Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Characterizing
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
When they have a baby...
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60): Final
Chapter (11)
"ေရာ့၊ စာ။ ေျမကမ႓ာဆိုၿပီး ျမန္မာလိုေရးထားတာပဲ။ ဒီအတိုင္း ပံုးထဲထည့္သြားတဲ့ပံုပဲ။"

အျပင္ဘက္စာတိုက္ပံုးထဲက စာအိတ္ႏွစ္လံုးကို သခင္ယူလာၿပီး တစ္အိတ္ကို ေျမကမ႓ာဆီေပးလိုက္ပါတယ္။ သူကိုယ္တိုင္ကေတာ့ အိပ္ခန္းဆီဦးတည္သြားတယ္။ ဧည့္ခန္းမွာ အလုပ္လုပ္မယ္ေျပာၿပီး ဂိမ္းထိုင္ေဆာ့ေနတဲ့ကမ႓ာကေတာ့ သူ႔လက္ထဲက်န္ေနခဲ့တဲ့စာအိတ္ကို ေသခ်ာစပ္စုၾကည့္ၿပီးမွ ဖြင့္လိုက္တယ္။

"Bastard!"

စာကိုစာအိတ္ထဲျပန္ထည့္ၿပီး မီး႐ႈိ႕ကာ ေဘးဘက္ျပတင္းေပါက္ကေန ပစ္ခ်လိုက္ေတာ့တယ္။ သံမံတလင္းေပၚက်သြားတဲ့ မီးစြဲလက္စ စာရြက္အႂကြင္းအက်န္ေတြ အကုန္ျပာက်ၿပီး ျပာမႈန္႔ေလးေတြ နည္းနည္းစီလြင့္သြားတဲ့အထိ ကမ႓ာၾကည့္ေနမိတုန္း။ ၾကည့္ေကာင္းလို႔ေတာ့ ဟုတ္ပံုမရတဲ့ ကမ႓ာ့မ်က္ႏွာက တည္တင္းလို႔ပါပဲ။

**Ring Ring Ring**

"Hello"

"သခင္"

"မင္း ..."

"အဲဒီ့အလုပ္ကိစၥေလာက္ဆို သခင္ကိုယ္တိုင္လုပ္စရာမလိုေတာ့ဘူး။ ကၽြန္ေတာ္ အကုန္ရွင္းေပးမယ္။ ဘာမဟုတ္တာနဲ႔ အခ်ိန္ကုန္ရတယ္လို႔ မညည္းရေတာ့ဘူးေပါ့။"

"မင္းေသာက္ခ်ိဳးကိုအရင္ျပင္။ ငါ့ကို မင္းဘက္ကစၿပီး ဆက္သြယ္စရာအေၾကာင္းမရွိဘူး။ ၿပီးေတာ့ အလုပ္ကိစၥကို အလုပ္ထဲရွင္းရမွာမို႔ အလုပ္ထဲကနာမည္ပဲေခၚပါ။ ျဖစ္ႏိုင္ရင္ မင္းကိုလည္းမျမင္ခ်င္သလို မင္းအသံလည္း ငါမၾကားခ်င္ဘူး။"

"ဟုတ္ပါၿပီဗ်ာ၊ ဆင္ျခင္ပါ့မယ္။ အခုကိစၥကို ေန႔လယ္က ကၽြန္ေတာ္ေျပာလိုက္ရမွာမဟုတ္မွန္း ႀကိဳသိလို႔ စာထားခဲ့တာ။ စကားမစပ္၊ ကၽြန္ေတာ့္ကို အခုထိမုန္းလို႔မဆံုးေသးတာ တကယ္သေဘာက်တယ္။ ဟာဟ၊ Earth ကၽြန္ေတာ့္ကို မေမ့ဘူး။"

ေဒါသတႀကီးဖုန္းခ်လိုက္ျခင္းရဲ႕ တျခားတစ္ဖက္မွာ တစ္စံုတစ္ေယာက္က ေၾကကြဲေနခဲ့သလို ေပ်ာ္လည္းေပ်ာ္ေနခဲ့တယ္။
ကမ႓ာကေတာ့ ဖုန္းကိုဆိုဖာေပၚပစ္တင္လိုက္ၿပီး စားပြဲေပၚကေရဘူးကို ေကာက္ေမာ့ရင္း ေဒါသေျဖေနရၿပီ။

"ဘာျဖစ္တာလဲ။ အလုပ္ကိစၥလား။"

"ဟုတ္တယ္ သခင္။ ေဒါသထြက္စရာေလးၾကံဳသြားလို႔။"

"အင္း။ မင္း ေျပာလို႔ရရင္ ငါနားေထာင္ေပးမယ္။ မဟုတ္ရင္လည္း စိတ္ေျပာင္းေအာင္ အျပင္ထြက္ရင္ထြက္။ အဲဒီ့မွာ ဂိမ္းေဆာ့သလိုလို၊ အလုပ္လုပ္သလိုလိုနဲ႔ အာ႐ံုထိုင္ေနာက္မေနနဲ႔ကြာ။ မင္းကိုၾကည့္ရတာ အဆင္မေျပဘူး။ ဒဏ္ရာကေရာ သက္သာလား။"

"ဟင္း ... မသက္သာဘူး။ ေဆးလိမ္းေပးပါ။"

"ဟမ္ ... ေျမကမ႓ာ၊ မင္းလည္း အမ်ိဳးမ်ိဳးတတ္ႏိုင္တယ္။ ခုနက ဘီလူးဆိုင္းတီးေနတာ။ အခုခ်က္ခ်င္း သူငယ္ေတာ္ျဖစ္သြားသလား။"

"သခင္က ဂ႐ုတစိုက္ေတြလာေျပာေပးတာကိုး။"

ေျပာရင္း လက္ေတြကိုျဖန္႔ကားလို႔ သခင့္ဆီလွမ္းသြားတဲ့ကမ႓ာက တကယ္ကိုကေလးတစ္ေယာက္လို။ ခုနက ျခေသၤ့တစ္ေကာင္လို ဟိန္းေဟာက္ေနတဲ့မာန္ေတြက အကုန္ကြာက်ၿပီး သမင္ပ်ိဳတစ္ေကာင္လို ႐ိုးရွင္းသြားျပန္ပါတယ္။

"ငါမင္းကို ေၾကာက္လာၿပီ။"

ကမ႓ာ့လက္ေတြကို အနားကပ္လာမွေရွာင္လိုက္ရင္း သခင္ေျပာလိုက္ပါတယ္။ မဖက္လိုက္ရတဲ့ကမ႓ာက သုန္မႈန္ေနတဲ့႐ုပ္နဲ႔လွည့္ၾကည့္ၿပီး

"သား ဘာလုပ္လို႔လဲ၊ ကိုကို၊"

"အဲဒါပဲ။ ခ်က္ခ်င္းႀကီး သားဘာလုပ္လို႔လဲလို႔ ျဖစ္သြားတာကိုက ဆိုးေနတာပဲ။ ထားပါ။ ငါ ကားအစမ္းေမာင္းၾကည့္ခ်င္တယ္။ ဒီကိုေရာက္ၿပီးမွ ကားမေမာင္းရေတာ့တာဆိုေတာ့ ၾကာေနၿပီ။ ဘယ္လိုလဲ။"

"တကယ္လား။ အဟား၊ မိုက္တယ္။ စမ္းေမာင္းလို႔ရတဲ့ေနရာကို ကိုယ္သိတယ္။ ဒီအခ်ိန္ဆိုအေတာ္ပဲ။ ေမွာင္ေနၿပီဆိုေတာ့ ယာဥ္ေမာင္းသင္ေတြလည္း နားေလာက္ၿပီ။ သြားၾကမယ္။"

"အေပၚဝတ္သြားယူ။"

"သခင္လည္းယူမွာမဟုတ္လား။ သြားယူေပးမလား။ အဲဒီ့ကြင္းအားမလားလို႔ ကိုယ္ေသခ်ာေမးၾကည့္လိုက္ဦးမယ္။"

"OK."

.

"အဆင္ေျပၿပီ သခင္။ ကိုယ္တို႔ပဲရွိမွာတဲ့။ ျပန္ခါနီးမွ ဝင္းတံခါးပိတ္ဖို႔ သူ႔ဆီဖုန္းျပန္ဆက္တဲ့။"

"သြားၾကစို႔။"

"Let's go."



"မင္းေျပာသလို ကားေမာင္းေလ့က်င့္ကြင္းဆိုတာထက္ ဒါႀကီးကပိုက်ယ္ေနတာ။"

"မိုက္တယ္မလား။ သဘာဝအတိုင္းသစ္ပင္ေတြက ေလေကာင္းေလသန္႔ရေနတာ ေကာင္းတယ္ေလ။ ကိုယ့္သူငယ္ခ်င္းအေဖက ဟိုတယ္ေဆာက္ဖို႔ ဒီနားဝန္းက်င္ေနရာေတြကို စုဝယ္ပစ္လိုက္တာပဲ။ အခု သူ႔အေဖက အေရးေပၚေဆး႐ံုတင္ထားရတာနဲ႔ ဒီေနရာကို သင္တန္းဝင္းလို ခဏထားထားတာ။"

"ဪ၊ အဲဒီလိုလား။ သူ႔အေဖေရာ ဘယ္လိုလဲ။"

"သက္သာလာၿပီ။ လံုးဝအဆင္ေျပသြားရင္ သူတို႔ လုပ္ငန္းစၾကေတာ့မယ္ထင္တယ္။"

"ေကာင္းတာေပါ့။"

"ေတာ္ၿပီလား သခင္။ နားမလို႔လား။"

"ခဏနားမယ္။ ဒီနားေလးကို ငါသေဘာက်လို႔။"

"ဘီယာပါတယ္။"

"ယူခဲ့။ မင္းမေသာက္နဲ႔။"

"မေသာက္ပါဘူးဗ်ာ။ အျပန္ကားေမာင္းရဦးမွာ သိပါတယ္။"

"မင္းမူးရင္ သိပ္သိသာတာပဲ၊ အရွိန္ေတြက။"

"ဘီယာေလာက္နဲ႔ မူးစရာလား။"

"မမူးလည္း မေသာက္နဲ႔။ ငါ့ခြဲတမ္းေလ်ာ့တယ္။"

"ဟား ဟား၊ ဟုတ္ပါၿပီ။"

ကားေနာက္ဖံုးေပၚအတူထိုင္ရင္း တစ္ေယာက္ကေဆးလိပ္ဖြာလိုက္၊ တစ္ေယာက္ကဘီယာစုပ္လိုက္နဲ႔ ကားမီးေရာင္ရယ္၊ ေရွ႕နားကသစ္ပင္ႀကီးမွာ ပတ္ထြန္းထားတဲ့ အလွဆင္မီးေလးေတြရဲ႕အေရာင္ရယ္ေအာက္ သူတို႔စံုတြဲရဲ႕အိုေအစစ္ေလးက ေအးခ်မ္းစြာ။

"ကမ႓ာ၊ မင္း ငါ့ကို ဘာလို႔ခ်စ္တာလဲ။"

"ရာဇသခင္မို႔လို႔ ခ်စ္တာ။"

"ငါက ရာဇသခင္မဟုတ္ရင္ေရာ။"

"ရာဇသခင္မဟုတ္ရင္ နာမည္ဘယ္လိုေခၚလဲ။ Floyd လား၊ Theodore လား။ ဘာနာမည္ျဖစ္ျဖစ္ေပါ့။ ဒီကလူသားကိုပဲ ကိုယ္ကခ်စ္တာ။"

သခင့္ပခံုးကေနဖက္ၿပီး ကမ႓ာ့ဘက္ကိုဆြဲယူဖို႔ျပင္ေတာ့ အလ်င္အျမန္လႈပ္ရွားလိုက္တဲ့ သခင့္ေၾကာင့္ ကမ႓ာ လည္ပင္းကေနခ်ဳပ္ထားခံလိုက္ရတယ္။

"အား၊ သခင္က အရမ္းျမန္တာပဲ။"

"ေျပာ"

"ဘာလို႔ေမးတာလဲ။"

"ငါၾကားခ်င္လို႔။"

သူ႔လက္ေမာင္းေအာက္ကကမ႓ာ့ကို စိုက္ၾကည့္ၿပီးေမးလာတဲ့ သခင့္အၾကည့္ေတြထဲ တကယ္သိခ်င္တာေရာ၊ တစ္ခုခုကိုေမၽွာ္လင့္ေနပံုေရာ အထင္းသား။

"ဘယ္ quality မ်ိဳးရွိရွိ ဒီ product ေလးျဖစ္ေနရင္ ေက်နပ္ၿပီ။ ကိုယ့္အတြက္ Limited edition ေလး။"

သခင္ရယ္လိုက္ၿပီး

"ဒီသာလိကာပါးစပ္ေလးက ဒီလိုပလီပလာေတြထြက္လာမယ္လို႔ ငါထင္ေနသားပဲ။ အဲဒါပဲၾကားခ်င္လို႔ ေမးတာ။"

သက္ေတာင့္သက္သာမရွိလွတဲ့ ခႏၶာကိုယ္အေနအထားကေန သခင့္ေပါင္ေပၚလွဲခ်ၿပီး ေခါင္းအံုးအိပ္လိုက္တဲ့ကမ႓ာ့ေၾကာင့္ သခင္က တစ္ဖက္ကိုထပ္ေရႊ႕ေပးလိုက္ရတယ္။ မဟုတ္လည္း ကားေနာက္ဖံုးေပၚမွာ သူ႔အရပ္နဲ႔မဆန္႔တာကို မရမကေခြေခါက္ၿပီး လွဲအိပ္ေနဦးမယ့္ ေျမကမ႓ာပါ။

အခုဆိုရင္ေတာ့ ကားေနာက္ဖံုးရဲ႕ေထာင့္တစ္ေထာင့္နားမွာ သခင္ကဘီယာထိုင္ေသာက္ေနၿပီး သခင့္ေပါင္ေပၚေခါင္းအံုးရင္း ေနာက္ဖံုးေပၚကန္႔လန္႔ျဖတ္လွဲလို႔ ကမ႓ာကေဆးလိပ္ေသာက္ေနပါရဲ႕။
ၾကယ္သိပ္မစံုတဲ့ေကာင္းကင္ကို ဟိုဟိုဒီဒီလက္ညႇိဳးထိုးရင္း၊ ေပါက္ကရေတြေျပာရင္းေပါ့။ သခင့္ရယ္သံခပ္ရွရွကလည္း လြင့္ေမ်ာလို႔။

■■■

Last five years ago ...

"Shit! ေဆးခတ္တဲ့ဟာေတြကို ေနာက္ေန႔ ငါ့ေရွ႕ေခၚလာခဲ့။"

မိန္းကေလးတစ္ေယာက္ကိုဖက္ၿပီး VVIP room ထဲဝင္သြားေလသူရဲ႕ အမိန္႔သံက ျပတ္ျပတ္သားသား။ အေဖျဖစ္သူနဲ႔ ကေတာက္ကဆျဖစ္လာၿပီး ကလပ္မွာေသာင္းက်န္းေနတဲ့ Earth ကို ဘယ္သူကေဆးခတ္တယ္မသိဘဲ အတူရွိေနတဲ့ လႊတ္ေတာ္အမတ္ရဲ႕သားျဖစ္သူနဲ႔ ပူးကပ္သြားၾကတယ္။ ဒါေပမဲ့ တစ္ဖက္လူရဲ႕ကိုယ္ရံေတာ္ေတြေရာက္လာၿပီး ႏွစ္ေယာက္လံုးအသိစိတ္ျပန္ကပ္ခ်ိန္ အမတ္ရဲ႕သားက ျပန္ထြက္သြားခဲ့ၿပီး Earth က ေကာင္မေလးတစ္ေယာက္ကို ေခၚလိုက္ပါတယ္။ အမတ္မင္းရဲ႕သားျဖစ္သူေဘးက ကိုယ္ရံေတာ္ေတြဟာ သူတို႔သခင္ေလးရဲ႕ ကိုယ္ေရးကိုယ္တာေတြကို ဝင္စြက္ဖက္တာမ်ိဳးမရွိတတ္ၾကေပမဲ့ ဒီတစ္ေခါက္မွာေတာ့ ဝင္တားခဲ့ၾကသလို စိတ္လြတ္ေနတဲ့ႏွစ္ေယာက္ကလည္း အသိကပ္သြားၾကၿပီး ေနာက္ဆုတ္ခဲ့ၾကတယ္။

သူတို႔ကိုဝင္တားခဲ့တာနဲ႔ ပတ္သက္ၿပီးေတာ့ ျဖစ္ႏိုင္ေခ်တစ္ခ်က္ေတာ့ရွိေနတယ္။ Earth ရဲ႕ေဘးမွာ မျမင္ႏိုင္တဲ့အေဖာ္တစ္ေယာက္ ရွိေနတတ္တယ္လို႔ ေတာ္ေတာ္မ်ားမ်ားသိထားၾကတယ္။ ဒါေပမဲ့ ေသေသခ်ာခ်ာ၊ တိတိက်က်ျမင္ဖူးသူက လက္ခ်ိဳးေရရင္ လက္တစ္ဖက္မျပည့္ပါ။ တခ်ိဳ႕ေတြဆိုရင္ အဲဒါလူမဟုတ္ဘူးလို႔ေတာင္ ေျပာေနၾကတဲ့အထိပါပဲ။ အဲဒီ့လူကို ေသခ်ာမျမင္ဖူးၾကေပမဲ့ နာမည္ကေတာ့သတင္းေမႊးၿပီးေနၿပီ။ သူ႔နာမည္က 'Phantom'. သူ႔အေၾကာင္းနဲ႔ပတ္သက္ၿပီး Phantom ဆိုတဲ့ nickname ကလြဲရင္ ဘာမွမသိရလို႔ လူမဟုတ္ဘူးဆိုၿပီး ေျပာၾကတာပါ။ သူက Earth ရဲ႕ အနီးဆံုး bodyguard ျဖစ္ေနလို႔ သူဝင္ပါလိုက္တာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

Earth ဆိုတာကေတာ့ Ronan ဆိုတဲ့ သူေဌးသားေလးနဲ႔ေပါင္းၿပီး 'Heaven & Hell' ဆိုတဲ့နာမည္နဲ႔ Night Club, Restaurant နဲ႔ Gay Bar ေတြကို ေနရာသံုးေနရာမွာခြဲၿပီး ဖြင့္ထားတာမို႔ သူတို႔ႏွစ္ေယာက္က လူငယ္ေတြၾကား ေရပန္းစားပါတယ္။ တစ္ေနကုန္ စားေသာက္ဆိုင္ကို ေအးေအးလူလူဦးစီးၾကၿပီး ညဘက္ေတြမွာေတာ့ Club နဲ႔ Bar မွာ တစ္ေယာက္တစ္ေနရာစီ ရွိတတ္ၾကတယ္။ တစ္ခါတေလေတာ့ ၿပိဳင္ကားကိုယ္စီနဲ႔ ၿပိဳင္ပြဲေတြလုပ္ၿပီး အေပ်ာ္ရွာတတ္ၾကေသးတယ္။ သူတို႔ရဲ႕ကားၿပိဳင္ပြဲေတြဟာ ေတာ္႐ံုလူအနားမကပ္ႏိုင္တဲ့ ေလာင္းေၾကးေတြနဲ႔ျဖစ္ၿပီး ေငြေၾကးမဟုတ္တဲ့ အေလာင္းအစားေတြလည္း ရွိတတ္ၾကတယ္။

Earth သံုးေနတဲ့ေငြေတြက အေဖျဖစ္သူရဲ႕အလုပ္မွာဝင္ကူရင္း ရတာေတြလည္းရွိသလို Ronan နဲ႔အတူ အလုပ္လုပ္ထားတာေတြဆီကလည္း ရေနေပမဲ့ ဝင္ေငြနဲ႔သံုးေငြက ဘယ္လိုတြက္တြက္မမၽွတာကို လူတိုင္းသိႏိုင္ပါတယ္။ Earth က တျခားဘာအလုပ္လုပ္လဲဆိုတာကို ဘယ္သူမွမသိၾကေပမဲ့ သူတို႔ကလည္း သိခ်င္စိတ္ရွိပံုမေပၚပါဘူး။ အမ်ားစုက Earth နဲ႔တြဲၿပီးအေပ်ာ္ရွာဖို႔ေလာက္သာ ေတြးခဲ့ၾက႐ံု။
Earth ရဲ႕အေၾကာင္း ေတာ္ေတာ္မ်ားမ်ားကိုသိေနသူက Phantom ပဲလို႔ ေျပာၾကေပမဲ့လည္း အဲဒီ့ Phantom ဆိုတာ ဘယ္သူလို႔ကို အတည္ျပဳစရာမရွိခဲ့ပါ။

■■■

"ငါက မင္းကိုစံုစမ္းခိုင္းလို႔လား။"

"သခင္ေလးက ဘယ္သူမွမသိေစခ်င္ဘူးဆိုလို႔ ကၽြန္ေတာ္ပဲ ..."

"ေသာက္ရမ္းအားေနတာလား။ အေဖက မင္းကိုအလုပ္မခိုင္းေတာ့လို႔လား။"

"အဲဒီ့အလုပ္ေတြၿပီးမွ စံုစမ္းတာပါ။"

"သိပ္ေတာ္ေနတယ္ေပါ့။ ဟမ္၊ သိပ္ေတာ္ေနတာလား။ အခ်ိန္ရရင္ရသေလာက္ေလးလည္း စံုစမ္းႏိုင္ပါတယ္လို႔ ေျပာခ်င္တာလား။ မင္းက အဲ့ဒါေတြလုပ္ေနေတာ့ အေဖသိသြားႏိုင္တာကို မင္းနားမလည္ဘူးလား။"

"Boss မသိပါဘူး။"

"အဲဒါ ငါ့အေဖ။ ငါ့ကိုေမြးထားတဲ့အေဖ။ ငါအခုတတ္ထားတာေတြက သူသင္ေပးထားတာ။ မင္းက ေက်ာ္လို႔ရမယ္ထင္တာလား။ အေဖမသိေစခ်င္လို႔ မင္းကိုယ္တိုင္လုပ္စရာမလိုဘူးလို႔ ငါေျပာခဲ့တာ။"

"ကၽြန္ေတာ္မဟုတ္ဘဲ တျခားလူကိုစံုစမ္းခိုင္းလို႔ Boss သိသြားရင္ ပိုမဆိုးဘူးလား။ ဘာပဲျဖစ္ျဖစ္ မသိေစရဘူးလို႔ အာမခံတယ္။ တစ္ေယာက္ေယာက္ကိုစံုစမ္းေနတယ္လို႔ သိရင္ေတာင္ ဘယ္သူဆိုတာကို မသိေစရဘူး။ တျခားတစ္ေယာက္လို႔ပဲထင္သြားမွာ။"

"ေအး၊ မင္းဇာတ္ကိုႏိုင္ေအာင္က။"

တကယ္ဆို ဒီဇာတ္ကို ဘယ္သူစခဲ့တယ္ဆိုတာ ႏွစ္ေယာက္လံုးအသိပါ။ Earth သိခ်င္ေနတဲ့ တစ္စံုတစ္ေယာက္ရဲ႕အေၾကာင္းကို စံုစမ္းဖို႔အတြက္ စိတ္ခ်ရတဲ့လူကိုခိုင္းဖို႔ သူ႔ကိုအမိန္႔ေပးခဲ့တာ။ သူကိုယ္တိုင္ကေတာ့့ Earth ရဲ႕အေဖ၊ သူရဲ႕ Boss က တခ်ိဳ႕အေရးႀကီးကိစၥေတြမွာ သူနဲ႔မ်က္ႏွာလႊဲရေအာင္အထိ အေရးပါေနတာမို႔ သူလႈပ္ရွားရင္ Earth အေဖသိမွာစိုးလို႔ တျခားလူကိုခိုင္းဖို႔ ေသခ်ာမွာခဲ့ေပမဲ့ သူလုပ္ခ်င္သလိုလုပ္ေနတာပါပဲ။
သူက .....

■■■

"သခင္ေလး၊ မသြားရဘူး။"

"ဘာလဲဟ။"

"ဒီညအစီအစဥ္ကို ဖ်က္လိုက္မွျဖစ္မွာ။"

"ဒီညက ေၾကးႀကီးတယ္။ ငါႏိုင္ရင္ သူ႔ေဈးကြက္ကို ငါရမွာ။ ေသခ်ာေပါက္လည္း ငါႏိုင္မွာ။"

ကားၿပိဳင္ပြဲတစ္ခုခ်ိန္းထားၿပီး ေလာင္းေၾကးက ႏိုင္ရင္ ေဆးျဖန္႔တဲ့ေဈးကြက္ကိုရမွာ။ ႐ႈံးရင္ေတာ့ သူတို႔ေဈးကြက္အတြက္ လံုျခံဳေရးအျပည့္ေပးဖို႔ စီစဥ္ေပးရမယ္တဲ့။ သူတို႔ရဲ႕ေဈးကြက္က အရမ္းႀကီးတာေၾကာင့္ စိတ္ခ်ရတဲ့လံုျခံဳေရးရဖို႔ လိုအပ္ေနတာလည္း Earth သိၿပီးသား။ ႏိုင္ရင္ ေဈးကြက္ကိုရမွာျဖစ္သလို ႐ႈံးရင္လည္း လံုျခံဳေရးအတြက္အစီအစဥ္ကေန အက်ိဳးအျမတ္ရဦးမွာမို႔ အက်ိဳးရွိတဲ့ပြဲကို အလြတ္ခံလို႔မျဖစ္။

"သူတို႔႐ႈံးရင္ သခင္ေလးကို သက္ဆိုင္ရာဆီထိုးေကၽြးဖို႔ စီစဥ္ၿပီးသား။ သူတို႔အသိုက္ကို လိုက္ႏႈိက္ေနတာေတြ ရပ္ဖို႔အတြက္ လာဘ္ထိုးဖို႔လိုေနတာ သခင္ေလးသိတယ္မဟုတ္လား။"

"ဘာျဖစ္တယ္။ ငါ့ကို အဲဒီ့လိုလုပ္လို႔ ရမတဲ့လား။"

"မရရင္ေတာင္ အနည္းဆံုးေတာ့ သခင္ေလးကို သက္ဆိုင္ရာက အာ႐ံုစိုက္ၾကည့္ေနၾကေတာ့မွာ။"

"Bitch! ေတြ႕ၾကေသးတာေပါ့။ ေနာက္သံုးရက္ေနရင္အလုပ္ျဖစ္မယ့္ သူတို႔ကိစၥမွာ ဝယ္လက္ဘယ္သူလဲလို႔စံုစမ္းထားလိုက္။"

"ဟုတ္ကဲ့။ ဟို ... ဘယ္သြားမလို႔လဲ သခင္ေလး။"

"Club"

"ဘယ္ေနရာကိုမွမသြားတာ ေကာင္းမယ္ထင္တယ္။ သူတို႔က ..."

"ငါက ေထာင္က်သလိုေနရမွာလား။"

"ျခံထဲမွာပဲလုပ္လိုက္ေလ။ ကၽြန္ေတာ္တို႔ေတြ ေစာင့္ၾကည့္ေနလို႔ရတာပဲ။ အျပင္မွာထက္ေတာ့ အႏၲရာယ္ကင္းတယ္။"

"မဆိုးဘူး။"

Ronan ဆီကိုဖုန္းဆက္ကာ အေပါင္းအသင္းေတြစုၿပီး စားၾကေသာက္ၾကဖို႔ စီစဥ္လိုက္ပါတယ္။ ေခၚေနက်ေကာင္မေလးေတြလည္း မပါမျဖစ္ပဲေပါ့။
ကားၿပိဳင္ပြဲဖ်က္လိုက္တာေၾကာင့္ မေသာင္းက်န္းလိုက္ရလို႔ဆိုၿပီး ပြစိပြစိလုပ္ေနမယ့္ သူငယ္ခ်င္းႏွစ္ေယာက္ရယ္၊ Ronan နဲ႔ Earth ရယ္၊ ေကာင္မေလးေတြရယ္ ေခါင္မိုးထပ္မွာ စားၾကေသာက္ၾကၿပီး ေခါင္မိုးထပ္နဲ႔ အေပၚဆံုးထပ္ကအခန္းေတြမွာ အိပ္ေပ်ာ္သြားၾကခ်ိန္အထိ ေစာင့္ၾကည့္ေပးေနတဲ့လူေတြကေတာ့ ႏိုးႏိုးၾကားၾကား။



"Koa, Koa. Shit! Koa, now where?"

Koa (Koh Ah).
သူပဲသတင္းပို႔ၿပီး လူကဘယ္ေရာက္ေနတယ္မသိ။ အ္ိမ္မွာေစာင့္ပါလို႔ ေသခ်ာမွာတာကို ေရာက္မေနတာက ေဒါသထြက္ေအာင္ဆြေနသလို။

အိမ္ထဲဝင္ကတည္းက ေအာ္ဟစ္ေသာင္းက်န္းေနတဲ့ Earth ေၾကာင့္ သံုးထပ္ခြဲအိမ္ေလးရဲ႕အလယ္ထပ္မွာရွိတဲ့ Earth ရဲ႕အလုပ္ခန္းထဲက hidden camera ကို ကိုယ္တိုင္ျပင္ေနတဲ့ Koa တစ္ေယာက္ ေလွကားထစ္ေတြကို ေက်ာ္ခြေျပးဆင္းလာရင္း

"လာပါၿပီ သခင္ေလး။"

"မင္းသိလာတာ အကုန္ေျပာစမ္း။"

"သူက ပိုနီးလာၿပီ။"

"အဲဒါဆို ဒီတစ္ပတ္အတြင္းေပ်ာက္သြားတာက ..."

"အစီအစဥ္ေတြဆြဲေနတာလို႔ ထင္ရတယ္။"

"ဟူး ... သူ႔အစားေမာလိုက္တာ။"

"ေစာင့္ေနရတာ ပိုမေမာဘူးလား သခင္ေလး။"

"ငါေစာင့္ေနခဲ့တာ တစ္ႏွစ္၊ ႏွစ္ႏွစ္တည္းလားကြာ။"

"အဆိပ္ဆိုတာသိရဲ႕နဲ႔ ေသာက္မလို႔လား။"

"ငါက အဆိပ္ၿပီးပါတယ္။ ဟား ဟား ..."

'ေပ်ာ္ေနတယ္။ ေတာ္ေတာ္ေလးေပ်ာ္ေနပံုေပါက္တယ္။ ပိုနီးလာတဲ့မီးကို အေလာင္ခံဖို႔ ေပ်ာ္ေပ်ာ္ႀကီးေစာင့္ေနပံုက သိပ္ကိုတံုးအလြန္းေနခဲ့တာ။'

"ငါက ပိုးဖလံမွမဟုတ္တာပဲ။ ေခ်ာ္ရည္ထဲကပိုးေကာင္တစ္ေကာင္ေလ။"

အေတြးေတြကိုဖတ္တတ္ေနပံုရတဲ့ သခင္ေလးက ေျပာလာတယ္။ သူဟာ မီးထဲမွာပဲရွင္သန္ေနခဲ့သလိုမ်ိဳး။ ဒါဆိုရင္ ပံုမွန္အေျခအေနမွာဆို အသက္မဲ့ေနမွာလား။

"သခင္ေလးက သိပ္ကို flexible ျဖစ္တဲ့အရည္တစ္မ်ိဳးနဲ႔ ပိုတူတယ္။"

"ဒါဆိုလည္း ပံုစံခြက္ေလးေတာ့လိုတာေပါ့။"

'သခင္ေလးေျပာေနက် limited edition ေလးလား။'

"သခင္ေလးက independent type ေလ။"

"မင္းသိလား။ သဘာဝအတိုင္းခဲတဲ့ႏွင္းေတာင္ သူ႔ပံုစံနဲ႔သူသတ္မွတ္ခ်က္ရွိတယ္။ ေရဘယ္လိုစီးစီး ေရစီးေၾကာင္းပံုစံေတာ့ ရွိေနၿပီးသား။ အဲဒါကပဲ သူ႔ပံုစံခြက္ေပါ့။"

အက်ဥ္းေထာင္ကအလံုျခံဳဆံုးပဲလို႔ အေတြးဝင္ေနတဲ့ ရာဇဝတ္သားဟာ သူကိုယ္တိုင္ေျဖာင့္ခ်က္ေပး အဖမ္းခံတာမ်ိဳး။ တစ္ကၽြန္းက်ရင္လည္း ေက်နပ္ေနမယ့္ငမိုက္သားမ်ိဳးကို ဘယ္လိုကယ္တင္ရမလဲလို႔ ေတြးေနတယ္ဆိုရင္ အဲဒီ့လူဟာ အေတာ္ေလးမိုက္မဲလို႔ပဲထင္ပါတယ္။

"ေနာက္လထဲမွာ သူ ဒီကိုခဏလာလိမ့္မယ္။ သခင္ေလးေရွာင္ႏိုင္ဖို႔ ႀကိဳေျပာထားတာ။ အတိအက်ကိုေတာ့ ေသခ်ာတဲ့အခါ သတင္းပို႔ပါ့မယ္။"

"ဟုတ္ၿပီ။ မနက္ျဖန္ အေဖေခၚထားတယ္မဟုတ္လား။ အခုသြားနားေတာ့။"

"သခင္ေလးရဲ႕မွန္ဗီ႐ိုထဲကကင္မရာ ပ်က္ေနလို႔ျပင္ေနတာ။ အခုက ျပင္လက္စႀကီး။"

"အဲဒါဆိုလည္း သြားျပင္ေတာ့။ ဟိုအရုပ္ ထပ္ၿပီးလက္ျပဳတ္ရင္ ေသမယ္ေနာ္။"

အဲဒီ့ Superman အ႐ုပ္ေဟာင္းေလးက အရင္ကတည္းက လက္တစ္ဖက္ျပဳတ္ေနတာကို Koa သိတယ္။ တစ္ခါက အလုပ္ခန္းထဲမွာ သူရွိေနတုန္း သန္႔ရွင္းေရးလာလုပ္တဲ့ေကာင္မေလးက ဗီရိုကိုတိုက္မိေတာ့ အရုပ္ေလးျပဳတ္က်ၿပီး လက္ျပဳတ္ထြက္သြားဖူးတယ္။ တစ္ေယာက္ေယာက္ရွိေနမွ သန္႔ရွင္းေရးဝင္လုပ္ရတဲ့အခန္းမို႔ အလုပ္လုပ္ေနတဲ့သူ အေႏွာင့္အယွက္မျဖစ္ရေအာင္ အရမ္းသတိထားရၿပီး ခပ္ျမန္ျမန္ၿပီးဖို႔လည္းလိုတာေၾကာင့္ ဒီအခန္းသန္႔ရွင္းေရးက်တဲ့သူက သိပ္စိတ္ညစ္ရတယ္ဆိုတာ သူသိၿပီးသားပါ။ အခုလိုျဖစ္သြားေတာ့ ေကာင္မေလးခမ်ာ ေသြးဆုတ္သလိုျဖဴေဖ်ာ့ၿပီး လန္႔ေနရွာလို႔

"အလုပ္ကို ျမန္ျမန္လက္စသတ္ၿပီး သြားေတာ့။ ငါ ၾကည့္ရွင္းလိုက္မယ္။"

"ျဖစ္ ... ျဖစ္ပါ့ ... မလား။ ကၽြန္မ ..."

"မင္းအလုပ္ကို ျမန္ျမန္ဆက္လုပ္ၿပီး သြားလိုက္ေတာ့။"

တုန္တုန္ရင္ရင္နဲ႔ ခပ္ျမန္ျမန္သန္႔ရွင္းေရးလုပ္ၿပီး ထြက္သြားဖို႔ျပင္ေနတဲ့ သန္႔႐ွင္းေရးေကာင္မေလးကို

"အဲဒီ့လိုသ႐ုပ္ပ်က္ေနရင္ ဘယ္လိုလုပ္မလဲ။"

"ဟုတ္ ... ဟုတ္ကဲ့၊ သတိထားပါ့မယ္။ ေက်းဇူးတင္ပါတယ္။ ေနာက္မျဖစ္ေစရပါဘူး။"

"ျဖစ္ရင္လည္း ေသဖို႔ပဲရွိတယ္။ သြားေတာ့။"

CCTV ေတြထဲက အဲဒီ့ျမင္ကြင္းကိုဖ်က္ထုတ္ၿပီးခ်ိန္မွာပဲ Earth အခန္းထဲေရာက္လာပါတယ္။

"ၿပီးၿပီလား ဖိုင္ေတြကူးတာက။"

ကူးလက္စဖိုင္ေတြဆီ ျပန္ဝင္ၾကည့္ရင္း

"ၿပီးေတာ့မယ္ သခင္ေလး။"

"What the f*ck! အဲဒါ ဘာျဖစ္တာလဲ။"

လက္ျပန္ဆက္ေပးဖို႔ စားပြဲေပၚတင္ထားမိတဲ့အ႐ုပ္ကို Earth ျမင္သြားၿပီး ေဒါသတႀကီးေအာ္လာတာမို႔ Koa က Earth ေရွ႕ကိုထသြားလိုက္ကာ

"ကၽြန္ေတာ္တိုက္မိၿပီး ျပဳတ္က်တာပါ။ ဆက္ထားတဲ့ေနရာက ..."

*ေျဖာင္း*

လက္ျပန္႐ိုက္ခ်လိုက္တာေၾကာင့္ Koa မ်က္ႏွာလည္ထြက္သြားၿပီးမွ ျပန္လွည့္လာေတာ့ ႏွာေခါင္းကေနေသြးေတြစီးက်လာတယ္။ ႏွာႏု႐ိုးကို႐ိုက္မိလိုက္တာ နာက်င္တာေတာင္ အသံမထြက္ရဲခဲ့။

"ငါလုပ္ရရင္ ေသေတာ့မယ္။ အခုခ်က္ခ်င္းျပန္ျပင္၊ ငါ့ေရွ႕မွာ။"

"ဟုတ္"

စီးက်ေနတဲ့ေသြးကိုေတာင္ မသုတ္ႏိုင္ေသးဘဲ လိုတာေတြေျပးယူရျပန္တယ္။ စားပြဲေရွ႕ဆိုဖာမွာထိုင္ေနတဲ့ Earth ေရွ႕ကၾကမ္းျပင္မွာ Koa ထိုင္ခ်ၿပီး အရင္ဆက္ထားတဲ့အတိုင္း ျပန္ဆက္ဖို႔ျပင္ေတာ့

"ေသြးေတြေပကုန္မယ္။"

ေအးစက္ေနတဲ့ေလသံနဲ႔အတူ Koa ေရွ႕ကိုက်လာတဲ့ Tissue box.
Koa ျပံဳးလိုက္ၿပီး ေသြးေတြကိုအရင္သုတ္လိုက္ကာ အရုပ္ကိုျပန္ျပင္လိုက္တယ္။

"ရသြားၿပီ သခင္ေလး။"

'အရုပ္ေလးကို တယုတယကိုင္ၿပီး ဗီရိုထဲသြားျပန္ထည့္ေနတဲ့ သခင္ေလးက အ႐ုပ္ေလးကိုေတာင္ အဲဒီ့ေလာက္တန္ဖိုးထားရင္ အရုပ္ပိုင္ရွင္ေလးက ဘယ္ေလာက္ေတာင္ကံေကာင္းတဲ့သူလဲ။'

Tissue box ကို စားပြဲေပၚျပန္တင္ထားလိုက္ၿပီး သိမ္းစရာရွိတာေတြသိမ္းၿပီးမွ အခန္းထဲျပန္ဝင္ကာ အလုပ္ဆက္လုပ္ရတယ္။ ႏွာေခါင္းထဲကို တစ္႐ႈးစထိုးထည့္ထားရင္းေပါ့။

"ေရာ့"

အသံနဲ႔အတူလြင့္လာျပန္တဲ့တစ္စံုတစ္ခုကို Koa ဖမ္းထားလိုက္ေတာ့ ေအးစက္တဲ့အထိအေတြ႕နဲ႔ လက္တစ္ဖဝါးစာေရခဲထုပ္ေလး။

အျပံဳးေတြက ထိန္းထားလို႔မရေအာင္ကို ၿပိဳက်တယ္။
ဒီလိုသာေဆးေပးမယ္ဆိုရင္ အခါခါအနာရခ်င္မိပါရဲ႕။

■■■ Part (12) ဆက္ရန္ ■■■


"ရော့၊ စာ။ မြေကမ္ဘာဆိုပြီး မြန်မာလိုရေးထားတာပဲ။ ဒီအတိုင်း ပုံးထဲထည့်သွားတဲ့ပုံပဲ။"

အပြင်ဘက်စာတိုက်ပုံးထဲက စာအိတ်နှစ်လုံးကို သခင်ယူလာပြီး တစ်အိတ်ကို မြေကမ္ဘာဆီပေးလိုက်ပါတယ်။ သူကိုယ်တိုင်ကတော့ အိပ်ခန်းဆီဦးတည်သွားတယ်။ ဧည့်ခန်းမှာ အလုပ်လုပ်မယ်ပြောပြီး ဂိမ်းထိုင်ဆော့နေတဲ့ကမ္ဘာကတော့ သူ့လက်ထဲကျန်နေခဲ့တဲ့စာအိတ်ကို သေချာစပ်စုကြည့်ပြီးမှ ဖွင့်လိုက်တယ်။

"Bastard!"

စာကိုစာအိတ်ထဲပြန်ထည့်ပြီး မီးရှို့ကာ ဘေးဘက်ပြတင်းပေါက်ကနေ ပစ်ချလိုက်တော့တယ်။ သံမံတလင်းပေါ်ကျသွားတဲ့ မီးစွဲလက်စ စာရွက်အကြွင်းအကျန်တွေ အကုန်ပြာကျပြီး ပြာမှုန့်လေးတွေ နည်းနည်းစီလွင့်သွားတဲ့အထိ ကမ္ဘာကြည့်နေမိတုန်း။ ကြည့်ကောင်းလို့တော့ ဟုတ်ပုံမရတဲ့ ကမ္ဘာ့မျက်နှာက တည်တင်းလို့ပါပဲ။

**Ring Ring Ring**

"Hello"

"သခင်"

"မင်း ..."

"အဲဒီ့အလုပ်ကိစ္စလောက်ဆို သခင်ကိုယ်တိုင်လုပ်စရာမလိုတော့ဘူး။ ကျွန်တော် အကုန်ရှင်းပေးမယ်။ ဘာမဟုတ်တာနဲ့ အချိန်ကုန်ရတယ်လို့ မညည်းရတော့ဘူးပေါ့။"

"မင်းသောက်ချိုးကိုအရင်ပြင်။ ငါ့ကို မင်းဘက်ကစပြီး ဆက်သွယ်စရာအကြောင်းမရှိဘူး။ ပြီးတော့ အလုပ်ကိစ္စကို အလုပ်ထဲရှင်းရမှာမို့ အလုပ်ထဲကနာမည်ပဲခေါ်ပါ။ ဖြစ်နိုင်ရင် မင်းကိုလည်းမမြင်ချင်သလို မင်းအသံလည်း ငါမကြားချင်ဘူး။"

"ဟုတ်ပါပြီဗျာ၊ ဆင်ခြင်ပါ့မယ်။ အခုကိစ္စကို နေ့လယ်က ကျွန်တော်ပြောလိုက်ရမှာမဟုတ်မှန်း ကြိုသိလို့ စာထားခဲ့တာ။ စကားမစပ်၊ ကျွန်တော့်ကို အခုထိမုန်းလို့မဆုံးသေးတာ တကယ်သဘောကျတယ်။ ဟာဟ၊ Earth ကျွန်တော့်ကို မမေ့ဘူး။"

ဒေါသတကြီးဖုန်းချလိုက်ခြင်းရဲ့ တခြားတစ်ဖက်မှာ တစ်စုံတစ်ယောက်က ကြေကွဲနေခဲ့သလို ပျော်လည်းပျော်နေခဲ့တယ်။
ကမ္ဘာကတော့ ဖုန်းကိုဆိုဖာပေါ်ပစ်တင်လိုက်ပြီး စားပွဲပေါ်ကရေဘူးကို ကောက်မော့ရင်း ဒေါသဖြေနေရပြီ။

"ဘာဖြစ်တာလဲ။ အလုပ်ကိစ္စလား။"

"ဟုတ်တယ် သခင်။ ဒေါသထွက်စရာလေးကြုံသွားလို့။"

"အင်း။ မင်း ပြောလို့ရရင် ငါနားထောင်ပေးမယ်။ မဟုတ်ရင်လည်း စိတ်ပြောင်းအောင် အပြင်ထွက်ရင်ထွက်။ အဲဒီ့မှာ ဂိမ်းဆော့သလိုလို၊ အလုပ်လုပ်သလိုလိုနဲ့ အာရုံထိုင်နောက်မနေနဲ့ကွာ။ မင်းကိုကြည့်ရတာ အဆင်မပြေဘူး။ ဒဏ်ရာကရော သက်သာလား။"

"ဟင်း ... မသက်သာဘူး။ ဆေးလိမ်းပေးပါ။"

"ဟမ် ... မြေကမ္ဘာ၊ မင်းလည်း အမျိုးမျိုးတတ်နိုင်တယ်။ ခုနက ဘီလူးဆိုင်းတီးနေတာ။ အခုချက်ချင်း သူငယ်တော်ဖြစ်သွားသလား။"

"သခင်က ဂရုတစိုက်တွေလာပြောပေးတာကိုး။"

ပြောရင်း လက်တွေကိုဖြန့်ကားလို့ သခင့်ဆီလှမ်းသွားတဲ့ကမ္ဘာက တကယ်ကိုကလေးတစ်ယောက်လို။ ခုနက ခြင်္ေသ့တစ်ကောင်လို ဟိန်းဟောက်နေတဲ့မာန်တွေက အကုန်ကွာကျပြီး သမင်ပျိုတစ်ကောင်လို ရိုးရှင်းသွားပြန်ပါတယ်။

"ငါမင်းကို ကြောက်လာပြီ။"

ကမ္ဘာ့လက်တွေကို အနားကပ်လာမှရှောင်လိုက်ရင်း သခင်ပြောလိုက်ပါတယ်။ မဖက်လိုက်ရတဲ့ကမ္ဘာက သုန်မှုန်နေတဲ့ရုပ်နဲ့လှည့်ကြည့်ပြီး

"သား ဘာလုပ်လို့လဲ၊ ကိုကို၊"

"အဲဒါပဲ။ ချက်ချင်းကြီး သားဘာလုပ်လို့လဲလို့ ဖြစ်သွားတာကိုက ဆိုးနေတာပဲ။ ထားပါ။ ငါ ကားအစမ်းမောင်းကြည့်ချင်တယ်။ ဒီကိုရောက်ပြီးမှ ကားမမောင်းရတော့တာဆိုတော့ ကြာနေပြီ။ ဘယ်လိုလဲ။"

"တကယ်လား။ အဟား၊ မိုက်တယ်။ စမ်းမောင်းလို့ရတဲ့နေရာကို ကိုယ်သိတယ်။ ဒီအချိန်ဆိုအတော်ပဲ။ မှောင်နေပြီဆိုတော့ ယာဉ်မောင်းသင်တွေလည်း နားလောက်ပြီ။ သွားကြမယ်။"

"အပေါ်ဝတ်သွားယူ။"

"သခင်လည်းယူမှာမဟုတ်လား။ သွားယူပေးမလား။ အဲဒီ့ကွင်းအားမလားလို့ ကိုယ်သေချာမေးကြည့်လိုက်ဦးမယ်။"

"OK."

.

"အဆင်ပြေပြီ သခင်။ ကိုယ်တို့ပဲရှိမှာတဲ့။ ပြန်ခါနီးမှ ဝင်းတံခါးပိတ်ဖို့ သူ့ဆီဖုန်းပြန်ဆက်တဲ့။"

"သွားကြစို့။"

"Let's go."



"မင်းပြောသလို ကားမောင်းလေ့ကျင့်ကွင်းဆိုတာထက် ဒါကြီးကပိုကျယ်နေတာ။"

"မိုက်တယ်မလား။ သဘာဝအတိုင်းသစ်ပင်တွေက လေကောင်းလေသန့်ရနေတာ ကောင်းတယ်လေ။ ကိုယ့်သူငယ်ချင်းအဖေက ဟိုတယ်ဆောက်ဖို့ ဒီနားဝန်းကျင်နေရာတွေကို စုဝယ်ပစ်လိုက်တာပဲ။ အခု သူ့အဖေက အရေးပေါ်ဆေးရုံတင်ထားရတာနဲ့ ဒီနေရာကို သင်တန်းဝင်းလို ခဏထားထားတာ။"

"ဪ၊ အဲဒီလိုလား။ သူ့အဖေရော ဘယ်လိုလဲ။"

"သက်သာလာပြီ။ လုံးဝအဆင်ပြေသွားရင် သူတို့ လုပ်ငန်းစကြတော့မယ်ထင်တယ်။"

"ကောင်းတာပေါ့။"

"တော်ပြီလား သခင်။ နားမလို့လား။"

"ခဏနားမယ်။ ဒီနားလေးကို ငါသဘောကျလို့။"

"ဘီယာပါတယ်။"

"ယူခဲ့။ မင်းမသောက်နဲ့။"

"မသောက်ပါဘူးဗျာ။ အပြန်ကားမောင်းရဦးမှာ သိပါတယ်။"

"မင်းမူးရင် သိပ်သိသာတာပဲ၊ အရှိန်တွေက။"

"ဘီယာလောက်နဲ့ မူးစရာလား။"

"မမူးလည်း မသောက်နဲ့။ ငါ့ခွဲတမ်းလျော့တယ်။"

"ဟား ဟား၊ ဟုတ်ပါပြီ။"

ကားနောက်ဖုံးပေါ်အတူထိုင်ရင်း တစ်ယောက်ကဆေးလိပ်ဖွာလိုက်၊ တစ်ယောက်ကဘီယာစုပ်လိုက်နဲ့ ကားမီးရောင်ရယ်၊ ရှေ့နားကသစ်ပင်ကြီးမှာ ပတ်ထွန်းထားတဲ့ အလှဆင်မီးလေးတွေရဲ့အရောင်ရယ်အောက် သူတို့စုံတွဲရဲ့အိုအေစစ်လေးက အေးချမ်းစွာ။

"ကမ္ဘာ၊ မင်း ငါ့ကို ဘာလို့ချစ်တာလဲ။"

"ရာဇသခင်မို့လို့ ချစ်တာ။"

"ငါက ရာဇသခင်မဟုတ်ရင်ရော။"

"ရာဇသခင်မဟုတ်ရင် နာမည်ဘယ်လိုခေါ်လဲ။ Floyd လား၊ Theodore လား။ ဘာနာမည်ဖြစ်ဖြစ်ပေါ့။ ဒီကလူသားကိုပဲ ကိုယ်ကချစ်တာ။"

သခင့်ပခုံးကနေဖက်ပြီး ကမ္ဘာ့ဘက်ကိုဆွဲယူဖို့ပြင်တော့ အလျင်အမြန်လှုပ်ရှားလိုက်တဲ့ သခင့်ကြောင့် ကမ္ဘာ လည်ပင်းကနေချုပ်ထားခံလိုက်ရတယ်။

"အား၊ သခင်က အရမ်းမြန်တာပဲ။"

"ပြော"

"ဘာလို့မေးတာလဲ။"

"ငါကြားချင်လို့။"

သူ့လက်မောင်းအောက်ကကမ္ဘာ့ကို စိုက်ကြည့်ပြီးမေးလာတဲ့ သခင့်အကြည့်တွေထဲ တကယ်သိချင်တာရော၊ တစ်ခုခုကိုမျှော်လင့်နေပုံရော အထင်းသား။

"ဘယ် quality မျိုးရှိရှိ ဒီ product လေးဖြစ်နေရင် ကျေနပ်ပြီ။ ကိုယ့်အတွက် Limited edition လေး။"

သခင်ရယ်လိုက်ပြီး

"ဒီသာလိကာပါးစပ်လေးက ဒီလိုပလီပလာတွေထွက်လာမယ်လို့ ငါထင်နေသားပဲ။ အဲဒါပဲကြားချင်လို့ မေးတာ။"

သက်တောင့်သက်သာမရှိလှတဲ့ ခန္ဓာကိုယ်အနေအထားကနေ သခင့်ပေါင်ပေါ်လှဲချပြီး ခေါင်းအုံးအိပ်လိုက်တဲ့ကမ္ဘာ့ကြောင့် သခင်က တစ်ဖက်ကိုထပ်ရွှေ့ပေးလိုက်ရတယ်။ မဟုတ်လည်း ကားနောက်ဖုံးပေါ်မှာ သူ့အရပ်နဲ့မဆန့်တာကို မရမကခွေခေါက်ပြီး လှဲအိပ်နေဦးမယ့် မြေကမ္ဘာပါ။

အခုဆိုရင်တော့ ကားနောက်ဖုံးရဲ့ထောင့်တစ်ထောင့်နားမှာ သခင်ကဘီယာထိုင်သောက်နေပြီး သခင့်ပေါင်ပေါ်ခေါင်းအုံးရင်း နောက်ဖုံးပေါ်ကန့်လန့်ဖြတ်လှဲလို့ ကမ္ဘာကဆေးလိပ်သောက်နေပါရဲ့။
ကြယ်သိပ်မစုံတဲ့ကောင်းကင်ကို ဟိုဟိုဒီဒီလက်ညှိုးထိုးရင်း၊ ပေါက်ကရတွေပြောရင်းပေါ့။ သခင့်ရယ်သံခပ်ရှရှကလည်း လွင့်မျောလို့။

■■■

Last five years ago ...

"Shit! ဆေးခတ်တဲ့ဟာတွေကို နောက်နေ့ ငါ့ရှေ့ခေါ်လာခဲ့။"

မိန်းကလေးတစ်ယောက်ကိုဖက်ပြီး VVIP room ထဲဝင်သွားလေသူရဲ့ အမိန့်သံက ပြတ်ပြတ်သားသား။ အဖေဖြစ်သူနဲ့ ကတောက်ကဆဖြစ်လာပြီး ကလပ်မှာသောင်းကျန်းနေတဲ့ Earth ကို ဘယ်သူကဆေးခတ်တယ်မသိဘဲ အတူရှိနေတဲ့ လွှတ်တော်အမတ်ရဲ့သားဖြစ်သူနဲ့ ပူးကပ်သွားကြတယ်။ ဒါပေမဲ့ တစ်ဖက်လူရဲ့ကိုယ်ရံတော်တွေရောက်လာပြီး နှစ်ယောက်လုံးအသိစိတ်ပြန်ကပ်ချိန် အမတ်ရဲ့သားက ပြန်ထွက်သွားခဲ့ပြီး Earth က ကောင်မလေးတစ်ယောက်ကို ခေါ်လိုက်ပါတယ်။ အမတ်မင်းရဲ့သားဖြစ်သူဘေးက ကိုယ်ရံတော်တွေဟာ သူတို့သခင်လေးရဲ့ ကိုယ်ရေးကိုယ်တာတွေကို ဝင်စွက်ဖက်တာမျိုးမရှိတတ်ကြပေမဲ့ ဒီတစ်ခေါက်မှာတော့ ဝင်တားခဲ့ကြသလို စိတ်လွတ်နေတဲ့နှစ်ယောက်ကလည်း အသိကပ်သွားကြပြီး နောက်ဆုတ်ခဲ့ကြတယ်။

သူတို့ကိုဝင်တားခဲ့တာနဲ့ ပတ်သက်ပြီးတော့ ဖြစ်နိုင်ချေတစ်ချက်တော့ရှိနေတယ်။ Earth ရဲ့ဘေးမှာ မမြင်နိုင်တဲ့အဖော်တစ်ယောက် ရှိနေတတ်တယ်လို့ တော်တော်များများသိထားကြတယ်။ ဒါပေမဲ့ သေသေချာချာ၊ တိတိကျကျမြင်ဖူးသူက လက်ချိုးရေရင် လက်တစ်ဖက်မပြည့်ပါ။ တချို့တွေဆိုရင် အဲဒါလူမဟုတ်ဘူးလို့တောင် ပြောနေကြတဲ့အထိပါပဲ။ အဲဒီ့လူကို သေချာမမြင်ဖူးကြပေမဲ့ နာမည်ကတော့သတင်းမွှေးပြီးနေပြီ။ သူ့နာမည်က 'Phantom'. သူ့အကြောင်းနဲ့ပတ်သက်ပြီး Phantom ဆိုတဲ့ nickname ကလွဲရင် ဘာမှမသိရလို့ လူမဟုတ်ဘူးဆိုပြီး ပြောကြတာပါ။ သူက Earth ရဲ့ အနီးဆုံး bodyguard ဖြစ်နေလို့ သူဝင်ပါလိုက်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Earth ဆိုတာကတော့ Ronan ဆိုတဲ့ သူဌေးသားလေးနဲ့ပေါင်းပြီး 'Heaven & Hell' ဆိုတဲ့နာမည်နဲ့ Night Club, Restaurant နဲ့ Gay Bar တွေကို နေရာသုံးနေရာမှာခွဲပြီး ဖွင့်ထားတာမို့ သူတို့နှစ်ယောက်က လူငယ်တွေကြား ရေပန်းစားပါတယ်။ တစ်နေကုန် စားသောက်ဆိုင်ကို အေးအေးလူလူဦးစီးကြပြီး ညဘက်တွေမှာတော့ Club နဲ့ Bar မှာ တစ်ယောက်တစ်နေရာစီ ရှိတတ်ကြတယ်။ တစ်ခါတလေတော့ ပြိုင်ကားကိုယ်စီနဲ့ ပြိုင်ပွဲတွေလုပ်ပြီး အပျော်ရှာတတ်ကြသေးတယ်။ သူတို့ရဲ့ကားပြိုင်ပွဲတွေဟာ တော်ရုံလူအနားမကပ်နိုင်တဲ့ လောင်းကြေးတွေနဲ့ဖြစ်ပြီး ငွေကြေးမဟုတ်တဲ့ အလောင်းအစားတွေလည်း ရှိတတ်ကြတယ်။

Earth သုံးနေတဲ့ငွေတွေက အဖေဖြစ်သူရဲ့အလုပ်မှာဝင်ကူရင်း ရတာတွေလည်းရှိသလို Ronan နဲ့အတူ အလုပ်လုပ်ထားတာတွေဆီကလည်း ရနေပေမဲ့ ဝင်ငွေနဲ့သုံးငွေက ဘယ်လိုတွက်တွက်မမျှတာကို လူတိုင်းသိနိုင်ပါတယ်။ Earth က တခြားဘာအလုပ်လုပ်လဲဆိုတာကို ဘယ်သူမှမသိကြပေမဲ့ သူတို့ကလည်း သိချင်စိတ်ရှိပုံမပေါ်ပါဘူး။ အများစုက Earth နဲ့တွဲပြီးအပျော်ရှာဖို့လောက်သာ တွေးခဲ့ကြရုံ။
Earth ရဲ့အကြောင်း တော်တော်များများကိုသိနေသူက Phantom ပဲလို့ ပြောကြပေမဲ့လည်း အဲဒီ့ Phantom ဆိုတာ ဘယ်သူလို့ကို အတည်ပြုစရာမရှိခဲ့ပါ။

■■■

"ငါက မင်းကိုစုံစမ်းခိုင်းလို့လား။"

"သခင်လေးက ဘယ်သူမှမသိစေချင်ဘူးဆိုလို့ ကျွန်တော်ပဲ ..."

"သောက်ရမ်းအားနေတာလား။ အဖေက မင်းကိုအလုပ်မခိုင်းတော့လို့လား။"

"အဲဒီ့အလုပ်တွေပြီးမှ စုံစမ်းတာပါ။"

"သိပ်တော်နေတယ်ပေါ့။ ဟမ်၊ သိပ်တော်နေတာလား။ အချိန်ရရင်ရသလောက်လေးလည်း စုံစမ်းနိုင်ပါတယ်လို့ ပြောချင်တာလား။ မင်းက အဲ့ဒါတွေလုပ်နေတော့ အဖေသိသွားနိုင်တာကို မင်းနားမလည်ဘူးလား။"

"Boss မသိပါဘူး။"

"အဲဒါ ငါ့အဖေ။ ငါ့ကိုမွေးထားတဲ့အဖေ။ ငါအခုတတ်ထားတာတွေက သူသင်ပေးထားတာ။ မင်းက ကျော်လို့ရမယ်ထင်တာလား။ အဖေမသိစေချင်လို့ မင်းကိုယ်တိုင်လုပ်စရာမလိုဘူးလို့ ငါပြောခဲ့တာ။"

"ကျွန်တော်မဟုတ်ဘဲ တခြားလူကိုစုံစမ်းခိုင်းလို့ Boss သိသွားရင် ပိုမဆိုးဘူးလား။ ဘာပဲဖြစ်ဖြစ် မသိစေရဘူးလို့ အာမခံတယ်။ တစ်ယောက်ယောက်ကိုစုံစမ်းနေတယ်လို့ သိရင်တောင် ဘယ်သူဆိုတာကို မသိစေရဘူး။ တခြားတစ်ယောက်လို့ပဲထင်သွားမှာ။"

"အေး၊ မင်းဇာတ်ကိုနိုင်အောင်က။"

တကယ်ဆို ဒီဇာတ်ကို ဘယ်သူစခဲ့တယ်ဆိုတာ နှစ်ယောက်လုံးအသိပါ။ Earth သိချင်နေတဲ့ တစ်စုံတစ်ယောက်ရဲ့အကြောင်းကို စုံစမ်းဖို့အတွက် စိတ်ချရတဲ့လူကိုခိုင်းဖို့ သူ့ကိုအမိန့်ပေးခဲ့တာ။ သူကိုယ်တိုင်ကတော့ Earth ရဲ့အဖေ၊ သူရဲ့ Boss က တချို့အရေးကြီးကိစ္စတွေမှာ သူနဲ့မျက်နှာလွှဲရအောင်အထိ အရေးပါနေတာမို့ သူလှုပ်ရှားရင် Earth အဖေသိမှာစိုးလို့ တခြားလူကိုခိုင်းဖို့ သေချာမှာခဲ့ပေမဲ့ သူလုပ်ချင်သလိုလုပ်နေတာပါပဲ။
သူက .....

■■■

"သခင်လေး၊ မသွားရဘူး။"

"ဘာလဲဟ။"

"ဒီညအစီအစဉ်ကို ဖျက်လိုက်မှဖြစ်မှာ။"

"ဒီညက ကြေးကြီးတယ်။ ငါနိုင်ရင် သူ့ဈေးကွက်ကို ငါရမှာ။ သေချာပေါက်လည်း ငါနိုင်မှာ။"

ကားပြိုင်ပွဲတစ်ခုချိန်းထားပြီး လောင်းကြေးက နိုင်ရင် ဆေးဖြန့်တဲ့ဈေးကွက်ကိုရမှာ။ ရှုံးရင်တော့ သူတို့ဈေးကွက်အတွက် လုံခြုံရေးအပြည့်ပေးဖို့ စီစဉ်ပေးရမယ်တဲ့။ သူတို့ရဲ့ဈေးကွက်က အရမ်းကြီးတာကြောင့် စိတ်ချရတဲ့လုံခြုံရေးရဖို့ လိုအပ်နေတာလည်း Earth သိပြီးသား။ နိုင်ရင် ဈေးကွက်ကိုရမှာဖြစ်သလို ရှုံးရင်လည်း လုံခြုံရေးအတွက်အစီအစဉ်ကနေ အကျိုးအမြတ်ရဦးမှာမို့ အကျိုးရှိတဲ့ပွဲကို အလွတ်ခံလို့မဖြစ်။

"သူတို့ရှုံးရင် သခင်လေးကို သက်ဆိုင်ရာဆီထိုးကျွေးဖို့ စီစဉ်ပြီးသား။ သူတို့အသိုက်ကို လိုက်နှိုက်နေတာတွေ ရပ်ဖို့အတွက် လာဘ်ထိုးဖို့လိုနေတာ သခင်လေးသိတယ်မဟုတ်လား။"

"ဘာဖြစ်တယ်။ ငါ့ကို အဲဒီ့လိုလုပ်လို့ ရမတဲ့လား။"

"မရရင်တောင် အနည်းဆုံးတော့ သခင်လေးကို သက်ဆိုင်ရာက အာရုံစိုက်ကြည့်နေကြတော့မှာ။"

"Bitch! တွေ့ကြသေးတာပေါ့။ နောက်သုံးရက်နေရင်အလုပ်ဖြစ်မယ့် သူတို့ကိစ္စမှာ ဝယ်လက်ဘယ်သူလဲလို့စုံစမ်းထားလိုက်။"

"ဟုတ်ကဲ့။ ဟို ... ဘယ်သွားမလို့လဲ သခင်လေး။"

"Club"

"ဘယ်နေရာကိုမှမသွားတာ ကောင်းမယ်ထင်တယ်။ သူတို့က ..."

"ငါက ထောင်ကျသလိုနေရမှာလား။"

"ခြံထဲမှာပဲလုပ်လိုက်လေ။ ကျွန်တော်တို့တွေ စောင့်ကြည့်နေလို့ရတာပဲ။ အပြင်မှာထက်တော့ အန္တရာယ်ကင်းတယ်။"

"မဆိုးဘူး။"

Ronan ဆီကိုဖုန်းဆက်ကာ အပေါင်းအသင်းတွေစုပြီး စားကြသောက်ကြဖို့ စီစဉ်လိုက်ပါတယ်။ ခေါ်နေကျကောင်မလေးတွေလည်း မပါမဖြစ်ပဲပေါ့။
ကားပြိုင်ပွဲဖျက်လိုက်တာကြောင့် မသောင်းကျန်းလိုက်ရလို့ဆိုပြီး ပွစိပွစိလုပ်နေမယ့် သူငယ်ချင်းနှစ်ယောက်ရယ်၊ Ronan နဲ့ Earth ရယ်၊ ကောင်မလေးတွေရယ် ခေါင်မိုးထပ်မှာ စားကြသောက်ကြပြီး ခေါင်မိုးထပ်နဲ့ အပေါ်ဆုံးထပ်ကအခန်းတွေမှာ အိပ်ပျော်သွားကြချိန်အထိ စောင့်ကြည့်ပေးနေတဲ့လူတွေကတော့ နိုးနိုးကြားကြား။



"Koa, Koa. Shit! Koa, now where?"

Koa (Koh Ah).
သူပဲသတင်းပို့ပြီး လူကဘယ်ရောက်နေတယ်မသိ။ အိမ်မှာစောင့်ပါလို့ သေချာမှာတာကို ရောက်မနေတာက ဒေါသထွက်အောင်ဆွနေသလို။

အိမ်ထဲဝင်ကတည်းက အော်ဟစ်သောင်းကျန်းနေတဲ့ Earth ကြောင့် သုံးထပ်ခွဲအိမ်လေးရဲ့အလယ်ထပ်မှာရှိတဲ့ Earth ရဲ့အလုပ်ခန်းထဲက hidden camera ကို ကိုယ်တိုင်ပြင်နေတဲ့ Koa တစ်ယောက် လှေကားထစ်တွေကို ကျော်ခွပြေးဆင်းလာရင်း

"လာပါပြီ သခင်လေး။"

"မင်းသိလာတာ အကုန်ပြောစမ်း။"

"သူက ပိုနီးလာပြီ။"

"အဲဒါဆို ဒီတစ်ပတ်အတွင်းပျောက်သွားတာက ..."

"အစီအစဉ်တွေဆွဲနေတာလို့ ထင်ရတယ်။"

"ဟူး ... သူ့အစားမောလိုက်တာ။"

"စောင့်နေရတာ ပိုမမောဘူးလား သခင်လေး။"

"ငါစောင့်နေခဲ့တာ တစ်နှစ်၊ နှစ်နှစ်တည်းလားကွာ။"

"အဆိပ်ဆိုတာသိရဲ့နဲ့ သောက်မလို့လား။"

"ငါက အဆိပ်ပြီးပါတယ်။ ဟား ဟား ..."

'ပျော်နေတယ်။ တော်တော်လေးပျော်နေပုံပေါက်တယ်။ ပိုနီးလာတဲ့မီးကို အလောင်ခံဖို့ ပျော်ပျော်ကြီးစောင့်နေပုံက သိပ်ကိုတုံးအလွန်းနေခဲ့တာ။'

"ငါက ပိုးဖလံမှမဟုတ်တာပဲ။ ချော်ရည်ထဲကပိုးကောင်တစ်ကောင်လေ။"

အတွေးတွေကိုဖတ်တတ်နေပုံရတဲ့ သခင်လေးက ပြောလာတယ်။ သူဟာ မီးထဲမှာပဲရှင်သန်နေခဲ့သလိုမျိုး။ ဒါဆိုရင် ပုံမှန်အခြေအနေမှာဆို အသက်မဲ့နေမှာလား။

"သခင်လေးက သိပ်ကို flexible ဖြစ်တဲ့အရည်တစ်မျိုးနဲ့ ပိုတူတယ်။"

"ဒါဆိုလည်း ပုံစံခွက်လေးတော့လိုတာပေါ့။"

'သခင်လေးပြောနေကျ limited edition လေးလား။'

"သခင်လေးက independent type လေ။"

"မင်းသိလား။ သဘာဝအတိုင်းခဲတဲ့နှင်းတောင် သူ့ပုံစံနဲ့သူသတ်မှတ်ချက်ရှိတယ်။ ရေဘယ်လိုစီးစီး ရေစီးကြောင်းပုံစံတော့ ရှိနေပြီးသား။ အဲဒါကပဲ သူ့ပုံစံခွက်ပေါ့။"

အကျဉ်းထောင်ကအလုံခြုံဆုံးပဲလို့ အတွေးဝင်နေတဲ့ ရာဇဝတ်သားဟာ သူကိုယ်တိုင်ဖြောင့်ချက်ပေး အဖမ်းခံတာမျိုး။ တစ်ကျွန်းကျရင်လည်း ကျေနပ်နေမယ့်ငမိုက်သားမျိုးကို ဘယ်လိုကယ်တင်ရမလဲလို့ တွေးနေတယ်ဆိုရင် အဲဒီ့လူဟာ အတော်လေးမိုက်မဲလို့ပဲထင်ပါတယ်။

"နောက်လထဲမှာ သူ ဒီကိုခဏလာလိမ့်မယ်။ သခင်လေးရှောင်နိုင်ဖို့ ကြိုပြောထားတာ။ အတိအကျကိုတော့ သေချာတဲ့အခါ သတင်းပို့ပါ့မယ်။"

"ဟုတ်ပြီ။ မနက်ဖြန် အဖေခေါ်ထားတယ်မဟုတ်လား။ အခုသွားနားတော့။"

"သခင်လေးရဲ့မှန်ဗီရိုထဲကကင်မရာ ပျက်နေလို့ပြင်နေတာ။ အခုက ပြင်လက်စကြီး။"

"အဲဒါဆိုလည်း သွားပြင်တော့။ ဟိုအရုပ် ထပ်ပြီးလက်ပြုတ်ရင် သေမယ်နော်။"

အဲဒီ့ Superman အရုပ်ဟောင်းလေးက အရင်ကတည်းက လက်တစ်ဖက်ပြုတ်နေတာကို Koa သိတယ်။ တစ်ခါက အလုပ်ခန်းထဲမှာ သူရှိနေတုန်း သန့်ရှင်းရေးလာလုပ်တဲ့ကောင်မလေးက ဗီရိုကိုတိုက်မိတော့ အရုပ်လေးပြုတ်ကျပြီး လက်ပြုတ်ထွက်သွားဖူးတယ်။ တစ်ယောက်ယောက်ရှိနေမှ သန့်ရှင်းရေးဝင်လုပ်ရတဲ့အခန်းမို့ အလုပ်လုပ်နေတဲ့သူ အနှောင့်အယှက်မဖြစ်ရအောင် အရမ်းသတိထားရပြီး ခပ်မြန်မြန်ပြီးဖို့လည်းလိုတာကြောင့် ဒီအခန်းသန့်ရှင်းရေးကျတဲ့သူက သိပ်စိတ်ညစ်ရတယ်ဆိုတာ သူသိပြီးသားပါ။ အခုလိုဖြစ်သွားတော့ ကောင်မလေးခမျာ သွေးဆုတ်သလိုဖြူဖျော့ပြီး လန့်နေရှာလို့

"အလုပ်ကို မြန်မြန်လက်စသတ်ပြီး သွားတော့။ ငါ ကြည့်ရှင်းလိုက်မယ်။"

"ဖြစ် ... ဖြစ်ပါ့ ... မလား။ ကျွန်မ ..."

"မင်းအလုပ်ကို မြန်မြန်ဆက်လုပ်ပြီး သွားလိုက်တော့။"

တုန်တုန်ရင်ရင်နဲ့ ခပ်မြန်မြန်သန့်ရှင်းရေးလုပ်ပြီး ထွက်သွားဖို့ပြင်နေတဲ့ သန့်ရှင်းရေးကောင်မလေးကို

"အဲဒီ့လိုသရုပ်ပျက်နေရင် ဘယ်လိုလုပ်မလဲ။"

"ဟုတ် ... ဟုတ်ကဲ့၊ သတိထားပါ့မယ်။ ကျေးဇူးတင်ပါတယ်။ နောက်မဖြစ်စေရပါဘူး။"

"ဖြစ်ရင်လည်း သေဖို့ပဲရှိတယ်။ သွားတော့။"

CCTV တွေထဲက အဲဒီ့မြင်ကွင်းကိုဖျက်ထုတ်ပြီးချိန်မှာပဲ Earth အခန်းထဲရောက်လာပါတယ်။

"ပြီးပြီလား ဖိုင်တွေကူးတာက။"

ကူးလက်စဖိုင်တွေဆီ ပြန်ဝင်ကြည့်ရင်း

"ပြီးတော့မယ် သခင်လေး။"

"What the f*ck! အဲဒါ ဘာဖြစ်တာလဲ။"

လက်ပြန်ဆက်ပေးဖို့ စားပွဲပေါ်တင်ထားမိတဲ့အရုပ်ကို Earth မြင်သွားပြီး ဒေါသတကြီးအော်လာတာမို့ Koa က Earth ရှေ့ကိုထသွားလိုက်ကာ

"ကျွန်တော်တိုက်မိပြီး ပြုတ်ကျတာပါ။ ဆက်ထားတဲ့နေရာက ..."

*ဖြောင်း*

လက်ပြန်ရိုက်ချလိုက်တာကြောင့် Koa မျက်နှာလည်ထွက်သွားပြီးမှ ပြန်လှည့်လာတော့ နှာခေါင်းကနေသွေးတွေစီးကျလာတယ်။ နှာနုရိုးကိုရိုက်မိလိုက်တာ နာကျင်တာတောင် အသံမထွက်ရဲခဲ့။

"ငါလုပ်ရရင် သေတော့မယ်။ အခုချက်ချင်းပြန်ပြင်၊ ငါ့ရှေ့မှာ။"

"ဟုတ်"

စီးကျနေတဲ့သွေးကိုတောင် မသုတ်နိုင်သေးဘဲ လိုတာတွေပြေးယူရပြန်တယ်။ စားပွဲရှေ့ဆိုဖာမှာထိုင်နေတဲ့ Earth ရှေ့ကကြမ်းပြင်မှာ Koa ထိုင်ချပြီး အရင်ဆက်ထားတဲ့အတိုင်း ပြန်ဆက်ဖို့ပြင်တော့

"သွေးတွေပေကုန်မယ်။"

အေးစက်နေတဲ့လေသံနဲ့အတူ Koa ရှေ့ကိုကျလာတဲ့ Tissue box.
Koa ပြုံးလိုက်ပြီး သွေးတွေကိုအရင်သုတ်လိုက်ကာ အရုပ်ကိုပြန်ပြင်လိုက်တယ်။

"ရသွားပြီ သခင်လေး။"

'အရုပ်လေးကို တယုတယကိုင်ပြီး ဗီရိုထဲသွားပြန်ထည့်နေတဲ့ သခင်လေးက အရုပ်လေးကိုတောင် အဲဒီ့လောက်တန်ဖိုးထားရင် အရုပ်ပိုင်ရှင်လေးက ဘယ်လောက်တောင်ကံကောင်းတဲ့သူလဲ။'

Tissue box ကို စားပွဲပေါ်ပြန်တင်ထားလိုက်ပြီး သိမ်းစရာရှိတာတွေသိမ်းပြီးမှ အခန်းထဲပြန်ဝင်ကာ အလုပ်ဆက်လုပ်ရတယ်။ နှာခေါင်းထဲကို တစ်ရှုးစထိုးထည့်ထားရင်းပေါ့။

"ရော့"

အသံနဲ့အတူလွင့်လာပြန်တဲ့တစ်စုံတစ်ခုကို Koa ဖမ်းထားလိုက်တော့ အေးစက်တဲ့အထိအတွေ့နဲ့ လက်တစ်ဖဝါးစာရေခဲထုပ်လေး။

အပြုံးတွေက ထိန်းထားလို့မရအောင်ကို ပြိုကျတယ်။
ဒီလိုသာဆေးပေးမယ်ဆိုရင် အခါခါအနာရချင်မိပါရဲ့။

■■■ Part (12) ဆက်ရန် ■■■
© Demon ,
книга «Branded by You».
Коментарі