Chapter (57)
*ဒုန်း ဒုန်း*
"ဘာဖြစ်လို့လဲ ဇ။"
"ငါ တအားပူတယ်။ ရေချိုးမှဖြစ်မယ်။ ငါ့ကို ဒါခဏဖြုတ်ပေး။"
"ငါ ရေတွေသောက်ထားတယ်။ ဓာတ်ဆားအထိမလိုပါဘူး။"
"ဘာနေနေ သောက်လို့ရတယ်။"
"ရပြီလား။"
■■■
"Koa"
"မင်း ဘာလာလုပ်တာလဲ။"
"ငါ ဘာမှလုပ်မနေဘူး Day."
"ငါ့ကို တရားလာမဟောနဲ့။"
"Shut up!"
"မင်းပြန်တော့ နေ့သစ်။"
Koa ကမလှုပ်မယှက်။
"မင်း သွားတော့ Day."
"မင်းသောက်ပူမပါဘူး။"
"No."
"အဟက်၊ ရမှာတဲ့လား။"
"................"
"ကျေးဇူးတင်ပါတယ်။"
■■■
"Look at me."
"Koa. မင်း ဒါဘာလုပ်တာလဲ။"
■
"ဒယ်ဒီ၊ အဲဒါက ..."
■■■ Part (58) ဆက်ရန် ■■■
*ဒုန်း ဒုန်း*
အခန်းတံခါးကို တဒုန်းဒုန်းထုနေတဲ့ သခင်။
ခဏနေတော့ တံခါးဖွင့်ပြီး အလျင်စလိုဝင်လာတဲ့လူက
"ဘာဖြစ်လို့လဲ ဇ။"
သူတံခါးပြန်မပိတ်ခင်လေးမှာ သခင့်လက်က တံခါးဘောင်ရဲ့သော့ပေါက်နားဆီ ရောက်သွားခဲ့သေးတယ်။ တံခါးပိတ်လိုက်တဲ့အဲဒီလူရဲ့ မျက်လုံးတွေကို ခဏလေးနီးကပ်သွားချိန် သခင်မြင်လိုက်ရတယ်၊ အေးစက်စက်နဲ့။
"ငါ တအားပူတယ်။ ရေချိုးမှဖြစ်မယ်။ ငါ့ကို ဒါခဏဖြုတ်ပေး။"
သခင့်ခန္ဓာကိုယ်မှာ ချွေးတွေစိုနေတာကို အဲဒီလူက ခဏလောက်စိုက်ကြည့်နေတယ်။ စိုက်ကြည့်ရုံနဲ့ ဘာမှမဖြစ်နိုင်ဘူးလို့ပဲ သခင် ကိုယ့်ဘာသာစိတ်ထိန်းထားရတာပါ။
"ဘယ်လိုဖြစ်ပြီး အဲဒီလောက်ချွေးတွေထွက်သွားတာလဲ။"
"တအားညောင်းနေလို့ နည်းနည်းလေး ခြေဆန့်လက်ဆန့်လုပ်လိုက်တာ။"
ပိတ်လှောင်ထားတဲ့အပေါ် မကျေနပ်သလိုပြောတဲ့အပြောကို ရိပ်မိပေမဲ့ အဲဒီလူက မသိချင်ယောင်ဆောင်ပြီး
"ခဏ၊ ဓာတ်ဆားဖျော်ခဲ့ပေးမယ်။ သောက်ပြီးမှရေချိုး။"
"ငါ ရေတွေသောက်ထားတယ်။ ဓာတ်ဆားအထိမလိုပါဘူး။"
"ချွေးတိတ်အောင်စောင့်ပါဦး။ စောင့်လက်စနဲ့ ဓာတ်ဆားသွားယူပေးမလို့ပါ။ ခဏပဲ။"
တံခါးပိတ်ပြီး ပြန်ပြေးထွက်သွားတဲ့အဲဒီလူရဲ့ခြေသံ ဝေးသွားတော့မှ သခင်တံခါးအနားတိုးကပ်သွားလိုက်ပြီး တစ်ခုခုကိုစစ်ဆေးကြည့်နေတယ်။ ပြုံးသွားတဲ့သခင့်မျက်နှာကို ဒီရောက်ပြီးမှ ပထမဆုံးတွေ့နိုင်တာဆိုပေမဲ့ ဖမ်းထားသူကတော့ မမြင်လိုက်ရပါ။
ခဏကြာတော့ ရေသန့်တစ်ဘူးရယ်၊ ဓာတ်ဆားထုတ်တွေရယ်နဲ့ ပြန်ရောက်လာပြီး
"ဘယ်ဟာသောက်ချင်မှန်းမသိလို့။"
"ဘာနေနေ သောက်လို့ရတယ်။"
"ဒါက သံပရာအရသာနဲ့ဆိုတော့ ပိုအဆင်ပြေမယ်ထင်တယ်။"
သူဖျော်ပေးတဲ့ 500 ml ရှိတဲ့ ဓာတ်ဆားရည်ကို မော့ချလိုက်ပြီး
"ရပြီလား။"
ရေချိုးခန်းထဲမှာ သူက သခင့်ရှေ့ဒူးထောက်ချပြီး ခြေကျင်းဝတ်ကသံကြိုးကို ဖြုတ်ဖို့ပြင်နေတာကို သခင်အပေါ်စီးကနေငုံ့ကြည့်နေရင်း အတွေးတွေကလည်းအငြိမ်မနေနိုင်။ လူက အတတ်နိုင်ဆုံးစိတ်ငြိမ်အောင်ထားပေမဲ့ တကယ့်အတွင်းစိတ်ကတော့ မငြိမ်မသက်။
တစ်ဖက်ဖြုတ်ပေးပြီးလို့ နောက်တစ်ဖက်ကို သူဖြုတ်ပေးဖို့ပြင်တော့ သခင့်ရင်ထဲဗြောင်းဆန်လာတယ်။ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်မိတဲ့ သခင့်လက်ထဲမှာ fountain pen တစ်ချောင်း။ ဗီရိုပုလေးရဲ့ အောက်ဆုံးအတွင်းဘက်ထောင့်မှာ ဘူးနဲ့ထည့်ထားတာမဟုတ်တဲ့ fountain pen ကို သခင်တွေ့မိလို့ ယူထားခဲ့လိုက်တာပါ။ Fountain pen တို့ရဲ့ထုံးစံအတိုင်း ထိပ်မှာ metal nib တပ်ထားတာကြောင့် ချွန်မြနေတဲ့လက်နက်တစ်ခုလိုပါပဲ။
မတ်တပ်ထရပ်တဲ့သူ့မျက်နှာ သခင်နဲ့တည့်တည့်ရောက်လာတဲ့အချိန် သူ့မျက်လုံးနေရာကိုချိန်ပြီး pen နဲ့ လျှပ်တပြက်ထိုးချလိုက်တော့ ...
■■■
"Koa"
"မင်း ဘာလာလုပ်တာလဲ။"
"ခင်ဗျားလုပ်နေတာတွေ ရပ်သင့်ပြီ။"
"ငါ ဘာမှလုပ်မနေဘူး Day."
"အခု မြန်မာနိုင်ငံကိုလိုက်သွားမလို့ပြင်နေတာ မဟုတ်ဘူးလား။"
"Daniel Day, ငါ့ဘာသာဘာလုပ်လုပ် မင်းအပူမပါဘူးနော်။"
"ခင်ဗျားမွှေနေတာ ကျွန်တော့်အစ်ကိုနဲ့ ကျွန်တော့်ယောက်ဖ။ ပြီးတော့ ခင်ဗျားက ကျွန်တော်ချစ်ရတဲ့လူ။ ကျွန်တော့်အတွက် ကိုယ်ချစ်ရတဲ့လူတွေ အကုန်လုံးထိခိုက်ခံစားရမယ့်ကိစ္စကို ဆက်ပြီးထိုင်ကြည့်နေဖို့ မဖြစ်နိုင်တော့ဘူး။"
နေ့သစ်ရဲ့စကားကြောင့် Koa က စိတ်ရှုပ်သလိုကြည့်လာတယ်။
"ခင်ဗျား အဲဒီလိုမကြည့်နဲ့။ ကျွန်တော် တစ်ခါမှ ခင်ဗျားကိုတွယ်ကပ်ပြီး စိတ်အနှောင့်အယှက်မပေးဖူးဘူး။ ကျွန်တော့်စကားတစ်ခွန်းကို ခင်ဗျားစိတ်ရှုပ်တယ်ဆိုရင် ခင်ဗျားလုပ်နေတာတွေကို Earth ဘယ်လောက်စိတ်ရှုပ်ရမလဲ ခင်ဗျားတွေးကြည့်ပေါ့။"
"ငါ့ကို တရားလာမဟောနဲ့။"
"အင်းပေါ့၊ ဒါတွေပြောနေလည်း မိကျောင်းမင်း ရေကင်းပြသလို ဖြစ်နေမှာပဲ။ ခင်ဗျားမသိတာတွေမှမဟုတ်တာ။ သိသိကြီးနဲ့ လိုက်ရှုပ်နေတာ။"
"Shut up!"
"ပြောစရာရှိတာတော့ ပြောရမှာပေါ့။ ခင်ဗျားက အစ်ကိုရာဇဆီကိုပါ ပုံတွေပို့လိုက်တယ်ဆို။ အဲဒါ ယုတ်မာတာဖြစ်သွားပြီ။"
Koa က နေ့သစ်အနားကိုရောက်လာပြီး အင်္ကျီလည်ပင်းကိုဆုပ်ကိုင်ရင်း မျက်နှာကိုတည့်တည့်ကြည့်ကာ
"မင်းဝင်ပါစရာမဟုတ်ဘူးလို့ ငါပြောပြီးပြီနော်။ နောက်မှ ငါသတိမပေးဘူးလို့ မပြောနဲ့။"
"Earth နောက်ကို ခင်ဗျားလိုက်သွားစရာမလိုဘူး။ လိုက်သွားမယ်ဆိုရင် Earth အဖေနဲ့ ရှင်းရလိမ့်မယ်။"
"မင်း ငါ့ကိုမခြိမ်းခြောက်နဲ့။"
Koa တစ်ယောက် သူ့ရှေ့ကကလေးကို စိတ်ရှိတိုင်းထိုးကြိတ်ပစ်ချင်နေပေမဲ့ စိတ်ထိန်းထားရတယ်။ ဒီကလေး သူ့ကိုသဘောကျနေတာလည်း သူသိနေတယ်။ ဒါပေမဲ့ လိုက်ပြီးတွယ်ကပ်နေတာလည်းမဟုတ်လို့ Koa စိတ်ထဲ မရှိခဲ့သလို ခေါင်းထဲလည်းထည့်မထားမိ။ အခုမှဝင်ပါလာပြီး ခြိမ်းလားခြောက်လားတွေလုပ်နေတာက
"မင်းကိုယ်မင်း သိပ်တတ်လှပြီထင်နေတာလား။"
"မထင်ပါဘူး။ ခင်ဗျားအခြေအနေ ခင်ဗျားသိဖို့ပြောနေတာ။ အဲဒီတုန်းကကိစ္စကို ဘာလို့ပြန်သယ်လာတာလဲ။ ဒီတစ်ခါဆို သူ့သားကိုထိခိုက်ရင် ခင်ဗျားကိုအပြတ်ရှင်းပစ်လိမ့်မယ်နော်။"
"အဟက် ... အဲဒီလောက်ကြောက်တတ်ရင် ငါပြန်ရောက်မလာဘူး။"
နေ့သစ်ကိုလွှတ်ပေးလိုက်ပြီး Koa ကျောခိုင်းလိုက်တယ်။ နေ့သစ်က
"ဘာလို့ အဲဒီလိုတွေလုပ်ရတာလဲ။ အဲဒီလိုလုပ်လို့ရော ခင်ဗျား သူ့အနားနေနိုင်မှာလား။ ပြီးတော့ မုန်းသွားမှာလေ။"
'မုန်းသွားခဲ့တာပဲ။ မချစ်ရင်တောင် မုန်းနေရင် သူ့စိတ်ထဲရှိနေနိုင်တာပေါ့။'
နေ့သစ်ကို Koa လှည့်မကြည့်ပါ။
"ဘာလို့များ အဲဒီလိုလုပ်ရတာလဲ။ ခင်ဗျားပဲ အမုန်းခံဖြစ်ရတာလေဗျာ။ အဲဒါ ခင်ဗျားလိုချင်တာမဟုတ်ဘူးလေ။ ပြီးတော့ ဘာမှလည်းမဖြစ်ခဲ့တာကို အဲဒီလိုလိမ်ညာလိုက်တော့ ဘယ်သူ့အတွက်အကျိုးရှိသွားလို့လဲ။"
ဒီစကားက Koa ရင်ဝကို ဆောင့်ကန်သလိုပါပဲ။ ဒီကလေးက အဲဒီကိစ္စကြီးတစ်ခုလုံးကို သိနေတဲ့အပြင် Koa လိမ်ညာထားသမျှကိုပါ သိနေတယ်ဆိုတာက Koa အတွက် မျက်နှာပူစရာလိုခံစားရလို့
"မင်းပြန်တော့ နေ့သစ်။"
လှည့်မကြည့်ဘဲနှင်ထုတ်နေတဲ့ Koa ကြောင့်
"ခင်ဗျား ဝင်မရှုပ်တော့ပါဘူးလို့ ကတိပေးရမယ်။"
Koa ကမလှုပ်မယှက်။
"ခင်ဗျားရာ ... အဲဒီလိုလုပ်လို့ Earth ကိုရမှာလား။ ဘယ်လိုမှမဖြစ်နိုင်တာကို ခင်ဗျားအသိဆုံးဖြစ်မှာပါ။ မတော်တဆရသွားရင်တောင် ဒီအခြေအနေနဲ့ဆို ဘယ်သူကပျော်ရမှာလဲ။ Earth ရဲ့နှလုံးသားတစ်ခုလုံးနဲ့ အချစ်တွေအားလုံးက ရာဇသခင်အပိုင်လေ။"
ရာဇသခင်အပိုင် ဆိုတဲ့ စကားတစ်ခွန်းက Koa ခေါင်းထဲမှာ ထပ်ခါထပ်ခါရိုက်ခတ်သွားတယ်။ ယိုင်လဲသွားချင်တဲ့ခန္ဓာကိုယ်ကို ထိန်းနိုင်ဖို့အတွက် ဘေးကထိုင်ခုံနောက်မှီကို လက်ထောက်ထားလိုက်ရင်း
"မင်း သွားတော့ Day."
"Earth ကို အဲဒီတုန်းကဗီဒီယိုဖိုင်နဲ့ ခြိမ်းခြောက်ထားတာမဟုတ်လား။ အဲဒါ ဘယ်မှာသိမ်းထားတာလဲ။ ခင်ဗျားကိုယ်တိုင်မလုပ်နိုင်ရင် ကျွန်တော်ဖျက်ဆီးပေးမယ်။ နေရာပဲ ..."
နေ့သစ်စကား အဆုံးမသတ်ခင်မှာပဲ ရင်ဘတ်အင်္ကျီစကို Koa လက်နှစ်ဖက်နဲ့ဆွဲယူကာ နံရံမှာကျောကပ်သွားအောင်လုပ်ပစ်လိုက်ပြီး
"မင်းသောက်ပူမပါဘူး။"
"ပြောကြည့်ပါဦး။ အစ်ကိုရာဇက မြင်သွားတယ်ဆိုပါတော့ဗျာ။ Earth နဲ့ပြဿနာတက်ပါပြီတဲ့၊ ယောက်ျားလုပ်သူကသေချာရှင်းပြရင် အဲဒါက ဘာမှမဖြစ်ခဲ့ကြဘူးဆိုတာကို သေချာသိသွားနိုင်တာပဲ။ အစ်ကိုက Earth လို တအားသွေးဆူတတ်တဲ့လူ မဟုတ်ဘူးနော်။"
"မင်း ငါ့ကို လာပြီးလှောင်နေတာလား။ ငါ့ကို အရှက်သိက္ခာမရှိတဲ့ ..."
"No."
Koa နှုတ်ခမ်းတွေရှေ့ လက်ညှိုးတစ်ချောင်းနဲ့ကန့်လန့်ပိတ်ပြီး နေ့သစ်တားလိုက်တယ်။
"ခင်ဗျားချစ်တဲ့လူကို ရယူဖို့ကြိုးစားတာ ကျွန်တော်နားလည်တယ်။ ဒီလိုနည်းနဲ့ကတော့ အလုပ်မဖြစ်ဘူးဆိုတာကို သိစေချင်တာ။ သူတို့ချင်းအဆင်မပြေတာက သူတို့ဘာသာဖြေရှင်းပြီး အချိန်တန်ရင်ပြီးသွားမှာ ခင်ဗျားရဲ့။ ကြားကနေ ခင်ဗျားဝင်မွှေခဲ့တာက သက်သက်မဲ့ ဓားခုတ်ရာလက်ဝင်လျှိုသလိုဖြစ်မှာ။ ဆက်မလုပ်ပါနဲ့တော့နော်။"
"မင်းအတွက်အကျိုးရှိမယ်ထင်လို့ ဝင်တားနေတာလား Daniel Day."
"ကျွန်တော်ကလေ ခင်ဗျားကိုသိပ်ချစ်တာမှန်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုမချစ်တဲ့လူကို စိတ်အပင်ပန်းခံစေပြီး အနားမှာခေါ်ထားဖို့ မတွေးဘူး။"
"အဟက်၊ ရမှာတဲ့လား။"
"ခင်ဗျားကရော Earth ကိုရမှာလား။ ကျွန်တော်ကမှ ခင်ဗျားထက်စာရင် အများကြီးမျှော်လင့်ချက်ရှိသေးတာ။ ခင်ဗျားကလူလွတ်၊ ပြီးတော့ ခင်ဗျားအတွက် healing လုပ်ပေးနိုင်မယ့်လူအဖြစ်နဲ့ ကျွန်တော်ရှိပေးနိုင်သေးတယ်။ ဘယ်လိုလဲ၊ နည်းနည်းတွေးကြည့်ပေးမလား။"
ခုနကအထိ အတည်ပေါက်နဲ့နားချနေတဲ့နေ့သစ် အခုမှထပြီး ရိသဲ့သဲ့တွေပြောလာတာက Koa လက်ထဲရောက်နေတာ သူမဟုတ်သလို။ မျက်လုံးချင်းဆုံကြည့်ရင်း အကြည့်မလွှဲတဲ့နေ့သစ်ကြောင့် Koa ကပဲ ဒုတိယအကြိမ်ပြန်လွှတ်ပေးလိုက်ရပြီး ခုံမှာ ခြေပစ်လက်ပစ်ထိုင်ချကာ
"ငါ လက်မလွှတ်ချင်ဘူး။ ပြီးတော့ Earth ကသာ တယုတယတွေလုပ်ပြီး အသည်းအသန်ဖြစ်နေတာ၊ ဟိုလူက ဘာများကောင်းကျိုးပေးနေလို့လဲ။"
"အစ်ကိုရာဇက Earth လိုမျိုး သည်းသည်းလှုပ်ချစ်မပြတတ်တာနဲ့ သူ Earth ကို မချစ်ပါဘူးလို့ ဘယ်လိုပြောမလဲ။"
"................"
"တွေးကြည့်ပါဦး။ ဒီမှာနေတုန်းက သူလက်စားချေဖို့ရောက်လာတာဆိုပြီး ဘယ်သူ့ကိုများ ဒုက္ခပေးဖူးလို့လဲ။ Sun လို့ထင်နေတာတောင် သူဘာမှမလုပ်ခဲ့ဘူး။ မေမေကြီးကမကြည်ဖြူတာကို အစစအရာရာအကုန်သည်းခံပြီး တည့်အောင်နေပေးခဲ့တာ ဘယ်တုန်းကများ သူ့ကြောင့် Earth တို့မိသားစုချင်းပြဿနာဖြစ်တာ မြင်ဖူးလဲ။ Earth ကို မချစ်ပါဘူးဆိုရင် မိသားစုနဲ့ဝေးရာကိုခေါ်သွားပြီးမှ ဘာလို့ သူ့အိမ်ပေါ်မှာခေါ်တင်ထားပြီး သူ့အသိုင်းအဝိုင်းထဲထားခဲ့သလဲ။
ခင်ဗျားဆိုရင်ရော မုန်းတယ်ဆိုတဲ့လူကို တစ်မိုးအောက်တည်းမှာ နေ့စဉ်ရက်ဆက်မြင်နေရတာမျိုး သည်းခံနိုင်မလား။ ဒါတွေက ဘာကြောင့်လို့ထင်လဲ။ ရာဇသခင်က မြေကမ္ဘာကိုမချစ်ပါဘူးလို့ ခင်ဗျားပြောရဲလား။ Earth တစ်ခုခုဖြစ်တာ အစ်ကိုရာဇကြောင့်ဆိုရင် အဲဒီလိုဖြစ်တိုင်းရော သူပစ်ထားခဲ့ဖူးလို့လား။ ဘေးလူအနေနဲ့ အကုန်မြင်နေရတာပဲလေဗျာ။"
နေ့သစ်စကားတွေကို Koa မငြင်းနိုင်ပါ။ နေ့သစ်ပြောတဲ့ စကားတစ်ခွန်းတိုင်းမှာ အဖြစ်အပျက်တစ်ခုစီကိုမြင်ယောင်တဲ့အခါ ရင်ထဲကလှုပ်ခုန်နေတဲ့ကြွက်သားက တစ်ခါမြင်ယောင်တိုင်းတစ်ခါသေတယ်။ အောင့်တက်လာတဲ့ဘယ်ဘက်ရင်အုံကို လက်နဲ့ဖိမိတော့ မျက်လုံးထဲကစီးကျလာတဲ့ ချော်ရည်ပူလိုမျက်ရည်တွေက ထပ်ပြီးလောင်မြိုက်လာတယ်။ သူတကယ်ပဲ လက်လွှတ်သင့်ပြီလားဆိုတဲ့ အတွေးတစ်စရဲ့အဆုံး
'ငါက အစကတည်းက ဘာကိုများပိုင်ဆိုင်ခဲ့လို့လဲ။'
Koa ရဲ့နောက်ဘက်ကနေ ပခုံးကိုဆုပ်ကိုင်လာတဲ့ နေ့သစ်ကြောင့် Koa မျက်ရည်တွေကိုသုတ်ပစ်လိုက်ပြီး
"ပြန်ပါတော့ Day. ငါတစ်ယောက်တည်း နေချင်တယ်။"
"ခင်ဗျား တစ်ခုခုပြောချင်တာရှိရင် ကျွန်တော်ရှိတယ်နော်။ ခေါင်းအေးအေးထားပြီးပဲ ရင်ဆိုင်ပါ။"
ပခုံးပေါ်ကလက်ကို Koa အုပ်ကိုင်လိုက်ပြီး
"ကျေးဇူးတင်ပါတယ်။"
■■■
"Look at me."
Earth အမိန့်အတိုင်း ဖြည်းဖြည်းချင်းလှည့်လာတဲ့ကောင်လေး Earth နဲ့မျက်နှာချင်းဆိုင်ဖြစ်သွားချိန်မှာတော့
"Koa. မင်း ဒါဘာလုပ်တာလဲ။"
ကျန်နေတဲ့ဆေးအရှိန်လေးတောင် ဘယ်ရောက်သွားမှန်းမသိအောင် Earth အံ့အားသင့်သွားရပါပြီ။ သူထင်တာ ကြေးစားတစ်ယောက်လို့ပါ။
"သခင် လိုချင်တယ်ဆိုလို့ ..."
"တိတ်စမ်း ... ငါ့ကို အဲဒီလိုမခေါ်နဲ့။ မင်း ဘာလို့ ငါ့ကို ဒီလိုလုပ်တာလဲ။"
"ကျွန်တော် သခင်လေးကို ဘာမှမလုပ်ပါဘူး။"
ဟုတ်ပါတယ်။ Earth ပြုသမျှနုနေခဲ့တဲ့လူကို ဘာလုပ်တာလဲလို့မေးတာက မေးတဲ့လူကပဲ ကြောင်တောင်တောင်နိုင်လွန်းနေတယ်။ ဒါပေမဲ့
"မဟုတ်ဘူး၊ မင်းခုနက ဘယ်အခြေအနေအထိ ဦးတည်နေတာလဲ။"
"ကျွန်တော် သခင်လေးကိုချစ်တယ်။ လိုအပ်သမျှ အကုန်ဖြည့်ဆည်းပေးချင်တာ။ အခုဆို ကျွန်တော်တို့ ဘယ်လောက်တောင်အဆင်ပြေလိုက်သလဲ။ သခင်လေးလည်း သဘောကျတယ်မဟုတ်လား။ အများကြီးမတောင်းဆိုပါဘူး။ ဒီလိုအခြေအနေအတိုင်းပဲ ဆက်သွားနေရရင်လည်း ကျေနပ်ပါတယ်။"
"ဘာဖြစ်တယ်။ မင်းက ... မဟုတ်သေးပါဘူး၊ မင်းမှာ ဘာတောင်းဆိုခွင့်ရှိလို့လဲ။ ပြီးတော့ ငါ့ကို မင်း ဆေးခတ်တာ။"
Earth က ရှေ့မှာရပ်နေတဲ့ Koa ရဲ့လည်ပင်းကို လက်တစ်ဖက်နဲ့ဆုပ်ညှစ်လိုက်ပြီး
"မင်း ဘာဖြစ်ချင်တာလဲ။ ဘာအကြံအစည်နဲ့ ငါ့အနားရောက်နေတာလဲ။"
Koa က ခေါင်းခါပြတယ်။ Earth လက်တွေက ပိုပြီးတင်းကြပ်လာတော့ တဖြည်းဖြည်းနဲ့ Koa မျက်လုံးတွေပါပြာလာပြီး အသက်ရှူသံတွေက မမှန်ချင်တော့ပါ။ အဲဒီတော့မှ Earth လက်လွှတ်လိုက်တော့ ကြမ်းပေါ်ကိုပုံကျသွားပြန်တယ်။ အသက်လုရှူရင်းကလည်း
"ချစ်တာ ... အပြင် ဘာမှမရှိ ... ပါဘူး ... သခင် ... သခင်လေးကို ..."
"တော်တော့။ မင်း ငါ့ရှေ့ကထွက်သွား။ နောက်ဘယ်တော့မှ ငါ့ရှေ့ပြန်ပေါ်မလာနဲ့။
"ဟင့်အင်း၊ မဖြစ်နိုင်ဘူး။"
"ထပ်တွေ့ရရင် တွေ့တဲ့နေရာမှာ သတ်ပစ်မယ်။"
Earth က သူ့အဝတ်အစားတွေကို တစ်စစီလိုက်ကောက်ပြီး မြန်မြန်ဆန်ဆန်ပြန်ဝတ်နေတာကို Koa ထိုင်ကြည့်နေတယ်။
ထွက်သွားတော့မယ့် Earth ကို Koa က
"ကျွန်တော် ဘယ်တော့မှခွဲသွားမှာမဟုတ်ဘူး။"
Earth က တောက်တစ်ချက်ခေါက်ပြီး ထွက်သွားခဲ့ပြီ။
■
"ဘာအချိုးချိုးတာလဲ Angus Oswald."
အရေးတကြီးပြောစရာကိစ္စနဲ့ အဖေခေါ်နေတယ်ဆိုလို့ ရောက်လာတဲ့ Earth တစ်ယောက် Mr. Oswald ရဲ့ရုံးခန်းကို ဝင်ဝင်ချင်းမှာပဲ ဓာတ်ပုံအထပ်လိုက်နဲ့ ပစ်ပေါက်ခံရပြီး အော်ခံလိုက်ရပါပြီ။ ကြမ်းပြင်ပေါ်ကိုငုံ့ကြည့်မိတော့မှ Earth အံ့ဩသွားရတယ်။ ဘယ်လိုမှအမြင်မတော်တဲ့ သူနဲ့ Koa ရဲ့ အခန်းထဲကပုံတွေ။
"ဒယ်ဒီ၊ အဲဒါက ..."
ခွပ်ခနဲအသံနဲ့အတူ မေးရိုးဆီမှာပူထူသွားပြီး နောက်ဘက်ကို ခြေသုံးလှမ်းလောက်ရွေ့သွားရတယ်။
Koa သူ့ဆီနေ့တိုင်းလာနေတာကို အတွေ့မခံဘဲမောင်းထုတ်နေတာ ဆယ်ရက်ပြည့်သွားပြီးနောက် ဆယ့်တစ်ရက်မြောက်နေ့မှာ ဒီလိုတွေပြဿနာစတာပါပဲ။
"မင်းဘာသာဘာလုပ်နေနေ ဘယ်သူ့မှမထိခိုက်ရင်ပြီးရောဆိုပြီး ငါ လွှတ်ပေးထားတာလေ။ အခုတော့ ဘယ်လိုဖြစ်ပျက်နေတာလဲ။ မင်းအမေသိရင် ရောဂါတက်မယ် Angus."
"ကျွန်တော်ရှင်းပါ့မယ်။"
ဒီပြဿနာကို ဖုန်းထဲကနေတစ်ဆင့် Koa နဲ့ရှင်းခါမှ သူ့ကိုအတွေ့မခံလို့ဆိုပြီး သောင်းကျန်းနေတဲ့ Koa နဲ့ တွေ့ရာနေရာမှာသတ်ပစ်မယ်ဆိုတဲ့ Earth တို့ နောက်တစ်ပွဲထပ်ဖြစ်ကြလေရဲ့။
အဲဒီရလဒ်အနေနဲ့ ကျွန်တော်ရှင်းပါ့မယ်ဆိုတဲ့နောက်တစ်နေ့မှာပဲ ပုံတချို့က အသိုင်းအဝိုင်းထဲပျံ့သွားခဲ့တယ်။
"မြေကမ္ဘာ၊ ငါ့ကိုရှက်ပြီးသေအောင် လုပ်နေသလား။"
လက်မောင်းတွေ၊ ကျောတွေကို ထုရိုက်ပြီးပြောနေတဲ့ ဒေါ်ဝတီနွယ်ရဲ့မျက်ဝန်းမှာ မျက်ရည်တွေနဲ့။ ပြောလို့မောသွားမှ အမေဖြစ်သူကို တောင်းပန်ချော့မော့ပြီး Earth တော်တော်လေးထိန်းခဲ့ရတာပါ။
တစ်ဖက်မှာ Mr. Oswald က ငွေအားနဲ့ သတင်းတွေကိုရပ်ဖို့ရှင်းနေသလို Earth ကတော့ Koa ကိုအမှုန့်ကြိတ်ဖို့ရှာနေခဲ့တယ်။ နောက်ဆုံးပေါ်လာတဲ့ Mr. Oswald ရဲ့အကြံကတော့ Koa ကိုမွေးစားခဲ့တယ်ဆိုတဲ့ ဖီလစ်ပိုင်သူဌေးဆီ ဆက်သွယ်ဖို့ပါပဲ။ New York မှာရှိနေတယ်ဆိုတဲ့ အဲဒီလူက Koa အပေါ် ဩဇာရှိနေတာကိုသိရပြီးတဲ့နောက် Mr. Oswald ရဲ့လက်ချက်နဲ့ Koa တစ်ယောက် Earth အနားကနေ ပျောက်သွားခဲ့ရပါတော့တယ်။
အဲဒီနောက်မှာ သခင်နဲ့အဆက်အသွယ်ရ၊ သူတို့ချင်းတွဲဖြစ်ကြပြီး မြေကမ္ဘာတစ်ယောက်လိမ္မာလာတာကြောင့် Mr. Oswald စိတ်အေးရပေမဲ့ လက်ထပ်ဖို့အထိဖြစ်လာတဲ့အခါ ဒေါ်ဝတီနွယ်ရင်ကွဲပက်လက်ဖြစ်ရပါပြီ။ Koa နဲ့ကိစ္စမှာကတည်းက သားဖြစ်သူဟာ ယောက်ျားလေးတွေကိုလည်း စိတ်ဝင်စားတတ်တာကို သေချာသိပေမဲ့ Bisexual လို့ပဲသိထားတာကြောင့် ဒီကြားထဲမှာ မိန်းကလေးတွေနဲ့ကြောင်းလမ်းခဲ့ဖူးပေမဲ့ မအောင်မြင်ခဲ့ဘဲ နောက်ဆုံးမှာ ယောက်ျားယူမယ်ဆိုတဲ့သားအတွက် စိတ်မချမ်းမသာဖြစ်ခဲ့ရတယ်။ သားဖြစ်သူအတွက် ဇနီးသားသမီးတွေနဲ့ ပုံမှန်ဘဝလေးတစ်ခုကို မြင်ယောင်ကြည့်မိတဲ့ အမေတစ်ယောက်က သားရဲ့ဖြစ်တည်မှုကို လွယ်လွယ်နဲ့လက်ခံပေးနိုင်ခဲ့တာ မဟုတ်ခဲ့ပါ။
သူဌေးဖြစ်သူဆုံးပါးသွားတဲ့နောက် Earth အနားကိုပြန်ရောက်လာတဲ့ Koa က Mr. Oswald ဆီကို သတင်းတစ်ခုယူလာခဲ့တယ်။ ရာဇသခင်ရဲ့အဖေအရင်းက လက်ရှိအိမ်ထောင်စုစာရင်းထဲကလို ဦးရဲနိုင်မဟုတ်ဘဲ တစ်ချိန်က ကမ္ဘာ့ကိုကားနဲ့တိုက်မိမလိုဖြစ်တဲ့ ဦးမြင့်မြတ်မင်းဖြစ်နေတဲ့အကြောင်းနဲ့ ရာဇသခင်က ကမ္ဘာ့အနားရောက်လာတာဟာ ရိုးရှင်းတဲ့တိုက်ဆိုင်မှုမဟုတ်ကြောင်း ရှင်းပြခဲ့ပြီး သူ့ကိုစောင့်ကြည့်ခွင့်ပေးဖို့ အတန်တန်တောင်းပန်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ မြေကမ္ဘာရဲ့ဘဝထဲကို Koa နောက်တစ်ကြိမ်ဝင်စွက်ဖက်ခဲ့တာပါပဲ။
■■■ Part (58) ဆက်ရန် ■■■