Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 14
"သူထွက်သွားပြီလား။ တကယ်ပဲ။"

"အင်း။"

နေ့လည်ခင်းပင်ရောက်ချေတော့မည်ဖြစ်သည်။ အန်းလု ညကချီရှန်းဆီမှ ထွက်ပြေးလာခဲ့ပြီးနောက် အဆောင်ရောက်ရောက်ခြင်း အနည်းငယ် ငိုပြီးနောက် အိပ်ပျော်သွားခဲ့တာဖြစ်သည်။ ကျင့်ချီက သူနှင့်မလှမ်းမကမ်းရှိထိုင်ခုံတွင် ထိုင်နေသည်။ အန်းလုကမူကုတင်ပေါ်တွင် ထိုင်နေလေ၏။ ကျင့်ချီက ထလိုက်သည်။

"အပြင်မှာ နေဖို့နေရာကိုပါစီစဥ်ထားပြီးပြီ။ ညနေဘက်ကို ကိုယ်လုပ်တော် နေမကောင်းဖြစ်နေတယ်ဆိုတဲ့အကြောင်းသတိပေးကြတာပေါ့။"

"ကောင်းပြီ။"

အန်းလုက ခေါင်းကိုငုံ့ကာ အသံခပ်တိုးတိုးဖြင့်ဖြေလိုက်သည်။ သူ၏စိတ်ထဲတွင် ချီရှန်းကို အားနာမိသည်။ သူ့ရဲ့အပြုအမူတိုင်း စကားလုံးတိုင်းက ချီရှန်းအတွက် အလွန်အရေးပါသည်ကို သူသိသည့်အတွက် ထိုစကားကြမ်းများက ချီရှန်း၏ နှလုံးသားအား မည်မျှအထိ ရိုက်ခတ်နိုင်သည်ကို သူနားလည်သဘောပေါက်သည်။

တဖက်ရှိ သူအကူအညီပေးချင်သည့် ကိစ္စသည်လည်း လက်တလောတွင်တော့ ချီရှန်းကို အသိပေးရန်မဖြစ်နိုင်သည့်ကိစ္စပင်။ တကယ်ဆိုလျှင် သူဒီဘက်သို့ ပြန်လည်ရောက်ရှိလာသည်ကိုက မဖြစ်သင့်ပေ။

အန်းလုက သူ၏ခေါင်းကိုသာဆက်ငုံ့နေပြီး လက်နှစ်ဖက်က စောင်ပုံပေါ်တွင် ချကာတစ်ဖက်ကိုတစ်ဖက် ပွတ်နေသည်။ ကျင့်ချီကအန်းလုအားကြည့်ရင်း

"ဘာဖြစ်လို့လဲ။ မနေ့ညက ဘုရင်ချီရှန်းနဲ့ တော်တော်ကြီးတဲ့ကိစ္စဖြစ်ခဲ့လို့လား။"

"ဟင်...မဖြစ်ပါဘူး။ ဘာလို့လဲ။"

"ကျွန်တော်ကြားမိတယ်။ ဘုရင်ချီရှန်းက သူ့အ​ေဆာင်က ပစ္စည်းတွေအားလုံးကို ဖျက်စီးပစ်လိုက်တယ်တဲ့။ အခုထိ နန်းတွင်းသူတွေရှင်းနေကြတုန်း။ ပြီးတော့ သူတို့ရဲ့ တိုင်းခန်းလှည့်လည်ပါတယ်ဆိုတဲ့ ခရီးစဥ်ကိုလည်း မိုးလင်းကတည်းက စတင်ထွက်ခွာကြတာ။ သူနဲ့ ကိုယ်ရံတော် ဆယ်ယောက်ပဲပါတယ်။"

".........."

အန်းလုက ကျင့်ချီကိုသာ ပြူးကြောင်ကြောင်ဖြင့်ကြည့်နေသည်။ ကျင့်ချီက အန်းလု၏ပုံစံအားနားမလည်သည့်ပုံစံဖြင့်

"တစ်ခုခု စိတ်တိုအောင်ပြောလိုက်တယ်ဆိုရင်လည်း အန်းလုကို သတ်လိုက်သင့်တာကို။ ဘာလို့များ လွှတ်ပေးလိုက်ပြီး ပစ္စည်းတွေကိုဖျက်စီးတာပါလိမ့်။ အန်းလု......"

"ဟင်...."

ကျင့်ချီက ခပ်စူးစူးအကြည့်ဖြင့် အန်းလုကိုကြည့်လာသည်။ အန်းလု အနည်းငယ်စိတ်လှူပ်ရှားနေလေ၏။

"အန်းလု သူ့ရဲ့လူသိမခံဝံ့တဲ့ အကြောင်းတွေဘာတွေမိား သိထားတာလား။ ဒါ့ကြောင့် သူက အန်းလုဒီလောက်နှောက်ယှက်နေတာတောင် ဘာမှမလူပ်တာလား။ "

"အာ...အဲ့လိုမဟုတ်ပါဘူး။ ဒီအတိုင်း....သူက... ကျွန်တော့်အပေါ် နည်းနည်းစိတ်ဝင်စားမှုရှိနေတဲ့ပုံ...အဲ့လိုမျိုး။"

"တကယ်ပဲ အဲ့ဒီလိုလား။"

"ဟုတ်တယ်။ အဲ့လိုမျိုးပဲ။"

အန်းလုက ကုတင်ပေါ်မှ ဆင်းကာ ခပ်သွက်သွက်ပင် အဝတ်တန်းနားသို့ ပြေးသွားကာ အပေါ်ရုံကို ဝတ်ဆင်လိုက်သည်။  ကျင့်ချီဘက်သို့လှည့်ရင်း

"ဒါနဲ့ မင်းတကယ်နေနိုင်တာပဲနော်။"

"ဘာကိုလဲ။"

အန်းလုက ပြုံးစိစိဖြင့်ပင် ကျင့်ချီအနားသိူ့ တိုးကာလာသည်။ ကျင့်ချီက အန်းလုနှင့်နီးကပ်လာသည့်အခါ နောက်သိူ့ဆုတ်ဆုတ်သွားလေ၏။

"ငါထင်တာပြောတာပါ။ ငါနဲ့ မင်းရဲ့ မင်းသားလေးတို့က ဒီလောက် ချွတ်စွပ်တူနေတာကိုတောင် မင်းငါ့ကိုတွေ့ရင် နည်းနည်းမှ စိတ်မလှုပ်ရှာဘူးလားလို့ ငါသိချင်တာ။"

ကျင့်ချီက နောက်သို့ တော်တော်ဝေးဝေးအထိ ဆုတ်ပစ်လိုက်သည်။ အန်းလု၏ အမေးကိုကြားလိုက်ရတော့ သူကရီသည်။

"ဟားဟား...မင်းလည်းသူ့ကိုမနေ့ကတွေ့ပြီးပြီပဲကို။ သူနဲ့မင်းက တခြားစီပဲ။ ငါသူနဲ့ ငါ့ဘဝတစ်လျောက်လုံးနီးပါးနေလာတာ။ ဘယ်သူက ဘယ်သူဆိုတာ ကြည့်ရုံနဲ့သိတယ်။ သူက ကမ္ဘာပေါ်မှနောက်ထပ်တစ်ယောက်မရှိနိုင်တော့တဲ့သူမျိုး။"

"အဲ့တော့ မင်းက မင်းရဲ့မင်းသားလေးကို နှစ်သက်နေပါတယ်ဆိုတဲ့အကြောင်းကို ဝန်ခံလိုက်တာပေါ့။"

ကျင့်ချီက အန်းလု၏အကြည့်အား လွှဲကာ တခြားရောက်တတ်ရာရာကိုကြည့်နေလိုက်သည်။ အန်းလုက ကြိတ်ရီလိုက်ရင်း

"ဘာလို့ပြန်မဖြေတာတုန်း။ ကြိုက်ရင်ကြိုက်တယ်ပေါ့။"

ကျင့်ချီက သူခေါင်းသူကုတ်ရင်းဖြေသည်။

"အေး...ငါသူ့ကိုမြတ်နိုးတယ်။ သဘောကျတယ်။ ကြိုက်တယ်။"

"မင်းတကယ်လို့ သူသာ ဒီနေရာမှာ ကိုယ်လုပ်တော်ဖြစ်နေခဲ့မယ်ဆိုရင်ဘယ်လိုလူပ်မလဲ။ မင်းချစ်တဲ့သူကို မင်းဆုံးရှုံးရမှာလေ။"

ကျင့်ချီက ခပ်သွက်သွက်ပင် ပြန်ဖြေသည်။

"မဟုတ်ဘူး။ ငါကသူပျော်ရွှင်နေတာကိုပဲမြင်ချင်တာ။ ဟိုနေရာမှာ သူအများကြီးခံစားလာခဲ့ရပြီးပြီ။ သူသာဒီနေရာမှာ ဘုရင့်အချစ်တော်ဖြစ်လာခဲ့မယ်။ ဒါမှမဟုတ် ဘုရင့်ကိုလုပ်ကြံနိုင်ခဲ့မယ်ဆိုရင် သူနောက်ထပ်ဘယ်သူ့ကိုမှ မော့ကြည့်နေစရာမလိုတော့ဘူး။ ငါကလည်း သူ့ကိုအဲ့လိုဖြစ်စေချင်တာ။သူ့ရဲ့ ဒဏ်ရာ အမာရွတ်တွေ အကုန်လုံးက သူ့အမေအစားခံပေးခဲ့ရတဲ့ အချက်ရေတွေပါ ပါနေခဲ့တာ။ သူကအားနည်းသလောက် စိတ်ဓာတ်ကမာတယ်။"

"မင်းတကယ်သူ့ကို ချစ်မြတ်နိုးနေတာပဲ။ ငါမင်းတို့ကို တကယ်ပဲကူညီပေးချင်ပါတယ်။"

ကျင့်ချီက အန်းလု၏အသံကိုကြားတော့ သူကခဲ့ရဲ့ရဲ့ပြုံးရင်း အန်းလုကိုပြောသည်။

" ကျေးဇူးပါ။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူက ဘုရင့်ကိုယ်လူပ်တော်တစ်ပါးဖြစ်သွားပြီလေ။ ငါဘာတတ်နိုင်မှာလဲ။ အရေးကြီးတာ သူအဆင်ပြေသွားပြီး ပျော်နေဖို့ပဲ။ အဲ့အတွက်လည်း ငါကဘာမဆိုလုပ်မှာ။"

ကိစ္စတွေက တစ်စထက်တစ်စကိုပို၍ရှုပ်ထွေးလာလေပြီ။ ကျင့်ချီပြောပုံအရဆို တချိန်မှာ အန်းလု၏ယခုနေရာအား ယိချန်ကိုအစားထိုးမည်မှာ သေချာသလောက်ရှိသည်။ အန်းလုမှာ မိမိသစ္စာဖောက်ခံရလေမလားဟူသော အချက်က ရုတ်တရက်အတွေးထဲဝင်လာခဲ့သည်။ ကျင့်ချီက အန်းလု၏ အတွေးကိုဖတ်နိုင်ပုံရ၏။ သူက ပြုံးလျက်ဆိုသည်။

"မပူပါနဲ့။ ငါမင်းကို အချိန်တန်ရင် ထိုက့သင့်သလောက်ပေးပြီး လုံခြုံတဲ့နေရာကိုပို့ပေးမှာပါ။ ငါတိူ့ ဒီလောက်ထိတော့ ကျေးဇူးမကန်းတတ်ပါဘူး။"

အန်းလုက ပြုံးရုံသာပြုံးပြလိုက်သည်။ သူ့ဘက်ရှိ အရှုပ်အထွေးအစိုင်အခဲကြီးကိုလည်း ဖြေရန်ကလိုနေသေးသည်မို့ သူဘာမျှပြော၍မရချေ။ မိမိသည် မည်သို့သော သူမျိုးဖြစ်သည်ဆိုတာကိုသာ သူတို့သိသွားလျှင် မေ့ပင်လဲသွားလောက်ချေမည်။ ယခုတော့ ဤကမ္ဘာတွင် ကျင့်ယိချန်သည် လူနှစ်ယောက်ဖြစ်နေလေချေ၏။

"ဒါဆို ငါနန်းတော်အပြင်ဘက်မှာနေဖို့ပြင်ဆင်လိုက်အုန်းမယ်။ တခဏနေရင်ထွက်ကြတာပေါ့။"

"ကောင်းပြီ။"

ကျင့်ချီက ထွက်သွားရန်ပြင်လိုက်ပြီးမှ အန်းလုကိုလှည့်ကြည့်ကာပြောသည်။

" ကျေးဇူးပါ ။"

"အင်း။"

...............................

ညနေစောင်း၍ ညဘက်ပင် ရောက်လေတော့မည်။ ကျင့်ချီက အိမ်တော်အသေးစားလေးတစ်ခုတွင် အန်းလုကို ထားခဲ့လိုက်သည်။ မြို့တော၏စျေးနှင့် သိပ်မကွာသဖြင့် လူစည်သည်။ အန်းလုက မိမိနှင့်အတူ အစောင့်တစ်ယောက်မျှမထားခဲ့ရန် ကျင့်ချီကိုတောင်းဆိုလိုက်သည်။

ကျင့်ချီကလည်း သဘောတူလိုက်သည်။ ထို့နောက်ကျင့်ချီက ထွက်သွားပြီး ယိချန်ကို နန်းတော်အတွင်းသို့ ခေါ်သွင်းရန် သွားသည်။ ယခုအချိန်မှစ၍ အန်းလုက တစ်လနီးပါး ဒီအိမ်တော်လေးတွင် နေထိုင်ရမည်ဖြစ်သည်။

အိမ်ကလေးကို လှည့်ပတ်ကြည့်ရှုမိတော့ အန်းလုယခင် ချီရှန်းအား ပုန်းအောင်းခဲ့စဥ်နေထိုင်ခဲ့သည့်အချိန်များကို သတိရမိသည်။ အဲ့ဒီအချိန်က ကျီချန်းသည်လည်း သူ၏မြို့တော်သို့ပြန်သွားတာကြောင့် သူတယောက်တည်း အတော်လေးတော့ အထီးကျန်နေခဲ့သည်မှာအမှန်။

အန်းလုက ထိုင်ခုံတစ်ခုပေါ်တွင်ထိုင်လိုက်သည်။ ရှေ့ရှိ စားပွဲပေါ်တွင် လက်ဖက်ရည်ပန်းကန်လုံးလေးများနှင့် ရေနွေးအိုးတစ်အိုးကိုတင်ကာထားသည်။ အန်းလုက ပန်းကန်လုံးတစ်လုံးကိုလှမ်းယူလိုက်ပြီးနောက် ရေနွေးငှဲ့ကာ သောက်ရန်ပြင်သည်။

ရေနွေးက အတော်ကြာနေသည့်အလား အေးစက်နေသည်မှာ မည်သိူ့မျှ အရသာခံစား၍မရချေ။ အန်းလုက သောက်လိုက်ပြီး​နောက် အနဘ်းငယ်မျက်နှာပျက်သွားသည်။ ပြီးမှသူကပြုံးလိုက်ရင်း

"အေးလေ။ ဘာပဲဖြစ်ဖြစ် အရင်ကလည်းတစ်ယောက်တည်း ဒီနေရာမှာအသက်ရှင်လာခဲ့ဖူးတာပဲကို။ ဘာမှအထီးကျန်စရာမရှိပါဘူး။ ဟုတ်တယ်မလား ။"

အန်းလုက သူ၏ပေါင်နှစ်ဖက်ကို လက်ဝါးနှစ်ဖင်ဖြင့် သုံးလေးချက်ခန့် အသံမြည်သည်အထိ ဆက်တိုက်ရိုက်ရင်းဆိုသည်။

"ရှန်းရှန်းရော အဆင်ပြေပါ့မလား။ အခုတောင်လွမ်းနေပြီ။ ငါသူနဲ့အတူလိုက်သွားမယ်ဆိုပြီး အတော်လေးကို အားတင်းထားခဲ့တာ။ဟူး..."

အန်းလုက ထိုစားပွဲပေါ်တွင် ခေါင်းချလိုက်ရင်း သက်ပြင်းချသည်။

"ကိုယ်လုပ်တော်လု........."

ထိုလူကိုမသိဘူးဆိုလျင်တောင် သူ့အားထိုသို့သောအခေါ်အဝေါ်ဖြသ့်ခေါ်လေ့ရှိသူမှာ ရှောင်ရှင်းတစ်ယောက်ပင်ရှိသည်။ အသံကိုကြားတော့ အန်းလု၏မျက်ဝန်းက ပြူးကျယ်ကာ အနည်းငယ်တော့လန့်သွားသည်။

သူက ခေါင်းထောင်ကာမကြည့်ရသေးခင်တွင်ပဲ အတွေးမျိုးစုံဖြင့် မိမိကိုယ်ကိုအရင်နှိပ်စက်လိုက်သည်။

( ရှောင်ရှင်းလား။
ဘယ်လိုကနေရောက်လာတာလဲ။
ငါနေနေတဲ့နေရာကိုဘယ်လိုသိလဲ။
ရှန်းရှန်း က နောက်ယောက်ခံလိုက်ဖို့ထားခဲ့တာလား။ သစ္စာဖောက်တယ်ဆိုပြီးငါ့ကိူသတ်ပစ်ဖိူ့ခိုင်းများခိုင်းလိုက်ပြီလား။ ဘာလို့လဲ။ ဘာလို့ရောက်နေတာလဲ။)

အန်းလုဖြည်းဖြည်းချင်းခေါင်းကိုထောင်လိုက်ပြီးနောက် အသံလာရာသို့ တကယ့်ကိုဖြည်းဖြည်းချင်းပင် လှည့်လိုက်သည်။ အန်းလုက သူ၏ပေါင်ကြားထဲသို့ လက်နှစ်ဖက်ကို ထည့်ကာ ပေါင်ကိုအတင်းစိလျက် တုန်ယင်နေသော သူ၏လက်နှစ်ဖက်အား ဖုံးကွယ်ထားလိုက်သည်။ အန်းလုက သွားကိူအတင်းစိကာ ရီပြသလိုလုပ်ရင်း

"အာ...ရှောင်ရှင်းပါလား။ ဘယ်လိုဖြစ်ပြီး ဒီကိုရောက် ...ရောက်နေတာလဲ။ ကျွန်တော်က ရှန်းရှန်းနဲ့အတူပါသွားတယ်ထင်တာ။"

ရှောင်ရှင်းက ခေါင်းကိုအသာငုံလျက်ပင် ပြောလာသည်။

"မြို့ပြင်နဲ့ မနီးမဝေးမှာရှိတဲ့ တည်းခိုခန်းတစ်ခုမှာ အရှင်ချီရှန်းက ကိုယ်လုပ်တော်လုကို စောင့်နေပါတယ်။ ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ။"

"ဗျာ!!!"

အန်းလုက ထိုစကားကိုကြားတော့ ရုတ်ျရက်မတ်တပ်ကောက်ရပ်လိုက်သည်။

(သူအကုန်သိနေတာလား။)

"အခုလိုက်ခဲ့ပေးပါ။ လူပါလာရင်ရပါပြီတဲ့။"

"............."

~~~~~~~~~~~~~~~~~~~~
© Hnin Aung,
книга «Love, But Hurt (Season_3) The Last Begin».
Коментарі