Chapter (27)
*ခြမ္း*
ခုနကပဲ အေကာင္းအတိုင္းရွိေနေသးတဲ့ ဖန္ခြက္ေလးက အခုေတာ့ ၾကမ္းျပင္မွာမြမြေၾကလို႔။ ကမ႓ာက လက္သုတ္ပဝါတစ္ထည္ကိုယူၿပီး ဖန္ကြဲစတခ်ိဳ႕ကို ေဘးဘက္ဖယ္ထုတ္လိုက္တယ္။ မူးေနတဲ့သခင္က ဒါေတြနင္းမိၿပီး ဒဏ္ရာရမွာကို မျဖစ္ေစခ်င္ဘူး။
ကမ႓ာလုပ္ေနသမၽွကို လိုက္ၾကည့္ေနတဲ့သခင္က ေျခာက္ကပ္ကပ္ရယ္ခ်လိုက္လို႔ ကမ႓ာေမာ့ၾကည့္ေတာ့
"သိပ္ရယ္ရတာပဲ။ မင္းညာထားတာကို ငါမသိခဲ့ဘူး။"
"ကိုယ္ညာခဲ့တာမွမဟုတ္တာ။"
ေနာက္ဆံုးအထိ အယူခံဝင္ခ်င္ပါေသးတယ္။
"ဟုတ္တာေပါ့။ ငါ မွားသိထားတဲ့အတိုင္း မင္းက ဆက္လွိမ့္ေနတာ။"
ဖန္ကြဲစေတြကိုရွင္းေနတဲ့ ကမ႓ာ့အနားကို သခင္ေရာက္လာၿပီးေတာ့
"အ"
"နာလား။ ငါ့ရင္ထဲနာေနတာကို ေျခဖ်ားေတာင္မမီႏိုင္ဘူး Angus."
သခင့္ေျခဖဝါးနဲ႔ ဖန္ကြဲစေတြၾကားက ကမ႓ာ့လက္ကေန ေသြးေတြထြက္လာၿပီး ၾကမ္းျပင္မွာစြန္းထင္းသြားတယ္။ ဖိနင္းေနတဲ့သခင့္ေရွ႕မွာ လက္ကိုလည္းမရုန္းႏိုင္ဘဲ ကမ႓ာ ဒူးေထာက္ထိုင္ခ်လိုက္တယ္။
"အဲဒီ့ေတာ့ မင္းနဲ႔ Sun က အသက္ႏွစ္ႏွစ္ကြာတယ္ဆိုတာ အမွန္ပဲေပါ့။ Sun က ေမြးသကၠရာဇ္ေျပာင္းထားတာမဟုတ္ဘဲ မင္းကေျပာင္းထားတာေပါ့။"
"ငယ္ငယ္က ေက်ာင္းႏွစ္ႏွစ္နားလိုက္ရေတာ့ ေမြးသကၠရာဇ္ကို ႏွစ္ႏွစ္ေလၽွာ့ပစ္လိုက္တာ။"
"အဲဒီ့ေတာ့ ငါက Sun နဲ႔ အသက္တူတာမဟုတ္ဘဲ မင္းနဲ႔မွ အသက္အတူတူေပါ့။"
"သခင္နဲ႔ သံုးလပဲကြာတာပါ။ အား ..."
ကမ႓ာ့လက္ကိုတက္နင္းၿပီး သခင္ထြက္သြားတာမို႔ ကမ႓ာေအာ္လိုက္မိၿပီးမွ လက္ဖဝါးမွာစူးေနတဲ့ဖန္စကို ဆြဲထုတ္ၿပီး သခင့္ေနာက္ကို လိုက္သြားရတယ္။ ဒုန္းခနဲထြက္လာတဲ့ ေရခ်ိဳးခန္းတံခါးပိတ္သံက ကမ႓ာ့နားထဲမွာေတာ့ မီးေတာင္ေပါက္ကြဲသလိုပဲ။ ပူေလာင္တယ္၊ စိုးထိတ္ရတယ္၊ နာက်င္တယ္။ ၿပီးေတာ့ အႀကိမ္ႀကိမ္အခါခါႀကိဳေတြးခဲ့တဲ့ ထိခိုက္ခံစားရျခင္းေတြထက္ အဆေတြအမ်ားႀကီးပိုတယ္။
မီးဖိုခန္းထဲကို ကမ႓ာျပန္လာခဲ့ၿပီး ေဘစင္မွာပဲ ဒဏ္ရာကေသြးေတြကိုေရေဆး၊ ၾကမ္းေပၚကဖန္စေတြကိုရွင္း၊ ေပေနတဲ့ေသြးေတြကို သုတ္လိုက္တယ္။ ေဆးေသတၱာကိုယူၿပီး ဒဏ္ရာကိုအရက္ျပန္ေလာင္း၊ ပတ္တီးတစ္စနဲ႔ အဆင္ေျပသလိုပတ္လိုက္ၿပီးတဲ့ေနာက္ လူက ေရခ်ိဳးခန္းေရွ႕ေရာက္သြားခဲ့ၿပီ။
သူမတ္တပ္ရပ္ေစာင့္ေနတာ မိနစ္ႏွစ္ဆယ္ေလာက္ၾကာသြားတဲ့အထိ အထဲကေရက်သံေတြ မရပ္ေသးဘူး။ သခင္ ေရခ်ိဳးခန္းထဲေရာက္ေနတာ မိနစ္သံုးဆယ္ေက်ာ္ခဲ့ၿပီ။ ေတာ္သင့္ေနၿပီမို႔ ေရခ်ိဳးခန္းေသာ့ကိုသြားယူၿပီးသာ ဖြင့္လိုက္တယ္။ ေအာ္ေခၚလို႔လည္း ထြက္လာမယ့္သူမဟုတ္ဘူးေလ။
"သခင္"
အဝတ္အစားအျပည့္အစံုနဲ႔ပဲ ေရပန္းေအာက္ထိုင္ေနတဲ့သခင့္ေၾကာင့္ ကမ႓ာတစ္ေယာက္ ပ်ာပ်ာသလဲျဖစ္သြားရၿပီ။ ဒီလိုအတိုင္း နာရီဝက္ေလာက္ထိုင္ေနတာလား။ ေရပိတ္လိုက္ၿပီးဆြဲထူေတာ့ လက္ကေနရုန္းထြက္သြားတဲ့ သခင္။
"အဲဒီ့လိုမလုပ္နဲ႔။ အကုန္လံုးက ကိုယ့္အမွားေတြပဲ။ သခင့္ကိုသခင္ မထိခိုက္ေစနဲ႔ေလ။"
"ထြက္သြား။"
"သခင္ ျပန္ထြက္လာမွာလား။"
"ထြက္သြားစမ္း။"
"သခင္ ျပန္ထြက္လာမွာေသခ်ာမွ။"
ကမ႓ာ့ကို အျပင္ဘက္တြန္းထုတ္လိုက္ၿပီး တံခါးျပန္ပိတ္သြားတဲ့သခင္ရယ္၊ ေရခ်ိဳးခန္းေရွ႕မွာ တစ္ပိုင္းတစ္စေရစိုေနတဲ့အတိုင္း မတ္တပ္ရပ္ေစာင့္ေနတဲ့ကမ႓ာရယ္၊ ေရက်လာလိုက္ ရပ္သြားလိုက္ျဖစ္ေနတဲ့ ေရခ်ိဳးခန္းထဲကအသံရယ္ကလြဲရင္ တစ္အိမ္လံုးၿငိမ္သက္ေနတာက ေၾကာက္စရာေကာင္းတယ္လို႔ ကမ႓ာ ဘာလို႔ထင္ေနရတာလဲ။
■■■
ေအးတယ္။
ရာသီဥတုက ထိုင္းမႈိင္းေအးစက္ေနတယ္။ ဒါေပမဲ့ သူတို႔ၾကားကအေျခအေနေတြက ပိုၿပီးထိုင္းမႈိင္းလို႔ ပိုၿပီးေအးခဲေနခဲ့တယ္။ Sunrise ကလည္း မိုးေငြ႕ဆိုင္းေနလို႔ မပီျပင္။ ေနေရာင္သဲ့သဲ့ကလည္း အေႏြးဓာတ္ကို လံုေလာက္ေအာင္မေပးႏိုင္ခဲ့ဘူး။ အိမ္တံခါးမႀကီးေဘးမွာ နံရံကိုမွီထိုင္ေနတဲ့ ကမ႓ာ့ရင္ထဲမွာေတာ့ မီးေတြေတာက္ေနလို႔ ရာသီဥတုရဲ႕အေအးဒဏ္ကိုေတာင္ သူမသိေတာ့တာ တစ္ညလံုးပါပဲ။
ကၽြီခနဲအသံနဲ႔အတူ ပြင့္သြားတဲ့တံခါးေၾကာင့္ ကမ႓ာေခါင္းငဲ့ၾကည့္တဲ့အခါ လွမ္းထြက္လာတဲ့သခင့္ေျခအစံုေနာက္မွာ luggage တစ္လံုးလည္း ပါလာတယ္။
"ဟင့္အင္း၊ မသြားရဘူး။"
ပါးစပ္ကလည္းေျပာရင္း ထရပ္လိုက္တဲ့ကမ႓ာက ခပ္ယိုင္ယိုင္။ ငိုထားလို႔မို႔ေနတဲ့ မ်က္လံုးေတြနဲ႔ အေအးဓာတ္ေၾကာင့္တုန္ေနတဲ့ ႏႈတ္ခမ္းေတြကို သခင္ မျမင္ခ်င္ေယာင္ေဆာင္လိုက္တယ္။ ညက သခင္ ေရခ်ိဳးခန္းထဲကထြက္လာၿပီးေတာ့ "မင္းနဲ႔ တစ္မိုးေအာက္တည္းမေနႏိုင္ဘူး" ဆိုတဲ့စကားေၾကာင့္ အိမ္တံခါးဝကေန ကမ႓ာထြက္သြားတာက အိမ္ေရွ႕အေပါက္ဝမွာပဲ ရွိေနလိမ့္မယ္လို႔ သခင္မေတြးခဲ့မိဘူးလို႔ေျပာရင္ ဒါဟာမုသားတစ္ခုပဲ။
တစ္ညလံုး သည္းလည္းမသည္း၊ စဲလည္းမစဲတဲ့ Pennsylvania ရဲ႕ မိုးညတစ္ညမွာ ေလေတြေဝွ႕တဲ့အခါ လက္ရွည္တစ္ထည္ဝတ္ထားတဲ့ကမ႓ာ အေႏြးထည္မပါလို႔ေတာ့ မေသႏိုင္ဘူးမဟုတ္လား။ ၿပီးေတာ့ သူကိုယ္တိုင္တက္နင္းလိုက္တဲ့ ကမ႓ာ့ဘယ္ဘက္လက္ကလည္း ညာသန္ျဖစ္တဲ့ကမ႓ာ့အတြက္ေတာ့ ျပႆနာသိပ္မရွိႏိုင္ဘူးမဟုတ္လား။
ဒီလိုအေတြးေတြးမိရံုနဲ႔တင္ ကိုယ့္ကိုကိုယ္သိပ္မုန္းမိတဲ့သူဟာ ရာဇသခင္ဆိုတဲ့ ေျမကမ႓ာရဲ႕အမ်ိဳးသားတဲ့လား။
"မသြားပါနဲ႔။ ကိုယ့္ကို ထားမသြားပါနဲ႔။"
"ငါေျပာၿပီးၿပီ။ မင္းနဲ႔အတူ တစ္မိုးေအာက္တည္းမွာ မေနႏိုင္ေတာ့ဘူး။"
မ်က္လံုးခ်င္းဆံုၾကည့္ၿပီးေျပာလာတဲ့ သခင့္အၾကည့္ေတြနဲ႔စကားသံက ရာသီဥတုထက္ကို ပိုၿပီးေအးစက္ေနတယ္။
"အဲဒါဆိုလည္း သခင္ ဒီမွာပဲဆက္ေနေပးပါ။ ကိုယ့္ကို သခင္မျမင္ခ်င္ဘူးဆိုရင္ မျမင္ေစရပါဘူး။ ဒီကေနေတာ့ ထြက္မသြားပါနဲ႔။"
"ဒီေနရာက မင္းေနရာပဲ။ ငါမေနႏိုင္ဘူး။"
အိမ္ကိုတစ္ခ်က္ေဝ့ၾကည့္ၿပီး သခင္ကေျပာလိုက္ေတာ့ ကမ႓ာကလည္း
"ေမ့ေနၿပီလား။ ဒီအိမ္ေလးကိုဝယ္ေတာ့ သခင့္နာမည္နဲ႔ေလ။"
ဟုတ္တယ္။ အဲဒါကိုေမ့ေနခဲ့တာ။ ကမ႓ာစီစဥ္ၿပီး ကမ႓ာကပဲဝယ္ေပးခဲ့တာမို႔ သခင့္နာမည္နဲ႔ သခင့္အပိုင္ဆိုတာကို ေမ့ေနခဲဲ့တာ။
"အဲဒါေၾကာင့္ သခင့္အိမ္မွာပဲ သခင္ဆက္ရွိေနေပးပါ။"
"မင္းနဲ႔ပတ္သက္တဲ့ေနရာက ငါ့အတြက္ ငရဲလိုပဲ။ ဒါက အိမ္မဟုတ္ဘူး။"
'ဘယ္လိုေတာင္ရက္စက္ႏိုင္ရတာလဲ သခင္ရယ္။'
"ငါ့ေရွ႕ကေနဖယ္ေပး ေျမကမ႓ာ။"
"ဟင့္အင္း၊ မဖယ္ဘူး။"
"ငါ့ကို ရူးသြားေစခ်င္တာလား။ ကိုယ့္ဘာသာရြံလြန္းလို႔ သတ္ေသမိေတာ့မယ္။"
"မလုပ္ရဘူး။ အစကတည္းက တစ္ခုခုတံု႔ျပန္ဖို႔ ကိုယ့္အနားကိုေရာက္လာတာ ကိုယ္သိတာပဲ။ အခုဆို အဲဒီ့လိုလုပ္ဖို႔ ရွည္ရွည္ေဝးေဝးေတြေတြးစရာလည္း မလိုေတာ့ဘူး။ သခင့္ေရွ႕မွာ ကိုယ္ရွိေနတယ္ေလ။ ကိုယ့္ကိုပဲ တစ္ခုခုလုပ္ပစ္လိုက္ပါ။"
"မင္းအတြက္ အနာက်င္ရဆံုးကိစၥကိုပဲ ငါလုပ္မလို႔ေလ။ အဲဒီ့တစ္ခုေတာ့ ငါ့ကိုယ္ငါ အထင္ႀကီးလို႔ရေသးတယ္မလား။ မဟုတ္ရင္ ငါဆိုတာ တန္ဖိုးမရွိသလို ခံစားရလြန္းလို႔။"
'ေသခ်ာတာေပါ့ သခင္ရယ္။ သခင္ထြက္သြားမယ္ဆိုတာက ကိုယ္အနာက်င္ရဆံုးကိစၥပဲ။ သခင္က အရမ္းကို အဖိုးတန္လြန္းပါတယ္။'
"ကိုယ္ေသမွ ရမယ္။ ကိုယ္ေသမွပဲ သခင္ထြက္သြားလို႔ရမယ္။"
သခင့္လက္ေမာင္းကို ျမဲျမဲဆြဲကိုင္ၿပီး အိမ္ထဲကိုျပန္ေခၚသြင္းဖို႔ ကမ႓ာႀကိဳးစားလိုက္တယ္။ ႐ုန္းထြက္ဖို႔ႀကိဳးစားတာ မေအာင္ျမင္တဲ့ သခင္က ကမ႓ာ့ညိဳ႕သက်ည္းကို ျဖတ္ကန္လိုက္ေပမဲ့ ကမ႓ာကလည္းအေရွာင္ျမန္တာမို႔ မထိလိုက္ပါ။ သခင့္လက္ကိုမလြတ္တမ္းဆုပ္ကိုင္ရင္း ေရွာင္လိုက္လို႔ သခင့္ဘက္ကိုယိုင္သြားတဲ့ ကမ႓ာ့ဘယ္ဘက္လက္ကို သခင္ဖမ္းဆုပ္လိုက္ၿပီး ျဖစ္ညႇစ္ပစ္လိုက္ေတာ့
"အား ..."
တစ္ဆက္တည္းမွာပဲ သခင္ရုန္းထြက္ႏိုင္လိုက္ေပမဲ့ ကမ႓ာက ခ်က္ခ်င္းျပန္ဆြဲဖမ္းလိုက္ႏိုင္တဲ့အထိ သတိသိပ္ေကာင္းေနခဲ့တာ သခင္ကံဆိုးျခင္းလား။
သခင္က ကမ႓ာေလ်ာ့ရဲရဲခ်ည္ထားတဲ့ ပတ္တီးၾကားကေန လက္ကဒဏ္ရာကို ထိုးဆြလိုက္ေတာ့ ကမ႓ာ့လက္ေတြ တဆတ္ဆတ္တုန္ခါၿပီး မ်က္ရည္က်လာခဲ့ေပမဲ့ သခင့္ကိုဆြဲထားတာကိုေတာ့ လႊတ္မေပးခဲ့။
"ငါ့ကိုလႊတ္စမ္း။"
"မလႊတ္ႏိုင္ဘူး။"
တစ္ဖက္က သခင့္လက္ေကာက္ဝတ္ကို တင္းတင္းဆုပ္ကိုင္ရင္း တစ္ဖက္ကေတာ့ သခင့္လက္ထဲမွာ တဆတ္ဆတ္တုန္ခါေနတဲ့ ကမ႓ာ့လက္ေတြနဲ႔ သခင့္လက္ေတြဟာ တျခားသူအျမင္ကေနၾကည့္ရင္ ဘယ္သူက ဘယ္သူ႔ကို ဆုပ္ကိုင္ဆြဲယူထားမွန္း မသဲကြဲေလာက္ေအာင္ ျမဲျမံေနခဲ့တယ္။
သူတို႔ဆံုစည္းျခင္းက ေျမကမ႓ာအတြက္ ခ်ဳိၿမိန္တဲ့ဝဋ္ေႂကြးတစ္ခုျဖစ္ၿပီး ရာဇသခင္အတြက္ ခါးသက္တဲ့ဖူးစာတစ္မ်ိဳး ျဖစ္ေနတဲ့အခါ ...
.
..
...
...
အျပန္အလွန္စိုက္ၾကည့္မိေနတဲ့ မ်က္ဝန္းႏွစ္စံုမွာေတာ့ ဆန္႔က်င္ဘက္အရိပ္အေယာင္ေတြ တြဲခိုလို႔။ ေဒါသအေလၽွာက္နီရဲေနတဲ့ သခင့္မ်က္လံုးေတြကို မဝံ့မရဲၾကည့္ရင္း ေတာင္းပန္တိုးလၽွိဳးတဲ့အၾကည့္ေတြနဲ႔ အယူခံဝင္ေနတဲ့ ကမ႓ာ့မ်က္လံုးေတြမွာေတာ့ မ်က္ရည္ၾကည္ေတြအျပည့္။
ကမ႓ာလက္လႊတ္ေပးလိုက္တာနဲ႔ luggage ကိုဆြဲၿပီး အျပင္ျပန္ထြက္ဖို႔ျပင္တဲ့သခင္ အာရံုေျပာင္းသြားခ်ိန္မွာပဲ အျဖစ္အပ်က္တစ္ခု အလ်င္အျမန္ျဖစ္သြားခဲ့တယ္။
"မင္း ဘာလုပ္လိုက္တာလဲ Angus?"
ကမ႓ာကျပန္မေျဖဘဲ သခင့္ညာဘက္လက္ကိုသာ စိုက္ၾကည့္ေနတယ္။ အဲဒီ့ညာဘက္လက္က သခင္ဝတ္ထားတဲ့ လက္အစည္းပါတဲ့ဆြယ္တာလက္ရွည္ေပၚမွာ ေငြေရာင္လက္ထိပ္တစ္ခုက အခန္႔သား။ ေသခ်ာတာကေတာ့ လက္ထိပ္ရဲ႕ေနာက္တစ္ဖက္က ကမ႓ာ့ရဲ႕ ဒဏ္ရာရထားတဲ့ဘယ္ဘက္လက္မွာ အမိအရခ်ိတ္တြယ္ထားခဲ့ၿပီ။
"ကမ႓ာလို႔ပဲ ေခၚပါလား။"
လက္ေတြကိုပဲစိုက္ၾကည့္ၿပီး ကမ႓ာကခပ္ဖြဖြေရရြတ္တဲ့အခါ သခင့္ရဲ႕ေဒါသမ်က္ဝန္းေတြက မီးလၽွံေတြထြက္ေတာ့မလို။
"ေသာက္ေရးမပါတာေတြကို စကားလုပ္ေျပာမေနစမ္းနဲ႔။ ျပန္ျဖဳတ္ေပးစမ္း။"
လက္ကို ကမ႓ာ့မ်က္ႏွာနားအထိဆြဲေျမႇာက္ၿပီး သခင္ေျပာလိုက္တယ္။ ကမ႓ာကေတာ့ ေခါင္းခါရံုသာတံု႔ျပန္ရင္း ျဖဴေဖ်ာ့ေဖ်ာ့ႏႈတ္ခမ္းေတြက ခပ္တင္းတင္းေစ့လ်က္သား။ သခင္႐ုန္းလိုက္တိုင္းမွာ တီရွပ္လက္ရွည္ေအာက္က လက္ေကာက္ဝတ္အသားေတြနဲ႔ထိေနတဲ့ လက္ထိပ္က ကမ႓ာ့လက္ကို ပြတ္တိုက္ေနခဲ့ေပမဲ့ ကမ႓ာ့အေတြးကေတာ့
'ေတာ္ေသးတာေပါ့။ သခင့္ရဲ႕ဆြယ္တာကထူလို႔။'
လက္အစည္းေၾကာင့္ လက္ထိပ္က ဆြယ္တာသားေပၚမွာရွိေနၿပီး သခင့္အသားကိုမထိပါ။ ကမ႓ာ့လက္မွာသာ ရိုး႐ိုးလက္ရွည္ေၾကာင့္ လႈပ္လိုက္တိုင္းလိပ္တက္သြားတဲ့အခါ လက္ထိပ္က အသားေပၚကို တိုက္ရိုက္က်သြားခဲ့တာ။
"ငါေျပာေနတယ္။ အခုျပန္ျဖဳတ္ေပး။"
"ေသာ့က ကိုယ့္ဆီမွာမရွိဘူး။"
သခင္ေဆာင့္ဆြဲေခၚရာအခန္းထဲကို ကမ႓ာပါလာခဲ့ၿပီး အံဆြဲေတြထဲ ေသာ့ကိုေမႊေႏွာက္ရွာေနတဲ့သခင့္ေဘး ရပ္ၾကည့္ေနလိုက္တယ္။
"ဘယ္မွာလဲ။ ဒီထဲကေသာ့ေတြ ဘယ္ေရာက္သြားတာလဲ။"
လက္ထိပ္မ်ိဳးစံုသာရွိေနၿပီး ေသာ့နဲ႔တူတာ ဘာမွမေတြ႕ရ။
ညက ေရခ်ိဳးခန္းထဲကေန ကမ႓ာ့ကို သခင္တြန္းထုတ္လိုက္ၿပီးေတာ့ ဒီအခန္းထဲကို ကမ႓ာေရာက္လာခဲ့တာ။ ဘာရယ္မေသခ်ာတဲ့အေတြးတစ္ခုနဲ႔ လက္ထိပ္တစ္စံုကိုထုတ္ယူၿပီး ေသာ့ေတြကိုေတာ့ ေဘးကပ္လ်က္က စတိုခန္းထဲကို ပစ္ထည့္လိုက္တာ စတိုခန္းေသာ့ကိုပါ အဲဒီ့အခန္းထဲမွာပဲ ထည့္သိမ္းပစ္ခဲ့တဲ့အထိ။ လိုခ်င္ရင္ စတိုခန္းေသာ့ဖ်က္ၿပီး ပစၥည္းအပံုလိုက္ထဲ ေသာ့တစ္ေခ်ာင္းခ်င္းစီကို လိုက္ရွာၿပီးဖြင့္ၾကည့္မွပဲ ရေတာ့မယ္။
"ဘယ္မွာလဲလို႔ ေမးေနတာ မၾကားဘူးလား။"
ေျဖစရာမဟုတ္တဲ့ေမးခြန္းမို႔ ကမ႓ာမေျဖျဖစ္ဘူး။
သခင့္မ်က္ႏွာကိုအၾကည့္မွာပဲ ပါးတစ္ဖက္ပူထူသြားၿပီး ကမ႓ာ့ေခါင္း ခ်ာခ်ာလည္သြားရတယ္။ လက္သီးတစ္ခ်က္က အဲဒီ့ေလာက္ေခါင္းမူးေစသတဲ့လား။
ဘယ္ဟုတ္ပါ့မလဲ။ ဒဏ္ရာအရွိန္ရယ္၊ တစ္ညလံုး ေလတိုက္ထဲေနခဲ့တာရယ္၊ ဗိုက္ထဲမွာ ဘာအစာမွမရွိတာရယ္က အလိုလိုေနရင္းကို မူးဖို႔လံုေလာက္ေနခဲ့ၿပီ။ သခင့္ေၾကာင့္မွမဟုတ္ပဲေလ။
■■■
နာက်င္တယ္၊ မြန္းက်ပ္တယ္။ လႈပ္ခုန္ေနရတာပင္ပန္းလြန္းလို႔ ရပ္နားပစ္ခ်င္ေနတဲ့ ကိုယ့္ႏွလံုးသားက ဒဏ္ရာေဟာင္းမွာထြက္တဲ့ေသြးေတြကို စိတ္တိုင္းက်စီးေစေတာ့လို႔ ညႇစ္ထုတ္ပစ္လိုက္သလိုပဲ။ ကုန္ခမ္းသြားခဲ့ရင္ သိပ္ေပ်ာ္ဖို႔ေကာင္းမွာေပါ့။
{{{အိမ္ေရွ႕ေရေျမာင္းမွာပိတ္ေနတဲ့ အမႈိက္ေတြကို ရွင္းေနတဲ့အေဖက ေျမာင္းထဲအထိလိုက္ဆင္း၊ ပြစိပြစိေျပာၿပီး႐ႈပ္ေနတဲ့ ကိုယ့္အတြက္ ကဏန္းတစ္ေကာင္ဖမ္းလို႔ ဇလားတစ္ခုထဲထည့္ေပးတယ္။ ေဆာ့ခ်င္ရဲ႕နဲ႔ ကဏန္းလက္မကိုေၾကာက္လို႔ မကိုင္ရဲတဲ့ကိုယ့္ကို ဒီလိုကိုင္ရင္ေတာ့ အညႇပ္မခံရဘူးလို႔ သင္ျပေပးခဲ့တယ္။
ညညမအိပ္ဘဲ စကားေတြထိုင္ေျပာခ်င္ေနတဲ့ကိုယ့္ကို ဖေယာင္းတိုင္မီးကိုၾကည့္ခိုင္းၿပီး စိတ္ၿငိမ္ၿငိမ္ထားတတ္ေအာင္ အေဖသင္ျပေပးခဲ့တုန္းက ကိုယ့္အသက္က ငါးႏွစ္ေတာင္ရွိေသးရဲ႕လား။ ကိုယ့္ဘဝတစ္ေလၽွာက္မွာ အေထာက္အကူျဖစ္ခဲ့တယ္။
ေဆာ့ကစားခ်င္ေနတဲ့ကိုယ့္ကို သူ႔ခါးကိုဖက္ေစၿပီး ခပ္ျမင့္ျမင့္ထုပ္တန္းတစ္ခုကို အေဖကခိုလိုက္ေတာ့ ေလထဲေျမာက္ပါသြားတဲ့ခံစားခ်က္မွာ ရယ္ေမာခဲ့ဖူးတုန္းကလည္း ကိုယ္ကသိပ္ငယ္ေသးတယ္။ အေဖ့လို တန္းမွာခိုခ်င္လို႔ဆိုၿပီးမွ တြဲေလာင္းျဖစ္ၿပီးခုန္မခ်ရဲေတာ့ ေအာ္ငိုဖူးတာလည္း မွတ္မိပါေသးတယ္။
ကိုယ့္ဘဝရဲ႕ ပထမဆံုးေက်ာင္းတက္ရက္ေတြမွာ အေဖ့လက္ထဲကေန လြတ္ထြက္မသြားေအာင္ ဖက္တြယ္ထားခဲ့ဖူးတယ္။ ထမင္းပို႔ခ်ိန္ေနာက္က်လို႔ အေျပးအလႊားနဲ႔ အေဖအေရာက္လာၿပီး မုန္႔ေကၽြးခဲ့ဖူးတာလည္း ကိုယ္မေမ့ေသးဘူး။
ညနက္နက္မွာ ကိုယ္ပူခ်ိန္ေတြျမင့္တက္ၿပီးဖ်ားေတာ့ တစ္ညလံုး ေရေအးဝတ္ေတြနဲ႔ကပ္ေပးရင္း၊ ဘုရားစာေတြရြတ္ေပးရင္း၊ ေယာင္ေအာ္တိုင္းဆုပ္ကိုင္ေပးဖူးတဲ့ အေဖ့လက္တစ္ဖက္ကိုလည္း ျပန္ေတြးရင္ အခုထိေႏြးေနတုန္းပဲ။}}}
ဒီအမွတ္တရေတြကို ထပ္မရေတာ့ေအာင္ ဖ်က္ဆီးပစ္ခဲ့တဲ့သူကို တစ္ခုခုေတာ့တံု႔ျပန္ခ်င္မိတာ ကိုယ္မွားလား။ သူ႔ရဲ႕ျမတ္ႏိုးရာတစ္ခုခုကို ကိုယ္ဖ်က္ဆီးပစ္ခ်င္မိလို႔ပါ။
ကိုယ့္ရည္ရြယ္ခ်က္ဟာ တစ္စံုတစ္ေယာက္ေၾကာင့္ အေကာင္အထည္ေပၚဖို႔ ပိုနီးကပ္သြားသလို အဲဒီ့တစ္စံုတစ္ေယာက္ေၾကာင့္ပဲ ယိမ္းယိုင္သြားေတာ့မလို ျဖစ္ခဲ့ဖူးတယ္။ အခုေတာ့ တစ္ေက်ာ့ျပန္ၿပီး နီးကပ္သြားၿပီထင္ပါရဲ႕။
အိုး၊ မွားတယ္။
နီးကပ္သြားတာမဟုတ္ဘူး။ တစ္ထပ္တည္းက်သြားခဲ့တာ။ အရာအားလံုးပ်က္စီးသြားရင္ သူေရာ၊ ကိုယ္ေရာ ၿငိမ္းခ်မ္းသြားေလမလား။
■■■ Part (28) ဆက္ရန္ ■■■
😭
အေဖ့ကိုလြမ္းတယ္။
အေဖမရွိေတာ့တာ သံုးႏွစ္နဲ႔သံုးလေက်ာ္သြားခဲ့ၿပီ။ ဒါေပမဲ့ အခုထိကို ညညေတြအိပ္မရေသးဘူး။ ဖ်ားတိုင္းလည္း ေအာ္ငိုခ်င္ေအာင္ကို လြမ္းမိတယ္။
{{{အေဖနဲ႔အမွတ္တရတခ်ိဳ႕}}}ကို စာထဲထည့္ေရးမိတာ ခြင့္လႊတ္ေပးပါ အေဖရယ္။
ခဏေတာ့ ငိုပါရေစ။
Demon
■■■■■
*ခွမ်း*
ခုနကပဲ အကောင်းအတိုင်းရှိနေသေးတဲ့ ဖန်ခွက်လေးက အခုတော့ ကြမ်းပြင်မှာမွမွကြေလို့။ ကမ္ဘာက လက်သုတ်ပဝါတစ်ထည်ကိုယူပြီး ဖန်ကွဲစတချို့ကို ဘေးဘက်ဖယ်ထုတ်လိုက်တယ်။ မူးနေတဲ့သခင်က ဒါတွေနင်းမိပြီး ဒဏ်ရာရမှာကို မဖြစ်စေချင်ဘူး။
ကမ္ဘာလုပ်နေသမျှကို လိုက်ကြည့်နေတဲ့သခင်က ခြောက်ကပ်ကပ်ရယ်ချလိုက်လို့ ကမ္ဘာမော့ကြည့်တော့
"သိပ်ရယ်ရတာပဲ။ မင်းညာထားတာကို ငါမသိခဲ့ဘူး။"
"ကိုယ်ညာခဲ့တာမှမဟုတ်တာ။"
နောက်ဆုံးအထိ အယူခံဝင်ချင်ပါသေးတယ်။
"ဟုတ်တာပေါ့။ ငါ မှားသိထားတဲ့အတိုင်း မင်းက ဆက်လှိမ့်နေတာ။"
ဖန်ကွဲစတွေကိုရှင်းနေတဲ့ ကမ္ဘာ့အနားကို သခင်ရောက်လာပြီးတော့
"အ"
"နာလား။ ငါ့ရင်ထဲနာနေတာကို ခြေဖျားတောင်မမီနိုင်ဘူး Angus."
သခင့်ခြေဖဝါးနဲ့ ဖန်ကွဲစတွေကြားက ကမ္ဘာ့လက်ကနေ သွေးတွေထွက်လာပြီး ကြမ်းပြင်မှာစွန်းထင်းသွားတယ်။ ဖိနင်းနေတဲ့သခင့်ရှေ့မှာ လက်ကိုလည်းမရုန်းနိုင်ဘဲ ကမ္ဘာ ဒူးထောက်ထိုင်ချလိုက်တယ်။
"အဲဒီ့တော့ မင်းနဲ့ Sun က အသက်နှစ်နှစ်ကွာတယ်ဆိုတာ အမှန်ပဲပေါ့။ Sun က မွေးသက္ကရာဇ်ပြောင်းထားတာမဟုတ်ဘဲ မင်းကပြောင်းထားတာပေါ့။"
"ငယ်ငယ်က ကျောင်းနှစ်နှစ်နားလိုက်ရတော့ မွေးသက္ကရာဇ်ကို နှစ်နှစ်လျှော့ပစ်လိုက်တာ။"
"အဲဒီ့တော့ ငါက Sun နဲ့ အသက်တူတာမဟုတ်ဘဲ မင်းနဲ့မှ အသက်အတူတူပေါ့။"
"သခင်နဲ့ သုံးလပဲကွာတာပါ။ အား ..."
ကမ္ဘာ့လက်ကိုတက်နင်းပြီး သခင်ထွက်သွားတာမို့ ကမ္ဘာအော်လိုက်မိပြီးမှ လက်ဖဝါးမှာစူးနေတဲ့ဖန်စကို ဆွဲထုတ်ပြီး သခင့်နောက်ကို လိုက်သွားရတယ်။ ဒုန်းခနဲထွက်လာတဲ့ ရေချိုးခန်းတံခါးပိတ်သံက ကမ္ဘာ့နားထဲမှာတော့ မီးတောင်ပေါက်ကွဲသလိုပဲ။ ပူလောင်တယ်၊ စိုးထိတ်ရတယ်၊ နာကျင်တယ်။ ပြီးတော့ အကြိမ်ကြိမ်အခါခါကြိုတွေးခဲ့တဲ့ ထိခိုက်ခံစားရခြင်းတွေထက် အဆတွေအများကြီးပိုတယ်။
မီးဖိုခန်းထဲကို ကမ္ဘာပြန်လာခဲ့ပြီး ဘေစင်မှာပဲ ဒဏ်ရာကသွေးတွေကိုရေဆေး၊ ကြမ်းပေါ်ကဖန်စတွေကိုရှင်း၊ ပေနေတဲ့သွေးတွေကို သုတ်လိုက်တယ်။ ဆေးသေတ္တာကိုယူပြီး ဒဏ်ရာကိုအရက်ပြန်လောင်း၊ ပတ်တီးတစ်စနဲ့ အဆင်ပြေသလိုပတ်လိုက်ပြီးတဲ့နောက် လူက ရေချိုးခန်းရှေ့ရောက်သွားခဲ့ပြီ။
သူမတ်တပ်ရပ်စောင့်နေတာ မိနစ်နှစ်ဆယ်လောက်ကြာသွားတဲ့အထိ အထဲကရေကျသံတွေ မရပ်သေးဘူး။ သခင် ရေချိုးခန်းထဲရောက်နေတာ မိနစ်သုံးဆယ်ကျော်ခဲ့ပြီ။ တော်သင့်နေပြီမို့ ရေချိုးခန်းသော့ကိုသွားယူပြီးသာ ဖွင့်လိုက်တယ်။ အော်ခေါ်လို့လည်း ထွက်လာမယ့်သူမဟုတ်ဘူးလေ။
"သခင်"
အဝတ်အစားအပြည့်အစုံနဲ့ပဲ ရေပန်းအောက်ထိုင်နေတဲ့သခင့်ကြောင့် ကမ္ဘာတစ်ယောက် ပျာပျာသလဲဖြစ်သွားရပြီ။ ဒီလိုအတိုင်း နာရီဝက်လောက်ထိုင်နေတာလား။ ရေပိတ်လိုက်ပြီးဆွဲထူတော့ လက်ကနေရုန်းထွက်သွားတဲ့ သခင်။
"အဲဒီ့လိုမလုပ်နဲ့။ အကုန်လုံးက ကိုယ့်အမှားတွေပဲ။ သခင့်ကိုသခင် မထိခိုက်စေနဲ့လေ။"
"ထွက်သွား။"
"သခင် ပြန်ထွက်လာမှာလား။"
"ထွက်သွားစမ်း။"
"သခင် ပြန်ထွက်လာမှာသေချာမှ။"
ကမ္ဘာ့ကို အပြင်ဘက်တွန်းထုတ်လိုက်ပြီး တံခါးပြန်ပိတ်သွားတဲ့သခင်ရယ်၊ ရေချိုးခန်းရှေ့မှာ တစ်ပိုင်းတစ်စရေစိုနေတဲ့အတိုင်း မတ်တပ်ရပ်စောင့်နေတဲ့ကမ္ဘာရယ်၊ ရေကျလာလိုက် ရပ်သွားလိုက်ဖြစ်နေတဲ့ ရေချိုးခန်းထဲကအသံရယ်ကလွဲရင် တစ်အိမ်လုံးငြိမ်သက်နေတာက ကြောက်စရာကောင်းတယ်လို့ ကမ္ဘာ ဘာလို့ထင်နေရတာလဲ။
■■■
အေးတယ်။
ရာသီဥတုက ထိုင်းမှိုင်းအေးစက်နေတယ်။ ဒါပေမဲ့ သူတို့ကြားကအခြေအနေတွေက ပိုပြီးထိုင်းမှိုင်းလို့ ပိုပြီးအေးခဲနေခဲ့တယ်။ Sunrise ကလည်း မိုးငွေ့ဆိုင်းနေလို့ မပီပြင်။ နေရောင်သဲ့သဲ့ကလည်း အနွေးဓာတ်ကို လုံလောက်အောင်မပေးနိုင်ခဲ့ဘူး။ အိမ်တံခါးမကြီးဘေးမှာ နံရံကိုမှီထိုင်နေတဲ့ ကမ္ဘာ့ရင်ထဲမှာတော့ မီးတွေတောက်နေလို့ ရာသီဥတုရဲ့အအေးဒဏ်ကိုတောင် သူမသိတော့တာ တစ်ညလုံးပါပဲ။
ကျွီခနဲအသံနဲ့အတူ ပွင့်သွားတဲ့တံခါးကြောင့် ကမ္ဘာခေါင်းငဲ့ကြည့်တဲ့အခါ လှမ်းထွက်လာတဲ့သခင့်ခြေအစုံနောက်မှာ luggage တစ်လုံးလည်း ပါလာတယ်။
"ဟင့်အင်း၊ မသွားရဘူး။"
ပါးစပ်ကလည်းပြောရင်း ထရပ်လိုက်တဲ့ကမ္ဘာက ခပ်ယိုင်ယိုင်။ ငိုထားလို့မို့နေတဲ့ မျက်လုံးတွေနဲ့ အအေးဓာတ်ကြောင့်တုန်နေတဲ့ နှုတ်ခမ်းတွေကို သခင် မမြင်ချင်ယောင်ဆောင်လိုက်တယ်။ ညက သခင် ရေချိုးခန်းထဲကထွက်လာပြီးတော့ "မင်းနဲ့ တစ်မိုးအောက်တည်းမနေနိုင်ဘူး" ဆိုတဲ့စကားကြောင့် အိမ်တံခါးဝကနေ ကမ္ဘာထွက်သွားတာက အိမ်ရှေ့အပေါက်ဝမှာပဲ ရှိနေလိမ့်မယ်လို့ သခင်မတွေးခဲ့မိဘူးလို့ပြောရင် ဒါဟာမုသားတစ်ခုပဲ။
တစ်ညလုံး သည်းလည်းမသည်း၊ စဲလည်းမစဲတဲ့ Pennsylvania ရဲ့ မိုးညတစ်ညမှာ လေတွေဝှေ့တဲ့အခါ လက်ရှည်တစ်ထည်ဝတ်ထားတဲ့ကမ္ဘာ အနွေးထည်မပါလို့တော့ မသေနိုင်ဘူးမဟုတ်လား။ ပြီးတော့ သူကိုယ်တိုင်တက်နင်းလိုက်တဲ့ ကမ္ဘာ့ဘယ်ဘက်လက်ကလည်း ညာသန်ဖြစ်တဲ့ကမ္ဘာ့အတွက်တော့ ပြဿနာသိပ်မရှိနိုင်ဘူးမဟုတ်လား။
ဒီလိုအတွေးတွေးမိရုံနဲ့တင် ကိုယ့်ကိုကိုယ်သိပ်မုန်းမိတဲ့သူဟာ ရာဇသခင်ဆိုတဲ့ မြေကမ္ဘာရဲ့အမျိုးသားတဲ့လား။
"မသွားပါနဲ့။ ကိုယ့်ကို ထားမသွားပါနဲ့။"
"ငါပြောပြီးပြီ။ မင်းနဲ့အတူ တစ်မိုးအောက်တည်းမှာ မနေနိုင်တော့ဘူး။"
မျက်လုံးချင်းဆုံကြည့်ပြီးပြောလာတဲ့ သခင့်အကြည့်တွေနဲ့စကားသံက ရာသီဥတုထက်ကို ပိုပြီးအေးစက်နေတယ်။
"အဲဒါဆိုလည်း သခင် ဒီမှာပဲဆက်နေပေးပါ။ ကိုယ့်ကို သခင်မမြင်ချင်ဘူးဆိုရင် မမြင်စေရပါဘူး။ ဒီကနေတော့ ထွက်မသွားပါနဲ့။"
"ဒီနေရာက မင်းနေရာပဲ။ ငါမနေနိုင်ဘူး။"
အိမ်ကိုတစ်ချက်ဝေ့ကြည့်ပြီး သခင်ကပြောလိုက်တော့ ကမ္ဘာကလည်း
"မေ့နေပြီလား။ ဒီအိမ်လေးကိုဝယ်တော့ သခင့်နာမည်နဲ့လေ။"
ဟုတ်တယ်။ အဲဒါကိုမေ့နေခဲ့တာ။ ကမ္ဘာစီစဉ်ပြီး ကမ္ဘာကပဲဝယ်ပေးခဲ့တာမို့ သခင့်နာမည်နဲ့ သခင့်အပိုင်ဆိုတာကို မေ့နေခဲ့တာ။
"အဲဒါကြောင့် သခင့်အိမ်မှာပဲ သခင်ဆက်ရှိနေပေးပါ။"
"မင်းနဲ့ပတ်သက်တဲ့နေရာက ငါ့အတွက် ငရဲလိုပဲ။ ဒါက အိမ်မဟုတ်ဘူး။"
'ဘယ်လိုတောင်ရက်စက်နိုင်ရတာလဲ သခင်ရယ်။'
"ငါ့ရှေ့ကနေဖယ်ပေး မြေကမ္ဘာ။"
"ဟင့်အင်း၊ မဖယ်ဘူး။"
"ငါ့ကို ရူးသွားစေချင်တာလား။ ကိုယ့်ဘာသာရွံလွန်းလို့ သတ်သေမိတော့မယ်။"
"မလုပ်ရဘူး။ အစကတည်းက တစ်ခုခုတုံ့ပြန်ဖို့ ကိုယ့်အနားကိုရောက်လာတာ ကိုယ်သိတာပဲ။ အခုဆို အဲဒီ့လိုလုပ်ဖို့ ရှည်ရှည်ဝေးဝေးတွေတွေးစရာလည်း မလိုတော့ဘူး။ သခင့်ရှေ့မှာ ကိုယ်ရှိနေတယ်လေ။ ကိုယ့်ကိုပဲ တစ်ခုခုလုပ်ပစ်လိုက်ပါ။"
"မင်းအတွက် အနာကျင်ရဆုံးကိစ္စကိုပဲ ငါလုပ်မလို့လေ။ အဲဒီ့တစ်ခုတော့ ငါ့ကိုယ်ငါ အထင်ကြီးလို့ရသေးတယ်မလား။ မဟုတ်ရင် ငါဆိုတာ တန်ဖိုးမရှိသလို ခံစားရလွန်းလို့။"
'သေချာတာပေါ့ သခင်ရယ်။ သခင်ထွက်သွားမယ်ဆိုတာက ကိုယ်အနာကျင်ရဆုံးကိစ္စပဲ။ သခင်က အရမ်းကို အဖိုးတန်လွန်းပါတယ်။'
"ကိုယ်သေမှ ရမယ်။ ကိုယ်သေမှပဲ သခင်ထွက်သွားလို့ရမယ်။"
သခင့်လက်မောင်းကို မြဲမြဲဆွဲကိုင်ပြီး အိမ်ထဲကိုပြန်ခေါ်သွင်းဖို့ ကမ္ဘာကြိုးစားလိုက်တယ်။ ရုန်းထွက်ဖို့ကြိုးစားတာ မအောင်မြင်တဲ့ သခင်က ကမ္ဘာ့ညို့သကျည်းကို ဖြတ်ကန်လိုက်ပေမဲ့ ကမ္ဘာကလည်းအရှောင်မြန်တာမို့ မထိလိုက်ပါ။ သခင့်လက်ကိုမလွတ်တမ်းဆုပ်ကိုင်ရင်း ရှောင်လိုက်လို့ သခင့်ဘက်ကိုယိုင်သွားတဲ့ ကမ္ဘာ့ဘယ်ဘက်လက်ကို သခင်ဖမ်းဆုပ်လိုက်ပြီး ဖြစ်ညှစ်ပစ်လိုက်တော့
"အား ..."
တစ်ဆက်တည်းမှာပဲ သခင်ရုန်းထွက်နိုင်လိုက်ပေမဲ့ ကမ္ဘာက ချက်ချင်းပြန်ဆွဲဖမ်းလိုက်နိုင်တဲ့အထိ သတိသိပ်ကောင်းနေခဲ့တာ သခင်ကံဆိုးခြင်းလား။
သခင်က ကမ္ဘာလျော့ရဲရဲချည်ထားတဲ့ ပတ်တီးကြားကနေ လက်ကဒဏ်ရာကို ထိုးဆွလိုက်တော့ ကမ္ဘာ့လက်တွေ တဆတ်ဆတ်တုန်ခါပြီး မျက်ရည်ကျလာခဲ့ပေမဲ့ သခင့်ကိုဆွဲထားတာကိုတော့ လွှတ်မပေးခဲ့။
"ငါ့ကိုလွှတ်စမ်း။"
"မလွှတ်နိုင်ဘူး။"
တစ်ဖက်က သခင့်လက်ကောက်ဝတ်ကို တင်းတင်းဆုပ်ကိုင်ရင်း တစ်ဖက်ကတော့ သခင့်လက်ထဲမှာ တဆတ်ဆတ်တုန်ခါနေတဲ့ ကမ္ဘာ့လက်တွေနဲ့ သခင့်လက်တွေဟာ တခြားသူအမြင်ကနေကြည့်ရင် ဘယ်သူက ဘယ်သူ့ကို ဆုပ်ကိုင်ဆွဲယူထားမှန်း မသဲကွဲလောက်အောင် မြဲမြံနေခဲ့တယ်။
သူတို့ဆုံစည်းခြင်းက မြေကမ္ဘာအတွက် ချိုမြိန်တဲ့ဝဋ်ကြွေးတစ်ခုဖြစ်ပြီး ရာဇသခင်အတွက် ခါးသက်တဲ့ဖူးစာတစ်မျိုး ဖြစ်နေတဲ့အခါ ...
...
...
...
အပြန်အလှန်စိုက်ကြည့်မိနေတဲ့ မျက်ဝန်းနှစ်စုံမှာတော့ ဆန့်ကျင်ဘက်အရိပ်အယောင်တွေ တွဲခိုလို့။ ဒေါသအလျှောက်နီရဲနေတဲ့ သခင့်မျက်လုံးတွေကို မဝံ့မရဲကြည့်ရင်း တောင်းပန်တိုးလျှိုးတဲ့အကြည့်တွေနဲ့ အယူခံဝင်နေတဲ့ ကမ္ဘာ့မျက်လုံးတွေမှာတော့ မျက်ရည်ကြည်တွေအပြည့်။
ကမ္ဘာလက်လွှတ်ပေးလိုက်တာနဲ့ luggage ကိုဆွဲပြီး အပြင်ပြန်ထွက်ဖို့ပြင်တဲ့သခင် အာရုံပြောင်းသွားချိန်မှာပဲ အဖြစ်အပျက်တစ်ခု အလျင်အမြန်ဖြစ်သွားခဲ့တယ်။
"မင်း ဘာလုပ်လိုက်တာလဲ Angus?"
ကမ္ဘာကပြန်မဖြေဘဲ သခင့်ညာဘက်လက်ကိုသာ စိုက်ကြည့်နေတယ်။ အဲဒီ့ညာဘက်လက်က သခင်ဝတ်ထားတဲ့ လက်အစည်းပါတဲ့ဆွယ်တာလက်ရှည်ပေါ်မှာ ငွေရောင်လက်ထိပ်တစ်ခုက အခန့်သား။ သေချာတာကတော့ လက်ထိပ်ရဲ့နောက်တစ်ဖက်က ကမ္ဘာ့ရဲ့ ဒဏ်ရာရထားတဲ့ဘယ်ဘက်လက်မှာ အမိအရချိတ်တွယ်ထားခဲ့ပြီ။
"ကမ္ဘာလို့ပဲ ခေါ်ပါလား။"
လက်တွေကိုပဲစိုက်ကြည့်ပြီး ကမ္ဘာကခပ်ဖွဖွရေရွတ်တဲ့အခါ သခင့်ရဲ့ဒေါသမျက်ဝန်းတွေက မီးလျှံတွေထွက်တော့မလို။
"သောက်ရေးမပါတာတွေကို စကားလုပ်ပြောမနေစမ်းနဲ့။ ပြန်ဖြုတ်ပေးစမ်း။"
လက်ကို ကမ္ဘာ့မျက်နှာနားအထိဆွဲမြှောက်ပြီး သခင်ပြောလိုက်တယ်။ ကမ္ဘာကတော့ ခေါင်းခါရုံသာတုံ့ပြန်ရင်း ဖြူဖျော့ဖျော့နှုတ်ခမ်းတွေက ခပ်တင်းတင်းစေ့လျက်သား။ သခင်ရုန်းလိုက်တိုင်းမှာ တီရှပ်လက်ရှည်အောက်က လက်ကောက်ဝတ်အသားတွေနဲ့ထိနေတဲ့ လက်ထိပ်က ကမ္ဘာ့လက်ကို ပွတ်တိုက်နေခဲ့ပေမဲ့ ကမ္ဘာ့အတွေးကတော့
'တော်သေးတာပေါ့။ သခင့်ရဲ့ဆွယ်တာကထူလို့။'
လက်အစည်းကြောင့် လက်ထိပ်က ဆွယ်တာသားပေါ်မှာရှိနေပြီး သခင့်အသားကိုမထိပါ။ ကမ္ဘာ့လက်မှာသာ ရိုးရိုးလက်ရှည်ကြောင့် လှုပ်လိုက်တိုင်းလိပ်တက်သွားတဲ့အခါ လက်ထိပ်က အသားပေါ်ကို တိုက်ရိုက်ကျသွားခဲ့တာ။
"ငါပြောနေတယ်။ အခုပြန်ဖြုတ်ပေး။"
"သော့က ကိုယ့်ဆီမှာမရှိဘူး။"
သခင်ဆောင့်ဆွဲခေါ်ရာအခန်းထဲကို ကမ္ဘာပါလာခဲ့ပြီး အံဆွဲတွေထဲ သော့ကိုမွှေနှောက်ရှာနေတဲ့သခင့်ဘေး ရပ်ကြည့်နေလိုက်တယ်။
"ဘယ်မှာလဲ။ ဒီထဲကသော့တွေ ဘယ်ရောက်သွားတာလဲ။"
လက်ထိပ်မျိုးစုံသာရှိနေပြီး သော့နဲ့တူတာ ဘာမှမတွေ့ရ။
ညက ရေချိုးခန်းထဲကနေ ကမ္ဘာ့ကို သခင်တွန်းထုတ်လိုက်ပြီးတော့ ဒီအခန်းထဲကို ကမ္ဘာရောက်လာခဲ့တာ။ ဘာရယ်မသေချာတဲ့အတွေးတစ်ခုနဲ့ လက်ထိပ်တစ်စုံကိုထုတ်ယူပြီး သော့တွေကိုတော့ ဘေးကပ်လျက်က စတိုခန်းထဲကို ပစ်ထည့်လိုက်တာ စတိုခန်းသော့ကိုပါ အဲဒီ့အခန်းထဲမှာပဲ ထည့်သိမ်းပစ်ခဲ့တဲ့အထိ။ လိုချင်ရင် စတိုခန်းသော့ဖျက်ပြီး ပစ္စည်းအပုံလိုက်ထဲ သော့တစ်ချောင်းချင်းစီကို လိုက်ရှာပြီးဖွင့်ကြည့်မှပဲ ရတော့မယ်။
"ဘယ်မှာလဲလို့ မေးနေတာ မကြားဘူးလား။"
ဖြေစရာမဟုတ်တဲ့မေးခွန်းမို့ ကမ္ဘာမဖြေဖြစ်ဘူး။
သခင့်မျက်နှာကိုအကြည့်မှာပဲ ပါးတစ်ဖက်ပူထူသွားပြီး ကမ္ဘာ့ခေါင်း ချာချာလည်သွားရတယ်။ လက်သီးတစ်ချက်က အဲဒီ့လောက်ခေါင်းမူးစေသတဲ့လား။
ဘယ်ဟုတ်ပါ့မလဲ။ ဒဏ်ရာအရှိန်ရယ်၊ တစ်ညလုံး လေတိုက်ထဲနေခဲ့တာရယ်၊ ဗိုက်ထဲမှာ ဘာအစာမှမရှိတာရယ်က အလိုလိုနေရင်းကို မူးဖို့လုံလောက်နေခဲ့ပြီ။ သခင့်ကြောင့်မှမဟုတ်ပဲလေ။
■■■
နာကျင်တယ်၊ မွန်းကျပ်တယ်။ လှုပ်ခုန်နေရတာပင်ပန်းလွန်းလို့ ရပ်နားပစ်ချင်နေတဲ့ ကိုယ့်နှလုံးသားက ဒဏ်ရာဟောင်းမှာထွက်တဲ့သွေးတွေကို စိတ်တိုင်းကျစီးစေတော့လို့ ညှစ်ထုတ်ပစ်လိုက်သလိုပဲ။ ကုန်ခမ်းသွားခဲ့ရင် သိပ်ပျော်ဖို့ကောင်းမှာပေါ့။
{{{အိမ်ရှေ့ရေမြောင်းမှာပိတ်နေတဲ့ အမှိုက်တွေကို ရှင်းနေတဲ့အဖေက မြောင်းထဲအထိလိုက်ဆင်း၊ ပွစိပွစိပြောပြီးရှုပ်နေတဲ့ ကိုယ့်အတွက် ကဏန်းတစ်ကောင်ဖမ်းလို့ ဇလားတစ်ခုထဲထည့်ပေးတယ်။ ဆော့ချင်ရဲ့နဲ့ ကဏန်းလက်မကိုကြောက်လို့ မကိုင်ရဲတဲ့ကိုယ့်ကို ဒီလိုကိုင်ရင်တော့ အညှပ်မခံရဘူးလို့ သင်ပြပေးခဲ့တယ်။
ညညမအိပ်ဘဲ စကားတွေထိုင်ပြောချင်နေတဲ့ကိုယ့်ကို ဖယောင်းတိုင်မီးကိုကြည့်ခိုင်းပြီး စိတ်ငြိမ်ငြိမ်ထားတတ်အောင် အဖေသင်ပြပေးခဲ့တုန်းက ကိုယ့်အသက်က ငါးနှစ်တောင်ရှိသေးရဲ့လား။ ကိုယ့်ဘဝတစ်လျှောက်မှာ အထောက်အကူဖြစ်ခဲ့တယ်။
ဆော့ကစားချင်နေတဲ့ကိုယ့်ကို သူ့ခါးကိုဖက်စေပြီး ခပ်မြင့်မြင့်ထုပ်တန်းတစ်ခုကို အဖေကခိုလိုက်တော့ လေထဲမြောက်ပါသွားတဲ့ခံစားချက်မှာ ရယ်မောခဲ့ဖူးတုန်းကလည်း ကိုယ်ကသိပ်ငယ်သေးတယ်။ အဖေ့လို တန်းမှာခိုချင်လို့ဆိုပြီးမှ တွဲလောင်းဖြစ်ပြီးခုန်မချရဲတော့ အော်ငိုဖူးတာလည်း မှတ်မိပါသေးတယ်။
ကိုယ့်ဘဝရဲ့ ပထမဆုံးကျောင်းတက်ရက်တွေမှာ အဖေ့လက်ထဲကနေ လွတ်ထွက်မသွားအောင် ဖက်တွယ်ထားခဲ့ဖူးတယ်။ ထမင်းပို့ချိန်နောက်ကျလို့ အပြေးအလွှားနဲ့ အဖေအရောက်လာပြီး မုန့်ကျွေးခဲ့ဖူးတာလည်း ကိုယ်မမေ့သေးဘူး။
ညနက်နက်မှာ ကိုယ်ပူချိန်တွေမြင့်တက်ပြီးဖျားတော့ တစ်ညလုံး ရေအေးဝတ်တွေနဲ့ကပ်ပေးရင်း၊ ဘုရားစာတွေရွတ်ပေးရင်း၊ ယောင်အော်တိုင်းဆုပ်ကိုင်ပေးဖူးတဲ့ အဖေ့လက်တစ်ဖက်ကိုလည်း ပြန်တွေးရင် အခုထိနွေးနေတုန်းပဲ။}}}
ဒီအမှတ်တရတွေကို ထပ်မရတော့အောင် ဖျက်ဆီးပစ်ခဲ့တဲ့သူကို တစ်ခုခုတော့တုံ့ပြန်ချင်မိတာ ကိုယ်မှားလား။ သူ့ရဲ့မြတ်နိုးရာတစ်ခုခုကို ကိုယ်ဖျက်ဆီးပစ်ချင်မိလို့ပါ။
ကိုယ့်ရည်ရွယ်ချက်ဟာ တစ်စုံတစ်ယောက်ကြောင့် အကောင်အထည်ပေါ်ဖို့ ပိုနီးကပ်သွားသလို အဲဒီ့တစ်စုံတစ်ယောက်ကြောင့်ပဲ ယိမ်းယိုင်သွားတော့မလို ဖြစ်ခဲ့ဖူးတယ်။ အခုတော့ တစ်ကျော့ပြန်ပြီး နီးကပ်သွားပြီထင်ပါရဲ့။
အိုး၊ မှားတယ်။
နီးကပ်သွားတာမဟုတ်ဘူး။ တစ်ထပ်တည်းကျသွားခဲ့တာ။ အရာအားလုံးပျက်စီးသွားရင် သူရော၊ ကိုယ်ရော ငြိမ်းချမ်းသွားလေမလား။
■■■ Part (28) ဆက်ရန် ■■■
😭
အဖေ့ကိုလွမ်းတယ်။
အဖေမရှိတော့တာ သုံးနှစ်နဲ့သုံးလကျော်သွားခဲ့ပြီ။ ဒါပေမဲ့ အခုထိကို ညညတွေအိပ်မရသေးဘူး။ ဖျားတိုင်းလည်း အော်ငိုချင်အောင်ကို လွမ်းမိတယ်။
{{{အဖေနဲ့အမှတ်တရတချို့}}}ကို စာထဲထည့်ရေးမိတာ ခွင့်လွှတ်ပေးပါ အဖေရယ်။
ခဏတော့ ငိုပါရစေ။

Коментарі