Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 2
"ဟူး....ok ok...စိတ်ကိုအေးအေးထား။"

အန်းလုက သူ၏စိတ်ကိုတည်ငြိမ်အောင်အတတ်နိုင်ဆုံးထားလိုက်သည်။

"ခေါ်ထုတ်လာခဲ့လိုက်တော့။"

အန်းလုတွေးထင်ခဲ့သည့်အတိုင်း လူကြီးတစ်ယောက်က အခန်းထဲသို့ဝင်လာကာ သူ၏လူများကို အမိန့်ပေးလိုက်သည်။ အပြင်သို့အားလုံးနီးပါး ဆွဲထူတ်လာခံလိူက်ရသည်။ အယောက်သုံးဆယ်နီးပါးရှိသည့်ကျွန်များအနက် ဆယ်ယောက်ခန့်ကို  စင်ပေါ်သိူ့တိုက်ရိုက်ခေါ်ဆောင်ကာသွားလိုက်ပြီး  လေလံတင်ကာရောင်းချရန် စတင်လိုက်သည်။

ထိုဆယ်ယောက်တွင် အန်းလုလဲပါသည်။အန်းလုအပါအဝင် ယောက်ျားလေးလေးယောက်ခန့်ပါသည်။ အန်းလုကကျန်ကလေးများကိုတချက်ကြည့်လိုက်သည်။ အားလုံးက ငယ်ရွယ်ကြသည်။ ဆယ်ကျော်သက်အရွယ်များပင်။ ခေါင်းများကို ငုံ့ကာထားကြပြီး မိန်းကလေးငယ်များကတော့ အသံတိတ်ငိုနေကြသည်။

ဆယ်ပေနီးပါးကျ်ယဝင်သော ကျွန်ရောင်းသည့်စင်ကြီးသည် မြို့စျေး၏အလည်တွင်ထည်ထည်ဝါဝါတည်ရှိနေခဲ့သည်။ ဆယ်ဦးသောကျွန်များထဲမှ မိန်းကလေးတစ်ချို့ကို ထိုသူများကဆွဲယူကာ အတင်းစျေးခေါ်နေကြသည်။

ရောင်းသူဝယ်သူ သဘောတူလျင် ရောင်းဝယ်ရေးဖြစ်သည်။ ကျန်တာမလိုအပ်ပေ။ ငွေပေးသည်နှင့် ပစ္စည်း လည်းရမည်။

(ရှန်းရှန်း လာရင်တော့ ဒီလူတွေအကုန်လုံးကိုဖမ်းပြီးထောင်ချခိုင်းပစ်မယ်။)

"အ့...."

ရုတ်တရက်ပင် ထိုလူများထဲမှခေါင်းဆောင်က အန်းလု၏လက်အားတုတ်နှောင်ထားသော ကြိုးစကိုဆောင့်ဆွဲလိုက်ပြီး အရှေ့သိူ့တိုးလာစေလိုက်သည််။

"ကဲ့ ဒီပေါက်စလေးကိုရော။ ၅ပြါးကစမယ်။"

"ပေါက်စဟူတ်လား။"

အန်းလုက ထိုလူ၏စကားကိုမယုံသည့်ပုံစံဖြင့်ထိုသူကို​ေမ့ာကာကြည့်လိုက်သည်။အန်းလု၏အသက်က ၂၄ပင်ရှိနေချေလေပြီ။
သူ့ဘဝကလည်းရင့်ကျက်သင့်သလောက်ရင့်ကျက်ပြီးနေလေပြီမို့ သူ့အား ချီရှန်းကပင် ကလေးဟုခေါ်သည်ကိူသူသဘောမကျချေ။

"ခေါင်းကိုပြန်ငူံ့လိုက်စမ်း။မလောက်လေးမလောက်စားနဲ့။"

အန်းလု၏ခေါင်းအားထိုလူကြီးက အားဖြင့်ပြန်ဖိချလိုက်သည်။ အန်းလုက အနည်းငယ်နာသွားသော်လည်း မျက်စိကိုသာမှိတ်လျက် အံကြိတ်လိုက်သည်။ ဖိခံထားရသော ခေါင်းကိုသာ အနည်းငယ်လေးပင့်လိုက်ပြီး များပြားသော လူအုပ်ကြားထဲမှ အဖြူရောင်ဝတ်ရုံနှင့်လူကို သူစတင်ရှာဖွေလိုက်သည်။

ပထမဆုံးတွေ့ဆုံသည့် အချိန်ကိုသူမေ့စရာတော့မရှိချေ။ ပိုဆိုးသည်က ထိုလူသားသည်ကိုက ရောင်ဝါတောက်ပနေတတ်သည့်သူမျိုး။

(ရှန်းရှန်း ။ရှန်းရှန်း။ ဘယ်မှာလဲ။)

အန်းလုအတော်ကြာသည်အထိ ပတ်ပတ်လည်ကိုရှာဖွေလိုက်သည်။ အောက်တွင်လည်း စျေးအပြိုင်ပေးနေသူများက အော်ဟစ်နေလေ၏။

"၅၀....."

"၅၀ပါတဲ့။ ပိုပေးမဲ့သူရှိသေးလား။ ပိုပေးမဲ့သူရှိသေးလား။ မရှိတော့ရင်...ပိတ်..."

"ခေါင်းဆောင်...ခဏ..."

ထိုလူကြီးက ကြောညာရန်ဟန်ပြင်လိုက်သော်လည်း သူ၏လူတယောက်ကအမြန်ပင်တားကာ တီးတိုးဆိုနေကြသည်။ အန်းလုကို ဘေးတယောပ်ဖြင့်ချက်ချင်းလွှဲလိုက်လေသောကြောင့် အန်းလုတစ်ယောက် သူတ်ူ့မည်သည့်အကြောင်းအရာပြောနေကြသည်ကိုတော့ မကြားရချေ။

စကားဆုံးတော့ ခေါင်းဆောင်ဖြစ်သူက အနည်းငယ်မျက်လုံးပြူးသွားသည်။ သူကအန်းလုကို တစ်ချက်စောင်းကာ ခေါင်းအစခြေအဆုံးကြည့်လိုက်သည်။
ပြီးမှ လူအုပ်ဘက်သို့လှည့်ကာ

"ပြါး ၁၀၀နဲ့ လူတယောက်ကဝယ်လိုက်ပါပြီ။ အဲ့ထက်ပိုပေးနိုင်တဲ့သူရှိလား။"

"......"

ထုံးစံအတိုင်း အားလုံးကတိတ်ဆိတ်ကုန်ကြ၏။
အန်းလုက ပြုံးလိုက်သည်။ သူ၏ဘုရင်ကြီးနောက်ဆုံးတော့ သူ့ထံသို့ရောက်လာချေလေပြီ။

"သူ့ကိုခေါ်သွားလိုက်တော့။ အခန်းတစ်ခန်းထဲမှာပဲ ပိတ်ထားလိုက်။"

အန်းလုအား လူတယောက်ကာဆွဲခေါ်သွားလေသည်။ အန်းလူက လူအုပ်ထဲ၌သာ ချီရှန်းအားအဆက်မပြတ်ရှာဖွေနေသည်။ ရောင်းလိုက်ပြီးလျင် ချက်ချင်းလာယူရမည်လေ။ ယခုမူ ချီရှန်းနှသ့်တူသည့်လူမျိုးတယောက်တလေမျှမတွေ့ရချေ။

.......................

"မဟုတ်သေးဘူး ။ မဟုတ်သေးဘူး ။တစ်ခုခုတော့ထူးဆန်းနေပြီ။"

အန်းလုကို အခန်းတစ်ခန်းထဲသို့ထည့်ကာထားသည်။ ထိုအခန်းကအနည်းငယ်သာကျယ်ဝန်းပြီး ထိုင်ခုံတစ်ချိူ့နှင့်အတူ စားပွဲအပြင်တခြား ပရိဘောဂတစ်ချို့ပါရှိသည်။ အန်းလု၏စိတ်ကအနည်းငယ်ရှုပ်ထွေးကာနေသည်။ ယခုအချိန်တွင် ချီရှန်းနှင့်တွေ့ကိုတွေ့သင့်နေလေချေပြီ။ သို့သော်လည်း ယခုမူ အရိပ်အယောင်ပင်မမြင်ရသေးချေ။

အချိန်အတော်ကြာလေတော့ ထိုအခန်းထဲသိူ့နောက်ထပ် ယောက်ျားလေး ၅ယောက်၆ယောက်ခန့်ထပ်မံဝင်လာပြန်သည်။ ထိုယောက်ျားလေးများက သူတွေ့ခဲ့သည့် သူနှင့်အတူ ရောင်းစားခံရသည့်အဖွဲ့ဝင်များပင်။

ထိုကောင်လေးများကိုကြည့်ရသည်မှာ အတေယ်ပင် သံသယဖြစ်ဖွယ်ကောင်းလှသည်။ အားလုံးက ချောမောပြေပြစ်သည့်မျက်နှာပုံစံလေးများရှိကြသည်။ ကိုယ်ခန္တာကသာမာန်ထက်အနည်းငယ်ပိုသေးနေပြီး အစားသိပ်မစားခဲ့ရသည့်အတွက် ဖွံဖြိုးမှုကောင်းကောင်းရမခဲ့ကြပုံပင်။ မျက်နှာကျလေးများက မိန်းကလေးများကဲ့သို့ပင်။

အန်းလုက တံခါးပြန်ပိတ်သွားသည်နှင့် မတ်တပ်ကောက်ရပ်လိုက်သည်။

"မင်းတိူ့ကရော...."

ထိုထဲမှတယောက်ကဖြေလေ၏။

"သေ ချာနေတာပဲလေ။ ငါတိူ့ ယောက်ျားပြည့်တန်ဆာရုံကိုအပို့ခံရတော့မှာ။"

"........."

အန်းလုအပါအဝင် အားလုံးကဆွံ့အသွားကြသည်။ ထိုသို့ပြောလာသောကောင်လေးအနားသို့အားလုံးတိုးကပ်သွားကြပြီး အကြောင်းဆုံမေးမြန်းရန်ပြင်ကြလေတော့သည်။
အန်စလုသည်လည်း ထိုစကားဝိုင်းတွင် အသေအချာကိုပါဝင်မှဖြစ်ချေတော့မည်။
ထိုစကားကိုကြားလိုက်ပြီးနောက် အန်းလုထံတွင်ကြောက်စိတ်တို့က စတင်ဝင်ရောက်လယခဲ့လေချေပြီ။

"မင်း ငါတိူ့ကိုရှင်းပြပေးလို့ရမလား။"

အန်းလုကပဲစကားစလိုက်သည်။
ထိုကောင်လေးက သူ့ထံသို့ပတ်ပတ်လည်ဝန်းရံကာလာသော သူများကို တချက်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

"ကောင်းပြီ။ ငါလည်းကြားဖူးသလောက်ပဲ။

ငါက ဒီမြို့မှာပဲနေတာ။ ဟိူတလောက်မှ ငါ့မိဘတွေကဒီလူတွေဆီ ငါ့ကိုရောင်းလိုက်တာ။ ပြောရရင် ငါကရောင်းခိုင်းလိူက်တာ။ အဲ့တာက အကြွေးဆပ်ဖို့အမြန်ဆုံးနည်းလမ်းပဲ။ ပြီးတော့ ပြား၁၀၀နဲ့ ရောင်းခံရတဲ့ ကျွန်တိုင်းက ဆောင်ကြာမြိုင်ကိုရောက်တယ်။ ပြီးရင် မင်းတိူ့ဘဝကို တသက်လုံး သူများတစ်ကာကိုဖြော်ဖြေပြေးရပြီး သူတို့မကြိုက်တော့တဲ့အထိ အဲ့နေရာမှာ နေရတယ်။ မင်းကိုပြန်ဝယ်မဲ့သူက မင်းကိုရောင်းထား​တဲ့ငွေရဲ့ ဆယ်ဆနဲ့ ပြန်ဝယ်မှစာချုပ်ပျက်တာ။"

"မင်းက ဘာလို့အတိအကျပြောနိုင်ရတာလဲ။ဘာပဲဖြစ်ဖြစ် ငါတိူ့ကယောက်ျားလေးတွေလေ။ မိန်းကလေးတွေလို့ အပျော်မယ်ဖြစ်စရာမလိုပါဘူး။ "

"ဟားဟား ။ မင်းတိူ့မကြားဖူးလို့ပါ။
ချိုက်အန်းမှာ တရားဝင်ဆောင်ကြာမြိုင်တွေတောင်ရှိတယ်။ လူအိုကြီးတွေ အကြိုက်ပေါ့။"

အန်းလု၏တစ်ကိုယ်လုံးက တုန်တတ်လာလေတော့သည်။သူ့အတွေးတို့က ယောက်ယက်ခတ်နေလေ၏။ ထိုကောင်လေးပြောသည့်စကားများမှန်မမှန်ကိုတော့ သူသေချာတွေးတောရန်လိုအပ်နေသေးသည်။ လီချီရှန်း ယခုအချိန်ထိပေါ်မလာသေးသည်ကလည်း သံသယဖြစ်စရာပင်။

အန်းလု တချက်ကြည့်မိတော့ ကောင်လေးများက တယောက်က်ုတယောက်သာကြည့်နေကြသည်။ အားလုံးက အသက် ၁၄၊ ၁၅ ကျေယ်လောက်သာရှိချေအုန်းမယ်။ ပြောပြသည့်တယောက်ကတော့ ၁၇လောက်တော့ရှိချေလေမည်။ ဤသိူ့ဆိုလျင် အားလုံးထဲတွင် သူကအကြီးဆုံး။ အန်းလုကဘာပဲဖြစ်ဖြစ် ရင်ဆိုင်ရန်ဆုံးဖြတ်လိုက်သည်။

"ငါတိူ့လက်လွှဲအယူမခံရခင် ထွက်ပြေးကြရင်ရော။"

(အပြေးချန်ပီယံကြီးကသူ၏မိန့်ခွန်းကိုစတင်လိုက်သည်။)

အားလုံး၏အကြည့်ကသူ့ဆီသို့ရောက်ကာသွားတော့သည်။

"ငါတိူ့အားလုံး ယောက်ျားလေးတွေပဲလေ။ မင်းတိူ့ဆို ကလေးသာသာပဲရှိသေးတာ။ ဘဝကို သူတစ်ပါးကိုဖြော်ဖြေပေးရတဲ့ဘဝနဲ့ အဆုံးမသတ်ချင်ကြဘူးမလား။"

"ဒါဆို ခင်ဗျား မှာဘာအကြံအညာဏ်ရှိလဲ။"

အန်းလုကသူ၏​ခေါင်းကိုကူတ်လိုက်သည်။ ပြီးမှ ထိုကောင်လေးကိုသတိရသွားကာ

"အ..အခုလောလောဆယ် တော့မရှိသေးဘူး။
ဟို မင်းက သူတိူ့အကြောင်းကျွမ်းတယ်ဆိုတော့ ငါတိူ့ကိုကူညီပြီး စဥ်းစားပေးလို့ရမလား။"

"အမှန်အတိုင်းပြောရရင် စိတ်မဝင်စားဘူး ။
ဒီကိုကျုပ်သဘောနဲ့ ကျုပ်လာတာလေ။ ဘာကိစ္စ လွတ်အောင်လုပ်ရမှာတုန်း။ ကျုပ်တိူ့ထွက​်ပြေးရင် သူတို့က ကျုပ်မိဘတွေကိုသတ်မှာပေါ့။"

"အေး ဟုတ်သားပဲ။ ငါတယောက်ပဲ စိတ်အားထက်သန်နေတာ။"

ကျန်သူများကလဲခေါင်းညိမ့်ကြသည်။ အန်းလုကသူတိူ့ကိုကြည့်လေလေ၊ သနားလေလေဖြစ်လာလေတော့သည်။ အားလုံးက အရွယ်မရောက်သေးသောကလေးလေးများပင်။ ထိုရွံစရာကောင်းသောနေရာကြီးမှာသာ တစ်ဘဝလုံးနေသွားရလျင်တော့ဖြင့် ။
အန်းလုက ခေါင်းကိုခါပစ်လိုက်သည်။ နောက်ပိုင်းကိုသူဆက်မတွေးရဲပေ။

*ဝုန်း.......*

ရုတ်တရက်ပွင့်ကာလာသော တံခါးကြီးကြောင့်
အားလုံးအလန့်တကြားဖြစ်ကုန်ကြတော့သည်။
ထိုခေါင်းဆောင်ဖြစ်သူ၏လက်အောက်ငယ်သားများက ဗန်းများပေါ်တွင် စားကောင်းသောက်ဖွယ်တစ်ချို့သာ်ကာလာလေ၏။

အလည်တွင်ရှိသော စားပွဲဝိုင်းကြီးပေါ်တွင် အကုန်ချလိုက်ပြီးနောက်

"ကဲ...အားလုံး စားစရာတွေ။ မင်းတို့ဒီအတောအတွင်း ကောင်းကောင်းမစားခဲ့ရဘူးဆိုတော့ ငါက သနားလို့ကျွေးတာ။ အဝသာစားကြ။"

ကောင်လေးများက ချက်ချင်းပင်ခုံနေကာတွင်ထိုင်လိုက်ကြပြီး ထိုအစားအသောက်များကို ယူစားနေကြသည်။ အန်းလုတိူ့ကိုပြောပြသည့်ကောင်လေးကလည်း ခုံတွင်အေးဆေးစွာထိုင်လိုက်ပြီး အသားတစ်ချို့ကိုယူစားလိုက်သည်။
အန်းလုကမူ ထိုနေရာတွင် ရပ်ကာနေမြဲ။
သူကထိုလူများကို မသင်္ကာသည့်မျက်လုံးများဖြင့်ကြည့်ကာမေးလိုက်သည်။

"ကျူပ်တို့ကို ဘာလုပ်ဖို့တွေးထားတာလဲ။"

ခေါင်းဆောင်ဖြစ်သူက အန်းလုကိုကြည့်ကာဖြေသည်။

"မင်းတို့ကို ဝယ်ထားပြီးသားလေ။ ဒါကလည်းသူကျွေးတာ။ စားနိုင်တုန်းစားထားကြ။ သူဘာလုပ်မလဲဆိုတာ သူပဲသိမှာ။ တစ်သက်နဲ့တကိုယ်အသားမစားဖူးတဲ့ ဆင်းရဲသားမျိုးမစစ်လေးတွေ။ဘယ်ကျွန်မှဒီလိုအခွင့်အရေးမရသင့်ဘူး။"

ထိုလူများက ပြောပြီးနောက်ချက်ချင်းထွက်သွားကြလေတော့သည်။အန်းလုက လွတ်နေသေးသော ထိုင်ခုံတစ်နေရာတွင် ဝင်ထိုင်လိုက်သည်။ ကြည့်ရသည်မှာ သူလည်းနောက်ထပ်တစ်ခါအသက်၁၈အရွယ်ကို ရောက်ပြန်ပြီထင်သည်။

သူဒီကလွတ်မှကိုဖြစ်ချေမည်။ ချီရှန်းကိုသူရှာရမည်။ ချီရှန်းကအမှန်တကယ်ပဲဤနေရာသို့မလာပါလျင် သူရှိရာသိူ့ သွားရလိမ့်မည်။ သူ့နှင့်တွေ့ပြီးမှသာ အကြောင်းစုံသေချာသိခွင့်ရလိမ့်မည်။
ပို၍ဆိုးသည်က မိမိနေထိုင်သည့်ကမ္ဘာတွင်လည်း ချီရှန်းတယောက်ရှိနေသေးခြင်းပင်။

"အဟွတ်...အဟွတ်...အဟွတ်....အဟွတ်..."

အန်းလုကပေါက်စီတစ်လုံးကိုလှမ်းကိုင်လိုက်စဥ်တွင်ပဲ ပတ်တပ်တလည်ရှိ ကောင်လေးများအားလုံး ချောင်းအဆက်မပြတ်ဆိုးလာကြသည်။
အန်းလုက စိတ်ပူသဖြင့် ထိုပေါက်စီကိုပြန်ချလိူက်ပြီး သူနှင့်အနီးဆုံးရှိကလေးအား ဖေးမရန်ပြင်လိုက်သည်။.

သူ၏လက်ပင်မရောက်လိုက်ပါချေ။ စားပွဲဝို်ငးပတ်ပတ်လည်ရှိလူများအားလူံး သွေးများအန်ထွက်လာကြလေတော့သည်။ အရွယ်ပိုကြီးသောကောင်လေးက ချက်ချင်းထကာအော့လေတော့သည်။

"အစားအစာ တွေမှာ အဆိပ်တွေ။ အဆိပ်တွေ ဖြူးထားတယ်။"

ထိုကောင်လေးလဲ ချက်ချင်းပင် ဘုန်းကနဲ လဲကျလေ၏။ ကျန်ကလေးများက အစဦးကတည်းက စားသောက်ထားကြသောကြောင့် အကုန်လုံးထိုင်ခုံပေါ်မှတစ်ဆင့်မြေပြင်ပေါ်သိူ့ လဲကျလေတော့သည်။

အန်းလုက မြေပြင်ပေါ်ပြုတ်ကျသွားတော့ကလေးတယောက်အား မလိုက်သည်။ ထိုကလေးက အသက်မရှိတော့ချေ။ ပါးစပ်တစ်ဝိုက်တွင် သွေးများက စီးကာကျနေလေ၏။

"ပြေးတော့...ပြေး...တော့...."

အန်းလုအား အသက်ပိုကြီးသော ကောင်လေးက သတိပေးလိူက်သည်။ ထိုကောင်လေး​ကအနည်းငယ်ပဲစားရသေးသောကြောင့်ဖြသ်နိုင်လောက်သည်။ သူကအသက်ငွေ့ငွေ့တော့ကျနေ​သေးသည်။ အန်းလုက လက်ထဲရှိကောင်လေးအားချလိုက်ပြီး အသက်ငွေ့ငွေ့ကျန်နေသေးသော ကောင်လေးကို ပွေ့လိုက်ကာ ကုန်းပိုးရန်ပြင်လိုက်သည်။

"ကျုပ်ကသေတော့မှာ။ ..ကိုယ့်...ဘာသာကိုယ်သာပြေးတော့။ ကျုပ်ကိုယ်စား ......ကျုပ်မိဘတွေကိုသာ......နှုတ်... နှူတ်ဆက်တယ်လို့ပြောပေးပါ။ ကျုပ်ကိုရောင်းစားလိုက်ရလို့လဲ....... စိတ်မကောင်းမဖြစ်ကြပါနဲ့လို့။ ကျုပ်......​ေကျနပ်ပါတယ်လိူ့..."

ထိုကောင်လေးကအန်းလုကိုပြုံးကာပြောလိုက်သည်။စကားသံများက သိပ်တော့အဆင်မပြေချေ။ တခဏနေတော့ ထိုကောင်လေးပါ ငြိမ်ကြသွားလေတော့သည်။

"ဟေ့ကောင်လေး...ထ...မင်းငါ့ကို ဝန်တွေမထမ်းခိုင်းနဲ့။ မင်းမိဘတွေကိုမင်းဘာသာပြော။ အခုထ...အား......"

အန်းလုက မျက်ရည်များစီးကျလာကာအော်ဟစ်ပစ်လိုက်သည်။ သူ၏ဘေးတစ်ဖက်စီတွင် အတုံးအရုန်းသေဆုံးနေကျသော ကောင်လေးများက နေရာယူနေလေ၏။

*ဝုန်း....*

ထပ်မံပြီး ထိုတံခါးကြီးက ပွင့်လာလေပြီ။
အန်းလုက ထိုကောင်လေးကပွေ့ပိုက်ကာထားဆဲပေ။ တံခါးဝကိုကြည့်မိတော့ ခေါင်းဆောင်ဆိုသည့်သူက သူ့အားကျေနပ်ပြုံးပြုံးကာကြည့်နေလေသည်။

အန်းလု၏အမြင်အာရုံက ဝေဝါးကာလာလေ၏။ ထိုသူကိုကြည့်နေရင်းပင် ဘေးတွင်နောက်ထပ်လူတယောက်ကို သူတွေ့ရသည်။ နှင်းတမျှဖြူစွတ်နေသော ဝတ်ရုံဖြူကို ဝတ်ဆင်ထားသော ထိုလူက အန်းလုကို ကြည့်နေလေ၏။

အန်းလုက ကြမ်းပြင်ထက်တွင်လဲကျကာ ထိုလူကိုဘေးစောင်းအနေအထားနှင့်ပင် မြင်ကွင်းတိူ့ဝေဝါးလျက်ကြည့်နေသည်။

"ရှန်း...ရှန်း လား....."

"ဒီတယောက်ဆို အဆင်ပြေပါလား။"

ခေါင်းဆောင်ဖြစ်သူက ထိုဝတ်ရုံဖြူနှင့်လူအား ဂါရဝပြုကာမေးလိုက်သည်။

"အင်း....ခေါ်လာခဲ့လိုက်တော့။"

~~~~~~
© Hnin Aung,
книга «Love, But Hurt (Season_3) The Last Begin».
Коментарі