Chapter (20)
ညဆယ့္ႏွစ္နာရီထိုးေတာ့မယ္။ ေျမကမ႓ာ အိမ္ျပန္မေရာက္ေသးပါ။
ဆယ္နာရီေလာက္က သခင္ဖုန္းေခၚၾကည့္ေပမဲ့ ကမ႓ာဖုန္းမကိုင္။ ဆယ့္တစ္နာရီေလာက္မွာလည္း စာပို႔ထားေပမဲ့ reply မလာ။ ညနက္သန္းေခါင္အထိ ဘယ္ေနရာမွာ ဘာသြားလုပ္ေနလို႔ အိမ္ျပန္မလာသလဲဆိုတာ သခင္မသိရ။
.
သန္းေခါင္ေက်ာ္သြားၿပီဆိုေပမဲ့လည္း ဧည့္ခန္းမွာ သခင္တစ္ေယာက္တည္း။ အိပ္ခန္းထဲကို မဝင္ႏိုင္ေသး။ ကမ႓ာ့ကိုဖုန္းေခၚၾကည့္ဖို႔ ျပင္လိုက္ခ်ိန္မွာပဲ ေန႔သစ္ဆီကဖုန္းဝင္လာတယ္။
"ဟယ္လို"
"အစ္ကိုရာဇေရ၊ Earth မူးေနလို႔ ကၽြန္ေတာ္ျပန္လာပို႔တာ။ အခု အိမ္ေရွ႕ေရာက္ေနၿပီ။"
"ဟုတ္ၿပီ၊ ဟုတ္ၿပီ။ အစ္ကိုလာၿပီ။"
ဧည့္ခန္းမွာထိုင္ေနရင္းနဲ႔ အျပင္ဘက္ကကားသံကို မၾကားမိလိုက္တဲ့အျဖစ္။ တံခါးေတြဖြင့္ၿပီးထြက္သြားလိုက္ေတာ့ ေန႔သစ္နဲ႔ ဒရိုင္ဘာက ေျမကမ႓ာကို ကားထဲကေနထုတ္ဖို႔ ႀကိဳးစားေနတာကို သခင္ျမင္လိုက္ရတာေၾကာင့္ အနားသြားၿပီးကူရပါေတာ့တယ္။
"ဘယ္လိုျဖစ္တာလဲ ေန႔သစ္။"
"အလုပ္ကိစၥနဲ႔သြားတာပဲ။ အဲဒီ့ကေနဆက္ၿပီး မူးသြားလို႔ ကၽြန္ေတာ္သြားေခၚလာတာ။"
"သူနဲ႔ ဘယ္သူမွပါမသြားဘူးလား။"
ကမ႓ာ့ကို ကားေနာက္ခန္းထဲကေနဆြဲထုတ္ရင္း သခင္ေမးလိုက္တယ္။ ေန႔သစ္က ေဘးကေနကူထိန္းေပးရင္း
"Koa ပါသြားတယ္။ သူေျပာတာဆိုရင္ Earth ကမွအဖက္မလုပ္တာ။ ကၽြန္ေတာ့္ကိုလွမ္းေခၚေတာ့ ဆယ္နာရီေက်ာ္ပဲရွိေသးတာ။ ေမေမႀကီးသိမွာစိုးလို႔ ခ်က္ခ်င္းသြားမေခၚႏိုင္တာနဲ႔ ၾကာသြား ..."
"မထိနဲ႔။"
ရုတ္တရက္ထေအာ္ၿပီးရုန္းတဲ့ ကမ႓ာ့ေၾကာင့္ ႏွစ္ေယာက္ညႇပ္ထိန္းရင္း သခင္ကျပန္ေအာ္တယ္။
"ၿငိမ္ၿငိမ္ေနစမ္းကြာ။"
"သခင္ ... သခင္လား။ ဟား ဟား ... သခင္က လိုက္လာ ... တာလား။"
စကားသံေတြက ေလးတိေလးကန္။
"ပါးစပ္ေလးပါ ခဏပိတ္ထား။ အိမ္ထဲေရာက္မွ ဆက္ေျပာ။"
"ရတယ္။ မတြဲ ... နဲ႔ ... ရ ...တယ္။"
ဘယ္လိုရတာလဲေတာ့မသိ၊ လူကေတာ့ ယိုင္ထိုးလို႔။
ေန႔သစ္က အခန္းထဲအထိတြဲပို႔ေပးၿပီး
"ကၽြန္ေတာ္ ျပန္ေတာ့မယ္ေနာ္။ ေမေမႀကီးမသိေအာင္ ျပန္ဝင္ရမွာ။ အစ္ကိုတစ္ေယာက္တည္း ရတယ္မဟုတ္လား။ လမ္းမွာေတာ့ အန္လာတယ္။ ထပ္မအန္ေလာက္ေတာ့ပါဘူး။"
"ရတယ္ ေန႔သစ္။ အဆင္ေျပတယ္။"
ေန႔သစ္ျပန္သြားေတာ့ တံခါးေတြေသခ်ာပိတ္ၿပီး သခင္ အခန္းထဲျပန္ဝင္လာလိုက္တယ္။ ယိုင္တိုင္တိုင္နဲ႔ ထထိုင္ေနတဲ့ကမ႓ာက အက်ႌေတြကိုခၽြတ္ပစ္ဖို႔ ႀကိဳးစားေနပါတယ္။
"နံေစာ္ေနေအာင္ကို ေသာက္လာတာပဲ။"
"အဟား၊ ေသာက္လို႔မရဘူးလား။ အား ..."
ၾကယ္သီးေတြျပဳတ္သြားၿပီးေတာ့မွ ခဏရပ္လိုက္ၿပီး စားပြဲေပၚကေရဘူးကို လွမ္းယူဖို႔ႀကိဳးစားေပမဲ့ လူကမထိန္းႏိုင္ဘဲ ၾကမ္းျပင္ေပၚျပဳတ္က်ပါေတာ့တယ္။ ျပန္ထဖို႔ မနည္းႀကိဳးစားေနတဲ့ကမ႓ာ့ကို သခင္က ဒီအတိုင္းရပ္ၾကည့္ေနလို႔
"သခင္၊ ကူ ... ပါဦး။"
ေခါင္းေတြခါရမ္းရင္း ကမ႓ာေျပာေပမဲ့ သခင္ကေတာ့မလႈပ္ပါ။
"မင္းဘာသာေသာက္ၿပီး မင္းဘာသာမူးတာေလ။ ငါက ဘာလို႔ကူရမွာလဲ။"
"ဟင့္ ... ေယာက္်ားေရ ..."
ႏွာေခါင္းတစ္ခ်က္႐ႈံ႕ကာေအာ္ၿပီး ခုတင္ကိုကိုင္လို႔ အေပၚျပန္တက္ဖို႔ျပင္ေပမဲ့ ေတာ္ေတာ္နဲ႔မေရာက္။ ေရာက္သြားေတာ့လည္း ခုတင္ေပၚမွာေမွာက္လ်က္သား။ ပက္လက္ျပန္လွန္ၿပီးေတာ့ မ်က္စိကိုအတင္းဖြင့္ၾကည့္ၿပီး
"သခင္၊ ၿငိမ္ ... ၿငိမ္ေန ... မူးတယ္။"
ၿငိမ္ၿငိမ္ေလးရပ္ေနတဲ့သခင္က ကမ႓ာ့အျမင္မွာ ဟိုဘက္ဒီဘက္ယိမ္းထိုးေနသလို ျဖစ္ေနပံု။ စိတ္မရွည္တဲ့သခင္က ေရနည္းနည္းကို ခြက္ထဲထည့္လိုက္ၿပီး ကမ႓ာ့မ်က္ႏွာဆီကိုလွမ္းပက္လိုက္တယ္။ သိပ္မမ်ားတာေၾကာင့္ မ်က္ႏွာေပၚကိုသာ တည့္တည့္က်သြားၿပီး အိပ္ရာခင္းကိုေတာ့ အမ်ားႀကီးစိုမသြားခဲ့။
"ဖူး ... အားဟား ... ႏွာေခါင္း ..."
ႏွာေခါင္းထဲလည္းဝင္သြားပံုရၿပီး မ်က္ႏွာကိုေဘးေစာင္းလို႔ ေရကို ျပန္မႈတ္ထုတ္ဖို႔လုပ္တဲ့ကမ႓ာက အိပ္ရာေပၚမွာတြန္႔လိန္လို႔။ နည္းနည္းေတာ့ အမူးေျပသြားမယ္လို႔ ထင္ရပါတယ္။
"အင့္ ... အဟြတ္ ... အဟြတ္ ... ေရေတြ"
"စုတ္ျပတ္ေနတာပဲ။"
ေျပာၿပီးတာနဲ႔ ေခါင္းအံုးနဲ႔ေစာင္ကိုယူဖို႔ျပင္တဲ့သခင့္ကို ကမ႓ာလွမ္းဆြဲေတာ့ ခုတင္ေပၚကိုပစ္လဲသြားၿပီး
"ဟ၊ ဘာလုပ္တာလဲ။"
လူးလဲထတဲ့သခင့္ကို ကမ႓ာျပန္ဆြဲထားလို႔
"ဖယ္စမ္းကြာ။ အဲဒီ့အနံ႔ေတြနဲ႔ ငါ မအိပ္ႏိုင္ဘူး။"
"သခင္"
ဘယ္ကေနထြက္လာမွန္းမသိတဲ့အားေတြနဲ႔ အမူးသမားက အတင္းလံုးေထြးၿပီး ဖက္ထားတာကိုအလြတ္မေပး။ သခင္က အားသံုးၿပီးတြန္းပစ္ကာ တစ္ဖက္ကိုလွိမ့္ထြက္သြားၿပီး ျပန္ထဖို႔ျပင္တာကို မရရေအာင္လွမ္းဖမ္းတာမို႔ အိပ္ရာေပၚမွာ ႏွစ္ေယာက္သားလံုးေထြးလို႔။
"မင္းမလႊတ္ရင္ ငါ့အဆိုးမဆိုနဲ႔။"
"သခင္"
*ဝုန္း*
"အား"
"ငါလုပ္ရင္ ေသေတာ့မယ္။"
ၾကမ္းျပင္ေပၚက်သြားတဲ့ကမ႓ာ နာသြားတဲ့လက္တစ္ဖက္ကိုဖိကိုင္ရင္း
"အဲဒါဆိုလည္း လုပ္သတ္လိုက္ေလ။"
အမူးကေတာ့ ေတာ္ေတာ္ေျပသြားပံုပါ။
"ဘယ္လိုေတြျဖစ္ေနတာလဲ ေျမကမ႓ာ။ မင္းကိုယ္မင္းလည္း ျပန္ၾကည့္ဦး။"
"ဘာျဖစ္ရမွာလဲ။ ေယာက္်ားငုတ္တုပ္နဲ႔ အသည္းကြဲသလိုျဖစ္ေနတာေပါ့။"
"မင္းကို ငါက ဘာလုပ္လို႔ အသည္းကြဲရတာလဲ။"
"ဘာမွမလုပ္လို႔။
"ဘာ"
"ညနက္တဲ့အထိ အိမ္ျပန္မေရာက္ေသးတဲ့လင္ကို အဖက္မလုပ္ဘဲပစ္ထားတယ္ေလ။"
"ငါဖုန္းေခၚတယ္။"
"ဖုန္းေလးတစ္ call နဲ႔ စာတိုေလးတစ္ေစာင္ပဲလား။"
"အဟက္၊ သိတယ္ေပါ့။ ငါဆက္သြယ္တာကို သိသိႀကီးနဲ႔ အဖက္မလုပ္တဲ့ေကာင္ကို ငါက ေသာက္ဂရုစိုက္စရာလား။"
"ဒါပဲလား။ ဘယ္ေနရာမွာ ဘယ္သူနဲ႔ ဘာေတြျဖစ္ေနမလဲလို႔ ေတြးမပူဘူးလား။ ညဆယ္နာရီေလာက္မွ ဖုန္းထေခၚတာေလ။ ရံုးဆင္းကတည္းက လမ္းမွာတစ္ခုခုျဖစ္ၿပီးေသေနရင္ေတာင္ သခင္သိမွာမဟုတ္ဘူး။"
သခင္က ခုတင္ေပၚထိုင္ေနၿပီး ကမ႓ာကေတာ့ ျပဳတ္က်တဲ့ေနရာမွာပဲ ဒူးတစ္ဖက္ေထာင္ၿပီးထိုင္ကာ မေက်နပ္ခ်က္ေတြကို ေျပာေနမိတယ္။
"လမ္းမွာေသရင္ ေသတဲ့အခ်ိန္ကတည္းက သက္ဆိုင္ရာက ငါ့ကိုဖုန္းဆက္မွာပဲ။ အိမ္အျပန္လမ္းမဟုတ္တဲ့ ေခ်ာင္ႀကိဳေခ်ာင္ၾကားထဲသြားေသရင္ေတာ့ ငါလည္းမသိႏိုင္ဘူး။"
"ဘာလို႔ ေစာေစာကတည္းက မဆက္တာလဲ။ အိမ္ျပန္ေနာက္က်ရတဲ့အေၾကာင္းအရင္းကို ဖုန္းဆက္ေမးရမွာ ေတာ္ေတာ္ပင္ပန္းလို႔လား။"
"ဘာလို႔အိမ္ျပန္ေနာက္က်မယ္ဆိုတာ ဖုန္းဆက္ေျပာဖို႔ကို ေတာ္ေတာ္ခက္ခဲသလား။"
"ျပန္မေမးနဲ႔ဗ်ာ။ သခင္က ကိုယ္ဘာျဖစ္ျဖစ္ ဂရုမစိုက္ဘူးပဲ။"
ေျပာရင္းက မ်က္ရည္ေတြပါက်လာတာေၾကာင့္ သခင္ အူေၾကာင္ေၾကာင္ျဖစ္သြားရၿပီးမွ
"မင္းက ကေလးလား။ ကိစၥရွိလို႔ေနာက္က်တာပဲဆိုတာ ငါလည္းေတြးတတ္တယ္။"
"သခင္ နည္းနည္းေလးေနာက္က်ရင္ေတာင္ ကိုယ့္မွာ အဆိုးေတြခ်ည္းေတြးၿပီး ရင္ပူရတယ္။ သခင္ကေတာ့ ညဆယ္နာရီအထိအေၾကာင္းမၾကားဘဲ ေပ်ာက္ေနတဲဲ့ကိုယ့္ကို သတိေတာင္မရဘူး။"
သတိမရဘူးလို႔ ဘယ္သူကေျပာလိုက္တာလဲ။ သခင္ ဖုန္းဆက္ခဲ့ေသးတာပဲေလ။ ဒါကိုသိသိႀကီးနဲ႔ ကမ႓ာမူးၿပီးရစ္ေနတာလို႔ပဲ သခင္ေတြးလိုက္တယ္။
"မရစ္နဲ႔ ေျမကမ႓ာ။ မင္းအရက္သြားေသာက္တာက ..."
"ဘာကိစၥ အရက္သြားေသာက္ရမွာလဲ။ အလုပ္ကိစၥနဲ႔သြားတာ။ အလုပ္ၿပီးေတာ့ သခင္မ်ား စိတ္ပူၿပီးဖုန္းေခၚမလားလို႔ အခ်ိန္ျဖဳန္းရင္း ေသာက္မိတာ။"
သခင့္စကားကိုျဖတ္ေျပာၿပီး မ်က္ရည္ေတြကိုလည္း လက္ခံုနဲ႔ပြတ္သုတ္ပစ္လိုက္တဲ့ ကမ႓ာက ကေလးတစ္ေယာက္ထိုင္ငိုေနသလိုပါပဲ။
သခင့္ဘက္က စကားျပန္မရေတာ့ ေထာင္ထားတဲ့ဒူးႏွစ္ဖက္ေပၚ လက္တင္ေခါင္းေမွာက္လို႔ ၿငိမ္သြားျပန္တယ္။
"အလုပ္မဟုတ္တာေတြလုပ္ၿပီး ငါ့ကိုျပႆနာမရွာနဲ႔။ ငါဖုန္းေခၚေတာ့ ကိုင္လည္းမကိုင္ဘူး။"
"ဒီလိုမွန္းသိရင္ ေကာင္မေလးေတြနဲ႔ပဲ အိပ္လိုက္ပါတယ္။"
ေခါင္းေမာ့မလာဘဲ ပါးစပ္ကေန ပလံုးပေထြးေျပာလိုက္တာေပမဲ့ သခင္ေသခ်ာၾကားလိုက္ပါတယ္။
"ေနခ်င္တာနဲ႔ေနေလ။ ငါ့ေတာ့ လာမရစ္နဲ႔။"
အခန္းအျပင္ကိုထြက္မယ့္ သခင့္ေျခေထာက္ကို ကမ႓ာလွမ္းဆြဲၿပီး
"အခုက သခင္နဲ႔ပဲေနခ်င္တာ။"
ကမ႓ာနဲ႔ေဘးတိုက္ျဖစ္ေနတဲ့ သခင့္ေျခသလံုးကို ဆြဲဖက္ထားၿပီး ေခါင္းေမာ့ၾကည့္ကာ ေျပာလိုက္ေတာ့
"ဖယ္ေပး"
ကမ႓ာလႊတ္ေပးလိုက္တာနဲ႔ သခင္က ဧည့္ခန္းထဲကိုထြက္သြားၿပီး ဆိုဖာကိုျဖန္႔ခ်ကာ ေခြအိပ္ေနခဲ့ၿပီ။ ကမ႓ာ့ေျခသံေတြၾကားေနရင္းကပဲ သခင္ ေမွးခနဲအိပ္ေပ်ာ္သြားတယ္လို႔ ထင္ရၿပီးတဲ့ေနာက္ ပါးေပၚေရာက္လာတဲ့ ေအးစက္စက္အထိအေတြ႕ေၾကာင့္ ျပန္ႏိုးလာခဲ့ရတယ္။
"မင္း"
ကမ႓ာက ေရခ်ိဳးထားပံုရၿပီး သူ႔လက္ေအးေအးနဲ႔ သခင့္ပါးကိုအုပ္ကိုင္လိုက္လို႔ သခင္ႏိုးသြားခဲ့တာပဲ။ ကမ႓ာ့ဦးတည္ရာကေတာ့ သခင့္ႏႈတ္ခမ္းေတြဆီမို႔ မ်က္ႏွာခ်င္းက အရမ္းကိုနီးကပ္ေနတဲ့အေနအထားမွာ ရွိေနတယ္။ ေအးစက္စက္ ကမ႓ာ့ႏႈတ္ခမ္းႏွစ္လႊာက ထိကပ္မိ႐ံုေလးမွာပဲ သခင္ထထိုင္လိုက္လို႔ အနမ္းဆိုတဲ့အရာက မပီျပင္လိုက္ပါ။
"ေရခ်ိဳးၿပီးၿပီေလ။ နံေစာ္မေနေတာ့ဘူး။"
"ငါ အိပ္ေနတာကို ဘာလို႔ေႏွာင့္ယွက္တာလဲ။"
"ခ်စ္လို႔။"
"က်စ္၊ ငါအိပ္မလို႔ကြာ။ ေအးေဆးေန။"
"ဟင့္အင္း၊ ဒီမွာေတာ့မအိပ္နဲ႔။ အခန္းထဲျပန္ဝင္။"
ေတာက္တစ္ခ်က္ေခါက္ၿပီး သခင္ အခန္းထဲျပန္ဝင္ေတာ့လည္း ကမ႓ာက အနားကပ္ၿပီးေႏွာင့္ယွက္ဆဲ။
"ေျမကမ႓ာ၊ ငါ လက္ပါမိေတာ့မယ္ေနာ္။"
ကမ႓ာက မၾကားသလိုနဲ႔ သခင့္အနားကပ္ၿပီး ေပြ႕ဖက္ဖို႔ျပင္ေနျပန္တယ္။
*ခြပ္*
"အ"
မေန႔ကကိုက္ခံထားရတဲ့ႏႈတ္ခမ္းက ထပ္ကြဲသြားျပန္ၿပီ။
ခုတင္ေျခရင္းမွာ ကမ႓ာထားခဲ့တဲ့ necktie ကို သခင္ဆြဲယူၿပီး ကမ႓ာ့လက္ေတြကိုခ်ည္လိုက္ေတာ့လည္း ၿငိမ္ခံေနတာက သခင့္ေဒါသကို မၿငိမ္းေစပါဘူး။ က်န္ေနတဲ့အစတစ္ဖက္ကို ခုတင္တိုင္မွာ ထပ္ခ်ည္လိုက္ေတာ့ ပက္လက္အေနအထားနဲ႔ ကမ႓ာတစ္ေယာက္ ေနရာေရႊ႕ဖို႔ခက္သြားခဲ့ၿပီ။
အဲဒီ့ေတာ့မွ သခင္က သူ႔ဘက္မွာသူလွဲအိပ္ပစ္လိုက္တယ္။
"သခင္ေရ၊ ခ်စ္တယ္လို႔။"
ခ်က္ခ်င္းျပန္ထထိုင္တဲ့သခင္က စားပြဲအံဆြဲထဲကေန တစ္ခုခုကိုထုတ္ယူေနၿပီး လက္ထဲပါလာတာက တိပ္တစ္ေခြ။ ကမ႓ာ့ပါးစပ္ကို တိပ္နဲ႔ပိတ္ပစ္လိုက္ၿပီးမွ
"ထပ္ၿပီးေႏွာင့္ယွက္ရင္ ဒီထက္ပိုဆိုးမယ္။"
ကိုက္ရာလက္စနဲ႔ ေပါက္သြားတဲ့ႏႈတ္ခမ္းက ေသြးထြက္ေနတာကို ကမ႓ာခံစားရတယ္။ သခင္မႏိုးမခ်င္း ဒီလိုပဲေနရေတာ့မယ့္အေျခအေနမွာ ပါးျပင္ေတြလႈပ္ရွားသြားတာက ျပံဳးလိုက္တာလားလို႔ေတာ့ ကာယကံရွင္သာ အသိဆံုးျဖစ္လိမ့္မယ္။ မ်က္လံုးေထာင့္ကေနေတာ့ မ်က္ရည္စီးေၾကာင္းတစ္ခု ျဖတ္စီးသြားတာ အေသအခ်ာ။
ဒီည သူ႔ကိုမေပါက္ကြဲရဘဲ သခင္အိပ္ေပ်ာ္သြားရင္ ေသခ်ာတာကေတာ့ ေနာက္ေန႔မွာ သခင္ သူ႔ကိုအဖက္လုပ္မွာမဟုတ္။ အခုတေလာ သခင္က တကယ္ကိုေအးတိေအးစက္နဲ႔ သူ႔ကိုဂရုမစိုက္တာက စိတ္ဆိုးေနလို႔သာ ျဖစ္ပါလိမ့္မယ္လို႔ သူေတြးၿပီး ညနက္တဲ့အထိ သူျပန္မလာရင္ေတာ့ သခင္စိတ္ပူၿပီး ဖုန္းေတြေခၚမယ္လို႔ ထင္ထားခဲ့တာ။ ထင္သလိုျဖစ္မလာဘဲ ဖုန္းတစ္ခ်က္ဝင္လာၿပီး မကိုင္လိုက္တာနဲ႔ ထပ္မေခၚေတာ့ဘူး။ စာတစ္ေစာင္ပို႔ၿပီး reply မျပန္တာနဲ႔ ဘာမွထပ္မပို႔ေတာ့ဘူး။ ေနာက္ဆံုး အိမ္ကို မူးကြဲၿပီးျပန္လာတာေတာင္ အခန္းထဲမွာပဲ လူကိုပစ္ထားခဲ့ဖို႔ လုပ္ေနခဲ့တာ။
လူက ဝမ္းနည္းၿပီးငိုခ်င္လာတာ ထိ္န္းမရ။ မ်က္ရည္က်လည္း သခင္ကသနားမွာမဟုတ္တာကို ႀကိဳသိထားေပမဲ့ တကယ္လ်စ္လ်ဴ႐ႈခံရေတာ့ ရင္ေတြပါနာရတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ခ်စ္ရတာပင္ပန္းတယ္လို႔ ညည္းညဴမယ့္အထဲ ေျမကမ႓ာတို႔မပါခဲ့။
■
အခုအေျခအေနနဲ႔ သခင္အိပ္ေပ်ာ္ႏိုင္ဖို႔ဆိုတာ ဘယ္လိုျဖစ္ႏိုင္မွာလဲ။
အလုပ္ကိစၥအေရးႀကီးပါတယ္ဆို အနားကပ္မွ ဖ်က္လိုက္ရၿပီး ခြင့္ပါယူလိုက္ရတဲ့အတြက္ သခင္ေျဖရွင္းစရာေတြက မ်ားသြားခဲ့တယ္။ ဘရဏီက ေတာ္ေတာ္ေလးကိုတာဝန္ယူေပးလို႔ အဆင္ေျပခဲ့တာမို႔ အခ်ိန္ပိုဆင္းရတဲ့ေန႔ေတြမွာ ဘရဏီနဲ႔ေျပာရဆိုရတာေတြက အမ်ားႀကီး။ ဒါကို ျပႆနာလုပ္ေနတဲ့ကမ႓ာက ဒီလိုျဖစ္ရတာသူ႔ေၾကာင့္ဆိုတာကို မသိေတာ့တဲ့အတိုင္းပါပဲ။
အလုပ္ကိစၥေတြၿပီးလို႔ ဘရဏီတို႔ျပန္ေရာက္မွပဲ စိတ္ခ်လက္ခ်နားႏိုင္ခဲ့တာ။ အလုပ္တစ္ခုကို တာဝန္ယူလုပ္ဖူးတဲ့လူတိုင္း ဒီလိုစိတ္ဖိစီးမႈကို နားလည္ႏိုင္ပါလိမ့္မယ္။ ကိုယ္တာဝန္ယူထားတဲ့အလုပ္ ကိုယ့္ေၾကာင့္လစ္ဟင္းမႈျဖစ္ရရင္ တကယ္ကို တာဝန္မဲ့ရာက်တာပါပဲ။ အလုပ္မလုပ္ဖူးတာလည္းမဟုတ္ဘဲ သဝန္တိုတယ္ဆိုတိုင္း စိတ္အလိုလိုက္ၿပီး ျပႆနာလုပ္တာမ်ိဳးကို ဆင္ျခင္ဖို႔သတိေပးဖူးတာ အခါခါ။ သခင့္စကားကို အေလးမထားသလို သူစိတ္ထင္ရာလုပ္ေနျခင္းက သတိေပးတာကို ဂရုမစိုက္ေလျခင္းလို႔လည္း စိတ္ထဲမေက်မနပ္ျဖစ္ရတယ္။
ဒီေန႔မွ အလုပ္ကိစၥလည္းျပတ္ၿပီမို႔ စိတ္ရွင္းရွင္းနဲ႔အိမ္ျပန္လာခါမွ ကမ႓ာဆိုတဲ့ေကာင္ေလးက အေၾကာင္းမၾကားဘဲ အိမ္ျပန္ေနာက္က်ၿပီး အရက္မူးလို႔ရစ္ေနတာက ေပါက္ကြဲမယ့္ေဒါသကို စနက္တံျဖဳတ္ေပးေနသလိုပါပဲ။
ေရာက္ရမယ့္အခ်ိန္ထက္ အိမ္ျပန္ေနာက္က်ေနတာက အလုပ္ကိစၥရွိလို႔ျဖစ္ပါလိမ့္မယ္ဆိုတဲ့ အေတြးနဲ႔အတူ သူ႔ကိုအေႏွာင့္အယွက္ေပးမိမွာစိုးလို႔ ဖုန္းဆက္မေမးဘဲ ေစာင့္ေနခဲ့ေပမဲ့ ညဆယ္နာရီအထိ စာမလာ၊ သတင္းမၾကား။ ဖုန္းဆက္တာကိုလည္းမကိုင္လို႔ ေနာက္ထပ္နာရီဝက္ၾကာေတာ့ စာပို႔ေပမဲ့လည္း ျပန္စာမလာ။ ေန႔သစ္သိမယ္ဆိုရင္ သခင့္ကိုအေၾကာင္းမၾကားဘဲ ေနမွာမဟုတ္။ မသိတဲ့လူကိုပါ စိတ္ပူေအာင္မလုပ္ခ်င္တာမို႔ ေန႔သစ္ဆီမဆက္ေတာ့ဘဲ ကမ႓ာ့႐ံုးဖုန္းကိုေခၚေတာ့လည္း ကိုင္သူမရွိ။ ဒီအခ်ိန္ ရံုးမွာလူမရွိတာေတာ့ အဆန္းမဟုတ္လို႔ ကမ႓ာ့ရဲ႕ေနာက္ထပ္ဖုန္းတစ္လံုးကို ေခၚၾကည့္ေပမဲ့ စက္ပိတ္ထားပါတယ္ဆိုတဲ့အသံသာ ၾကားရတာမို႔ ဧည့္ခန္းမွာပဲ ထိုင္ေစာင့္ေနခဲ့တာ။
မူးကြဲၿပီးျပန္လာတဲ့ကမ႓ာ့ပံုစံက ညသန္းေခါင္ေက်ာ္အထိ ထိုင္ေစာင့္ေနခဲ့တဲ့သခင့္ကို ေတာ္ေတာ္ေလးေဒါသထြက္ေစတယ္။ ဖုန္းမကိုင္၊ စာမျပန္ရျခင္းကလည္း တမင္တကာလုပ္ေနတာဆိုတဲ့ေနာက္မွာ သခင့္ေဒါသစိတ္ကလြတ္ခ်င္ခ်င္။ ဒါေပမဲ့လည္း ကမ႓ာေပါက္ကြဲေနလို႔ ျပႆနာမျဖစ္ခ်င္တဲ့အတြက္ သခင္ေရွာင္ေနလိုက္တာကို တည့္တည့္တိုးေနတဲ့အဆံုး ၿငိမ္သြားေအာင္ႀကိဳးခ်ည္ထားလိုက္တာ အေကာင္းဆံုးပဲလို႔ ေတြးလိုက္မိတယ္။ ေဒါသထြက္ရတာလည္း ပင္ပန္းေနၿပီ။ ကိုယ့္စကားကိုအဖက္မလုပ္တဲ့ သူ႔အက်င့္ေတြကိုလည္း အေရးတယူလုပ္ၿပီး စိတ္တိုမေနခ်င္ေတာ့ပါ။
ေရာက္တတ္ရာရာေတြးရင္း အိပ္မရတဲ့အဆံုး ထထိုင္လိုက္ၿပီး စီးကရက္ဘူးယူကာ ျပတင္းတံခါးဖြင့္ၿပီး ေဆးလိပ္ေသာက္ဖို႔ျပင္လိုက္တယ္။ ညေလေအးတခ်ိဳ႕က အလုအယက္ေပြ႕ဖက္လာၾကသလို အခန္းထဲကို ခပ္ျပင္းျပင္းတိုက္ခတ္လာတယ္။ စိတ္ဖိစီးမႈေတြ နည္းနည္းေတာ့ေလ်ာ့သြားသလိုပါပဲ။ မီးညႇိၿပီးဖြာ႐ႈိက္လိုက္တဲ့ ေဆးလိပ္အခိုးအေငြ႕ေတြကို ခပ္ျဖည္းျဖည္းခ်င္း ေလထဲမႈတ္ထုတ္ေတာ့ ကိုယ့္ဘက္ကိုပဲ ျပန္လြင့္လာတယ္။
အဲဒီလိုပဲ ေျမကမ႓ာ့ကိုေဒါသထြက္ရတာလည္း သူ႔ကိုပဲ နာက်င္ေအာင္လုပ္မိတယ္ဆိုေပမဲ့ ဒဏ္ရာေတြနဲ႔ျမင္ရရင္ အဲဒီ့နာက်င္မႈေတြက ကိုယ့္ဘက္ကိုလည္း သက္ေရာက္လာတတ္တယ္။
သူ႔ရဲ႕သဝန္တိုျခင္းေတြက ေလွာင္အိမ္တစ္ခုဆိုရင္ ေလွာင္ထားလို႔မြန္းက်ပ္ရင္ေတာင္ အိမ္ေလးတစ္လံုးမို႔ ေႏြးေထြးေနပါတယ္။ အခ်စ္ခံရတာကို မြန္းက်ပ္တယ္လို႔ေတာ့ ရာဇသခင္ မေတြးခ်င္ပါဘူး။
■■■
ဒီညေနျဖစ္ပ်က္ခဲ့သမၽွကို ေျပာရမယ္ဆိုရင္ ကမ႓ာစိတ္ေကာက္တာကေန စရပါေတာ့မယ္။
"ခ်ိန္းထားတာက ေစာေနေသးတယ္ Earth."
"႐ံုးကိုခဏျပန္မယ္။ ၿပီးရင္ Greenville ရဲ႕စာရြက္စာတမ္းေတြ မနက္ျဖန္ပို႔လိုက္ပါ။"
"ေနာက္ရက္ေတြမွပို႔လည္း ရပါတယ္။ ခဏနားပါလား။ ဒီေန႔ အလုပ္ေတြမ်ား ..."
ကားေမာင္းေနရင္း ေနာက္ၾကည့္မွန္ကေနတစ္ဆင့္ ကမ႓ာ့ကိုၾကည့္ကာေျပာေနတဲ့ Koa စကားစျပတ္သြားတယ္။ ေနာက္ခန္းမွာထိုင္လိုက္လာတဲ့ ကမ႓ာက မွန္ထဲကေနပဲ စူးစိုက္ၾကည့္လိုက္တာျဖစ္ၿပီး Koa က ေရွ႕ကိုအၾကည့္လႊဲသြားခဲ့တယ္။
"႐ံုးကိုေမာင္း။"
"ဟုတ္ကဲ့။"
အခုတေလာ မၾကည္မလင္ျဖစ္ေနတတ္တဲ့ ကမ႓ာ့ကို Koa သတိထားမိတာ ၾကာပါၿပီ။ ဒီေန႔က အလုပ္ေတြအရမ္းမ်ားၿပီး အနားမရလိုက္တာေၾကာင့္ ခဏေလာက္ျဖစ္ျဖစ္နားေစခ်င္ေပမဲ့ ကမ႓ာကေတာ့ တမင္တကာပဲ အလုပ္ၿပီးရင္အလုပ္လုပ္မယ္လို႔ ေတြးေနခဲ့ေလသလား။
ဝန္ထမ္းေတြအလုပ္ဆင္းသြားၿပီးခ်ိန္ ရံုးကိုျပန္ေရာက္ေတာ့ ေနာက္ေန႔ပို႔ဖို႔ဆိုၿပီး စာရင္းေတြထဲေခါင္းစိုက္ေနျပန္တယ္။
"Earth, ခ်ိန္းထားတာနီးေနၿပီ။"
နာရီတစ္ခ်က္ၾကည့္ၿပီး စားပြဲကိုရွင္းဖို႔ျပင္ေနတာေၾကာင့္ Koa အလိုက္တသိနဲ႔ ရွင္းေပးလိုက္တယ္။ Pennsylvania ရဲ႕ ဧၿပီလလယ္ေနဝင္ခ်ိန္က ညရွစ္နာရီဝန္းက်င္မွာမို႔ အခုအခ်ိန္မွာေတာ့ ေနေရာင္မေပ်ာက္ေသး။ မိနစ္ႏွစ္ဆယ္ေလာက္ကားေမာင္းသြားရင္ ခ်ိန္းထားတဲ့ေနရာကိုေရာက္မွာမို႔ ခုနစ္နာရီခြဲမွာပဲ သူတို႔ထြက္လာခဲ့ၾကတယ္။ အခုအခ်ိန္အထိ ကမ႓ာတစ္ေယာက္ အိမ္ကိုဖုန္းဆက္တာ Koa မေတြ႕ရေသး။ အရင္ဆို ဒီလိုအိမ္ျပန္ေနာက္က်ၿပီဆို ဖုန္းဆက္ေျပာေနတတ္တဲ့ ကမ႓ာက အခုေတာ့ ေအးေအးေဆးေဆးမို႔ ရာဇသခင္နဲ႔ရန္ျဖစ္ၾကျပန္ၿပီလားလို႔ Koa ေတြးလိုက္မိေသးတယ္။
ခ်ိန္းထားတဲ့ဆိုင္ကိုေရာက္လို႔ ညစာစားရင္း အလုပ္ကိစၥစကားေျပာေနၾကတာ တစ္နာရီေက်ာ္ၾကာသြားၿပီး တစ္ဖက္လူကျပန္သြားေပမဲ့ ကမ႓ာကေတာ့ ဆက္ထိုင္ရင္းအရက္ေသာက္ေနတယ္။ သီးသန္႔ခန္းေလးထဲ ဖန္ခြက္နဲ႔စားပြဲထိသံကလြဲလို႔ တျခားဘာမွမၾကားရ။ ဒီလိုနဲ႔ ရွစ္နာရီမထိုးခင္ကတည္းက ေရာက္ေနခဲ့တာ အခု ညဆယ္နာရီလည္း ေက်ာ္သြားၿပီမို႔
"Earth, ျပန္ရေအာင္ေလ။"
Koa ေျပာလိုက္တဲ့အခ်ိန္မွာပဲ ကမ႓ာ့ဖုန္းကျမည္လာတယ္။ သခင့္ဆီကဖုန္းေခၚတာကို ကမ႓ာမကိုင္ပါ။ တစ္ဖက္ကဖုန္းက်သြားတဲ့အထိ ထိုင္ၾကည့္ေနတာက ဘာေၾကာင့္မွန္း Koa မသိ။ ဖုန္းက တစ္ခါသာဝင္ၿပီး ေနာက္ထပ္ထပ္ဝင္မလာေတာ့ပါ။ စားပြဲေပၚခ်ထားတဲ့ဖုန္းကို လွမ္းၾကည့္လိုက္၊ အရက္ေတြေမာ့ေသာက္လိုက္နဲ႔ အလုပ္မ်ားေနတဲ့လူကို Koa ထိုင္ၾကည့္ေနမိတယ္။
'ဘာေတြစိတ္ညစ္ေနတာလဲ သခင္ရယ္။'
ကမ႓ာအိမ္မျပန္လည္း ေအးတာပဲဆိုေပမဲ့ ဝတၱရားအရေတာ့ ေန႔သစ္ဆီကိုဖုန္းေခၚေျပာလိုက္တယ္။ အိမ္ျပန္မယ္ဆိုရင္ Koa လိုက္မပို႔ခ်င္ဘူး။
■■■ Part (21) ဆက္ရန္ ■■■
ညဆယ့်နှစ်နာရီထိုးတော့မယ်။ မြေကမ္ဘာ အိမ်ပြန်မရောက်သေးပါ။
ဆယ်နာရီလောက်က သခင်ဖုန်းခေါ်ကြည့်ပေမဲ့ ကမ္ဘာဖုန်းမကိုင်။ ဆယ့်တစ်နာရီလောက်မှာလည်း စာပို့ထားပေမဲ့ reply မလာ။ ညနက်သန်းခေါင်အထိ ဘယ်နေရာမှာ ဘာသွားလုပ်နေလို့ အိမ်ပြန်မလာသလဲဆိုတာ သခင်မသိရ။
.
သန်းခေါင်ကျော်သွားပြီဆိုပေမဲ့လည်း ဧည့်ခန်းမှာ သခင်တစ်ယောက်တည်း။ အိပ်ခန်းထဲကို မဝင်နိုင်သေး။ ကမ္ဘာ့ကိုဖုန်းခေါ်ကြည့်ဖို့ ပြင်လိုက်ချိန်မှာပဲ နေ့သစ်ဆီကဖုန်းဝင်လာတယ်။
"ဟယ်လို"
"အစ်ကိုရာဇရေ၊ Earth မူးနေလို့ ကျွန်တော်ပြန်လာပို့တာ။ အခု အိမ်ရှေ့ရောက်နေပြီ။"
"ဟုတ်ပြီ၊ ဟုတ်ပြီ။ အစ်ကိုလာပြီ။"
ဧည့်ခန်းမှာထိုင်နေရင်းနဲ့ အပြင်ဘက်ကကားသံကို မကြားမိလိုက်တဲ့အဖြစ်။ တံခါးတွေဖွင့်ပြီးထွက်သွားလိုက်တော့ နေ့သစ်နဲ့ ဒရိုင်ဘာက မြေကမ္ဘာကို ကားထဲကနေထုတ်ဖို့ ကြိုးစားနေတာကို သခင်မြင်လိုက်ရတာကြောင့် အနားသွားပြီးကူရပါတော့တယ်။
"ဘယ်လိုဖြစ်တာလဲ နေ့သစ်။"
"အလုပ်ကိစ္စနဲ့သွားတာပဲ။ အဲဒီ့ကနေဆက်ပြီး မူးသွားလို့ ကျွန်တော်သွားခေါ်လာတာ။"
"သူနဲ့ ဘယ်သူမှပါမသွားဘူးလား။"
ကမ္ဘာ့ကို ကားနောက်ခန်းထဲကနေဆွဲထုတ်ရင်း သခင်မေးလိုက်တယ်။ နေ့သစ်က ဘေးကနေကူထိန်းပေးရင်း
"Koa ပါသွားတယ်။ သူပြောတာဆိုရင် Earth ကမှအဖက်မလုပ်တာ။ ကျွန်တော့်ကိုလှမ်းခေါ်တော့ ဆယ်နာရီကျော်ပဲရှိသေးတာ။ မေမေကြီးသိမှာစိုးလို့ ချက်ချင်းသွားမခေါ်နိုင်တာနဲ့ ကြာသွား ..."
"မထိနဲ့။"
ရုတ်တရက်ထအော်ပြီးရုန်းတဲ့ ကမ္ဘာ့ကြောင့် နှစ်ယောက်ညှပ်ထိန်းရင်း သခင်ကပြန်အော်တယ်။
"ငြိမ်ငြိမ်နေစမ်းကွာ။"
"သခင် ... သခင်လား။ ဟား ဟား ... သခင်က လိုက်လာ ... တာလား။"
စကားသံတွေက လေးတိလေးကန်။
"ပါးစပ်လေးပါ ခဏပိတ်ထား။ အိမ်ထဲရောက်မှ ဆက်ပြော။"
"ရတယ်။ မတွဲ ... နဲ့ ... ရ ...တယ်။"
ဘယ်လိုရတာလဲတော့မသိ၊ လူကတော့ ယိုင်ထိုးလို့။
နေ့သစ်က အခန်းထဲအထိတွဲပို့ပေးပြီး
"ကျွန်တော် ပြန်တော့မယ်နော်။ မေမေကြီးမသိအောင် ပြန်ဝင်ရမှာ။ အစ်ကိုတစ်ယောက်တည်း ရတယ်မဟုတ်လား။ လမ်းမှာတော့ အန်လာတယ်။ ထပ်မအန်လောက်တော့ပါဘူး။"
"ရတယ် နေ့သစ်။ အဆင်ပြေတယ်။"
နေ့သစ်ပြန်သွားတော့ တံခါးတွေသေချာပိတ်ပြီး သခင် အခန်းထဲပြန်ဝင်လာလိုက်တယ်။ ယိုင်တိုင်တိုင်နဲ့ ထထိုင်နေတဲ့ကမ္ဘာက အင်္ကျီတွေကိုချွတ်ပစ်ဖို့ ကြိုးစားနေပါတယ်။
"နံစော်နေအောင်ကို သောက်လာတာပဲ။"
"အဟား၊ သောက်လို့မရဘူးလား။ အား ..."
ကြယ်သီးတွေပြုတ်သွားပြီးတော့မှ ခဏရပ်လိုက်ပြီး စားပွဲပေါ်ကရေဘူးကို လှမ်းယူဖို့ကြိုးစားပေမဲ့ လူကမထိန်းနိုင်ဘဲ ကြမ်းပြင်ပေါ်ပြုတ်ကျပါတော့တယ်။ ပြန်ထဖို့ မနည်းကြိုးစားနေတဲ့ကမ္ဘာ့ကို သခင်က ဒီအတိုင်းရပ်ကြည့်နေလို့
"သခင်၊ ကူ ... ပါဦး။"
ခေါင်းတွေခါရမ်းရင်း ကမ္ဘာပြောပေမဲ့ သခင်ကတော့မလှုပ်ပါ။
"မင်းဘာသာသောက်ပြီး မင်းဘာသာမူးတာလေ။ ငါက ဘာလို့ကူရမှာလဲ။"
"ဟင့် ... ယောက်ျားရေ ..."
နှာခေါင်းတစ်ချက်ရှုံ့ကာအော်ပြီး ခုတင်ကိုကိုင်လို့ အပေါ်ပြန်တက်ဖို့ပြင်ပေမဲ့ တော်တော်နဲ့မရောက်။ ရောက်သွားတော့လည်း ခုတင်ပေါ်မှာမှောက်လျက်သား။ ပက်လက်ပြန်လှန်ပြီးတော့ မျက်စိကိုအတင်းဖွင့်ကြည့်ပြီး
"သခင်၊ ငြိမ် ... ငြိမ်နေ ... မူးတယ်။"
ငြိမ်ငြိမ်လေးရပ်နေတဲ့သခင်က ကမ္ဘာ့အမြင်မှာ ဟိုဘက်ဒီဘက်ယိမ်းထိုးနေသလို ဖြစ်နေပုံ။ စိတ်မရှည်တဲ့သခင်က ရေနည်းနည်းကို ခွက်ထဲထည့်လိုက်ပြီး ကမ္ဘာ့မျက်နှာဆီကိုလှမ်းပက်လိုက်တယ်။ သိပ်မများတာကြောင့် မျက်နှာပေါ်ကိုသာ တည့်တည့်ကျသွားပြီး အိပ်ရာခင်းကိုတော့ အများကြီးစိုမသွားခဲ့။
"ဖူး ... အားဟား ... နှာခေါင်း ..."
နှာခေါင်းထဲလည်းဝင်သွားပုံရပြီး မျက်နှာကိုဘေးစောင်းလို့ ရေကို ပြန်မှုတ်ထုတ်ဖို့လုပ်တဲ့ကမ္ဘာက အိပ်ရာပေါ်မှာတွန့်လိန်လို့။ နည်းနည်းတော့ အမူးပြေသွားမယ်လို့ ထင်ရပါတယ်။
"အင့် ... အဟွတ် ... အဟွတ် ... ရေတွေ"
"စုတ်ပြတ်နေတာပဲ။"
ပြောပြီးတာနဲ့ ခေါင်းအုံးနဲ့စောင်ကိုယူဖို့ပြင်တဲ့သခင့်ကို ကမ္ဘာလှမ်းဆွဲတော့ ခုတင်ပေါ်ကိုပစ်လဲသွားပြီး
"ဟ၊ ဘာလုပ်တာလဲ။"
လူးလဲထတဲ့သခင့်ကို ကမ္ဘာပြန်ဆွဲထားလို့
"ဖယ်စမ်းကွာ။ အဲဒီ့အနံ့တွေနဲ့ ငါ မအိပ်နိုင်ဘူး။"
"သခင်"
ဘယ်ကနေထွက်လာမှန်းမသိတဲ့အားတွေနဲ့ အမူးသမားက အတင်းလုံးထွေးပြီး ဖက်ထားတာကိုအလွတ်မပေး။ သခင်က အားသုံးပြီးတွန်းပစ်ကာ တစ်ဖက်ကိုလှိမ့်ထွက်သွားပြီး ပြန်ထဖို့ပြင်တာကို မရရအောင်လှမ်းဖမ်းတာမို့ အိပ်ရာပေါ်မှာ နှစ်ယောက်သားလုံးထွေးလို့။
"မင်းမလွှတ်ရင် ငါ့အဆိုးမဆိုနဲ့။"
"သခင်"
*ဝုန်း*
"အား"
"ငါလုပ်ရင် သေတော့မယ်။"
ကြမ်းပြင်ပေါ်ကျသွားတဲ့ကမ္ဘာ နာသွားတဲ့လက်တစ်ဖက်ကိုဖိကိုင်ရင်း
"အဲဒါဆိုလည်း လုပ်သတ်လိုက်လေ။"
အမူးကတော့ တော်တော်ပြေသွားပုံပါ။
"ဘယ်လိုတွေဖြစ်နေတာလဲ မြေကမ္ဘာ။ မင်းကိုယ်မင်းလည်း ပြန်ကြည့်ဦး။"
"ဘာဖြစ်ရမှာလဲ။ ယောက်ျားငုတ်တုပ်နဲ့ အသည်းကွဲသလိုဖြစ်နေတာပေါ့။"
"မင်းကို ငါက ဘာလုပ်လို့ အသည်းကွဲရတာလဲ။"
"ဘာမှမလုပ်လို့။
"ဘာ"
"ညနက်တဲ့အထိ အိမ်ပြန်မရောက်သေးတဲ့လင်ကို အဖက်မလုပ်ဘဲပစ်ထားတယ်လေ။"
"ငါဖုန်းခေါ်တယ်။"
"ဖုန်းလေးတစ် call နဲ့ စာတိုလေးတစ်စောင်ပဲလား။"
"အဟက်၊ သိတယ်ပေါ့။ ငါဆက်သွယ်တာကို သိသိကြီးနဲ့ အဖက်မလုပ်တဲ့ကောင်ကို ငါက သောက်ဂရုစိုက်စရာလား။"
"ဒါပဲလား။ ဘယ်နေရာမှာ ဘယ်သူနဲ့ ဘာတွေဖြစ်နေမလဲလို့ တွေးမပူဘူးလား။ ညဆယ်နာရီလောက်မှ ဖုန်းထခေါ်တာလေ။ ရုံးဆင်းကတည်းက လမ်းမှာတစ်ခုခုဖြစ်ပြီးသေနေရင်တောင် သခင်သိမှာမဟုတ်ဘူး။"
သခင်က ခုတင်ပေါ်ထိုင်နေပြီး ကမ္ဘာကတော့ ပြုတ်ကျတဲ့နေရာမှာပဲ ဒူးတစ်ဖက်ထောင်ပြီးထိုင်ကာ မကျေနပ်ချက်တွေကို ပြောနေမိတယ်။
"လမ်းမှာသေရင် သေတဲ့အချိန်ကတည်းက သက်ဆိုင်ရာက ငါ့ကိုဖုန်းဆက်မှာပဲ။ အိမ်အပြန်လမ်းမဟုတ်တဲ့ ချောင်ကြိုချောင်ကြားထဲသွားသေရင်တော့ ငါလည်းမသိနိုင်ဘူး။"
"ဘာလို့ စောစောကတည်းက မဆက်တာလဲ။ အိမ်ပြန်နောက်ကျရတဲ့အကြောင်းအရင်းကို ဖုန်းဆက်မေးရမှာ တော်တော်ပင်ပန်းလို့လား။"
"ဘာလို့အိမ်ပြန်နောက်ကျမယ်ဆိုတာ ဖုန်းဆက်ပြောဖို့ကို တော်တော်ခက်ခဲသလား။"
"ပြန်မမေးနဲ့ဗျာ။ သခင်က ကိုယ်ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူးပဲ။"
ပြောရင်းက မျက်ရည်တွေပါကျလာတာကြောင့် သခင် အူကြောင်ကြောင်ဖြစ်သွားရပြီးမှ
"မင်းက ကလေးလား။ ကိစ္စရှိလို့နောက်ကျတာပဲဆိုတာ ငါလည်းတွေးတတ်တယ်။"
"သခင် နည်းနည်းလေးနောက်ကျရင်တောင် ကိုယ့်မှာ အဆိုးတွေချည်းတွေးပြီး ရင်ပူရတယ်။ သခင်ကတော့ ညဆယ်နာရီအထိအကြောင်းမကြားဘဲ ပျောက်နေတဲ့ကိုယ့်ကို သတိတောင်မရဘူး။"
သတိမရဘူးလို့ ဘယ်သူကပြောလိုက်တာလဲ။ သခင် ဖုန်းဆက်ခဲ့သေးတာပဲလေ။ ဒါကိုသိသိကြီးနဲ့ ကမ္ဘာမူးပြီးရစ်နေတာလို့ပဲ သခင်တွေးလိုက်တယ်။
"မရစ်နဲ့ မြေကမ္ဘာ။ မင်းအရက်သွားသောက်တာက ..."
"ဘာကိစ္စ အရက်သွားသောက်ရမှာလဲ။ အလုပ်ကိစ္စနဲ့သွားတာ။ အလုပ်ပြီးတော့ သခင်များ စိတ်ပူပြီးဖုန်းခေါ်မလားလို့ အချိန်ဖြုန်းရင်း သောက်မိတာ။"
သခင့်စကားကိုဖြတ်ပြောပြီး မျက်ရည်တွေကိုလည်း လက်ခုံနဲ့ပွတ်သုတ်ပစ်လိုက်တဲ့ ကမ္ဘာက ကလေးတစ်ယောက်ထိုင်ငိုနေသလိုပါပဲ။
သခင့်ဘက်က စကားပြန်မရတော့ ထောင်ထားတဲ့ဒူးနှစ်ဖက်ပေါ် လက်တင်ခေါင်းမှောက်လို့ ငြိမ်သွားပြန်တယ်။
"အလုပ်မဟုတ်တာတွေလုပ်ပြီး ငါ့ကိုပြဿနာမရှာနဲ့။ ငါဖုန်းခေါ်တော့ ကိုင်လည်းမကိုင်ဘူး။"
"ဒီလိုမှန်းသိရင် ကောင်မလေးတွေနဲ့ပဲ အိပ်လိုက်ပါတယ်။"
ခေါင်းမော့မလာဘဲ ပါးစပ်ကနေ ပလုံးပထွေးပြောလိုက်တာပေမဲ့ သခင်သေချာကြားလိုက်ပါတယ်။
"နေချင်တာနဲ့နေလေ။ ငါ့တော့ လာမရစ်နဲ့။"
အခန်းအပြင်ကိုထွက်မယ့် သခင့်ခြေထောက်ကို ကမ္ဘာလှမ်းဆွဲပြီး
"အခုက သခင်နဲ့ပဲနေချင်တာ။"
ကမ္ဘာနဲ့ဘေးတိုက်ဖြစ်နေတဲ့ သခင့်ခြေသလုံးကို ဆွဲဖက်ထားပြီး ခေါင်းမော့ကြည့်ကာ ပြောလိုက်တော့
"ဖယ်ပေး"
ကမ္ဘာလွှတ်ပေးလိုက်တာနဲ့ သခင်က ဧည့်ခန်းထဲကိုထွက်သွားပြီး ဆိုဖာကိုဖြန့်ချကာ ခွေအိပ်နေခဲ့ပြီ။ ကမ္ဘာ့ခြေသံတွေကြားနေရင်းကပဲ သခင် မှေးခနဲအိပ်ပျော်သွားတယ်လို့ ထင်ရပြီးတဲ့နောက် ပါးပေါ်ရောက်လာတဲ့ အေးစက်စက်အထိအတွေ့ကြောင့် ပြန်နိုးလာခဲ့ရတယ်။
"မင်း"
ကမ္ဘာက ရေချိုးထားပုံရပြီး သူ့လက်အေးအေးနဲ့ သခင့်ပါးကိုအုပ်ကိုင်လိုက်လို့ သခင်နိုးသွားခဲ့တာပဲ။ ကမ္ဘာ့ဦးတည်ရာကတော့ သခင့်နှုတ်ခမ်းတွေဆီမို့ မျက်နှာချင်းက အရမ်းကိုနီးကပ်နေတဲ့အနေအထားမှာ ရှိနေတယ်။ အေးစက်စက် ကမ္ဘာ့နှုတ်ခမ်းနှစ်လွှာက ထိကပ်မိရုံလေးမှာပဲ သခင်ထထိုင်လိုက်လို့ အနမ်းဆိုတဲ့အရာက မပီပြင်လိုက်ပါ။
"ရေချိုးပြီးပြီလေ။ နံစော်မနေတော့ဘူး။"
"ငါ အိပ်နေတာကို ဘာလို့နှောင့်ယှက်တာလဲ။"
"ချစ်လို့။"
"ကျစ်၊ ငါအိပ်မလို့ကွာ။ အေးဆေးနေ။"
"ဟင့်အင်း၊ ဒီမှာတော့မအိပ်နဲ့။ အခန်းထဲပြန်ဝင်။"
တောက်တစ်ချက်ခေါက်ပြီး သခင် အခန်းထဲပြန်ဝင်တော့လည်း ကမ္ဘာက အနားကပ်ပြီးနှောင့်ယှက်ဆဲ။
"မြေကမ္ဘာ၊ ငါ လက်ပါမိတော့မယ်နော်။"
ကမ္ဘာက မကြားသလိုနဲ့ သခင့်အနားကပ်ပြီး ပွေ့ဖက်ဖို့ပြင်နေပြန်တယ်။
*ခွပ်*
"အ"
မနေ့ကကိုက်ခံထားရတဲ့နှုတ်ခမ်းက ထပ်ကွဲသွားပြန်ပြီ။
ခုတင်ခြေရင်းမှာ ကမ္ဘာထားခဲ့တဲ့ necktie ကို သခင်ဆွဲယူပြီး ကမ္ဘာ့လက်တွေကိုချည်လိုက်တော့လည်း ငြိမ်ခံနေတာက သခင့်ဒေါသကို မငြိမ်းစေပါဘူး။ ကျန်နေတဲ့အစတစ်ဖက်ကို ခုတင်တိုင်မှာ ထပ်ချည်လိုက်တော့ ပက်လက်အနေအထားနဲ့ ကမ္ဘာတစ်ယောက် နေရာရွှေ့ဖို့ခက်သွားခဲ့ပြီ။
အဲဒီ့တော့မှ သခင်က သူ့ဘက်မှာသူလှဲအိပ်ပစ်လိုက်တယ်။
"သခင်ရေ၊ ချစ်တယ်လို့။"
ချက်ချင်းပြန်ထထိုင်တဲ့သခင်က စားပွဲအံဆွဲထဲကနေ တစ်ခုခုကိုထုတ်ယူနေပြီး လက်ထဲပါလာတာက တိပ်တစ်ခွေ။ ကမ္ဘာ့ပါးစပ်ကို တိပ်နဲ့ပိတ်ပစ်လိုက်ပြီးမှ
"ထပ်ပြီးနှောင့်ယှက်ရင် ဒီထက်ပိုဆိုးမယ်။"
ကိုက်ရာလက်စနဲ့ ပေါက်သွားတဲ့နှုတ်ခမ်းက သွေးထွက်နေတာကို ကမ္ဘာခံစားရတယ်။ သခင်မနိုးမချင်း ဒီလိုပဲနေရတော့မယ့်အခြေအနေမှာ ပါးပြင်တွေလှုပ်ရှားသွားတာက ပြုံးလိုက်တာလားလို့တော့ ကာယကံရှင်သာ အသိဆုံးဖြစ်လိမ့်မယ်။ မျက်လုံးထောင့်ကနေတော့ မျက်ရည်စီးကြောင်းတစ်ခု ဖြတ်စီးသွားတာ အသေအချာ။
ဒီည သူ့ကိုမပေါက်ကွဲရဘဲ သခင်အိပ်ပျော်သွားရင် သေချာတာကတော့ နောက်နေ့မှာ သခင် သူ့ကိုအဖက်လုပ်မှာမဟုတ်။ အခုတလော သခင်က တကယ်ကိုအေးတိအေးစက်နဲ့ သူ့ကိုဂရုမစိုက်တာက စိတ်ဆိုးနေလို့သာ ဖြစ်ပါလိမ့်မယ်လို့ သူတွေးပြီး ညနက်တဲ့အထိ သူပြန်မလာရင်တော့ သခင်စိတ်ပူပြီး ဖုန်းတွေခေါ်မယ်လို့ ထင်ထားခဲ့တာ။ ထင်သလိုဖြစ်မလာဘဲ ဖုန်းတစ်ချက်ဝင်လာပြီး မကိုင်လိုက်တာနဲ့ ထပ်မခေါ်တော့ဘူး။ စာတစ်စောင်ပို့ပြီး reply မပြန်တာနဲ့ ဘာမှထပ်မပို့တော့ဘူး။ နောက်ဆုံး အိမ်ကို မူးကွဲပြီးပြန်လာတာတောင် အခန်းထဲမှာပဲ လူကိုပစ်ထားခဲ့ဖို့ လုပ်နေခဲ့တာ။
လူက ဝမ်းနည်းပြီးငိုချင်လာတာ ထိန်းမရ။ မျက်ရည်ကျလည်း သခင်ကသနားမှာမဟုတ်တာကို ကြိုသိထားပေမဲ့ တကယ်လျစ်လျူရှုခံရတော့ ရင်တွေပါနာရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချစ်ရတာပင်ပန်းတယ်လို့ ညည်းညူမယ့်အထဲ မြေကမ္ဘာတို့မပါခဲ့။
■
အခုအခြေအနေနဲ့ သခင်အိပ်ပျော်နိုင်ဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။
အလုပ်ကိစ္စအရေးကြီးပါတယ်ဆို အနားကပ်မှ ဖျက်လိုက်ရပြီး ခွင့်ပါယူလိုက်ရတဲ့အတွက် သခင်ဖြေရှင်းစရာတွေက များသွားခဲ့တယ်။ ဘရဏီက တော်တော်လေးကိုတာဝန်ယူပေးလို့ အဆင်ပြေခဲ့တာမို့ အချိန်ပိုဆင်းရတဲ့နေ့တွေမှာ ဘရဏီနဲ့ပြောရဆိုရတာတွေက အများကြီး။ ဒါကို ပြဿနာလုပ်နေတဲ့ကမ္ဘာက ဒီလိုဖြစ်ရတာသူ့ကြောင့်ဆိုတာကို မသိတော့တဲ့အတိုင်းပါပဲ။
အလုပ်ကိစ္စတွေပြီးလို့ ဘရဏီတို့ပြန်ရောက်မှပဲ စိတ်ချလက်ချနားနိုင်ခဲ့တာ။ အလုပ်တစ်ခုကို တာဝန်ယူလုပ်ဖူးတဲ့လူတိုင်း ဒီလိုစိတ်ဖိစီးမှုကို နားလည်နိုင်ပါလိမ့်မယ်။ ကိုယ်တာဝန်ယူထားတဲ့အလုပ် ကိုယ့်ကြောင့်လစ်ဟင်းမှုဖြစ်ရရင် တကယ်ကို တာဝန်မဲ့ရာကျတာပါပဲ။ အလုပ်မလုပ်ဖူးတာလည်းမဟုတ်ဘဲ သဝန်တိုတယ်ဆိုတိုင်း စိတ်အလိုလိုက်ပြီး ပြဿနာလုပ်တာမျိုးကို ဆင်ခြင်ဖို့သတိပေးဖူးတာ အခါခါ။ သခင့်စကားကို အလေးမထားသလို သူစိတ်ထင်ရာလုပ်နေခြင်းက သတိပေးတာကို ဂရုမစိုက်လေခြင်းလို့လည်း စိတ်ထဲမကျေမနပ်ဖြစ်ရတယ်။
ဒီနေ့မှ အလုပ်ကိစ္စလည်းပြတ်ပြီမို့ စိတ်ရှင်းရှင်းနဲ့အိမ်ပြန်လာခါမှ ကမ္ဘာဆိုတဲ့ကောင်လေးက အကြောင်းမကြားဘဲ အိမ်ပြန်နောက်ကျပြီး အရက်မူးလို့ရစ်နေတာက ပေါက်ကွဲမယ့်ဒေါသကို စနက်တံဖြုတ်ပေးနေသလိုပါပဲ။
ရောက်ရမယ့်အချိန်ထက် အိမ်ပြန်နောက်ကျနေတာက အလုပ်ကိစ္စရှိလို့ဖြစ်ပါလိမ့်မယ်ဆိုတဲ့ အတွေးနဲ့အတူ သူ့ကိုအနှောင့်အယှက်ပေးမိမှာစိုးလို့ ဖုန်းဆက်မမေးဘဲ စောင့်နေခဲ့ပေမဲ့ ညဆယ်နာရီအထိ စာမလာ၊ သတင်းမကြား။ ဖုန်းဆက်တာကိုလည်းမကိုင်လို့ နောက်ထပ်နာရီဝက်ကြာတော့ စာပို့ပေမဲ့လည်း ပြန်စာမလာ။ နေ့သစ်သိမယ်ဆိုရင် သခင့်ကိုအကြောင်းမကြားဘဲ နေမှာမဟုတ်။ မသိတဲ့လူကိုပါ စိတ်ပူအောင်မလုပ်ချင်တာမို့ နေ့သစ်ဆီမဆက်တော့ဘဲ ကမ္ဘာ့ရုံးဖုန်းကိုခေါ်တော့လည်း ကိုင်သူမရှိ။ ဒီအချိန် ရုံးမှာလူမရှိတာတော့ အဆန်းမဟုတ်လို့ ကမ္ဘာ့ရဲ့နောက်ထပ်ဖုန်းတစ်လုံးကို ခေါ်ကြည့်ပေမဲ့ စက်ပိတ်ထားပါတယ်ဆိုတဲ့အသံသာ ကြားရတာမို့ ဧည့်ခန်းမှာပဲ ထိုင်စောင့်နေခဲ့တာ။
မူးကွဲပြီးပြန်လာတဲ့ကမ္ဘာ့ပုံစံက ညသန်းခေါင်ကျော်အထိ ထိုင်စောင့်နေခဲ့တဲ့သခင့်ကို တော်တော်လေးဒေါသထွက်စေတယ်။ ဖုန်းမကိုင်၊ စာမပြန်ရခြင်းကလည်း တမင်တကာလုပ်နေတာဆိုတဲ့နောက်မှာ သခင့်ဒေါသစိတ်ကလွတ်ချင်ချင်။ ဒါပေမဲ့လည်း ကမ္ဘာပေါက်ကွဲနေလို့ ပြဿနာမဖြစ်ချင်တဲ့အတွက် သခင်ရှောင်နေလိုက်တာကို တည့်တည့်တိုးနေတဲ့အဆုံး ငြိမ်သွားအောင်ကြိုးချည်ထားလိုက်တာ အကောင်းဆုံးပဲလို့ တွေးလိုက်မိတယ်။ ဒေါသထွက်ရတာလည်း ပင်ပန်းနေပြီ။ ကိုယ့်စကားကိုအဖက်မလုပ်တဲ့ သူ့အကျင့်တွေကိုလည်း အရေးတယူလုပ်ပြီး စိတ်တိုမနေချင်တော့ပါ။
ရောက်တတ်ရာရာတွေးရင်း အိပ်မရတဲ့အဆုံး ထထိုင်လိုက်ပြီး စီးကရက်ဘူးယူကာ ပြတင်းတံခါးဖွင့်ပြီး ဆေးလိပ်သောက်ဖို့ပြင်လိုက်တယ်။ ညလေအေးတချို့က အလုအယက်ပွေ့ဖက်လာကြသလို အခန်းထဲကို ခပ်ပြင်းပြင်းတိုက်ခတ်လာတယ်။ စိတ်ဖိစီးမှုတွေ နည်းနည်းတော့လျော့သွားသလိုပါပဲ။ မီးညှိပြီးဖွာရှိုက်လိုက်တဲ့ ဆေးလိပ်အခိုးအငွေ့တွေကို ခပ်ဖြည်းဖြည်းချင်း လေထဲမှုတ်ထုတ်တော့ ကိုယ့်ဘက်ကိုပဲ ပြန်လွင့်လာတယ်။
အဲဒီလိုပဲ မြေကမ္ဘာ့ကိုဒေါသထွက်ရတာလည်း သူ့ကိုပဲ နာကျင်အောင်လုပ်မိတယ်ဆိုပေမဲ့ ဒဏ်ရာတွေနဲ့မြင်ရရင် အဲဒီ့နာကျင်မှုတွေက ကိုယ့်ဘက်ကိုလည်း သက်ရောက်လာတတ်တယ်။
သူ့ရဲ့သဝန်တိုခြင်းတွေက လှောင်အိမ်တစ်ခုဆိုရင် လှောင်ထားလို့မွန်းကျပ်ရင်တောင် အိမ်လေးတစ်လုံးမို့ နွေးထွေးနေပါတယ်။ အချစ်ခံရတာကို မွန်းကျပ်တယ်လို့တော့ ရာဇသခင် မတွေးချင်ပါဘူး။
■■■
ဒီညနေဖြစ်ပျက်ခဲ့သမျှကို ပြောရမယ်ဆိုရင် ကမ္ဘာစိတ်ကောက်တာကနေ စရပါတော့မယ်။
"ချိန်းထားတာက စောနေသေးတယ် Earth."
"ရုံးကိုခဏပြန်မယ်။ ပြီးရင် Greenville ရဲ့စာရွက်စာတမ်းတွေ မနက်ဖြန်ပို့လိုက်ပါ။"
"နောက်ရက်တွေမှပို့လည်း ရပါတယ်။ ခဏနားပါလား။ ဒီနေ့ အလုပ်တွေများ ..."
ကားမောင်းနေရင်း နောက်ကြည့်မှန်ကနေတစ်ဆင့် ကမ္ဘာ့ကိုကြည့်ကာပြောနေတဲ့ Koa စကားစပြတ်သွားတယ်။ နောက်ခန်းမှာထိုင်လိုက်လာတဲ့ ကမ္ဘာက မှန်ထဲကနေပဲ စူးစိုက်ကြည့်လိုက်တာဖြစ်ပြီး Koa က ရှေ့ကိုအကြည့်လွှဲသွားခဲ့တယ်။
"ရုံးကိုမောင်း။"
"ဟုတ်ကဲ့။"
အခုတလော မကြည်မလင်ဖြစ်နေတတ်တဲ့ ကမ္ဘာ့ကို Koa သတိထားမိတာ ကြာပါပြီ။ ဒီနေ့က အလုပ်တွေအရမ်းများပြီး အနားမရလိုက်တာကြောင့် ခဏလောက်ဖြစ်ဖြစ်နားစေချင်ပေမဲ့ ကမ္ဘာကတော့ တမင်တကာပဲ အလုပ်ပြီးရင်အလုပ်လုပ်မယ်လို့ တွေးနေခဲ့လေသလား။
ဝန်ထမ်းတွေအလုပ်ဆင်းသွားပြီးချိန် ရုံးကိုပြန်ရောက်တော့ နောက်နေ့ပို့ဖို့ဆိုပြီး စာရင်းတွေထဲခေါင်းစိုက်နေပြန်တယ်။
"Earth, ချိန်းထားတာနီးနေပြီ။"
နာရီတစ်ချက်ကြည့်ပြီး စားပွဲကိုရှင်းဖို့ပြင်နေတာကြောင့် Koa အလိုက်တသိနဲ့ ရှင်းပေးလိုက်တယ်။ Pennsylvania ရဲ့ ဧပြီလလယ်နေဝင်ချိန်က ညရှစ်နာရီဝန်းကျင်မှာမို့ အခုအချိန်မှာတော့ နေရောင်မပျောက်သေး။ မိနစ်နှစ်ဆယ်လောက်ကားမောင်းသွားရင် ချိန်းထားတဲ့နေရာကိုရောက်မှာမို့ ခုနစ်နာရီခွဲမှာပဲ သူတို့ထွက်လာခဲ့ကြတယ်။ အခုအချိန်အထိ ကမ္ဘာတစ်ယောက် အိမ်ကိုဖုန်းဆက်တာ Koa မတွေ့ရသေး။ အရင်ဆို ဒီလိုအိမ်ပြန်နောက်ကျပြီဆို ဖုန်းဆက်ပြောနေတတ်တဲ့ ကမ္ဘာက အခုတော့ အေးအေးဆေးဆေးမို့ ရာဇသခင်နဲ့ရန်ဖြစ်ကြပြန်ပြီလားလို့ Koa တွေးလိုက်မိသေးတယ်။
ချိန်းထားတဲ့ဆိုင်ကိုရောက်လို့ ညစာစားရင်း အလုပ်ကိစ္စစကားပြောနေကြတာ တစ်နာရီကျော်ကြာသွားပြီး တစ်ဖက်လူကပြန်သွားပေမဲ့ ကမ္ဘာကတော့ ဆက်ထိုင်ရင်းအရက်သောက်နေတယ်။ သီးသန့်ခန်းလေးထဲ ဖန်ခွက်နဲ့စားပွဲထိသံကလွဲလို့ တခြားဘာမှမကြားရ။ ဒီလိုနဲ့ ရှစ်နာရီမထိုးခင်ကတည်းက ရောက်နေခဲ့တာ အခု ညဆယ်နာရီလည်း ကျော်သွားပြီမို့
"Earth, ပြန်ရအောင်လေ။"
Koa ပြောလိုက်တဲ့အချိန်မှာပဲ ကမ္ဘာ့ဖုန်းကမြည်လာတယ်။ သခင့်ဆီကဖုန်းခေါ်တာကို ကမ္ဘာမကိုင်ပါ။ တစ်ဖက်ကဖုန်းကျသွားတဲ့အထိ ထိုင်ကြည့်နေတာက ဘာကြောင့်မှန်း Koa မသိ။ ဖုန်းက တစ်ခါသာဝင်ပြီး နောက်ထပ်ထပ်ဝင်မလာတော့ပါ။ စားပွဲပေါ်ချထားတဲ့ဖုန်းကို လှမ်းကြည့်လိုက်၊ အရက်တွေမော့သောက်လိုက်နဲ့ အလုပ်များနေတဲ့လူကို Koa ထိုင်ကြည့်နေမိတယ်။
'ဘာတွေစိတ်ညစ်နေတာလဲ သခင်ရယ်။'
ကမ္ဘာအိမ်မပြန်လည်း အေးတာပဲဆိုပေမဲ့ ဝတ္တရားအရတော့ နေ့သစ်ဆီကိုဖုန်းခေါ်ပြောလိုက်တယ်။ အိမ်ပြန်မယ်ဆိုရင် Koa လိုက်မပို့ချင်ဘူး။
■■■ Part (21) ဆက်ရန် ■■■

Коментарі