Chapter (29)
"မင္းကိုလက္တံု႔ျပန္ဖို႔အေရး ငါ့အနားမွာထားေနဖို႔မွမလိုတာ။ ထစမ္းကြာ၊ ဒါကို မျဖစ္မေနျဖဳတ္ရမယ္။"
"ထြက္မသြားပါဘူးလို႔ ကတိေပး။"
ကမ႓ာေျပာလိုက္ေတာ့ သခင္က
"မင္းဘက္က ဘာမွေတာင္းဆိုခြင့္မရွိဘူး။"
သခင္ ဧည့္ခန္းဘက္ျပန္ထြက္လာတဲ့့ေနာက္ကို ကမ႓ာျပန္ပါလာမွ စားပြဲေပၚမွာတင္ထားတဲ့ စာရြက္တစ္ရြက္ကို သတိထားမိၿပီး လွမ္းၾကည့္လိုက္ေတာ့ စာခ်ဳပ္တစ္ခုဆိုတာ အေသအခ်ာပါပဲ။ အခုအခ်ိန္မွာ စာခ်ဳပ္ဆိုရင္ အေသခ်ာဆံုးက ကြာရွင္းစာခ်ဳပ္ပဲေပါ့။
"သခင္"
လမ္းေလၽွာက္ထြက္လာရာက ကမ႓ာရပ္ပစ္လိုက္ၿပီး ေအာ္လိုက္မိတယ္။
"ဘာကိစၥ ငါ့ကိုေအာ္ေနတာလဲ။"
ေဆာင့္ဆြဲခံလိုက္ရသလိုျဖစ္သြားလို႔ သခင္ပါရပ္သြားၿပီး ေဒါသတႀကီးနဲ႔ ကမ႓ာ့ဘက္ကိုလွည့္ေအာ္ျပန္တယ္။
"အဲဒါက ဘာလဲ။ ကိုယ္ လံုးဝကြာရွင္းမေပးႏိုင္ဘူးေနာ္။"
"တရား႐ံုးကေန ဆက္ေျပာတာေပါ့။"
"ဘယ္ကေျပာေျပာ ကြာရွင္းရဖို႔ေတာ့ မေတြးေလနဲ႔။"
"႐ံုးေရာက္၊ စခန္းေရာက္ဆိုရင္ အသိုင္းအဝိုင္းခိုင္မာတဲ့မင္းပဲ အရင္ဆံုးမ်က္ႏွာပ်က္ရမွာေနာ္။ မင္းသိဖို႔။"
"ကိုယ္က အဲဒါေတြကို အဖက္လုပ္မယ္ထင္လို႔လား။"
"မင္းရဲ႕မာတာမိခင္ကေတာ့ အဖက္လုပ္မွာပါ။"
"ကိုယ္တို႔အိမ္ေထာင္ေရးကိစၥ အေမနဲ႔မွမဆိုင္တာပဲ။ ဘာမွဝင္ေျပာႏိုင္မွာမဟုတ္ဘူး။"
"သူ႔သားေလးကို တစ္စစီဖ်က္ဆီးျပရင္ေတာ့ ဝင္ပါမွာေပါ့။"
"အဲဒါဆိုလည္း အဲဒီ့လိုလုပ္ဖို႔ ကိုယ့္အနားမွာပဲေနပါ။"
"ရူးေနလို႔ ေနရမွာလား။"
"ရူးသြားရင္ေတာင္ ထြက္သြားဖို႔မေတြးနဲ႔ သခင္။"
သခင္က ကမ႓ာ့ကိုစူးစူးရဲရဲၾကည့္ရင္း ကမ႓ာ့မ်က္ႏွာနားအထိ တိုးကပ္လိုက္ၿပီး
"မင္းကိုသတ္မိေတာ့မယ္။"
"Earth"
႐ုတ္တရက္ ေနာက္ဘက္ကေနေခၚလိုက္သံေၾကာင့္ သခင္လွည့္ၾကည့္လိုက္ေတာ့ စိုးရိမ္ေနတဲ့မ်က္ႏွာနဲ႔ Koa.
"မင္း ဘယ္လိုဝင္လာတာလဲ။"
"ျခံတံခါးက ဘယ္ေလာက္လံုလို႔လဲ။"
ကမ႓ာ့အေမးကိုေျဖရင္း Koa အၾကည့္ေတြက လက္ထိပ္ဆီကိုေရာက္သြားၿပီး ကမ႓ာ့မ်က္ႏွာကိုျပန္ၾကည့္လာတယ္။ မ်က္လံုးေတြနီရဲၿပီး ႏႈတ္ခမ္းေတြ ျဖဴေဖ်ာ့ေပါက္ျပဲေနတဲ့ကမ႓ာက ဆံပင္ေတြလည္းဖ႐ိုဖရဲ၊ လက္တစ္ဖက္ကလည္း ပတ္တီးနဲ႔။
"Earth, ေနမေကာင္းဘူးလား။"
အနားတိုးလာတဲ့ Koa ကို သခင္က ဘာမွမေျပာ။ ကမ႓ာကပဲ
"မင္းကိစၥမဟုတ္ဘူး။ ျပန္ေတာ့။"
"Earth အဆင္ေျပရဲ႕လား။"
"ျပန္ေတာ့။"
"ဟင့္အင္း"
"Stop, stop! မင္းတို႔ဇာတ္လမ္းကို ေနာက္မွဆက္ရိုက္။ ဒါကိုအရင္ျဖဳတ္မယ္။"
သခင္လက္ေထာင္ျပမွ ကမ႓ာ့လက္ေကာက္ဝတ္ကရွရာေတြကို Koa ျမင္သြားၿပီး မ်က္ႏွာပ်က္သြားတာကို ျပန္ထိန္းကာ
"ေသာ့မရွိဘူးလား။"
"ေသာက္ရူးတစ္ေကာင္ ေဖ်ာက္ပစ္လိုက္တယ္။"
သခင့္စကားေၾကာင့္ Koa စိတ္တိုသြားတာကို မသိမသာထိန္းရင္း
"ကၽြန္ေတာ္ျဖဳတ္ေပးမယ္။"
အိတ္ကပ္ထဲက ဘူးေလးတစ္ခုကိုထုတ္ယူၿပီး ေသာ့ဖြင့္ေပးဖို႔ Koa ေျပာလိုက္ေပမဲ့
"မျဖဳတ္ဘူး။"
ကမ႓ာက လက္ေတြကိုျပန္ဆြဲယူၿပီး ေအာ္ဟစ္လိုက္တယ္။
"ငါ့ကို လူသတ္ခ်င္ေအာင္မလုပ္နဲ႔ Angus."
"သခင္သတ္ခ်င္ရင္ သတ္လိုက္ေလ။ အမႈမပတ္ေစရဘူး။ အခုသတ္မလား။"
"ငါ့ကို စိန္မေခၚနဲ႔။"
"အတည္ေျပာတာ သခင္ရဲ႕။ ကိုယ္ေသရင္ သူ အေလာင္းေဖ်ာက္ေပးလိမ့္မယ္။"
Koa ကိုေမးေငါ့ျပၿပီး ေျပာလိုက္တဲ့ ကမ႓ာရဲ႕စကားတစ္ခြန္း။
'ဘာျဖစ္တယ္ သခင္။ ဘယ္လိုေတာင္ေျပာရက္တာလဲ။ သခင့္ရဲ႕အရွင္သခင္က သတ္လိုက္ရင္ ကၽြန္ေတာ္က သခင့္အေလာင္းကိုေဖ်ာက္ေပးရမယ္လို႔ ေျပာတာလား။ ကၽြန္ေတာ့္ႏွလံုးသားတစ္ခုလံုးကိုပါ ထည့္ျမႇဳပ္လိုက္ရမယ့္စ်ာပနကို လြယ္လြယ္နဲ႔အျဖစ္ခံရမွာလား။ သူက သခင့္ကိုမသတ္ခင္ ကၽြန္ေတာ္ကအရင္ သူ႔ကိုသတ္ပစ္မိေတာ့မယ္။'
Koa အေတြးနဲ႔အတူ ရာဇသခင္ကို စူးစူးရဲရဲၾကည့္ေနတုန္းမွာ
"Koa, မင္းအၾကည့္ေတြျပင္စမ္း။"
ကမ႓ာ့စကားေၾကာင့္ သခင္ကပါ Koa ကိုလွည့္ၾကည့္လာတယ္။ Koa အၾကည့္ေတြလႊဲလိုက္ၿပီး
"လက္ထိပ္ကို အရင္ျဖဳတ္ရေအာင္ Earth."
"မျဖဳတ္ဘူးလို႔ ငါေျပာေနတယ္ေလ။"
"တိတ္စမ္း။ လက္ထိပ္တန္းလန္းနဲ႔ ဘယ္လိုမွအဆင္မေျပဘူး။ ျဖဳတ္ရမွာပဲ။"
"မျဖဳတ္ဘူး။ သတ္ခ်င္ရင္သတ္လိုက္။"
သခင္လက္ရြယ္လိုက္ေပမဲ့ Koa က သခင့္လက္ကိုလွမ္းဆြဲထားလိုက္လို႔
"သခင့္လက္ကို မင္းထိစရာမလိုဘူး။"
"ထိခ်င္လြန္းလို႔မ်ားထင္ေနလား။ ခင္ဗ်ား၊ Earth ကို ထပ္ထိဖို႔မႀကိဳးစားနဲ႔။"
"Koa! မင္းအပူမပါဘူး၊ သြားေတာ့။ မင္းကို ငါမျမင္ခ်င္ဘူး။"
"ကၽြန္ေတာ္ ဒီအတိုင္းျပန္သြားရင္ Earth လက္က ျပတ္ထြက္သြားမလားပဲ။"
ဒီစကားၾကားမွ သခင္က ကမ႓ာ့လက္ကိုၾကည့္မိပါတယ္။ သူ႔လက္ကသာ လက္ထိပ္နဲ႔တိုက္ရိုက္မထိတိုင္း သူဆြဲရမ္းေနမိတာ။ ကမ႓ာ့လက္ေကာက္ဝတ္က စုတ္ျပတ္ေနၿပီ။ တစ္ပိုင္းတစ္စေပၚေနတဲ့ လက္ဖမိုးကလည္း ေရာင္ကိုင္းေနတဲ့ပံု။ သခင္ တစ္ခ်က္ၿငိမ္သြားၿပီး
"ျဖဳတ္မွျဖစ္မယ္ ေျမကမ႓ာ။ ေလာေလာဆယ္ ငါ ထြက္မသြားဘူး။"
"ဘာကို ေလာေလာဆယ္လဲ။"
"ဟာကြာ၊ ထြက္မသြားဘူးဆို ရၿပီမဟုတ္လား။"
"ေသခ်ာလို႔လား။"
"Koa, တစ္ခ်က္ေလာက္ကူညီပါဦး။"
ဧည့္ခန္းကခံုေတြေပၚထိုင္လိုက္ၾကၿပီး လက္ထိပ္ကိုျဖဳတ္ေပးရင္း Koa စိတ္ေတြတိုလာတယ္။ Earth လက္က ေတာ္ေတာ္ဆိုးသြားတဲ့အထိ ရာဇသခင္ ဘယ္လိုေတြလုပ္ပစ္တာလဲလို႔ ေတြးေလေတြးေလ ေဒါသထြက္ရတဲ့အထဲ လက္ခ်င္းထိမိတဲ့အခ်ိန္သိရတာက Earth ကိုယ္ေတြေတာ္ေတာ္ပူေနတာပါ။
အိမ္တံခါးဝက luggage ရယ္၊ ေဘးနားကစားပြဲေပၚက စာခ်ဳပ္ရယ္၊ ညက အမူးေသာက္ေနတဲ့ရာဇသခင္ကို Earth အတင္းလိုက္ေခၚရတယ္ဆိုတဲ့ သတင္းအရ Earth ညာထားတဲ့ကိစၥကို ရာဇသခင္သိသြားတာျဖစ္ႏိုင္တယ္လို႔ ေတြးေနမိတယ္။
"ရၿပီ။"
"သခင္၊ တကယ္ထြက္မသြားရဘူးေနာ္။"
သခင့္လက္ကိုလွမ္းဆြဲရင္း ေျပာေနတဲ့ကမ႓ာကို Koa က
"Earth ေနမေကာင္းဘူးမလား။ ေဆးခန္းကို အရင္သြားရေအာင္။ လက္ကဒဏ္ရာေတြ ပိုဆိုးလာရင္ အဆင္မေျပဘူး။"
"ဟာ၊ ဘယ္ဘက္လက္ပဲ။ ကိုယ့္ဘာသာေဆးထည့္လိုက္မယ္။ မင္း ျပန္ေတာ့။"
'ႏွင္ေလ။ ကၽြန္ေတာ္ျပန္ခ်င္မွျဖစ္တဲ့ကိစၥပါ။'
"ေဆးခန္းသြားရေအာင္။"
"မင္းကို ျပန္ေတာ့လို႔ေျပာေနတယ္ေလ။"
ေအာ္ပါၿပီ။ အခုေရာက္လာတဲ့ခဏေလးအတြင္း ငါးခြန္းေျမာက္ႏွင္ထုတ္ျခင္းပဲ။ စိတ္ညစ္ေနသမၽွေတြကို ပံုခ်စရာေတြ႕သြားပံုပါပဲ။
"Earth ကို ေဆးခန္းပို႔ၿပီးမွ။ မဟုတ္ရင္လည္း ေန႔သစ္ကိုေခၚေပးမယ္။ သူနဲ႔သြားလိုက္ပါ။"
'ရာဇသခင္ကေတာ့ ေဘးမွာ မဆိုင္သလိုထိုင္ေနတာေလ။ တစ္ေယာက္ေယာက္ကေတာ့ ေဆးခန္းပို႔ေပးရမယ္မဟုတ္လား။'
အေတြးထက္အရင္ လက္ကဖုန္းေခၚေနမိၿပီ။ ကမ႓ာက Koa ရဲ႕ဖုန္းကိုဆြဲယူလိုက္ၿပီး
"မေခၚနဲ႔။ အိမ္ကမသိေစနဲ႔။"
"အဲဒါဆိုလည္း ကၽြန္ေတာ္ေျပာတာနားေထာင္ေလ။"
ကမ႓ာက သခင့္လက္ကိုမလြတ္တမ္းဆြဲထားရင္း မ်က္ႏွာခ်င္းဆိုင္လိုက္ၿပီး
"သခင္ လိုက္ခဲ့။"
"မင္းတို႔ဘာသာ သြားစမ္းပါ။"
"ကိုယ္မရွိတုန္း သခင္ထြက္သြားရင္ ဘယ္လိုလုပ္မလဲ။"
"မသြားဘူး။"
"လိုက္ခဲ့ပါ။"
သခင္ေခါင္းခါေတာ့
"ျပန္ေတာ့ Koa. ေနာက္မွ ငါ့ဘာသာသြားလိုက္မယ္။ ငါတို႔ ရွင္းစရာရွိေသးတယ္။"
"ကိုရာဇသခင္၊ ကၽြန္ေတာ္ကပဲ ေတာင္းပန္ပါတယ္။ ေက်းဇူးျပဳၿပီး ေဆးခန္းလိုက္ျပေပးလို႔ရမလား။"
အခ်စ္ကေတာ့ သူ႔မူပိုင္စည္းမ်ဥ္းနဲ႔သူ။
အ႐ႈံးေပးရင္ ပိုခ်စ္တဲ့လူျဖစ္ရေၾကးလား။
Koa ရဲ႕အၾကည့္ေတြမွာ ေဒါသေတြပါေနေပမဲ့ ကမ႓ာ့ကိုစိုးရိမ္ေနတာကေတာ့ အထင္းသား။ အခုအခ်ိန္မွာ သခင္ေခါင္းခါျငင္းဆိုေနရင္ သူ႔အဆိုးပဲျဖစ္ရဦးမွာပဲ။
"OK."
ကမ႓ာတစ္ေယာက္ ေက်ေက်နပ္နပ္ရယ္လိုက္တယ္။ Koa ကေတာ့ တိတ္တိတ္ကေလးျပံဳးမိတယ္။ ဒီလိုပါပဲ၊ အခ်စ္နဲ႔အျပံဳးေတြက တခ်ိဳ႕ေဖာ္ျမဴလာေတြမွာ တိုက္ရိုက္အခ်ိဳးက်တတ္တယ္။
■■■
လူတိုင္းမွာ ျပန္မစဥ္းစားခ်င္တဲ့အတိတ္ဆိုတာ ရွိပါလိမ့္မယ္။ ရာဇသခင္အတြက္ကေတာ့ အတိတ္ဆိုတာ .....
ရာဇသခင္ဘဝမွာ အနီးကပ္ဆံုးေသြးသားရင္းခ်ာရယ္လို႔ ဦးျမင့္ျမတ္မင္းဆိုတဲ့ သူ႔အေဖပဲရွိေတာ့တာ။ အလုပ္ကိစၥေၾကာင့္ အေဖအိမ္မွာမရွိရင္ အေဖ့တပည့္ဦးႏိုင္က အေဖာ္လာလုပ္ေပးေလ့ရွိတယ္။ ဦးႏိုင္မွာက သမီးႏွစ္ေယာက္၊ သားတစ္ေယာက္ရွိၿပီး အကုန္လံုးက သူတို႔အလုပ္နဲ႔သူတို႔ ရွိၾကတာေၾကာင့္ ဦးႏိုင္က သခင့္ကို ေသခ်ာေစာင့္ေရွာက္ေပးခဲ့ပါတယ္။ ဒီတစ္ေခါက္ အလုပ္ကိစၥနဲ႔ ဦးျမင့္ျမတ္မင္းခရီးထြက္သြားတာ ဆယ္ရက္ေလာက္ၾကာသြားတာေၾကာင့္ သခင္တစ္ေယာက္ အေဖျဖစ္သူကို ေတာ္ေတာ္ေလးလြမ္းေနပါၿပီ။ ဦးႏိုင္က အေဖျပန္လာမယ္ေျပာလို႔ ဖုန္းဆက္ေတာ့
"သားလား။"
"ေဖႀကီး၊ ေနမေကာင္းဘူးဆို။"
"ေဆးခန္းကေနျပန္လာၿပီဆိုေတာ့ ေကာင္းသြားပါၿပီ သားရယ္။ ေဖႀကီး အိမ္ကို ညက်ရင္ျပန္ေရာက္မွာပါ။ သားမွာတဲ့မုန္႔နဲ႔ပစၥည္းေတြလည္း ေဖႀကီးဝယ္ထားၿပီးၿပီ။"
"ေဖႀကီး"
"ေျပာ၊ သားေလး။"
"ဂ႐ုစိုက္ေမာင္းပါေနာ္။ ျဖည္းျဖည္းပဲေမာင္းခဲ့ေနာ္။ ေနာက္က်လည္း သားေစာင့္ေနမယ္။"
"အဟား၊ လိမၼာလိုက္တဲ့ ငါ့သား။ ဒါပဲေနာ္ သားေရ။ ညက်ေတြ႕မယ္။"
"ဟုတ္၊ ညက်ရင္ေတြ႕မယ္။"
ရင္ဘတ္ေအာင့္တတ္တဲ့အေဖကို စိုးရိမ္တႀကီးသတိေပးခဲ့တဲ့ သခင္၊ တစ္ေနကုန္ အေဖ့ကိုေမၽွာ္ေနတဲ့ သခင္၊ ညက်ရင္ အေဖနဲ႔ညစာအတူစားဖို႔ ေတြးေပ်ာ္ေနတဲ့ သခင္၊ သူရဲ႕ေမၽွာ္လင့္ျခင္းေတြက ရဲစခန္းကပါဆိုၿပီး ဖုန္းဝင္လာတဲ့အခ်ိန္မွာ ယိုင္နဲ႔သြားခဲ့ရတယ္။ ဦးႏိုင္ကို မရမကပူဆာၿပီး ရဲစခန္းဆိုတဲ့ေနရာကို လိုက္လာခဲ့မိတယ္။ ကေလးေတြက အဲဒီ့ေနရာကိုမလိုက္ရဘူးဆိုၿပီး တားေနေပမဲ့ သခင္ေတာင္းဆိုလြန္းလို႔ ဦးႏိုင္ကေခၚသြားခဲ့တယ္။ အေဖေပးဖူးတဲ့အရုပ္ေလးတစ္ရုပ္ကို ကိုင္ထားရင္းနဲ႔ သခင္တစ္ေယာက္ ဦးႏိုင္နဲ႔အတူ ရဲစခန္းကိုလာခဲ့ပါတယ္။
"ဦးရဲႏိုင္လား။ ဦးျမင့္ျမတ္မင္းကိစၥက ရွင္းသြားပါၿပီခင္ဗ်။ အဲဒီ့ကေလးက အိပ္မက္ေယာင္ၿပီးလမ္းေလၽွာက္တတ္တယ္။ ႏိုင္ငံျခားကမိသားစုေတြပါ။ ကေလးက တည္းခိုတဲ့ေနရာကေနထြက္လာေတာ့ လမ္းမမွာ ဦးျမင့္ျမတ္မင္းေမာင္းလာတဲ့ကားနဲ႔ ဆံုတာပါ။ ေကာင္ေလးက ျပန္ေပးဆြဲခံရဖူးေတာ့ သူသတိျပန္ကပ္တဲ့အခ်ိန္ အဲဒီ့အေျခအေနကိုစိတ္စြဲၿပီး ေအာ္လိုက္ေတာ့ အထင္လြဲသြားတဲ့အေနအထားပါ။ ကေလးမိဘေတြက လိုက္ရွင္းျပၿပီးေတာ့ စကားေျပာေနၾကတုန္းမွာ ဦးျမင့္ျမတ္မင္းက ေမ့လဲက်သြားတာမို႔ အခု ေဆးရံုကိုပို႔ထားေပးပါတယ္ခင္ဗ်ာ။"
"ေဖႀကီးက ေဆးရံုမွာ။ ေဖႀကီး ေနမေကာင္းျဖစ္ျပန္ၿပီလား။"
"အာ ... ရာေလး၊ အျပင္မွာခဏေစာင့္ေနာ္။ ဦးႏိုင္နဲ႔ ရဲဦးဦးနဲ႔ ခဏေလးစကားေျပာၿပီးရင္ ဦးႏိုင္တို႔ေတြ ရာေလးေဖႀကီးဆီ လိုက္သြားၾကမယ္ေနာ္။ အခုကေတာ့ အျပင္ကထိုင္ခံုေလးမွာ ခဏေလးပဲ ထိုင္ေစာင့္ေနေနာ္။"
"မၾကာနဲ႔ေနာ္ ဦးႏိုင္။"
"ေအးပါကြယ္။"
သခင္ စိတ္ပူေနတာေၾကာင့္ အခန္းအျပင္ကို ဘယ္လိုေရာက္သြားတာလဲလို႔ကို ေသခ်ာမသိေတာ့ပါ။
'ေဖႀကီးက အရင္ကတည္းကေနမေကာင္းတာကို အဲဒီ့ေကာင္ေလးလုပ္လို႔ ရဲစခန္းေရာက္ရတာနဲ႔ ေနမေကာင္းတာပိုဆိုးသြားၿပီ။ သူက ဘာလို႔ မဟုတ္တာေတြေလၽွာက္ေျပာရတာလဲ။ မုန္းဖို႔ေကာင္းလိုက္တာ။ ေဖႀကီးေတာ့ ပင္ပန္းေနေတာ့မွာပဲ။'
အေဖျဖစ္သူဝယ္ေပးတဲ့ သူအႀကိဳက္ဆံုး စူပါမန္းအ႐ုပ္ေလးကိုကိုင္ရင္း သခင္ေတြးေနတုန္းမွာပဲ ခပ္လွမ္းလွမ္းကစႀကၤန္လမ္းအဆံုးမွာ ရပ္ေနတဲ့ ေကာင္ေလးတစ္ေယာက္ကို သတိထားမိသြားတယ္။ ဆံပင္ညိဳညိဳ၊ အသားျဖဴသလိုလိုအေနအထားနဲ႔ ေကာင္ေလးက ပံုမွန္ျမင္ေနက်ကေလးေတြလိုမဟုတ္လို႔ ခုနက သခင္ၾကားခဲ့တဲ့ ႏိုင္ငံျခားသားေတြဆိုတာကို သတိရၿပီး အဲဒီ့ေကာင္ေလးနားကို ျဖည္းျဖည္းခ်င္းလွမ္းသြားလိုက္တယ္။
'ငါ့အေဖကို အခုလိုျဖစ္ေအာင္လုပ္တာ သူလား။'
ေတြးရင္း အနားတိုးရင္းကေန ေထာင့္ခ်ိဳးနံရံနဲ႔ကြယ္ေနတဲ့ေနရာကို ေသခ်ာျမင္လိုက္ရေတာ့ အရြယ္နည္းနည္းႀကီးတဲ့ မ်က္လံုးညိဳဝါဝါနဲ႔ ေနာက္ထပ္ေကာင္ေလးတစ္ေယာက္။ သူတို႔ခ်င္းက ရုပ္ခ်င္းခပ္ဆင္ဆင္။ ႏွစ္ေယာက္သားလက္ခ်င္းဆုပ္ကိုင္ရင္း အသက္ပိုႀကီးတဲ့ေကာင္ေလးက မ်က္စိမ်က္ႏွာပ်က္ၿပီး ဘာေတြေျပာေနတယ္မသိပါ။
'ဘာလဲ၊ သူလား။ ရုပ္ကငိုေတာ့မလိုနဲ႔။ သူလုပ္တုန္းကလုပ္ၿပီး။'
သခင္ သူတို႔အနားကိုမေရာက္ခင္မွာပဲ အန္တီႀကီးတစ္ေယာက္က ေကာင္ေလးေတြဆီေရာက္လာၿပီး ေျပာလိုက္တာကို သခင္ၾကားလိုက္ရတယ္။
"Elio, မစိုးရိမ္နဲ႔ေတာ့။ ဘာမွမျဖစ္ေတာ့ဘူး။"
'အီလီယိုတဲ့၊ ဘယ္လိုနာမည္လဲ။ ေဖႀကီးကို သူမွားတိုင္လိုက္လို႔ ေနမေကာင္းတဲ့ေဖႀကီးက ေဆးရံုေရာက္သြားရတာ။'
Elio ဆိုတဲ့ေကာင္ေလးထက္ငယ္ေပမဲ့ သခင့္ထက္ အရပ္နည္းနည္းပိုရွည္တဲ့ ေကာင္ေလးကေတာ့ ရုပ္တည္ေလးနဲ႔သာရပ္လို႔။ အန္တီႀကီးက Elio ဆိုတဲ့ေကာင္ေလးရဲ႕ပခံုးကို ခပ္ဖြဖြေလးပုတ္ေပးၿပီး ရုပ္တည္ေလးနဲ႔ေငးေနတဲ့ေကာင္ေလးရဲ႕ လက္တစ္ဖက္ကို ဆြဲလိုက္တယ္။
"ေဆးရံုလိုက္သြားၾကစို႔ ရာေလး။"
အဲဒီ့အခ်ိန္မွာပဲ ဦးႏိုင္ေရာက္လာၿပီး သခင့္ကိုေခၚလိုက္တာပါ။ ဦးႏိုင္လက္ကိုဆြဲၿပီး အျမန္လွည့္ထြက္ဖို႔ျပင္ေတာ့ လက္ထဲကအရုပ္ေလး လြတ္က်သြားခဲ့ရတယ္။ အရုပ္ေလးကိုလွည့္ၾကည့္မိေပမဲ့ အေလာတႀကီးနဲ႔ ေဆးရံုသြားဖို႔သာျပင္ေနတဲ့ ဦးႏိုင္ေၾကာင့္ရယ္၊ အေဖကိုေတြ႕ခ်င္လြန္းတဲ့စိတ္ရယ္ေၾကာင့္ ျပန္မေကာက္ျဖစ္ေတာ့ပါ။ ျမင္လိုက္ရတာေတာ့ အရုပ္ေလးက လက္တစ္ဖက္ျပဳတ္သြားတယ္ ထင္ပါရဲ႕။
■
'ေဖႀကီး ဆံုးသြားၿပီ။'
အေရးေပၚခန္းထဲမွာပဲ ခဏဝင္ေတြ႕လိုက္ရၿပီးေနာက္ သတိျပန္လည္မလာေတာ့တဲ့ ဦးျမင့္ျမတ္မင္းက သူသိပ္ခ်စ္တဲ့ တစ္ဦးတည္းေသာသားေလးကို ႏႈတ္ဆက္ခြင့္ေတာင္မရလိုက္ဘဲ ေလာကထဲကေန ထြက္ခြာသြားခဲ့ရၿပီ။
အေၾကာင္းအရင္းက ႏွလံုးေရာဂါေၾကာင့္ဆိုေပမဲ့ သခင့္စိတ္ထဲမွာေတာ့ အဲဒီ့လိုမေတြးခဲ့ဘူး။ ဦးျမင့္ျမတ္မင္းရဲ႕ကားေရွ႕ကိုေရာက္လာတဲ့ ၿဂိဳဟ္ဆိုးေကာင္ေလးေၾကာင့္လို႔ သခင္မွတ္ယူထားလိုက္တယ္။ အဲဒီ့ေကာင္ေလးရဲ႕အေဖ Mr. Oswald ဆိုသူကေတာ့ ဦးျမင့္ျမတ္မင္းကို ေဆးရံုပို႔ကတည္းက လိုက္လာၿပီး လိုသမၽွလိုက္လုပ္ေပးေနခဲ့တာတဲ့။
'ဟင့္အင္း၊ မသိခ်င္ဘူး။ သူ ဒီလိုေတြလိုက္လုပ္ေပးလို႔ သူ႔သားလုပ္ထားတဲ့အမွားက ေၾကသြားမယ္ထင္သလား။ မစဥ္းစားပါနဲ႔။'
ခရီးကျပန္လာရင္ အေဖနဲ႔အတူတူစားမယ့္ညစာေလးက ဘယ္ေရာက္သြားမွန္းေတာင္ မသိခဲ့ဘူး။ အေဖဝယ္လာေပးတဲ့ လက္ေဆာင္ေတြနဲ႔မုန္႔ေတြက အေဖကိုယ္တိုင္ေပးတာမဟုတ္မွေတာ့ ဘာအဓိပၸါယ္မွ မရွိေတာ့ဘူး။ အလုပ္ကိစၥနဲ႔ သားကိုထားခဲ့ရရင္ ျပန္ေရာက္တဲ့အခါ အနားကမခြာတဲ့သားကို သားပိုက္ေကာင္လိုေပြ႕ခ်ီမထားရံုတမယ္ ဂရုတစိုက္အေဖာ္လုပ္ေပးတတ္တဲ့ ၾကင္နာတတ္တဲ့အေဖဆီက ေႏြးေထြးတဲ့ေမတၱာေတြကို ထပ္မရႏိုင္ေတာ့ဘူး။ သိပ္ခ်စ္ရတဲ့အေဖ့ကို ထာဝရ ထပ္မေတြ႕ႏိုင္ေတာ့ဘူး။
"ရာေလး၊ ရာေလး၊ ငိုတာလည္းငိုတာေပါ့။ အရမ္းငိုလြန္းေတာ့ ေခါင္းေတြကိုက္မယ္ေလ ကေလးရယ္။"
ဦးႏိုင္ရဲ႕သမီးအလတ္ျဖစ္သူက သခင့္ကိုေခ်ာ့ေမာ့လာတယ္။ ေခ်ာ့ခါမွပိုငိုခ်မိတဲ့ သခင့္ေၾကာင့္ အဲဒီ့မမကပဲ ေပြ႕ဖက္ႏွစ္သိမ့္ရင္း သူ႔လက္ထဲမွာပဲ အိပ္ေပ်ာ္သြားခဲ့ဖူးတယ္။ အေဖရက္လည္တဲ့အထိ အေဖတို႔္အလုပ္ရွင္သူေဌးက တာဝန္ယူေပးခဲ့တယ္။ ရာဇသခင္ဘြဲ႕တစ္ခုရတဲ့အထိ ပညာေရးကို တာဝန္ယူေပးပါမယ္လို႔လည္း ဦးႏိုင္ကိုေျပာခဲ့ပါသတဲ့။ ေနတာကေတာ့ ဦးႏိုင္တို႔နဲ႔အတူေနဖို႔ ျဖစ္လာခဲ့တယ္။ အေဖျဖစ္သူရဲ႕အရိပ္ေတြပဲ ျပည့္ေနတဲ့အိမ္မွာ ညဘက္ေတြဆို သခင္လန္႔ႏိုးတိုင္း အေဖကိုသာျမင္ေယာင္ရင္း အခါခါငိုခဲ့ရလို႔ ဦးႏိုင္တို႔ရဲ႕အိမ္ကိုသာ လိုက္ေနခဲ့ရတာပါ။
"ရာေလးတို႔အိမ္ကို ငွားထားခဲ့မယ္။ ဒီအတိုင္းပိတ္ထားတာနဲ႔စာရင္ လူရွိတာက အပ်က္အစီးသက္သာမယ္။ ရတဲ့ေငြကို ဦးႏိုင္က ဘဏ္စာအုပ္ေလးလုပ္ေပးၿပီး ထည့္ေပးထားမယ္ေနာ္။"
သခင္က ဘာမွေသခ်ာနားမလည္ေသးတဲ့အရြယ္မို႔ ေခါင္းညိတ္ျပခဲ့မိရံုသာ။
"အခုကစၿပီး ဦးႏိုင္မွာ သားသမီးေလးေယာက္ျဖစ္သြားၿပီ။ သားေလးအတြက္ကို ဦးႏိုင္အတတ္ႏိုင္ဆံုး တာဝန္ယူေပးသြားမွာပါ။"
ေျပာေနရင္းနဲ႔ ဦးႏိုင္မ်က္ရည္ေတြဝဲလာေတာ့ သခင္ထပ္ငိုမိျပန္ၿပီ။
"ဦးႏိုင္လည္း ေဖႀကီးကိုလြမ္းလို႔လား။"
"သားရယ္။"
■■■
Elio Oswald
ကေနဒါျမန္မာကျပား Mr. Oswald နဲ႔ ျမန္မာႏိုင္ငံသူ ေဒၚဝတီႏြယ္တစ္ျဖစ္လည္း Mrs. Bianca တို႔ရဲ႕သားႀကီး ေနဝဠာရဲ႕နာမည္က Elio ပါတဲ့။ ဒီနာမည္ကို သခင့္ရင္ထဲမွာ ေသခ်ာကိုစြဲစြြဲျမဲျမဲမွတ္မိတယ္။
သခင္သိထားတာက အဲဒီ့တုန္းက ဦးျမင့္ျမတ္မင္းကားနဲ႔ တိုက္မိမလိုျဖစ္တဲ့ကေလးက သခင္နဲ႔မွရြယ္တူ။ အခုေတာ့ Mr. Oswald ရဲ႕သားႏွစ္ေယာက္မွာ တစ္ေယာက္က သခင့္ထက္ႏွစ္ႏွစ္ႀကီးၿပီး တစ္ေယာက္က သခင့္ထက္ႏွစ္ႏွစ္ငယ္ေနပါတယ္။ သားဆိုလို႔ ေမြးစားသားတစ္ေယာက္ရွိေသးေပမဲ့ သားအလတ္ထက္ငယ္တဲ့ အဲဒီ့ကေလးကို အဲဒီ့အခ်ိန္တုန္းက မေမြးစားရေသးပါဘူးတဲ့။ သိထားတဲ့အခ်က္အလက္ေတြက နည္းနည္းေလးလြဲေနတဲ့အခါ ထပ္ၿပီးအတည္ျပဳဖို႔ သခင္ႀကိဳးစားရပါေတာ့တယ္။
ရာဇသခင္
ဦးျမင့္ျမတ္မင္းရဲ႕ တစ္ဦးတည္းေသာသား။ အေဖျဖစ္သူဆံုးသြားၿပီး အေဖရဲ႕တပည့္ဆီမွာေနရင္း အေဖ့သူေဌးရဲ႕ ပညာသင္စရိတ္ေထာက္ပံ့မႈနဲ႔ အထက္တန္းၿပီးတဲ့အခါမွာ အေမြအျဖစ္က်န္ခဲ့တဲ့ အရင္တုန္းကအိမ္ေလးမွာ ျပန္သြားေနခဲ့ၿပီး သူေဌးရဲ႕ဟိုတယ္မွာ ညဘက္အလုပ္ဆင္း၊ ေန႔ဘက္ေက်ာင္းတက္ရင္း ဘဝကိုေရွ႕ဆက္ခဲ့တယ္။ ဦးႏိုင္စုထားေပးတဲ့ ဘဏ္စာအုပ္ထဲကေငြကိုေတာ့ သူမသံုးျဖစ္ေသးပါဘူး။ တစ္ခ်ိန္ခ်ိန္မွာ ေသခ်ာေပါက္ေငြလိုလာဦးမွာမို႔ ထပ္စုေနမိရင္း တစ္ဖက္ကလည္း ႏိုင္ငံျခားပညာေတာ္သင္ရဖို႔ အသည္းအသန္ႀကိဳးစားခဲ့ရတယ္။ သူရည္ရြယ္တာက ပညာေရးေတာ့မဟုတ္ေပမဲ့လည္း ပန္းတိုင္ေရာက္ဖို႔ကို လိုအပ္တဲ့ေနရာတိုင္းမွာ အေကာင္းဆံုးအားထုတ္ျဖစ္ခဲ့ပါရဲ႕။
ႀကိဳးစားျခင္းရဲ႕ရလဒ္ေၾကာင့္ ပညာေတာ္သင္ကိစၥေရာ၊ အလုပ္အကိုင္အခြင့္အလမ္းေတြပါ လမ္းေၾကာင္းမွန္ခဲ့တဲ့အေပၚ သခင္ ဂုဏ္မယူႏိုင္ေသးပါ။ ဒါေတြဟာ ခုတံုးသာသာမို႔။
အဓိကက Oswald မိသားစုနဲ႔ အနီးဆံုးကိုေရာက္ဖို႔။
Sun, Earth, Wily နဲ႔ ေမြးစားသား Day တို႔အေၾကာင္း ရွာလိုက္မိေတာ့ လူငယ္ေတြခ်င္းအတူတူ ပံုစံေတြက တစ္ေယာက္တစ္မ်ိဳးကြဲထြက္ေနၿပီး တကၠသိုလ္မွာဆရာဝင္လုပ္ေနတဲ့ Sun ဆိုတဲ့ Elio Oswald က သခင့္လို ႏိုင္ငံျခားပညာေတာ္သင္ အသိုင္းအဝိုင္းထဲကလူအတြက္ ပိုနီးစပ္ေနခဲ့တာ မဆန္းပါဘူး။
Angus Oswald
ထူးဆန္းတာက သားအလတ္ Earth ပါ။ သခင့္ရဲ႕ social media life က သူငယ္ခ်င္းတခ်ိဳ႕ဟာ Earth နဲ႔ရင္းႏွီးသူေတြျဖစ္တဲ့အျပင္ သခင္နဲ႔ အျပင္မွာသိကၽြမ္းသူတခ်ိဳ႕ကလည္း သူ႔ရဲ႕အြန္လိုင္းသူငယ္ခ်င္းေတြ ျဖစ္ေနၾကျပန္တယ္။ ဒါေၾကာင့္လည္း Earth ဆိုတဲ့ Angus Oswald က သခင့္အတြက္ လမ္းစတစ္ခုျဖစ္လာရျခင္းပါ။ သခင့္ဘက္က ေသခ်ာအားမထုတ္ရေသးခင္မွာ သူ႔ဘက္က သခင့္ဆီကို စတင္လွမ္းေလၽွာက္လာခဲ့တာက သခင့္ရဲ႕မေယာင္မလည္အရိပ္ျပမႈေၾကာင့္ Earth အာရံုစိုက္မိသြားတယ္လို႔ ထင္မိတာေတာ့ သခင့္ရဲ႕အမွားေတြထဲကတစ္ခုပါပဲ။
တကယ္ဆို သူ႔ရဲ႕အရိပ္ေတြကသာ သခင့္ရဲ႕အာရံုကို သိမ္းပိုက္သြားခဲ့တာ။
■■■ Part (30) ဆက္ရန္ ■■■
"မင်းကိုလက်တုံ့ပြန်ဖို့အရေး ငါ့အနားမှာထားနေဖို့မှမလိုတာ။ ထစမ်းကွာ၊ ဒါကို မဖြစ်မနေဖြုတ်ရမယ်။"
"ထွက်မသွားပါဘူးလို့ ကတိပေး။"
ကမ္ဘာပြောလိုက်တော့ သခင်က
"မင်းဘက်က ဘာမှတောင်းဆိုခွင့်မရှိဘူး။"
သခင် ဧည့်ခန်းဘက်ပြန်ထွက်လာတဲ့နောက်ကို ကမ္ဘာပြန်ပါလာမှ စားပွဲပေါ်မှာတင်ထားတဲ့ စာရွက်တစ်ရွက်ကို သတိထားမိပြီး လှမ်းကြည့်လိုက်တော့ စာချုပ်တစ်ခုဆိုတာ အသေအချာပါပဲ။ အခုအချိန်မှာ စာချုပ်ဆိုရင် အသေချာဆုံးက ကွာရှင်းစာချုပ်ပဲပေါ့။
"သခင်"
လမ်းလျှောက်ထွက်လာရာက ကမ္ဘာရပ်ပစ်လိုက်ပြီး အော်လိုက်မိတယ်။
"ဘာကိစ္စ ငါ့ကိုအော်နေတာလဲ။"
ဆောင့်ဆွဲခံလိုက်ရသလိုဖြစ်သွားလို့ သခင်ပါရပ်သွားပြီး ဒေါသတကြီးနဲ့ ကမ္ဘာ့ဘက်ကိုလှည့်အော်ပြန်တယ်။
"အဲဒါက ဘာလဲ။ ကိုယ် လုံးဝကွာရှင်းမပေးနိုင်ဘူးနော်။"
"တရားရုံးကနေ ဆက်ပြောတာပေါ့။"
"ဘယ်ကပြောပြော ကွာရှင်းရဖို့တော့ မတွေးလေနဲ့။"
"ရုံးရောက်၊ စခန်းရောက်ဆိုရင် အသိုင်းအဝိုင်းခိုင်မာတဲ့မင်းပဲ အရင်ဆုံးမျက်နှာပျက်ရမှာနော်။ မင်းသိဖို့။"
"ကိုယ်က အဲဒါတွေကို အဖက်လုပ်မယ်ထင်လို့လား။"
"မင်းရဲ့မာတာမိခင်ကတော့ အဖက်လုပ်မှာပါ။"
"ကိုယ်တို့အိမ်ထောင်ရေးကိစ္စ အမေနဲ့မှမဆိုင်တာပဲ။ ဘာမှဝင်ပြောနိုင်မှာမဟုတ်ဘူး။"
"သူ့သားလေးကို တစ်စစီဖျက်ဆီးပြရင်တော့ ဝင်ပါမှာပေါ့။"
"အဲဒါဆိုလည်း အဲဒီ့လိုလုပ်ဖို့ ကိုယ့်အနားမှာပဲနေပါ။"
"ရူးနေလို့ နေရမှာလား။"
"ရူးသွားရင်တောင် ထွက်သွားဖို့မတွေးနဲ့ သခင်။"
သခင်က ကမ္ဘာ့ကိုစူးစူးရဲရဲကြည့်ရင်း ကမ္ဘာ့မျက်နှာနားအထိ တိုးကပ်လိုက်ပြီး
"မင်းကိုသတ်မိတော့မယ်။"
"Earth"
ရုတ်တရက် နောက်ဘက်ကနေခေါ်လိုက်သံကြောင့် သခင်လှည့်ကြည့်လိုက်တော့ စိုးရိမ်နေတဲ့မျက်နှာနဲ့ Koa.
"မင်း ဘယ်လိုဝင်လာတာလဲ။"
"ခြံတံခါးက ဘယ်လောက်လုံလို့လဲ။"
ကမ္ဘာ့အမေးကိုဖြေရင်း Koa အကြည့်တွေက လက်ထိပ်ဆီကိုရောက်သွားပြီး ကမ္ဘာ့မျက်နှာကိုပြန်ကြည့်လာတယ်။ မျက်လုံးတွေနီရဲပြီး နှုတ်ခမ်းတွေ ဖြူဖျော့ပေါက်ပြဲနေတဲ့ကမ္ဘာက ဆံပင်တွေလည်းဖရိုဖရဲ၊ လက်တစ်ဖက်ကလည်း ပတ်တီးနဲ့။
"Earth, နေမကောင်းဘူးလား။"
အနားတိုးလာတဲ့ Koa ကို သခင်က ဘာမှမပြော။ ကမ္ဘာကပဲ
"မင်းကိစ္စမဟုတ်ဘူး။ ပြန်တော့။"
"Earth အဆင်ပြေရဲ့လား။"
"ပြန်တော့။"
"ဟင့်အင်း"
"Stop, stop! မင်းတို့ဇာတ်လမ်းကို နောက်မှဆက်ရိုက်။ ဒါကိုအရင်ဖြုတ်မယ်။"
သခင်လက်ထောင်ပြမှ ကမ္ဘာ့လက်ကောက်ဝတ်ကရှရာတွေကို Koa မြင်သွားပြီး မျက်နှာပျက်သွားတာကို ပြန်ထိန်းကာ
"သော့မရှိဘူးလား။"
"သောက်ရူးတစ်ကောင် ဖျောက်ပစ်လိုက်တယ်။"
သခင့်စကားကြောင့် Koa စိတ်တိုသွားတာကို မသိမသာထိန်းရင်း
"ကျွန်တော်ဖြုတ်ပေးမယ်။"
အိတ်ကပ်ထဲက ဘူးလေးတစ်ခုကိုထုတ်ယူပြီး သော့ဖွင့်ပေးဖို့ Koa ပြောလိုက်ပေမဲ့
"မဖြုတ်ဘူး။"
ကမ္ဘာက လက်တွေကိုပြန်ဆွဲယူပြီး အော်ဟစ်လိုက်တယ်။
"ငါ့ကို လူသတ်ချင်အောင်မလုပ်နဲ့ Angus."
"သခင်သတ်ချင်ရင် သတ်လိုက်လေ။ အမှုမပတ်စေရဘူး။ အခုသတ်မလား။"
"ငါ့ကို စိန်မခေါ်နဲ့။"
"အတည်ပြောတာ သခင်ရဲ့။ ကိုယ်သေရင် သူ အလောင်းဖျောက်ပေးလိမ့်မယ်။"
Koa ကိုမေးငေါ့ပြပြီး ပြောလိုက်တဲ့ ကမ္ဘာရဲ့စကားတစ်ခွန်း။
'ဘာဖြစ်တယ် သခင်။ ဘယ်လိုတောင်ပြောရက်တာလဲ။ သခင့်ရဲ့အရှင်သခင်က သတ်လိုက်ရင် ကျွန်တော်က သခင့်အလောင်းကိုဖျောက်ပေးရမယ်လို့ ပြောတာလား။ ကျွန်တော့်နှလုံးသားတစ်ခုလုံးကိုပါ ထည့်မြှုပ်လိုက်ရမယ့်ဈာပနကို လွယ်လွယ်နဲ့အဖြစ်ခံရမှာလား။ သူက သခင့်ကိုမသတ်ခင် ကျွန်တော်ကအရင် သူ့ကိုသတ်ပစ်မိတော့မယ်။'
Koa အတွေးနဲ့အတူ ရာဇသခင်ကို စူးစူးရဲရဲကြည့်နေတုန်းမှာ
"Koa, မင်းအကြည့်တွေပြင်စမ်း။"
ကမ္ဘာ့စကားကြောင့် သခင်ကပါ Koa ကိုလှည့်ကြည့်လာတယ်။ Koa အကြည့်တွေလွှဲလိုက်ပြီး
"လက်ထိပ်ကို အရင်ဖြုတ်ရအောင် Earth."
"မဖြုတ်ဘူးလို့ ငါပြောနေတယ်လေ။"
"တိတ်စမ်း။ လက်ထိပ်တန်းလန်းနဲ့ ဘယ်လိုမှအဆင်မပြေဘူး။ ဖြုတ်ရမှာပဲ။"
"မဖြုတ်ဘူး။ သတ်ချင်ရင်သတ်လိုက်။"
သခင်လက်ရွယ်လိုက်ပေမဲ့ Koa က သခင့်လက်ကိုလှမ်းဆွဲထားလိုက်လို့
"သခင့်လက်ကို မင်းထိစရာမလိုဘူး။"
"ထိချင်လွန်းလို့များထင်နေလား။ ခင်ဗျား၊ Earth ကို ထပ်ထိဖို့မကြိုးစားနဲ့။"
"Koa! မင်းအပူမပါဘူး၊ သွားတော့။ မင်းကို ငါမမြင်ချင်ဘူး။"
"ကျွန်တော် ဒီအတိုင်းပြန်သွားရင် Earth လက်က ပြတ်ထွက်သွားမလားပဲ။"
ဒီစကားကြားမှ သခင်က ကမ္ဘာ့လက်ကိုကြည့်မိပါတယ်။ သူ့လက်ကသာ လက်ထိပ်နဲ့တိုက်ရိုက်မထိတိုင်း သူဆွဲရမ်းနေမိတာ။ ကမ္ဘာ့လက်ကောက်ဝတ်က စုတ်ပြတ်နေပြီ။ တစ်ပိုင်းတစ်စပေါ်နေတဲ့ လက်ဖမိုးကလည်း ရောင်ကိုင်းနေတဲ့ပုံ။ သခင် တစ်ချက်ငြိမ်သွားပြီး
"ဖြုတ်မှဖြစ်မယ် မြေကမ္ဘာ။ လောလောဆယ် ငါ ထွက်မသွားဘူး။"
"ဘာကို လောလောဆယ်လဲ။"
"ဟာကွာ၊ ထွက်မသွားဘူးဆို ရပြီမဟုတ်လား။"
"သေချာလို့လား။"
"Koa, တစ်ချက်လောက်ကူညီပါဦး။"
ဧည့်ခန်းကခုံတွေပေါ်ထိုင်လိုက်ကြပြီး လက်ထိပ်ကိုဖြုတ်ပေးရင်း Koa စိတ်တွေတိုလာတယ်။ Earth လက်က တော်တော်ဆိုးသွားတဲ့အထိ ရာဇသခင် ဘယ်လိုတွေလုပ်ပစ်တာလဲလို့ တွေးလေတွေးလေ ဒေါသထွက်ရတဲ့အထဲ လက်ချင်းထိမိတဲ့အချိန်သိရတာက Earth ကိုယ်တွေတော်တော်ပူနေတာပါ။
အိမ်တံခါးဝက luggage ရယ်၊ ဘေးနားကစားပွဲပေါ်က စာချုပ်ရယ်၊ ညက အမူးသောက်နေတဲ့ရာဇသခင်ကို Earth အတင်းလိုက်ခေါ်ရတယ်ဆိုတဲ့ သတင်းအရ Earth ညာထားတဲ့ကိစ္စကို ရာဇသခင်သိသွားတာဖြစ်နိုင်တယ်လို့ တွေးနေမိတယ်။
"ရပြီ။"
"သခင်၊ တကယ်ထွက်မသွားရဘူးနော်။"
သခင့်လက်ကိုလှမ်းဆွဲရင်း ပြောနေတဲ့ကမ္ဘာကို Koa က
"Earth နေမကောင်းဘူးမလား။ ဆေးခန်းကို အရင်သွားရအောင်။ လက်ကဒဏ်ရာတွေ ပိုဆိုးလာရင် အဆင်မပြေဘူး။"
"ဟာ၊ ဘယ်ဘက်လက်ပဲ။ ကိုယ့်ဘာသာဆေးထည့်လိုက်မယ်။ မင်း ပြန်တော့။"
'နှင်လေ။ ကျွန်တော်ပြန်ချင်မှဖြစ်တဲ့ကိစ္စပါ။'
"ဆေးခန်းသွားရအောင်။"
"မင်းကို ပြန်တော့လို့ပြောနေတယ်လေ။"
အော်ပါပြီ။ အခုရောက်လာတဲ့ခဏလေးအတွင်း ငါးခွန်းမြောက်နှင်ထုတ်ခြင်းပဲ။ စိတ်ညစ်နေသမျှတွေကို ပုံချစရာတွေ့သွားပုံပါပဲ။
"Earth ကို ဆေးခန်းပို့ပြီးမှ။ မဟုတ်ရင်လည်း နေ့သစ်ကိုခေါ်ပေးမယ်။ သူနဲ့သွားလိုက်ပါ။"
'ရာဇသခင်ကတော့ ဘေးမှာ မဆိုင်သလိုထိုင်နေတာလေ။ တစ်ယောက်ယောက်ကတော့ ဆေးခန်းပို့ပေးရမယ်မဟုတ်လား။'
အတွေးထက်အရင် လက်ကဖုန်းခေါ်နေမိပြီ။ ကမ္ဘာက Koa ရဲ့ဖုန်းကိုဆွဲယူလိုက်ပြီး
"မခေါ်နဲ့။ အိမ်ကမသိစေနဲ့။"
"အဲဒါဆိုလည်း ကျွန်တော်ပြောတာနားထောင်လေ။"
ကမ္ဘာက သခင့်လက်ကိုမလွတ်တမ်းဆွဲထားရင်း မျက်နှာချင်းဆိုင်လိုက်ပြီး
"သခင် လိုက်ခဲ့။"
"မင်းတို့ဘာသာ သွားစမ်းပါ။"
"ကိုယ်မရှိတုန်း သခင်ထွက်သွားရင် ဘယ်လိုလုပ်မလဲ။"
"မသွားဘူး။"
"လိုက်ခဲ့ပါ။"
သခင်ခေါင်းခါတော့
"ပြန်တော့ Koa. နောက်မှ ငါ့ဘာသာသွားလိုက်မယ်။ ငါတို့ ရှင်းစရာရှိသေးတယ်။"
"ကိုရာဇသခင်၊ ကျွန်တော်ကပဲ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ဆေးခန်းလိုက်ပြပေးလို့ရမလား။"
အချစ်ကတော့ သူ့မူပိုင်စည်းမျဉ်းနဲ့သူ။
အရှုံးပေးရင် ပိုချစ်တဲ့လူဖြစ်ရကြေးလား။
Koa ရဲ့အကြည့်တွေမှာ ဒေါသတွေပါနေပေမဲ့ ကမ္ဘာ့ကိုစိုးရိမ်နေတာကတော့ အထင်းသား။ အခုအချိန်မှာ သခင်ခေါင်းခါငြင်းဆိုနေရင် သူ့အဆိုးပဲဖြစ်ရဦးမှာပဲ။
"OK."
ကမ္ဘာတစ်ယောက် ကျေကျေနပ်နပ်ရယ်လိုက်တယ်။ Koa ကတော့ တိတ်တိတ်ကလေးပြုံးမိတယ်။ ဒီလိုပါပဲ၊ အချစ်နဲ့အပြုံးတွေက တချို့ဖော်မြူလာတွေမှာ တိုက်ရိုက်အချိုးကျတတ်တယ်။
■■■
လူတိုင်းမှာ ပြန်မစဉ်းစားချင်တဲ့အတိတ်ဆိုတာ ရှိပါလိမ့်မယ်။ ရာဇသခင်အတွက်ကတော့ အတိတ်ဆိုတာ .....
ရာဇသခင်ဘဝမှာ အနီးကပ်ဆုံးသွေးသားရင်းချာရယ်လို့ ဦးမြင့်မြတ်မင်းဆိုတဲ့ သူ့အဖေပဲရှိတော့တာ။ အလုပ်ကိစ္စကြောင့် အဖေအိမ်မှာမရှိရင် အဖေ့တပည့်ဦးနိုင်က အဖော်လာလုပ်ပေးလေ့ရှိတယ်။ ဦးနိုင်မှာက သမီးနှစ်ယောက်၊ သားတစ်ယောက်ရှိပြီး အကုန်လုံးက သူတို့အလုပ်နဲ့သူတို့ ရှိကြတာကြောင့် ဦးနိုင်က သခင့်ကို သေချာစောင့်ရှောက်ပေးခဲ့ပါတယ်။ ဒီတစ်ခေါက် အလုပ်ကိစ္စနဲ့ ဦးမြင့်မြတ်မင်းခရီးထွက်သွားတာ ဆယ်ရက်လောက်ကြာသွားတာကြောင့် သခင်တစ်ယောက် အဖေဖြစ်သူကို တော်တော်လေးလွမ်းနေပါပြီ။ ဦးနိုင်က အဖေပြန်လာမယ်ပြောလို့ ဖုန်းဆက်တော့
"သားလား။"
"ဖေကြီး၊ နေမကောင်းဘူးဆို။"
"ဆေးခန်းကနေပြန်လာပြီဆိုတော့ ကောင်းသွားပါပြီ သားရယ်။ ဖေကြီး အိမ်ကို ညကျရင်ပြန်ရောက်မှာပါ။ သားမှာတဲ့မုန့်နဲ့ပစ္စည်းတွေလည်း ဖေကြီးဝယ်ထားပြီးပြီ။"
"ဖေကြီး"
"ပြော၊ သားလေး။"
"ဂရုစိုက်မောင်းပါနော်။ ဖြည်းဖြည်းပဲမောင်းခဲ့နော်။ နောက်ကျလည်း သားစောင့်နေမယ်။"
"အဟား၊ လိမ္မာလိုက်တဲ့ ငါ့သား။ ဒါပဲနော် သားရေ။ ညကျတွေ့မယ်။"
"ဟုတ်၊ ညကျရင်တွေ့မယ်။"
ရင်ဘတ်အောင့်တတ်တဲ့အဖေကို စိုးရိမ်တကြီးသတိပေးခဲ့တဲ့ သခင်၊ တစ်နေကုန် အဖေ့ကိုမျှော်နေတဲ့ သခင်၊ ညကျရင် အဖေနဲ့ညစာအတူစားဖို့ တွေးပျော်နေတဲ့ သခင်၊ သူရဲ့မျှော်လင့်ခြင်းတွေက ရဲစခန်းကပါဆိုပြီး ဖုန်းဝင်လာတဲ့အချိန်မှာ ယိုင်နဲ့သွားခဲ့ရတယ်။ ဦးနိုင်ကို မရမကပူဆာပြီး ရဲစခန်းဆိုတဲ့နေရာကို လိုက်လာခဲ့မိတယ်။ ကလေးတွေက အဲဒီ့နေရာကိုမလိုက်ရဘူးဆိုပြီး တားနေပေမဲ့ သခင်တောင်းဆိုလွန်းလို့ ဦးနိုင်ကခေါ်သွားခဲ့တယ်။ အဖေပေးဖူးတဲ့အရုပ်လေးတစ်ရုပ်ကို ကိုင်ထားရင်းနဲ့ သခင်တစ်ယောက် ဦးနိုင်နဲ့အတူ ရဲစခန်းကိုလာခဲ့ပါတယ်။
"ဦးရဲနိုင်လား။ ဦးမြင့်မြတ်မင်းကိစ္စက ရှင်းသွားပါပြီခင်ဗျ။ အဲဒီ့ကလေးက အိပ်မက်ယောင်ပြီးလမ်းလျှောက်တတ်တယ်။ နိုင်ငံခြားကမိသားစုတွေပါ။ ကလေးက တည်းခိုတဲ့နေရာကနေထွက်လာတော့ လမ်းမမှာ ဦးမြင့်မြတ်မင်းမောင်းလာတဲ့ကားနဲ့ ဆုံတာပါ။ ကောင်လေးက ပြန်ပေးဆွဲခံရဖူးတော့ သူသတိပြန်ကပ်တဲ့အချိန် အဲဒီ့အခြေအနေကိုစိတ်စွဲပြီး အော်လိုက်တော့ အထင်လွဲသွားတဲ့အနေအထားပါ။ ကလေးမိဘတွေက လိုက်ရှင်းပြပြီးတော့ စကားပြောနေကြတုန်းမှာ ဦးမြင့်မြတ်မင်းက မေ့လဲကျသွားတာမို့ အခု ဆေးရုံကိုပို့ထားပေးပါတယ်ခင်ဗျာ။"
"ဖေကြီးက ဆေးရုံမှာ။ ဖေကြီး နေမကောင်းဖြစ်ပြန်ပြီလား။"
"အာ ... ရာလေး၊ အပြင်မှာခဏစောင့်နော်။ ဦးနိုင်နဲ့ ရဲဦးဦးနဲ့ ခဏလေးစကားပြောပြီးရင် ဦးနိုင်တို့တွေ ရာလေးဖေကြီးဆီ လိုက်သွားကြမယ်နော်။ အခုကတော့ အပြင်ကထိုင်ခုံလေးမှာ ခဏလေးပဲ ထိုင်စောင့်နေနော်။"
"မကြာနဲ့နော် ဦးနိုင်။"
"အေးပါကွယ်။"
သခင် စိတ်ပူနေတာကြောင့် အခန်းအပြင်ကို ဘယ်လိုရောက်သွားတာလဲလို့ကို သေချာမသိတော့ပါ။
'ဖေကြီးက အရင်ကတည်းကနေမကောင်းတာကို အဲဒီ့ကောင်လေးလုပ်လို့ ရဲစခန်းရောက်ရတာနဲ့ နေမကောင်းတာပိုဆိုးသွားပြီ။ သူက ဘာလို့ မဟုတ်တာတွေလျှောက်ပြောရတာလဲ။ မုန်းဖို့ကောင်းလိုက်တာ။ ဖေကြီးတော့ ပင်ပန်းနေတော့မှာပဲ။'
အဖေဖြစ်သူဝယ်ပေးတဲ့ သူအကြိုက်ဆုံး စူပါမန်းအရုပ်လေးကိုကိုင်ရင်း သခင်တွေးနေတုန်းမှာပဲ ခပ်လှမ်းလှမ်းကစင်္ကြန်လမ်းအဆုံးမှာ ရပ်နေတဲ့ ကောင်လေးတစ်ယောက်ကို သတိထားမိသွားတယ်။ ဆံပင်ညိုညို၊ အသားဖြူသလိုလိုအနေအထားနဲ့ ကောင်လေးက ပုံမှန်မြင်နေကျကလေးတွေလိုမဟုတ်လို့ ခုနက သခင်ကြားခဲ့တဲ့ နိုင်ငံခြားသားတွေဆိုတာကို သတိရပြီး အဲဒီ့ကောင်လေးနားကို ဖြည်းဖြည်းချင်းလှမ်းသွားလိုက်တယ်။
'ငါ့အဖေကို အခုလိုဖြစ်အောင်လုပ်တာ သူလား။'
တွေးရင်း အနားတိုးရင်းကနေ ထောင့်ချိုးနံရံနဲ့ကွယ်နေတဲ့နေရာကို သေချာမြင်လိုက်ရတော့ အရွယ်နည်းနည်းကြီးတဲ့ မျက်လုံးညိုဝါဝါနဲ့ နောက်ထပ်ကောင်လေးတစ်ယောက်။ သူတို့ချင်းက ရုပ်ချင်းခပ်ဆင်ဆင်။ နှစ်ယောက်သားလက်ချင်းဆုပ်ကိုင်ရင်း အသက်ပိုကြီးတဲ့ကောင်လေးက မျက်စိမျက်နှာပျက်ပြီး ဘာတွေပြောနေတယ်မသိပါ။
'ဘာလဲ၊ သူလား။ ရုပ်ကငိုတော့မလိုနဲ့။ သူလုပ်တုန်းကလုပ်ပြီး။'
သခင် သူတို့အနားကိုမရောက်ခင်မှာပဲ အန်တီကြီးတစ်ယောက်က ကောင်လေးတွေဆီရောက်လာပြီး ပြောလိုက်တာကို သခင်ကြားလိုက်ရတယ်။
"Elio, မစိုးရိမ်နဲ့တော့။ ဘာမှမဖြစ်တော့ဘူး။"
'အီလီယိုတဲ့၊ ဘယ်လိုနာမည်လဲ။ ဖေကြီးကို သူမှားတိုင်လိုက်လို့ နေမကောင်းတဲ့ဖေကြီးက ဆေးရုံရောက်သွားရတာ။'
Elio ဆိုတဲ့ကောင်လေးထက်ငယ်ပေမဲ့ သခင့်ထက် အရပ်နည်းနည်းပိုရှည်တဲ့ ကောင်လေးကတော့ ရုပ်တည်လေးနဲ့သာရပ်လို့။ အန်တီကြီးက Elio ဆိုတဲ့ကောင်လေးရဲ့ပခုံးကို ခပ်ဖွဖွလေးပုတ်ပေးပြီး ရုပ်တည်လေးနဲ့ငေးနေတဲ့ကောင်လေးရဲ့ လက်တစ်ဖက်ကို ဆွဲလိုက်တယ်။
"ဆေးရုံလိုက်သွားကြစို့ ရာလေး။"
အဲဒီ့အချိန်မှာပဲ ဦးနိုင်ရောက်လာပြီး သခင့်ကိုခေါ်လိုက်တာပါ။ ဦးနိုင်လက်ကိုဆွဲပြီး အမြန်လှည့်ထွက်ဖို့ပြင်တော့ လက်ထဲကအရုပ်လေး လွတ်ကျသွားခဲ့ရတယ်။ အရုပ်လေးကိုလှည့်ကြည့်မိပေမဲ့ အလောတကြီးနဲ့ ဆေးရုံသွားဖို့သာပြင်နေတဲ့ ဦးနိုင်ကြောင့်ရယ်၊ အဖေကိုတွေ့ချင်လွန်းတဲ့စိတ်ရယ်ကြောင့် ပြန်မကောက်ဖြစ်တော့ပါ။ မြင်လိုက်ရတာတော့ အရုပ်လေးက လက်တစ်ဖက်ပြုတ်သွားတယ် ထင်ပါရဲ့။
■
'ဖေကြီး ဆုံးသွားပြီ။'
အရေးပေါ်ခန်းထဲမှာပဲ ခဏဝင်တွေ့လိုက်ရပြီးနောက် သတိပြန်လည်မလာတော့တဲ့ ဦးမြင့်မြတ်မင်းက သူသိပ်ချစ်တဲ့ တစ်ဦးတည်းသောသားလေးကို နှုတ်ဆက်ခွင့်တောင်မရလိုက်ဘဲ လောကထဲကနေ ထွက်ခွာသွားခဲ့ရပြီ။
အကြောင်းအရင်းက နှလုံးရောဂါကြောင့်ဆိုပေမဲ့ သခင့်စိတ်ထဲမှာတော့ အဲဒီ့လိုမတွေးခဲ့ဘူး။ ဦးမြင့်မြတ်မင်းရဲ့ကားရှေ့ကိုရောက်လာတဲ့ ဂြိုဟ်ဆိုးကောင်လေးကြောင့်လို့ သခင်မှတ်ယူထားလိုက်တယ်။ အဲဒီ့ကောင်လေးရဲ့အဖေ Mr. Oswald ဆိုသူကတော့ ဦးမြင့်မြတ်မင်းကို ဆေးရုံပို့ကတည်းက လိုက်လာပြီး လိုသမျှလိုက်လုပ်ပေးနေခဲ့တာတဲ့။
'ဟင့်အင်း၊ မသိချင်ဘူး။ သူ ဒီလိုတွေလိုက်လုပ်ပေးလို့ သူ့သားလုပ်ထားတဲ့အမှားက ကြေသွားမယ်ထင်သလား။ မစဉ်းစားပါနဲ့။'
ခရီးကပြန်လာရင် အဖေနဲ့အတူတူစားမယ့်ညစာလေးက ဘယ်ရောက်သွားမှန်းတောင် မသိခဲ့ဘူး။ အဖေဝယ်လာပေးတဲ့ လက်ဆောင်တွေနဲ့မုန့်တွေက အဖေကိုယ်တိုင်ပေးတာမဟုတ်မှတော့ ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး။ အလုပ်ကိစ္စနဲ့ သားကိုထားခဲ့ရရင် ပြန်ရောက်တဲ့အခါ အနားကမခွာတဲ့သားကို သားပိုက်ကောင်လိုပွေ့ချီမထားရုံတမယ် ဂရုတစိုက်အဖော်လုပ်ပေးတတ်တဲ့ ကြင်နာတတ်တဲ့အဖေဆီက နွေးထွေးတဲ့မေတ္တာတွေကို ထပ်မရနိုင်တော့ဘူး။ သိပ်ချစ်ရတဲ့အဖေ့ကို ထာဝရ ထပ်မတွေ့နိုင်တော့ဘူး။
"ရာလေး၊ ရာလေး၊ ငိုတာလည်းငိုတာပေါ့။ အရမ်းငိုလွန်းတော့ ခေါင်းတွေကိုက်မယ်လေ ကလေးရယ်။"
ဦးနိုင်ရဲ့သမီးအလတ်ဖြစ်သူက သခင့်ကိုချော့မော့လာတယ်။ ချော့ခါမှပိုငိုချမိတဲ့ သခင့်ကြောင့် အဲဒီ့မမကပဲ ပွေ့ဖက်နှစ်သိမ့်ရင်း သူ့လက်ထဲမှာပဲ အိပ်ပျော်သွားခဲ့ဖူးတယ်။ အဖေရက်လည်တဲ့အထိ အဖေတို့်အလုပ်ရှင်သူဌေးက တာဝန်ယူပေးခဲ့တယ်။ ရာဇသခင်ဘွဲ့တစ်ခုရတဲ့အထိ ပညာရေးကို တာဝန်ယူပေးပါမယ်လို့လည်း ဦးနိုင်ကိုပြောခဲ့ပါသတဲ့။ နေတာကတော့ ဦးနိုင်တို့နဲ့အတူနေဖို့ ဖြစ်လာခဲ့တယ်။ အဖေဖြစ်သူရဲ့အရိပ်တွေပဲ ပြည့်နေတဲ့အိမ်မှာ ညဘက်တွေဆို သခင်လန့်နိုးတိုင်း အဖေကိုသာမြင်ယောင်ရင်း အခါခါငိုခဲ့ရလို့ ဦးနိုင်တို့ရဲ့အိမ်ကိုသာ လိုက်နေခဲ့ရတာပါ။
"ရာလေးတို့အိမ်ကို ငှားထားခဲ့မယ်။ ဒီအတိုင်းပိတ်ထားတာနဲ့စာရင် လူရှိတာက အပျက်အစီးသက်သာမယ်။ ရတဲ့ငွေကို ဦးနိုင်က ဘဏ်စာအုပ်လေးလုပ်ပေးပြီး ထည့်ပေးထားမယ်နော်။"
သခင်က ဘာမှသေချာနားမလည်သေးတဲ့အရွယ်မို့ ခေါင်းညိတ်ပြခဲ့မိရုံသာ။
"အခုကစပြီး ဦးနိုင်မှာ သားသမီးလေးယောက်ဖြစ်သွားပြီ။ သားလေးအတွက်ကို ဦးနိုင်အတတ်နိုင်ဆုံး တာဝန်ယူပေးသွားမှာပါ။"
ပြောနေရင်းနဲ့ ဦးနိုင်မျက်ရည်တွေဝဲလာတော့ သခင်ထပ်ငိုမိပြန်ပြီ။
"ဦးနိုင်လည်း ဖေကြီးကိုလွမ်းလို့လား။"
"သားရယ်။"
■■■
Elio Oswald
ကနေဒါမြန်မာကပြား Mr. Oswald နဲ့ မြန်မာနိုင်ငံသူ ဒေါ်ဝတီနွယ်တစ်ဖြစ်လည်း Mrs. Bianca တို့ရဲ့သားကြီး နေဝဠာရဲ့နာမည်က Elio ပါတဲ့။ ဒီနာမည်ကို သခင့်ရင်ထဲမှာ သေချာကိုစွဲစွဲမြဲမြဲမှတ်မိတယ်။
သခင်သိထားတာက အဲဒီ့တုန်းက ဦးမြင့်မြတ်မင်းကားနဲ့ တိုက်မိမလိုဖြစ်တဲ့ကလေးက သခင်နဲ့မှရွယ်တူ။ အခုတော့ Mr. Oswald ရဲ့သားနှစ်ယောက်မှာ တစ်ယောက်က သခင့်ထက်နှစ်နှစ်ကြီးပြီး တစ်ယောက်က သခင့်ထက်နှစ်နှစ်ငယ်နေပါတယ်။ သားဆိုလို့ မွေးစားသားတစ်ယောက်ရှိသေးပေမဲ့ သားအလတ်ထက်ငယ်တဲ့ အဲဒီ့ကလေးကို အဲဒီ့အချိန်တုန်းက မမွေးစားရသေးပါဘူးတဲ့။ သိထားတဲ့အချက်အလက်တွေက နည်းနည်းလေးလွဲနေတဲ့အခါ ထပ်ပြီးအတည်ပြုဖို့ သခင်ကြိုးစားရပါတော့တယ်။
ရာဇသခင်
ဦးမြင့်မြတ်မင်းရဲ့ တစ်ဦးတည်းသောသား။ အဖေဖြစ်သူဆုံးသွားပြီး အဖေရဲ့တပည့်ဆီမှာနေရင်း အဖေ့သူဌေးရဲ့ ပညာသင်စရိတ်ထောက်ပံ့မှုနဲ့ အထက်တန်းပြီးတဲ့အခါမှာ အမွေအဖြစ်ကျန်ခဲ့တဲ့ အရင်တုန်းကအိမ်လေးမှာ ပြန်သွားနေခဲ့ပြီး သူဌေးရဲ့ဟိုတယ်မှာ ညဘက်အလုပ်ဆင်း၊ နေ့ဘက်ကျောင်းတက်ရင်း ဘဝကိုရှေ့ဆက်ခဲ့တယ်။ ဦးနိုင်စုထားပေးတဲ့ ဘဏ်စာအုပ်ထဲကငွေကိုတော့ သူမသုံးဖြစ်သေးပါဘူး။ တစ်ချိန်ချိန်မှာ သေချာပေါက်ငွေလိုလာဦးမှာမို့ ထပ်စုနေမိရင်း တစ်ဖက်ကလည်း နိုင်ငံခြားပညာတော်သင်ရဖို့ အသည်းအသန်ကြိုးစားခဲ့ရတယ်။ သူရည်ရွယ်တာက ပညာရေးတော့မဟုတ်ပေမဲ့လည်း ပန်းတိုင်ရောက်ဖို့ကို လိုအပ်တဲ့နေရာတိုင်းမှာ အကောင်းဆုံးအားထုတ်ဖြစ်ခဲ့ပါရဲ့။
ကြိုးစားခြင်းရဲ့ရလဒ်ကြောင့် ပညာတော်သင်ကိစ္စရော၊ အလုပ်အကိုင်အခွင့်အလမ်းတွေပါ လမ်းကြောင်းမှန်ခဲ့တဲ့အပေါ် သခင် ဂုဏ်မယူနိုင်သေးပါ။ ဒါတွေဟာ ခုတုံးသာသာမို့။
အဓိကက Oswald မိသားစုနဲ့ အနီးဆုံးကိုရောက်ဖို့။
Sun, Earth, Wily နဲ့ မွေးစားသား Day တို့အကြောင်း ရှာလိုက်မိတော့ လူငယ်တွေချင်းအတူတူ ပုံစံတွေက တစ်ယောက်တစ်မျိုးကွဲထွက်နေပြီး တက္ကသိုလ်မှာဆရာဝင်လုပ်နေတဲ့ Sun ဆိုတဲ့ Elio Oswald က သခင့်လို နိုင်ငံခြားပညာတော်သင် အသိုင်းအဝိုင်းထဲကလူအတွက် ပိုနီးစပ်နေခဲ့တာ မဆန်းပါဘူး။
Angus Oswald
ထူးဆန်းတာက သားအလတ် Earth ပါ။ သခင့်ရဲ့ social media life က သူငယ်ချင်းတချို့ဟာ Earth နဲ့ရင်းနှီးသူတွေဖြစ်တဲ့အပြင် သခင်နဲ့ အပြင်မှာသိကျွမ်းသူတချို့ကလည်း သူ့ရဲ့အွန်လိုင်းသူငယ်ချင်းတွေ ဖြစ်နေကြပြန်တယ်။ ဒါကြောင့်လည်း Earth ဆိုတဲ့ Angus Oswald က သခင့်အတွက် လမ်းစတစ်ခုဖြစ်လာရခြင်းပါ။ သခင့်ဘက်က သေချာအားမထုတ်ရသေးခင်မှာ သူ့ဘက်က သခင့်ဆီကို စတင်လှမ်းလျှောက်လာခဲ့တာက သခင့်ရဲ့မယောင်မလည်အရိပ်ပြမှုကြောင့် Earth အာရုံစိုက်မိသွားတယ်လို့ ထင်မိတာတော့ သခင့်ရဲ့အမှားတွေထဲကတစ်ခုပါပဲ။
တကယ်ဆို သူ့ရဲ့အရိပ်တွေကသာ သခင့်ရဲ့အာရုံကို သိမ်းပိုက်သွားခဲ့တာ။
■■■ Part (30) ဆက်ရန် ■■■

Коментарі