Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Characterizing
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
When they have a baby...
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60): Final
Chapter (42)
"ဇ၊ ဘယ္အခ်ိန္ေရာက္မွာလဲ။"

"ငါ လမ္းမွာ။"

"ကားေမာင္းေနတာလား။ အိုေခ၊ ဖုန္းခ်လိုက္ၿပီေနာ္။"

ေနေရာင္ဝါနဲ႔ခ်ိန္းထားရာဆီကို သခင္ထြက္လာတာ ေနာက္က်ေနရျခင္း။

"ငါ ဒီမွာ။"

ဆိုင္ေလးရဲ႕ နံရံဘက္နားကေန ေရာင္ဝါလွမ္းေခၚရာဆီကို သခင္သြားလိုက္ပါတယ္။

"ဆီနည္းေနတာကို ဝင္ျဖည့္ေနလို႔ကြ။"

"ငါ့ဗိုက္ေတာ့ ေတာ္ေတာ္ျဖည့္ၿပီးေနၿပီ။"

"စိုးရိမ္ရတယ္။ ေျပာ၊ ဘာေတြအေရးႀကီးေနတာလဲ။"

"ဆိုင္ခန္းေနရာေတြေလ၊ ငါ့ကိုတစ္ခ်က္ၾကည့္ေပး။"

"ဘာလို႔လဲ။"

"ၾကည့္စမ္းပါ၊ ေရာ့။"

"ဟမ္၊ ဒါက လြန္းအိမ္ရဲ႕ ..."

"ေအး၊ ဟုတ္တယ္မလား။"

"ဟုတ္တယ္။"

"ငါမေသခ်ာလို႔ ေခၚျပတာ။ အဲဒီ့ေနရာက အကြက္အကြင္းေကာင္းတယ္။"

"ေအး"

"ဒါေပမဲ့ ေဈးကိုၾကည့္။"

"မတန္တဆႀကီး။"

"အဲဒါ ငါ့ကိုေဈးလိုက္ညႇိေပး။"

"ငနာေလး၊ မင္းေတာ့ မ်ားသြားၿပီ။"

"လုပ္ပါ၊ ကူညီပါကြာ။ ေနရာေလးကေကာင္းတာလည္း မင္းသိတာပဲကို။ မင္းဆိုရင္ေတာ့ ေဈးညႇိေပးမွာပါ။"

"ငါ့ကိုခိုင္းစားဖို႔ ေခၚတာေပါ့။ ဘာမ်ား အေရးႀကီးေနသလဲလို႔။"

"အေရးႀကီးတယ္။ သူမ်ားဦးသြားရင္ ဘယ္လိုလုပ္မလဲ။ တျခားေနရာေတြထက္ အဲဒီ့ေနရာေလး သေဘာက်လို႔ပါကြာ။ ေနာ္၊ ေနာ္။"

သခင့္လက္ေမာင္းကိုကိုင္လႈပ္ၿပီး ကေလးေတြဂ်ီက်သလိုလုပ္လာတဲ့ ေရာင္ဝါေၾကာင့္ သခင္ရယ္မိသြားၿပီး

"ကေလးကလားေတြ လာမလုပ္နဲ႔။ ရြံစရာ။"

"ေအးပါ၊ ငါ့ခ်စ္သယ္ရင္းေလးက ဘာေျပာေျပာ၊ စိတ္ႀကိဳက္သာေျပာ။ ေဈးေလးသာ လိုက္ညႇိေပး။"

"ရၿပီ၊ ရၿပီ။ လက္လႊတ္ေတာ့။"

"အဟဲ၊ အဲဒီ့လိုေတြ ခ်စ္ဖို႔ေကာင္းတာ။"

ေနေရာင္ဝါက သခင့္လက္ကိုလႊတ္လိုက္ခ်ိန္မွာပဲ

"ကိုကို"

သခင့္အေတြးမွန္သမၽွ ခဏရပ္သြားတယ္။ ဒါေပမဲ့ သူ႔မွတ္ဉာဏ္ေတြက ပ်က္စီးေနတာမွမဟုတ္ပဲ။ ဘယ္သူ႔အသံလဲဆိုတာ မွားစရာမရွိဘူး။ ပိုၿပီးေသခ်ာသြားတာက သခင့္ေနာက္ကထြက္လာတဲ့ အသံလာရာဆီကို ေမာ့ၾကည့္လိုက္သူ ေနေရာင္ဝါရဲ႕ တအံ့တဩအမူအရာကေန တစ္ဆင့္ေျပာင္းသြားတဲ့ စပ္ျဖဲျဖဲအမူအရာေၾကာင့္။
မ်က္ခံုးေတြတြန္႔ခ်ိဳး၊ မ်က္စိေတြမွိတ္ခ်လိုက္ၿပီးမွ စိတ္ကိုထိန္းၿပီး လွည့္ၾကည့္လိုက္တယ္။

မနက္က အိမ္မွာျမင္လိုက္ရတဲ့ style pants နက္ျပာနဲ႔ Tommy Hilfiger belt. အဲဒီ့ခါးပတ္ကို သခင္ေသခ်ာမွတ္မိတယ္။ သူတို႔ ဒီကိုျပန္လာတဲ့ေန႔က ကမ႓ာဝတ္ထားခဲ့တာကို။ အဲဒီ့ခါးပတ္ရဲ႕အေပၚဘက္က ရွပ္အက်ႌမိုးျပာေရာင္ကလည္း မနက္ကအတိုင္း ခပ္လြင္လြင္ေလး လင္းေနတယ္။ ဒီေလာက္ဆိုရင္ ေမာ့မၾကည့္ဘဲေသခ်ာေနၿပီျဖစ္တဲ့ အဲဒီ့လူသားရဲ႕ပါးစပ္ကထြက္တဲ့ သူ႔အတြက္သံုးတဲ့အမည္နာမက ဘာျဖစ္လို႔ ...

"ကိုကို အိမ္ျပန္ေတာ့မွာလား။"

ေမးပံုကလည္း ေခၚတဲ့ပံုစံလိုပဲ အခ်ိဳးမေျပဘူး။ စကားထိုင္ေျပာေနတာကို ေတြ႕ရဲ႕သားနဲ႔ အိမ္ျပန္ေတာ့မွာလားဆိုတာက ဘယ္လိုေမးခြန္းမ်ိဳးလဲ။

"ဘာျဖစ္လို႔လဲ။ ငါ ဒီမွာ စကားေျပာေနတယ္ေလ။"

စကားေျပာဆင္ျခင္ပါဆိုတဲ့ အၾကည့္မ်ိဳးနဲ႔ ကမ႓ာ့ကိုၾကည့္လိုက္တယ္။ ဒါေပမဲ့လည္း

"ကိုကို႔သူငယ္ခ်င္းလား။ ဟိုတစ္ခါက ကိုကိုနဲ႔အတူ ဆိုင္ထိုင္ေနတာေတြ႕ဖူးတယ္ေလ။ ေတြ႕ရတာ ဝမ္းသာပါတယ္။"

ေခၚတာကလည္း ကိုကိုခ်င္းထပ္ေနတဲ့အျပင္ လူကပါ ေနေရာင္ဝါကို ႏႈတ္ဆက္ေနပါၿပီ။

"ေနေရာင္ဝါပါ။ ဝမ္းသာပါတယ္ အခုလိုဆံုရတာ။ ထိုင္ပါဦး။"

"ဟုတ္ကဲ့။ ကိုကို ကၽြန္ေတာ္ထိုင္မယ္ေနာ္။"

သူလုပ္ခ်င္ရာလုပ္ၿပီး အခုမွလိမၼာျပေနတာဟာ သက္သက္ရြဲ႕ေနသလိုပါပဲ။
ေနေရာင္ဝါကလည္း

"တစ္ခုခုမွာေလ။ ကၽြန္ေတာ္ ဒကာခံပါ့မယ္။"

"ရပါတယ္။ အိမ္ေရာက္မွပဲ စားလိုက္ေတာ့မယ္။"

စကားနဲ႔အတူ အၾကည့္ေတြက သခင့္ဆီ။

"ဪ၊ ဟုတ္ပါၿပီ။ ဒါနဲ႔ Earth ဟုတ္တယ္မလား။"

"ဟုတ္ပါတယ္ ကိုေနေရာင္ဝါ။ ကၽြန္ေတာ္ ေျမကမ႓ာပါ။။ ကၽြန္ေတာ္က ကိုကို႔ ..."

"ညီဝမ္းကြဲေလ။ ဟိုတစ္ေခါက္တုန္းက မင္းကိုငါေျပာတဲ့ ငါ့အိမ္မွာေနတဲ့ ဦးႏိုင္ရဲ႕တူဆိုတာ။"

"ေတာ္စပ္ပံုက အလွမ္းေဝးတာေတာင္ အစ္ကိုကို ေတာ္ေတာ္ခ်စ္ပံုပဲေနာ္။"

ေနေရာင္ဝါတို႔ကေတာ့ သခင့္ကိုရန္စေနတာ အသိသာႀကီးပါပဲ။ သိသိႀကီးနဲ႔ ကလိေနတာေၾကာင့္ သခင္က စကားလႊဲဖို႔ႀကိဳးစားလိုက္တယ္။

"မင္းသြားမယ့္ေန႔မတိုင္ခင္ ငါ့ႀကိဳေျပာ။ လိုက္ခဲ့မယ္။"

"ဒါပဲေလ၊ လိုက္ကိုလိုက္ရမွာေပါ့။ လြန္းအိမ္ေလးနဲ႔ ေတြ႕ရမွာပဲ။ အဟဲ"

နာမည္ၾကားလိုက္တာနဲ႔ ကမ႓ာ့မ်က္ႏွာတည္တင္းသြားတာကို သခင္ကလည္း အကဲခတ္ၾကည့္လိုက္မိတာေၾကာင့္ ေသခ်ာသတိထားမိပါရဲ႕။

"ေျမကမ႓ာ၊ အိမ္ျပန္မွာမဟုတ္လား။"

"ဟုတ္ ကိုကို။ အလုပ္ၿပီးသြားၿပီ။ အိမ္ျပန္ရံုပဲ။"

"ေအး၊ ျပန္ႏွင့္။"

"ကိုကိုက ၾကာဦးမွာလား။ ကားနဲ႔လာတာပဲကို ကၽြန္ေတာ္ပါ တစ္ခါတည္းျပန္လိုက္မွာေပါ့။ ကိုကိုတို႔ စကားေျပာၾကဦးမွာဆိုရင္ ကၽြန္ေတာ္ ဟိုဘက္ဝိုင္းမွာ သြားထိုင္ေစာင့္ေပးမယ္ေလ။"

စားပြဲေပၚတင္ထားတဲ့ ကားေသာ့ကိုၾကည့္ၿပီး ကမ႓ာက လၽွာရွည္ေနၿပီ။

"Earth က တစ္ေယာက္တည္းလာတာလား။ ဒါမွမဟုတ္ တစ္ေယာက္ေယာက္နဲ႔မ်ား ဒီမွာခ်ိန္းထားတာလား။"

"အလုပ္ကိစၥနဲ႔လာတာဗ်။ အခုက အားသြားပါၿပီ။ ကိုေနေရာင္ဝါတို႔ ေအးေဆးစကားေျပာလို႔ရေအာင္ ဟိုဘက္သြားထိုင္ေပးမလို႔ပါ။"

ေျပာသာေျပာေနေပမဲ့ လူကေတာ့ ထိုင္ရာကမထပါ။ ကမ႓ာရဲ႕ ဇြတ္ႀကီးကို အလိုက္သိၿပီးလိမၼာျပေနပံုက ေရာင္ဝါအတြက္ ျပံဳးခ်င္စရာျဖစ္ေပမဲ့ သခင့္အတြက္ေတာ့ ရိုက္သတ္ခ်င္စရာျဖစ္ေနတာကို ကာယကံရွင္ သိပါေစ။

"ေျပာစရာက မရွိေတာ့ပါဘူးဗ်ာ။ ဝိုင္းလည္းမေျပာင္းပါနဲ႔။ ကဲ၊ ဇေရ ငါျပန္ေတာ့မယ္။ ေနာက္မွ ငါလွမ္းခ်ိန္းမယ္။ Earth, ကၽြန္ေတာ့္ကို ခြင့္ျပဳပါဦး။"

"ဟုတ္ကဲ့ခင္ဗ်။"

"ဟုတ္ၿပီေလ။ See you later."



"သခင္၊ ကိုယ့္ကို ေဒၚမဒီေမာင္က သူ႔ PA အေနနဲ႔ အလုပ္ခန္႔လိုက္တယ္။"

"အင္း"

"အရင္က မိန္းကေလးတစ္ေယာက္ကိုခန္႔ထားတာ။ အိမ္ေထာင္က်ၿပီး ကေလးရေတာ့ မီးဖြားဖို႔ကိစၥေတြနဲ႔ အလုပ္ထြက္သြားခဲ့တာ။ အခုက ကိုယ္ အလုပ္ပိုမ်ားသြားမွာလား မသိေတာ့ဘူး။"

သခင္က ေခါင္းညိတ္ျပရင္း ေသာက္လက္စ စေတာ္ဘယ္ရီေဖ်ာ္ရည္ကို ဆက္ေသာက္ေနတာေၾကာင့္

"သခင္"

ကမ႓ာ့အသံနည္းနည္းက်ယ္သြားေတာ့မွ သခင္ကေမာ့ၾကည့္လာတယ္။ ညေနကတည္းက အိမ္ကိုအတူျပန္လာၿပီးေတာ့ လမ္းမွာလည္း စကားမေျပာျဖစ္ခဲ့ၾကပါ။ ဘာေတြေတြးၿပီး ဘာေတြစိတ္မ်ားေနၾကမွန္းေတာ့ မသိႏိုင္ေပမဲ့ ႏွစ္ေယာက္လံုးက တိတ္တိတ္ဆိတ္ဆိတ္နဲ႔ အိမ္ျပန္ေရာက္လာခဲ့ၾကတာ။ အခုမွ ကမ႓ာက သခင့္အနားလာၿပီး စကားေျပာေနျခင္း။

"နီးနီးေလးကို ဘာလို႔ေအာ္ေနတာလဲ။ ငါၾကားတယ္ေလ။"

"ၾကားေနရင္းက ဘာလို႔ အဖက္မလုပ္တာလဲ။"

"ငါေခါင္းညိတ္ေနသားပဲ။ မျမင္ဘူးလား။"

"ဘာလို႔ ေအးစက္စက္ေတြလုပ္ေနတာလဲ။"

"မင္းက ဘာျဖစ္ခ်င္ေသးတာလဲ။"

"မသိဘူးဗ်ာ။ ခင္ဗ်ားေလးကို အဲဒီ့လိုပံုစံျမင္ေနရတာ ကိုယ္မခံစားႏိုင္ေတာ့ဘူး။"

"ျမင္ေနရတာ မခံစားႏိုင္ရင္ မျမင္ႏိုင္တဲ့ေနရာသြားေလ။"

"ဟာ၊ ဘာစကားေျပာတာလဲ။ ကိုယ္က ဘယ္လိုလုပ္ၿပီး သခင္နဲ႔ေဝးတဲ့ေနရာမွာ ေနႏိုင္မွာလဲ။ အသက္ရွင္လ်က္နဲ႔ေတာ့ သခင္နဲ႔ေဝးရာမွာ မေနႏိုင္ဘူး။"

"အဲဒါဆို ..."

"ေသလိုက္ေလလို႔ မေျပာနဲ႔။ အခုစိတ္အေျခအေနနဲ႔ဆို ကိုယ္ေသရင္ သခင့္ကိုပါ အပါေခၚသြားမွာ။"

"ေၾကာက္လိုက္တာ။"

သခင္က ပခံုးတစ္ဖက္တြန္႔လိုက္ၿပီး ကုန္ခါနီး စေတာ္ဘယ္ရီေဖ်ာ္ရည္ေတြကို ကုန္သြားေအာင္ေမာ့ေသာက္ပစ္လိုက္တယ္။ ၿပီးေတာ့ ကမ႓ာ့လက္ထဲထိုးထည့္ေပးၿပီး

"ေဆးလိုက္ေတာ့။"

"ဘာ"

"ေဆးလိုက္ေတာ့လို႔ ေျပာတာေလ။ ငါ ေရမကိုင္ခ်င္ေတာ့ဘူး။"

"ဟာကြာ"

*ခြမ္း*

ၾကမ္းေပၚမွာျပန္႔က်ဲသြားတဲ့ ဖန္ခြက္ေလးကို သခင္ၾကည့္လိုက္ၿပီးမွ ကမ႓ာ့ဆီကို အၾကည့္ေတြေရြ႕လာတယ္။ ခုနက ဖန္ခြက္ထဲမွာက်န္ေနေသးလို႔ အခု ၾကမ္းျပင္ေပၚေလၽွာတိုက္ထြက္သြားတဲ့ ေရခဲတံုးေလးေတြထက္ေတာင္ သခင့္အၾကည့္က မာေၾကာေအးစက္လြန္းတယ္။

ရုတ္တရက္ သခင္ကတြန္းလိုက္လို႔ နံရံနဲ႔ကပ္သြားတဲ့ကမ႓ာကလည္း သခင့္ဆီကေန အၾကည့္မလႊဲပါ။

"ဘာေတြေမၽွာ္လင့္ေနေသးတာလဲ။ မင္းကို ဟိုမွာကတည္းက ငါေျပာခဲ့ၿပီးသားပဲေလ။ မင္းကိုယ္တိုင္ကေရာ ဘာေျပာခဲ့လဲ။ ဘာမွမေတာင္းဆိုပါဘူးဆို။"

"အဲဒီ့စကားမတည္ေတာ့ ဘာျဖစ္ခ်င္လဲ။"

"ဘာျဖစ္တယ္။ ျပန္ေျပာစမ္း။"

ရန္စကားေတြေျပာလာတဲ့ ကမ႓ာ့ေၾကာင့္ သခင့္ေဒါသေတြက ေလျပင္းရာ မိုးသီးေႂကြသလိုပါပဲ။ တစ္ခုခုကို ထိခိုက္နာက်င္ေစေတာ့မယ့္ အရိပ္အေယာင္ေတြက အထင္းသား။

"စကားမတည္ေတာ့ ဘာျဖစ္ခ်င္လဲလို႔။"

နံရံမွာေက်ာကပ္ေနတဲ့ကမ႓ာ့ကို လည္ပင္းဆီ လက္ဖ်ံနဲ႔ဖိညႇစ္ထားရင္းက သခင္ေျဖတာက

"ဒီမွာလည္း ငါလူသတ္ရင္ အေလာင္းေဖ်ာက္ေပးမယ့္လူ ရွိႏိုင္ပါတယ္။ မင္းခိုင္းစရာမလိုဘဲနဲ႔ေပါ့။"

အေမရိကမွာတုန္းက ကမ႓ာေျပာခဲ့တဲ့စကား။
သူ႔ကို သခင္သတ္လို႔ရတယ္။ Koa က အေလာင္းေဖ်ာက္ေပးလိမ့္မယ္လို႔ ေျပာခဲ့ဖူးတာကို သခင္ကျပန္ေထ့ေငါ့ေနတာေၾကာင့္

"ဘယ္လင္ငယ္က လုပ္ေပးမယ္တဲ့လဲ။"

"မေစာ္ကားနဲ႔ ေျမကမ႓ာ။"

သခင္က ပိုၿပီးအားထည့္ကာ ဖိထားလိုက္ေတာ့ ကမ႓ာက သခင့္တံေတာင္ဆစ္ဖက္ကို ဖိလိုက္ၿပီး ႂကြသြားတဲ့လက္ေကာက္ဝတ္ဘက္ကို တိုးထြက္ပစ္လိုက္တယ္။ အခုေတာ့ ႏွစ္ေယာက္သားက ႏွစ္ေပေလာက္ျခားၿပီး မ်က္ႏွာခ်င္းဆိုင္လ်က္သား။

"အဲဒီ့ေကာင္ ေနေရာင္ဝါ၊ ဘာကိစၥ ကိုယ့္ကိုအထိ လိုက္စပ္စုေနတာလဲ။"

"မင္းအပူပါလား။"

"ကိုယ့္လင္ကိုယ္ပူတာ အျပစ္လား။"

"ဒီေနရာမွာ မင္းနဲ႔ ငါနဲ႔ ဘာမွမဆိုင္ဘူး။"

"ဘာျဖစ္တယ္။ ဆိုင္လား မဆိုင္လား ဆိုတာ စမ္းသပ္ၾကည့္ခ်င္လား။"

ေရွ႕တိုးလာတဲ့ကမ႓ာကို သခင္က ေျခေထာက္ျဖတ္ကန္လိုက္ေပမဲ့ ကမ႓ာကလည္း ေရွာင္ထြက္ၿပီး သခင့္ေျခတစ္ဖက္ကို သူ႔ေျခေထာက္နဲ႔ခ်ိတ္ယူလိုက္ေတာ့ သခင္ ကမ႓ာ့ဘက္ကိုယိုင္က်သြားရၿပီ။ ဒီအေျခအေနကို အခြင့္ေကာင္းယူၿပီး ကမ႓ာက လွမ္းဖက္ထားဖို႔ႀကိဳးစားေပမဲ့ သခင္ကထိုင္ခ်လိုက္ၿပီး ေဘးဘက္ကိုလွိမ့္ထြက္သြားခဲ့တယ္။

ေျခတစ္ဖက္က အနည္းငယ္ဆန္႔လ်က္သားျဖစ္ေနၿပီး တစ္ဖက္ကဒူးေကြးၿပီး ထိုင္လ်က္သားျဖစ္ေနတဲ့သခင္။
ဆန္႔ထုတ္ထားတဲ့ေျခတစ္ဖက္ကို သခင္ျပန္မရုတ္ႏိုင္ခင္မွာ ကမ႓ာက သခင့္ဘက္ကိုတိုးကပ္လိုက္ၿပီး ခပ္ဆဆကန္ပစ္လိုက္တယ္။ ဖင္ထိုင္လ်က္သားက်သြားတဲ့သခင္က လက္ႏွစ္ဖက္ကိုေနာက္ဘက္ကိုေထာက္ၿပီး အားယူလို႔ ခ်က္ခ်င္းထရပ္ႏိုင္လိုက္ပါတယ္။ ဒါေပမဲ့ သူ႔ေရွ႕တည့္တည့္ကို ကမ႓ာက ဖ်တ္ခနဲလာရပ္ေတာ့ ကမ႓ာ့မ်က္ႏွာနဲ႔ သခင့္မ်က္ႏွာက တအားကိုနီးကပ္လို႔။ ကမ႓ာ့ပခံုးကို ဆတ္ခနဲအားထည့္တြန္းေတာ့ ကမ႓ာက သခင္တြန္းတဲ့ဘက္ကို အလိုက္သင့္လွည့္သြားလို႔ ယိုင္မသြားခဲ့ပါ။

ေဘးကၾကည့္ရင္ အေပးအယူမၽွတဲ့ကကြက္ေတြလိုပဲ သူတို႔ႏွစ္ေယာက္ရဲ႕လႈပ္ရွားမႈေတြက စည္းခ်က္က်လြန္းတယ္။
ခပ္လွမ္းလွမ္းေရာက္သြားတဲ့ကမ႓ာက သခင့္ဘက္ျပန္လွည့္ၿပီး

"အရင္က Earth ဆိုတာ ဘယ္လိုလူမ်ိဳးလဲလို႔ သခင္သိသားနဲ႔။"

သိတာေပါ့၊ Earth ကိုနာက်င္ေစဖို႔ရည္ရြယ္ခ်က္နဲ႔ သူ႔အနားကပ္ဖို႔က ေန႔ခင္းဘက္ႀကီး ၾကယ္ေတြရွာရတာထက္ ပိုခက္တယ္ဆိုတာ။
တရားမဝင္တာေတြေရာ၊ တရားဝင္တာေတြကိုပါ အၿပိဳင္အဆိုင္၊ အတိုက္အခို္က္ေတြၾကားက အထိအခိုက္အနည္းဆံုးနဲ႔ ဟန္မပ်က္ဆက္လုပ္ႏိုင္ခဲ့တဲ့ တစ္ခ်ိန္က Earth ဆိုတဲ့လူငယ္ေလးက သခင္နဲ႔ေတြ႕မွ သမင္ေယာင္ေဆာင္ပစ္လိုက္တဲ့ က်ားတစ္ေကာင္ပဲမဟုတ္လား။

"အဲဒီ့ေတာ့ ငါက ေၾကာက္ျပရမွာလား။"

"မေၾကာက္မွန္းသိပါတယ္။ သခင့္ဘက္က နာက်င္ေစခ်င္တိုင္းမွာ ကိုယ္ကိုယ္တိုင္က ၾကည္ၾကည္ျဖဴျဖဴနဲ႔ ေပ်ာ္ေပ်ာ္ႀကီးနာက်င္ေပးခဲ့တာကို သခင္ေမ့သြားမွာစိုးလို႔ သတိေပးခ်င္ရံုပဲ။ အခု ဘာလုပ္ခ်င္လဲ၊ လာလုပ္ေတာ့။ မေရွာင္ေတာ့ဘူး။"

လက္ႏွစ္ဖက္လံုးကိုေနာက္ပစ္ၿပီး ကမ႓ာက ၿငိမ္ၿငိမ္ေလးရပ္ေနသလို သခင္ကလည္း ဒီအတိုင္းရပ္ၾကည့္ေနတယ္။ ကမ႓ာ ရယ္ခ်လိုက္ၿပီး

"ဟား ဟား၊ သခင္ မလုပ္ရက္ျပန္ဘူး။"

"ဘာ"

"မခ်စ္ရင္ေတာင္ သံေယာဇဥ္ေတာ့ ရွိကိုရွိတယ္။ ဟာ ..."

ကမ႓ာ့မ်က္ႏွာဆီေျပးဝင္လာတဲ့ သခင့္ဖုန္းကို ကမ႓ာက အသည္းအသန္လိုက္ဖမ္းေနတယ္။ ေဘာင္းဘီအိတ္ထဲကဖုန္းနဲ႔ ေကာက္ေပါက္လိမ့္မယ္လို႔ေတာ့ ကမ႓ာထင္မထားခဲ့တာအမွန္။
ဖမ္းမိၿပီးေတာ့မွ

"အသစ္လိုခ်င္လည္း ေျပာေပါ့။ ဒါေလးေတာ့ ကိုယ္ဆက္သံုးေပးမွာေပါ့။ ဘာလဲ၊ အိမ္ေထာင္ဦးစီးဆိုၿပီး လုပ္ခ်င္ရာလုပ္ေနတာလား။ ရပါတယ္၊ ကိုယ္ကပဲ ေခၽြတာေပးရမွာေပါ့။"

တစ္ေလၽွာက္လံုးရန္စေနသလိုေၾကာင့္ သခင္ စိတ္ေတြတိုလာရၿပီ။

"ျပန္ေပးစမ္း။"

"သခင္၊ ကိုယ့္ကို အရမ္းႀကီးမစိမ္းကားပါနဲ႔ေနာ္။ မခံစားႏိုင္လို႔ပါ။ သခင္က သူစိမ္းတစ္ေယာက္လိုေနေနတာ ကိုယ္ အရမ္းဝမ္းနည္းရတယ္။"

ဒီတစ္ခါေတာ့ မ်က္ႏွာငယ္နဲ႔ကမ႓ာ့ကိုၾကည့္ၿပီး သခင္အံ့ဩသြားတယ္။
အစက စကားေတြလာေျပာတယ္။ ေနာက္ေတာ့ ေဒါသထြက္လာတယ္။ ၿပီးေတာ့ သခင့္ကို ေကာင္းေကာင္းမြန္မြန္ရွင္းျပတယ္။ ခဏေနေတာ့ ရန္စလာျပန္ၿပီး အခုေတာ့ ခ်က္ခ်င္းကို ဒရာမာေတြေကာက္ခ်ိဳးလိုက္တဲ့ သူ႔ေရွ႕က ခုနစ္ေထြလူသားကို သခင္ ေျပာစရာစကားေတြ ခဏေပ်ာက္သြားခဲ့ၿပီ။

"အရင္က ကိုယ့္ကိုခ်စ္တာကို ခဏခဏဖြင့္မေျပာတတ္ေပမဲ့ ၾကင္နာေပးခဲ့တဲ့ ကိုယ့္ခင္ပြန္းေလးကို ျပန္လိုခ်င္တယ္။"

"အဲဒီ့တုန္းက ရာဇသခင္က မင္းညာတာကိုမသိခင္ေလးမွာပဲ ေသသြားခဲ့ၿပီ။ မရွိေတာ့ဘူး။"

"အဲဒါဆိုလည္း အခုရာဇသခင္ကိုပဲ နန္းတင္ၿပီး ျပန္ခစားရတာေပါ့။ ကိုယ့္ကို အခြင့္အေရးေလး တစ္ခါေလာက္ပဲ ထပ္ေပးပါေနာ္။"

သခင့္ေရွ႕နားမွာ မုဆိုးဒူးေထာက္ထိုင္ခ်ၿပီး ဖုန္းကိုလက္ကမ္းေပးရင္း ကမ႓ာေျပာလိုက္တယ္။

"ငါက ဘုရင္ဆိုရင္ မိဖုရားေတြအမ်ားႀကီးရမွာပဲ။ မဆိုးပါဘူး။"

ဖုန္းကိုျပန္ယူလိုက္ၿပီး သခင္ေျပာတဲ့စကားက ခပ္ရြဲ႕ရြဲ႕။

"ေျမကမ႓ာတစ္ေယာက္တည္းရဲ႕ အရွင္သခင္ေလ။ ေနာက္ထပ္ရွိလာရင္ အကုန္သတ္ပစ္မွာ။"

"အေလာင္းေဖ်ာက္ေပးမယ့္လူ ရွာဦးေပါ့။"

ၾကမ္းေပၚမွာစိုေနရာက သခင့္ေျခေထာက္မွာေပသြားတဲ့ ဖန္ခြက္ကြဲထဲက အရည္ေတြကို သူ႔အက်ႌလက္နဲ႔ ကမ႓ာသုတ္ေပးေနတာကို သခင္က ၿငိမ္ၾကည့္ေနၿပီးမွ

"တခ်ိဳ႕အစြန္းအထင္းေတြက လြယ္လြယ္နဲ႔သုတ္ပစ္လိုက္လို႔မရဘူး။"

အကုန္ေျပာင္သြားၿပီးတဲ့အခ်ိန္ သခင့္ေျခေထာက္ေပၚကို ေရစက္တစ္ေပါက္က်လာတယ္။

"ကိုယ့္မ်က္ရည္နဲ႔ ေျခေဆးခ်င္တာဆိုရင္ သခင္ေအာင္ျမင္ပါတယ္။ ဒါေပမဲ့ တျခားတစ္ေယာက္ကို အနားထားဖို႔ဆိုၿပီး ကိုယ့္ကိုမစြန္႔ပစ္လိုက္ပါနဲ႔။"

ေမာ့ၾကည့္တဲ့ ကမ႓ာ့မ်က္လံုးမွာ မ်က္ရည္ေတြအျပည့္။

'ဘာျဖစ္တာလဲ။ ငါကပဲ သူ႔ကိုအႏိုင္က်င့္သလိုနဲ႔။'

"ဘာေတြ စိတ္ေဖာက္ေနတာလဲ။"

သခင္ေမးေတာ့ ကမ႓ာက သခင့္ေျခေထာက္ေရွ႕နားက ၾကမ္းျပင္ေပၚမွာပဲ ထိုင္ခ်ရင္း မ်က္ရည္ေတြကို တစ္ခ်က္ပြတ္သုတ္ၿပီး ၾကမ္းျပင္ဆီပဲအၾကည့္ေတြပို႔ရင္း

"ပိုးလြန္းအိမ္ကို ေတြ႕ခ်င္ေနတာလား။"

"ဘယ္လို။"

"ေနေရာင္ဝါနဲ႔ ေျပာေနတာေလ။ ပိုးလြန္းအိမ္ဆိုတာ သခင္ေျပာဖူးတဲ့ သခင့္ရဲ႕ရည္းစားေဟာင္းဆိုတာကို ကိုယ္သိတယ္။ အဲဒီ့ေကာင္မေလးက အရမ္းေခ်ာတာလည္း ကိုယ္သိတယ္။"

ကမ႓ာေျပာသမၽွစကားေတြ၊ လုပ္ေနတဲ့အျပဳအမူေတြ၊ ျဖစ္ေနတဲ့ျပႆနာေတြကို အခုမွ သခင္ ေသခ်ာသေဘာေပါက္သြားရတယ္။ သခင္ထင္တာက ေနေရာင္ဝါနဲ႔တြဲေတြ႕လိုက္ရလို႔ ကမ႓ာရစ္ေနတယ္ပဲ ထင္ခဲ့တာ။ ဘာမဟုတ္တာကို ပံုႀကီးခ်ဲ႕ေနတယ္လို႔ေတာင္ ေတြးမိေနခဲ့ေသးတာ။ တကယ္က လြန္းအိမ္ကိစၥနဲ႔ ကမ႓ာ အခုလိုျဖစ္ရတာတဲ့လား။

"ေအး၊ သိခ်င္တာပဲ ကြက္သိေနလိုက္။"

သခင္ထြက္သြားဖို႔ျပင္ေတာ့

"သိပါတယ္။ ေနေရာင္ဝါအကူအညီေတာင္းတာကို ၾကားလိုက္တယ္။"

"ဘယ္တုန္းကတည္းက ခိုးနားေထာင္ေနတာလဲ။"

"အဲဒီ့ေနရာကေန စၾကားလိုက္တာပဲ။"

"..............."

"ဘယ္လိုပဲျဖစ္ျဖစ္ မေတြ႕ေစခ်င္တာေလ။ ေလာေလာဆယ္ ပိုးလြန္းအိမ္က RS မရွိဘူး။ အရင္ထက္ပိုၿပီး ၾကည့္ေကာင္းေနမွာလည္း ေတြးၾကည့္ရင္သိတယ္။ ၿပီးေတာ့ သခင္ကလည္း အခုအခ်ိန္မွာ လူလြတ္တစ္ေယာက္လိုျဖစ္ေနတာ။ ကိုယ္မေတြးရဲတာေတြ ဆက္ျဖစ္လာရင္ ဘယ္လိုလုပ္ရမလဲ။ အဲဒီ့ေနေရာင္ဝါ တကယ္က်က္သေရတံုးတာပဲ။"

ခ်စ္သူေတြအျဖစ္နဲ႔ အတူတြဲခဲ့ဖူးတဲ့ ရာဇသခင္နဲ႔ ပိုးလြန္းအိမ္ကို ျပန္ဆံုေစမယ့္ ေနေရာင္ဝါဟာ ေျမကမ႓ာအတြက္ေတာ့ က်က္သတံုးျဖစ္ေနတာ မဆန္းပါ။

"ငါ့သူငယ္ခ်င္းေတြထဲ မင္းၾကည့္လို႔ရတာ ဘယ္ႏွေယာက္မ်ားရွိသလဲ။"

"သခင့္သူငယ္ခ်င္းေတြကမွ အခ်ိဳးမေျပတာ။"

ထိုင္ခ်ထားရာကေန ေခါင္းေမာ့ၾကည့္ၿပီး ကမ႓ာျပန္ေအာ္ေနတာ။

"မင္းကေတာ့ ေသာက္ခ်ိဳးေျပတာကိုး။"

"မသြားပါနဲ႔လား။ သူ႔ဘာသာဆိုင္ခန္းဝယ္ခ်င္တာ သူ႔ကိစၥေလ။"

"တစ္ေယာက္မွ ရန္သူေတြမပါဘူး။"

"အဲဒါေၾကာင့္ ပိုဆိုးတာေပါ့။ ခ်စ္ၾက၊ ခင္ၾက၊ ၾကင္နာၾကကုန္ရင္ လာသတ္ရမွာလား။ သခင္သြားမယ္ဆို အဲဒီ့ေန႔ ကိုယ္လည္းလိုက္မယ္။"

"ေတာ္ေတာ္အားေနတာလား။"

"မအားလည္း အဲဒီ့တစ္ရက္ေတာ့ ရေအာင္ကိုအားမွာ။"

"မရႈပ္စမ္းနဲ႔။"

"လိုက္ျဖစ္ေအာင္ကို လိုက္မွာ။"

ဘာမွဆက္မေျပာခ်င္ေတာ့တဲ့ပံုနဲ႔ သခင္က ကမ႓ာ့ေဘးကေန ျဖတ္သြားေတာ့

"ထူေပးဦး။"

သခင္ကအဖက္မလုပ္ဘဲ ဆက္သြားေတာ့

"Stop, stop!"

"ဘာလဲ။"

"ေရွ႕မွာ ဖန္ကြဲေတြနဲ႔ကို။"

"ငါ မကန္းဘူး၊ ေတြ႕တယ္။ ေပပြေနတာပဲ။ အခုထၿပီးရွင္းစမ္း။ သက္သက္မဲ့ ဖန္ခြက္တစ္ခြက္ကြဲၿပီ။"

"ရွင္းမွာပါ။ အဲဒီ့ဖန္ခြက္ကိုက် အေရးလုပ္ေနတယ္။ ကိုယ့္ကိုက် အသည္းခြဲဖို႔ပါ ေတြးေနတာမလား။ တအားေသြးေအးတာပဲ။ ေယာက္်ားတစ္ေယာက္လံုးကို ရက္စက္ႏိုင္ပံုက ..."

ပြစိပြစိေျပာေနတဲ့ကမ႓ာ့ကို သခင္ ေက်ာခိုင္းထြက္လာခဲ့ေတာ့တယ္။

'ေသာက္ရူးေကာင္၊ တစ္ေကာင္တည္းကို ပံုစံအမ်ိဳးမ်ိဳးနဲ႔။ ငါ ဘယ္လိုစိတ္ကူးနဲ႔မ်ား သင္းကိုယူခဲ့မိသလဲမသိဘူး။'

"ကိုကိုေရ၊ Good night."

သခင္ေတြးေနတုန္းမွာကို အာျပဲနဲ႔လွမ္းေအာ္ေျပာေနတဲ့ ကမ႓ာ့အသံက ထြက္လာေသးတာ။ ခုနက drama King ဟာ သူမဟုတ္တဲ့အတိုင္း။

■■■ Part (43) ဆက္ရန္ ■■■


"ဇ၊ ဘယ်အချိန်ရောက်မှာလဲ။"

"ငါ လမ်းမှာ။"

"ကားမောင်းနေတာလား။ အိုခေ၊ ဖုန်းချလိုက်ပြီနော်။"

နေရောင်ဝါနဲ့ချိန်းထားရာဆီကို သခင်ထွက်လာတာ နောက်ကျနေရခြင်း။

"ငါ ဒီမှာ။"

ဆိုင်လေးရဲ့ နံရံဘက်နားကနေ ရောင်ဝါလှမ်းခေါ်ရာဆီကို သခင်သွားလိုက်ပါတယ်။

"ဆီနည်းနေတာကို ဝင်ဖြည့်နေလို့ကွ။"

"ငါ့ဗိုက်တော့ တော်တော်ဖြည့်ပြီးနေပြီ။"

"စိုးရိမ်ရတယ်။ ပြော၊ ဘာတွေအရေးကြီးနေတာလဲ။"

"ဆိုင်ခန်းနေရာတွေလေ၊ ငါ့ကိုတစ်ချက်ကြည့်ပေး။"

"ဘာလို့လဲ။"

"ကြည့်စမ်းပါ၊ ရော့။"

"ဟမ်၊ ဒါက လွန်းအိမ်ရဲ့ ..."

"အေး၊ ဟုတ်တယ်မလား။"

"ဟုတ်တယ်။"

"ငါမသေချာလို့ ခေါ်ပြတာ။ အဲဒီ့နေရာက အကွက်အကွင်းကောင်းတယ်။"

"အေး"

"ဒါပေမဲ့ ဈေးကိုကြည့်။"

"မတန်တဆကြီး။"

"အဲဒါ ငါ့ကိုဈေးလိုက်ညှိပေး။"

"ငနာလေး၊ မင်းတော့ များသွားပြီ။"

"လုပ်ပါ၊ ကူညီပါကွာ။ နေရာလေးကကောင်းတာလည်း မင်းသိတာပဲကို။ မင်းဆိုရင်တော့ ဈေးညှိပေးမှာပါ။"

"ငါ့ကိုခိုင်းစားဖို့ ခေါ်တာပေါ့။ ဘာများ အရေးကြီးနေသလဲလို့။"

"အရေးကြီးတယ်။ သူများဦးသွားရင် ဘယ်လိုလုပ်မလဲ။ တခြားနေရာတွေထက် အဲဒီ့နေရာလေး သဘောကျလို့ပါကွာ။ နော်၊ နော်။"

သခင့်လက်မောင်းကိုကိုင်လှုပ်ပြီး ကလေးတွေဂျီကျသလိုလုပ်လာတဲ့ ရောင်ဝါကြောင့် သခင်ရယ်မိသွားပြီး

"ကလေးကလားတွေ လာမလုပ်နဲ့။ ရွံစရာ။"

"အေးပါ၊ ငါ့ချစ်သယ်ရင်းလေးက ဘာပြောပြော၊ စိတ်ကြိုက်သာပြော။ ဈေးလေးသာ လိုက်ညှိပေး။"

"ရပြီ၊ ရပြီ။ လက်လွှတ်တော့။"

"အဟဲ၊ အဲဒီ့လိုတွေ ချစ်ဖို့ကောင်းတာ။"

နေရောင်ဝါက သခင့်လက်ကိုလွှတ်လိုက်ချိန်မှာပဲ

"ကိုကို"

သခင့်အတွေးမှန်သမျှ ခဏရပ်သွားတယ်။ ဒါပေမဲ့ သူ့မှတ်ဉာဏ်တွေက ပျက်စီးနေတာမှမဟုတ်ပဲ။ ဘယ်သူ့အသံလဲဆိုတာ မှားစရာမရှိဘူး။ ပိုပြီးသေချာသွားတာက သခင့်နောက်ကထွက်လာတဲ့ အသံလာရာဆီကို မော့ကြည့်လိုက်သူ နေရောင်ဝါရဲ့ တအံ့တဩအမူအရာကနေ တစ်ဆင့်ပြောင်းသွားတဲ့ စပ်ဖြဲဖြဲအမူအရာကြောင့်။
မျက်ခုံးတွေတွန့်ချိုး၊ မျက်စိတွေမှိတ်ချလိုက်ပြီးမှ စိတ်ကိုထိန်းပြီး လှည့်ကြည့်လိုက်တယ်။

မနက်က အိမ်မှာမြင်လိုက်ရတဲ့ style pants နက်ပြာနဲ့ Tommy Hilfiger belt. အဲဒီ့ခါးပတ်ကို သခင်သေချာမှတ်မိတယ်။ သူတို့ ဒီကိုပြန်လာတဲ့နေ့က ကမ္ဘာဝတ်ထားခဲ့တာကို။ အဲဒီ့ခါးပတ်ရဲ့အပေါ်ဘက်က ရှပ်အင်္ကျီမိုးပြာရောင်ကလည်း မနက်ကအတိုင်း ခပ်လွင်လွင်လေး လင်းနေတယ်။ ဒီလောက်ဆိုရင် မော့မကြည့်ဘဲသေချာနေပြီဖြစ်တဲ့ အဲဒီ့လူသားရဲ့ပါးစပ်ကထွက်တဲ့ သူ့အတွက်သုံးတဲ့အမည်နာမက ဘာဖြစ်လို့ ...

"ကိုကို အိမ်ပြန်တော့မှာလား။"

မေးပုံကလည်း ခေါ်တဲ့ပုံစံလိုပဲ အချိုးမပြေဘူး။ စကားထိုင်ပြောနေတာကို တွေ့ရဲ့သားနဲ့ အိမ်ပြန်တော့မှာလားဆိုတာက ဘယ်လိုမေးခွန်းမျိုးလဲ။

"ဘာဖြစ်လို့လဲ။ ငါ ဒီမှာ စကားပြောနေတယ်လေ။"

စကားပြောဆင်ခြင်ပါဆိုတဲ့ အကြည့်မျိုးနဲ့ ကမ္ဘာ့ကိုကြည့်လိုက်တယ်။ ဒါပေမဲ့လည်း

"ကိုကို့သူငယ်ချင်းလား။ ဟိုတစ်ခါက ကိုကိုနဲ့အတူ ဆိုင်ထိုင်နေတာတွေ့ဖူးတယ်လေ။ တွေ့ရတာ ဝမ်းသာပါတယ်။"

ခေါ်တာကလည်း ကိုကိုချင်းထပ်နေတဲ့အပြင် လူကပါ နေရောင်ဝါကို နှုတ်ဆက်နေပါပြီ။

"နေရောင်ဝါပါ။ ဝမ်းသာပါတယ် အခုလိုဆုံရတာ။ ထိုင်ပါဦး။"

"ဟုတ်ကဲ့။ ကိုကို ကျွန်တော်ထိုင်မယ်နော်။"

သူလုပ်ချင်ရာလုပ်ပြီး အခုမှလိမ္မာပြနေတာဟာ သက်သက်ရွဲ့နေသလိုပါပဲ။
နေရောင်ဝါကလည်း

"တစ်ခုခုမှာလေ။ ကျွန်တော် ဒကာခံပါ့မယ်။"

"ရပါတယ်။ အိမ်ရောက်မှပဲ စားလိုက်တော့မယ်။"

စကားနဲ့အတူ အကြည့်တွေက သခင့်ဆီ။

"ဪ၊ ဟုတ်ပါပြီ။ ဒါနဲ့ Earth ဟုတ်တယ်မလား။"

"ဟုတ်ပါတယ် ကိုနေရောင်ဝါ။ ကျွန်တော် မြေကမ္ဘာပါ။။ ကျွန်တော်က ကိုကို့ ..."

"ညီဝမ်းကွဲလေ။ ဟိုတစ်ခေါက်တုန်းက မင်းကိုငါပြောတဲ့ ငါ့အိမ်မှာနေတဲ့ ဦးနိုင်ရဲ့တူဆိုတာ။"

"တော်စပ်ပုံက အလှမ်းဝေးတာတောင် အစ်ကိုကို တော်တော်ချစ်ပုံပဲနော်။"

နေရောင်ဝါတို့ကတော့ သခင့်ကိုရန်စနေတာ အသိသာကြီးပါပဲ။ သိသိကြီးနဲ့ ကလိနေတာကြောင့် သခင်က စကားလွှဲဖို့ကြိုးစားလိုက်တယ်။

"မင်းသွားမယ့်နေ့မတိုင်ခင် ငါ့ကြိုပြော။ လိုက်ခဲ့မယ်။"

"ဒါပဲလေ၊ လိုက်ကိုလိုက်ရမှာပေါ့။ လွန်းအိမ်လေးနဲ့ တွေ့ရမှာပဲ။ အဟဲ"

နာမည်ကြားလိုက်တာနဲ့ ကမ္ဘာ့မျက်နှာတည်တင်းသွားတာကို သခင်ကလည်း အကဲခတ်ကြည့်လိုက်မိတာကြောင့် သေချာသတိထားမိပါရဲ့။

"မြေကမ္ဘာ၊ အိမ်ပြန်မှာမဟုတ်လား။"

"ဟုတ် ကိုကို။ အလုပ်ပြီးသွားပြီ။ အိမ်ပြန်ရုံပဲ။"

"အေး၊ ပြန်နှင့်။"

"ကိုကိုက ကြာဦးမှာလား။ ကားနဲ့လာတာပဲကို ကျွန်တော်ပါ တစ်ခါတည်းပြန်လိုက်မှာပေါ့။ ကိုကိုတို့ စကားပြောကြဦးမှာဆိုရင် ကျွန်တော် ဟိုဘက်ဝိုင်းမှာ သွားထိုင်စောင့်ပေးမယ်လေ။"

စားပွဲပေါ်တင်ထားတဲ့ ကားသော့ကိုကြည့်ပြီး ကမ္ဘာက လျှာရှည်နေပြီ။

"Earth က တစ်ယောက်တည်းလာတာလား။ ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့များ ဒီမှာချိန်းထားတာလား။"

"အလုပ်ကိစ္စနဲ့လာတာဗျ။ အခုက အားသွားပါပြီ။ ကိုနေရောင်ဝါတို့ အေးဆေးစကားပြောလို့ရအောင် ဟိုဘက်သွားထိုင်ပေးမလို့ပါ။"

ပြောသာပြောနေပေမဲ့ လူကတော့ ထိုင်ရာကမထပါ။ ကမ္ဘာရဲ့ ဇွတ်ကြီးကို အလိုက်သိပြီးလိမ္မာပြနေပုံက ရောင်ဝါအတွက် ပြုံးချင်စရာဖြစ်ပေမဲ့ သခင့်အတွက်တော့ ရိုက်သတ်ချင်စရာဖြစ်နေတာကို ကာယကံရှင် သိပါစေ။

"ပြောစရာက မရှိတော့ပါဘူးဗျာ။ ဝိုင်းလည်းမပြောင်းပါနဲ့။ ကဲ၊ ဇရေ ငါပြန်တော့မယ်။ နောက်မှ ငါလှမ်းချိန်းမယ်။ Earth, ကျွန်တော့်ကို ခွင့်ပြုပါဦး။"

"ဟုတ်ကဲ့ခင်ဗျ။"

"ဟုတ်ပြီလေ။ See you later."



"သခင်၊ ကိုယ့်ကို ဒေါ်မဒီမောင်က သူ့ PA အနေနဲ့ အလုပ်ခန့်လိုက်တယ်။"

"အင်း"

"အရင်က မိန်းကလေးတစ်ယောက်ကိုခန့်ထားတာ။ အိမ်ထောင်ကျပြီး ကလေးရတော့ မီးဖွားဖို့ကိစ္စတွေနဲ့ အလုပ်ထွက်သွားခဲ့တာ။ အခုက ကိုယ် အလုပ်ပိုများသွားမှာလား မသိတော့ဘူး။"

သခင်က ခေါင်းညိတ်ပြရင်း သောက်လက်စ စတော်ဘယ်ရီဖျော်ရည်ကို ဆက်သောက်နေတာကြောင့်

"သခင်"

ကမ္ဘာ့အသံနည်းနည်းကျယ်သွားတော့မှ သခင်ကမော့ကြည့်လာတယ်။ ညနေကတည်းက အိမ်ကိုအတူပြန်လာပြီးတော့ လမ်းမှာလည်း စကားမပြောဖြစ်ခဲ့ကြပါ။ ဘာတွေတွေးပြီး ဘာတွေစိတ်များနေကြမှန်းတော့ မသိနိုင်ပေမဲ့ နှစ်ယောက်လုံးက တိတ်တိတ်ဆိတ်ဆိတ်နဲ့ အိမ်ပြန်ရောက်လာခဲ့ကြတာ။ အခုမှ ကမ္ဘာက သခင့်အနားလာပြီး စကားပြောနေခြင်း။

"နီးနီးလေးကို ဘာလို့အော်နေတာလဲ။ ငါကြားတယ်လေ။"

"ကြားနေရင်းက ဘာလို့ အဖက်မလုပ်တာလဲ။"

"ငါခေါင်းညိတ်နေသားပဲ။ မမြင်ဘူးလား။"

"ဘာလို့ အေးစက်စက်တွေလုပ်နေတာလဲ။"

"မင်းက ဘာဖြစ်ချင်သေးတာလဲ။"

"မသိဘူးဗျာ။ ခင်ဗျားလေးကို အဲဒီ့လိုပုံစံမြင်နေရတာ ကိုယ်မခံစားနိုင်တော့ဘူး။"

"မြင်နေရတာ မခံစားနိုင်ရင် မမြင်နိုင်တဲ့နေရာသွားလေ။"

"ဟာ၊ ဘာစကားပြောတာလဲ။ ကိုယ်က ဘယ်လိုလုပ်ပြီး သခင်နဲ့ဝေးတဲ့နေရာမှာ နေနိုင်မှာလဲ။ အသက်ရှင်လျက်နဲ့တော့ သခင်နဲ့ဝေးရာမှာ မနေနိုင်ဘူး။"

"အဲဒါဆို ..."

"သေလိုက်လေလို့ မပြောနဲ့။ အခုစိတ်အခြေအနေနဲ့ဆို ကိုယ်သေရင် သခင့်ကိုပါ အပါခေါ်သွားမှာ။"

"ကြောက်လိုက်တာ။"

သခင်က ပခုံးတစ်ဖက်တွန့်လိုက်ပြီး ကုန်ခါနီး စတော်ဘယ်ရီဖျော်ရည်တွေကို ကုန်သွားအောင်မော့သောက်ပစ်လိုက်တယ်။ ပြီးတော့ ကမ္ဘာ့လက်ထဲထိုးထည့်ပေးပြီး

"ဆေးလိုက်တော့။"

"ဘာ"

"ဆေးလိုက်တော့လို့ ပြောတာလေ။ ငါ ရေမကိုင်ချင်တော့ဘူး။"

"ဟာကွာ"

*ခွမ်း*

ကြမ်းပေါ်မှာပြန့်ကျဲသွားတဲ့ ဖန်ခွက်လေးကို သခင်ကြည့်လိုက်ပြီးမှ ကမ္ဘာ့ဆီကို အကြည့်တွေရွေ့လာတယ်။ ခုနက ဖန်ခွက်ထဲမှာကျန်နေသေးလို့ အခု ကြမ်းပြင်ပေါ်လျှောတိုက်ထွက်သွားတဲ့ ရေခဲတုံးလေးတွေထက်တောင် သခင့်အကြည့်က မာကြောအေးစက်လွန်းတယ်။

ရုတ်တရက် သခင်ကတွန်းလိုက်လို့ နံရံနဲ့ကပ်သွားတဲ့ကမ္ဘာကလည်း သခင့်ဆီကနေ အကြည့်မလွှဲပါ။

"ဘာတွေမျှော်လင့်နေသေးတာလဲ။ မင်းကို ဟိုမှာကတည်းက ငါပြောခဲ့ပြီးသားပဲလေ။ မင်းကိုယ်တိုင်ကရော ဘာပြောခဲ့လဲ။ ဘာမှမတောင်းဆိုပါဘူးဆို။"

"အဲဒီ့စကားမတည်တော့ ဘာဖြစ်ချင်လဲ။"

"ဘာဖြစ်တယ်။ ပြန်ပြောစမ်း။"

ရန်စကားတွေပြောလာတဲ့ ကမ္ဘာ့ကြောင့် သခင့်ဒေါသတွေက လေပြင်းရာ မိုးသီးကြွေသလိုပါပဲ။ တစ်ခုခုကို ထိခိုက်နာကျင်စေတော့မယ့် အရိပ်အယောင်တွေက အထင်းသား။

"စကားမတည်တော့ ဘာဖြစ်ချင်လဲလို့။"

နံရံမှာကျောကပ်နေတဲ့ကမ္ဘာ့ကို လည်ပင်းဆီ လက်ဖျံနဲ့ဖိညှစ်ထားရင်းက သခင်ဖြေတာက

"ဒီမှာလည်း ငါလူသတ်ရင် အလောင်းဖျောက်ပေးမယ့်လူ ရှိနိုင်ပါတယ်။ မင်းခိုင်းစရာမလိုဘဲနဲ့ပေါ့။"

အမေရိကမှာတုန်းက ကမ္ဘာပြောခဲ့တဲ့စကား။
သူ့ကို သခင်သတ်လို့ရတယ်။ Koa က အလောင်းဖျောက်ပေးလိမ့်မယ်လို့ ပြောခဲ့ဖူးတာကို သခင်ကပြန်ထေ့ငေါ့နေတာကြောင့်

"ဘယ်လင်ငယ်က လုပ်ပေးမယ်တဲ့လဲ။"

"မစော်ကားနဲ့ မြေကမ္ဘာ။"

သခင်က ပိုပြီးအားထည့်ကာ ဖိထားလိုက်တော့ ကမ္ဘာက သခင့်တံတောင်ဆစ်ဖက်ကို ဖိလိုက်ပြီး ကြွသွားတဲ့လက်ကောက်ဝတ်ဘက်ကို တိုးထွက်ပစ်လိုက်တယ်။ အခုတော့ နှစ်ယောက်သားက နှစ်ပေလောက်ခြားပြီး မျက်နှာချင်းဆိုင်လျက်သား။

"အဲဒီ့ကောင် နေရောင်ဝါ၊ ဘာကိစ္စ ကိုယ့်ကိုအထိ လိုက်စပ်စုနေတာလဲ။"

"မင်းအပူပါလား။"

"ကိုယ့်လင်ကိုယ်ပူတာ အပြစ်လား။"

"ဒီနေရာမှာ မင်းနဲ့ ငါနဲ့ ဘာမှမဆိုင်ဘူး။"

"ဘာဖြစ်တယ်။ ဆိုင်လား မဆိုင်လား ဆိုတာ စမ်းသပ်ကြည့်ချင်လား။"

ရှေ့တိုးလာတဲ့ကမ္ဘာကို သခင်က ခြေထောက်ဖြတ်ကန်လိုက်ပေမဲ့ ကမ္ဘာကလည်း ရှောင်ထွက်ပြီး သခင့်ခြေတစ်ဖက်ကို သူ့ခြေထောက်နဲ့ချိတ်ယူလိုက်တော့ သခင် ကမ္ဘာ့ဘက်ကိုယိုင်ကျသွားရပြီ။ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ကမ္ဘာက လှမ်းဖက်ထားဖို့ကြိုးစားပေမဲ့ သခင်ကထိုင်ချလိုက်ပြီး ဘေးဘက်ကိုလှိမ့်ထွက်သွားခဲ့တယ်။

ခြေတစ်ဖက်က အနည်းငယ်ဆန့်လျက်သားဖြစ်နေပြီး တစ်ဖက်ကဒူးကွေးပြီး ထိုင်လျက်သားဖြစ်နေတဲ့သခင်။
ဆန့်ထုတ်ထားတဲ့ခြေတစ်ဖက်ကို သခင်ပြန်မရုတ်နိုင်ခင်မှာ ကမ္ဘာက သခင့်ဘက်ကိုတိုးကပ်လိုက်ပြီး ခပ်ဆဆကန်ပစ်လိုက်တယ်။ ဖင်ထိုင်လျက်သားကျသွားတဲ့သခင်က လက်နှစ်ဖက်ကိုနောက်ဘက်ကိုထောက်ပြီး အားယူလို့ ချက်ချင်းထရပ်နိုင်လိုက်ပါတယ်။ ဒါပေမဲ့ သူ့ရှေ့တည့်တည့်ကို ကမ္ဘာက ဖျတ်ခနဲလာရပ်တော့ ကမ္ဘာ့မျက်နှာနဲ့ သခင့်မျက်နှာက တအားကိုနီးကပ်လို့။ ကမ္ဘာ့ပခုံးကို ဆတ်ခနဲအားထည့်တွန်းတော့ ကမ္ဘာက သခင်တွန်းတဲ့ဘက်ကို အလိုက်သင့်လှည့်သွားလို့ ယိုင်မသွားခဲ့ပါ။

ဘေးကကြည့်ရင် အပေးအယူမျှတဲ့ကကွက်တွေလိုပဲ သူတို့နှစ်ယောက်ရဲ့လှုပ်ရှားမှုတွေက စည်းချက်ကျလွန်းတယ်။
ခပ်လှမ်းလှမ်းရောက်သွားတဲ့ကမ္ဘာက သခင့်ဘက်ပြန်လှည့်ပြီး

"အရင်က Earth ဆိုတာ ဘယ်လိုလူမျိုးလဲလို့ သခင်သိသားနဲ့။"

သိတာပေါ့၊ Earth ကိုနာကျင်စေဖို့ရည်ရွယ်ချက်နဲ့ သူ့အနားကပ်ဖို့က နေ့ခင်းဘက်ကြီး ကြယ်တွေရှာရတာထက် ပိုခက်တယ်ဆိုတာ။
တရားမဝင်တာတွေရော၊ တရားဝင်တာတွေကိုပါ အပြိုင်အဆိုင်၊ အတိုက်အခိုက်တွေကြားက အထိအခိုက်အနည်းဆုံးနဲ့ ဟန်မပျက်ဆက်လုပ်နိုင်ခဲ့တဲ့ တစ်ချိန်က Earth ဆိုတဲ့လူငယ်လေးက သခင်နဲ့တွေ့မှ သမင်ယောင်ဆောင်ပစ်လိုက်တဲ့ ကျားတစ်ကောင်ပဲမဟုတ်လား။

"အဲဒီ့တော့ ငါက ကြောက်ပြရမှာလား။"

"မကြောက်မှန်းသိပါတယ်။ သခင့်ဘက်က နာကျင်စေချင်တိုင်းမှာ ကိုယ်ကိုယ်တိုင်က ကြည်ကြည်ဖြူဖြူနဲ့ ပျော်ပျော်ကြီးနာကျင်ပေးခဲ့တာကို သခင်မေ့သွားမှာစိုးလို့ သတိပေးချင်ရုံပဲ။ အခု ဘာလုပ်ချင်လဲ၊ လာလုပ်တော့။ မရှောင်တော့ဘူး။"

လက်နှစ်ဖက်လုံးကိုနောက်ပစ်ပြီး ကမ္ဘာက ငြိမ်ငြိမ်လေးရပ်နေသလို သခင်ကလည်း ဒီအတိုင်းရပ်ကြည့်နေတယ်။ ကမ္ဘာ ရယ်ချလိုက်ပြီး

"ဟား ဟား၊ သခင် မလုပ်ရက်ပြန်ဘူး။"

"ဘာ"

"မချစ်ရင်တောင် သံယောဇဉ်တော့ ရှိကိုရှိတယ်။ ဟာ ..."

ကမ္ဘာ့မျက်နှာဆီပြေးဝင်လာတဲ့ သခင့်ဖုန်းကို ကမ္ဘာက အသည်းအသန်လိုက်ဖမ်းနေတယ်။ ဘောင်းဘီအိတ်ထဲကဖုန်းနဲ့ ကောက်ပေါက်လိမ့်မယ်လို့တော့ ကမ္ဘာထင်မထားခဲ့တာအမှန်။
ဖမ်းမိပြီးတော့မှ

"အသစ်လိုချင်လည်း ပြောပေါ့။ ဒါလေးတော့ ကိုယ်ဆက်သုံးပေးမှာပေါ့။ ဘာလဲ၊ အိမ်ထောင်ဦးစီးဆိုပြီး လုပ်ချင်ရာလုပ်နေတာလား။ ရပါတယ်၊ ကိုယ်ကပဲ ချွေတာပေးရမှာပေါ့။"

တစ်လျှောက်လုံးရန်စနေသလိုကြောင့် သခင် စိတ်တွေတိုလာရပြီ။

"ပြန်ပေးစမ်း။"

"သခင်၊ ကိုယ့်ကို အရမ်းကြီးမစိမ်းကားပါနဲ့နော်။ မခံစားနိုင်လို့ပါ။ သခင်က သူစိမ်းတစ်ယောက်လိုနေနေတာ ကိုယ် အရမ်းဝမ်းနည်းရတယ်။"

ဒီတစ်ခါတော့ မျက်နှာငယ်နဲ့ကမ္ဘာ့ကိုကြည့်ပြီး သခင်အံ့ဩသွားတယ်။
အစက စကားတွေလာပြောတယ်။ နောက်တော့ ဒေါသထွက်လာတယ်။ ပြီးတော့ သခင့်ကို ကောင်းကောင်းမွန်မွန်ရှင်းပြတယ်။ ခဏနေတော့ ရန်စလာပြန်ပြီး အခုတော့ ချက်ချင်းကို ဒရာမာတွေကောက်ချိုးလိုက်တဲ့ သူ့ရှေ့က ခုနစ်ထွေလူသားကို သခင် ပြောစရာစကားတွေ ခဏပျောက်သွားခဲ့ပြီ။

"အရင်က ကိုယ့်ကိုချစ်တာကို ခဏခဏဖွင့်မပြောတတ်ပေမဲ့ ကြင်နာပေးခဲ့တဲ့ ကိုယ့်ခင်ပွန်းလေးကို ပြန်လိုချင်တယ်။"

"အဲဒီ့တုန်းက ရာဇသခင်က မင်းညာတာကိုမသိခင်လေးမှာပဲ သေသွားခဲ့ပြီ။ မရှိတော့ဘူး။"

"အဲဒါဆိုလည်း အခုရာဇသခင်ကိုပဲ နန်းတင်ပြီး ပြန်ခစားရတာပေါ့။ ကိုယ့်ကို အခွင့်အရေးလေး တစ်ခါလောက်ပဲ ထပ်ပေးပါနော်။"

သခင့်ရှေ့နားမှာ မုဆိုးဒူးထောက်ထိုင်ချပြီး ဖုန်းကိုလက်ကမ်းပေးရင်း ကမ္ဘာပြောလိုက်တယ်။

"ငါက ဘုရင်ဆိုရင် မိဖုရားတွေအများကြီးရမှာပဲ။ မဆိုးပါဘူး။"

ဖုန်းကိုပြန်ယူလိုက်ပြီး သခင်ပြောတဲ့စကားက ခပ်ရွဲ့ရွဲ့။

"မြေကမ္ဘာတစ်ယောက်တည်းရဲ့ အရှင်သခင်လေ။ နောက်ထပ်ရှိလာရင် အကုန်သတ်ပစ်မှာ။"

"အလောင်းဖျောက်ပေးမယ့်လူ ရှာဦးပေါ့။"

ကြမ်းပေါ်မှာစိုနေရာက သခင့်ခြေထောက်မှာပေသွားတဲ့ ဖန်ခွက်ကွဲထဲက အရည်တွေကို သူ့အင်္ကျီလက်နဲ့ ကမ္ဘာသုတ်ပေးနေတာကို သခင်က ငြိမ်ကြည့်နေပြီးမှ

"တချို့အစွန်းအထင်းတွေက လွယ်လွယ်နဲ့သုတ်ပစ်လိုက်လို့မရဘူး။"

အကုန်ပြောင်သွားပြီးတဲ့အချိန် သခင့်ခြေထောက်ပေါ်ကို ရေစက်တစ်ပေါက်ကျလာတယ်။

"ကိုယ့်မျက်ရည်နဲ့ ခြေဆေးချင်တာဆိုရင် သခင်အောင်မြင်ပါတယ်။ ဒါပေမဲ့ တခြားတစ်ယောက်ကို အနားထားဖို့ဆိုပြီး ကိုယ့်ကိုမစွန့်ပစ်လိုက်ပါနဲ့။"

မော့ကြည့်တဲ့ ကမ္ဘာ့မျက်လုံးမှာ မျက်ရည်တွေအပြည့်။

'ဘာဖြစ်တာလဲ။ ငါကပဲ သူ့ကိုအနိုင်ကျင့်သလိုနဲ့။'

"ဘာတွေ စိတ်ဖောက်နေတာလဲ။"

သခင်မေးတော့ ကမ္ဘာက သခင့်ခြေထောက်ရှေ့နားက ကြမ်းပြင်ပေါ်မှာပဲ ထိုင်ချရင်း မျက်ရည်တွေကို တစ်ချက်ပွတ်သုတ်ပြီး ကြမ်းပြင်ဆီပဲအကြည့်တွေပို့ရင်း

"ပိုးလွန်းအိမ်ကို တွေ့ချင်နေတာလား။"

"ဘယ်လို။"

"နေရောင်ဝါနဲ့ ပြောနေတာလေ။ ပိုးလွန်းအိမ်ဆိုတာ သခင်ပြောဖူးတဲ့ သခင့်ရဲ့ရည်းစားဟောင်းဆိုတာကို ကိုယ်သိတယ်။ အဲဒီ့ကောင်မလေးက အရမ်းချောတာလည်း ကိုယ်သိတယ်။"

ကမ္ဘာပြောသမျှစကားတွေ၊ လုပ်နေတဲ့အပြုအမူတွေ၊ ဖြစ်နေတဲ့ပြဿနာတွေကို အခုမှ သခင် သေချာသဘောပေါက်သွားရတယ်။ သခင်ထင်တာက နေရောင်ဝါနဲ့တွဲတွေ့လိုက်ရလို့ ကမ္ဘာရစ်နေတယ်ပဲ ထင်ခဲ့တာ။ ဘာမဟုတ်တာကို ပုံကြီးချဲ့နေတယ်လို့တောင် တွေးမိနေခဲ့သေးတာ။ တကယ်က လွန်းအိမ်ကိစ္စနဲ့ ကမ္ဘာ အခုလိုဖြစ်ရတာတဲ့လား။

"အေး၊ သိချင်တာပဲ ကွက်သိနေလိုက်။"

သခင်ထွက်သွားဖို့ပြင်တော့

"သိပါတယ်။ နေရောင်ဝါအကူအညီတောင်းတာကို ကြားလိုက်တယ်။"

"ဘယ်တုန်းကတည်းက ခိုးနားထောင်နေတာလဲ။"

"အဲဒီ့နေရာကနေ စကြားလိုက်တာပဲ။"

"..............."

"ဘယ်လိုပဲဖြစ်ဖြစ် မတွေ့စေချင်တာလေ။ လောလောဆယ် ပိုးလွန်းအိမ်က RS မရှိဘူး။ အရင်ထက်ပိုပြီး ကြည့်ကောင်းနေမှာလည်း တွေးကြည့်ရင်သိတယ်။ ပြီးတော့ သခင်ကလည်း အခုအချိန်မှာ လူလွတ်တစ်ယောက်လိုဖြစ်နေတာ။ ကိုယ်မတွေးရဲတာတွေ ဆက်ဖြစ်လာရင် ဘယ်လိုလုပ်ရမလဲ။ အဲဒီ့နေရောင်ဝါ တကယ်ကျက်သရေတုံးတာပဲ။"

ချစ်သူတွေအဖြစ်နဲ့ အတူတွဲခဲ့ဖူးတဲ့ ရာဇသခင်နဲ့ ပိုးလွန်းအိမ်ကို ပြန်ဆုံစေမယ့် နေရောင်ဝါဟာ မြေကမ္ဘာအတွက်တော့ ကျက်သတုံးဖြစ်နေတာ မဆန်းပါ။

"ငါ့သူငယ်ချင်းတွေထဲ မင်းကြည့်လို့ရတာ ဘယ်နှယောက်များရှိသလဲ။"

"သခင့်သူငယ်ချင်းတွေကမှ အချိုးမပြေတာ။"

ထိုင်ချထားရာကနေ ခေါင်းမော့ကြည့်ပြီး ကမ္ဘာပြန်အော်နေတာ။

"မင်းကတော့ သောက်ချိုးပြေတာကိုး။"

"မသွားပါနဲ့လား။ သူ့ဘာသာဆိုင်ခန်းဝယ်ချင်တာ သူ့ကိစ္စလေ။"

"တစ်ယောက်မှ ရန်သူတွေမပါဘူး။"

"အဲဒါကြောင့် ပိုဆိုးတာပေါ့။ ချစ်ကြ၊ ခင်ကြ၊ ကြင်နာကြကုန်ရင် လာသတ်ရမှာလား။ သခင်သွားမယ်ဆို အဲဒီ့နေ့ ကိုယ်လည်းလိုက်မယ်။"

"တော်တော်အားနေတာလား။"

"မအားလည်း အဲဒီ့တစ်ရက်တော့ ရအောင်ကိုအားမှာ။"

"မရှုပ်စမ်းနဲ့။"

"လိုက်ဖြစ်အောင်ကို လိုက်မှာ။"

ဘာမှဆက်မပြောချင်တော့တဲ့ပုံနဲ့ သခင်က ကမ္ဘာ့ဘေးကနေ ဖြတ်သွားတော့

"ထူပေးဦး။"

သခင်ကအဖက်မလုပ်ဘဲ ဆက်သွားတော့

"Stop, stop!"

"ဘာလဲ။"

"ရှေ့မှာ ဖန်ကွဲတွေနဲ့ကို။"

"ငါ မကန်းဘူး၊ တွေ့တယ်။ ပေပွနေတာပဲ။ အခုထပြီးရှင်းစမ်း။ သက်သက်မဲ့ ဖန်ခွက်တစ်ခွက်ကွဲပြီ။"

"ရှင်းမှာပါ။ အဲဒီ့ဖန်ခွက်ကိုကျ အရေးလုပ်နေတယ်။ ကိုယ့်ကိုကျ အသည်းခွဲဖို့ပါ တွေးနေတာမလား။ တအားသွေးအေးတာပဲ။ ယောက်ျားတစ်ယောက်လုံးကို ရက်စက်နိုင်ပုံက ..."

ပွစိပွစိပြောနေတဲ့ကမ္ဘာ့ကို သခင် ကျောခိုင်းထွက်လာခဲ့တော့တယ်။

'သောက်ရူးကောင်၊ တစ်ကောင်တည်းကို ပုံစံအမျိုးမျိုးနဲ့။ ငါ ဘယ်လိုစိတ်ကူးနဲ့များ သင်းကိုယူခဲ့မိသလဲမသိဘူး။'

"ကိုကိုရေ၊ Good night."

သခင်တွေးနေတုန်းမှာကို အာပြဲနဲ့လှမ်းအော်ပြောနေတဲ့ ကမ္ဘာ့အသံက ထွက်လာသေးတာ။ ခုနက drama King ဟာ သူမဟုတ်တဲ့အတိုင်း။

■■■ Part (43) ဆက်ရန် ■■■
© Demon ,
книга «Branded by You».
Коментарі