Chapter 1
"အင်း...ဒါဆိုမနက်ဖြန် ညနေဘက်လောက်တော့ပြန်ရောက်မှာပေါ့နော်။ "
"အင်းပါ။ သိပါတယ်။ "
*တီ.........*
"အိုက်ယား....တယောက်တည်းနေရတာ နှစ်ရက်ရှိပြီ။ ပျင်းလိုက်တာ။"
အန်းလုက သူ၏လက်ကိုင်ဖူန်းအား စားပွဲဝိုင်းလေးတစ်ခုပေါ်တွင် တင်လိုက်ပြီး မတ်တပ်ရပ်ကာ ပျင်းကြောဆန့်လိုက်သည်။
ချီရှန်းက ရှန်ဟိုင်းသို့ အစည်းအဝေးတစ်ခုရှိသဖြင့် ခတ္တသွားရသောကြောင့် အန်းလုတယောက်တည်း အိမ်တွင် နေခဲ့ခြင်းပင်။
အစက အတူသွားရန်ပြင်ဆင်ထားသော်လည်း လက်တလော ရာသီဥတုသတိပေးအခြေအနေကြောင့် ပို၍စိတ်ချစေရန် ပေကျင်းတွင်သာကျန်နေခဲ့စေသည်။
အန်းလုက မတ်တပ်ရပ်နေရင်းပင် အပြင်ဘက်သို့လှမ်းကြည့်လိုက်သည်။ ကော်ဖီဆိုင်လေး၏ အပြင်ဘက်တွင်ခြမ်းတွင် မိုးများကသည်းထန်စွာရွာသွန်းနေကြသည်။
"မုန်တိုင်းသတိပေးရှိလို့သာပေါ့။ မဟုတ်ရင်ငါ.ပါလိုက်ရမှာ။ အခုတော့ ချစ်ချစ်ကိုပဲ ထိုင်လွမ်းနေရုံကလွဲပြီးလုပ်စရာကမရှိ။ မိုးကလည်းသည်း။ ဝယ်သူကလည်းတယောက်မှမရှိ။ ဟူး....."
အန်းလုက ခုံတွင်ပြန်ထိုင်လိုက်ပြီး စားပွဲထက်၌မေးထောက်ကာ အပြင်ဘက်သို့ပြန်ငေးနေလိုက်သည်။ တခဏကြာတော့ အန်းလုကတစ်ခုခုကိုသတိရမိသွားပုံဖြင့် လက်ဖျောက်တစ်ချက်တီးလိုက်သည်။
"အာ...သိပြီ။ ဒီလိုမိုးအေးအေးလေးနဲ့ ခေါက်ဆွဲပြုတ်....။ Ok...အိမ်ပြန်ကြတာပေါ့။"
............................
အန်းလုက စတိုးဆိုင်ဘက်ထွက်လာခဲ့လိုက်သည်။ ခေါက်ဆွဲခြောက်ထူတ်တစ်ချို့နှင့်အတူ အခြားပစ္စည်းအနည်းငယ်ကိုပါဝယ်လာခဲ့လိုက်သည်။ မိုးကသန်းထန်နေသောကြောင့် ထီးဆောင်းထားသော်လည်း ကိုယ်ခန္တာက စိုရွှဲနေလေသည်။
အန်းလုက တစ်နေရာကိုရောက်လေတော့ ဘေးဘက်သို့စောင်းကာကြည့်လိုက်သည်။ ပန်းခြံထဲရှိရေကန်ကြီးကပုံမှန်ထက် အတော်ပင် ရေတို့နှင့်ပြည့်နေလေ၏။ဆိုင်နှင့်အိမ်ကသိပ်မဝေးသော်လည်း အခြားစတိုးဆိုင်တို့က အနည်းငယ်တော့ဝေးသည်။အိမ်ပြန်လမ်းက အနည်းငယ်ပင် မှောင်ရီပျိုးနေချေပြီ။ မိုးကလည်းသည်နေသဖြင့်နေရောင်ကအစဦးကတည်းကပင်မရှိတော့ချေ။
*အန်း.....လု.....*
"ဟမ်....."
အန်းလုက သူ၏အမည်ကိုကြားလိုက်ရသဖြင့် အနည်းငယ်ကြောင်အသွားသည်။ ပတ်ပတ်လည်ကိုသူကြည့်လိုက်မိသော်လည်း မည်သူမျှမတွေ့ချေ။
"နားကြားမှားတာနေမှာပါ။"
အန်းလုက လမ်းအတိုင်းခပ်သွက်သွက်လျောက်လိုက်သည်။ ထိုအသံကတဖြည်းဖြည်းပို၍ပို၍ ထင်ရှားလာလေ၏။ သူ၏အသံကို အတော်ပင် ဆွဲဆွဲငင်ငင်အော်ခေါ်နေလေသည်။
*အန်းလု....အန်းလု.....ချီအန်းလု....*
"အား.....!တော်ပါတော့"
အန်းလုက ထီးကိုပစ်ချလိုက်ပြီး ဆောင့်ကြောင့်ထိုင်ကာသူ၏နားနှစ်ဖက်ကို လက်ဖြင့်အုပ်ချလိုက်သည်။ ခေါ်သံများက သူ၏နားထဲတွင် အလွန်ပြင်းထန်လျက်ရှိသည်။ ဝမ်းနည်းပူဆွေးနေသည့်အသံပိုင်ရှင်က ယောက်ျားတစ်ယောက်၏ အသံမျိုးပင်။ ကွဲအက်နေသည့် အသံကမည်သူမည်ဝါဖြစ်သည်ကို ဝေဖန်ပိုင်းခြားရန်လည်းခဲယဥ်းလှသည်။
"ရှန်း..ရှန်းရှန်း....ရှန်းရှန်းလား။"
အန်းလုက ခေါင်းကိုငုံ့ကာထားရင်းမှ သူ့လက်တစ်ဖက်ဖြင့် ဘောင်းဘီအိပ်ကပ်ထဲရှိလက်ကိုင်ဖူန်းကိုထုတ်လိုက်သည်။
"ရှန်းရှန်းဆီဖုန်းဆက်ရမယ်။...ရှန်းရှန်း.. အား..."
*အန်းလု....အန်းလု.....ချီအန်းလု....*
အန်းလုကဖုန်းကိုပါလွတ်ပစ်လိုက်မိပြီးသူ့နားကိုသာ အသေပိတ်ကာအော်ဟစ်နေတော့သည်။ ထိုအသံကြီးကသူ့ကိုမခံမရပ်နိုင်ဖြစ်စေသည်။
မိုးကပိုပိုကာသည်းထန်လွန်းလာခဲ့လေသည်။ အချိန်အတော်ကြာလေတော့ အန်းလုကထိုနေရာတွင်ပင် တုံးလုံးပစ်လဲကာကျသွားလေ၏။ သူ၏ဘေးတွင် ခေါက်ဆွဲခြောက်ထုတ်နှင့်အခြားပစ္စည်းများထည့်ကာထားသော်အိတ်အပြင် ထီးကပါ ဇောက်ထိုးဖြစ်ကာ ရှိနေလေ၏။ တစ်စက်စက်ကျကာနေသောမိုးရေစက်တိူ့နှင့်အတူ အန်းလု၏တကိုယ်လုံးသည်လည်း စိုရွှဲကာငြိမ်သက်နေလေတော့သည်။
........................................
*ဗွမ်း......*
"ဖူး..........."
ရေမွန်းသည့်ခံစားချက်နှင့်အတူပင် ပါးစပ်ထဲမှရေတစ်ချို့ကပြန်လည်အန်ထွက်လာခဲ့သည်။ မျက်နှာကို ရေဖြင့် အဆက်မပြတ်ပက်ခံနေရသည့်ခံစားချက်။ မျက်လုံးနှစ်ဖက် ဖွင့်ရုံရှိသေး။ ထပ်မံကာ ရောက်လာပြန်သော ရေများ။
*ဗွမ်း.....*
"နိုးပြီပေါ့....နောက်ဆုံးတော့။"
ထိုလူက ရေပုံးကို ဘေးဘက်သို့ပစ်ချလိုက်ပြီး ပြန်လှည့်ထွက်သွားတော့သည်။
အန်းလုက ဝေဝါးနေသော မျက်ဝန်းတစ်စုံဖြင့် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
အခန်းကအတော်ကျယ်ဝန်းသည်။ ပတ်ပတ်လည်နံရံများက ကျောက်သားများကိုသာသုံးပြီး အထပ်ထပ်စီထားသည့်ပုံစံမျိုးပင်။ အပေါ်နံရံတချို့နေရာများတွင် ရေနံဆီစွတ်ထားသော မီးတုတ်များကို ထိုးစိုက်ထားကြသည်။
အခန်းတွင် ထောင့်တစ်နေရာ တစ်နေရာစီတွင်
တစ်စု တစ်စုစီသော ကြိုးတုပ်ခံထားရသည့် လူများကတွေ့ရသည်။ အားလုံးကကြောက်လန့်လွန်းသဖြင့်တုန်ယင်နေကြပုံပေါ်သည်။ မိန်းကလေးငယ်များသာမက ယောက်ျားလေမးများကိုပါ တွေ့ရသည်။ အားလုံးကဟောင်းညစ်နေပြီး ဆုတ်ပြဲကာနေသော အဝတ်အစားများက်ုသာ ဝတ်ဆင်ထားကြသည်။အန်းလုဘေးအနီးအနားတွင်လည်း ထိုကဲ့သိူ့သောလူတစ်ချို့ရှိနေသေး၏။
တစ်ချို့မိန်းကလေးများကလည်း ငိုယိုနေကြလေသည်။မတ်တပ်ရပ်နေသော လူများကငါးယောက်ခြောက်ယောက်ခန့်ရှိသည်။ထိုအထဲမှ
လူတစ်ယောက်က ရုတ်တရက်ထအော်လေသည်။
"ငိုနေလို့လဲထူးလာမှာမဟူတ်ဘူး။ မင်းတို့မိဘတွေကိုကငါတို့ကို ရောင်းလိုက်တာ။ မင်းတိူ့ကိုမလိုလို့ကိုရောင်းလိုက်တာ။ ရှင်းလား။"
ထိုလူက ကြောက်လန့်နေသောမိန်းကလေးတစ်စုအနားသိူ့တိုးကပ်ကာ ပို၍ပင်ခြောက်လန့်လိုက်သည်။ မိန်းကလေးများက တရှုံရှုံငိုကာ အသံတော့မထွက်ရဲကြတော့ပေ။ ထိုလူက သူ၏ကိုယ်ကိုပြန်မတ်လိုက်ပြီး
"မနက်ဖြန် ပြန်ရောင်းမှာပဲ။ ကံကောင်းရင် သခင်ကောင်းရမယ်။ ကံဆိုးရင်........ "
ထိုသူက အန်းလုကို သေချာစွာဆိုက်ကြည့်လိုက်ပြီးမှဆက်ပြောလာသည်။
"ဆောင်ကြာမြိုင်ရောက်မယ်...."
အန်းလု၏မျက်ဝန်းတိူ့ကချက်ချင်းပင်ပြူးကျယ်လာလေသည်။ ဤအခြေအနေက သူ့အတွက်အနည်းငယ်တော့ကြောင်အနေစေသည်။
သူ့အတွက် ပထမဆုံးအတွေ့အကြုံမဟုတ်သော်လည်း အဘယ်ကြောင့်ဤနေရာသို့ထပ်ရောက်လာရသည်ကိုသူမည်သိူ့မျှတွေး၍မရသေးချေ။
အန်းလုကဘာမှလှုပ်ရှားခြင်းမရှိပဲ ထိုအကြောင်းကိုသာတွေးလျက်အဖြေထုတ်နေလိုက်သည်။
(ငါဘာလို့ဒီကိုရောက်လာတာလဲ။ အရင်တခေါက်က ရှန်းရှန်းခေါ်လို့ဆို ဒီတခေါက်ကရော။ ရှန်းရှန်း ကရှန်ဟိုင်းမှာ အကောင်းကြီးရှိနေတာလေ။ ငါနဲ့အတူ ၅နှစ်နီးပါရှိနေတာလေ။ ငါဘာလို့ဒီကိုထပ်ရောက်လာပြန်တာလဲ။ ထပ်ပြီးဖြစ်လာအုန်းမှာလား။ အခုဒီအခြေအနေအရဆို သူတို့ပြောတာကိုတွေးကြည့်ရင် ငါကျွန်အဖြစ်ရောင်းစားခံရတော့မဲ့အခြေအနေပေါ့။
ဒါဆို ငါမကြာခင် ရှန်းရှန်းနဲ့ တွေ့ရမှာလား။ အစကနေပြန်ဖြစ်ပျက်နေတာလား။)
အန်းလုက သူ၏မျက်စိနှစ်လုံးကိုအသာပိတ်ချလိုက်ပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။
"Ok Ok.မကြာခင်အဆင်ပြေမှာပေါ့။ ငါဘာဖြစ်မယ်ဆိုတာသိနေတာပဲ။ မနက်ဖြန် ရှန်းရှန်းနဲ့တွေ့ပြီဆိုရင် အကုန်အဆင်ပြေပြီ။"
~~~~~~~

Коментарі