Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Characterizing
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
When they have a baby...
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60): Final
Chapter (56)
သူထြက္သြားတတ္တဲ့အခ်ိန္ေတြကို သခင္သတိထားၾကည့္မိတယ္။ ဒါေပမဲ့ ဘယ္ေတာ့မွအခ်ိန္မမွန္ဘူး။ အစားအေသာက္ေတြကလည္း အခုေနာက္ပိုင္း သူကိုယ္တိုင္လုပ္တဲ့ပံု။ တစ္ခါတေလ သခင့္အႀကိဳက္ေပမဲ့ တစ္ခါတေလေတာ့

"လုပ္တုန္းကေတာ့ ေသခ်ာလုပ္တာပဲ။ အရသာမရွိရင္လည္း နည္းနည္းေတာ့သည္းခံေပး။"

အခန္းထဲမွာလာမေနရင္ေတာင္ အခန္းေရွ႕ကို ခဏခဏေရာက္လာတတ္တာ သခင္သတိထားမိတယ္။
တစ္ခါတေလ သူတံခါးဖြင့္ၿပီးၾကည့္တဲ့အခါ သခင္မသိခ်င္ေယာင္ေဆာင္ၿပီး အာရံုလႊဲေနတတ္တယ္။ ဘယ္ကိုအာရံုလႊဲေနတာလဲဆိုေတာ့ သူထားေပးတဲ့စာအုပ္ေတြနဲ႔ Movie ေတြအျပည့္ထည့္ထားတဲ့ Laptop ဆီကိုေပါ့။ အကုန္လံုးက သခင္သေဘာက်တာေတြပဲဆိုတာေတာ့ ျငင္းမေနေတာ့ပါ။

"တစ္ခုခုစားခ်င္တာမ်ိဳး မရွိဘူးလား။"

'ဘယ္လိုမ်ား စားခ်င္ေသာက္ခ်င္စိတ္က ရွိမလဲ။ အခန္းထဲပိတ္မိေနတာ ေပ်ာ္စရာေကာင္းတယ္ဆိုေတာ့။'

အေတြးနဲ႔ပဲ ေခါင္းခါလိုက္ၿပီး သခင္သူ႔ကိုၾကည့္မိေတာ့

"ဘာလဲ၊ စိတ္ရႈပ္မွာစိုးလို႔ အခန္းထဲလာထိုင္မေနဘူးေလ။ အခုမွ လာေမးတာကို။"

သခင္ ဘာမွျပန္မေျပာေတာ့ဘဲ ၾကည့္လက္စ movie ကို ဆက္ၾကည့္ေနလိုက္ပါတယ္။

"အဲဒီကားက ပ်င္းဖို႔မေကာင္းဘူးလား။ အခန္းထဲထိုင္ၿပီး ျငင္းခုန္ေနၾကတာနဲ႔ ၿပီးသြားတာ။"

"အဟက္"

"Sorry."

(၁၉၅၇) ခုႏွစ္ကထြက္တဲ့ 12 Angry Men ဆိုတဲ့ရုပ္ရွင္က လူသတ္မႈတစ္ခုရဲ႕တရားခံလို႔ သတ္မွတ္ခံထားရသူမွာ အျပစ္ရွိတယ္၊ မရွိဘူးဆိုတာကို Jury လူႀကီးဆယ့္ႏွစ္ေယာက္က ေဆြးေႏြးၾကတဲ့အေၾကာင္းကို ရိုက္ထားတာပါ။ အခန္းတစ္ခုထဲမွာထိုင္ၿပီး နာရီနဲ႔ခ်ီေဆြးေႏြးၾကတဲ့အေၾကာင္းကို ၾကည့္ရတာက ပ်င္းဖို႔ေကာင္းတယ္ဆိုရင္ အခန္းထဲပိတ္ေလွာင္ခံထားရတဲ့သခင္ ဘယ္လိုခံစားရမလဲဆိုတာ သခင္မေျပာလိုက္ရဘဲ အဲဒီလူသိသြားၿပီးတဲ့ေနာက္ sorry တစ္လံုးအျပင္ ဘာမွထပ္မေျပာေတာ့ပါ။

"တစ္ခုေတာ့ သတိေပးခ်င္တယ္။ မဟုတ္တာေတြ မၾကံစည္ပါနဲ႔။ အဲဒီအခါက်ရင္ ဘာျဖစ္မယ္ဆိုတာ အာမမခံႏိုင္ဘူး။"

"ငါ့ကို ဒီပံုစံနဲ႔ ဒီအခန္းထဲပိတ္ထားၿပီး မင္းက ဘာကိုေၾကာက္ေနတာလဲ။"

ေျခေထာက္ကိုလႈပ္ရမ္းလို႔ သံႀကိဳးကိုျပၿပီး သခင္ေျပာလိုက္တယ္။ သူကေတာ့ သက္ျပင္းတစ္ခ်က္ခ်ၿပီး

"အဲဒီလိုမလုပ္ဘဲနဲ႔ ခင္ဗ်ားကို ငါ့အနားထားလို႔ရမယ့္နည္းရွိရင္ေတာ့ အေကာင္းဆံုးပဲေပါ့ ဇရယ္။"

"မင္းနဲ႔ငါ ဘာဆိုင္လို႔ ငါက မင္းအနားမွာေနရမွာလဲ။"

"အဲဒါေၾကာင့္ အခုလိုလုပ္ရတာေပါ့။ သက္ဆိုင္သြားေအာင္ လုပ္လိုက္ရမလား။"

ေျပာရင္း အနားတိုးကပ္လာတဲ့ အဲဒီလူေၾကာင့္ သခင္ေဒါသထြက္သြားၿပီး

"မင္းသေဘာအတိုင္းျဖစ္ရေအာင္ ငါက မိန္းကေလးလည္းမဟုတ္ဘူး။"

"အင္း၊ သိတယ္ေလ။ ဒါဆို ခင္ဗ်ားေယာက္်ားနဲ႔ေရာ ဘယ္လိုအေျခအေနလဲ။"

"မင္းပါးစပ္က ေသာက္ရွက္မရွိ သူတစ္ပါးအိမ္ေထာင္ေရးကို ေမးထြက္တာပဲ။"

"ဒါက သဘာဝေတြပဲကို။ ငါထင္တာမမွားရင္ ခင္ဗ်ားတို႔က ပံုေသမရွိပါဘူး။ ဟုတ္တယ္မလား ဇ။"

ခုတင္နားရပ္ရင္း ေမးလာသူကို သခင္ဘာမွျပန္မေျပာေတာ့ဘဲ အာရံုေျပာင္းဖို႔ႀကိဳးစားေပမဲ့

"မုန္းဖို႔ေကာင္းလိုက္တာ။"

ဘာကိုမုန္းေနမွန္းမသိ မုန္းတယ္လို႔ေရရြတ္ေနတဲ့ အဲဒီလူကို လ်စ္လ်ဴရႈထားလိုက္ဖို႔ပဲ သခင္ေတြးလိုက္ပါတယ္။ ဒါေပမဲ့

"ခင္ဗ်ားအတြက္ဆို သူက ေယာက္်ားေလးေတြထဲ တစ္ဦးတည္းေသာပဲ မဟုတ္လား။ ဘယ္ေလာက္ေတာင္ မုန္းဖို႔ေကာင္းလိုက္သလဲလို႔။ ပထမဆံုးေတာင္မဟုတ္ဘူး၊ တစ္ဦးတည္းေသာတဲ့။ သူကေတာ့ အဲဒီလိုမဟုတ္ဘူးထင္တယ္ေနာ္။"

ဒီလူစကားေၾကာင့္ သခင့္အေတြးထဲေပၚလာတဲ့ ပံုတစ္ပံု။ အဲဒီပံုေၾကာင့္ပဲ သခင္နဲ႔ကမ႓ာ ႏိုင္ငံေတြျခားေနရင္းကကို ျပႆနာတက္ၾကတာမဟုတ္လား။

အခန္းတစ္ခန္းထဲက ခုတင္ေပၚမွာ၊ အတိအက်ဆိုရင္ playroom တစ္ခုထဲကခုတင္ေပၚမွာ ကမ႓ာကအုပ္မိုးထားၿပီး မ်က္ႏွာတစ္ျခမ္းဖံုးအုပ္ထားတဲ့ ေကာင္ေလးရဲ႕တစ္ေယာက္ရဲ႕ပံုရိပ္က အနီေရာင္အလင္းေအာက္မွာ ေဝဝါးဝါး။ ဘယ္လိုမွၾကည္လင္ျပတ္သားမေနေပမဲ့ ဒီပံုကိုၾကည့္လိုက္တာနဲ႔ ကမ႓ာနဲ႔ဒီေကာင္ေလး ဘာေတြျဖစ္ေနတယ္ဆိုတာကို သိႏိုင္ေလာက္ေအာင္ အေျခအေနေတြက ထင္ရွားေနတယ္။

ဒီပံုနဲ႔ပတ္သက္ၿပီး ကမ႓ာရွင္းျပသြားတာ အမ်ားႀကီးပဲ။ ဒါေပမဲ့ ေျပာသြားသမၽွေတြထဲမွာေတာင္ အျဖစ္မွန္တခ်ိဳ႕ ပါမလာေသးဘူးလို႔ သခင္ခံစားရတာေၾကာင့္ ကမ႓ာေျပာသမၽွကိုသာနားေထာင္လိုက္ၿပီး ဘာမွမတံု႔ျပန္ျဖစ္ခဲ့။ ဒါကိုပဲ ကမ႓ာကလည္း သူရွင္းျပေနတာကို အဖက္မလုပ္လို႔ဆိုၿပီး ျပန္ေျပာရင္းက ျပႆနာေတြပိုဆိုးသြားခဲ့ၾကတာ။ ဒါေတြကို ဖုန္းထဲကစာတခ်ိဳ႕ကေနတစ္ဆင့္ ဒီလူသိသြားခဲ့တာပါပဲ။

"မင္းက တကယ္စည္းမရွိတာပဲ။"

"ဇက ဖုန္းကို ဘာ lock မွခ်မထားဘူးေလ။ ငါက တကူးတကေတာင္ရွာစရာမလိုဘဲ ေတြ႕ေနေတာ့ ၾကည့္လိုက္တာ။ ဒါေပမဲ့ lock ခ်ထားလည္း ဖြင့္လို႔လြယ္မွာပါ။"

ၿပိဳင္မျငင္းခ်င္ေတာ့တဲ့မ်က္ႏွာထားနဲ႔ သခင္က

"မင္း ထြက္သြားရင္ေကာင္းမယ္။"

"တအားၿငိမ္ေနလို႔ ရင္ထိတ္ေနတာ။ ဘာေတြၾကံစည္ေနမွန္း မသိရဘူး။"

သခင္ မဲ့ျပံဳးျပံဳးလိုက္ၿပီး

"စိတ္ခ်ပါ၊ တကယ္အေကာင္အထည္ေဖာ္ျဖစ္ရင္ မင္းကို အေသသတ္ေပးပါ့မယ္။ ဒါမွမဟုတ္ မေသမရွင္အတိုင္းေလးက ပိုေကာင္းမလား။"

"ဒါဆို မေသခင္ စိတ္ထဲရွိတဲ့အတိုင္း ေနလိုက္ရမလား။"

ၿခိမ္းေျခာက္တာမပါရင္ စကားမေျပာတတ္တဲ့ဒီလူကို သခင္စိတ္ပ်က္လြန္းလို႔ သတ္ပစ္ခ်င္လာတယ္။ ကိုယ့္ဘက္က ဘာမွပိုင္ႏိုင္မႈမရွိဘဲ ႀကိဳးစားအားထုတ္တာက တစ္ဖက္လူကို သတိနဲ႔ေနဖို႔အခ်က္ေပးသလိုျဖစ္မွာမို႔ မဆင္မျခင္မလုပ္ခ်င္ပါ။ ဒီလူက အျမဲတမ္း သခင္နဲ႔ခပ္လွမ္းလွမ္းမွာပဲေနတတ္တာက သူ႔ကိုယ္သူကာကြယ္တာပဲလားေတာ့ မသိႏိုင္ပါ။

"OK, မႀကိဳက္ရင္မေျပာေတာ့ဘူး။ အရမ္းေဒါသမထြက္ပါနဲ႔။ ဘာစားခ်င္လဲလာေမးတာ၊ အခုေတာ့ အဆင္ေျပသလိုပဲလုပ္လိုက္ပါ့မယ္။"



'ဦးႏိုင္ စိတ္ပူေနေတာ့မွာပဲ။'

တစ္ခန္းလံုးမွာ သံုးလို႔ရမွာဘာရွိလဲလို႔ ရွာေပမဲ့ ပရိေဘာဂပစၥည္းေတြမွာေတာင္ မူလီတစ္ခုမေတြ႕ရ။
ကိုယ့္အာရံုနဲ႔ကိုယ္မို႔ ဟိုလူဝင္လာတာကို သခင္မသိလိုက္။

"အခန္းထဲ CCTV တပ္ရေအာင္ေတာ့ မလုပ္နဲ႔ေနာ္။ အဲဒီေလာက္အထိမလုပ္ခ်င္လို႔ ယံုထားလိုက္တာ။"

သခင္အဖက္မလုပ္ပါ။

"ခင္ဗ်ားအေဖကေတာ့ အခုထိေအးေဆးပဲ။ ခင္ဗ်ားေယာက္်ားနဲ႔ ရန္ျဖစ္ထားတာလည္း ေက်းဇူးတင္တယ္သိလား။ အခုထိကို အဖက္မလုပ္ေသးဘူး။ ဟား ဟား"

တစ္ပတ္ၾကာတဲ့အထိ ေျမကမ႓ာက အဖက္မလုပ္ဘူးဆိုတာ ရွားရွားပါးပါးပါပဲ။ ကိုယ့္အားကိုယ္ကိုးရံုပဲရွိတာမို႔ တစ္ခ်က္တည္းနဲ႔ လြတ္ႏိုင္မယ့္နည္းကိုသာ ရွာဖို႔လိုေနခဲ့တာ။

သခင္ကအေတြးေပါင္းစံုနဲ႔ၿငိမ္ေနေပမဲ့ သူကေတာ့

"အဝတ္အစားေတြ ထပ္ယူလာေပးတာ။"

ဗီရိုပုေလးထဲထည့္ေပးရင္း အဲဒီလူကေျပာေနပါတယ္။ သခင္ကေတာ့ ဘာမွမတံု႔ျပန္ျဖစ္ခဲ့။

"ဇ၊ ခင္ဗ်ားကေလ မသိကၽြမ္းတဲ့လူကိုလည္း ရင္းႏွီးေနခ်င္ေအာင္ ဆြဲေဆာင္ႏိုင္တယ္။ ခင္ဗ်ားနဲ႔ရင္းႏွီးေနတဲ့ ခင္ဗ်ားသူငယ္ခ်င္းေတြက ေတာ္ေတာ္ခင္ၾကမွာပဲ။ အေပါင္းအသင္းမ်ားတာက စိတ္႐ႈပ္ဖို႔မေကာင္းဘူးလား။ တစ္ေယာက္တည္းေနရတာ အထီးက်န္ေပမဲ့ ဘယ္သူ႔မွ ဂရုစိုက္စရာမလိုဘူး။ အကူအညီမရရင္ေနပါ၊ ဘယ္သူဒုကၡေပးတာမွမခံရဘူးေပါ့။"

သူက တစ္ေယာက္တည္းေနတတ္တဲ့လူပဲလို႔ သခင္ေတြးလိုက္တယ္။ အထီးက်န္တတ္သူေတြက အားငယ္တတ္ၾကမယ္ထင္ပါရဲ႕။
သခင့္အေတြးဆံုးရံုပဲရွိေသး သူကဆက္ေျပာလာတယ္။

"ကိုယ့္အားကိုယ္ကိုးတတ္သြားေတာ့ ဘာေၾကာင့္မွလည္း ဘယ္သူ႔မ်က္ႏွာမွ ၾကည့္စရာမလိုဘူးေပါ့။ ခင္ဗ်ားမ်က္ႏွာကို အျမဲေတြ႕ခ်င္ေနတာကေတာ့ တကယ္ဆိုးတယ္။"

သူ သခင့္ကို ဘယ္တုန္းကစၿပီး သိတာလဲလို႔ သခင္သိခ်င္လာမိတယ္။ ဒါေပမဲ့ ဘာကိုမွ စိတ္ဝင္တစားမေမးခ်င္ပါ။

"ဇကို ဇအေဖအရင္းရဲ႕ ႏွစ္ပတ္လည္မွာ အုတ္ဂူဆီလာကန္ေတာ့ေနတာကို စေတြ႕ဖူးတာပဲ။"

သူက ဘယ္ႏွစ္ပတ္လည္ကို ဆိုလိုတယ္မသိပါ။

"အဲဒီတုန္းက ဇဆီမွာ ငယ္ရြယ္တက္ႂကြၿပီး ရည္မွန္းခ်က္ျပင္းတဲ့ပံုရိပ္ေတြ အျပည့္ပဲ။ အခုက်ေတာ့ အဲဒီတုန္းကထက္ အရမ္းကိုပိုတည္ၿငိမ္သြားတယ္။ ၿပီးေတာ့ အဲဒီတုန္းကဇဆီမွာ ေဒါသအရိပ္အေယာင္ေတြေတြ႕ရတယ္။ အခုကေတာ့ ဝမ္းနည္းစရာေတြကိုၾကံဳခဲ့ရတဲ့ပံုစံမ်ိဳး ျဖစ္ေနတယ္။ သူက ဇအတြက္ မေကာင္းဘူးမလား။"

ကမ႓ာ့ကိုရည္ရြယ္ၿပီးေျပာတာလို႔ သခင္သိလိုက္တယ္။ ဒီလိုဆိုရင္ သူနဲ႔ကမ႓ာမသိခင္ကတည္းက ဒီလူက သခင့္ကိုသိေနတာပဲလို႔ ေကာက္ခ်က္ခ်မိပါတယ္။

"ၿပီးေတာ့ ဇ သိလား။ အဲဒီဓာတ္ပံုထဲက ေကာင္ေလးက သူ႔တပည့္ဆိုတဲ့တစ္ေယာက္ေလ။"

ဒီစကားကိုအၾကားမွာ သခင္လစ္လ်ဴရႈလို႔မရေတာ့ဘဲ သူ႔ကိုၾကည့္မိသြားတယ္။

"ဟုတ္တယ္။ အဲဒီတစ္ေယာက္ကို bodyguard အေနနဲ႔ငွားထားၿပီး သူ႔အေဖရဲ႕အလုပ္ေတြကိုလည္း သူ႔အစားလုပ္ေပးေနတာ။ အဲဒီကိစၥျဖစ္ၿပီး အဲဒီလိုပံုေတြက သူ႔အေဖဆီအထိေရာက္သြားၿပီး ျပႆနာတက္ၾကတယ္။ အဲဒီကိစၥက သူတို႔အသိုင္းအဝိုင္းမွာ အသံထြက္သြားေပမဲ့ ဘယ္လိုရွင္းလိုက္တယ္မသိဘူး ၿငိမ္သြားၿပီး အဲဒီေကာင္ေလးလည္း သူ႔အနားကေပ်ာက္သြားတာပဲ။ အခုမွျပန္ေရာက္လာတာေတာ့ ဘယ္လိုျဖစ္တယ္မသိဘူးေပါ့။"

'Koa ကို ေျပာတာလား။ အဲဒါက Koa ေပါ့။'

သခင္ လံုးဝထင္မထားခဲ့ပါ။
ကမ႓ာနဲ႔ Koa အရင္က တစ္ခုခုပတ္သက္တာရွိခဲ့ရင္ေတာင္ ဒီလိုေတြျဖစ္မယ္လို႔ သခင္ထင္မထားမိ။ Koa ဘက္က တစ္ဖက္သတ္သေဘာက်ၿပီး ကမ႓ာဆိုးသြမ္းသမၽွကို ေခါင္းငံု႔သည္းခံေနတာလို႔ပဲ ထင္ခဲ့တာ။ ကမ႓ာကလည္း သူ႔အနားမွာ Koa တြယ္ကပ္ေနတာကို အလိုမက်လို႔ Koa ကိုဆို အျမင္မၾကည္တာျဖစ္မယ္လို႔ပဲ ေတြးခဲ့တာ။ ဒီလိုေတြျဖစ္ဖူးလို႔ ကမ႓ာ့အေမက သူ႔သားေယာက္်ားယူမွာကို ခါးခါးသည္းသည္းတားခဲ့တာလား။ သူ႔အေဖကေရာ အဲဒီတုန္းက သူ႔သားနဲ႔ျဖစ္ခဲ့တဲ့ Koa ကို အခု ဘာလို႔ ျပန္ၿပီးလက္ခံထားသလဲဆိုတာကို သခင္နားမလည္ေတာ့ပါ။ ဒီလူကပဲ လိမ္ညာရန္တိုက္ေနတာလားလို႔ ေတြးရင္းက အမွန္တရားလည္းျဖစ္ႏိုင္တယ္လို႔ ေတြးမိေနျပန္တယ္။

ကမ႓ာက သခင့္ကို အခါခါလိမ္ညာေနတယ္ဆိုတဲ့ အသိနဲ႔တင္ သခင့္စိတ္ေတြက ပူေလာင္လာတယ္။

"ဇ၊ လႊတ္လိုက္။ မကိုက္နဲ႔။"

သူက သခင့္ေမးကိုကိုင္ကာ လႈပ္ရမ္းလာေတာ့မွ ေဒါသေၾကာင့္ ကိုယ့္ႏႈတ္ခမ္းကိုယ္ျပန္ကိုက္လိုက္မိတာကို သခင္သတိထားမိသြားတယ္။ သြားစြယ္ေတြရဲ႕အစြမ္းနဲ႔ ႏႈတ္ခမ္းညာဘက္ေထာင့္နားမွာ ေပါက္ျပဲသြားခဲ့ၿပီ။

"ဘာကိစၥ ကိုယ့္ဘာသာထိခိုက္ေစရတာလဲ။ ေဆးသြားယူေပးမယ္။"

တစ္ရႈးတစ္စယူကာ ႏႈတ္ခမ္းကိုလွမ္းသုတ္ေပးမယ္ျပင္လို႔ သခင္ကပဲ ျဖတ္ယူထားလိုက္ၿပီး

"မလိုဘူး။ ဘာမွႀကီးႀကီးမားမားမဟုတ္တာကို ခ်ဲ႕ကားမေနနဲ႔။"

"ၿပီးတာပဲေလ။ ေရာင္လာေတာ့လည္း ႏႈတ္ခမ္းထူထူေလးျဖစ္တာေပါ့။ ဟာဟ"

"ေသာက္ေပါက္ပိတ္ထား"

"ဘာျဖစ္တယ္။ ခင္ဗ်ားလင္ကိုစိတ္တိုတဲ့ကိစၥ ငါ့ကိုလာမေအာ္နဲ႔။"

"ေအး၊ အဲဒီသူမ်ားလင္ကို မင္းပစ္မွားေနတာေလ။"

"ဇ၊ ခင္ဗ်ားစိန္မေခၚနဲ႔။ တကယ္ႀကီး မပစ္မွားလိုက္ခ်င္ဘူး။"

"အဟက္ ... ေၾကာက္စရာေကာင္းလိုက္တာ။ အခန္းထဲထည့္ပိတ္၊ လူကိုႀကိဳးခ်ည္ထားၿပီးမွ ၿခိမ္းေျခာက္ျပေနတာ ဘာေယာက္်ားလဲ။"

"ခင္ဗ်ားကိုခ်စ္မိလို႔ပဲ gay ေနၿပီကို။"

ခုနကေတာ့ စိတ္တိုလို႔ သူပဲျပန္ေအာ္ေနၿပီး အခုေတာ့ မ်က္ႏွာေျပာင္ေနျပန္သူေၾကာင့္ သခင့္မွာ ေသြးေတြပဲေဆာင့္တက္လာသလိုလို။

"အခြင့္အေရးရရင္ မင္းကို တကယ္သတ္မိမွာပဲ။"

"အခန္းထဲကလြတ္ဖို႔ မေသခ်ာဘဲ အေလာင္းနဲ႔တစ္ခန္းတည္းေနရမယ့္ကိစၥမ်ိဳး လုပ္ခ်င္တာလား။ ငါကေတာ့ ဇလက္ထဲေသရမယ္ဆိုလည္း ေက်နပ္တယ္။ ေသၿပီးတဲ့အထိလည္း ဒီအခန္းထဲမွာ ႏွစ္ေယာက္တည္းဆက္ရွိေနမွာဆိုရင္ ပိုေတာင္သေဘာက်ေသး။"

ရယ္ရယ္ျမဴးျမဴးေလသံက သခင့္နားထဲမွာ ကန္႔လန္႔ျဖစ္ေနပါၿပီ။

"အဲဒီလို အလိုမက်တဲ့ပံုစံနဲ႔လည္း ၾကည့္ေကာင္းတာပဲေနာ္။ ငါကိုက ေဆးမမီေတာ့တာထင္တယ္။"

ခုတင္ေပၚျပန္ထိုင္ေနတဲ့သခင့္ကို စားပြဲေဘးမွီရပ္ကာၾကည့္ရင္း သူ႔ဘာသာေရရြတ္သလို ေျပာေနျပန္ေတာ့

"မင္းလည္း ေတာ္ေတာ္အကုသိုလ္မ်ားတာပဲေနာ္။ ကိုယ္မပိုင္တဲ့အရာကိုမွ ဇြတ္လိုခ်င္ေနတာ။"

"ငါသာဇြတ္လုပ္ရင္ ေျမကမ႓ာတို႔ ဒီေလာကထဲကေပ်ာက္သြားတာ ၾကာၿပီ။"

သခင့္ေခါင္းထဲ ဖ်တ္ခနဲေတြးမိသြားတာတစ္ခု

'သူက ေျမကမ႓ာရဲ႕ရန္သူလား။ အဲဒါေၾကာင့္ ငါ့ကို အခုလိုေခၚထားတာလား။'

"မင္း ... ေျမကမ႓ာနဲ႔ ရန္ၿငိဳးေတြမ်ားရွိလို႔လား။"

"သူက ငါလိုခ်င္တာေတြကို ငါ့ဆီကေန ျဖတ္လုသြားတာမ်ိဳး၊ ခင္ဗ်ားအပါအဝင္ေပါ့ေလ၊ အဲဒီလိုမ်ိဳးရွိေပမဲ့ ရန္သူရယ္လို႔သတ္မွတ္ဖို႔ကလည္း မဟုတ္ေသးဘူး။"

"သူကျဖတ္လုတယ္ေျပာရေအာင္ ငါနဲ႔မင္းက ဘာဆိုင္လို႔လဲ။"

"ဆိုင္ဖို႔ႀကိဳးစားမလို႔ပါပဲ။ သူေပၚလာၿပီး မင္းကိုရေအာင္ယူသြားတာ။ ငါ ဘာမွမတတ္ႏိုင္လိုက္ဘူး။ သူက ငါရွိေနတာကိုေတာင္မသိဘဲ ငါလိုခ်င္တာေတြကို ယူသြားတတ္တာ။ သူမသိတာလည္း ေကာင္းပါတယ္။ ငါလုပ္ခ်င္တာလုပ္လို႔ရတာေပါ့။"

ဒီလူေျပာတာေတြကိုနားလည္ဖို႔ သခင္ အေတာ္ေလးႀကိဳးစားေနရတယ္။ တခ်ိဳ႕စကားေတြကို သူကေတာ့ အတည္ေပါက္ေျပာေနေပမဲ့ သခင္ကေတာ့ နားမလည္ႏိုင္။

"ေျမကမ႓ာသာ ဒီေလာကထဲကေပ်ာက္သြားရင္ ငါ့အတြက္ ေတာ္ေတာ္ေလးအဆင္ေျပသြားမွာ။"

သူက ကမ႓ာ့ကို တစ္ခုခုရန္မူခ်င္ေနတာလားလို႔ သခင္ေတြးမိလာတယ္။ ဒါေပမဲ့ အခုအခ်ိန္မွာ ကမ႓ာက အေမရိကမွာရွိေနၿပီး သခင္တို႔ကျမန္မာႏိုင္ငံမွာ။ သူက တစ္ေယာက္တည္းေနတတ္သူလို႔ သူကိုယ္တိုင္ဝန္ခံထားတာမို႔ တျခားတစ္ေယာက္အကူအညီနဲ႔လည္း ကမ႓ာ့ကိုအႏၲရာယ္ေပးဖို႔ေတာ့ လုပ္မယ္မထင္ပါ။ သူကိုယ္တိုင္ကလည္း သခင့္နားကမခြာတတ္တာ သခင္ျမင္ေတြ႕ေနမိသား။

သခင့္စိတ္ထဲ ပထမဆံုးအေနနဲ႔ ဒီလူသူ႔အနားကမခြာတာကိုပဲ စိတ္သက္သာရာရသြားသလို ခံစားမိသြားရတယ္။

'ငါ ဘာေတြေတြးေနတာလဲ။'

■■■

"Master"

ေရခ်ိဳးခန္းထဲမွာ သခင့္ကိုေတြးၿပီး ကိစၥရွင္းခဲ့တဲ့ Earth အခန္းထဲျပန္ေရာက္လာေတာ့ တစ္ဖက္လူက သူ႔ဒဏ္ရာသူရွင္းၿပီး လွမ္းေခၚေလရဲ႕။ Earth တစ္ခ်က္ပဲလွည့္ၾကည့္ၿပီး စားပြဲေပၚက လူႀကီးကစားစရာမ်ိဳးစံုၾကား ထပ္ျဖည့္ထားေပးပံုရတဲ့ ဝိုင္တစ္ခြက္ကို လွမ္းယူေသာက္ေနမိတယ္။ အေတြးေတြကသခင့္ဆီေရာက္ေနတဲ့ Earth ရဲ႕ ခါးမွာပဝါပတ္ထားတဲ့ခႏၶာကိုယ္ေနာက္ပိုင္းကို ခုတင္ေပၚကေကာင္ေလးက မမွိတ္မသုန္ၾကည့္ေနတာကို ေက်ာခိုင္းထားတဲ့ Earth မသိပါ။ ဝိုင္ကိုတစိမ့္စိမ့္ေသာက္ရင္း လိုက္ကာခ်ထားတဲ့မွန္နံရံေတြဘက္ကို Earth ေလၽွာက္သြားလိုက္တယ္။ လိုက္ကာတစ္စကိုဖယ္လိုက္ေတာ့ ညရဲ႕အေမွာင္ကိုဆန္႔က်င္ၿပီး လင္းထိန္ေနတဲ့ လူလုပ္အလင္းေရာင္ေတြကို မွန္သားၾကည္ၾကည္ေတြကေနျဖတ္ၿပီး အတိုင္းသားျမင္ေနရေလရဲ႕။

သူ႔ဘဝရဲ႕ ေမွာင္မိုက္ေနတဲ့အပိုင္းေတြမွာေရာ ဘယ္ေတာ့မ်ားမွ အလင္းေရာင္ေလးတစ္ပြင့္ ေရာက္လာမလဲလို႔ေတြးရင္း Earth ေျပးျမင္မိတာ သခင့္ရဲ႕မ်က္ႏွာပါပဲ။

မွန္နံရံရဲ႕အျပင္ကိုလွမ္းၾကည့္ရင္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ျပံဳးလိုက္တဲ့ Earth ရဲ႕ပံုရိပ္ကို ခုတင္ေပၚကေကာင္ေလးရဲ႕ျမင္ကြင္းမွာ မွန္နံရံကေနေဖာ္ျပေပးေနတယ္။ Earth ျပံဳးေတာ့ ေကာင္ေလးကလည္းလိုက္ျပံဳးတယ္။ Earth ရဲ႕အျပံဳးက လြမ္းဆြတ္ျခင္းေတြနဲ႔ခမ္းနားတယ္ဆိုရင္ ေကာင္ေလးရဲ႕အျပံဳးက နာက်င္ျခင္းေတြနဲ႔ လွပေနတာမ်ိဳးေပါ့။

အခ်စ္ကဖန္ဆင္းတဲ့အျပံဳးေတြဟာ တစ္ခါတေလမွာ လြမ္းဆြတ္နာက်င္ရျခင္းေတြနဲ႔အတူ ခမ္းနားလွပေနတတ္တာမ်ိဳး။

.

ဝိုင္ေတြငွဲ႔ထည့္လိုက္ရင္း၊ သခင့္ကိုေတြးရင္း၊ ညရႈခင္းကိုေငးရင္းနဲ႔ Earth ရဲ႕ခႏၶာကိုယ္ေအာက္ပိုင္းကလည္း ေျပာင္းလဲလာျပန္တယ္။ ျပန္ၿပီးတင္းမာလာတဲ့အေျခအေနေၾကာင့္ သခင့္အေၾကာင္းေတြးေနတဲ့ အေတြးေတြကို Earth ရပ္ပစ္လိုက္ေပမဲ့ စိတ္ေတြကိုထိန္းခ်ဳပ္မရ။ လ်စ္လ်ဴရႈပစ္ေနရင္းက ပိုၿပီးဆိုးလာတာေၾကာင့္ ေနာက္ဆံုးမွာေတာ့ Earth စိတ္ေတြလြတ္ထြက္သြားခဲ့ၿပီ။

ခုတင္ေပၚျပန္ေရာက္လာတဲ့ Earth ေၾကာင့္ ေကာင္ေလးက စိတ္လိုလက္ရျပံဳးလိုက္တယ္။ သူ႔ကိုအုပ္မိုးထားတဲ့ Earth က သူ႔လက္ထဲ၊ သူ႔ႏႈတ္ခမ္းေတြထဲတင္မကေတာ့ဘဲ သူ႔ခႏၶာကိုယ္ထဲအထိဝင္ေရာက္ဖို႔ပါ ႀကိဳးစားလာေတာ့မယ့္ အေျခအေနပါပဲ။

Earth သူ႔ကိုယ္သူသတိထားမိတဲ့အခ်ိန္မွာ ေကာင္ေလးရဲ႕အထိအေတြ႕၊ အျပဳအစုေတြထဲ ေပ်ာ္ျမဴးေနတဲ့သူ႔ကိုယ္ပြားက တစ္စံုတစ္ခုကို ထပ္ၿပီးေတာင္းတေနလို႔ အဲဒီအလိုကိုလိုက္ၿပီး သတိလက္လြတ္ျပဳမူေနမိတာပါပဲ။ သူက ေကာင္ေလးရဲ႕ေျခေထာက္ေတြၾကားေရာက္ေနၿပီး အေျခအေနတစ္ခုကိုေရွ႕ဆက္ဖို႔ အဆင္သင့္ျဖစ္ေနခဲ့ၿပီ။

'ဟင့္အင္း၊ မျဖစ္ရဘူး။'

အသိကပ္တယ္ဆိုရင္ပဲ Earth က ေကာင္ေလးကိုတြန္းၿပီး သူ႔ကိုယ္သူေတာ့ ခုတင္ေပၚကိုပစ္လွဲလိုက္တယ္။ ဒါကို ေကာင္ေလးက Earth အေပၚကိုတက္လာၿပီး Earth ရပ္တန္႔လိုက္တဲ့ကိစၥကို သူကေရွ႕ဆက္ဖို႔ ျပင္ေနတယ္။

"Don't touch me!"

Earth ကေအာ္ပစ္လိုက္တာကို ေကာင္ေလးကရပ္မသြားလို႔ ထထိုင္လိုက္ၿပီး တြန္းပစ္လိုက္ေတာ့ ၾကမ္းေပၚကိုပစ္စလတ္ခတ္က်သြားတဲ့ အဲဒီေကာင္ေလးေၾကာင့္ Earth တစ္ခ်က္ၿငိမ္သြားၿပီး ေတာ္ေတာ္နဲ႔ျပန္ထမလာသူကို ဆြဲထူဖို႔ျပင္လိုက္တယ္။

"Are you OK?"

လက္ေမာင္းကေနဆြဲထူခ်ိန္မွာ ေကာင္ေလးကမ်က္ႏွာလႊဲထားလို႔ Earth ေသခ်ာၾကည့္မိေတာ့ သူ႔ရဲ႕မ်က္ႏွာဖံုးက ၾကမ္းျပင္မွာက်က်န္ေနခဲ့ၿပီ။

"Look at me."

Earth အမိန္႔အတိုင္း ျဖည္းျဖည္းခ်င္းလွည့္လာတဲ့ေကာင္ေလး Earth နဲ႔မ်က္ႏွာခ်င္းဆိုင္ျဖစ္သြားခ်ိန္မွာေတာ့

"Koa"

■■■ Part (57) ဆက္ရန္ ■■■

သူထွက်သွားတတ်တဲ့အချိန်တွေကို သခင်သတိထားကြည့်မိတယ်။ ဒါပေမဲ့ ဘယ်တော့မှအချိန်မမှန်ဘူး။ အစားအသောက်တွေကလည်း အခုနောက်ပိုင်း သူကိုယ်တိုင်လုပ်တဲ့ပုံ။ တစ်ခါတလေ သခင့်အကြိုက်ပေမဲ့ တစ်ခါတလေတော့

"လုပ်တုန်းကတော့ သေချာလုပ်တာပဲ။ အရသာမရှိရင်လည်း နည်းနည်းတော့သည်းခံပေး။"

အခန်းထဲမှာလာမနေရင်တောင် အခန်းရှေ့ကို ခဏခဏရောက်လာတတ်တာ သခင်သတိထားမိတယ်။
တစ်ခါတလေ သူတံခါးဖွင့်ပြီးကြည့်တဲ့အခါ သခင်မသိချင်ယောင်ဆောင်ပြီး အာရုံလွှဲနေတတ်တယ်။ ဘယ်ကိုအာရုံလွှဲနေတာလဲဆိုတော့ သူထားပေးတဲ့စာအုပ်တွေနဲ့ Movie တွေအပြည့်ထည့်ထားတဲ့ Laptop ဆီကိုပေါ့။ အကုန်လုံးက သခင်သဘောကျတာတွေပဲဆိုတာတော့ ငြင်းမနေတော့ပါ။

"တစ်ခုခုစားချင်တာမျိုး မရှိဘူးလား။"

'ဘယ်လိုများ စားချင်သောက်ချင်စိတ်က ရှိမလဲ။ အခန်းထဲပိတ်မိနေတာ ပျော်စရာကောင်းတယ်ဆိုတော့။'

အတွေးနဲ့ပဲ ခေါင်းခါလိုက်ပြီး သခင်သူ့ကိုကြည့်မိတော့

"ဘာလဲ၊ စိတ်ရှုပ်မှာစိုးလို့ အခန်းထဲလာထိုင်မနေဘူးလေ။ အခုမှ လာမေးတာကို။"

သခင် ဘာမှပြန်မပြောတော့ဘဲ ကြည့်လက်စ movie ကို ဆက်ကြည့်နေလိုက်ပါတယ်။

"အဲဒီကားက ပျင်းဖို့မကောင်းဘူးလား။ အခန်းထဲထိုင်ပြီး ငြင်းခုန်နေကြတာနဲ့ ပြီးသွားတာ။"

"အဟက်"

"Sorry."

(၁၉၅၇) ခုနှစ်ကထွက်တဲ့ 12 Angry Men ဆိုတဲ့ရုပ်ရှင်က လူသတ်မှုတစ်ခုရဲ့တရားခံလို့ သတ်မှတ်ခံထားရသူမှာ အပြစ်ရှိတယ်၊ မရှိဘူးဆိုတာကို Jury လူကြီးဆယ့်နှစ်ယောက်က ဆွေးနွေးကြတဲ့အကြောင်းကို ရိုက်ထားတာပါ။ အခန်းတစ်ခုထဲမှာထိုင်ပြီး နာရီနဲ့ချီဆွေးနွေးကြတဲ့အကြောင်းကို ကြည့်ရတာက ပျင်းဖို့ကောင်းတယ်ဆိုရင် အခန်းထဲပိတ်လှောင်ခံထားရတဲ့သခင် ဘယ်လိုခံစားရမလဲဆိုတာ သခင်မပြောလိုက်ရဘဲ အဲဒီလူသိသွားပြီးတဲ့နောက် sorry တစ်လုံးအပြင် ဘာမှထပ်မပြောတော့ပါ။

"တစ်ခုတော့ သတိပေးချင်တယ်။ မဟုတ်တာတွေ မကြံစည်ပါနဲ့။ အဲဒီအခါကျရင် ဘာဖြစ်မယ်ဆိုတာ အာမမခံနိုင်ဘူး။"

"ငါ့ကို ဒီပုံစံနဲ့ ဒီအခန်းထဲပိတ်ထားပြီး မင်းက ဘာကိုကြောက်နေတာလဲ။"

ခြေထောက်ကိုလှုပ်ရမ်းလို့ သံကြိုးကိုပြပြီး သခင်ပြောလိုက်တယ်။ သူကတော့ သက်ပြင်းတစ်ချက်ချပြီး

"အဲဒီလိုမလုပ်ဘဲနဲ့ ခင်ဗျားကို ငါ့အနားထားလို့ရမယ့်နည်းရှိရင်တော့ အကောင်းဆုံးပဲပေါ့ ဇရယ်။"

"မင်းနဲ့ငါ ဘာဆိုင်လို့ ငါက မင်းအနားမှာနေရမှာလဲ။"

"အဲဒါကြောင့် အခုလိုလုပ်ရတာပေါ့။ သက်ဆိုင်သွားအောင် လုပ်လိုက်ရမလား။"

ပြောရင်း အနားတိုးကပ်လာတဲ့ အဲဒီလူကြောင့် သခင်ဒေါသထွက်သွားပြီး

"မင်းသဘောအတိုင်းဖြစ်ရအောင် ငါက မိန်းကလေးလည်းမဟုတ်ဘူး။"

"အင်း၊ သိတယ်လေ။ ဒါဆို ခင်ဗျားယောက်ျားနဲ့ရော ဘယ်လိုအခြေအနေလဲ။"

"မင်းပါးစပ်က သောက်ရှက်မရှိ သူတစ်ပါးအိမ်ထောင်ရေးကို မေးထွက်တာပဲ။"

"ဒါက သဘာဝတွေပဲကို။ ငါထင်တာမမှားရင် ခင်ဗျားတို့က ပုံသေမရှိပါဘူး။ ဟုတ်တယ်မလား ဇ။"

ခုတင်နားရပ်ရင်း မေးလာသူကို သခင်ဘာမှပြန်မပြောတော့ဘဲ အာရုံပြောင်းဖို့ကြိုးစားပေမဲ့

"မုန်းဖို့ကောင်းလိုက်တာ။"

ဘာကိုမုန်းနေမှန်းမသိ မုန်းတယ်လို့ရေရွတ်နေတဲ့ အဲဒီလူကို လျစ်လျူရှုထားလိုက်ဖို့ပဲ သခင်တွေးလိုက်ပါတယ်။ ဒါပေမဲ့

"ခင်ဗျားအတွက်ဆို သူက ယောက်ျားလေးတွေထဲ တစ်ဦးတည်းသောပဲ မဟုတ်လား။ ဘယ်လောက်တောင် မုန်းဖို့ကောင်းလိုက်သလဲလို့။ ပထမဆုံးတောင်မဟုတ်ဘူး၊ တစ်ဦးတည်းသောတဲ့။ သူကတော့ အဲဒီလိုမဟုတ်ဘူးထင်တယ်နော်။"

ဒီလူစကားကြောင့် သခင့်အတွေးထဲပေါ်လာတဲ့ ပုံတစ်ပုံ။ အဲဒီပုံကြောင့်ပဲ သခင်နဲ့ကမ္ဘာ နိုင်ငံတွေခြားနေရင်းကကို ပြဿနာတက်ကြတာမဟုတ်လား။

အခန်းတစ်ခန်းထဲက ခုတင်ပေါ်မှာ၊ အတိအကျဆိုရင် playroom တစ်ခုထဲကခုတင်ပေါ်မှာ ကမ္ဘာကအုပ်မိုးထားပြီး မျက်နှာတစ်ခြမ်းဖုံးအုပ်ထားတဲ့ ကောင်လေးရဲ့တစ်ယောက်ရဲ့ပုံရိပ်က အနီရောင်အလင်းအောက်မှာ ဝေဝါးဝါး။ ဘယ်လိုမှကြည်လင်ပြတ်သားမနေပေမဲ့ ဒီပုံကိုကြည့်လိုက်တာနဲ့ ကမ္ဘာနဲ့ဒီကောင်လေး ဘာတွေဖြစ်နေတယ်ဆိုတာကို သိနိုင်လောက်အောင် အခြေအနေတွေက ထင်ရှားနေတယ်။

ဒီပုံနဲ့ပတ်သက်ပြီး ကမ္ဘာရှင်းပြသွားတာ အများကြီးပဲ။ ဒါပေမဲ့ ပြောသွားသမျှတွေထဲမှာတောင် အဖြစ်မှန်တချို့ ပါမလာသေးဘူးလို့ သခင်ခံစားရတာကြောင့် ကမ္ဘာပြောသမျှကိုသာနားထောင်လိုက်ပြီး ဘာမှမတုံ့ပြန်ဖြစ်ခဲ့။ ဒါကိုပဲ ကမ္ဘာကလည်း သူရှင်းပြနေတာကို အဖက်မလုပ်လို့ဆိုပြီး ပြန်ပြောရင်းက ပြဿနာတွေပိုဆိုးသွားခဲ့ကြတာ။ ဒါတွေကို ဖုန်းထဲကစာတချို့ကနေတစ်ဆင့် ဒီလူသိသွားခဲ့တာပါပဲ။

"မင်းက တကယ်စည်းမရှိတာပဲ။"

"ဇက ဖုန်းကို ဘာ lock မှချမထားဘူးလေ။ ငါက တကူးတကတောင်ရှာစရာမလိုဘဲ တွေ့နေတော့ ကြည့်လိုက်တာ။ ဒါပေမဲ့ lock ချထားလည်း ဖွင့်လို့လွယ်မှာပါ။"

ပြိုင်မငြင်းချင်တော့တဲ့မျက်နှာထားနဲ့ သခင်က

"မင်း ထွက်သွားရင်ကောင်းမယ်။"

"တအားငြိမ်နေလို့ ရင်ထိတ်နေတာ။ ဘာတွေကြံစည်နေမှန်း မသိရဘူး။"

သခင် မဲ့ပြုံးပြုံးလိုက်ပြီး

"စိတ်ချပါ၊ တကယ်အကောင်အထည်ဖော်ဖြစ်ရင် မင်းကို အသေသတ်ပေးပါ့မယ်။ ဒါမှမဟုတ် မသေမရှင်အတိုင်းလေးက ပိုကောင်းမလား။"

"ဒါဆို မသေခင် စိတ်ထဲရှိတဲ့အတိုင်း နေလိုက်ရမလား။"

ခြိမ်းခြောက်တာမပါရင် စကားမပြောတတ်တဲ့ဒီလူကို သခင်စိတ်ပျက်လွန်းလို့ သတ်ပစ်ချင်လာတယ်။ ကိုယ့်ဘက်က ဘာမှပိုင်နိုင်မှုမရှိဘဲ ကြိုးစားအားထုတ်တာက တစ်ဖက်လူကို သတိနဲ့နေဖို့အချက်ပေးသလိုဖြစ်မှာမို့ မဆင်မခြင်မလုပ်ချင်ပါ။ ဒီလူက အမြဲတမ်း သခင်နဲ့ခပ်လှမ်းလှမ်းမှာပဲနေတတ်တာက သူ့ကိုယ်သူကာကွယ်တာပဲလားတော့ မသိနိုင်ပါ။

"OK, မကြိုက်ရင်မပြောတော့ဘူး။ အရမ်းဒေါသမထွက်ပါနဲ့။ ဘာစားချင်လဲလာမေးတာ၊ အခုတော့ အဆင်ပြေသလိုပဲလုပ်လိုက်ပါ့မယ်။"



'ဦးနိုင် စိတ်ပူနေတော့မှာပဲ။'

တစ်ခန်းလုံးမှာ သုံးလို့ရမှာဘာရှိလဲလို့ ရှာပေမဲ့ ပရိဘောဂပစ္စည်းတွေမှာတောင် မူလီတစ်ခုမတွေ့ရ။
ကိုယ့်အာရုံနဲ့ကိုယ်မို့ ဟိုလူဝင်လာတာကို သခင်မသိလိုက်။

"အခန်းထဲ CCTV တပ်ရအောင်တော့ မလုပ်နဲ့နော်။ အဲဒီလောက်အထိမလုပ်ချင်လို့ ယုံထားလိုက်တာ။"

သခင်အဖက်မလုပ်ပါ။

"ခင်ဗျားအဖေကတော့ အခုထိအေးဆေးပဲ။ ခင်ဗျားယောက်ျားနဲ့ ရန်ဖြစ်ထားတာလည်း ကျေးဇူးတင်တယ်သိလား။ အခုထိကို အဖက်မလုပ်သေးဘူး။ ဟား ဟား"

တစ်ပတ်ကြာတဲ့အထိ မြေကမ္ဘာက အဖက်မလုပ်ဘူးဆိုတာ ရှားရှားပါးပါးပါပဲ။ ကိုယ့်အားကိုယ်ကိုးရုံပဲရှိတာမို့ တစ်ချက်တည်းနဲ့ လွတ်နိုင်မယ့်နည်းကိုသာ ရှာဖို့လိုနေခဲ့တာ။

သခင်ကအတွေးပေါင်းစုံနဲ့ငြိမ်နေပေမဲ့ သူကတော့

"အဝတ်အစားတွေ ထပ်ယူလာပေးတာ။"

ဗီရိုပုလေးထဲထည့်ပေးရင်း အဲဒီလူကပြောနေပါတယ်။ သခင်ကတော့ ဘာမှမတုံ့ပြန်ဖြစ်ခဲ့။

"ဇ၊ ခင်ဗျားကလေ မသိကျွမ်းတဲ့လူကိုလည်း ရင်းနှီးနေချင်အောင် ဆွဲဆောင်နိုင်တယ်။ ခင်ဗျားနဲ့ရင်းနှီးနေတဲ့ ခင်ဗျားသူငယ်ချင်းတွေက တော်တော်ခင်ကြမှာပဲ။ အပေါင်းအသင်းများတာက စိတ်ရှုပ်ဖို့မကောင်းဘူးလား။ တစ်ယောက်တည်းနေရတာ အထီးကျန်ပေမဲ့ ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူး။ အကူအညီမရရင်နေပါ၊ ဘယ်သူဒုက္ခပေးတာမှမခံရဘူးပေါ့။"

သူက တစ်ယောက်တည်းနေတတ်တဲ့လူပဲလို့ သခင်တွေးလိုက်တယ်။ အထီးကျန်တတ်သူတွေက အားငယ်တတ်ကြမယ်ထင်ပါရဲ့။
သခင့်အတွေးဆုံးရုံပဲရှိသေး သူကဆက်ပြောလာတယ်။

"ကိုယ့်အားကိုယ်ကိုးတတ်သွားတော့ ဘာကြောင့်မှလည်း ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုဘူးပေါ့။ ခင်ဗျားမျက်နှာကို အမြဲတွေ့ချင်နေတာကတော့ တကယ်ဆိုးတယ်။"

သူ သခင့်ကို ဘယ်တုန်းကစပြီး သိတာလဲလို့ သခင်သိချင်လာမိတယ်။ ဒါပေမဲ့ ဘာကိုမှ စိတ်ဝင်တစားမမေးချင်ပါ။

"ဇကို ဇအဖေအရင်းရဲ့ နှစ်ပတ်လည်မှာ အုတ်ဂူဆီလာကန်တော့နေတာကို စတွေ့ဖူးတာပဲ။"

သူက ဘယ်နှစ်ပတ်လည်ကို ဆိုလိုတယ်မသိပါ။

"အဲဒီတုန်းက ဇဆီမှာ ငယ်ရွယ်တက်ကြွပြီး ရည်မှန်းချက်ပြင်းတဲ့ပုံရိပ်တွေ အပြည့်ပဲ။ အခုကျတော့ အဲဒီတုန်းကထက် အရမ်းကိုပိုတည်ငြိမ်သွားတယ်။ ပြီးတော့ အဲဒီတုန်းကဇဆီမှာ ဒေါသအရိပ်အယောင်တွေတွေ့ရတယ်။ အခုကတော့ ဝမ်းနည်းစရာတွေကိုကြုံခဲ့ရတဲ့ပုံစံမျိုး ဖြစ်နေတယ်။ သူက ဇအတွက် မကောင်းဘူးမလား။"

ကမ္ဘာ့ကိုရည်ရွယ်ပြီးပြောတာလို့ သခင်သိလိုက်တယ်။ ဒီလိုဆိုရင် သူနဲ့ကမ္ဘာမသိခင်ကတည်းက ဒီလူက သခင့်ကိုသိနေတာပဲလို့ ကောက်ချက်ချမိပါတယ်။

"ပြီးတော့ ဇ သိလား။ အဲဒီဓာတ်ပုံထဲက ကောင်လေးက သူ့တပည့်ဆိုတဲ့တစ်ယောက်လေ။"

ဒီစကားကိုအကြားမှာ သခင်လစ်လျူရှုလို့မရတော့ဘဲ သူ့ကိုကြည့်မိသွားတယ်။

"ဟုတ်တယ်။ အဲဒီတစ်ယောက်ကို bodyguard အနေနဲ့ငှားထားပြီး သူ့အဖေရဲ့အလုပ်တွေကိုလည်း သူ့အစားလုပ်ပေးနေတာ။ အဲဒီကိစ္စဖြစ်ပြီး အဲဒီလိုပုံတွေက သူ့အဖေဆီအထိရောက်သွားပြီး ပြဿနာတက်ကြတယ်။ အဲဒီကိစ္စက သူတို့အသိုင်းအဝိုင်းမှာ အသံထွက်သွားပေမဲ့ ဘယ်လိုရှင်းလိုက်တယ်မသိဘူး ငြိမ်သွားပြီး အဲဒီကောင်လေးလည်း သူ့အနားကပျောက်သွားတာပဲ။ အခုမှပြန်ရောက်လာတာတော့ ဘယ်လိုဖြစ်တယ်မသိဘူးပေါ့။"

'Koa ကို ပြောတာလား။ အဲဒါက Koa ပေါ့။'

သခင် လုံးဝထင်မထားခဲ့ပါ။
ကမ္ဘာနဲ့ Koa အရင်က တစ်ခုခုပတ်သက်တာရှိခဲ့ရင်တောင် ဒီလိုတွေဖြစ်မယ်လို့ သခင်ထင်မထားမိ။ Koa ဘက်က တစ်ဖက်သတ်သဘောကျပြီး ကမ္ဘာဆိုးသွမ်းသမျှကို ခေါင်းငုံ့သည်းခံနေတာလို့ပဲ ထင်ခဲ့တာ။ ကမ္ဘာကလည်း သူ့အနားမှာ Koa တွယ်ကပ်နေတာကို အလိုမကျလို့ Koa ကိုဆို အမြင်မကြည်တာဖြစ်မယ်လို့ပဲ တွေးခဲ့တာ။ ဒီလိုတွေဖြစ်ဖူးလို့ ကမ္ဘာ့အမေက သူ့သားယောက်ျားယူမှာကို ခါးခါးသည်းသည်းတားခဲ့တာလား။ သူ့အဖေကရော အဲဒီတုန်းက သူ့သားနဲ့ဖြစ်ခဲ့တဲ့ Koa ကို အခု ဘာလို့ ပြန်ပြီးလက်ခံထားသလဲဆိုတာကို သခင်နားမလည်တော့ပါ။ ဒီလူကပဲ လိမ်ညာရန်တိုက်နေတာလားလို့ တွေးရင်းက အမှန်တရားလည်းဖြစ်နိုင်တယ်လို့ တွေးမိနေပြန်တယ်။

ကမ္ဘာက သခင့်ကို အခါခါလိမ်ညာနေတယ်ဆိုတဲ့ အသိနဲ့တင် သခင့်စိတ်တွေက ပူလောင်လာတယ်။

"ဇ၊ လွှတ်လိုက်။ မကိုက်နဲ့။"

သူက သခင့်မေးကိုကိုင်ကာ လှုပ်ရမ်းလာတော့မှ ဒေါသကြောင့် ကိုယ့်နှုတ်ခမ်းကိုယ်ပြန်ကိုက်လိုက်မိတာကို သခင်သတိထားမိသွားတယ်။ သွားစွယ်တွေရဲ့အစွမ်းနဲ့ နှုတ်ခမ်းညာဘက်ထောင့်နားမှာ ပေါက်ပြဲသွားခဲ့ပြီ။

"ဘာကိစ္စ ကိုယ့်ဘာသာထိခိုက်စေရတာလဲ။ ဆေးသွားယူပေးမယ်။"

တစ်ရှုးတစ်စယူကာ နှုတ်ခမ်းကိုလှမ်းသုတ်ပေးမယ်ပြင်လို့ သခင်ကပဲ ဖြတ်ယူထားလိုက်ပြီး

"မလိုဘူး။ ဘာမှကြီးကြီးမားမားမဟုတ်တာကို ချဲ့ကားမနေနဲ့။"

"ပြီးတာပဲလေ။ ရောင်လာတော့လည်း နှုတ်ခမ်းထူထူလေးဖြစ်တာပေါ့။ ဟာဟ"

"သောက်ပေါက်ပိတ်ထား"

"ဘာဖြစ်တယ်။ ခင်ဗျားလင်ကိုစိတ်တိုတဲ့ကိစ္စ ငါ့ကိုလာမအော်နဲ့။"

"အေး၊ အဲဒီသူများလင်ကို မင်းပစ်မှားနေတာလေ။"

"ဇ၊ ခင်ဗျားစိန်မခေါ်နဲ့။ တကယ်ကြီး မပစ်မှားလိုက်ချင်ဘူး။"

"အဟက် ... ကြောက်စရာကောင်းလိုက်တာ။ အခန်းထဲထည့်ပိတ်၊ လူကိုကြိုးချည်ထားပြီးမှ ခြိမ်းခြောက်ပြနေတာ ဘာယောက်ျားလဲ။"

"ခင်ဗျားကိုချစ်မိလို့ပဲ gay နေပြီကို။"

ခုနကတော့ စိတ်တိုလို့ သူပဲပြန်အော်နေပြီး အခုတော့ မျက်နှာပြောင်နေပြန်သူကြောင့် သခင့်မှာ သွေးတွေပဲဆောင့်တက်လာသလိုလို။

"အခွင့်အရေးရရင် မင်းကို တကယ်သတ်မိမှာပဲ။"

"အခန်းထဲကလွတ်ဖို့ မသေချာဘဲ အလောင်းနဲ့တစ်ခန်းတည်းနေရမယ့်ကိစ္စမျိုး လုပ်ချင်တာလား။ ငါကတော့ ဇလက်ထဲသေရမယ်ဆိုလည်း ကျေနပ်တယ်။ သေပြီးတဲ့အထိလည်း ဒီအခန်းထဲမှာ နှစ်ယောက်တည်းဆက်ရှိနေမှာဆိုရင် ပိုတောင်သဘောကျသေး။"

ရယ်ရယ်မြူးမြူးလေသံက သခင့်နားထဲမှာ ကန့်လန့်ဖြစ်နေပါပြီ။

"အဲဒီလို အလိုမကျတဲ့ပုံစံနဲ့လည်း ကြည့်ကောင်းတာပဲနော်။ ငါကိုက ဆေးမမီတော့တာထင်တယ်။"

ခုတင်ပေါ်ပြန်ထိုင်နေတဲ့သခင့်ကို စားပွဲဘေးမှီရပ်ကာကြည့်ရင်း သူ့ဘာသာရေရွတ်သလို ပြောနေပြန်တော့

"မင်းလည်း တော်တော်အကုသိုလ်များတာပဲနော်။ ကိုယ်မပိုင်တဲ့အရာကိုမှ ဇွတ်လိုချင်နေတာ။"

"ငါသာဇွတ်လုပ်ရင် မြေကမ္ဘာတို့ ဒီလောကထဲကပျောက်သွားတာ ကြာပြီ။"

သခင့်ခေါင်းထဲ ဖျတ်ခနဲတွေးမိသွားတာတစ်ခု

'သူက မြေကမ္ဘာရဲ့ရန်သူလား။ အဲဒါကြောင့် ငါ့ကို အခုလိုခေါ်ထားတာလား။'

"မင်း ... မြေကမ္ဘာနဲ့ ရန်ငြိုးတွေများရှိလို့လား။"

"သူက ငါလိုချင်တာတွေကို ငါ့ဆီကနေ ဖြတ်လုသွားတာမျိုး၊ ခင်ဗျားအပါအဝင်ပေါ့လေ၊ အဲဒီလိုမျိုးရှိပေမဲ့ ရန်သူရယ်လို့သတ်မှတ်ဖို့ကလည်း မဟုတ်သေးဘူး။"

"သူကဖြတ်လုတယ်ပြောရအောင် ငါနဲ့မင်းက ဘာဆိုင်လို့လဲ။"

"ဆိုင်ဖို့ကြိုးစားမလို့ပါပဲ။ သူပေါ်လာပြီး မင်းကိုရအောင်ယူသွားတာ။ ငါ ဘာမှမတတ်နိုင်လိုက်ဘူး။ သူက ငါရှိနေတာကိုတောင်မသိဘဲ ငါလိုချင်တာတွေကို ယူသွားတတ်တာ။ သူမသိတာလည်း ကောင်းပါတယ်။ ငါလုပ်ချင်တာလုပ်လို့ရတာပေါ့။"

ဒီလူပြောတာတွေကိုနားလည်ဖို့ သခင် အတော်လေးကြိုးစားနေရတယ်။ တချို့စကားတွေကို သူကတော့ အတည်ပေါက်ပြောနေပေမဲ့ သခင်ကတော့ နားမလည်နိုင်။

"မြေကမ္ဘာသာ ဒီလောကထဲကပျောက်သွားရင် ငါ့အတွက် တော်တော်လေးအဆင်ပြေသွားမှာ။"

သူက ကမ္ဘာ့ကို တစ်ခုခုရန်မူချင်နေတာလားလို့ သခင်တွေးမိလာတယ်။ ဒါပေမဲ့ အခုအချိန်မှာ ကမ္ဘာက အမေရိကမှာရှိနေပြီး သခင်တို့ကမြန်မာနိုင်ငံမှာ။ သူက တစ်ယောက်တည်းနေတတ်သူလို့ သူကိုယ်တိုင်ဝန်ခံထားတာမို့ တခြားတစ်ယောက်အကူအညီနဲ့လည်း ကမ္ဘာ့ကိုအန္တရာယ်ပေးဖို့တော့ လုပ်မယ်မထင်ပါ။ သူကိုယ်တိုင်ကလည်း သခင့်နားကမခွာတတ်တာ သခင်မြင်တွေ့နေမိသား။

သခင့်စိတ်ထဲ ပထမဆုံးအနေနဲ့ ဒီလူသူ့အနားကမခွာတာကိုပဲ စိတ်သက်သာရာရသွားသလို ခံစားမိသွားရတယ်။

'ငါ ဘာတွေတွေးနေတာလဲ။'

■■■

"Master"

ရေချိုးခန်းထဲမှာ သခင့်ကိုတွေးပြီး ကိစ္စရှင်းခဲ့တဲ့ Earth အခန်းထဲပြန်ရောက်လာတော့ တစ်ဖက်လူက သူ့ဒဏ်ရာသူရှင်းပြီး လှမ်းခေါ်လေရဲ့။ Earth တစ်ချက်ပဲလှည့်ကြည့်ပြီး စားပွဲပေါ်က လူကြီးကစားစရာမျိုးစုံကြား ထပ်ဖြည့်ထားပေးပုံရတဲ့ ဝိုင်တစ်ခွက်ကို လှမ်းယူသောက်နေမိတယ်။ အတွေးတွေကသခင့်ဆီရောက်နေတဲ့ Earth ရဲ့ ခါးမှာပဝါပတ်ထားတဲ့ခန္ဓာကိုယ်နောက်ပိုင်းကို ခုတင်ပေါ်ကကောင်လေးက မမှိတ်မသုန်ကြည့်နေတာကို ကျောခိုင်းထားတဲ့ Earth မသိပါ။ ဝိုင်ကိုတစိမ့်စိမ့်သောက်ရင်း လိုက်ကာချထားတဲ့မှန်နံရံတွေဘက်ကို Earth လျှောက်သွားလိုက်တယ်။ လိုက်ကာတစ်စကိုဖယ်လိုက်တော့ ညရဲ့အမှောင်ကိုဆန့်ကျင်ပြီး လင်းထိန်နေတဲ့ လူလုပ်အလင်းရောင်တွေကို မှန်သားကြည်ကြည်တွေကနေဖြတ်ပြီး အတိုင်းသားမြင်နေရလေရဲ့။

သူ့ဘဝရဲ့ မှောင်မိုက်နေတဲ့အပိုင်းတွေမှာရော ဘယ်တော့များမှ အလင်းရောင်လေးတစ်ပွင့် ရောက်လာမလဲလို့တွေးရင်း Earth ပြေးမြင်မိတာ သခင့်ရဲ့မျက်နှာပါပဲ။

မှန်နံရံရဲ့အပြင်ကိုလှမ်းကြည့်ရင်း နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်တဲ့ Earth ရဲ့ပုံရိပ်ကို ခုတင်ပေါ်ကကောင်လေးရဲ့မြင်ကွင်းမှာ မှန်နံရံကနေဖော်ပြပေးနေတယ်။ Earth ပြုံးတော့ ကောင်လေးကလည်းလိုက်ပြုံးတယ်။ Earth ရဲ့အပြုံးက လွမ်းဆွတ်ခြင်းတွေနဲ့ခမ်းနားတယ်ဆိုရင် ကောင်လေးရဲ့အပြုံးက နာကျင်ခြင်းတွေနဲ့ လှပနေတာမျိုးပေါ့။

အချစ်ကဖန်ဆင်းတဲ့အပြုံးတွေဟာ တစ်ခါတလေမှာ လွမ်းဆွတ်နာကျင်ရခြင်းတွေနဲ့အတူ ခမ်းနားလှပနေတတ်တာမျိုး။

.

ဝိုင်တွေငှဲ့ထည့်လိုက်ရင်း၊ သခင့်ကိုတွေးရင်း၊ ညရှုခင်းကိုငေးရင်းနဲ့ Earth ရဲ့ခန္ဓာကိုယ်အောက်ပိုင်းကလည်း ပြောင်းလဲလာပြန်တယ်။ ပြန်ပြီးတင်းမာလာတဲ့အခြေအနေကြောင့် သခင့်အကြောင်းတွေးနေတဲ့ အတွေးတွေကို Earth ရပ်ပစ်လိုက်ပေမဲ့ စိတ်တွေကိုထိန်းချုပ်မရ။ လျစ်လျူရှုပစ်နေရင်းက ပိုပြီးဆိုးလာတာကြောင့် နောက်ဆုံးမှာတော့ Earth စိတ်တွေလွတ်ထွက်သွားခဲ့ပြီ။

ခုတင်ပေါ်ပြန်ရောက်လာတဲ့ Earth ကြောင့် ကောင်လေးက စိတ်လိုလက်ရပြုံးလိုက်တယ်။ သူ့ကိုအုပ်မိုးထားတဲ့ Earth က သူ့လက်ထဲ၊ သူ့နှုတ်ခမ်းတွေထဲတင်မကတော့ဘဲ သူ့ခန္ဓာကိုယ်ထဲအထိဝင်ရောက်ဖို့ပါ ကြိုးစားလာတော့မယ့် အခြေအနေပါပဲ။

Earth သူ့ကိုယ်သူသတိထားမိတဲ့အချိန်မှာ ကောင်လေးရဲ့အထိအတွေ့၊ အပြုအစုတွေထဲ ပျော်မြူးနေတဲ့သူ့ကိုယ်ပွားက တစ်စုံတစ်ခုကို ထပ်ပြီးတောင်းတနေလို့ အဲဒီအလိုကိုလိုက်ပြီး သတိလက်လွတ်ပြုမူနေမိတာပါပဲ။ သူက ကောင်လေးရဲ့ခြေထောက်တွေကြားရောက်နေပြီး အခြေအနေတစ်ခုကိုရှေ့ဆက်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ။

'ဟင့်အင်း၊ မဖြစ်ရဘူး။'

အသိကပ်တယ်ဆိုရင်ပဲ Earth က ကောင်လေးကိုတွန်းပြီး သူ့ကိုယ်သူတော့ ခုတင်ပေါ်ကိုပစ်လှဲလိုက်တယ်။ ဒါကို ကောင်လေးက Earth အပေါ်ကိုတက်လာပြီး Earth ရပ်တန့်လိုက်တဲ့ကိစ္စကို သူကရှေ့ဆက်ဖို့ ပြင်နေတယ်။

"Don't touch me!"

Earth ကအော်ပစ်လိုက်တာကို ကောင်လေးကရပ်မသွားလို့ ထထိုင်လိုက်ပြီး တွန်းပစ်လိုက်တော့ ကြမ်းပေါ်ကိုပစ်စလတ်ခတ်ကျသွားတဲ့ အဲဒီကောင်လေးကြောင့် Earth တစ်ချက်ငြိမ်သွားပြီး တော်တော်နဲ့ပြန်ထမလာသူကို ဆွဲထူဖို့ပြင်လိုက်တယ်။

"Are you OK?"

လက်မောင်းကနေဆွဲထူချိန်မှာ ကောင်လေးကမျက်နှာလွှဲထားလို့ Earth သေချာကြည့်မိတော့ သူ့ရဲ့မျက်နှာဖုံးက ကြမ်းပြင်မှာကျကျန်နေခဲ့ပြီ။

"Look at me."

Earth အမိန့်အတိုင်း ဖြည်းဖြည်းချင်းလှည့်လာတဲ့ကောင်လေး Earth နဲ့မျက်နှာချင်းဆိုင်ဖြစ်သွားချိန်မှာတော့

"Koa"

■■■ Part (57) ဆက်ရန် ■■■
© Demon ,
книга «Branded by You».
Коментарі