင့် ညီရဲရင့်နိုးလာသော်လည်း မျက်စိဖွင့်မကြည့်မိသေးပါ။ သုတပြန်ငြိမ်သွားသည့်အခါမှ ကြည့်မိသည်။ မျက်စိကိုတင်းတင်းမှိတ်ကာ အိပ်ချင်ယောင်ဆောင်နေဆဲ သူ့အလင်းရောင်လေးသည် မနက်ခင်းတွင်လင်းလက်လျက်။ ယခုအချိန် အသည်းယား၍ဆိုကာ နမ်းလိုက်မိလျှင်လည်း ညကထက်မလျော့သည့်လက်သီးက မနက်စာဖြစ်သွားနိုင်သည်မို့ စိတ်ထိန်းလိုက်သည်။
"သုတ၊ သုတလေး။ ထတော့လေ၊ ကျောင်းသွားရမှာ နောက်ကျနေမယ်"
"အင်း ..... ထမယ်"
သုတက သံရှည်စွဲ၍ ယခုမှနိုးသယောင်ယောင်လုပ်နေသည်ကြောင့် ရဲရင့်တစ်ယောက် မရယ်မိစေရန်ထိန်းထားရသည်မှာ ဒုက္ခတစ်မျိုးပါပေ။ သုတမျက်နှာပူနေမည်ကို သိနေသော်လည်း ရဲရင့်အကျင့်ယုတ်၍ ခုတင်အနားတွင် တဝဲလည်လည်လုပ်နေလေမှ
"ဟာ၊ အချိန်မစောတော့ဘူးလေ။ သွားတော့၊ မင်းအိမ်မင်းပြန်ပြီး ရေချိုးတော့။ နောက်ကျတော့မယ်"
ခေသုတ ပေါ်တင်နှင်ထုတ်သည်ကိုပင် ညီရဲရင့်တို့ အူလည်လည်ပင်လုပ်နေသေးသည်မို့
"ဟေ့ကောင်၊ မသွားသေးဘူးလား?"
"အင်းပါ၊ သွားပါပြီ။ ညက ..."
"တိတ်စမ်း၊ သွားလိုက်တော့"
ရဲရင့် ပြုံးဖြီးဖြီးလုပ်ကာ အခန်းထဲမှထွက်လာခဲ့တော့သည်။
ညီရဲရင့်ကဲလွန်းပုံမှာ ရေချိုးပြီးကျောင်းသွားရန်ပြင်ဆင်ကာ မနက်စာကို ကိုယ့်အိမ်တွင်ကိုယ်မစားနိုင်၊ အမေဖြစ်သူလုပ်ပေးသောမုန့်ကို သုတအတွက်ယူ၍ သည်ဘက်အိမ်သို့ကူးလာပြန်ပါသည်။
"သုတ၊ ငါမနက်စာယူလာတယ်"
"အင်း၊ မနေ့ကတည်းက ငါပြောထားတာပဲလေ"
"မေမေ့ကိုလား?"
"အင်း"
"ဒါဆို ဒီမနက်စာက မင်းသွားပူဆာထားတာပေါ့"
"ဘာလို့လဲ အဲဒီတော့"
"ဟင့်အင်း"
ဘာမှမဖြစ်ဘူးလေ။ နောက်လည်းပတ်သက်ရတော့မှာပဲ၊ အခုကတည်းက အဆင်ပြေနေတော့လည်း ကောင်းတာပဲလေနော်။ အဲဒီလိုပြောရအောင် ဘယ်တုန်းကအဆင်မပြေသလဲဆိုတော့လည်း အဲဒီလိုမဟုတ်ပြန်ဘူး။ အခုအခြေအနေကို လူကြီးတွေသိရင်ရော အရင်လိုအဆင်ပြေပါတော့မလား?
"ရဲရင့်၊ ရဲရင့်။ ဟာ ... ဟေ့ကောင် ငရဲ!"
"အမ်း၊ အင်း ... ဘာလဲ၊ ဘာလဲ?"
"အသက်ပျောက်သွားသလားလို့ပါ။ ခေါ်နေတာမကြားဘူးလား? ပေးလေ၊ ငါ့အတွက်ယူလာတယ်ဆိုပြီး တောင်းတော့လည်းမပေးဘူး"
"ရော့"
နောက်မှဆင်းလာသောတိမ်ယံနှင့် ရဲရင့်၊ သုတတို့ ကိုယ့်မနက်စာကိုယ်စားရင်း တိမ်ယံတစ်ယောက် သုတတို့ကို အကဲခတ်နေမိသည်။ သုတက ယခင်နေ့များထက်ပိုငြိမ်နေပြီး ရဲရင့်သည်က ပို၍လှုပ်လှုပ်ရှားရှားဖြစ်နေသည်မှာ တိမ်ယံတစ်ယောက်တည်း အထင်မှားနေခြင်းလား။
"ဘာဖြစ်နေတာလဲ ညီရဲရင့်၊ ရွစိရွစိနဲ့ ပုရွက်ဆိတ်ကိုက်လို့လား?"
"မဟုတ်ပါဘူးကွ"
"မဟုတ်ရင်လည်း ငြိမ်ငြိမ်နေစမ်းကွာ။ မျက်စိနောက်တယ်"
"ပြီးရော"
တိမ်ယံအတွေးမမှားပါ။ ယခုလည်း ခေသုတစကားတစ်ခွန်းမှာပင် ညီရဲရင့်ငြိမ်ကျသွားပုံမှာ အမြဲသတ်နေကြသည်က သူတို့မဟုတ်ကြသကဲ့သို့။
အခြေအနေမှာ ကျောင်းသွားနေသည့်တစ်လျှောက်လုံး ကားပေါ်အထိလည်း မပြောင်းလဲခဲ့ပါ။ ယခင်ထက်စကားနည်းသွားသော သုတနှင့် သုတပြောသမျှကို ခေါင်းညိတ်နေပါသောရဲရင့်ကြား တိမ်ယံအတွေးများနေရပါသည်။
တိမ်ယံအတွေးသည် ကျောင်းရောက်ခါမှပိုများလာရန် အကြောင်းဖန်လာသည်မှာ ထူးမြတ်ကြောင့်ပင်။
မနက်ပိုင်း ကန်တင်းသို့လာခဲ့ရန်ချိန်း၍ သူတို့သုံးယောက်ရောက်သွားချိန်တွင် ထူးမြတ်တစ်ယောက်သာ ရှိနေသည်။
"တိမ်ယံ၊ ညက ဘာလို့ reply မပြန်တာလဲ?"
"သူငယ်ချင်းတွေနဲ့ စကားပြောမပြတ်လို့ပါ"
"ချေနေတာကွာ။ အဲဒီတော့ ကိုယ် Friend add လို့ရတဲ့အထိ အဲဒီအတိုင်းထားမလို့လား? Message Request လေးလက်ခံပေးဖို့ အစီအစဉ်လေးများ ရှိပါသလားခင်ဗျ"
ထူးမြတ်စကားကြောင့် ရဲရင့်မှ
"တိမ်ယံကို Add မရတာလား? Message လေးတော့ လက်ခံပေးလိုက်ပါ ယံလေးရာ"
"ယံ မနေ့ညက တခြားဆီအာရုံရောက်နေလို့ပါ။ ညကျ သေချာကြည့်ပါ့မယ်"
"အခုပဲ ဖွင့်ကြည့်လို့မရဘူးလား?"
"ထူးမြတ်တို့က ဇွတ်ဟ! ကယ်တင်လိုက်ပါဦး မေခလာနတ်သားရယ်"
ရဲရင့်ပါပြောနေသောကြောင့် ထူးမြတ်၏ Message Request ကို တိမ်ယံလက်ခံပေးလိုက်သည်။ အသည်းပုံအပြာလေးတစ်ခု ရောက်လာသည်မို့ ထူးမြတ်ကိုကြည့်မိသည်အခါ သူမဟုတ်သည့်အတိုင်း ဖုန်းကိုပြန်ချထားလိုက်ပြီး
"နောက်လည်း reply တော့ ပြန်မယ်မဟုတ်လား?"
တိမ်ယံခေါင်းညိတ်လိုက်သည်။ ရဲရင့်က
"ဟိုကောင်တွေလည်း မလာကြသေးဘူး"
"ဟိုမှာလာပြီ နှစ်ကောင်"
ခန့်သူနှင့်ဥက္ကာရောက်လာကာ တစ်ယောက်တစ်ပေါက် ပြောကြ၊ နောက်ကြသည့်ကြားတွင် မသိမသာငြိမ်နေသောခေသုတကိုငေးရင်း တိမ်ယံသည်လည်းငြိမ်နေ၍ မနေနိုင်သည့်ထူးမြတ်ကပင် တိမ်ယံကို အမျိုးမျိုးလှမ်းစနေသောကြောင့်
"ယံ အတန်းသွားတက်တော့မယ်"
"သွားတော့မှာလား?"
ပြောနေချိန်မှာပင် တိမ်ယံသူငယ်ချင်းနှစ်ယောက်ကို လှမ်းမြင်လိုက်၍
"ဟိုမှာ သူငယ်ချင်းတွေ။ သွားတော့မယ် အစ်ကိုတို့"
သူငယ်ချင်းများနောက်သို့ ပြေးလိုက်သွားသောတိမ်ယံကို ထူးမြတ်လိုက်ကြည့်နေမိသည်။ ဥက္ကာက
"ထူးမြတ်၊ မင်း ရိုးရောရိုးရဲ့လား?"
"ဘာလဲ? ငါဘာဖြစ်နေလို့လဲ?"
"ကွေးချင်နေပြီလား?"
"ကွေးရအောင် တုပ်ကွေးရာသီမှမဟုတ်တာကြီး"
"ဟမ်း၊ ရှောင်နေလိုက်လေ။ Gay ချင်နေပြီလားမေးတာ။ မျက်လုံးတွေက ကန်တင်းအပြင်ဘက် ပါသွားသလိုပဲ"
"ဘာကိစ္စ ပါသွားရမှာလဲ? ဟိုကောင် သုတ၊ မင်းကရော ဒီမနက် ဘာလို့ငြိမ်နေတာလဲ?"
"လမ်းကြောင်းကလွှဲပြန်ပြီ။ ငါကမငြိမ်လို့ ထကနေရမှာလားကွ"
"အေးလေ၊ သုတလေးက သူ့ဘာသာအေးအေးဆေးဆေးနေတာကို ဘာလို့ရန်စတာလဲ?"
"မင်းကရော ဒီတစ်မနက်လုံး စကားတစ်ခွန်းပြောရင် သုတနာမည်နှစ်ခါလောက်ပါနေတာ ပြင်ဦးမှာလား?"
ခန့်သူအမေးကြောင့် သုတမျက်နှာပူလာပြီး အခြားဘက်သို့အကြည့်လွှဲမိသွားသည်။ စနောက်နေကျဖြစ်သော်လည်း ယခုမနက်တွင်တော့ နေရခက်နေသည်မှာ ဘယ်တုန်းကနှင့်မှမတူပါလေ။
.
ဘာဖြစ်နေတာလဲ ညီရဲရင့်၊ ငါ့ကို နည်းနည်းလောက်တော့ အလွတ်ပေးစမ်းပါ။ အဲဒီလိုကြီး သတိထားပြီးလိုက်ကြည့်နေတာက ငါ့အတွက်အဆင်ပြေမနေဘူးလေ။ ငါတွေးနေမိတာက မင်းရဲ့အချစ်အကြောင်း၊ ငါ့ရဲ့ရင်ခုန်သံအကြောင်း၊ ပြီးတော့ ငါတို့နှစ်ယောက်ကြားကသံယောဇဉ်နဲ့ ငါတို့ရဲ့အနာဂတ်အကြောင်း။
သုတလေးရေ၊ အဲဒီလိုပဲ ငြိမ်နေတော့မှာလား? ငါပြောမိတာပဲ မှားပြီလား? အရင်လိုလေးပဲ စစနောက်နောက်နဲ့ စကားနိုင်လုလိုက်၊ စိတ်ဆိုးလိုက်နဲ့နေရတာက ပိုပြီးပျော်ဖို့ကောင်းတယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်းပဲပြောပြီး ငြင်းလိုက်ပါ။ မင်းအဲဒီလိုငြိမ်နေတာ ငါမနေတတ်ဘူး။
ငါ့အချစ်ကိုမယုံနိုင်ရင်တောင် ငါ့ကို မင်းအနာဂတ်ထဲကနေတော့ ထုတ်မပစ်လိုက်ပါနဲ့။ ငါပါ အနာဂတ်မဲ့သွားရလိမ့်မယ်။
ဥက္ကာတစ်ယောက် သူငယ်ချင်းတွေကိုကြည့်ရင်း
"ဟေ့ကောင်တွေ၊ မင်းတို့ အိပ်ရေးတော့ဝကြပါတယ်နော်? ငူငူငိုင်ငိုင်တွေနဲ့။ ဒီနေ့ မင်းတို့တွေအတော်ထူးဆန်းနေကြတယ်။ ဟိုကောင်ထူးမြတ်၊ မင်းလည်းတစ်ခုခုတော့တစ်ခုခုပဲ"
"ကျွတ်! သောက်ရစ်မရှည်နဲ့ ငဥက္ကာ၊ အတန်းသွားမယ်။ ဟေ့ကောင်တွေ ထကြ၊ အတန်းသွားတက်မယ်။ စာမေးပွဲက ဖင်နားကပ်နေပြီ"
"ထူးမြတ်ရာ၊ မင်းဘယ်တုန်းက စာကိုစိတ်ဝင်စားဖူးလို့လဲ? အခုမှအထူးအဆန်း။ နေတော့ကောင်းပါတယ်နော်၊ ဖျားနေသလားလို့"
နဖူးကိုအတင်းလာစမ်းနေတဲ့ ခန့်သူလက်ကို ထူးမြတ်ပုတ်ချလိုက်ပြီး
"ငါကဘာဖြစ်ရမှာလဲ? ဘာမှမဖြစ်ဘူး၊ ဖျားလည်း အချစ်ဖျားပဲ။ ဘယ်သူကုကုမပျောက်ဘူး၊ ငါ့ကလေးကုမှ ပျောက်မှာ၊ ရှင်းလား! သွားမယ်"
အရှေ့ကသုံးယောက်က ဆူညံစွာသွားနေကြပေမဲ့ တိတ်ဆိတ်နေသူတွေက ညီရဲရင်နဲ့ခေသုတ။ အတွေးကိုယ်စီနဲ့သူတို့နှစ်ယောက် ဘာစကားမှမပြောဖြစ်ကြသလို အတန်းထဲရောက်တော့လည်း ခေသုတက ထူးမြတ်ဘေးမှာသွားထိုင်တာကြောင့် ညီရဲရင့် စိတ်ထဲမကောင်းဖြစ်ရသည်ကတော့အမှန်ပါ။
ထူးထူးဆန်းဆန်း အနားမှာလာကပ်ထိုင်သည့်ခေသုတအား ထူးမြတ်လှည့်ကြည့်ရင်း
"သုတ၊ ဘာဖြစ်နေတာလဲ? ရဲရင့်နဲ့မင်း အဆင်မပြေဘူးလား?"
"ဘာမှမဖြစ်ဘူး။ ငါ့ကို ဘာမှလာမမေးနဲ့၊ မဖြေဘူး။ စကားများရင် သောက်ခွက်ဖြတ်ရိုက်မှာနော်။ တိတ်တိတ်နေလိုက်"
"ဟမ်၊ အေးပါကွာ''
ဘေးကနှစ်ယောက်ကပါ မျက်စပစ်ပြရင်းမေးလာသည်မို့ ထူးမြတ် ခေါင်းသာခါပြလိုက်ရတော့သည်။ တစ်ခုခုဖြစ်နေကြတာသိပေမဲ့ မပြောချင်တာကိုတော့ အတင်းလိုက်မမေးချင်ပါ။ သူငယ်ချင်းတွေဆိုပေမဲ့ သူများကိုယ်ရေးကိုယ်တာကိုတော့ ဝင်မစွက်ဖက်သင့်ဘူးမလား။ သူငယ်ချင်းတွေအဆင်မပြေကြတော့ စာထဲလည်း စိတ်မဝင်စားကြတော့ပေ။ ထို့ကြောင့် စာအုပ်တွေလှန်ထားပြီး ငေးနေသူနဲ့၊ ငိုက်နေတာနဲ့ အချိန်ကုန်နေကြသလို ထူးမြတ်ကတော့ ဖုန်းဖွင့်ကာ Facebook ထဲ ဟိုကြည့်ဒီကြည့်လိုက်ကြည့်နေရင်း ယံလေး Account မီးစိမ်းနေတာကြောင့် စာပို့လိုက်သည်။
"Hey, ကလေး! စာသင်ချိန် စာလိုက်မကြည့်ဘဲ ဘာလုပ်နေတာလဲ?"
တစ်ဖက်က seen ပြပေမဲ့ စာပြန်မလာတာကြောင့် ထူးမြတ်ပြုံးလိုက်မိသည်။ ခေသုတတို့နဲ့အနေနီးလို့ဖြစ်မယ်၊ ခေသုတလိုပဲ တစ်ပေါက်တစ်လမ်းလေးပင်။ ချေကလည်းချေတတ်ပါသေးသည်။ ဒီအကောင်ပေါက်လေးအပေါ် ခံစားချက်တွေရှိနေတာကိုတော့ ထူးမြတ်ဝန်ခံပါသည်။
တစ်ဖက်တွင်လည်း တိမ်ယံတစ်ယောက် စာသင်ရတာပျင်းလာတာကြောင့် Facebook ဖွင့်ကြည့်နေချိန် စာတစ်စောင်ဝင်လာလို့ကြည့်လိုက်တော့ ဟိုလူ။
ဘာတဲ့? လူကိုများ စာလိုက်မလုပ်ဘဲ လိုင်းခိုးသုံးနေသလား၊ ဘာညာနဲ့။ သူကရော အတူတူပဲမဟုတ်လား၊ ဆရာကလာလုပ်နေသေးတယ်။ စိတ်ထဲအလိုမကျတာကြောင့် ယဉ်ယဉ်ကျေးကျေးပြန်မပြောနိုင်ပါ။
✉️"သူခိုးက လူပြန်ဟစ်နေတယ်၊ ဟက်"
"အဟား၊ ငပျင်းလေး"
"ခင်ဗျားကရော အတူတူပဲကို၊ အရူးက တစ်မူးလာသာမနေနဲ့"
"အဟား ရန်ပြန်တွေ့နေတာကွာ၊ စွာချက်။ မိန်းကလေးကျနေရော၊ ဟဟ"
"ဘောကို မိန်းကလေးလား! ခင်ဗျားကို ဒါပဲမှတ်တယ် 🖕"
ပြောချင်ရာပြောပြီး တိမ်ယံ Line out ကာ ဖုန်းကို အိတ်ထဲပြန်ထည့်ထားလိုက်ပြီး စာလိုက်ကြည့်နေလိုက်တော့သည်။
"ဟဟားးး"
ဖုန်းကိုကြည့်ပြီး ထရယ်နေသည့်ထူးမြတ်ကို သူငယ်ချင်းတွေက ကြည့်လာကြသည်မို့ အသာပြန်ငြိမ်နေလိုက်သည်။
မထင်ရဘူး၊ အကောင်ပေါက်လေးက ရုပ်လေးနဲ့မှမလိုက် အရိုင်းတုံးလေးဖြစ်နေတာပဲ။ အတော်ဆိုးတဲ့ကလေးပါပဲကွာ...
မင်းကို ချစ်မိနေပြီ အရိုင်းတုံးလေးရာ....
"""""""''"""""""""""
by Jay & Demon