Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 8
"အ့.....အားရိုး..နာတယ်ဟ"

ဝူရှဲ့အဆောင်၏ အပြင်ဘက်တွင် ရဲမက်နှစ်ယောက်က အန်းလုအား ပစ်ချလိုက်ပြီး တံခါးမကြီးကိုပိတ်ချပစ်လိုက်သည်။
အန်းလုက ပြန်မထသေးပဲ ခြေနှစ်ဖက်ကို ဆင်းကာ ကန်ကျောက်နေရင်း အော်ဟစ်နေပြန်သည်။

"ငါ့ကိုနှင်ထုတ်တယ်ပေါ့။ ဟုတ်လား။ ငါ့ကိုနှင်ထုတ်တယ်ပေါ့လေ။ ရှန်းရှန်း....ရှန်းရှန်း...."

"သွားရအောင်။ "

တစ်စုံတစ်ယောက်၏ အသံကြောင့် အန်းလုက မော့ကြည့်လိုက်သည်။ ကျင့်ချီက သူ့အားလက်ကမ်းပေးနေလေ၏။ အန်းလုက သေချာစွာကြည့်နေရင်း ထိုလက်ကို လှမ်းကိုင်လိုက်သည်။ မျက်နှာက ဆူပုပ်ပုပ်နှင့် ပွစိပွစိကထပ်ပြောနေသေး၏။

အဆောင်ကိုပြန်ရောက်လေတော့ ကျင့်ချီက မတ်တပ်ရပ်ကာ ဟိုလျောက်သည်လျောက်လုပ်နေလေသည်။ အန်းလုကမူ စားပွဲဘေးရှိ ထိုင်ခုံပေါ်တွင် ထိုင်လျက် စားပွဲအား လက်သီးဖြင့် ခပ်ဖွဖွထုနေလေသည်။ တခဏကြာတေယ့ ကျင့်လယချီက စကားစလာသည်။

"ကျွန်တော်အစက မပြောပဲနေမလို့ပဲ။ အခုလိုဖြစ်လာတော့ ပြောမှဖြစ်တော့မယ်။"

အန်းလုက ကျင့်ချီကို ကြည့်လိုက်သည်။ ​ကျင့်ချီကလည်း သူ့ကိုပြန်ကြည့်လိုက်ပြီး ဆက်ပြောလေသည်။

"အခု မင်းသားလေးက မေ့မြောနေတဲ့အခြေအနေမှာရှိနေတယ်။ အဲ့တာကလည်း ဒီကိုလာတဲ့လမ်းမှာ လုပ်ကြံခံရတာမလို့။ တစ်ချို့သော လူတွေက ချိုက်အန်းနဲ့ လူတစ်ယောက်ကိုစတေးပြီး ပြေလည်မှုယူတာကိုမကြိုက်တဲ့သူတေ​ွရှိတာမလို့ လမ်းတစ်ခုလတ်မှာ လုပ်ကြံခံခဲ့ရတယ်။ ဓားထိပြီး မေ့မြောနေတာ အသက်အန္တာရယ်ကလည်းအချိန်မရွေးရှိလာနိုင်တာမလို့ ဒီကိစ္စက လျှို့ဝှက်ထားမှဖြစ်မှာ။ သတိမရသေးတာလဲ အခုချိန်အထိပဲ။ အဲ့ဒီမြို့မှာ ကျွန်တော်တို့ ခဏပုန်းပြီး ဆေးကုနေခဲ့ကြတာ။  ကျွန်တော် အန်းလုကို ကျွန်ကုန်သည်တွေဆီမှာတွေ့တော့ တကယ်အံသြသွားခဲ့တယ်။ "

ကျင့်ချီက အန်းလုဘေးရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ အန်းလုက မျက်လုံးအဝိုင်းသားလေးနှင့် ကျင့်ချီအားကြည့်နေလေ၏။

"မင်းသားလေးနဲ့ တစ်ရုပ်တည်း၊ တစ်ပုံစံတည်း ဒီလိုတူညီနေတယ်ဆိုတာ ကျွန်တော့အတွက်တော့ ဘုရားပေးတဲ့နောက်ထပ်ဆုလာဒ်တစ်ခုလိုပဲ။ နန်းတွင်းရေးရာတွေက အရမ်းကိုရှုပ်ထွေးတယ်။ တစ်ချို့လူတွေက တိုင်းပြည်ပျက်တာကိုပါ လိုချင်နေကြတာ။ ဒါ့ကြောင့် ကျွန်တော်အရိုးရှင်းဆံုးပြောမယ်။ အန်းလု အနေနဲ့ရွေးချယ်စရာနှစ်ခုရှိတယ်။ "

"ဘာ...ဘာတွေလဲ။ "

အန်းလုက ထစ်အနေသောစကားဖြင့်ဆိုလိုက်သည်။ ကျင့်ချီက လက်ညိုးနှစ်ချောင်းထောင်ပြရင်း တစ်ချက်စီကို ရေရွတ်ပြလိုက်သည်။

"တစ်အချက်က ရှင်ဘုရင်ချီရှန်းကို လုပ်ကြံဖို့......"

"မရဘူး။ မဖြစ်နိုင်ဘူး။မလုပ်ဘူး။"

အန်းလုကချက်ချင်းကောက်ထလိုက်ပြီးအော်လိုက်သည်။ ကျင့်ချီက ချက်ချင်း ပုခုံးနှစ်ဖက်မှပြန်ဆွဲချကာ ပြန်ထိုင်စေလိုက်သည်။

"နောက်တစ်ချက်ရှိသေးတယ်။ နောက်တစ်ချက်က....."

"အင်း...မြန်မြန်ပြော..."

"သူမင်းကိူချစ်လာအောင်လုပ်ရမယ်။ အဲ့တာက မင်းအပေါ်မှာအများကြီးသက်ဆိုင်နေတယ်။ အခန့်မသင့်ရင်လည်း အချိန်မရွေးသေနိူင်တာမလို့ ကျွန်တော်ကတော့ ပထမတစ်ချက်ကို ပိုသဘောကျတယ်။"

(ငါ့ဖင်ကိုပဲ လာသဘောကျလိုက်ပါလား။ မင်းကများ ငါ့လူကို သတ်မယ်တဲ့။ ငါလူကိုများ။)

အန်းလုက ပြုံးလိုက်ပြီး

"ဒုတိယတစ်ချက်ကိုရွေးမယ်။ ငါ့ကိုသူ ချစ်လာအောင်လုပ်မယ်။ ဒါပေမဲ့ မင်းဘာလို့အဲ့လိုလုပ်ရတာလဲဆိုတာ ငါ့ကိုပြောပြရမယ်။ ပြီးတော့ မင်းတိူ့ရဲ့ မင်းသားလေးကိုငါတွေ့ချင်တယ်။ "

"တစ်ချို့အကြောင်းတွေက အကုန်မသိလေ မင်းအတွက် အန္တာရယ်ကင်းလေပဲ။ မင်းသားလေးကိုတော့ အဆင်ပြေရင် ကျွန်တော် တွေ့ခွင့်ပေးပါ့မယ်။"

နှစ်ဦးသားစကားအတော်ဆိုပြီးနောက် လေထုကတိတ်ဆိတ်သွားပြန်လေ၏။ အန်းလုကလည်း သူ့အတွေးနှင့်သူ ရှိနေသလို ကျင့်ချီသည်လည်း သူ့အတွေးနှင့်သူဖြစ်နေလေ၏။ တခဏကြာမှ ကျင့်ချီကမတ်တပ်ရပ်ကာ ဂါရဝပြုပြီး အပြင်သို့ထွက်သွားလေသည်။

...........................

"အဲ့တော့ ငါက ရှန်းရှန်းကိုဆွဲဆောင်ရမှာပေါ့ အခု။ ငါကအန်းလုပါလို့ပြောရင်တောင် အခုချိန်မှာ သူယုံမှာမဟုတ်ဘူး။ ငါ့ကို ဘာမှတောင်ရှင်းပြခွင့်မပေးပဲ ချက်ချင်းဆွဲထုတ်ပြီး သတ်ခိုင်းမှာသေချာတယ်။ ဘယ်လိုလုပ်ရမလဲ။ ဘယ်လိုလုပ်ရမလဲ။ ချီအန်းလု.....စဥ်းစားစမ်း။ မင်း​က ညာဏ်ကောင်းပါတယ်ကွ။"

အန်းလုက ကုတင်ပေါ်တွင် အိပ်ယာခင်းကိုပင် ရှုပ်ပွနေသည်အထိ လူးလှိမ့်နေလေသည်။  ရုတ်တရက်ရပ်တန့်သွားပြီးနောက် တစ်ခုခုကိုသိသွားသည့်ပုံစံဖြင့် ငုတ်တုပ်ကောက်ထိုင်လိုက်သည်။

"ရှန်းရှန်းကို အပြုအမူတွေနဲ့ ပြတာပိုအဆင်ပြေမယ်ထင်တယ်။ ငါတိူ့အမှတ်တရတွေက နည်းတာမှမဟုတ်တာ။ ပြီးတော့..... ပြီးတော့......ဒါပေမယ့် ငါဘာတစ်ခုမှတွေးလို့မရဘူး။ ဘာအရင်လုပ်ရမလဲ။ အား......ခေါင်းရှုပ်လိုက်တာ။

ငါကအခု အချိန်နောက်ပြန်ရောက်လာတာဆိုတော့ ငါတို့ ၂၁ရာစုမှာဖြစ်တာတွေကို ရှန်းရှန်းကသိမှာမဟုတ်ဘူး။ ငါသေပြီးနောက်ပိုင်းတွေက မှတ်ဉာဏ်တွေရှိတာငါတစ်ယောက်ပဲ ရှိမှာ။ ရှန်းရှန်းက ဘာမှမသိလောက်ဘူး။ လက်ရှိကို ပြန်ရောက်နိုင်မဲ့နည်းလမ်းကလည်း သူနဲ့ပဲသက်ဆိုင်နေမှာ။"

အန်ုးလက အတော်ကြာသည်အထိ တွေးတောကာ တစ်ကိုယ်တည်းပြောဆိုနေလေ၏။ ပြင်ပတွင်လည်း.လမင်းကြီးက ထိန်ထိန်သာနေလေသည်။ လပြည့်ခါနီးနေသော ကာလဖြစ်လောက်လိမ့်မည်။ အန်းလုက ဖြာကျနေသော လမင်းကြီး၏.အလင်းရောင်းကိုသတိထားမိပြီး.ပြတင်းပေါက်မှတစ်ဆင့်အပြင်ဘက်ရှိ ထိန်လင်းနေသော လမင်းကြီးအားကြည့်လိုက်သည်။

"ယုံးယွမ်......"

အန်းလုကတစ်ခုခုကိုသတိရမိသွားပုံဖြင့် ပြုံးလိုက်သည်။

"ဟုတ်တယ် ယုံးယွမ်...ယုံးယွမ်အဆောင်။ အခုထိရှိနေအုန်းမှာ။ "

အန်းလုက အမြန်ပင် ထလိုက်ပြီး ပြင်ပသို့ပြေးထွက်သွားသည်။ သူ၏ သွက်လက်လျင်မြန်နေသော ခြေလှမ်းများက ယုံးယွမ်အဆောင်သိ့ဦးတည်နေလိုက်သည်။ လပြည့်ခါနီးနေပြီးဖြသ်သောကြောင့် ထိုအလင်းရောင်က သူ၏ လမ်းကိုညွှန်ပြပေးနေသည်။

...........................

"မီးရောင်....."

အန်းလု အဆောင်၏ ခြံဝင်းအဝကိုရောက်လေတေယ့ထင်သည့်အတိုင်းပင် အဆောင်ထဲတွင် မီးရောင်မှိန်ပြပြကိုမြင်နေရသည်။ ခြံဝင်းကြီးက သူရှိစဥ်ကအတိုင်းပင် မည်သည့်တစ်စုံတစ်ရာမှ မပြောင်းလဲပဲရှိနေလေ၏။ အန်းလုက သူ၏ နှုတ်ခမ်းပါးလေးအား အနည်းငယ်ကွေးညွှတ်ရုံသာကွေးလိုက်ပြီး အထဲသို့ဝင်ရန်ပြင်လိုက်သည်။ အနည်းငယ် မြေထိနေသော သူ၏ အဖြူရောင်ဝတ်ရုံစအား လက်နှစ်ဖက်ဖြင့် အနည်းငယ်မလိုက်ပြီး တံခါးဘောင်ကို ဖြတ်ကျော်ရင်း တစ်ဖြည်းဖြည်းချင်းဝင်လာခဲ့လိုက်သည်။

ပတ်ဝန်းကျင် တစ်ခုလုံးက မည်သည့်အစောင့်ရဲမက်များမှမရှိပဲ တိတ်ဆိတ်နေလေ၏။ အရာအားလုံးက သူ့အတွက်ဖယ်ရှားပေးထားသည့်နှယ်။ အဆောင်၏တံခါးမသည်လည်း အသာတွန်းဖွင့်ရုံသာ ရှိသည်။ အန်းလုက တံခါးရွက်နှစ်ဖက်ကိုအသံမထွက်စေရန် သေချာတိတ်တဆိတ်ပြန်ပိတ်လိုက်ပြီးနောက် အထဲသို့ဝင်လာခဲ့လိုက်သည်။

ထင်သည့်အတိုင်းပါပင်။ ချီရှန်းသည် သူတိူ့နှစ်ဦးသားအမြဲအတူ အိပ်စက်ခဲ့သည့် ကုတင်ထက်တွင် ခွေခွေလေးအိပ်နေလေ၏။ သူ့ဘေးရှိ စားပွဲတွင် ဖယောင်းတိုင်မီးအိမ်လေးအားထွန်းထားသည်။ ချီရှန်းက ခေါင်းအုံးတစ်လုံကို သူ၏.လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ မျက်ခုံးနှစ်ဖက်လုံးက ကွေးညွှတ်နေပြီး တွန့်ချိုးကာနေသည်။ အိမ်မက်ဆိုးမက်နေပုံရ၏။

အန်းလု ထိုမြင်ကွင်းကိုမြင်လေတော့ သူ၏ ရင်ထဲ၌ ​ဗလောင်ဆူက ဝမ်းနည်းမှု နာကျင်မှုတို့က ပြည့်နှက်တင်းကျပ်လာလေ၏။ အန်းလ​ု တစ်ဖြည်းဖြည်းချင်း အနားသို့တိုးလာခဲ့လိုက်သည်။ ကုတင် အောက်ခြေနားတွင် ဒူးထောက်ထိုင်လိုက်ပြီး ချီရှန်း၏ လက်ဖမိုးအားထိကိုင်လိုက်သည်။

"ရှန်းရှန်း....."

သူ၏ ခပ်တိုးတိုးအသံက တုန်ရီစွာထွက်ပေါ်လာလေ၏။ ချီရှန်း၏ ကိုယ်ခန္တာသည်က အနည်းငယ်တုန်ယင်နေကာ ပါးစပ်မှကယောင်ကတန်းများပြောနေလေ၏။ ချွေးစေးတို့ နှဖူးထက်တွင်အနည်းငယ် ပေါ်ထွက်နေသည်။

"အန်း...လု...ကိုယ်တောင်းပန်ပါတယ်။....ထားမသွားပါနဲ့...ကိုယ့်ကိုထားမသွားပါနဲ့....အန်းလု...."

"ရှန်းရှန်း.... ကျွန်တော်ရှိတယ်...ကျွန်တော် ဒီမှာရှိတယ်။"

အန်းလုကလည်း ထိုစကားကိုပြောရင်းငိုလေတော့၏။ ချီရှန်း၏ ကိုယ်ခန္တာက အနည်းငယ်တုန်တတ်သွားပြီးနောက် သူ့လက်ဖမိုးအားလာထိနေသော အန်းလု၏ လက်ကိုရုတ်တရက်ပင် ပြန်ဆုပ်ကိုင်လိုက်သည်။ အန်းလုက  လန့်သွားပြီးနောက် တစ်ဖက်တွင် မျက်လုံးများပွင့်လာပြီးသူ့အားကြည့်နေသော ချီရှန်းနှင့် အကြည့်ချင်းဆုံလေ၏။

~~~~~~~~~~~~~~~~~~~~~~~~
© Hnin Aung,
книга «Love, But Hurt (Season_3) The Last Begin».
Коментарі