Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Characterizing
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
When they have a baby...
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60): Final
Chapter (31)
"သခင္ ဘယ္သြား ... ဪ၊ အလုပ္သြားဖို႔လား။"

ေခါင္းညိတ္ရံုသာတံု႔ျပန္တဲ့သခင့္ကို ကမ႓ာဘာေျပာရမွန္းမသိ။ မေန႔ကတစ္ရက္ေတာ့ အလုပ္နားတာေသခ်ာတယ္။ ဒါဆို အိမ္ကထြက္သြားမယ္ဆိုေပမဲ့ အလုပ္ကိုေတာ့ ဆက္သြားေနမယ္ဆိုတဲ့သေဘာ။ ဘယ္မွာေနဖို႔ ေတြးေနတာလဲ။ ျဖစ္သြားမယ့္ကိစၥေတြက အလုပ္ေတာင္ပ်က္စရာမလိုေအာင္ သခင့္အတြက္က ေပါ့ေပါ့ပါးပါးပဲလား။ ကြာရွင္းစာခ်ဳပ္ထားခဲ့ၿပီး အိမ္ကထြက္သြားမယ့္လူကေလ။
တစ္ညလံုးအိပ္မေပ်ာ္တဲ့ကမ႓ာက မနက္ေစာေစာ မနက္စာထျပင္ေနတုန္း သခင္ထြက္လာလို႔ ႏႈတ္ဆက္ေတာ့လည္း ေခါင္းညိတ္႐ံုသာ။ ေရခ်ိဳးေနလို႔ လန္းသြားေအာင္ခ်ိဳးတယ္ပဲထင္မိတာ ပံုမွန္အတိုင္း အလုပ္သြားဖို႔ျပင္ေနမယ္လို႔ မေတြးမိခဲ့ဘူး။

ကမ႓ာအေတြးလြန္ေနၿပီး သတိဝင္လာေတာ့ သခင္က အိမ္ေပါက္ဝေရာက္ေတာ့မယ္။

"သခင္၊ ေနဦးေလ။ မနက္စာစားသြားဦး။ အကုန္လံုး အဆင္သင့္ျဖစ္ေနၿပီ။"

"မမီေတာ့ဘူး။"

"ကိုယ္လိုက္ပို႔မယ္ေလ။"

အျပင္ထြက္ေတာ့မယ့္သခင္ေနာက္ ကပ္လိုက္လာေတာ့ ျခံအျပင္မွာ ဒရိုင္ဘာက သူ႔ကားနဲ႔ေရာက္ေနၿပီ။

"မလိုဘူး။"

ကမ႓ာဘာလုပ္ရမွန္းမသိခင္ သခင္ကထြက္သြားခဲ့ၿပီ။ ေရာင္ေနတဲ့လက္တစ္ဖက္နဲ႔ တစ္မနက္လံုး မနက္စာျပင္ေနခဲ့တာ အခုေတာ့ သခင္က လွည့္ေတာင္ၾကည့္မသြား။
တစ္မနက္ခင္းလံုးက ေယာင္လည္လည္နဲ႔ကုန္သြားခဲ့ရၿပီ။ ဘာကို ဘယ္လိုေတြးရမွန္းမသိေအာင္ ေခါင္းထဲမွာဗလာနတၳိ။ ဖုန္းသံေၾကာင့္ၾကည့္မိေတာ့ ေန႔သစ္။

"အင္း၊ ေန႔သစ္။"

"Earth ဘာျဖစ္လို႔လဲ။ ဟိုေရခဲတုံုးကို ဘာမွေမးမရဘူး။ အလုပ္မလာႏိုင္ေတာ့ စိတ္ပူလို႔ေလ။"

"ဘာမွမဟုတ္ပါဘူးကြာ။ နားခ်င္လို႔။"

"ဘာလဲ ဟိုတစ္ေန႔ညက အစ္ကိုရာဇနဲ႔ ရန္ျဖစ္ၾကတာလား။ အစ္ကိုတစ္ေယာက္တည္း သြားေသာက္ေနတာဆို။"

"ဘာမွေထြေထြထူးထူး မဟုတ္ပါဘူးဆိုကြာ။"

"ဟုတ္ပါၿပီဗ်ာ။ ၿပီးရင္လည္း ျပန္တည့္သြားၾကမွာပဲကို။"

"အင္း၊ အဲဒီ့လိုပဲေပါ့။"

"အဲဒါဆို ဒါပဲေနာ္။"

ေန႔သစ္ေျပာသလို အရင္လိုပဲ ခပ္လြယ္လြယ္နဲ႔ျပန္ေျပလည္မွာဆိုလည္း အေကာင္းသား။ ေန႔သစ္ကို လိုင္းေပၚကေန သခင္နဲ႔စကားသြားေျပာခိုင္းၾကည့္ရင္ ေကာင္းမလားလို႔ ေတြးမိေပမဲ့ လ်င္လြန္းတဲ့ေန႔သစ္ကို ဘာမွေပးသိလို႔မျဖစ္။

ဘာမွလုပ္စရာမရွိတဲ့ေန႔တစ္ေန႔က စိတ္ပ်က္စရာေကာင္းေလာက္ေအာင္ ေန႔တာရွည္လြန္းတယ္။ သခင္ျပန္လာခ်ိန္ကို ထိုင္ေမၽွာ္ေနရရင္ ရူးၿပီးေသသြားႏိုင္တယ္။ ေနာက္ဆံုးေတာ့ အဝတ္အစားလဲၿပီး ကားတစ္စီးငွားကာ သခင့္အလုပ္ရွိရာအေဆာက္အဦဆီ ေရာက္လာခဲ့ေတာ့ ေန႔လယ္စာစားၿပီးခ်ိန္။ လက္ကလည္း ကားေမာင္းမရတာမို႔ ကားသာငွားလာလိုက္တာ ငွားလာတဲ့ကားကိုပဲ ေစာင့္ခိုင္းရမလား၊ သူပဲဆင္းေနလိုက္ၿပီး တျခားတစ္ေနရာရာကေန ေစာင့္ရမလားဆိုတာလည္း ေတြးမရေသး။ ေနာက္ဆံုး ကိုယ့္ဘာသာေစာင့္ေနလိုက္ဖို႔ပဲ ေတြးလိုက္ၿပီး အခုေတာ့ ပလက္ေဖာင္းေပၚမွာ ေယာင္ခ်ာခ်ာ။

"လမ္းေထာင့္ကဆိုင္ေလးမွာ သြားထိုင္တာပဲ ေကာင္းပါတယ္။"

ဆိုင္ေလးထဲဝင္လာၿပီး fruit juice ေရြးေနတုန္းမွာပဲ

"Earth"

"Wendy"

ကံဆိုးၿပီဆိုရင္ ဘယ္ေတာ့မွတစ္ခုတည္းနဲ႔မၿပီးဘူး။ Wendy တို႔အလုပ္နဲ႔ ကိစၥျပတ္သြားၿပီးကတည္းက သူေရွာင္ေနခဲ့တာ အခုေတာ့ တည့္တည့္ကိုတိုးတာပဲ။ ဘာမွေျပာခ်င္စိတ္မရွိေပမဲ့လည္း ဝတ္ေၾကတန္းေၾက စကားျပန္ေျပာေနရတာ တကယ့္ကိုဆိုးလြန္းတယ္။
ကံဆိုးလွၿပီလို႔ထင္ေနတဲ့ကမ႓ာ သူ႔အထင္မမွန္ေသးတာကို ခဏအၾကာမွာပဲ သိလိုက္ရပါတယ္။

႐ုတ္တရက္ႀကီးရြာခ်လိုက္တဲ့မိုးေၾကာင့္ ဆိုင္အျပင္ဘက္မွာ လူေတြရုတ္ရုတ္သဲသဲျဖစ္သြားၾကတာကို မွန္နံရံေတြကိုျဖတ္ၿပီးျမင္ေနရတယ္။ အဲဒီ့လူေတြၾကားထဲမွာ မနက္က ကမ႓ာေတြ႕လိုက္တဲ့အဝတ္အစားနဲ႔ သခင္ကလည္း ခပ္သြက္သြက္လွမ္းေလၽွာက္ေနတဲ့ ပံုရိပ္ေၾကာင့္ ကမ႓ာလႈပ္လႈပ္ရွားရွားျဖစ္သြားရၿပီ။ ဒါေပမဲ့ ေနာက္ကေန အမ်ိဳးသားတစ္ေယာက္က ထီးတစ္ေခ်ာင္းနဲ႔ေျပးလိုက္လာၿပီး သခင့္ကိုေဆာင္းေပးေတာ့ သခင္ကလွည့္ၾကည့္ၿပီးျပံဳးလိုက္တာမ်ား မနာလိုစရာ။ အဲဒီ့လူ သခင္နဲ႔ကြယ္ေနရာကလြတ္သြားခ်ိန္ ျမင္လိုက္ရတာ Shay.

'အလုပ္ခ်ိန္ႀကီးကို သခင္က ဘာလို႔ Shay နဲ႔အတူ အျပင္မွာရွိေနတာလဲ။'

"Earth"

"Excuse me."

Wendy ကိုထားခဲ့ၿပီး သခင္တို႔ေနာက္ကို ကမ႓ာလိုက္လာမိေပမဲ့ လွမ္းမေခၚျဖစ္ပါ။ အခုလိုအေျခအေနမွာ အရင္လိုမ်ိဳး သခင့္ကိုသဝန္တိုစိတ္တစ္ခုနဲ႔ ထင္ရာစိုင္းပစ္လိုက္ရင္ ကမ႓ာ့အတြက္က ေကာင္းက်ိဳးတစ္ခုမွရွိမေနပါ။ သခင္တို႔႐ံုးေရွ႕အထိ ကမ႓ာလိုက္လာမိေတာ့ သခင္နဲ႔ Shay က အေဆာက္အဦထဲကို အတူဝင္သြားခဲ့ၿပီ။ အေဆာက္အဦေရွ႕ မိုးေရထဲမွာ ကမ႓ာရပ္ေနမိတာ သတိလက္လြတ္။ လူတစ္ေယာက္နဲ႔ဝင္တိုက္မိေတာ့မွ သတိဝင္လာၿပီး ေရွ႕ဆက္ေလၽွာက္လာမိတဲ့ ကမ႓ာ့ေျခလွမ္းေတြက ဦးတည္ရာမဲ့။



ရံုးဆင္းၿပီးခ်ိန္ သခင္အိမ္ျပန္လာေတာ့ ကမ႓ာအိမ္မွာမရွိလို႔ ေသာ့ဖြင့္ဝင္လာလိုက္ၿပီး ဧည့္ခန္းမွာ ေျခပစ္လက္ပစ္ထိုင္ခ်လိုက္မိတယ္။ ေနာက္လမွာအလုပ္ထြက္ဖို႔ တစ္လႀကိဳၿပီးထြက္စာတင္ေတာ့ ဌာနမႉးကလက္မခံခ်င္။ ဘရဏီအပါအဝင္ လုပ္ေဖာ္ကိုင္ဖက္ေတြကလည္း ဘာလို႔လဲေမးၿပီး တားေနၾက။ ဒီၾကားထဲက သခင္တို႔ရဲ႕ေရေမႊးတံဆိပ္နဲ႔ Brand ဆိုင္ခြဲထပ္ဖြင့္ဖို႔ Mall တစ္ခုမွာစီစဥ္ထားတဲ့ကိစၥက ဆိုင္ခန္းေနရာ အေရႊ႕အေျပာင္းျဖစ္မယ္ဆိုလို႔ ေျဖရွင္းရပါေသးတယ္။

ကံေကာင္းတာက အဲဒီ့ Mall က Shay ရဲ႕ဦးေလးပိုင္တာမို႔ Shay ကေနတစ္ဆင့္ညႇိႏႈိင္းလိုက္တာ အဆင္ေျပသြားခဲ့လို႔။ ေန႔လယ္စာစားရင္း အလုပ္ကိစၥစကားေျပာဆိုၿပီး ထြက္လာေတာ့မွ လမ္းမွာမိုးရြာခ်ေလရဲ႕။ ႐ံုးနဲ႔ အေဆာက္အဦႏွစ္ခုပဲျခားတဲ့ လမ္းေထာင့္ဆိုင္ေလးရဲ႕ ေဘးကပ္လ်က္က ဂ်ပန္ရိုးရာစားေသာက္ဆိုင္မွာပဲ ခ်ိန္းထားတာမို႔ လမ္းေထာင့္ခ်ိဳးၿပီး ေရွ႕ေလၽွာက္လိုက္႐ံုနဲ႔ ေရာက္ႏိုင္တဲ့ေနရာကို ဒီအတိုင္းထြက္လာမိတာ အျပန္မွာမိုးမိေတာ့မလို႔။ ေနာက္ကေန Shay လိုက္လာေပးလို႔သာ မိုးမစိုဘဲ ရံုးကိုျပန္ေရာက္ခဲ့ရတာ။ အဲဒီ့ကတည္းက ရြာလိုက္တဲ့မိုးဟာ ခဏစဲလိုက္၊ ျပန္သည္းလိုက္နဲ႔ သခင္တို႔ရံုးဆင္းတဲ့အထိ ရြာေကာင္းေနတုန္း။ ျပန္လာၿပီး အိမ္နားေရာက္ခါနီးမွ တိတ္သြားခဲ့တာ။

အာရံုမ်ားစရာေတြက တစ္ခုၿပီးတစ္ခုမို႔ ရံုးကျပန္လာၿပီး ဧည့္ခန္းမွာပဲ သခင္ထိုင္နားေနမိတာ ေတာ္ေတာ္ၾကာသြားတဲ့အထိ ကမ႓ာျပန္ေရာက္မလာေသး။ အိပ္ခန္းထဲမွာ အိတ္ေတြဖိုင္ေတြဝင္သိမ္း၊ ေရခ်ိဳးၿပီးလို႔ အိပ္ခန္းထဲျပန္ေရာက္မွ တံခါးဖြင့္သံၾကားလိုက္တယ္။ ကမ႓ာျပန္ေရာက္တယ္ထင္ပါရဲ႕။ ေအးေအးေဆးေဆးအဝတ္အစားလဲၿပီး ညစာအတြက္ တစ္ခုခုစီစဥ္ဖို႔ အိပ္ခန္းထဲကအထြက္ ျမင္လိုက္ရတာက မိုးေရေတြစိုရႊဲေနတဲ့ကမ႓ာ အိမ္ေပါက္ဝမွာပဲထိုင္ေနၿပီး ဘာျဖစ္လာတယ္မသိ။ မိုးစိုတာကို အဝတ္လဲရမယ္ဆိုတာ ကေလးမဟုတ္တဲ့အတြက္ သူ႔ဘာသာသိရမွာမို႔ သခင္ ဘာမွေျပာမေနခ်င္။ စကားေျပာခ်င္စိတ္လည္း ရွိမေနလို႔ မီးဖိုေခ်ာင္ထဲသာ ဝင္လာခဲ့လိုက္တယ္။

.

အိမ္ေရာက္ေတာ့ ေသာ့ဖြင့္ထားၿပီမို႔ သခင္အိမ္ျပန္ေရာက္ေနၿပီဆိုတာကို သိလိုက္ရတယ္။ ေသခ်ာေအာင္ အိမ္တံခါးဖြင့္ၿပီးၾကည့္လိုက္ေတာ့ သခင့္ဖိနပ္ကိုေတြ႕ရလို႔ တံခါးဝမွာတင္ စိတ္ေအးလက္ေအးထိုင္ခ်လိုက္မိတယ္။

ေန႔လယ္ပိုင္း သခင္တို႔ကိုျမင္ၿပီးကတည္းက အရင္လိုမေမးရဲတာေၾကာင့္ ကိုယ့္စိတ္နဲ႔ကိုယ္ ပူေလာင္ေနမိတာ မိုးစက္ေတြကိုလည္း အဖက္မလုပ္ႏိုင္။ ဦးတည္ရာမဲ့ေလၽွာက္သြားၿပီး ေလးဆယ့္ငါးမိနစ္ေလာက္လမ္းေလၽွာက္မိၿပီးမွ ပန္းျခံတစ္ခုေရွ႕ကိုေရာက္ေနမွန္း သတိထားမိတယ္။ ပန္းျခံထဲက သစ္ပင္ခပ္အုပ္အုပ္ေလးေအာက္ ခံုတန္းေလးေပၚထုိင္ရင္း သခင္နဲ႔ျပန္ေျပလည္ႏိုင္မယ့္နည္းေတြ စဥ္းစားေနလိုက္တာ အခ်ိန္ေတြက ဘယ္လိုကုန္သြားမွန္း ကမ႓ာသတိမထားလိုက္မိ။

ကမ႓ာ နာရီၾကည့္မိခ်ိန္မွာ သခင္တို႔အလုပ္ဆင္းခ်ိန္ေတာင္ ေရာက္ေတာ့မယ္။ သခင္တို႔အလုပ္ဆီကို ကမ႓ာျပန္ေရာက္လာေတာ့ ရံုးဆင္းသြားၾကၿပီ။ ကားငွားတာေတာ္ေတာ္နဲ႔မရလို႔ ကမ႓ာအိမ္ျပန္ေရာက္ခ်ိန္မွာ သခင္က ေရေတာင္ခ်ိဳးၿပီးသြားခဲ့ၿပီ။ မ်က္ႏွာရွင္းရွင္းေလးနဲ႔ အိပ္ခန္းထဲကထြက္လာတဲ့ ကမ႓ာ့ရဲ႕တစ္ဦးတည္းေသာသခင္။ အိမ္ေပါက္ဝကို တစ္ခ်က္ေလးပဲၾကည့္ၿပီး ေနာက္ေဖးဘက္ကိုဝင္သြားလိုက္တာ ကမ႓ာဆိုတာ ကိုယ္ေပ်ာက္လူသားလိုပဲ။
ထိုင္ေနလို႔မၿပီးတာေၾကာင့္ ေရခ်ိဳးခန္းထဲဝင္ ေရနည္းနည္းခ်ိဳးၿပီး ျပန္ထြက္လာလိုက္တယ္။ လူက ေတာ္ေတာ္ေလးခ်မ္းေနၿပီ။

အဆိုးဆံုးက ကမ႓ာရဲ႕လက္ကဒဏ္ရာ။ ေရႏူးၿပီး လက္ကပြေနတာ ဒဏ္ရာကလည္းျဖဴေဖြးလို႔။ ေအးတဲ့ဒဏ္နဲ႔ ကိုက္ခဲလာတာကို အခုမွပဲသတိထားမိပါတယ္။ တစ္ေယာက္တည္း ဒဏ္ရာေဆးထည့္ၿပီး ေနာက္ေဖးဘက္ကအမႈိက္ပံုးမွာ အမႈိက္ေတြလာထည့္ေတာ့ သခင့္ေဘးကျဖတ္သြားတာလည္း သခင္ကအဖက္မလုပ္။ ကိုယ့္အခန္းထဲကိုယ္ျပန္လာ၊ ေဆးေသာက္ၿပီး ေစာင္ပံုထဲဝင္ေခြေနလိုက္တာလည္း အခ်မ္းမေျပ။ အခုအခ်ိန္မွာ အလိုအပ္ဆံုးကိုေျပာပါဆိုရင္ သခင့္ရင္ခြင္ပဲေပါ့။



တစ္အိမ္လံုးမွာ တစ္ေယာက္တည္းရွိသလို တိတ္ဆိတ္ေနတဲ့အခန္းထဲ လက္လႊဲရမယ့္အလုပ္ေတြနဲ႔ လက္စသတ္ရမယ့္အလုပ္ေတြကို သခင္စာရင္းလုပ္ေနရတယ္။ ဒီေန႔ေတာ့ မေန႔ကလို အိမ္ထဲမွာအသံေတြမၾကားရ။ သိပ္လည္းညမနက္ေသးပါ။ အခန္းအျပင္ထြက္ေတာ့ ၿငိမ္သက္ေနတာေၾကာင့္ တံခါးေတြစစ္ၿပီး အခန္းထဲျပန္ဝင္လာတဲ့သခင္ ကမ႓ာ့အခန္းဘက္ကို မစပ္စုမိ။

သခင္သာ သတိထားၿပီးၾကည့္မိမယ္ဆိုရင္ ကမ႓ာ့အခန္းထဲက တီးတိုးညည္းညဴသံကို ၾကားႏိုင္မွာပါ။ ဒဏ္ရာအရွိန္၊ မိုးမိတဲ့အရွိန္ေတြနဲ႔ ကမ႓ာတစ္ေယာက္ အဖ်ားေတြတက္ၿပီး ညည္းညဴေနမိတာ သတိလက္လြတ္။ ဘယ္ေနရာကနာတယ္လို႔ ေျပာမျပတတ္ေအာင္ တစ္ကို္ယ္လံုးကိုက္ခဲေနတာေတာင္ ရင္ထဲကနာတာကို မမီဘူးလိုပဲ။

'Shit! ဖုန္းက ဘာလို႔ တစ္ခ်ိန္လံုးျမည္ေနတာလဲ။'

မလႈပ္ႏိုင္ရတဲ့ၾကားထဲ ခဏခဏဝင္လာေနတဲ့ incoming call ေခၚေနသူကို ကမ႓ာ့စိတ္ထဲကေန က်ိန္ဆဲမိတယ္။

အဲဒီ့လိုပဲ အိမ္အျပင္ဘက္လမ္းတစ္ဖက္က ေမွာင္ရိပ္ထဲမွာရပ္ထားတဲ့ကားေပၚ ေကာင္ေလးတစ္ေယာက္ကလည္း ဖုန္းကိုကိုင္ရင္း၊ နံပါတ္တစ္ခုကို အခါခါႏွိပ္ရင္း အလုပ္ေတြမ်ားေနတာကို ဘယ္သူမွမသိပါ။

■■■

ကမ႓ာအိပ္ရာကႏိုးေတာ့ သူ႔အခန္းထဲမွာမဟုတ္။ အေျခအေနကိုအကဲခတ္ေတာ့ ေဆး႐ံုလား၊ ေဆးခန္းလား၊ တစ္ခုခုကိုေရာက္ေနပံု။ သူညက ဖ်ားၿပီး တစ္ကိုယ္လံုးကိုက္ခဲေနတာရယ္၊ လက္က နည္းနည္းေလးလႈပ္ရင္ေတာင္ အရမ္းနာေနတာရယ္ကို မွတ္မိတယ္။ ဒီကိုဘယ္လိုေရာက္လာတယ္ဆိုတာ ကမ႓ာမသိေတာ့ပါ။ သခင္သိသြားၿပီးေတာ့မ်ား ...

"အ"

အေတြးနဲ႔အတူ လူကပါ လႈပ္လႈပ္ရွားရွားျဖစ္သြားေတာ့ လက္ဖ်ံမွာစူးခနဲ။ ေဆးသြင္းထားတာပဲ။

"Earth, ဘယ္လိုေနေသးလဲ။ သက္သာလား။"

စိုးရိမ္တႀကီးေမးေနတဲ့ Koa အျပင္ အခန္းေလးထဲမွာ ဘယ္သူမွမရွိ။

"ရတယ္။ သက္သာတယ္။"

အခန္းထဲေဝ့ဝဲၾကည့္ၿပီး ျပန္ၿငိမ္သြားတဲ့ကမ႓ာ့ေၾကာင့္ Koa စိတ္ထဲ အလိုမက်။ ဘယ္သူ႔ကိုရွာသလဲလို႔ သိေနေပမဲ့ သူ႔ဘက္ကထုတ္မေမးရင္ ကိုယ့္ဘက္ကလည္း ေျပာဖို႔အစီအစဥ္မရွိပါ။

"အဲဒါဆို ခဏေနဦးေနာ္။ ဆရာဝန္သြားေခၚလိုက္ဦးမယ္။"

ေဆး႐ံုေရာက္ရျခင္းအေၾကာင္းက မိုးမိၿပီးဖ်ားတာရယ္၊ လက္ဒဏ္ရာက ေရႏူးၿပီးပိုဆိုးသြားလို႔ အနာရွိန္နဲ႔ဖ်ားတာရယ္၊ ေနာက္တစ္ခုကေတာ့ စမ္းသပ္လို႔မေပၚႏိုင္တဲ့ အသည္းကြဲခ်င္သလိုျဖစ္တာရယ္ေပါ့။
ဒဏ္ရာကိုဂ႐ုမစိုက္ရင္ ခြဲရစိတ္ရတာအထိျဖစ္ႏိုင္ေၾကာင္းနဲ႔ အေၾကာကိုထိရင္ လက္မသန္ျဖစ္သြားႏိုင္လို႔ ဂ႐ုစိုက္ဖို႔အေၾကာင္းေတြ ဆရာဝန္ဆီကေန ဩဝါဒခံယူၿပီးေတာ့ ကာယကံရွင္ထက္ဆိုးေနတာက Koa.

"ဘယ္လိုျဖစ္တာလဲ။ ဘာလို႔ အခ်ိန္အၾကာႀကီး မိုးေရေတြစိုကုန္တာလဲ။"

စိတ္ထဲအဆင္မေျပပါဘူးဆိုမွ Koa ရဲ႕အေမးက မီးစာကိုဆီေလာင္းေနသလို။

"ဘာျဖစ္ေနတာလဲ။ မင္းေသာက္ပူမပါဘူး။ ကိုယ့္ေနရာကိုယ္ေနစမ္း။"

Koa ရင္ထဲမွာေအာင့္ခနဲ။ စိတ္ပူလို႔ေမးတာက ကိုယ့္ေနရာကိုယ္မသိသလို ျဖစ္သြားခဲ့ၿပီ။

"ကၽြန္ေတာ့္ေနရာ ကၽြန္ေတာ္သိတယ္။ ကိုယ့္အေျခအေနကိုယ္သိဖို႔လိုတာ Earth ေလ။ စိတ္ေလတိုင္း ေနခ်င္သလိုေနလို႔ ရမလားဗ်။"

ျပန္ခံေျပာေနတဲ့ Koa နဲ႔ ရန္ျဖစ္ဖို႔လည္း စိတ္မပါေတာ့တာေၾကာင့္ တစ္ဖက္လွည့္ၿပီးသာ မ်က္စိစံုမွိတ္ၿပီးၿငိမ္ေနလိုက္ေတာ့

"ကၽြန္ေတာ္က စိုးရိမ္လို႔ေျပာတာပါ။ တစ္ခုခုခိုင္းခ်င္ရင္ ကၽြန္ေတာ့္ကိုေျပာပါ။"

'ေဆး႐ံုေရာက္တာကို သခင္ကလိုက္မလာဘူးလား။ သိပ္ေနႏိုင္တာပဲ။ ဘာလဲကြာ၊ Koa နဲ႔ပဲ ေဆးရံုကိုလႊတ္လိုက္တာလား။'

ဝမ္းနည္းသလိုလို၊ ေဒါသထြက္သလိုလို၊ ငိုခ်င္သလိုလိုနဲ႔ ကမ႓ာ့စိတ္ေတြကေယာက္ကယက္။
အခန္းတံခါးဖြင့္သံၾကားမိေပမဲ့ ကိုယ္နဲ႔မဆိုင္သလို ကမ႓ာလွည့္မၾကည့္ျဖစ္။

"ေရာ့၊ စားလိုက္ဦး။ မင္းဘာႀကိဳက္မွန္းမသိလို႔ ဗိုက္ျပည့္မယ့္ဟာပဲ ဝယ္လာလိုက္တယ္။"

'သခင္၊ အဲဒါ သခင့္အသံ။'

ခုတင္ေပၚမွာ ဝုန္းခနဲထထိုင္လိုက္ေတာ့ လူကခ်ာခ်ာလည္ၿပီး ယိုင္လဲမလို။

"Earth"

အနားေရာက္လာၿပီး ထိန္းေပးတဲ့ Koa ကလည္း ဘယ္ႏွကိုယ္ေလာက္ကြဲေနတယ္မသိ။ ထိန္းေပးထားတဲ့ Koa လက္ကိုျပန္ကိုင္ထားရင္း ၿငိမ္ေနလိုက္ရၿပီး ပံုမွန္ျပန္ျဖစ္ဖို႔ ေတာ္ေတာ္ႀကိဳးစားလိုက္ရတယ္။

"ဘာလိုခ်င္လို႔လဲ။ ျဖည္းျဖည္းထမွေပါ့ဗ်ာ။"

Koa ကိုလက္ကာျပၿပီး အျမင္အာရံုေတြ ပံုမွန္နီးပါးျပန္ျဖစ္မွ ခုနကအသံလာရာကိုၾကည့္လိုက္ေတာ့ ကမ႓ာစိတ္ထင္တာမဟုတ္ဘူးပဲ။ သခင္က အေျခအေနကိုရပ္ၾကည့္ေနတာ။

'အဟား၊ သခင္က ငါ့ကိုပစ္မထားဘူး။'

"သခင္၊ ရွိေနတာလား။ ခုနက ဘယ္သြားတာလဲ။"

လက္ထဲကဘူးေလးကို ေျမႇာက္ျပရင္း

"ဗိုက္ျဖည့္ဖို႔။"

"အဲဒါ ဘယ္သူ႔အတြက္လဲ။"

သခင့္လက္ထဲကဘူးကို ေမးေငါ့ေမးလိုက္တယ္။

"Koa လည္း ဘာမွမစားရေသးဘူး။"

"ဪ"

"Earth ျပန္လွဲေနဦးေလ။ ဗိုက္ဆာလား။ ေဆးသြင္းထားေတာ့ မစားခ်င္ရင္ မစားလို႔ရတယ္တဲ့။ ဗိုက္ဆာရင္ေတာ့ ဘာစားလို႔ရလဲလို႔ေမးၿပီး သြားဝယ္ေပးမယ္။"

ကမ႓ာ့အေမးေၾကာင့္ Koa ကေျပာေတာ့

"မဆာပါဘူး။ မင္း သြားစားေတာ့။"

ခုတင္ေခါင္းရင္းမွာမွီရင္း သခင့္ကိုေငးေနမိတာ လြမ္းလြန္းလို႔ပါ။

"သခင္"

Koa ကဖယ္ေပးတာမို႔ သခင္ ကမ႓ာ့အနားကိုသြားလိုက္ေပမဲ့ စကားေတာ့မေျပာပါ။

"သခင္ ညက ..."

"Koa က အိမ္ကိုေရာက္လာတာ။"

'Koa လာေတာ့မွ ဖ်ားေနတာကိုသိတာေပါ့။ သူမလာရင္ ကိုယ္ေသသြားတာေတာင္ သခင္သိပါ့မလား။'

"ခုနက ဆရာဝန္လာၾကည့္သြားၿပီ။ ဒီေန႔သက္သာရင္ မနက္ျဖန္ဆင္းလို႔ရၿပီတဲ့။"

"အင္း၊ မင္းအိမ္ကို အေၾကာင္းၾကားေပးမယ္။ အခုကေတာ့ မိုးေတာင္မလင္းေသးဘူးဆိုေတာ့ အထိတ္တလန္႔မလုပ္ခ်င္ဘူး။"

"ဟင့္အင္း၊ အိမ္ကိုမေျပာပါနဲ႔။"

"သေဘာပဲ။ မနက္ကို ရံုးခ်ိန္အမီ ငါ အိမ္ျပန္ရမယ္။"

သခင့္စကားမွာ ကမ႓ာအားေလ်ာ့သြားသလို အစားစားေနတဲ့ Koa လည္း သခင့္ဘက္ကို ဆတ္ခနဲလွည့္ၾကည့္လာတယ္။

'ရာဇသခင္၊ ခင္ဗ်ား ဘယ္လိုလူလဲ။'

"ရံုးဆင္းရင္ လာခဲ့မယ္မဟုတ္လား သခင္။"

"ရံုးဆင္းရင္အိမ္ခဏျပန္ၿပီး လာခဲ့မယ္။"

ဲအဲဒီ့ေတာ့မွ ျပံဳးသြားတဲ့ကမ႓ာ့ကို Koa ေငးေနမိတယ္။
တစ္ေယာက္ေယာက္ကို ေမၽွာ္ေငးေနရတာမ်ိဳး၊ ကိုယ့္ေပ်ာ္ရႊင္မႈအေတာ္မ်ားမ်ားက တျခားတစ္ေယာက္ေပၚမွာ မူတည္ေနတာမ်ိဳးက ဘယ္လိုဝဋ္ေႂကြးေတြလဲ။



ဆိုးလြန္းတယ္။ သခင္အလုပ္သြားလို႔ ေဆးရံုဆင္းတာလည္း Koa ကပဲ အစအဆံုးလုပ္ေပးရတယ္။
ဘာမွမေတာင္းဆိုပါဘူးလို႔ ကိုယ္တိုင္ကတိေပးမိတဲ့ကမ႓ာ တကယ္ကို ဘာမွမေျပာႏိုင္ပါ။

"ျပန္နားေတာ့။"

"ကၽြန္ေတာ္ေျပာတာ ..."

"မင္း နားသင့္ၿပီ။ ငါလည္း သက္သာေနၿပီ။"

"ဟို ..."

"ငါ ေနာက္တစ္ခြန္းထပ္မေျပာခ်င္ဘူး။"

Koa က မျပန္ခင္ကို မွာတမ္းေႁခြေနတာမွ တစ္သီတစ္တန္း။ ကမ႓ာတစ္ေယာက္ "အင္း" ဆိုတာကိုပဲ ဘယ္ႏွခြန္းမွန္းမသိေျပာၿပီးတဲ့ေနာက္

"ငါ့ဖုန္းကိုလည္း စြတ္ေခၚမေနနဲ႔။ သြားလို႔ရၿပီ။"

Koa ျပန္သြားေတာ့ ေန႔တစ္ဝက္မက်ိဳးေသး။ မေနႏိုင္လြန္းလို႔ သခင့္ဆီဖုန္းေခၚမိတယ္။ ကိုင္မွကိုင္ပါ့မလားဆိုတဲ့ အေတြးနဲ႔။

"ေျပာ"

"သခင္၊ ကိုယ္ အိမ္ျပန္ေရာက္ၿပီ။"

"ေအး"

"ဟို ... ဟိုေလ ..."

"ဘာလဲ။ ဘာေျပာခ်င္လို႔လဲ။"

"မဟုတ္ပါဘူး။ ဘာမွမဟုတ္ဘူး။"

"အဲဒါဆို ဖုန္းခ်လိုက္ေတာ့ ေျမကမ႓ာ။ ငါ အလုပ္မ်ားေနတယ္။"

စပီကာဖြင့္ေျပာေနမွန္းသိသိသာသာပဲ ကီးဘုတ္ကစာရိုက္သံေတြပါ ၾကားေနရတယ္။ ဖုန္းကို စားပြဲေပၚမွာတင္ထားတယ္ထင္ပါရဲ႕။ အလိုက္တသိနဲ႔ပဲ ဖုန္းခ်ေပးလိုက္ရင္း သက္ျပင္းခ်မိတယ္။

'သခင္ရယ္၊ ဘယ္လိုလုပ္ေပးမွ ျပန္ေျပလည္မွာလဲ။'



ဧည့္ခန္းစားပြဲေပၚမွာ တဒီးဒီးနဲ႔တုန္ခါေနတဲ့ သခင့္ဖုန္းကို ကမ႓ာထိုင္ၾကည့္ေနရင္း ဖုန္းက်သြားတာ ႏွစ္ခါရွိၿပီ။ Shay ဆိုတဲ့နာမည္ကို ျမင္ေနရတာ စိတ္အေႏွာင့္အယွက္ျဖစ္ရလြန္းလို႔ ျဖစ္ႏိုင္ရင္ ဖုန္းပိတ္ထားလိုက္ခ်င္တာ။ သခင့္အခန္းဝမွာ ရိပ္ခနဲေတြ႕လိုက္လို႔ ခပ္တည္တည္နဲ႔ ဖြင့္ထားလက္စတီဗြီကိုသာ ၾကည့္ေနလိုက္တယ္။ ၾကည့္ခ်င္ေယာင္ေဆာင္ေနတယ္ဆိုရင္ ပိုမွန္ပါလိမ့္မယ္။

'သံုးမိနစ္ရွိၿပီ။ ဘာေတြေျပာေနတာလဲ။ တစ္ခ်က္တစ္ခ်က္ ျပံဳးလိုက္ေသးတာ။'

ေဘးဘက္ဝရန္တာေလးမွာ ဖုန္းေျပာေနတာ ေလးမိနစ္ျပည့္ခါနီးမွာ သခင္ဖုန္းခ်ၿပီး ျပန္ဝင္လာတယ္။ အစကတည္းက အထဲမွာေျပာလည္းရတာကို ဘာလို႔အျပင္ထြက္ေျပာသလဲလို႔ ကမ႓ာမေက်မနပ္ျဖစ္မိၿပီး

"သခင္ အလုပ္မ်ားေနတာလား။"

"ဟင့္အင္း၊ အရမ္းအားေနတယ္။ ဒါေပမဲ့ မင္းနဲ႔ေျပာဖို႔ေတာ့ အခ်ိန္မရွိဘူး။"

ေကာင္းေရာ။ အဲဒီ့မွာအျပတ္ပဲ။
ဘာမွထပ္ေျပာမရေတာ့ပါ။

■■■ Part (32) ဆက္ရန္ ■■■

"သခင် ဘယ်သွား ... ဪ၊ အလုပ်သွားဖို့လား။"

ခေါင်းညိတ်ရုံသာတုံ့ပြန်တဲ့သခင့်ကို ကမ္ဘာဘာပြောရမှန်းမသိ။ မနေ့ကတစ်ရက်တော့ အလုပ်နားတာသေချာတယ်။ ဒါဆို အိမ်ကထွက်သွားမယ်ဆိုပေမဲ့ အလုပ်ကိုတော့ ဆက်သွားနေမယ်ဆိုတဲ့သဘော။ ဘယ်မှာနေဖို့ တွေးနေတာလဲ။ ဖြစ်သွားမယ့်ကိစ္စတွေက အလုပ်တောင်ပျက်စရာမလိုအောင် သခင့်အတွက်က ပေါ့ပေါ့ပါးပါးပဲလား။ ကွာရှင်းစာချုပ်ထားခဲ့ပြီး အိမ်ကထွက်သွားမယ့်လူကလေ။
တစ်ညလုံးအိပ်မပျော်တဲ့ကမ္ဘာက မနက်စောစော မနက်စာထပြင်နေတုန်း သခင်ထွက်လာလို့ နှုတ်ဆက်တော့လည်း ခေါင်းညိတ်ရုံသာ။ ရေချိုးနေလို့ လန်းသွားအောင်ချိုးတယ်ပဲထင်မိတာ ပုံမှန်အတိုင်း အလုပ်သွားဖို့ပြင်နေမယ်လို့ မတွေးမိခဲ့ဘူး။

ကမ္ဘာအတွေးလွန်နေပြီး သတိဝင်လာတော့ သခင်က အိမ်ပေါက်ဝရောက်တော့မယ်။

"သခင်၊ နေဦးလေ။ မနက်စာစားသွားဦး။ အကုန်လုံး အဆင်သင့်ဖြစ်နေပြီ။"

"မမီတော့ဘူး။"

"ကိုယ်လိုက်ပို့မယ်လေ။"

အပြင်ထွက်တော့မယ့်သခင်နောက် ကပ်လိုက်လာတော့ ခြံအပြင်မှာ ဒရိုင်ဘာက သူ့ကားနဲ့ရောက်နေပြီ။

"မလိုဘူး။"

ကမ္ဘာဘာလုပ်ရမှန်းမသိခင် သခင်ကထွက်သွားခဲ့ပြီ။ ရောင်နေတဲ့လက်တစ်ဖက်နဲ့ တစ်မနက်လုံး မနက်စာပြင်နေခဲ့တာ အခုတော့ သခင်က လှည့်တောင်ကြည့်မသွား။
တစ်မနက်ခင်းလုံးက ယောင်လည်လည်နဲ့ကုန်သွားခဲ့ရပြီ။ ဘာကို ဘယ်လိုတွေးရမှန်းမသိအောင် ခေါင်းထဲမှာဗလာနတ္ထိ။ ဖုန်းသံကြောင့်ကြည့်မိတော့ နေ့သစ်။

"အင်း၊ နေ့သစ်။"

"Earth ဘာဖြစ်လို့လဲ။ ဟိုရေခဲတုံးကို ဘာမှမေးမရဘူး။ အလုပ်မလာနိုင်တော့ စိတ်ပူလို့လေ။"

"ဘာမှမဟုတ်ပါဘူးကွာ။ နားချင်လို့။"

"ဘာလဲ ဟိုတစ်နေ့ညက အစ်ကိုရာဇနဲ့ ရန်ဖြစ်ကြတာလား။ အစ်ကိုတစ်ယောက်တည်း သွားသောက်နေတာဆို။"

"ဘာမှထွေထွေထူးထူး မဟုတ်ပါဘူးဆိုကွာ။"

"ဟုတ်ပါပြီဗျာ။ ပြီးရင်လည်း ပြန်တည့်သွားကြမှာပဲကို။"

"အင်း၊ အဲဒီ့လိုပဲပေါ့။"

"အဲဒါဆို ဒါပဲနော်။"

နေ့သစ်ပြောသလို အရင်လိုပဲ ခပ်လွယ်လွယ်နဲ့ပြန်ပြေလည်မှာဆိုလည်း အကောင်းသား။ နေ့သစ်ကို လိုင်းပေါ်ကနေ သခင်နဲ့စကားသွားပြောခိုင်းကြည့်ရင် ကောင်းမလားလို့ တွေးမိပေမဲ့ လျင်လွန်းတဲ့နေ့သစ်ကို ဘာမှပေးသိလို့မဖြစ်။

ဘာမှလုပ်စရာမရှိတဲ့နေ့တစ်နေ့က စိတ်ပျက်စရာကောင်းလောက်အောင် နေ့တာရှည်လွန်းတယ်။ သခင်ပြန်လာချိန်ကို ထိုင်မျှော်နေရရင် ရူးပြီးသေသွားနိုင်တယ်။ နောက်ဆုံးတော့ အဝတ်အစားလဲပြီး ကားတစ်စီးငှားကာ သခင့်အလုပ်ရှိရာအဆောက်အဦဆီ ရောက်လာခဲ့တော့ နေ့လယ်စာစားပြီးချိန်။ လက်ကလည်း ကားမောင်းမရတာမို့ ကားသာငှားလာလိုက်တာ ငှားလာတဲ့ကားကိုပဲ စောင့်ခိုင်းရမလား၊ သူပဲဆင်းနေလိုက်ပြီး တခြားတစ်နေရာရာကနေ စောင့်ရမလားဆိုတာလည်း တွေးမရသေး။ နောက်ဆုံး ကိုယ့်ဘာသာစောင့်နေလိုက်ဖို့ပဲ တွေးလိုက်ပြီး အခုတော့ ပလက်ဖောင်းပေါ်မှာ ယောင်ချာချာ။

"လမ်းထောင့်ကဆိုင်လေးမှာ သွားထိုင်တာပဲ ကောင်းပါတယ်။"

ဆိုင်လေးထဲဝင်လာပြီး fruit juice ရွေးနေတုန်းမှာပဲ

"Earth"

"Wendy"

ကံဆိုးပြီဆိုရင် ဘယ်တော့မှတစ်ခုတည်းနဲ့မပြီးဘူး။ Wendy တို့အလုပ်နဲ့ ကိစ္စပြတ်သွားပြီးကတည်းက သူရှောင်နေခဲ့တာ အခုတော့ တည့်တည့်ကိုတိုးတာပဲ။ ဘာမှပြောချင်စိတ်မရှိပေမဲ့လည်း ဝတ်ကြေတန်းကြေ စကားပြန်ပြောနေရတာ တကယ့်ကိုဆိုးလွန်းတယ်။
ကံဆိုးလှပြီလို့ထင်နေတဲ့ကမ္ဘာ သူ့အထင်မမှန်သေးတာကို ခဏအကြာမှာပဲ သိလိုက်ရပါတယ်။

ရုတ်တရက်ကြီးရွာချလိုက်တဲ့မိုးကြောင့် ဆိုင်အပြင်ဘက်မှာ လူတွေရုတ်ရုတ်သဲသဲဖြစ်သွားကြတာကို မှန်နံရံတွေကိုဖြတ်ပြီးမြင်နေရတယ်။ အဲဒီ့လူတွေကြားထဲမှာ မနက်က ကမ္ဘာတွေ့လိုက်တဲ့အဝတ်အစားနဲ့ သခင်ကလည်း ခပ်သွက်သွက်လှမ်းလျှောက်နေတဲ့ ပုံရိပ်ကြောင့် ကမ္ဘာလှုပ်လှုပ်ရှားရှားဖြစ်သွားရပြီ။ ဒါပေမဲ့ နောက်ကနေ အမျိုးသားတစ်ယောက်က ထီးတစ်ချောင်းနဲ့ပြေးလိုက်လာပြီး သခင့်ကိုဆောင်းပေးတော့ သခင်ကလှည့်ကြည့်ပြီးပြုံးလိုက်တာများ မနာလိုစရာ။ အဲဒီ့လူ သခင်နဲ့ကွယ်နေရာကလွတ်သွားချိန် မြင်လိုက်ရတာ Shay.

'အလုပ်ချိန်ကြီးကို သခင်က ဘာလို့ Shay နဲ့အတူ အပြင်မှာရှိနေတာလဲ။'

"Earth"

"Excuse me."

Wendy ကိုထားခဲ့ပြီး သခင်တို့နောက်ကို ကမ္ဘာလိုက်လာမိပေမဲ့ လှမ်းမခေါ်ဖြစ်ပါ။ အခုလိုအခြေအနေမှာ အရင်လိုမျိုး သခင့်ကိုသဝန်တိုစိတ်တစ်ခုနဲ့ ထင်ရာစိုင်းပစ်လိုက်ရင် ကမ္ဘာ့အတွက်က ကောင်းကျိုးတစ်ခုမှရှိမနေပါ။ သခင်တို့ရုံးရှေ့အထိ ကမ္ဘာလိုက်လာမိတော့ သခင်နဲ့ Shay က အဆောက်အဦထဲကို အတူဝင်သွားခဲ့ပြီ။ အဆောက်အဦရှေ့ မိုးရေထဲမှာ ကမ္ဘာရပ်နေမိတာ သတိလက်လွတ်။ လူတစ်ယောက်နဲ့ဝင်တိုက်မိတော့မှ သတိဝင်လာပြီး ရှေ့ဆက်လျှောက်လာမိတဲ့ ကမ္ဘာ့ခြေလှမ်းတွေက ဦးတည်ရာမဲ့။



ရုံးဆင်းပြီးချိန် သခင်အိမ်ပြန်လာတော့ ကမ္ဘာအိမ်မှာမရှိလို့ သော့ဖွင့်ဝင်လာလိုက်ပြီး ဧည့်ခန်းမှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်မိတယ်။ နောက်လမှာအလုပ်ထွက်ဖို့ တစ်လကြိုပြီးထွက်စာတင်တော့ ဌာနမှူးကလက်မခံချင်။ ဘရဏီအပါအဝင် လုပ်ဖော်ကိုင်ဖက်တွေကလည်း ဘာလို့လဲမေးပြီး တားနေကြ။ ဒီကြားထဲက သခင်တို့ရဲ့ရေမွှေးတံဆိပ်နဲ့ Brand ဆိုင်ခွဲထပ်ဖွင့်ဖို့ Mall တစ်ခုမှာစီစဉ်ထားတဲ့ကိစ္စက ဆိုင်ခန်းနေရာ အရွှေ့အပြောင်းဖြစ်မယ်ဆိုလို့ ဖြေရှင်းရပါသေးတယ်။

ကံကောင်းတာက အဲဒီ့ Mall က Shay ရဲ့ဦးလေးပိုင်တာမို့ Shay ကနေတစ်ဆင့်ညှိနှိုင်းလိုက်တာ အဆင်ပြေသွားခဲ့လို့။ နေ့လယ်စာစားရင်း အလုပ်ကိစ္စစကားပြောဆိုပြီး ထွက်လာတော့မှ လမ်းမှာမိုးရွာချလေရဲ့။ ရုံးနဲ့ အဆောက်အဦနှစ်ခုပဲခြားတဲ့ လမ်းထောင့်ဆိုင်လေးရဲ့ ဘေးကပ်လျက်က ဂျပန်ရိုးရာစားသောက်ဆိုင်မှာပဲ ချိန်းထားတာမို့ လမ်းထောင့်ချိုးပြီး ရှေ့လျှောက်လိုက်ရုံနဲ့ ရောက်နိုင်တဲ့နေရာကို ဒီအတိုင်းထွက်လာမိတာ အပြန်မှာမိုးမိတော့မလို့။ နောက်ကနေ Shay လိုက်လာပေးလို့သာ မိုးမစိုဘဲ ရုံးကိုပြန်ရောက်ခဲ့ရတာ။ အဲဒီ့ကတည်းက ရွာလိုက်တဲ့မိုးဟာ ခဏစဲလိုက်၊ ပြန်သည်းလိုက်နဲ့ သခင်တို့ရုံးဆင်းတဲ့အထိ ရွာကောင်းနေတုန်း။ ပြန်လာပြီး အိမ်နားရောက်ခါနီးမှ တိတ်သွားခဲ့တာ။

အာရုံများစရာတွေက တစ်ခုပြီးတစ်ခုမို့ ရုံးကပြန်လာပြီး ဧည့်ခန်းမှာပဲ သခင်ထိုင်နားနေမိတာ တော်တော်ကြာသွားတဲ့အထိ ကမ္ဘာပြန်ရောက်မလာသေး။ အိပ်ခန်းထဲမှာ အိတ်တွေဖိုင်တွေဝင်သိမ်း၊ ရေချိုးပြီးလို့ အိပ်ခန်းထဲပြန်ရောက်မှ တံခါးဖွင့်သံကြားလိုက်တယ်။ ကမ္ဘာပြန်ရောက်တယ်ထင်ပါရဲ့။ အေးအေးဆေးဆေးအဝတ်အစားလဲပြီး ညစာအတွက် တစ်ခုခုစီစဉ်ဖို့ အိပ်ခန်းထဲကအထွက် မြင်လိုက်ရတာက မိုးရေတွေစိုရွှဲနေတဲ့ကမ္ဘာ အိမ်ပေါက်ဝမှာပဲထိုင်နေပြီး ဘာဖြစ်လာတယ်မသိ။ မိုးစိုတာကို အဝတ်လဲရမယ်ဆိုတာ ကလေးမဟုတ်တဲ့အတွက် သူ့ဘာသာသိရမှာမို့ သခင် ဘာမှပြောမနေချင်။ စကားပြောချင်စိတ်လည်း ရှိမနေလို့ မီးဖိုချောင်ထဲသာ ဝင်လာခဲ့လိုက်တယ်။

.

အိမ်ရောက်တော့ သော့ဖွင့်ထားပြီမို့ သခင်အိမ်ပြန်ရောက်နေပြီဆိုတာကို သိလိုက်ရတယ်။ သေချာအောင် အိမ်တံခါးဖွင့်ပြီးကြည့်လိုက်တော့ သခင့်ဖိနပ်ကိုတွေ့ရလို့ တံခါးဝမှာတင် စိတ်အေးလက်အေးထိုင်ချလိုက်မိတယ်။

နေ့လယ်ပိုင်း သခင်တို့ကိုမြင်ပြီးကတည်းက အရင်လိုမမေးရဲတာကြောင့် ကိုယ့်စိတ်နဲ့ကိုယ် ပူလောင်နေမိတာ မိုးစက်တွေကိုလည်း အဖက်မလုပ်နိုင်။ ဦးတည်ရာမဲ့လျှောက်သွားပြီး လေးဆယ့်ငါးမိနစ်လောက်လမ်းလျှောက်မိပြီးမှ ပန်းခြံတစ်ခုရှေ့ကိုရောက်နေမှန်း သတိထားမိတယ်။ ပန်းခြံထဲက သစ်ပင်ခပ်အုပ်အုပ်လေးအောက် ခုံတန်းလေးပေါ်ထိုင်ရင်း သခင်နဲ့ပြန်ပြေလည်နိုင်မယ့်နည်းတွေ စဉ်းစားနေလိုက်တာ အချိန်တွေက ဘယ်လိုကုန်သွားမှန်း ကမ္ဘာသတိမထားလိုက်မိ။

ကမ္ဘာ နာရီကြည့်မိချိန်မှာ သခင်တို့အလုပ်ဆင်းချိန်တောင် ရောက်တော့မယ်။ သခင်တို့အလုပ်ဆီကို ကမ္ဘာပြန်ရောက်လာတော့ ရုံးဆင်းသွားကြပြီ။ ကားငှားတာတော်တော်နဲ့မရလို့ ကမ္ဘာအိမ်ပြန်ရောက်ချိန်မှာ သခင်က ရေတောင်ချိုးပြီးသွားခဲ့ပြီ။ မျက်နှာရှင်းရှင်းလေးနဲ့ အိပ်ခန်းထဲကထွက်လာတဲ့ ကမ္ဘာ့ရဲ့တစ်ဦးတည်းသောသခင်။ အိမ်ပေါက်ဝကို တစ်ချက်လေးပဲကြည့်ပြီး နောက်ဖေးဘက်ကိုဝင်သွားလိုက်တာ ကမ္ဘာဆိုတာ ကိုယ်ပျောက်လူသားလိုပဲ။
ထိုင်နေလို့မပြီးတာကြောင့် ရေချိုးခန်းထဲဝင် ရေနည်းနည်းချိုးပြီး ပြန်ထွက်လာလိုက်တယ်။ လူက တော်တော်လေးချမ်းနေပြီ။

အဆိုးဆုံးက ကမ္ဘာရဲ့လက်ကဒဏ်ရာ။ ရေနူးပြီး လက်ကပွနေတာ ဒဏ်ရာကလည်းဖြူဖွေးလို့။ အေးတဲ့ဒဏ်နဲ့ ကိုက်ခဲလာတာကို အခုမှပဲသတိထားမိပါတယ်။ တစ်ယောက်တည်း ဒဏ်ရာဆေးထည့်ပြီး နောက်ဖေးဘက်ကအမှိုက်ပုံးမှာ အမှိုက်တွေလာထည့်တော့ သခင့်ဘေးကဖြတ်သွားတာလည်း သခင်ကအဖက်မလုပ်။ ကိုယ့်အခန်းထဲကိုယ်ပြန်လာ၊ ဆေးသောက်ပြီး စောင်ပုံထဲဝင်ခွေနေလိုက်တာလည်း အချမ်းမပြေ။ အခုအချိန်မှာ အလိုအပ်ဆုံးကိုပြောပါဆိုရင် သခင့်ရင်ခွင်ပဲပေါ့။



တစ်အိမ်လုံးမှာ တစ်ယောက်တည်းရှိသလို တိတ်ဆိတ်နေတဲ့အခန်းထဲ လက်လွှဲရမယ့်အလုပ်တွေနဲ့ လက်စသတ်ရမယ့်အလုပ်တွေကို သခင်စာရင်းလုပ်နေရတယ်။ ဒီနေ့တော့ မနေ့ကလို အိမ်ထဲမှာအသံတွေမကြားရ။ သိပ်လည်းညမနက်သေးပါ။ အခန်းအပြင်ထွက်တော့ ငြိမ်သက်နေတာကြောင့် တံခါးတွေစစ်ပြီး အခန်းထဲပြန်ဝင်လာတဲ့သခင် ကမ္ဘာ့အခန်းဘက်ကို မစပ်စုမိ။

သခင်သာ သတိထားပြီးကြည့်မိမယ်ဆိုရင် ကမ္ဘာ့အခန်းထဲက တီးတိုးညည်းညူသံကို ကြားနိုင်မှာပါ။ ဒဏ်ရာအရှိန်၊ မိုးမိတဲ့အရှိန်တွေနဲ့ ကမ္ဘာတစ်ယောက် အဖျားတွေတက်ပြီး ညည်းညူနေမိတာ သတိလက်လွတ်။ ဘယ်နေရာကနာတယ်လို့ ပြောမပြတတ်အောင် တစ်ကိုယ်လုံးကိုက်ခဲနေတာတောင် ရင်ထဲကနာတာကို မမီဘူးလိုပဲ။

'Shit! ဖုန်းက ဘာလို့ တစ်ချိန်လုံးမြည်နေတာလဲ။'

မလှုပ်နိုင်ရတဲ့ကြားထဲ ခဏခဏဝင်လာနေတဲ့ incoming call ခေါ်နေသူကို ကမ္ဘာ့စိတ်ထဲကနေ ကျိန်ဆဲမိတယ်။

အဲဒီ့လိုပဲ အိမ်အပြင်ဘက်လမ်းတစ်ဖက်က မှောင်ရိပ်ထဲမှာရပ်ထားတဲ့ကားပေါ် ကောင်လေးတစ်ယောက်ကလည်း ဖုန်းကိုကိုင်ရင်း၊ နံပါတ်တစ်ခုကို အခါခါနှိပ်ရင်း အလုပ်တွေများနေတာကို ဘယ်သူမှမသိပါ။

■■■

ကမ္ဘာအိပ်ရာကနိုးတော့ သူ့အခန်းထဲမှာမဟုတ်။ အခြေအနေကိုအကဲခတ်တော့ ဆေးရုံလား၊ ဆေးခန်းလား၊ တစ်ခုခုကိုရောက်နေပုံ။ သူညက ဖျားပြီး တစ်ကိုယ်လုံးကိုက်ခဲနေတာရယ်၊ လက်က နည်းနည်းလေးလှုပ်ရင်တောင် အရမ်းနာနေတာရယ်ကို မှတ်မိတယ်။ ဒီကိုဘယ်လိုရောက်လာတယ်ဆိုတာ ကမ္ဘာမသိတော့ပါ။ သခင်သိသွားပြီးတော့များ ...

"အ"

အတွေးနဲ့အတူ လူကပါ လှုပ်လှုပ်ရှားရှားဖြစ်သွားတော့ လက်ဖျံမှာစူးခနဲ။ ဆေးသွင်းထားတာပဲ။

"Earth, ဘယ်လိုနေသေးလဲ။ သက်သာလား။"

စိုးရိမ်တကြီးမေးနေတဲ့ Koa အပြင် အခန်းလေးထဲမှာ ဘယ်သူမှမရှိ။

"ရတယ်။ သက်သာတယ်။"

အခန်းထဲဝေ့ဝဲကြည့်ပြီး ပြန်ငြိမ်သွားတဲ့ကမ္ဘာ့ကြောင့် Koa စိတ်ထဲ အလိုမကျ။ ဘယ်သူ့ကိုရှာသလဲလို့ သိနေပေမဲ့ သူ့ဘက်ကထုတ်မမေးရင် ကိုယ့်ဘက်ကလည်း ပြောဖို့အစီအစဉ်မရှိပါ။

"အဲဒါဆို ခဏနေဦးနော်။ ဆရာဝန်သွားခေါ်လိုက်ဦးမယ်။"

ဆေးရုံရောက်ရခြင်းအကြောင်းက မိုးမိပြီးဖျားတာရယ်၊ လက်ဒဏ်ရာက ရေနူးပြီးပိုဆိုးသွားလို့ အနာရှိန်နဲ့ဖျားတာရယ်၊ နောက်တစ်ခုကတော့ စမ်းသပ်လို့မပေါ်နိုင်တဲ့ အသည်းကွဲချင်သလိုဖြစ်တာရယ်ပေါ့။
ဒဏ်ရာကိုဂရုမစိုက်ရင် ခွဲရစိတ်ရတာအထိဖြစ်နိုင်ကြောင်းနဲ့ အကြောကိုထိရင် လက်မသန်ဖြစ်သွားနိုင်လို့ ဂရုစိုက်ဖို့အကြောင်းတွေ ဆရာဝန်ဆီကနေ ဩဝါဒခံယူပြီးတော့ ကာယကံရှင်ထက်ဆိုးနေတာက Koa.

"ဘယ်လိုဖြစ်တာလဲ။ ဘာလို့ အချိန်အကြာကြီး မိုးရေတွေစိုကုန်တာလဲ။"

စိတ်ထဲအဆင်မပြေပါဘူးဆိုမှ Koa ရဲ့အမေးက မီးစာကိုဆီလောင်းနေသလို။

"ဘာဖြစ်နေတာလဲ။ မင်းသောက်ပူမပါဘူး။ ကိုယ့်နေရာကိုယ်နေစမ်း။"

Koa ရင်ထဲမှာအောင့်ခနဲ။ စိတ်ပူလို့မေးတာက ကိုယ့်နေရာကိုယ်မသိသလို ဖြစ်သွားခဲ့ပြီ။

"ကျွန်တော့်နေရာ ကျွန်တော်သိတယ်။ ကိုယ့်အခြေအနေကိုယ်သိဖို့လိုတာ Earth လေ။ စိတ်လေတိုင်း နေချင်သလိုနေလို့ ရမလားဗျ။"

ပြန်ခံပြောနေတဲ့ Koa နဲ့ ရန်ဖြစ်ဖို့လည်း စိတ်မပါတော့တာကြောင့် တစ်ဖက်လှည့်ပြီးသာ မျက်စိစုံမှိတ်ပြီးငြိမ်နေလိုက်တော့

"ကျွန်တော်က စိုးရိမ်လို့ပြောတာပါ။ တစ်ခုခုခိုင်းချင်ရင် ကျွန်တော့်ကိုပြောပါ။"

'ဆေးရုံရောက်တာကို သခင်ကလိုက်မလာဘူးလား။ သိပ်နေနိုင်တာပဲ။ ဘာလဲကွာ၊ Koa နဲ့ပဲ ဆေးရုံကိုလွှတ်လိုက်တာလား။'

ဝမ်းနည်းသလိုလို၊ ဒေါသထွက်သလိုလို၊ ငိုချင်သလိုလိုနဲ့ ကမ္ဘာ့စိတ်တွေကယောက်ကယက်။
အခန်းတံခါးဖွင့်သံကြားမိပေမဲ့ ကိုယ်နဲ့မဆိုင်သလို ကမ္ဘာလှည့်မကြည့်ဖြစ်။

"ရော့၊ စားလိုက်ဦး။ မင်းဘာကြိုက်မှန်းမသိလို့ ဗိုက်ပြည့်မယ့်ဟာပဲ ဝယ်လာလိုက်တယ်။"

'သခင်၊ အဲဒါ သခင့်အသံ။'

ခုတင်ပေါ်မှာ ဝုန်းခနဲထထိုင်လိုက်တော့ လူကချာချာလည်ပြီး ယိုင်လဲမလို။

"Earth"

အနားရောက်လာပြီး ထိန်းပေးတဲ့ Koa ကလည်း ဘယ်နှကိုယ်လောက်ကွဲနေတယ်မသိ။ ထိန်းပေးထားတဲ့ Koa လက်ကိုပြန်ကိုင်ထားရင်း ငြိမ်နေလိုက်ရပြီး ပုံမှန်ပြန်ဖြစ်ဖို့ တော်တော်ကြိုးစားလိုက်ရတယ်။

"ဘာလိုချင်လို့လဲ။ ဖြည်းဖြည်းထမှပေါ့ဗျာ။"

Koa ကိုလက်ကာပြပြီး အမြင်အာရုံတွေ ပုံမှန်နီးပါးပြန်ဖြစ်မှ ခုနကအသံလာရာကိုကြည့်လိုက်တော့ ကမ္ဘာစိတ်ထင်တာမဟုတ်ဘူးပဲ။ သခင်က အခြေအနေကိုရပ်ကြည့်နေတာ။

'အဟား၊ သခင်က ငါ့ကိုပစ်မထားဘူး။'

"သခင်၊ ရှိနေတာလား။ ခုနက ဘယ်သွားတာလဲ။"

လက်ထဲကဘူးလေးကို မြှောက်ပြရင်း

"ဗိုက်ဖြည့်ဖို့။"

"အဲဒါ ဘယ်သူ့အတွက်လဲ။"

သခင့်လက်ထဲကဘူးကို မေးငေါ့မေးလိုက်တယ်။

"Koa လည်း ဘာမှမစားရသေးဘူး။"

"ဪ"

"Earth ပြန်လှဲနေဦးလေ။ ဗိုက်ဆာလား။ ဆေးသွင်းထားတော့ မစားချင်ရင် မစားလို့ရတယ်တဲ့။ ဗိုက်ဆာရင်တော့ ဘာစားလို့ရလဲလို့မေးပြီး သွားဝယ်ပေးမယ်။"

ကမ္ဘာ့အမေးကြောင့် Koa ကပြောတော့

"မဆာပါဘူး။ မင်း သွားစားတော့။"

ခုတင်ခေါင်းရင်းမှာမှီရင်း သခင့်ကိုငေးနေမိတာ လွမ်းလွန်းလို့ပါ။

"သခင်"

Koa ကဖယ်ပေးတာမို့ သခင် ကမ္ဘာ့အနားကိုသွားလိုက်ပေမဲ့ စကားတော့မပြောပါ။

"သခင် ညက ..."

"Koa က အိမ်ကိုရောက်လာတာ။"

'Koa လာတော့မှ ဖျားနေတာကိုသိတာပေါ့။ သူမလာရင် ကိုယ်သေသွားတာတောင် သခင်သိပါ့မလား။'

"ခုနက ဆရာဝန်လာကြည့်သွားပြီ။ ဒီနေ့သက်သာရင် မနက်ဖြန်ဆင်းလို့ရပြီတဲ့။"

"အင်း၊ မင်းအိမ်ကို အကြောင်းကြားပေးမယ်။ အခုကတော့ မိုးတောင်မလင်းသေးဘူးဆိုတော့ အထိတ်တလန့်မလုပ်ချင်ဘူး။"

"ဟင့်အင်း၊ အိမ်ကိုမပြောပါနဲ့။"

"သဘောပဲ။ မနက်ကို ရုံးချိန်အမီ ငါ အိမ်ပြန်ရမယ်။"

သခင့်စကားမှာ ကမ္ဘာအားလျော့သွားသလို အစားစားနေတဲ့ Koa လည်း သခင့်ဘက်ကို ဆတ်ခနဲလှည့်ကြည့်လာတယ်။

'ရာဇသခင်၊ ခင်ဗျား ဘယ်လိုလူလဲ။'

"ရုံးဆင်းရင် လာခဲ့မယ်မဟုတ်လား သခင်။"

"ရုံးဆင်းရင်အိမ်ခဏပြန်ပြီး လာခဲ့မယ်။"

ဲအဲဒီ့တော့မှ ပြုံးသွားတဲ့ကမ္ဘာ့ကို Koa ငေးနေမိတယ်။
တစ်ယောက်ယောက်ကို မျှော်ငေးနေရတာမျိုး၊ ကိုယ့်ပျော်ရွှင်မှုအတော်များများက တခြားတစ်ယောက်ပေါ်မှာ မူတည်နေတာမျိုးက ဘယ်လိုဝဋ်ကြွေးတွေလဲ။



ဆိုးလွန်းတယ်။ သခင်အလုပ်သွားလို့ ဆေးရုံဆင်းတာလည်း Koa ကပဲ အစအဆုံးလုပ်ပေးရတယ်။
ဘာမှမတောင်းဆိုပါဘူးလို့ ကိုယ်တိုင်ကတိပေးမိတဲ့ကမ္ဘာ တကယ်ကို ဘာမှမပြောနိုင်ပါ။

"ပြန်နားတော့။"

"ကျွန်တော်ပြောတာ ..."

"မင်း နားသင့်ပြီ။ ငါလည်း သက်သာနေပြီ။"

"ဟို ..."

"ငါ နောက်တစ်ခွန်းထပ်မပြောချင်ဘူး။"

Koa က မပြန်ခင်ကို မှာတမ်းခြွေနေတာမှ တစ်သီတစ်တန်း။ ကမ္ဘာတစ်ယောက် "အင်း" ဆိုတာကိုပဲ ဘယ်နှခွန်းမှန်းမသိပြောပြီးတဲ့နောက်

"ငါ့ဖုန်းကိုလည်း စွတ်ခေါ်မနေနဲ့။ သွားလို့ရပြီ။"

Koa ပြန်သွားတော့ နေ့တစ်ဝက်မကျိုးသေး။ မနေနိုင်လွန်းလို့ သခင့်ဆီဖုန်းခေါ်မိတယ်။ ကိုင်မှကိုင်ပါ့မလားဆိုတဲ့ အတွေးနဲ့။

"ပြော"

"သခင်၊ ကိုယ် အိမ်ပြန်ရောက်ပြီ။"

"အေး"

"ဟို ... ဟိုလေ ..."

"ဘာလဲ။ ဘာပြောချင်လို့လဲ။"

"မဟုတ်ပါဘူး။ ဘာမှမဟုတ်ဘူး။"

"အဲဒါဆို ဖုန်းချလိုက်တော့ မြေကမ္ဘာ။ ငါ အလုပ်များနေတယ်။"

စပီကာဖွင့်ပြောနေမှန်းသိသိသာသာပဲ ကီးဘုတ်ကစာရိုက်သံတွေပါ ကြားနေရတယ်။ ဖုန်းကို စားပွဲပေါ်မှာတင်ထားတယ်ထင်ပါရဲ့။ အလိုက်တသိနဲ့ပဲ ဖုန်းချပေးလိုက်ရင်း သက်ပြင်းချမိတယ်။

'သခင်ရယ်၊ ဘယ်လိုလုပ်ပေးမှ ပြန်ပြေလည်မှာလဲ။'



ဧည့်ခန်းစားပွဲပေါ်မှာ တဒီးဒီးနဲ့တုန်ခါနေတဲ့ သခင့်ဖုန်းကို ကမ္ဘာထိုင်ကြည့်နေရင်း ဖုန်းကျသွားတာ နှစ်ခါရှိပြီ။ Shay ဆိုတဲ့နာမည်ကို မြင်နေရတာ စိတ်အနှောင့်အယှက်ဖြစ်ရလွန်းလို့ ဖြစ်နိုင်ရင် ဖုန်းပိတ်ထားလိုက်ချင်တာ။ သခင့်အခန်းဝမှာ ရိပ်ခနဲတွေ့လိုက်လို့ ခပ်တည်တည်နဲ့ ဖွင့်ထားလက်စတီဗွီကိုသာ ကြည့်နေလိုက်တယ်။ ကြည့်ချင်ယောင်ဆောင်နေတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။

'သုံးမိနစ်ရှိပြီ။ ဘာတွေပြောနေတာလဲ။ တစ်ချက်တစ်ချက် ပြုံးလိုက်သေးတာ။'

ဘေးဘက်ဝရန်တာလေးမှာ ဖုန်းပြောနေတာ လေးမိနစ်ပြည့်ခါနီးမှာ သခင်ဖုန်းချပြီး ပြန်ဝင်လာတယ်။ အစကတည်းက အထဲမှာပြောလည်းရတာကို ဘာလို့အပြင်ထွက်ပြောသလဲလို့ ကမ္ဘာမကျေမနပ်ဖြစ်မိပြီး

"သခင် အလုပ်များနေတာလား။"

"ဟင့်အင်း၊ အရမ်းအားနေတယ်။ ဒါပေမဲ့ မင်းနဲ့ပြောဖို့တော့ အချိန်မရှိဘူး။"

ကောင်းရော။ အဲဒီ့မှာအပြတ်ပဲ။
ဘာမှထပ်ပြောမရတော့ပါ။

■■■ Part (32) ဆက်ရန် ■■■
© Demon ,
книга «Branded by You».
Коментарі