Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Characterizing
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
When they have a baby...
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60): Final
Chapter (33)
သခင့္အတိတ္

Earth
ဒီနာမည္ကို သခင္ရင္းႏွီးေနခဲ့တာ ေတာ္ေတာ္ၾကာခဲ့ၿပီ။ ေျပာရရင္ သူတစ္ေယာက္တည္းကိုေတာ့ မဟုတ္ဘူးေပါ့။ Sun, Earth, Wily နဲ႔ Day, Oswalds မိသားစုက သားသမီးေတြ။ အေဖ့ကားေရွ႕ကို Sun ေရာက္လာၿပီး အေဖ့ကို သခင့္ဘဝထဲကဆြဲထုတ္သြားတယ္။ သူတို႔ရွိေနတဲ့ အေမရိကကိုလိုက္သြားၿပီး တစ္ခုခုတံု႔ျပန္ဖို႔အတြက္ စီစဥ္ေနခဲ့တာ အထေျမာက္ေတာ့မယ္။ Sun က တကၠသိုလ္တစ္ခုမွာ ဆရာျဖစ္ဖို႔ႀကိဳးစားေနတယ္ဆိုလား။

'ခင္ဗ်ားဘဝ ေသခ်ာအေျခက်ၿပီးမွ ၿပိဳလဲသြားရင္ ပိုအထိနာမွာမဟုတ္လား။ ေသခ်ာအေျခက်ေအာင္ေနပါ Elio.'

အဲဒီ့မွာခင္ခဲ့တဲ့ သူငယ္ခ်င္းတခ်ိဳ႕နဲ႔လည္း အြန္လိုင္းကေန အဆက္အသြယ္မျပတ္ရွိေနရင္း ခပ္သြက္သြက္သူငယ္ခ်င္းမေလးရဲ႕ ရည္းစားေကာင္ေလးနဲ႔ပါ ခင္ေနခဲ့ရာက သူတို႔ျပတ္သြားေတာ့ ေကာင္ေလးက သခင့္ကိုရင္လာဖြင့္ခဲ့တယ္။ တစ္ခါပဲျမင္ဖူးသူနဲ႔ပါ အရမ္းခင္သြားၿပီးေနာက္ အဲဒီ့ေကာင္ေလးရဲ႕သူငယ္ခ်င္းအျဖစ္နဲ႔ Earth ဆိုတဲ့နာမည္က သခင့္ေရွ႕ကိုေရာက္လာခဲ့ျခင္း။

နာမည္တူတာလို႔ပဲ သေဘာထားမိရာက friend request ထဲေရာက္လာတဲ့အခ်ိန္မွာ သူ႔ရဲ႕ profile ထဲ ဝင္ၾကည့္လိုက္ေတာ့ တိုက္ဆိုင္မႈေတြကို အံ့ဩမိတယ္။ ဒီ Earth က သူသိတဲ့ Sun ရဲ႕ညီ Angus Oswald ပဲ။ ဒီအတိုင္းေလးပဲထားလိုက္မိတဲ့ Earth ဆိုတဲ့ေျမကမ႓ာကေတာ့ သခင့္ friend list ထဲက သူနဲ႔တိုက္ဆိုင္ႏိုင္မယ့္တခ်ိဳ႕ကို add ထားခဲ့ၿပီဆိုတာ အဲဒီ့တုန္းက သခင္မသိလိုက္ပါ။ ေနာက္ပိုင္းေတြမွာလည္း ကမ႓ာနဲ႔သူ႔သူငယ္ခ်င္းေတြ အခ်င္းခ်င္း tag တြဲတိုင္း သခင့္ဆီမွာ ေတြ႕ေနရတတ္တယ္။ Mutual friends ေတြရွိေနတာမို႔ tag တိုင္းျမင္ေနရတာ မျမင္ခ်င္မွအဆံုး။

အလုပ္ကိစၥနဲ႔ပတ္သက္ၿပီး သခင္နဲ႔ရင္းႏွီးဖူးသူ Suzy က ကမ႓ာ့ရဲ႕ မိုးရာသီလြမ္းခ်င္း post တစ္ခုမွာ သခင္နဲ႔ထိုင္းကေကာင္မေလးတစ္ေယာက္ကို mention ေခၚရာကေန ကမ႓ာကပါဝင္ေရးရင္းနဲ႔ ေနာက္ဆံုး private conversation ထဲအထိ ေရာက္လာခဲ့ၿပီး သူ႔ရဲ႕ friend request ကိုသခင္လက္ခံခဲ့လို႔ သခင္နဲ႔ကမ႓ာ စတင္ရင္းႏွီးခဲ့ၾကပါေတာ့တယ္။
အဲဒီ့ကတည္းက ကမ႓ာက သခင္လို႔ပဲေခၚခဲ့တာမို႔ ထူးဆန္းေနမိေသးတာ။

.

သခင္၊ video call ေခၚလို႔ရလား

ရင္းႏွီးလာၿပီး ႏွစ္လေလာက္အၾကာမွာ သခင္တို႔ ညဘက္စာေတြပို႔ေနရင္း ကမ႓ာကေတာင္းဆိုလာတယ္။ ကမ႓ာ့ဘက္မွာေတာ့ ညဘက္မဟုတ္ဘူးေပါ့။

ဘာအေရးႀကီးလို႔လဲ

သခင့္ကို ျမင္ခ်င္လာလို႔

ငါက ဒီဘက္မွာ တျခားသူငယ္ခ်င္းေတြနဲ႔လည္း စကားေျပာေနတာ

သခင္ ျမန္ျမန္ေက်ာင္းလာတက္ပါေတာ့

ဟား ဟား၊ ဘယ္လိုေတြျဖစ္ျပန္ၿပီလဲကြာ

ေတြ႕ခ်င္တယ္။ ျမင္ခ်င္တယ္။ ျဖစ္ႏိုင္ရင္ အနားမွာေခၚထားခ်င္တယ္

ဘာေတြေဖာက္ေနတာလဲ

ဘာမွမေဖာက္ဘူး။ အခု မအားေတာ့ဘူး။ ေနာက္မွေတြ႕မယ္

ဪ၊ ေအး

ဒီေကာင္ေလးက အထူးအဆန္းေတြလုပ္ေနလို႔ သခင္ေတြးမိတယ္။ ဓာတ္ပံုေတြလည္း ပလူပ်ံေအာင္ကိုျမင္ဖူးေနတာကို video call မေျပာႏိုင္ေသးဘူးဆိုတာနဲ႔ ခ်က္ခ်င္းဆင္းသြားတာက ကေလးဆန္တယ္ေပါ့။
သူ႔အေျပာအဆိုေတြအရ ဖြင့္မေျပာေပမဲ့သိႏိုင္တာက သခင့္ကို စိတ္ဝင္စားေနတယ္ဆိုတာပါပဲ။ ဒီလိုဆိုေတာ့လည္း သခင့္အၾကံအတြက္ ပိုနီးတဲ့လမ္းေၾကာင္းတစ္ခုကို ရတာပဲမို႔ ေရလိုက္ငါးလိုက္ေနဖို႔ပဲ သခင္ဆံုးျဖတ္ခဲ့ၿပီးသား။



အလုပ္ကိစၥ အဆင္ေျပပါတယ္။ ေယာက္်ားခ်င္းပိုင္းလံုးလုပ္တယ္ဆိုတဲ့ ဦးစိုင္းေမာ္ရဲ႕ေနာက္အိမ္ေထာင္က စြပ္စြဲခဲ့ျခင္းေတြကို လစ္လ်ဴ႐ႈႏိုင္ခဲ့ခ်ိန္မွာေပါ့။ ကိုယ့္ဘက္အသိုင္းအဝိုင္းက ကိုယ့္အက်င့္စာရိတၱနဲ႔ပတ္သက္ၿပီး ယံုၾကည္ေပးခဲ့ၾကတဲ့အထိ သခင္အေနတည္ခဲ့တာမို႔ အားလံုးကအဆင္ေျပသြားခဲ့တယ္။ ဦးစိုင္းေမာ္ဘက္ကလည္း ဘယ္လိုေတြေျဖရွင္းလိုက္တယ္မသိ။ သူ႔အမ်ိဳးသမီးကိုယ္တိုင္က အထင္မွားမိတာပါလို႔ ေျဖရွင္းလာခဲ့တယ္။ အရာရာက အဆင္ေျပေခ်ာေမြ႕သြားခဲ့ၿပီ။

အလုပ္ကေနလႊတ္မယ့္ Perfume Chemist ေနရာအတြက္ သခင္ အမ်ားႀကီးႀကိဳးစားခဲ့ရတယ္။ ရံုးခ်ဳပ္မွာေနရာရခဲ့ရင္ သခင့္ရည္ရြယ္ခ်က္အတြက္ အခြင့္အလမ္းေတြရႏိုင္ၿပီ။ သခင့္လို မိသားစုအေႏွာင္အတြယ္လည္းမရွိ၊ လုပ္ရည္ကိုင္ရည္ေကာင္းၿပီး ႀကိဳးစားတဲ့သူတစ္ေယာက္ကို ဘယ္သူကမွျငင္းမယ္ေတာ့မထင္ပါ။ အလားအလာရွိတဲ့သူေတြထဲမွာ သခင္ကထိပ္ဆံုးကေျပးေနတာမို႔ ႐ံုးခ်ဳပ္ကေနရာဟာ သခင့္အတြက္ပါပဲ။

အလုပ္ကိစၥနဲ႔ပတ္သက္ၿပီး ရံုးခ်ဳပ္ကဝန္ထမ္းတစ္ေယာက္နဲ႔ သခင္ ဆက္သြယ္စကားေျပာေနတုန္းမွာ online ျဖစ္ေနတဲ့ Facebook account ထဲ အသံေတြျမည္ေနတယ္။ ဖုန္းကိုအသံပိတ္လိုက္ၿပီး အလုပ္ကိစၥၿပီးေတာ့မွ ျပန္ၾကည့္ျဖစ္တယ္။ ႐ံုးခ်ဳပ္ကိုခဏသြားခဲ့ၾကတုန္းက သိခဲ့ၾကတဲ့တစ္ေယာက္ရဲ႕ post မွာ တစ္ေယာက္တစ္ေပါက္ေတြဝင္ေျပာရင္း သခင့္နာမည္ကိုပါ mention ထားတာမို႔ တစ္ေတာင္ေတာင္ျမည္ေနတာပါ။ ဒါနဲ႔ပဲ ...

What's up!

Za, when will you come here?

It's not sure.

Sure. It's you.

တကယ္ပဲ သူ႔ကိုေရြးလိုက္ၿပီလားလို႔ သခင္ေတြးရင္း စိတ္လႈပ္ရွားမိတယ္။ အခ်ိန္ကြာဟခ်က္အရ တစ္ဖက္လူေတြကသိရခ်ိန္မွာ ဒီမွာကညဘက္မို႔ မနက္႐ံုးကိုေရာက္မွ ေသခ်ာသိရမွာပါ။

Mention ထားတဲ့ comment ထဲ 'what's up' လို႔ reply ျပန္မိတာကို message box ကေန စကားျပန္လာခဲ့တာ ကိုယ္ကေသခ်ာေနၿပီတဲ့။
Post မွာက ဝန္ထမ္းအသစ္ေလးကို ႀကိဳဆိုပါတယ္လို႔ပဲ ေရးထားခဲ့တာ။ အတူတူနာမည္ထြက္ထားသူေတြကို အားနာရတာမို႔ သီးသန္႔စာပို႔ၿပီးသာ လာေျပာပံုပါပဲ။ ဒီညေတာ့ အိပ္ေပ်ာ္မယ္မထင္ပါ။

ရင္ခုန္ေနတုန္း တီခနဲဝင္လာတဲ့ စာတစ္ေစာင္။

Congratulations! 🎈🎉🎊

ပူစီေဖာင္းေတြ၊ confetti ေတြနဲ႔ emoji ေတြသီတန္းၿပီး ေရာက္ခ်လာတဲ့ ဂုဏ္ျပဳစကားေလးတစ္ခြန္း။

ဘာေတြလဲ

ဒီဘက္ကို လာရေတာ့မယ္ဆို

မေသခ်ာပါဘူးကြာ

သူတို႔ကေတာင္ အခိုင္အမာေျပာေနၾကၿပီမလား

မင္းက ဘယ္လိုသိတာလဲ

ကမ႓ာပါဗ်။ သိတာေပါ့၊ ဟဲဟဲ။ ဘာမွမဟုတ္ဘူး၊ comments ေတြဝင္ဖတ္ၾကည့္တာ

မနက္ျဖန္မွ confirm ျဖစ္မွာ

ဘာပဲေျပာေျပာ ကိုယ္ေပ်ာ္တယ္။ သခင္ ဒီကိုေရာက္လာေတာ့မယ္

စာက်ၿပီးရင္ေတာင္ ဒီမွာနည္းနည္းၾကာဦးမွာကို

မသိဘူး၊ ေပ်ာ္တယ္

မင္းကေတာ့ေလ

သခင္နဲ႔နီးခြင့္ရဖို႔အေရး ကမ႓ာ့ဘက္က အဲဒီ့ေလာက္အထိ လႈပ္လႈပ္ရွားရွားျဖစ္ေနတာကို သခင္အံဩမိတယ္။ ေက်ာင္းသြားမတက္ခင္မွာကတည္းက ကမ႓ာဖြင့္ေျပာလို႔ တြဲၾကည့္ဖို႔အေျဖေပးခဲ့ရာက အခုဆို လက္ထပ္ဖို႔အထိရည္ရြယ္ပါတယ္လို႔ ကမ႓ာ့ဘက္က အဆင့္တက္လာခဲ့ၿပီ။

■■■

ကမ႓ာ့ပစၥဳပၸန္

ဒါက သခင္နဲ႔သခင့္အေဖ အတူတူေနခဲ့တဲ့အိမ္ေလးတဲ့။ ကမ႓ာ အိမ္ထဲဝင္ဖို႔ကို တြန္႔ဆုတ္ေနမိတယ္။ နံရံေပၚက သခင့္အေဖျဖစ္သူရဲ႕ပံုက ကမ႓ာ့ကို အေနက်ံဳ႕ေစတယ္။

"ဟိုအခန္းမွာ မင္းေနရမွာ။"

သခင္ျပတဲ့အခန္းဆီ အထုပ္အပိုးေတြသယ္ခဲ့ၿပီး ဝင္လာလိုက္ေတာ့ ခုတင္နဲ႔ဗီရိုအလြတ္တစ္လံုးကလြဲလို႔ ဘာမွမရွိတဲ့အခန္းေလးက ဖုန္နည္းနည္းရွိေနတာမို႔ အျပင္ျပန္ထြက္ၿပီး လွည္းက်င္းဖို႔တံျမက္စည္းရွာေနတုန္း တျခားအခန္းတစ္ခုကေန သခင္ထြက္လာကာ

"ေနာက္ေဖးမွာ တံျမက္စည္းရွိတယ္။"

"ဟုတ္။ သခင့္အခန္းကေရာ။"

"ငါ့အခန္းက အဆင္သင့္ပဲ။ မင္းအခန္းရွင္းၿပီးရင္ ငါ့ဆီမွာ အိပ္ရာခင္းေတြ၊ ေစာင္ေတြ လာယူလိုက္။"

အားလံုးရွင္းၿပီးေတာ့ ကမ႓ာ့တစ္ကိုယ္လံုး ဖုန္ေတြ၊ ေခၽြးေတြနဲ႔။ ေလယာဥ္စီးလာရတဲ့အခ်ိန္ကလည္း နည္းတာမဟုတ္။ ဒီေရာက္ေရာက္ခ်င္းလည္း မနားရ။ တစ္အိမ္လံုးမွာ ဒီအခန္းပဲရွင္းမထားတာလား။ ၾကမ္းတိုက္ထားတဲ့ အဝတ္စိုနဲ႔ေရပံုးကိုယူၿပီး အျပင္ထြက္လာေတာ့ အိမ္ထဲဝင္လာတဲ့ ဦးေလးႀကီးတစ္ေယာက္။

"မင္းက ေျမကမ႓ာထင္တယ္။ ဦးေလးက ဦးႏိုင္ပါ။"

ဦးႏိုင္၊ သခင့္ရဲ႕ေမြးစားအေဖ။ ကမ႓ာ့ကို အျပံဳးနဲ႔ႏႈတ္ဆက္လာတဲ့ဦးႏိုင္က ကမ႓ာတို႔ကိစၥေတြကို သိသင့္သေလာက္ေတာ့ သိေနခဲ့မလား။

"ဟုတ္၊ ကၽြန္ေတာ္ ေျမကမ႓ာပါ။ ေတြ႕ရတာဝမ္းသာပါတယ္ ဦးႏိုင္။ အဲ၊ လက္ေတြေပေနတယ္။"

ႏႈတ္ဆက္ဖို႔ လက္ႏွစ္ဖက္ကမ္းၿပီးမွ ဖုန္ေတြေပေနတဲ့လက္ေတြကို ျပန္ရုတ္မယ္လုပ္ေတာ့ ဦးႏိုင္က လက္တစ္ဖက္ကိုလွမ္းဆြဲၿပီး ကမ႓ာ့ပခံုးကိုလည္းပုတ္ရင္း

"ေရာက္ေရာက္ခ်င္း ပင္ပန္းေနၿပီေပါ့။ ရာေလးကို နည္းနည္းေတာ့သည္းခံေပးပါကြယ္။"

"ရပါတယ္ ဦးႏိုင္။ ကၽြန္ေတာ္က မွားခဲ့တာပါ။"

"ဦးႏိုင္"

"သား"

"ဦးႏိုင္ကို လြမ္းလိုက္တာ။"

ေျပာလည္းေျပာ၊ ဖက္လည္းဖက္ရင္း အသံေတြကလည္း တုန္ခါလာတဲ့သခင့္ေၾကာင့္ ကမ႓ာ အေၾကာင္သားေငးၾကည့္ေနမိတယ္။ ေနာက္ေဖးဘက္ကေနထြက္လာၿပီး ဦးႏိုင္ကိုေျပးဖက္တဲ့ သခင့္ပံုစံက ကေလးတစ္ေယာက္လို။ နံရံမွာခ်ိတ္ထားတဲ့ ဦးျမင့္ျမတ္မင္းပံုဆီ ကမ႓ာအၾကည့္ေရာက္မိရင္း သခင္သာ အေဖျဖစ္သူနဲ႔အတူေနရရင္ အခုထက္ပိုေပ်ာ္ေနႏိုင္မွာပဲလို႔ အေတြးေရာက္မိေတာ့ ကမ႓ာစိတ္ထဲမေကာင္း။ ပံုးေတြ၊ တံျမက္စည္းေတြကို ေနာက္ေဖးဘက္ပို႔ဖို႔ ကမ႓ာထြက္လာလိုက္ေတာ့ သခင္ကလွမ္းေအာ္တယ္။

"ျမန္ျမန္သိမ္းၿပီး ျမန္ျမန္ျပန္ထြက္ခဲ့။"

"ဟုတ္"

သခင္ဘာေျပာမယ္မွန္းမသိလို႔ ေရပံုးထဲကေရေတြကို ေနာက္ေဖးေပါက္ကေနသြန္ၿပီး ေရခ်ိဳးခန္းေလးထဲမွာ ေျခလက္ေဆးလို႔ ကမ႓ာျပန္ထြက္လာလိုက္တယ္။ သခင္နဲ႔ဦးႏိုင္က ဧည့္ခန္းမွာထိုင္လို႔။

"လာေလ ကမ႓ာ။ ဦးႏိုင္ ေျပာစရာေလးရွိလို႔။"

ကမ႓ာဝင္ထိုင္ေတာ့ ဦးႏိုင္ရွင္းျပလာတယ္။
သခင္က ဦးႏိုင္တို႔အိမ္ေထာင္စုစာရင္းမွာ ဦးႏိုင္ရဲ႕သားအျဖစ္နဲ႔ မိသားစုဝင္ျဖစ္ေနတာမို႔ ကမ႓ာ့ကိုလည္း ဦးႏိုင္ရဲ႕တူအျဖစ္နဲ႔ စာရင္းသြင္းဖို႔ေပါ့။

"ဟုတ္၊ ဦးႏိုင္။ အဆင္ေျပသလိုလုပ္ပါ။"

"မွတ္ပံုတင္က ..."

"ကၽြန္ေတာ့္မွာ ဆယ္ႏွစ္တုန္းကလုပ္ထားတဲ့ အေဟာင္းေတာ့ ပါလာတယ္။"

"အဲဒါဆို ပိုျမန္တာေပါ့။"

ေလာေလာဆယ္ ကမ႓ာ့မွာပါလာတာက ပိုက္ဆံအိတ္ထဲက ေငြသားတခ်ိဳ႕ရယ္၊ အိမ္က စာအုပ္ေလးထဲညႇပ္ထားမိတဲ့ ဒီႏိုင္ငံသားအျဖစ္ မွတ္ပံုတင္ကတ္အေဟာင္းေလးရယ္၊ အဝတ္အစား အသံုးအေဆာင္တခ်ိဳ႕ရယ္၊ အဖိုးတန္တာဆိုလို႔ ဝတ္ထားမိတဲ့ နားကပ္၊ လက္ပတ္ႀကိဳးနဲ႔ နာရီရယ္ပါပဲ။
ေငြသားကိုက ျမန္မာေငြနဲ႔လဲလိုက္ၿပီး ေလာေလာဆယ္သံုးလို႔ရမယ္။ ၿပီးေတာ့ ကမ႓ာေတြးမိတာက သူတို႔ႏွစ္ေယာက္အတြက္ အလုပ္တစ္ခုေတာ့ လုပ္ရမယ္မဟုတ္လား။

ဦးႏိုင္ျပန္သြားၿပီးေတာ့

"သခင္၊ ကိုယ္တို႔က ဒီမွာပဲေနမွာမလား။"

"အင္း"

"ဟိုေလ ... ကိုယ့္ဆီမွာ ပညာအရည္အခ်င္းနဲ႔ပတ္သက္တဲ့ ဘာ certificate မွ ပါမလာဘူး။ အေဖ့အလုပ္မွာပဲလုပ္ေနေတာ့ အဲဒါေတြက အေမ့အိမ္မွာပဲက်န္ေနခဲ့တာ။ ဒီမွာလည္း ကိုယ္ ေက်ာင္းမေနဖူးဘူး။ အဲဒါ ကိုယ္အလုပ္လုပ္ဖို႔အတြက္ ပညာအရည္အခ်င္းနဲ႔မဆိုင္တဲ့ တစ္ေနရာရာ ရွာမွရမယ္။"

"ရွာေလ။"

"အဲဒါ သခင့္အတြက္ အဆင္ေျပပါ့မလား။"

"ဦးႏုိင္တို႔မိသားစုကလြဲရင္ မင္းကို ငါ့ေယာက္်ားလို႔ ဘယ္သူမွမသိဘူး။ သိစရာလည္းမလိုဘူး။ သူတို႔ကလည္း ေလၽွာက္ေျပာၾကမွာမဟုတ္လို႔ မင္းလည္းေျပာစရာမလိုဘူး။ ငါက ဦးႏိုင္ရဲ႕ေမြးစားသား၊ မင္းက ဦးႏိုင္ရဲ႕တူ။ ႏိုင္ငံျခားမွာ အတူတူအလုပ္လုပ္ျဖစ္လို႔ အခုျပန္လာေတာ့လည္း တစ္အိမ္တည္းေနျဖစ္တယ္လို႔ပဲ အသိေပးထားမွာ။"

"သခင္ အဆင္ေျပသလိုသာလုပ္ပါ။"

'သခင္ထားတဲ့ေနရာမွာ ေနပါ့မယ္။'

■■■

ဦးႏိုင္ကူရွာေပးထားလို႔ ကမ႓ာအလုပ္ရေနၿပီ။
အခုက စားေသာက္ဆိုင္ကေန အလုပ္ဆင္းၿပီးအိမ္ျပန္ဖို႔ ကမ႓ာအလ်င္လိုေနတာ။ ဒီညဆိုင္သိမ္းတာေနာက္က်လို႔ ကမ႓ာအိမ္ျပန္ေရာက္ေတာ့ သန္းေခါင္ေက်ာ္တစ္ခ်က္တီး။ သခင့္အခန္းက ၿငိမ္ေနၿပီမို႔ အိပ္ေနၿပီထင္ပါရဲ႕။ မနက္ကို ခ်က္ဖို႔ျပဳတ္ဖို႔ကလည္း ရွိေသးေတာ့ ကမ႓ာနားမွျဖစ္မယ္။ အိမ္မွာ စားေရးေသာက္ေရးကိုပါ ကမ႓ာတာဝန္ယူထားတယ္မဟုတ္လား။ အရင္ကထက္ မီးဖိုေခ်ာင္နဲ႔ ပိုအကၽြမ္းဝင္လာခဲ့ၿပီ။

မနက္ေျခာက္နာရီ။
ကမ႓ာအိပ္ရာႏိုးလာၿပီး မီးဖိုေခ်ာင္ထဲအလုပ္ေတြ႐ႈပ္ေနရင္း ေရကန္ထဲေရေမာင္းျဖည့္ထားလိုက္တယ္။ ဒါၿပီးရင္ အဝတ္ေလၽွာ္စရာရွိေသးတယ္။ စက္နဲ႔ပဲမို႔ သိပ္ပင္ပန္းတဲ့အလုပ္ေတာ့ မဟုတ္ပါ။ ခ်က္ျပဳတ္ေလၽွာ္ဖြတ္လို႔ ေရခ်ိဳးျပင္ဆင္ၿပီးေတာ့ ခုနစ္နာရီခြဲ။ ရွစ္နာရီေလာက္ အိမ္ကထြက္မွ အလုပ္ကို ကိုးနာရီမထိုးခင္ေရာက္မယ္။ မနက္ကိုးနာရီကေန ညေနငါးနာရီအထိက အမ်ိဳးသားအသံုးအေဆာင္ေတြ သီးသန္႔ေရာင္းတဲ့ဆိုင္တစ္ဆိုင္မွာ အလုပ္ရထားတယ္။ ညေနေျခာက္နာရီကိုေတာ့ စားေသာက္ဆိုင္ကိုအေရာက္။ ဆိုင္ပိတ္မွ အိမ္ျပန္။

အလုပ္ဝင္ၿပီးတစ္လျပည့္မွ လစာဆိုတာရမွာမို႔ အခုတစ္လအတြင္းအသံုးစရိတ္အတြက္ ကမ႓ာဝတ္လာတဲ့နားကပ္ကို ေရာင္းလိုက္တယ္။ စိန္သန္႔သန္႔တစ္စံုမို႔ ေလာေလာဆယ္ေတာ့ ေငြအတြက္ပူစရာမလို။ ပူရတာက ေနာက္ပိုင္းလေတြမွာ ဘယ္လိုစခန္းသြားရမလဲဆိုတာပါ။ အလုပ္ႏွစ္ခုကရမယ့္ သိပ္မမ်ားလွတဲ့လစာကို သခင့္လက္ထဲဘယ္လိုထည့္ရမလဲ။ သခင့္ဘာသာ သံုးစရာရွိေနမွာသိေပမဲ့ အစစအရာရာ ကမ႓ာတာဝန္ယူခ်င္မိတာ အက်င့္ပါေနခဲ့ၿပီ။ ဟိုမွာတုန္းက ကမ႓ာတစ္ေယာက္တည္းရဲ႕ဝင္ေငြနဲ႔တင္ သာသာယာယာေနလို႔ရတဲ့အျပင္ ႏွစ္ေယာက္လံုးဝင္ေငြရွိေနေတာ့ အားလံုးက အဆင္ေျပေနခဲ့တာ။ အကၽြမ္းမဝင္ေသးတဲ့ေနရာမွာ အစပိုင္းေတာ့ အေျခအေနၾကည့္ရဦးမွာမို႔ ကမ႓ာသက္ျပင္းသာခ်မိတယ္။

"သခင့္ကိုႏႈိးရမယ္။ သခင္၊ သခင္ေရ၊ ခုနစ္နာရီခြဲၿပီဗ်။ မနက္စာျပင္ၿပီးၿပီ။"

အခန္းတံခါးကိုထုၿပီး ႏႈိးေနတာမို႔ အထဲကေန သခင္လွမ္းေအာ္လိုက္တယ္။

"ႏိုးၿပီ ေဟ့ေကာင္။"

တံခါးကိုဆြဲဖြင့္ၿပီး သခင္ထပ္ေအာ္တာက

"တံခါးကို ဘာလို႔အတင္းထုေနတာလဲ။"

"အဟီး။ အဲဒါမွ သခင္ထြက္လာမွာေလ။ အလုပ္မသြားခင္ သခင့္မ်က္ႏွာေလးေတာ့ ျမင္သြားခ်င္တာေပါ့။"

"သြားေတာ့ကြာ။ go!"

"သြားၿပီေနာ္။ မနက္စာက စားပြဲေပၚမွာ အဆင္သင့္ပဲသိလား။"



"ဘာေတြလဲ ဦးႏိုင္။"

"မင္းတို႔အိမ္နဲ႔ပတ္သက္သမၽွ စာရြက္စာတမ္းေတြေလ။"

"ဪ"

"အဲဒါ မင္း သိမ္းထားဖို႔။"

"ဗ်ာ၊ အဲဒါ သခင့္အပိုင္ပဲကို။"

"အရင္ကတည္းက အဲဒီ့အိမ္ဘက္ကို ရာေလးက ေျခဦးလွည့္ခဲတယ္။ သူငယ္ငယ္တုန္းကေတာ့ ဦးႏိုင္ အဲဒီ့အိမ္ေလးကို အိမ္ငွားတင္ထားၿပီး ရတဲ့ေငြကို စုထားေပးခဲ့တာ။ ရာေလးအလုပ္ရေတာ့မွ အိမ္ေလးကို ဒီတိုင္းပဲထားၿပီး အရင္ပံုစံအတိုင္းေလး ဆက္ျပဳျပင္ထားခဲ့တာေပါ့။ အိမ္နဲ႔ပတ္သက္သမၽွ သူ႔ကိုဘာမွေျပာလို႔မရဘူး။ သူ႔အေဖကိုပဲ သတိရေနမိလို႔ထင္ပါတယ္။ အခုမွ ဆိုင္းမဆင့္ဗံုမဆင့္ ျပန္လာမယ္ေျပာၿပီး အဲဒီ့မွာေနမယ္ဆိုေတာ့ ဦးႏိုင္အံ့ဩေနခဲ့တာ။"

"ဦးေလးဆံုးသြားၿပီးကတည္းက သခင္က အဲဒီ့အိမ္မွာ တစ္ခါမွ ျပန္မေနခဲ့ဘူးေပါ့။"

"အထက္တန္းၿပီးသြားေတာ့ ခဏျပန္ေနေသးတယ္။ ေရာက္ရင္လည္း မ်က္ႏွာမေကာင္းဘူး။ အရင္က သူတစ္ေယာက္တည္းပိုင္တာမို႔ သူမထိေတာ့ ဦးႏိုင္ပဲထိန္းသိမ္းထားခဲ့တာ။ အခုက မင္းေရာက္လာၿပီဆိုေတာ့ ..."

"ဟာ၊ မဟုတ္တာ။ ဦးႏိုင္ပဲ ဆက္သိမ္းထားပါ။"

"မင္းကသက္ဆိုင္သူမို႔ မင္းမွာ ထိန္းသိမ္းရမယ့္တာဝန္ရွိတယ္ေလ။"

"သခင္က ... သူက ... မႀကိဳက္ေလာက္ဘူးထင္တယ္။"

"ကမ႓ာ့ကို စာရြက္စာတမ္းေတြေပးလိုက္မယ္ဆိုေတာ့ သူဘာမွမေျပာဘူး။ သိမ္းထားလိုက္ပါ။"

"ဘာမွမေျပာဘူးလား။ သူ ကၽြန္ေတာ့္ကို အရမ္းစိတ္ဆိုးေနတာေလ။"

"ရာေလးက အေတးအမွတ္ႀကီးတယ္ကြယ္။ ေခါင္းလည္းမာတယ္။ သူဆံုးျဖတ္ၿပီးသားကိစၥဆိုရင္ သူ႔ကိုယ္သူထိခိုက္မယ္ဆိုရင္ေတာင္ ဘယ္ေတာ့မွ ဆံုးျဖတ္ခ်က္မျပင္တတ္ဘူး။ အဲဒီ့အက်င့္ေလးေတြကို မင္းလည္းသိမွာပါကြယ္။"

"ဟုတ္"

"ဦးႏိုင္ကေတာ့ ဘယ္သူ႔ကိုမွ မထိခိုက္ေစခ်င္ဘူး။ ေျပာေနက်စကားပဲ ထပ္ေျပာရမွာပဲ။ ရာေလးကို ဆက္ၿပီးသည္းခံေပးပါ။ အခုထိသည္းခံၿပီး သူ႔အနားေနလာေပးတာကိုလည္း ေက်းဇူးတင္ပါတယ္။ သူ႔ဘဝက သိပ္အထီးက်န္ခဲ့တာ။"

"သခင္ အျမဲေျပာတတ္တယ္။ ဦးႏိုင္တို႔မိသားစုနဲ႔ေနရတာ သူ႔အတြက္ကံေကာင္းတာတဲ့။"

"ဦးႏိုင္တို႔နဲ႔ေနရတာ သူေပ်ာ္ပါတယ္။ ဒါေပမဲ့ကြယ္၊ မတူဘူးေပါ့။ အရင္ကေတာ့ သူ႔အေဖက သူ႔အတြက္ တစ္ဦးတည္းေသာမိသားစုဝင္ေလ။ အခုကေတာ့ မင္းေပါ့။ အဲဒါေၾကာင့္ သူနဲ႔သက္ဆိုင္သမၽွ မင္းနဲ႔လည္းဆိုင္တယ္ေလ လူေလးရဲ႕။"

ဦးႏိုင္စကားေၾကာင့္ ကမ႓ာ့ရင္ထဲ တစ္မ်ိဳးေလးခံစားရၿပီး ရင္ဘတ္ထဲ ေႏြးေႏြးေလးျဖစ္လာရတယ္။

"ဟုတ္ကဲ့၊ ကၽြန္ေတာ္သေဘာေပါက္ပါၿပီ။ ဦးႏိုင္စိတ္ခ်ပါ။ သခင္မၾကည္ျဖဴရင္ေတာင္ သူ႔အတြက္အျမဲရွိေနေပးမယ့္ မိသားစုဝင္တစ္ေယာက္အျဖစ္ ကၽြန္ေတာ္ရွိေနေပးမွာပါ။"

"ဦးႏိုင္ ယံုပါတယ္။ မင္းမိသားစုေတြေရာ ဘယ္လိုလုပ္မယ္စိတ္ကူးလဲ။"

"အာ ... အခုေလာေလာဆယ္ေတာ့ သခင့္ကိုကတိေပးထားတဲ့အတိုင္း ဆက္သြယ္လို႔မျဖစ္ေသးပါဘူး ဦးႏိုင္ရယ္။ အခ်ိန္ေတြေစာင့္ၾကည့္ၿပီးမွပဲ တစ္မ်ိဳးေတြးရမွာေပါ့။"

မသိမသာေခါင္းငံု႔သြားၿပီး ေျဖလာတဲ့ ကမ႓ာက သူကိုယ္တိုင္လည္း စိတ္မေကာင္းျဖစ္ေနတာေတာင္ သူ႔ေၾကာင့္နဲ႔ တျခားသူကို စိတ္အေႏွာင့္အယွက္မျဖစ္ေစခ်င္တဲ့ ပံုစံမ်ိဳးလို႔ ဦးရဲႏိုင္ထင္မိတယ္။
ရာေလးကို အေတာ္ေလးခ်စ္ရွာတာလည္း ေဘးကေန အတိုင္းသားျမင္ေနရပါတယ္။

"စိတ္မေကာင္းျဖစ္စရာဆိုေပမဲ့ ဦးႏိုင္တို႔လည္း မိသားစုဝင္ေတြျဖစ္လာၿပီပဲ။ လိုအပ္တိုင္းမွာ ဘာမဆိုေျပာႏိုင္တယ္ ကမ႓ာ။ ဟုတ္ၿပီလား။"

"ဟုတ္၊ ဦးႏိုင္။ ေက်းဇူးတင္ပါတယ္။"

ဦးႏိုင္က ေမးေအးခ်မ္းခ်မ္းျပံဳးျပၿပီး ေခါင္းညိတ္ျပလာတာမို႔ ကမ႓ာ့စိတ္ထဲ ၿငိမ္းခ်မ္းသြားရတယ္။ သခင့္အုပ္ထိန္းသူဆီက ယံုၾကည္မႈခံရတာဟာ ကမ႓ာ့အတြက္ေတာ့ ေလဟာနယ္ထဲလမ္းေလၽွုာက္ရသလို ေအာက္ေျခလြတ္သြားေစတယ္မဟုတ္လား။

■■■ Part (34) ဆက္ရန္ ■■■

သခင့်အတိတ်

Earth
ဒီနာမည်ကို သခင်ရင်းနှီးနေခဲ့တာ တော်တော်ကြာခဲ့ပြီ။ ပြောရရင် သူတစ်ယောက်တည်းကိုတော့ မဟုတ်ဘူးပေါ့။ Sun, Earth, Wily နဲ့ Day, Oswalds မိသားစုက သားသမီးတွေ။ အဖေ့ကားရှေ့ကို Sun ရောက်လာပြီး အဖေ့ကို သခင့်ဘဝထဲကဆွဲထုတ်သွားတယ်။ သူတို့ရှိနေတဲ့ အမေရိကကိုလိုက်သွားပြီး တစ်ခုခုတုံ့ပြန်ဖို့အတွက် စီစဉ်နေခဲ့တာ အထမြောက်တော့မယ်။ Sun က တက္ကသိုလ်တစ်ခုမှာ ဆရာဖြစ်ဖို့ကြိုးစားနေတယ်ဆိုလား။

'ခင်ဗျားဘဝ သေချာအခြေကျပြီးမှ ပြိုလဲသွားရင် ပိုအထိနာမှာမဟုတ်လား။ သေချာအခြေကျအောင်နေပါ Elio.'

အဲဒီ့မှာခင်ခဲ့တဲ့ သူငယ်ချင်းတချို့နဲ့လည်း အွန်လိုင်းကနေ အဆက်အသွယ်မပြတ်ရှိနေရင်း ခပ်သွက်သွက်သူငယ်ချင်းမလေးရဲ့ ရည်းစားကောင်လေးနဲ့ပါ ခင်နေခဲ့ရာက သူတို့ပြတ်သွားတော့ ကောင်လေးက သခင့်ကိုရင်လာဖွင့်ခဲ့တယ်။ တစ်ခါပဲမြင်ဖူးသူနဲ့ပါ အရမ်းခင်သွားပြီးနောက် အဲဒီ့ကောင်လေးရဲ့သူငယ်ချင်းအဖြစ်နဲ့ Earth ဆိုတဲ့နာမည်က သခင့်ရှေ့ကိုရောက်လာခဲ့ခြင်း။

နာမည်တူတာလို့ပဲ သဘောထားမိရာက friend request ထဲရောက်လာတဲ့အချိန်မှာ သူ့ရဲ့ profile ထဲ ဝင်ကြည့်လိုက်တော့ တိုက်ဆိုင်မှုတွေကို အံ့ဩမိတယ်။ ဒီ Earth က သူသိတဲ့ Sun ရဲ့ညီ Angus Oswald ပဲ။ ဒီအတိုင်းလေးပဲထားလိုက်မိတဲ့ Earth ဆိုတဲ့မြေကမ္ဘာကတော့ သခင့် friend list ထဲက သူနဲ့တိုက်ဆိုင်နိုင်မယ့်တချို့ကို add ထားခဲ့ပြီဆိုတာ အဲဒီ့တုန်းက သခင်မသိလိုက်ပါ။ နောက်ပိုင်းတွေမှာလည်း ကမ္ဘာနဲ့သူ့သူငယ်ချင်းတွေ အချင်းချင်း tag တွဲတိုင်း သခင့်ဆီမှာ တွေ့နေရတတ်တယ်။ Mutual friends တွေရှိနေတာမို့ tag တိုင်းမြင်နေရတာ မမြင်ချင်မှအဆုံး။

အလုပ်ကိစ္စနဲ့ပတ်သက်ပြီး သခင်နဲ့ရင်းနှီးဖူးသူ Suzy က ကမ္ဘာ့ရဲ့ မိုးရာသီလွမ်းချင်း post တစ်ခုမှာ သခင်နဲ့ထိုင်းကကောင်မလေးတစ်ယောက်ကို mention ခေါ်ရာကနေ ကမ္ဘာကပါဝင်ရေးရင်းနဲ့ နောက်ဆုံး private conversation ထဲအထိ ရောက်လာခဲ့ပြီး သူ့ရဲ့ friend request ကိုသခင်လက်ခံခဲ့လို့ သခင်နဲ့ကမ္ဘာ စတင်ရင်းနှီးခဲ့ကြပါတော့တယ်။
အဲဒီ့ကတည်းက ကမ္ဘာက သခင်လို့ပဲခေါ်ခဲ့တာမို့ ထူးဆန်းနေမိသေးတာ။

.

သခင်၊ video call ခေါ်လို့ရလား။

ရင်းနှီးလာပြီး နှစ်လလောက်အကြာမှာ သခင်တို့ ညဘက်စာတွေပို့နေရင်း ကမ္ဘာကတောင်းဆိုလာတယ်။ ကမ္ဘာ့ဘက်မှာတော့ ညဘက်မဟုတ်ဘူးပေါ့။

ဘာအရေးကြီးလို့လဲ။

သခင့်ကို မြင်ချင်လာလို့။

ငါက ဒီဘက်မှာ တခြားသူငယ်ချင်းတွေနဲ့လည်း စကားပြောနေတာ။

သခင် မြန်မြန်ကျောင်းလာတက်ပါတော့။

ဟား ဟား၊ ဘယ်လိုတွေဖြစ်ပြန်ပြီလဲကွာ။

တွေ့ချင်တယ်။ မြင်ချင်တယ်။ ဖြစ်နိုင်ရင် အနားမှာခေါ်ထားချင်တယ်။

ဘာတွေဖောက်နေတာလဲ။

ဘာမှမဖောက်ဘူး။ အခု မအားတော့ဘူး။ နောက်မှတွေ့မယ်။

ဪ၊ အေး။

ဒီကောင်လေးက အထူးအဆန်းတွေလုပ်နေလို့ သခင်တွေးမိတယ်။ ဓာတ်ပုံတွေလည်း ပလူပျံအောင်ကိုမြင်ဖူးနေတာကို video call မပြောနိုင်သေးဘူးဆိုတာနဲ့ ချက်ချင်းဆင်းသွားတာက ကလေးဆန်တယ်ပေါ့။
သူ့အပြောအဆိုတွေအရ ဖွင့်မပြောပေမဲ့သိနိုင်တာက သခင့်ကို စိတ်ဝင်စားနေတယ်ဆိုတာပါပဲ။ ဒီလိုဆိုတော့လည်း သခင့်အကြံအတွက် ပိုနီးတဲ့လမ်းကြောင်းတစ်ခုကို ရတာပဲမို့ ရေလိုက်ငါးလိုက်နေဖို့ပဲ သခင်ဆုံးဖြတ်ခဲ့ပြီးသား။



အလုပ်ကိစ္စ အဆင်ပြေပါတယ်။ ယောက်ျားချင်းပိုင်းလုံးလုပ်တယ်ဆိုတဲ့ ဦးစိုင်းမော်ရဲ့နောက်အိမ်ထောင်က စွပ်စွဲခဲ့ခြင်းတွေကို လစ်လျူရှုနိုင်ခဲ့ချိန်မှာပေါ့။ ကိုယ့်ဘက်အသိုင်းအဝိုင်းက ကိုယ့်အကျင့်စာရိတ္တနဲ့ပတ်သက်ပြီး ယုံကြည်ပေးခဲ့ကြတဲ့အထိ သခင်အနေတည်ခဲ့တာမို့ အားလုံးကအဆင်ပြေသွားခဲ့တယ်။ ဦးစိုင်းမော်ဘက်ကလည်း ဘယ်လိုတွေဖြေရှင်းလိုက်တယ်မသိ။ သူ့အမျိုးသမီးကိုယ်တိုင်က အထင်မှားမိတာပါလို့ ဖြေရှင်းလာခဲ့တယ်။ အရာရာက အဆင်ပြေချောမွေ့သွားခဲ့ပြီ။

အလုပ်ကနေလွှတ်မယ့် Perfume Chemist နေရာအတွက် သခင် အများကြီးကြိုးစားခဲ့ရတယ်။ ရုံးချုပ်မှာနေရာရခဲ့ရင် သခင့်ရည်ရွယ်ချက်အတွက် အခွင့်အလမ်းတွေရနိုင်ပြီ။ သခင့်လို မိသားစုအနှောင်အတွယ်လည်းမရှိ၊ လုပ်ရည်ကိုင်ရည်ကောင်းပြီး ကြိုးစားတဲ့သူတစ်ယောက်ကို ဘယ်သူကမှငြင်းမယ်တော့မထင်ပါ။ အလားအလာရှိတဲ့သူတွေထဲမှာ သခင်ကထိပ်ဆုံးကပြေးနေတာမို့ ရုံးချုပ်ကနေရာဟာ သခင့်အတွက်ပါပဲ။

အလုပ်ကိစ္စနဲ့ပတ်သက်ပြီး ရုံးချုပ်ကဝန်ထမ်းတစ်ယောက်နဲ့ သခင် ဆက်သွယ်စကားပြောနေတုန်းမှာ online ဖြစ်နေတဲ့ Facebook account ထဲ အသံတွေမြည်နေတယ်။ ဖုန်းကိုအသံပိတ်လိုက်ပြီး အလုပ်ကိစ္စပြီးတော့မှ ပြန်ကြည့်ဖြစ်တယ်။ ရုံးချုပ်ကိုခဏသွားခဲ့ကြတုန်းက သိခဲ့ကြတဲ့တစ်ယောက်ရဲ့ post မှာ တစ်ယောက်တစ်ပေါက်တွေဝင်ပြောရင်း သခင့်နာမည်ကိုပါ mention ထားတာမို့ တစ်တောင်တောင်မြည်နေတာပါ။ ဒါနဲ့ပဲ ...

What's up!

Za, when will you come here?

It's not sure.

Sure. It's you.

တကယ်ပဲ သူ့ကိုရွေးလိုက်ပြီလားလို့ သခင်တွေးရင်း စိတ်လှုပ်ရှားမိတယ်။ အချိန်ကွာဟချက်အရ တစ်ဖက်လူတွေကသိရချိန်မှာ ဒီမှာကညဘက်မို့ မနက်ရုံးကိုရောက်မှ သေချာသိရမှာပါ။

Mention ထားတဲ့ comment ထဲ 'what's up' လို့ reply ပြန်မိတာကို message box ကနေ စကားပြန်လာခဲ့တာ ကိုယ်ကသေချာနေပြီတဲ့။
Post မှာက ဝန်ထမ်းအသစ်လေးကို ကြိုဆိုပါတယ်လို့ပဲ ရေးထားခဲ့တာ။ အတူတူနာမည်ထွက်ထားသူတွေကို အားနာရတာမို့ သီးသန့်စာပို့ပြီးသာ လာပြောပုံပါပဲ။ ဒီညတော့ အိပ်ပျော်မယ်မထင်ပါ။

ရင်ခုန်နေတုန်း တီခနဲဝင်လာတဲ့ စာတစ်စောင်။

Congratulations! 🎈🎉🎊

ပူစီဖောင်းတွေ၊ confetti တွေနဲ့ emoji တွေသီတန်းပြီး ရောက်ချလာတဲ့ ဂုဏ်ပြုစကားလေးတစ်ခွန်း။

ဘာတွေလဲ။

ဒီဘက်ကို လာရတော့မယ်ဆို။

မသေချာပါဘူးကွာ။

သူတို့ကတောင် အခိုင်အမာပြောနေကြပြီမလား။

မင်းက ဘယ်လိုသိတာလဲ။

ကမ္ဘာပါဗျ။ သိတာပေါ့၊ ဟဲဟဲ။ ဘာမှမဟုတ်ဘူး၊ comments တွေဝင်ဖတ်ကြည့်တာ။

မနက်ဖြန်မှ confirm ဖြစ်မှာ။

ဘာပဲပြောပြော ကိုယ်ပျော်တယ်။ သခင် ဒီကိုရောက်လာတော့မယ်။

စာကျပြီးရင်တောင် ဒီမှာနည်းနည်းကြာဦးမှာကို။

မသိဘူး၊ ပျော်တယ်။

မင်းကတော့လေ။

သခင်နဲ့နီးခွင့်ရဖို့အရေး ကမ္ဘာ့ဘက်က အဲဒီ့လောက်အထိ လှုပ်လှုပ်ရှားရှားဖြစ်နေတာကို သခင်အံဩမိတယ်။ ကျောင်းသွားမတက်ခင်မှာကတည်းက ကမ္ဘာဖွင့်ပြောလို့ တွဲကြည့်ဖို့အဖြေပေးခဲ့ရာက အခုဆို လက်ထပ်ဖို့အထိရည်ရွယ်ပါတယ်လို့ ကမ္ဘာ့ဘက်က အဆင့်တက်လာခဲ့ပြီ။

■■■

ကမ္ဘာ့ပစ္စုပ္ပန်

ဒါက သခင်နဲ့သခင့်အဖေ အတူတူနေခဲ့တဲ့အိမ်လေးတဲ့။ ကမ္ဘာ အိမ်ထဲဝင်ဖို့ကို တွန့်ဆုတ်နေမိတယ်။ နံရံပေါ်က သခင့်အဖေဖြစ်သူရဲ့ပုံက ကမ္ဘာ့ကို အနေကျုံ့စေတယ်။

"ဟိုအခန်းမှာ မင်းနေရမှာ။"

သခင်ပြတဲ့အခန်းဆီ အထုပ်အပိုးတွေသယ်ခဲ့ပြီး ဝင်လာလိုက်တော့ ခုတင်နဲ့ဗီရိုအလွတ်တစ်လုံးကလွဲလို့ ဘာမှမရှိတဲ့အခန်းလေးက ဖုန်နည်းနည်းရှိနေတာမို့ အပြင်ပြန်ထွက်ပြီး လှည်းကျင်းဖို့တံမြက်စည်းရှာနေတုန်း တခြားအခန်းတစ်ခုကနေ သခင်ထွက်လာကာ

"နောက်ဖေးမှာ တံမြက်စည်းရှိတယ်။"

"ဟုတ်။ သခင့်အခန်းကရော။"

"ငါ့အခန်းက အဆင်သင့်ပဲ။ မင်းအခန်းရှင်းပြီးရင် ငါ့ဆီမှာ အိပ်ရာခင်းတွေ၊ စောင်တွေ လာယူလိုက်။"

အားလုံးရှင်းပြီးတော့ ကမ္ဘာ့တစ်ကိုယ်လုံး ဖုန်တွေ၊ ချွေးတွေနဲ့။ လေယာဉ်စီးလာရတဲ့အချိန်ကလည်း နည်းတာမဟုတ်။ ဒီရောက်ရောက်ချင်းလည်း မနားရ။ တစ်အိမ်လုံးမှာ ဒီအခန်းပဲရှင်းမထားတာလား။ ကြမ်းတိုက်ထားတဲ့ အဝတ်စိုနဲ့ရေပုံးကိုယူပြီး အပြင်ထွက်လာတော့ အိမ်ထဲဝင်လာတဲ့ ဦးလေးကြီးတစ်ယောက်။

"မင်းက မြေကမ္ဘာထင်တယ်။ ဦးလေးက ဦးနိုင်ပါ။"

ဦးနိုင်၊ သခင့်ရဲ့မွေးစားအဖေ။ ကမ္ဘာ့ကို အပြုံးနဲ့နှုတ်ဆက်လာတဲ့ဦးနိုင်က ကမ္ဘာတို့ကိစ္စတွေကို သိသင့်သလောက်တော့ သိနေခဲ့မလား။

"ဟုတ်၊ ကျွန်တော် မြေကမ္ဘာပါ။ တွေ့ရတာဝမ်းသာပါတယ် ဦးနိုင်။ အဲ၊ လက်တွေပေနေတယ်။"

နှုတ်ဆက်ဖို့ လက်နှစ်ဖက်ကမ်းပြီးမှ ဖုန်တွေပေနေတဲ့လက်တွေကို ပြန်ရုတ်မယ်လုပ်တော့ ဦးနိုင်က လက်တစ်ဖက်ကိုလှမ်းဆွဲပြီး ကမ္ဘာ့ပခုံးကိုလည်းပုတ်ရင်း

"ရောက်ရောက်ချင်း ပင်ပန်းနေပြီပေါ့။ ရာလေးကို နည်းနည်းတော့သည်းခံပေးပါကွယ်။"

"ရပါတယ် ဦးနိုင်။ ကျွန်တော်က မှားခဲ့တာပါ။"

"ဦးနိုင်"

"သား"

"ဦးနိုင်ကို လွမ်းလိုက်တာ။"

ပြောလည်းပြော၊ ဖက်လည်းဖက်ရင်း အသံတွေကလည်း တုန်ခါလာတဲ့သခင့်ကြောင့် ကမ္ဘာ အကြောင်သားငေးကြည့်နေမိတယ်။ နောက်ဖေးဘက်ကနေထွက်လာပြီး ဦးနိုင်ကိုပြေးဖက်တဲ့ သခင့်ပုံစံက ကလေးတစ်ယောက်လို။ နံရံမှာချိတ်ထားတဲ့ ဦးမြင့်မြတ်မင်းပုံဆီ ကမ္ဘာအကြည့်ရောက်မိရင်း သခင်သာ အဖေဖြစ်သူနဲ့အတူနေရရင် အခုထက်ပိုပျော်နေနိုင်မှာပဲလို့ အတွေးရောက်မိတော့ ကမ္ဘာစိတ်ထဲမကောင်း။ ပုံးတွေ၊ တံမြက်စည်းတွေကို နောက်ဖေးဘက်ပို့ဖို့ ကမ္ဘာထွက်လာလိုက်တော့ သခင်ကလှမ်းအော်တယ်။

"မြန်မြန်သိမ်းပြီး မြန်မြန်ပြန်ထွက်ခဲ့။"

"ဟုတ်"

သခင်ဘာပြောမယ်မှန်းမသိလို့ ရေပုံးထဲကရေတွေကို နောက်ဖေးပေါက်ကနေသွန်ပြီး ရေချိုးခန်းလေးထဲမှာ ခြေလက်ဆေးလို့ ကမ္ဘာပြန်ထွက်လာလိုက်တယ်။ သခင်နဲ့ဦးနိုင်က ဧည့်ခန်းမှာထိုင်လို့။

"လာလေ ကမ္ဘာ။ ဦးနိုင် ပြောစရာလေးရှိလို့။"

ကမ္ဘာဝင်ထိုင်တော့ ဦးနိုင်ရှင်းပြလာတယ်။
သခင်က ဦးနိုင်တို့အိမ်ထောင်စုစာရင်းမှာ ဦးနိုင်ရဲ့သားအဖြစ်နဲ့ မိသားစုဝင်ဖြစ်နေတာမို့ ကမ္ဘာ့ကိုလည်း ဦးနိုင်ရဲ့တူအဖြစ်နဲ့ စာရင်းသွင်းဖို့ပေါ့။

"ဟုတ်၊ ဦးနိုင်။ အဆင်ပြေသလိုလုပ်ပါ။"

"မှတ်ပုံတင်က ..."

"ကျွန်တော့်မှာ ဆယ်နှစ်တုန်းကလုပ်ထားတဲ့ အဟောင်းတော့ ပါလာတယ်။"

"အဲဒါဆို ပိုမြန်တာပေါ့။"

လောလောဆယ် ကမ္ဘာ့မှာပါလာတာက ပိုက်ဆံအိတ်ထဲက ငွေသားတချို့ရယ်၊ အိမ်က စာအုပ်လေးထဲညှပ်ထားမိတဲ့ ဒီနိုင်ငံသားအဖြစ် မှတ်ပုံတင်ကတ်အဟောင်းလေးရယ်၊ အဝတ်အစား အသုံးအဆောင်တချို့ရယ်၊ အဖိုးတန်တာဆိုလို့ ဝတ်ထားမိတဲ့ နားကပ်၊ လက်ပတ်ကြိုးနဲ့ နာရီရယ်ပါပဲ။
ငွေသားကိုက မြန်မာငွေနဲ့လဲလိုက်ပြီး လောလောဆယ်သုံးလို့ရမယ်။ ပြီးတော့ ကမ္ဘာတွေးမိတာက သူတို့နှစ်ယောက်အတွက် အလုပ်တစ်ခုတော့ လုပ်ရမယ်မဟုတ်လား။

ဦးနိုင်ပြန်သွားပြီးတော့

"သခင်၊ ကိုယ်တို့က ဒီမှာပဲနေမှာမလား။"

"အင်း"

"ဟိုလေ ... ကိုယ့်ဆီမှာ ပညာအရည်အချင်းနဲ့ပတ်သက်တဲ့ ဘာ certificate မှ ပါမလာဘူး။ အဖေ့အလုပ်မှာပဲလုပ်နေတော့ အဲဒါတွေက အမေ့အိမ်မှာပဲကျန်နေခဲ့တာ။ ဒီမှာလည်း ကိုယ် ကျောင်းမနေဖူးဘူး။ အဲဒါ ကိုယ်အလုပ်လုပ်ဖို့အတွက် ပညာအရည်အချင်းနဲ့မဆိုင်တဲ့ တစ်နေရာရာ ရှာမှရမယ်။"

"ရှာလေ။"

"အဲဒါ သခင့်အတွက် အဆင်ပြေပါ့မလား။"

"ဦးနိုင်တို့မိသားစုကလွဲရင် မင်းကို ငါ့ယောက်ျားလို့ ဘယ်သူမှမသိဘူး။ သိစရာလည်းမလိုဘူး။ သူတို့ကလည်း လျှောက်ပြောကြမှာမဟုတ်လို့ မင်းလည်းပြောစရာမလိုဘူး။ ငါက ဦးနိုင်ရဲ့မွေးစားသား၊ မင်းက ဦးနိုင်ရဲ့တူ။ နိုင်ငံခြားမှာ အတူတူအလုပ်လုပ်ဖြစ်လို့ အခုပြန်လာတော့လည်း တစ်အိမ်တည်းနေဖြစ်တယ်လို့ပဲ အသိပေးထားမှာ။"

"သခင် အဆင်ပြေသလိုသာလုပ်ပါ။"

'သခင်ထားတဲ့နေရာမှာ နေပါ့မယ်။'

■■■

ဦးနိုင်ကူရှာပေးထားလို့ ကမ္ဘာအလုပ်ရနေပြီ။
အခုက စားသောက်ဆိုင်ကနေ အလုပ်ဆင်းပြီးအိမ်ပြန်ဖို့ ကမ္ဘာအလျင်လိုနေတာ။ ဒီညဆိုင်သိမ်းတာနောက်ကျလို့ ကမ္ဘာအိမ်ပြန်ရောက်တော့ သန်းခေါင်ကျော်တစ်ချက်တီး။ သခင့်အခန်းက ငြိမ်နေပြီမို့ အိပ်နေပြီထင်ပါရဲ့။ မနက်ကို ချက်ဖို့ပြုတ်ဖို့ကလည်း ရှိသေးတော့ ကမ္ဘာနားမှဖြစ်မယ်။ အိမ်မှာ စားရေးသောက်ရေးကိုပါ ကမ္ဘာတာဝန်ယူထားတယ်မဟုတ်လား။ အရင်ကထက် မီးဖိုချောင်နဲ့ ပိုအကျွမ်းဝင်လာခဲ့ပြီ။

မနက်ခြောက်နာရီ။
ကမ္ဘာအိပ်ရာနိုးလာပြီး မီးဖိုချောင်ထဲအလုပ်တွေရှုပ်နေရင်း ရေကန်ထဲရေမောင်းဖြည့်ထားလိုက်တယ်။ ဒါပြီးရင် အဝတ်လျှော်စရာရှိသေးတယ်။ စက်နဲ့ပဲမို့ သိပ်ပင်ပန်းတဲ့အလုပ်တော့ မဟုတ်ပါ။ ချက်ပြုတ်လျှော်ဖွတ်လို့ ရေချိုးပြင်ဆင်ပြီးတော့ ခုနစ်နာရီခွဲ။ ရှစ်နာရီလောက် အိမ်ကထွက်မှ အလုပ်ကို ကိုးနာရီမထိုးခင်ရောက်မယ်။ မနက်ကိုးနာရီကနေ ညနေငါးနာရီအထိက အမျိုးသားအသုံးအဆောင်တွေ သီးသန့်ရောင်းတဲ့ဆိုင်တစ်ဆိုင်မှာ အလုပ်ရထားတယ်။ ညနေခြောက်နာရီကိုတော့ စားသောက်ဆိုင်ကိုအရောက်။ ဆိုင်ပိတ်မှ အိမ်ပြန်။

အလုပ်ဝင်ပြီးတစ်လပြည့်မှ လစာဆိုတာရမှာမို့ အခုတစ်လအတွင်းအသုံးစရိတ်အတွက် ကမ္ဘာဝတ်လာတဲ့နားကပ်ကို ရောင်းလိုက်တယ်။ စိန်သန့်သန့်တစ်စုံမို့ လောလောဆယ်တော့ ငွေအတွက်ပူစရာမလို။ ပူရတာက နောက်ပိုင်းလတွေမှာ ဘယ်လိုစခန်းသွားရမလဲဆိုတာပါ။ အလုပ်နှစ်ခုကရမယ့် သိပ်မများလှတဲ့လစာကို သခင့်လက်ထဲဘယ်လိုထည့်ရမလဲ။ သခင့်ဘာသာ သုံးစရာရှိနေမှာသိပေမဲ့ အစစအရာရာ ကမ္ဘာတာဝန်ယူချင်မိတာ အကျင့်ပါနေခဲ့ပြီ။ ဟိုမှာတုန်းက ကမ္ဘာတစ်ယောက်တည်းရဲ့ဝင်ငွေနဲ့တင် သာသာယာယာနေလို့ရတဲ့အပြင် နှစ်ယောက်လုံးဝင်ငွေရှိနေတော့ အားလုံးက အဆင်ပြေနေခဲ့တာ။ အကျွမ်းမဝင်သေးတဲ့နေရာမှာ အစပိုင်းတော့ အခြေအနေကြည့်ရဦးမှာမို့ ကမ္ဘာသက်ပြင်းသာချမိတယ်။

"သခင့်ကိုနှိုးရမယ်။ သခင်၊ သခင်ရေ၊ ခုနစ်နာရီခွဲပြီဗျ။ မနက်စာပြင်ပြီးပြီ။"

အခန်းတံခါးကိုထုပြီး နှိုးနေတာမို့ အထဲကနေ သခင်လှမ်းအော်လိုက်တယ်။

"နိုးပြီ ဟေ့ကောင်။"

တံခါးကိုဆွဲဖွင့်ပြီး သခင်ထပ်အော်တာက

"တံခါးကို ဘာလို့အတင်းထုနေတာလဲ။"

"အဟီး။ အဲဒါမှ သခင်ထွက်လာမှာလေ။ အလုပ်မသွားခင် သခင့်မျက်နှာလေးတော့ မြင်သွားချင်တာပေါ့။"

"သွားတော့ကွာ။ go!"

"သွားပြီနော်။ မနက်စာက စားပွဲပေါ်မှာ အဆင်သင့်ပဲသိလား။"



"ဘာတွေလဲ ဦးနိုင်။"

"မင်းတို့အိမ်နဲ့ပတ်သက်သမျှ စာရွက်စာတမ်းတွေလေ။"

"ဪ"

"အဲဒါ မင်း သိမ်းထားဖို့။"

"ဗျာ၊ အဲဒါ သခင့်အပိုင်ပဲကို။"

"အရင်ကတည်းက အဲဒီ့အိမ်ဘက်ကို ရာလေးက ခြေဦးလှည့်ခဲတယ်။ သူငယ်ငယ်တုန်းကတော့ ဦးနိုင် အဲဒီ့အိမ်လေးကို အိမ်ငှားတင်ထားပြီး ရတဲ့ငွေကို စုထားပေးခဲ့တာ။ ရာလေးအလုပ်ရတော့မှ အိမ်လေးကို ဒီတိုင်းပဲထားပြီး အရင်ပုံစံအတိုင်းလေး ဆက်ပြုပြင်ထားခဲ့တာပေါ့။ အိမ်နဲ့ပတ်သက်သမျှ သူ့ကိုဘာမှပြောလို့မရဘူး။ သူ့အဖေကိုပဲ သတိရနေမိလို့ထင်ပါတယ်။ အခုမှ ဆိုင်းမဆင့်ဗုံမဆင့် ပြန်လာမယ်ပြောပြီး အဲဒီ့မှာနေမယ်ဆိုတော့ ဦးနိုင်အံ့ဩနေခဲ့တာ။"

"ဦးလေးဆုံးသွားပြီးကတည်းက သခင်က အဲဒီ့အိမ်မှာ တစ်ခါမှ ပြန်မနေခဲ့ဘူးပေါ့။"

"အထက်တန်းပြီးသွားတော့ ခဏပြန်နေသေးတယ်။ ရောက်ရင်လည်း မျက်နှာမကောင်းဘူး။ အရင်က သူတစ်ယောက်တည်းပိုင်တာမို့ သူမထိတော့ ဦးနိုင်ပဲထိန်းသိမ်းထားခဲ့တာ။ အခုက မင်းရောက်လာပြီဆိုတော့ ..."

"ဟာ၊ မဟုတ်တာ။ ဦးနိုင်ပဲ ဆက်သိမ်းထားပါ။"

"မင်းကသက်ဆိုင်သူမို့ မင်းမှာ ထိန်းသိမ်းရမယ့်တာဝန်ရှိတယ်လေ။"

"သခင်က ... သူက ... မကြိုက်လောက်ဘူးထင်တယ်။"

"ကမ္ဘာ့ကို စာရွက်စာတမ်းတွေပေးလိုက်မယ်ဆိုတော့ သူဘာမှမပြောဘူး။ သိမ်းထားလိုက်ပါ။"

"ဘာမှမပြောဘူးလား။ သူ ကျွန်တော့်ကို အရမ်းစိတ်ဆိုးနေတာလေ။"

"ရာလေးက အတေးအမှတ်ကြီးတယ်ကွယ်။ ခေါင်းလည်းမာတယ်။ သူဆုံးဖြတ်ပြီးသားကိစ္စဆိုရင် သူ့ကိုယ်သူထိခိုက်မယ်ဆိုရင်တောင် ဘယ်တော့မှ ဆုံးဖြတ်ချက်မပြင်တတ်ဘူး။ အဲဒီ့အကျင့်လေးတွေကို မင်းလည်းသိမှာပါကွယ်။"

"ဟုတ်"

"ဦးနိုင်ကတော့ ဘယ်သူ့ကိုမှ မထိခိုက်စေချင်ဘူး။ ပြောနေကျစကားပဲ ထပ်ပြောရမှာပဲ။ ရာလေးကို ဆက်ပြီးသည်းခံပေးပါ။ အခုထိသည်းခံပြီး သူ့အနားနေလာပေးတာကိုလည်း ကျေးဇူးတင်ပါတယ်။ သူ့ဘဝက သိပ်အထီးကျန်ခဲ့တာ။"

"သခင် အမြဲပြောတတ်တယ်။ ဦးနိုင်တို့မိသားစုနဲ့နေရတာ သူ့အတွက်ကံကောင်းတာတဲ့။"

"ဦးနိုင်တို့နဲ့နေရတာ သူပျော်ပါတယ်။ ဒါပေမဲ့ကွယ်၊ မတူဘူးပေါ့။ အရင်ကတော့ သူ့အဖေက သူ့အတွက် တစ်ဦးတည်းသောမိသားစုဝင်လေ။ အခုကတော့ မင်းပေါ့။ အဲဒါကြောင့် သူနဲ့သက်ဆိုင်သမျှ မင်းနဲ့လည်းဆိုင်တယ်လေ လူလေးရဲ့။"

ဦးနိုင်စကားကြောင့် ကမ္ဘာ့ရင်ထဲ တစ်မျိုးလေးခံစားရပြီး ရင်ဘတ်ထဲ နွေးနွေးလေးဖြစ်လာရတယ်။

"ဟုတ်ကဲ့၊ ကျွန်တော်သဘောပေါက်ပါပြီ။ ဦးနိုင်စိတ်ချပါ။ သခင်မကြည်ဖြူရင်တောင် သူ့အတွက်အမြဲရှိနေပေးမယ့် မိသားစုဝင်တစ်ယောက်အဖြစ် ကျွန်တော်ရှိနေပေးမှာပါ။"

"ဦးနိုင် ယုံပါတယ်။ မင်းမိသားစုတွေရော ဘယ်လိုလုပ်မယ်စိတ်ကူးလဲ။"

"အာ ... အခုလောလောဆယ်တော့ သခင့်ကိုကတိပေးထားတဲ့အတိုင်း ဆက်သွယ်လို့မဖြစ်သေးပါဘူး ဦးနိုင်ရယ်။ အချိန်တွေစောင့်ကြည့်ပြီးမှပဲ တစ်မျိုးတွေးရမှာပေါ့။"

မသိမသာခေါင်းငုံ့သွားပြီး ဖြေလာတဲ့ ကမ္ဘာက သူကိုယ်တိုင်လည်း စိတ်မကောင်းဖြစ်နေတာတောင် သူ့ကြောင့်နဲ့ တခြားသူကို စိတ်အနှောင့်အယှက်မဖြစ်စေချင်တဲ့ ပုံစံမျိုးလို့ ဦးရဲနိုင်ထင်မိတယ်။
ရာလေးကို အတော်လေးချစ်ရှာတာလည်း ဘေးကနေ အတိုင်းသားမြင်နေရပါတယ်။

"စိတ်မကောင်းဖြစ်စရာဆိုပေမဲ့ ဦးနိုင်တို့လည်း မိသားစုဝင်တွေဖြစ်လာပြီပဲ။ လိုအပ်တိုင်းမှာ ဘာမဆိုပြောနိုင်တယ် ကမ္ဘာ။ ဟုတ်ပြီလား။"

"ဟုတ်၊ ဦးနိုင်။ ကျေးဇူးတင်ပါတယ်။"

ဦးနိုင်က မေးအေးချမ်းချမ်းပြုံးပြပြီး ခေါင်းညိတ်ပြလာတာမို့ ကမ္ဘာ့စိတ်ထဲ ငြိမ်းချမ်းသွားရတယ်။ သခင့်အုပ်ထိန်းသူဆီက ယုံကြည်မှုခံရတာဟာ ကမ္ဘာ့အတွက်တော့ လေဟာနယ်ထဲလမ်းလျေှုာက်ရသလို အောက်ခြေလွတ်သွားစေတယ်မဟုတ်လား။

■■■ Part (34) ဆက်ရန် ■■■
© Demon ,
книга «Branded by You».
Коментарі