Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 30
" ဦးလေးကြီး....ဦးလေးကြီး...မူးနေပြီလား။"

သေရည်အိုး ၇အိုး ၈အိုးခန့်က စားပွဲပေါ်တွင် ပြန့်ကျဲကာနေရာယူနေကြသည်။ ချင်းယာက သူမ၏မျက်လုံးများကို မှေးစင်းထားလျက်ပင် သူရှေ့တွင် မှောက်ကာအိပ်နေသော ကျီချန်း၏ ပုခုံးအား ကြာပွတ်၏ လက်ကိုင်ရိုးဖြင့် လှမ်းတို့ရင်းမေးလိုက်သည်။ သုံးလေးချက် ကြာပွတ်လက်ကိုင်ဖြင့် လှူပ်နှိုးတော့မှ ကျီချန်းက ချက်ချင်းကောက်ထလိုက်ရင်း

"ဟမ်....ဟင့်အင်း မမူးသေးဘူး။"

ကျီချန်းက သူ့ရှေ့ရှိသေရည်အနည်းငယ်ကျန်နေသေးသော သေရည်ခွက်အားယူကာ ထပ်မံမော့ချလိုက်သည်။ သေရည်ကို မြိုချလိုက်ရင်း သက်ပြင်းတစ်ချက်ချသည်။ ချင်းယာကလည်း မူးနေပုံရပြီး သူမက စားပွဲပေါ်တွင်လက်တင်ကာ မေးထောက်ထားပြီး လမ်းမဘက်ကိုကြည့်နေသည်။ ကျီချန်းက တောင့်တောင့်ကြီးထိုင်နေပြီး ရုတ်တရက်ပင်ပြုံးလာသည်။

"အရင်ကလည်း ချီရှန်းနဲ့ ဒီလိုပြိုင်သောက်ဖူးတယ်။ အဲ့ဒီတုန်းကလည်း တကယ်ပျော်ဖိူ​ကောင်းခဲ့တယ်ထင်တာပဲ။

အမှတ်တရတွေက ဘယ်တော့မှပြန်ရမလာနိုင်တော့သလိုပဲ....ငါတို့ရဲ့အချိန်တွေဟာလည်း တဖြည်းဖြည်းချင်း ရွေ့လျားနေကြတယ်။

ပြန်မရနိုင်တဲ့ ခင်မင်မှူတွေရှိသလို၊ ကိုယ်နဲ့မထိုက်တန်လို့ လေနဲ့အတူလွင့်ပါသွားတဲ့ အချစ်တွေလည်းရှိတယ်။"

ကျီချန်းက သေရည်ခွက်ကို ပြောင်းပြန်မှောက်လိုက်ရင်း အာလေးလျှာလေးသံဖြင့်ပြောနေသည်။ ချင်းယာက သူ့ဘက်သို့ပြန်လှည့်ကြည့်လိုက်ရင်း

" တစ်ခါလေးအငြင်းခံရတာကို တသက်လုံးခံစားလို့မပြီးနိုင်သေးဘူးလား ဦးလေးကြီး။ ဖြစ်နိုင်ရင် မေ့ပစ်လိုက်စမ်းပါ။ ဟိုက သူများရဲ့လူဖြစ်နေပြီဟာကို။"

ချင်းယာ၏ပြတ်သားသော အသံကြောင့် ကျီချန်းကရုတ်တရက် မျက်လုံးများကိုပြူးလျက် ချင်းယာကိုလှမ်းကြည့်လိုက်သည်။ ချင်းယာက မေးမော့ပြလျက်

"ဘာလဲ...ဘာလဲ...မဟုတ်လို့လား။"

ထို့အခါ ကျီချန်းကရီသည်။

"ဟုတ်တယ်......မင်းမှန်တယ်။ ဒါနဲ့ မင်းနဲ့မင်းအကိုကရော ကြည့်ရတာနှစ်ယောက်လုံးက သဘောကျနေခဲ့ကြတာပဲမဟုတ်လား။"

ချင်းယာက ထိုစကားကိုကြားတော့သူ၏မျက်နှာကို လမ်းမဘက်သို့ပြန်လှည့်ကြည့်လိုက်သည်။

" ကျွန်မ အဲ့အကြောင်းမပြောချင်ဘူး။"

"........."

ကျီချန်းက ချင်းယာအား သနားသောပုံစံဖြင့်သာဆက်ကြည့်နေသည်။ ချင်းယာကတော်တော်ကြာ တဖက်သို့လှည့်နေပြီးမှ ကျီချန်း၏တိတ်ဆိတ်သွားမှုကြောင့် ကျီချန်းဘက်သို့ပြန်လှည့်လာသည်။

"ဟူး.....အမှန်တော့ မယ်တော်ကသူ့ရဲ့လေးယောက်မြောက်ကလေးကို မွေးတဲ့အချိန်မှာကလေးက အသေလေးမွေးလာခဲ့တယ်။ အဲ့အချိန်က သူမရဲ့သွေးအားနည်းတဲ့ရောဂါကလည်းပြန်ထလာတာမလို့  ခမည်းတော်ကဘယ်လိုမှကြံရာမရတဲ့အဆုံး တစ်နေ့ထဲမှာမွေးပုံရတဲ့ ကျွန်မကို မွေးစားဖို့ဆုံးဖြတ်လိုက်တယ်။

ကျွန်မ မိဘတွေဘယ်သူဆိုတာမသိသလို၊ ကျွန်မကိုဘယ်ကနေခေါ်လာတယ်ဆိုတာလည်းမသိဘူး။ ကျွန်မအသက် ဆယ်နှစ်ထိ အကိုသုံးယောက်ရဲ့ ချစ်မြတ်နိုးတဲ့ညီမလေးတစ်ယောက်လိုပဲရှိနေခဲ့တယ်။

အကိုသုံးယောက်လုံးမှာ ကျွန်မနဲ့အသက်သိပ်မကွာတဲ့ အကိုသုံးက အရင်းနှီးဆုံးနဲ့ အခင်ဆုံးကစားဖော်တစ်ယောက်ဖြစ်ခဲ့တယ်။

တစ်နေ့ အကိုသုံးနဲ့ ကျွန်မ လိုက်ဖမ်းတိုင်းဆော့ဖြစ်ရင်း ခမည်းတော်ရဲ့ ခန်းမဆောင်ဘက်ကို ရောက်သွားရာကနေ သူနဲ့အမတ်တစ်ယောက်ပြောနေခဲ့တဲ့ ကျွန်မရဲ့ဘဝမှန်အကြောင်းကို သိခဲ့ရတယ်။ ဒီကိစ္စကို အကိုသုံးလည်း သိခဲ့ပေမဲ့ အဲ့နောက်ပိုင်း သူ့နဲ့ကျွန်မရဲ့ဆက်ဆံရေးကတော့ ပြောင်းလဲသွားတာမျိုးမရှိခဲ့ပါဘူး။

ခြောက်နှစ်လောက်ကြာတော့ အကိုသုံးဖွင့်ပြောလာတဲ့အချိန်မှာ ကျွန်မငြင်းပယ်ခဲ့တယ်။ ကျွန်မတို့ကဖြစ်မှမဖြစ်သင့်တာ။ သူပဲကတိတွေ အထပ်ထပ်ပေးခဲ့တာ။ သူပဲ သစ္စာစကားတွေအကြိမ်ကြိမ်ဆိုခဲ့တာ။ နောက်ဆုံး အဲ့တာတွေကို သူလက်ထပ်လိုက်တဲ့ဇနီးသည်ကို ထပ်ဆိုပြနေအုန်းမှာပဲ။ "

ချင်းယာကသူမ၏ သေရည်ပန်းကန်လုံးအနားသတ်ကိုလက်ညိုးနှင့်ပွတ်သတ်ရင်း ပြောနေသည်။ ကျီချန်းကလည်းသေချာစွာနားထောင်နေလေ၏။

"အဆင်ပြေရဲ့လား။"

ကျီချန်း၏ခပ်တိုးတိုးအသံကြောင့် ချင်းယာက ခေါင်းငုံ့ကာနေရင်းမှမော့ကြည့်လာသည်။ သူမ၏သွားများ ပေါ်သည်အထိ ရီလိုက်ရင်း

" ပြေတယ်ပြောရင်တော့ လိမ်ရာကျမှာပေါ့။

ဒါပေမဲ့ အစထဲကမဖြစ်သင့်တဲ့အချစ်ကိုလက်ခံမိတာလေ။ အဆုံးသတ်က ဘယ်လိုလုပ်ကောင်းနိုင်မှာလဲ။ ဒီအတိုင်း အခုလိုမျိုးစောစောစီးစီး အဆုံးသတ်သွားတော့ တမျိုးကောင်းတာပေါ့။ သိပ်မခံစားရတော့ဘူး။"

ချင်းယာက သူမ၏ပေါင်နှစ်ဖက်ကိုလက်ဖြင့် ရိုက်ချလိုက်ရင်း သက်ပြင်းချကာမတ်တပ်ရပ်လိုက်သည်။

" ဟူး...ဘာပဲဖြစ်ဖြစ် အခုကျွန်မက ခမည်းတော်ရဲ့အချစ်ဆုံးသမီးလေးပဲလေ။ သူ့အတွက် အသုံးဝင်နေသရွေ့ကျွန်မကို အရေးပေးမှာပဲ။ ကျွန်မကလည်း အဲ့တာကြောင့်မလို့အကောင်းဆုံးကြိုးစားသွားမှာ။"

ကျီချန်းက သေရည်အိုးကိုထပ့်မောပြီးနောက် သူမအား အားပေးစကားဆိုလိုက်သည်။

"အဲ့ဆုံးဖြတ်ချက်ကမှန်တယ်။ စွန့်လွှတ်သင့်လာ​ရင် စွန့်လွှတ်ရမှာ လောကသဘာဝပဲ။ ငါတို့တွယ်ကပ်နေလို့ ပိုဟိတ်ဆင်းရဲရတာမျိုးပဲဖြစ်လိမ့်မယ်။ ဒါ့ကြောင့် စွန့်လွှတ်လိုက်တာအကောင်းဆုံးပဲ။

အဲ့တော့....ဒီနေ့က နောက်ဆုံးသောခံစားချက်တွေကို စွန့်လွှတ်တဲ့အနေနဲ့ ထပ်သောက်ကြမယ်။"

"ကောင်းပြီ။ ဒီနေ့ပြီးရင် အားလုံးမေ့ပစ်ပြီး အသစ်ကပြန်စပစ်မယ်။ ခွက်ချင်းတိုက်မယ်လာ..."

ချက်းယာက မတ်တပ်ရပ်လျက်ပင် သူမ၏သေရည်ခွက်ကိုကိုင်ရင်း ကျီချန်းအား ခွက်ချင်းတိုက်ရန်ပြောလိူက်သည်။ ကျီချန်းကလည်း သူ၏ခွက််ကိုမြှောက်လိုက်ရင်း ချင်းယာ၏ခွက်ကိုသွားထိလိူက်သည်။

အချိန်အတော်ကြာတော့ စားပွဲပေါ်ရှိသေရည်အိုးများက ဆယ်အိုးကျော်ခန့်ပင်ရှိနေပြီး ဘေးအောက်ဘက်တွင်ပါ မှောက်ကာနေသောအိုးများရှိသေးသည်။ လမ်းမထက်တွင် မီးရောင်မှိန်ပြပြတို့က အရင်အတိုင်းရှိနေသေးကြသော်လည်း လူသွားလူလာတော့ ကျဲသွားလေပြီ။ သန်းခေါင်ပင်ကျော်နေချေပြီ။ ချင်းယာက စားပွဲပေါ်တွင်မှောက်ကာအိပ်ပျော်နေသော ကျီချန်းကို လှမ်းကြည့်သည်။ သူမ၏မျက်ဝန်းများသည်လည်း ယခုအချိန်တွင် မနည်းဖွင့်ကြည့်နေရလေ၏။

ကျီချန်းက အဆက်မပြတ်ပင်သောက်နေခဲ့တာကြောင့် ယခုအချိန်တွင်တော့ လုံးဝကိုမှောက်နေလေချေပြီ။ သူ့ခဗျာ သူ့ခံစားချက်ကိုမေ့ဖို့လူပ်လိုက်၊ ချင်းယာ၏ ခံစားချက်ကိုမေ့ဖို့ အားပေးကာ သောက်လိုက်နှင့် အတော်များသွားပုံရသည်။

အပေါ်ထပ်သို့ တခြားသောစားပွဲများပေါ်ရှိ အကြွင်းအကျန်များကို ရှင်းရန်လာသောစားပွဲထိုးက သူတိူ့အနားသို့ရောက်လာသည်။

"လူကြီးမင်း အခန်းယူမလား။ ဒီဘက်ကအဖော်ကလည်း မှောက်နေပြီဆိုတော့ အဆင်ပြေရင် ဒီမှာတည်းလို့လည်းရပါတယ်။"

ချင်းယာက ထိုစားပွဲထိုးအားလှမ်းကြည့်လိုက်သည်။ ပြီးနောက် ကျီချန်းအားကြည့်လိုက်ရင်းမှ ထ်ုစားပွဲထိုးအား ပြန်ဖြေလိူက်၏။

"ဒါဆို တစ်ခန်းပေး။ ကျုပ်ကပြန်မှာမလို့။ သူ့အတွက်ပဲ ယူလိုက်မယ်။"

"ဟုတ်ကဲ့ပါ ။ လူကြီးမင်း။ ဒါဆို ကျွန်တော်နဲ့လိုက်ခဲ့ပေးပါ။ ကျွန်တော် အခန်းလိုက်ပြပေးပါ့မယ်။"

"ကောင်းပြီ။"

ချင်းယာက အနည်းငယ် ယိုင်ထိုးထိုးနှင့်ပင် ကျီချန်းကိုအနည်းငယ်လှုပ်နှိုးလိုက်သည်။ သို့သော်လည်း ကျီချန်းက တစ်စက်ကလေးမျှ တုံ့ပြန်လာခြင်းမရှိပဲ အသက်ရှုသံပြင်းပြင်းဖြင့်သာ အိပ်ပျော်နေလေ၏။

"ကျွန်တော်တို့ အတူသယ်ကြမယ်လေ။ လူကြီးမင်း အဆင်မပြေရင်..."

"အင်း...ကောင်းသားပဲ။ မင်းတဖက်ကနေ သယ်လိုက်။"

အလိုက်သိတတ်လှသော စားပွဲထိုးလေးကျေးဇူးကြောင့် ချင်းယာနှင့် ထိုစားပွဲထိုးလေး တယောက်တဖက်စီ ကျီချန်း၏လက်တစ်ဖက်စီအား ထမ်းပိုးကာလာလိုက်သည်။

..............................

" ကျေးဇူးပဲ။ ဒီမှာ ငွေတုံး။"

" ကျေးဇူးပါ။ လူကြီးမင်း။ ခိုင်းစရာရှိရင်လည်း ထပ်ပြောလို့ရပါသေးတယ်။"

" သူ့ကိုမနက်ကျရင် အမူးပြေစေမဲ့စားစရာတစ်ခုခုလုပ်ပေးထားလိူက်ပါ။"

"ဟုတ်ကဲ့ပါ...စိတ်ချပါ လူကြီးမင်း။"

ကျီချန်းကို ကုတင်ပေါ်တွင် တစောင်းပက်လက်လှန်ကာထားလိုက်သည်။ ချင်းယာက စားပွဲထိုး ထွက်သွားပြီးနောက် ကျီချန်းအနားသို့ပြန်ရောက်လာသည်။ ချွေးထွက်သွားသော်ကြောင့် အမူးပင်နည်းနည်း ပြေချင်နေလေပြီ။

ချင်းယာက နန်းတော်သို့ပြန်ရန်အတွက် ကုတင်နားမှပြန်ထွက်လာလိုက်ပြီး အခန်းတခါးကိုဖွန်ရန်လက်လှမ်းလိုက်သည်။ ရုတ်တရက်နောက်မှ ပွေ့ဖက်ခံလိုက်ရတာကြောင့် လက်ကတံခါးစီမရောက်ပဲ ပြန်ကျသွားလေ၏။

သူ၏နောက်တွင် သူအားဖက်တွယ်ကာထားသူက ကျီချန်းပင်ဖြစ်သည်။ ကျီချန်းက သူ၏မျက်လုံးကိုစုံမှိတ်ထားပြီး ချင်းယာ၏ လည်ပင်းဘေးနားကို သူ၏ နှာခေါင်းဖြင့် ပွတ်သတ်လိုက်၊ နှုတ်ခမ်းဖြင့် နမ်းရှိုက်လိုက်ဖြင့် လုပ်နေသည်။

" ဦး...လေး...ကြီး..."

"ငြိမ်ငြိမ်လေး...နေပေးပါ.......အန်းလု....."

(အန်းလု......အန်းလုက ဘယ်သူ...)

ရုတ်တရက်ဆွဲလှည့်ကာ ကျီချန်းက ချင်းယာ၏ကိုယ်ပေါ်မှ ယောက်ျားလေးအဝတ်အစားများကို ဆွဲချွတ်ရန်ပြင်လိုက်သည်။ ပုခုံးသားတို့နှင့် ရင်ဘတ်အပေါ်ပိုင်းသည် အထင်သားပေါ်ပေါက်လာလေ၏။ ရင်သားကိုစည်းနှောင်ကာထားသော ပိတ်စကို ကျီချန်းကသေချာစွာကြည့်နေရင်း

" အန်းလု....မင်း..ရင်ဘတ်ကိုဘာလို့ ဒါကြီးနဲ့ ဖုံးထားတာလဲ။

ပြီးတော့.....ရောင်နေလို့လား။ သာမန်ထက်နည်းနည်းဖောင်းနေသလို ခံစားရတယ်။...ဒါက
..အ့..."

*ဘုန်း....*

ကျီချန်းက ထိုရင်ဘတ်ကို လှမ်းကိုင်ကာညှစ်ချလိုက်တာမလို့ ချင်းယာက ကျီချန်းအား လက်သီးဖြင့် ပိတ်ထိုးချလိုက်တော့သည်။ ကျီချန်းသည်လည်း လက်မြှောက်နေသည့်ပုံစံအတိုင်းပင် အခန်း၏ကြမ်းပြင်ထက်သို့ မှောက်လျက် ဘုန်းခနဲ့လဲကျကာ ပြန်အိပ်ပျော်သွားလေတော့သည်။

ချင်းယာကသူမ၏ အဝတ်အစားများကိုပြန်ကောက်ဝတ်လိုက်ရင်း မှောက်လျက် အိပ်ပျော်နေသော ကျီချန်းကိုငုံ့ကြည့်သည်။

" သေ...."

သူမက ထိုတစ်ခွန်းတည်းကိုသာပြောလိူက်ပြီးနောက် အခန်းထဲမှ ထွက်သွားလေတော့သည်။

.....................................

မနက်မိုးလင်းလို့ ရောင်နီကပြတင်းပေါက်နားတွင်ရိုက်ခတ်ကာထိစပ်လို့နေလေပြီ။

" လူကြီးမင်း...လူကြီးမင်း ။ အဆင်ပြေရဲ့လား။"

အမူးပြေစွပ်ပြုတ်ယူကာလာသော စားပွဲထိုးလေးက ကြမ်းပြင်တွင်မှောက်ခုံအိပ်ပျော်နေသော ကျီချန်းအားမြင်တော့ ချက်ချင်းပြေးလာကာ စွပ်ပြုတ်အားစားပွဲပေါ်တွင် တင်လျက် လာရောက်ထူ,မပေးသည်။

" အား...ငါ့ခေါင်းက..."

ကျီချန်းက ထိုကောင်လေး၏အကူအညီဖြင့် ထိုင်ခုံတွင် ထိုင်လိူက်ပြီး သူ၏ခေါင်းကို နှိပ်နယ်နေလိုက်သည်။ ခေါင်းကိုက်သည့်ဝေဒနာမျိုးက သေရည်သောက်ပြီးတိုင်းဖြစ်တတ်သည့် ပြသနာတရပ်ပင်။

" ဒါဆို ဒါလေးသုံးဆောင်လိုက်ပါအုန်း။ လူကြီးမင်းနဲ့ ညက အတူသောက်တဲ့ လူကြီးမင်းက မှာထားပေးခဲ့တာပါ။"

" ကျေးဇူး။ သူရော...ပြန်သွားတာလား။"

"ဟုတ်ကဲ့။ လူကြီးမင်းကို ဒီကိုလာပို့ပြီးတော့ ပြန်ထွက်သွားတာပါပဲ။"

စားပွဲထိုးလေးက ပြန်ကာထွက်သွားလေသည်။ ကျီချန်းက စားပွဲပေါ်ရှိ စွပ်ပြုတ်ပန်းကန်လုံးထဲတွင်ရှိသော ဇွန်းဖြင့် စွပ်ပြုတ်ကိုမွှေလိုက်ရင်း

" အားရိုး...ငါ့ခေါင်းက...နေအုန်း။ ငါညက မင်းသမီးချင်းယာကို...."

ညကအဖြစ်အပျက်များသည် မြင်ကွင်းထဲတွင် ရုတ်ချည်းပြန်လည်ပေါ်လာလေ၏။

" သေပါပြီ.....အ့....ပါးက..."

ပါးတစ်ခြမ်းနာကျင်မှုကြောင့် အနီးနားရှိ ကြေးမှုံမှန်တစ်ချက်ကို ကြည့်လိုက်မိလေ၏။ ပါးတစ်ခြမ်းက အနည်းငယ်နီကာ ရောင်နေလေသည်။

" ငါ့ကို ထိုးသွားတာပဲ။ တော်သေးတယ်။ သူ့ကိုဘာမှမလုပ်မိလို့...."

ကျီချန်းက ရီလိုက်သည်။

" အရှင်ကျီချန်း....."

ရုတ်တရက်ပြင်ပရှိ မိမိ၏အဆင့်ရာထူးကိုပါထည့်ခေါ်သော အသုံးအနှုန်းကြောင့် ဤသည်က သူ၏လက်အောက်ခံ တပ်သားတစ်ယောက်ပင်ဖြစ်ချေမည်။ ချီရှန်းက တံခါးနားသို့သွားလိူက်ပြီး တံခါးကို ဆွဲဖွင့်ကာ

"ဘာဖြစ်လို့လဲ။"

"အရှင်ကျီချန်းကို ဂါရဝပြုပါတယ်။"

ထိုလူက သူ့အားဂါရဝပြုသည်။

"အင်း...သက်သာသလိုနေ။ "

" အရှင်ချီရှန်းက နန်းတော်ကိုအမြန်ပြန်လာခဲ့ဖို့ အမိန့်ထုတ်လိုက်ပါတယ်။"

"ဘာလို့လဲ။ ငါတို့ ညနေစောင်းမှ ခရီးစထွက်မှာလေ။ ပြီးတော့ ငါသူတို့နဲ့အတူမပြန်ဖြစ်ဘူးဆိုတာပြောပြီးသားပဲကို....တခြားကိစ္စများရှိလို့လည်း။"

"ဟုတ်ပါတယ်...အဲ့..အဲ့ဒါက..."

တွန့်ဆုပ်၊ တွန့်ဆုပ်လုပ်နေသော ထိုလူအား ကျီချန်းက စိတ်မရှည်စွာပြောလိုက်သည်။

"ဘာဖြစ်လို့လဲ။"

" ကိုယ်လုပ်တော်ကျင့် ညက ရုတ်တရက်ကြီး ဆုံးသွားပါတယ်။"

"ဘာ......"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

" ဦးေလးႀကီး....ဦးေလးႀကီး...မူးေနၿပီလား။"

ေသရည္အိုး ၇အိုး ၈အိုးခန္႔က စားပြဲေပၚတြင္ ျပန္႔က်ဲကာေနရာယူေနၾကသည္။ ခ်င္းယာက သူမ၏မ်က္လုံးမ်ားကို ေမွးစင္းထားလ်က္ပင္ သူေရွ႕တြင္ ေမွာက္ကာအိပ္ေနေသာ က်ီခ်န္း၏ ပုခုံးအား ၾကာပြတ္၏ လက္ကိုင္ရိုးျဖင့္ လွမ္းတို႔ရင္းေမးလိုက္သည္။ သုံးေလးခ်က္ ၾကာပြတ္လက္ကိုင္ျဖင့္ လွူပ္ႏွိုးေတာ့မွ က်ီခ်န္းက ခ်က္ခ်င္းေကာက္ထလိုက္ရင္း

"ဟမ္....ဟင့္အင္း မမူးေသးဘူး။"

က်ီခ်န္းက သူ႔ေရွ႕ရွိေသရည္အနည္းငယ္က်န္ေနေသးေသာ ေသရည္ခြက္အားယူကာ ထပ္မံေမာ့ခ်လိုက္သည္။ ေသရည္ကို ၿမိဳခ်လိုက္ရင္း သက္ျပင္းတစ္ခ်က္ခ်သည္။ ခ်င္းယာကလည္း မူးေနပုံရၿပီး သူမက စားပြဲေပၚတြင္လက္တင္ကာ ေမးေထာက္ထားၿပီး လမ္းမဘက္ကိုၾကည့္ေနသည္။ က်ီခ်န္းက ေတာင့္ေတာင့္ႀကီးထိုင္ေနၿပီး ႐ုတ္တရက္ပင္ျပဳံးလာသည္။

"အရင္ကလည္း ခ်ီရွန္းနဲ႔ ဒီလိုၿပိဳင္ေသာက္ဖူးတယ္။ အဲ့ဒီတုန္းကလည္း တကယ္ေပ်ာ္ဖိူ​ေကာင္းခဲ့တယ္ထင္တာပဲ။

အမွတ္တရေတြက ဘယ္ေတာ့မွျပန္ရမလာနိုင္ေတာ့သလိုပဲ....ငါတို႔ရဲ့အခ်ိန္ေတြဟာလည္း တျဖည္းျဖည္းခ်င္း ေရြ႕လ်ားေနၾကတယ္။

ျပန္မရနိုင္တဲ့ ခင္မင္မွူေတြရွိသလို၊ ကိုယ္နဲ႔မထိုက္တန္လို႔ ေလနဲ႔အတူလြင့္ပါသြားတဲ့ အခ်စ္ေတြလည္းရွိတယ္။"

က်ီခ်န္းက ေသရည္ခြက္ကို ေျပာင္းျပန္ေမွာက္လိုက္ရင္း အာေလးလၽွာေလးသံျဖင့္ေျပာေနသည္။ ခ်င္းယာက သူ႔ဘက္သို႔ျပန္လွည့္ၾကည့္လိုက္ရင္း

" တစ္ခါေလးအျငင္းခံရတာကို တသက္လုံးခံစားလို႔မၿပီးနိုင္ေသးဘူးလား ဦးေလးႀကီး။ ျဖစ္နိုင္ရင္ ေမ့ပစ္လိုက္စမ္းပါ။ ဟိုက သူမ်ားရဲ့လူျဖစ္ေနၿပီဟာကို။"

ခ်င္းယာ၏ျပတ္သားေသာ အသံေၾကာင့္ က်ီခ်န္းက႐ုတ္တရက္ မ်က္လုံးမ်ားကိုျပဴးလ်က္ ခ်င္းယာကိုလွမ္းၾကည့္လိုက္သည္။ ခ်င္းယာက ေမးေမာ့ျပလ်က္

"ဘာလဲ...ဘာလဲ...မဟုတ္လို႔လား။"

ထို႔အခါ က်ီခ်န္းကရီသည္။

"ဟုတ္တယ္......မင္းမွန္တယ္။ ဒါနဲ႔ မင္းနဲ႔မင္းအကိုကေရာ ၾကည့္ရတာႏွစ္ေယာက္လုံးက သေဘာက်ေနခဲ့ၾကတာပဲမဟုတ္လား။"

ခ်င္းယာက ထိုစကားကိုၾကားေတာ့သူ၏မ်က္ႏွာကို လမ္းမဘက္သို႔ျပန္လွည့္ၾကည့္လိုက္သည္။

" ကၽြန္မ အဲ့အေၾကာင္းမေျပာခ်င္ဘူး။"

"........."

က်ီခ်န္းက ခ်င္းယာအား သနားေသာပုံစံျဖင့္သာဆက္ၾကည့္ေနသည္။ ခ်င္းယာကေတာ္ေတာ္ၾကာ တဖက္သို႔လွည့္ေနၿပီးမွ က်ီခ်န္း၏တိတ္ဆိတ္သြားမွုေၾကာင့္ က်ီခ်န္းဘက္သို႔ျပန္လွည့္လာသည္။

"ဟူး.....အမွန္ေတာ့ မယ္ေတာ္ကသူ႔ရဲ့ေလးေယာက္ေျမာက္ကေလးကို ေမြးတဲ့အခ်ိန္မွာကေလးက အေသေလးေမြးလာခဲ့တယ္။ အဲ့အခ်ိန္က သူမရဲ့ေသြးအားနည္းတဲ့ေရာဂါကလည္းျပန္ထလာတာမလို႔  ခမည္းေတာ္ကဘယ္လိုမွႀကံရာမရတဲ့အဆုံး တစ္ေန႔ထဲမွာေမြးပုံရတဲ့ ကၽြန္မကို ေမြးစားဖို႔ဆုံးျဖတ္လိုက္တယ္။

ကၽြန္မ မိဘေတြဘယ္သူဆိုတာမသိသလို၊ ကၽြန္မကိုဘယ္ကေနေခၚလာတယ္ဆိုတာလည္းမသိဘူး။ ကၽြန္မအသက္ ဆယ္ႏွစ္ထိ အကိုသုံးေယာက္ရဲ့ ခ်စ္ျမတ္နိုးတဲ့ညီမေလးတစ္ေယာက္လိုပဲရွိေနခဲ့တယ္။

အကိုသုံးေယာက္လုံးမွာ ကၽြန္မနဲ႔အသက္သိပ္မကြာတဲ့ အကိုသုံးက အရင္းႏွီးဆုံးနဲ႔ အခင္ဆုံးကစားေဖာ္တစ္ေယာက္ျဖစ္ခဲ့တယ္။

တစ္ေန႔ အကိုသုံးနဲ႔ ကၽြန္မ လိုက္ဖမ္းတိုင္းေဆာ့ျဖစ္ရင္း ခမည္းေတာ္ရဲ့ ခန္းမေဆာင္ဘက္ကို ေရာက္သြားရာကေန သူနဲ႔အမတ္တစ္ေယာက္ေျပာေနခဲ့တဲ့ ကၽြန္မရဲ့ဘဝမွန္အေၾကာင္းကို သိခဲ့ရတယ္။ ဒီကိစၥကို အကိုသုံးလည္း သိခဲ့ေပမဲ့ အဲ့ေနာက္ပိုင္း သူ႔နဲ႔ကၽြန္မရဲ့ဆက္ဆံေရးကေတာ့ ေျပာင္းလဲသြားတာမ်ိဳးမရွိခဲ့ပါဘူး။

ေျခာက္ႏွစ္ေလာက္ၾကာေတာ့ အကိုသုံးဖြင့္ေျပာလာတဲ့အခ်ိန္မွာ ကၽြန္မျငင္းပယ္ခဲ့တယ္။ ကၽြန္မတို႔ကျဖစ္မွမျဖစ္သင့္တာ။ သူပဲကတိေတြ အထပ္ထပ္ေပးခဲ့တာ။ သူပဲ သစၥာစကားေတြအႀကိမ္ႀကိမ္ဆိုခဲ့တာ။ ေနာက္ဆုံး အဲ့တာေတြကို သူလက္ထပ္လိုက္တဲ့ဇနီးသည္ကို ထပ္ဆိုျပေနအုန္းမွာပဲ။ "

ခ်င္းယာကသူမ၏ ေသရည္ပန္းကန္လုံးအနားသတ္ကိုလက္ညိဳးႏွင့္ပြတ္သတ္ရင္း ေျပာေနသည္။ က်ီခ်န္းကလည္းေသခ်ာစြာနားေထာင္ေနေလ၏။

"အဆင္ေျပရဲ့လား။"

က်ီခ်န္း၏ခပ္တိုးတိုးအသံေၾကာင့္ ခ်င္းယာက ေခါင္းငုံ႔ကာေနရင္းမွေမာ့ၾကည့္လာသည္။ သူမ၏သြားမ်ား ေပၚသည္အထိ ရီလိုက္ရင္း

" ေျပတယ္ေျပာရင္ေတာ့ လိမ္ရာက်မွာေပါ့။

ဒါေပမဲ့ အစထဲကမျဖစ္သင့္တဲ့အခ်စ္ကိုလက္ခံမိတာေလ။ အဆုံးသတ္က ဘယ္လိုလုပ္ေကာင္းနိုင္မွာလဲ။ ဒီအတိုင္း အခုလိုမ်ိဳးေစာေစာစီးစီး အဆုံးသတ္သြားေတာ့ တမ်ိဳးေကာင္းတာေပါ့။ သိပ္မခံစားရေတာ့ဘူး။"

ခ်င္းယာက သူမ၏ေပါင္ႏွစ္ဖက္ကိုလက္ျဖင့္ ရိုက္ခ်လိုက္ရင္း သက္ျပင္းခ်ကာမတ္တပ္ရပ္လိုက္သည္။

" ဟူး...ဘာပဲျဖစ္ျဖစ္ အခုကၽြန္မက ခမည္းေတာ္ရဲ့အခ်စ္ဆုံးသမီးေလးပဲေလ။ သူ႔အတြက္ အသုံးဝင္ေနသေရြ႕ကၽြန္မကို အေရးေပးမွာပဲ။ ကၽြန္မကလည္း အဲ့တာေၾကာင့္မလို႔အေကာင္းဆုံးႀကိဳးစားသြားမွာ။"

က်ီခ်န္းက ေသရည္အိုးကိုထပ့္ေမာၿပီးေနာက္ သူမအား အားေပးစကားဆိုလိုက္သည္။

"အဲ့ဆုံးျဖတ္ခ်က္ကမွန္တယ္။ စြန္႔လႊတ္သင့္လာ​ရင္ စြန္႔လႊတ္ရမွာ ေလာကသဘာဝပဲ။ ငါတို႔တြယ္ကပ္ေနလို႔ ပိုဟိတ္ဆင္းရဲရတာမ်ိဳးပဲျဖစ္လိမ့္မယ္။ ဒါ့ေၾကာင့္ စြန္႔လႊတ္လိုက္တာအေကာင္းဆုံးပဲ။

အဲ့ေတာ့....ဒီေန႔က ေနာက္ဆုံးေသာခံစားခ်က္ေတြကို စြန္႔လႊတ္တဲ့အေနနဲ႔ ထပ္ေသာက္ၾကမယ္။"

"ေကာင္းၿပီ။ ဒီေန႔ၿပီးရင္ အားလုံးေမ့ပစ္ၿပီး အသစ္ကျပန္စပစ္မယ္။ ခြက္ခ်င္းတိုက္မယ္လာ..."

ခ်က္းယာက မတ္တပ္ရပ္လ်က္ပင္ သူမ၏ေသရည္ခြက္ကိုကိုင္ရင္း က်ီခ်န္းအား ခြက္ခ်င္းတိုက္ရန္ေျပာလိူက္သည္။ က်ီခ်န္းကလည္း သူ၏ခြက္္ကိုေျမႇာက္လိုက္ရင္း ခ်င္းယာ၏ခြက္ကိုသြားထိလိူက္သည္။

အခ်ိန္အေတာ္ၾကာေတာ့ စားပြဲေပၚရွိေသရည္အိုးမ်ားက ဆယ္အိုးေက်ာ္ခန္႔ပင္ရွိေနၿပီး ေဘးေအာက္ဘက္တြင္ပါ ေမွာက္ကာေနေသာအိုးမ်ားရွိေသးသည္။ လမ္းမထက္တြင္ မီးေရာင္မွိန္ျပျပတို႔က အရင္အတိုင္းရွိေနေသးၾကေသာ္လည္း လူသြားလူလာေတာ့ က်ဲသြားေလၿပီ။ သန္းေခါင္ပင္ေက်ာ္ေနေခ်ၿပီ။ ခ်င္းယာက စားပြဲေပၚတြင္ေမွာက္ကာအိပ္ေပ်ာ္ေနေသာ က်ီခ်န္းကို လွမ္းၾကည့္သည္။ သူမ၏မ်က္ဝန္းမ်ားသည္လည္း ယခုအခ်ိန္တြင္ မနည္းဖြင့္ၾကည့္ေနရေလ၏။

က်ီခ်န္းက အဆက္မျပတ္ပင္ေသာက္ေနခဲ့တာေၾကာင့္ ယခုအခ်ိန္တြင္ေတာ့ လုံးဝကိုေမွာက္ေနေလေခ်ၿပီ။ သူ႔ခဗ်ာ သူ႔ခံစားခ်က္ကိုေမ့ဖို႔လူပ္လိုက္၊ ခ်င္းယာ၏ ခံစားခ်က္ကိုေမ့ဖို႔ အားေပးကာ ေသာက္လိုက္ႏွင့္ အေတာ္မ်ားသြားပုံရသည္။

အေပၚထပ္သို႔ တျခားေသာစားပြဲမ်ားေပၚရွိ အႂကြင္းအက်န္မ်ားကို ရွင္းရန္လာေသာစားပြဲထိုးက သူတိူ႔အနားသို႔ေရာက္လာသည္။

"လူႀကီးမင္း အခန္းယူမလား။ ဒီဘက္ကအေဖာ္ကလည္း ေမွာက္ေနၿပီဆိုေတာ့ အဆင္ေျပရင္ ဒီမွာတည္းလို႔လည္းရပါတယ္။"

ခ်င္းယာက ထိုစားပြဲထိုးအားလွမ္းၾကည့္လိုက္သည္။ ၿပီးေနာက္ က်ီခ်န္းအားၾကည့္လိုက္ရင္းမွ ထ္ုစားပြဲထိုးအား ျပန္ေျဖလိူက္၏။

"ဒါဆို တစ္ခန္းေပး။ က်ဳပ္ကျပန္မွာမလို႔။ သူ႔အတြက္ပဲ ယူလိုက္မယ္။"

"ဟုတ္ကဲ့ပါ ။ လူႀကီးမင္း။ ဒါဆို ကၽြန္ေတာ္နဲ႔လိုက္ခဲ့ေပးပါ။ ကၽြန္ေတာ္ အခန္းလိုက္ျပေပးပါ့မယ္။"

"ေကာင္းၿပီ။"

ခ်င္းယာက အနည္းငယ္ ယိုင္ထိုးထိုးႏွင့္ပင္ က်ီခ်န္းကိုအနည္းငယ္လွုပ္ႏွိုးလိုက္သည္။ သို႔ေသာ္လည္း က်ီခ်န္းက တစ္စက္ကေလးမၽွ တုံ႔ျပန္လာျခင္းမရွိပဲ အသက္ရွုသံျပင္းျပင္းျဖင့္သာ အိပ္ေပ်ာ္ေနေလ၏။

"ကၽြန္ေတာ္တို႔ အတူသယ္ၾကမယ္ေလ။ လူႀကီးမင္း အဆင္မေျပရင္..."

"အင္း...ေကာင္းသားပဲ။ မင္းတဖက္ကေန သယ္လိုက္။"

အလိုက္သိတတ္လွေသာ စားပြဲထိုးေလးေက်းဇူးေၾကာင့္ ခ်င္းယာႏွင့္ ထိုစားပြဲထိုးေလး တေယာက္တဖက္စီ က်ီခ်န္း၏လက္တစ္ဖက္စီအား ထမ္းပိုးကာလာလိုက္သည္။

..............................

" ေက်းဇူးပဲ။ ဒီမွာ ေငြတုံး။"

" ေက်းဇူးပါ။ လူႀကီးမင္း။ ခိုင္းစရာရွိရင္လည္း ထပ္ေျပာလို႔ရပါေသးတယ္။"

" သူ႔ကိုမနက္က်ရင္ အမူးေျပေစမဲ့စားစရာတစ္ခုခုလုပ္ေပးထားလိူက္ပါ။"

"ဟုတ္ကဲ့ပါ...စိတ္ခ်ပါ လူႀကီးမင္း။"

က်ီခ်န္းကို ကုတင္ေပၚတြင္ တေစာင္းပက္လက္လွန္ကာထားလိုက္သည္။ ခ်င္းယာက စားပြဲထိုး ထြက္သြားၿပီးေနာက္ က်ီခ်န္းအနားသို႔ျပန္ေရာက္လာသည္။ ေခၽြးထြက္သြားေသာ္ေၾကာင့္ အမူးပင္နည္းနည္း ေျပခ်င္ေနေလၿပီ။

ခ်င္းယာက နန္းေတာ္သို႔ျပန္ရန္အတြက္ ကုတင္နားမွျပန္ထြက္လာလိုက္ၿပီး အခန္းတခါးကိုဖြန္ရန္လက္လွမ္းလိုက္သည္။ ႐ုတ္တရက္ေနာက္မွ ေပြ႕ဖက္ခံလိုက္ရတာေၾကာင့္ လက္ကတံခါးစီမေရာက္ပဲ ျပန္က်သြားေလ၏။

သူ၏ေနာက္တြင္ သူအားဖက္တြယ္ကာထားသူက က်ီခ်န္းပင္ျဖစ္သည္။ က်ီခ်န္းက သူ၏မ်က္လုံးကိုစုံမွိတ္ထားၿပီး ခ်င္းယာ၏ လည္ပင္းေဘးနားကို သူ၏ ႏွာေခါင္းျဖင့္ ပြတ္သတ္လိုက္၊ ႏွုတ္ခမ္းျဖင့္ နမ္းရွိုက္လိုက္ျဖင့္ လုပ္ေနသည္။

" ဦး...ေလး...ႀကီး..."

"ၿငိမ္ၿငိမ္ေလး...ေနေပးပါ.......အန္းလု....."

(အန္းလု......အန္းလုက ဘယ္သူ...)

႐ုတ္တရက္ဆြဲလွည့္ကာ က်ီခ်န္းက ခ်င္းယာ၏ကိုယ္ေပၚမွ ေယာက္်ားေလးအဝတ္အစားမ်ားကို ဆြဲခၽြတ္ရန္ျပင္လိုက္သည္။ ပုခုံးသားတို႔ႏွင့္ ရင္ဘတ္အေပၚပိုင္းသည္ အထင္သားေပၚေပါက္လာေလ၏။ ရင္သားကိုစည္းေႏွာင္ကာထားေသာ ပိတ္စကို က်ီခ်န္းကေသခ်ာစြာၾကည့္ေနရင္း

" အန္းလု....မင္း..ရင္ဘတ္ကိုဘာလို႔ ဒါႀကီးနဲ႔ ဖုံးထားတာလဲ။

ၿပီးေတာ့.....ေရာင္ေနလို႔လား။ သာမန္ထက္နည္းနည္းေဖာင္းေနသလို ခံစားရတယ္။...ဒါက
..အ့..."

*ဘုန္း....*

က်ီခ်န္းက ထိုရင္ဘတ္ကို လွမ္းကိုင္ကာညႇစ္ခ်လိုက္တာမလို႔ ခ်င္းယာက က်ီခ်န္းအား လက္သီးျဖင့္ ပိတ္ထိုးခ်လိုက္ေတာ့သည္။ က်ီခ်န္းသည္လည္း လက္ေျမႇာက္ေနသည့္ပုံစံအတိုင္းပင္ အခန္း၏ၾကမ္းျပင္ထက္သို႔ ေမွာက္လ်က္ ဘုန္းခနဲ႔လဲက်ကာ ျပန္အိပ္ေပ်ာ္သြားေလေတာ့သည္။

ခ်င္းယာကသူမ၏ အဝတ္အစားမ်ားကိုျပန္ေကာက္ဝတ္လိုက္ရင္း ေမွာက္လ်က္ အိပ္ေပ်ာ္ေနေသာ က်ီခ်န္းကိုငုံ႔ၾကည့္သည္။

" ေသ...."

သူမက ထိုတစ္ခြန္းတည္းကိုသာေျပာလိူက္ၿပီးေနာက္ အခန္းထဲမွ ထြက္သြားေလေတာ့သည္။

.....................................

မနက္မိုးလင္းလို႔ ေရာင္နီကျပတင္းေပါက္နားတြင္ရိုက္ခတ္ကာထိစပ္လို႔ေနေလၿပီ။

" လူႀကီးမင္း...လူႀကီးမင္း ။ အဆင္ေျပရဲ့လား။"

အမူးေျပစြပ္ျပဳတ္ယူကာလာေသာ စားပြဲထိုးေလးက ၾကမ္းျပင္တြင္ေမွာက္ခုံအိပ္ေပ်ာ္ေနေသာ က်ီခ်န္းအားျမင္ေတာ့ ခ်က္ခ်င္းေျပးလာကာ စြပ္ျပဳတ္အားစားပြဲေပၚတြင္ တင္လ်က္ လာေရာက္ထူ,မေပးသည္။

" အား...ငါ့ေခါင္းက..."

က်ီခ်န္းက ထိုေကာင္ေလး၏အကူအညီျဖင့္ ထိုင္ခုံတြင္ ထိုင္လိူက္ၿပီး သူ၏ေခါင္းကို ႏွိပ္နယ္ေနလိုက္သည္။ ေခါင္းကိုက္သည့္ေဝဒနာမ်ိဳးက ေသရည္ေသာက္ၿပီးတိုင္းျဖစ္တတ္သည့္ ျပသနာတရပ္ပင္။

" ဒါဆို ဒါေလးသုံးေဆာင္လိုက္ပါအုန္း။ လူႀကီးမင္းနဲ႔ ညက အတူေသာက္တဲ့ လူႀကီးမင္းက မွာထားေပးခဲ့တာပါ။"

" ေက်းဇူး။ သူေရာ...ျပန္သြားတာလား။"

"ဟုတ္ကဲ့။ လူႀကီးမင္းကို ဒီကိုလာပို႔ၿပီးေတာ့ ျပန္ထြက္သြားတာပါပဲ။"

စားပြဲထိုးေလးက ျပန္ကာထြက္သြားေလသည္။ က်ီခ်န္းက စားပြဲေပၚရွိ စြပ္ျပဳတ္ပန္းကန္လုံးထဲတြင္ရွိေသာ ဇြန္းျဖင့္ စြပ္ျပဳတ္ကိုေမႊလိုက္ရင္း

" အားရိုး...ငါ့ေခါင္းက...ေနအုန္း။ ငါညက မင္းသမီးခ်င္းယာကို...."

ညကအျဖစ္အပ်က္မ်ားသည္ ျမင္ကြင္းထဲတြင္ ႐ုတ္ခ်ည္းျပန္လည္ေပၚလာေလ၏။

" ေသပါၿပီ.....အ့....ပါးက..."

ပါးတစ္ျခမ္းနာက်င္မွုေၾကာင့္ အနီးနားရွိ ေၾကးမွုံမွန္တစ္ခ်က္ကို ၾကည့္လိုက္မိေလ၏။ ပါးတစ္ျခမ္းက အနည္းငယ္နီကာ ေရာင္ေနေလသည္။

" ငါ့ကို ထိုးသြားတာပဲ။ ေတာ္ေသးတယ္။ သူ႔ကိုဘာမွမလုပ္မိလို႔...."

က်ီခ်န္းက ရီလိုက္သည္။

" အရွင္က်ီခ်န္း....."

႐ုတ္တရက္ျပင္ပရွိ မိမိ၏အဆင့္ရာထူးကိုပါထည့္ေခၚေသာ အသုံးအႏွုန္းေၾကာင့္ ဤသည္က သူ၏လက္ေအာက္ခံ တပ္သားတစ္ေယာက္ပင္ျဖစ္ေခ်မည္။ ခ်ီရွန္းက တံခါးနားသို႔သြားလိူက္ၿပီး တံခါးကို ဆြဲဖြင့္ကာ

"ဘာျဖစ္လို႔လဲ။"

"အရွင္က်ီခ်န္းကို ဂါရဝျပဳပါတယ္။"

ထိုလူက သူ႔အားဂါရဝျပဳသည္။

"အင္း...သက္သာသလိုေန။ "

" အရွင္ခ်ီရွန္းက နန္းေတာ္ကိုအျမန္ျပန္လာခဲ့ဖို႔ အမိန္႔ထုတ္လိုက္ပါတယ္။"

"ဘာလို႔လဲ။ ငါတို႔ ညေနေစာင္းမွ ခရီးစထြက္မွာေလ။ ၿပီးေတာ့ ငါသူတို႔နဲ႔အတူမျပန္ျဖစ္ဘူးဆိုတာေျပာၿပီးသားပဲကို....တျခားကိစၥမ်ားရွိလို႔လည္း။"

"ဟုတ္ပါတယ္...အဲ့..အဲ့ဒါက..."

တြန္႔ဆုပ္၊ တြန္႔ဆုပ္လုပ္ေနေသာ ထိုလူအား က်ီခ်န္းက စိတ္မရွည္စြာေျပာလိုက္သည္။

"ဘာျဖစ္လို႔လဲ။"

" ကိုယ္လုပ္ေတာ္က်င့္ ညက ႐ုတ္တရက္ႀကီး ဆုံးသြားပါတယ္။"

"ဘာ......"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~




© Hnin Aung,
книга «Love, But Hurt (Season_3) The Last Begin».
Коментарі