Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 23
"အန်းလု....."

"ဘယ်သူလဲ!"

"ချီအန်းလု.....အန်း...လု....အန်းလု...."

"ဘယ်သူလဲ။ ဘယ်သူလဲလို့...."

အရာအားလုံးက အခိုးငွေ့တို့ ရစ်သိုင်းနေသော ပတ်ဝန်းကျင်ကဲ့သို့ ပိတ်မှောင်နေလွန်းသည်။ အဖက်ဖက်မှ အသံတို့ကိုကြားရသော်လည်း ထိုအသံ၏ မူလနေရာကို ရှာဖွေ၍မရနိုင်ချေ။

အန်းလုက တဖက်မှ မိမိ၏အမည်ကိုခေါ်သံအားကြားလိုက်ရသောကြောင့် လှည့်ကြည့်လိုက်လျင်ပင် ထိုနေရာ၌ မြူခိုးအငွေ့များမှ တပါးမည်သည့်အရာကိုမျှ မတွေ့ရချေ။ အန်းလု၏ ပတ်ပတ်လည်က အခိုးအငွေ့များများဖြင့်ပြည့်နှက်ကာနေသော်လည်း သူ၏ ဦးခေါင်းအပေါ်တည့်တည့်တွင်တော့ ထူးဆန်းစွာပင် အဖြူရောင် အလင်းရောင်တန်းတစ်ချို့ ဖြာကျနေလေသည်။

အန်းလု၏ အသက်ရှုသံက အနည်းငယ်မြန်နေလေပြီး တစ်ဦးတည်းသာရှိနေသော နေရာကဲ့သို့ပင် တချက်တချက်ထွက်လာသော မိမိ၏အမည်ကိုခေါ်သံမှတစ်ပါး ကျန်အချိန်များတွင် အပ်ကျသံပင်ကြားနိုင်လောက်သည်အထိ တိတ်ဆိတ်နေလေ၏။

အမည်နာမအား ခေါ်နေသောထိုထူးဆန်းသည့် အသံမှာ အတော်ကြာသည်အထိ ထပ်မံ၍ပေါ်ထွက်လာခြင်းမရှိတော့ချေ။ အန်းလုက မိမိရပ်ကာနေသော အလည်ဗဟိုမှရေီ့သို့တစ်လှမ်းလှမ်းရန် ပြင်လိုက်စဥ်တွင်ပဲ ရုတ်တရက်သူ၏ ရှေ့တွင်ပိတ်လှောင်ကာထားသော အခိုးအငွေ့များသည် ပျောက်ကွယ်ကာသွားလေတော့သည်။ ရှင်းလင်းပြတ်သားလာသော ပတ်ဝန်းကျင်ကို ကြည့်မိလေတော့ ကျောက်သားနံရံများဖြင့် တည်ဆောက်ကာထားသော အခန်းတစ်ခုပုံစံဖြစ်နေလေသည်။ သို့သော်လည်း ထိုအခန်းသည်က အတော်ပင်ကျယ်ဝန်းပြီး နံရံများတွင် စိုက်ထူကာထားသော မီးတိုင်များမှ အပဘာဆိုဘာမျှမရှိချေ။

မီးတိုင်များက ရုတ်ချည်းတောက်လောက်လာပြီး အခန်းကိုအလင်းရောင်တောက်ပလာစေသည်။ အန်းလုက သူ၏ ရှေ့တွင်ပင် မီးစာထွန်းစရာမလိုပဲ တောက်လောင်သွားသော ထိုမီးတိုင်များအား တအံ့တသြကြည့်နေမိရင်း သူ၏ အကြည့်တို့က ရှေ့တည့်တည်တွင်ရှိနေသော အရာအားသတိပြုမိသွားသည်။

ကုတင်တစ်ခုသဖွယ်ဖြင့်ထွင်းထုထားသော ဆယ်ပေပတ်လည်ခန့်ရှိသည့် ကျောက်ဖျာကြီးတစ်ခုရှိသည်။ ထိုဖျာပေါ်တွင် နက်မှောင်ကာနေသော သစ်သားဖြင့်ထွင်းထုကာထားသည့် အခေါင်းတစ်ခုရှိနေသည်။ ထိုအခေါင်း၏ အဖုံးသည် ထက်ဝက်ခန့်ပွင့်ကာနေပြီး မီးရောင်တို့က ထိုကျောက်ဖျာပတ်ပတ်လည်တွင် ပို၍တောက်ပစွာ တောက်လောက်နေကြသည်။

"အထဲမှာတစ်ခုခုရှိနေတာလား။"

အန်းလု၏ခြေလှမ်းတို့က တဖြည်းဖြည်းချင်းပင် ထိုနေရာသို့ လှမ်းလာခဲ့မိသည်။ အထဲတွင်ရှိသော တစ်စုံတစ်ခုကို စူးစမ်းမိချင်သည့်စိတ်ကမည်သို့မျှ တားဆီးမရနိုင်လောက်အောင်ပင် ထိုးထွက်နေကြလေ၏။

"ဒါ....ဒါက...."

ထိုအရာကိုမြင်လိုက်သည့်တစ်ခဏအန်းလု၏ တစ်ကိုယ်လုံးက ပူထူကာသွားလေ၏။ အန်းလုက ထိုခေါင်းတလားထဲရှိ အရာကိုကြည့်ရင်း သူ၏ နှုတ်ခမ်းပါးတို့ကိုပင် လက်ဖြင့်အုပ်ကာ မအော်မိစေရန်ကြိုးစားလိုက်သေးသည်။

ခေါင်းတလားထဲတွင် လဲလျောင်းနေသော အရာသည်က လူတစ်ယောက်ပင်။ ထိုလူ၏ပုံစံက ငြိမ်းချမ်းစွာ အိပ်မောကျနေသည့် သူတစ်ယောက်နှယ် ကြည့်ရသည်မှာ အေးချမ်းလွန်းလှပြီး မည်သည့်နောင်တရစရာကိုမှ တွယ်ကပ်မနေတော့သည့်နှယ် စိတ်အေးစွာအိပ်စက်လဲလျောင်းနေသည့် ပုံသဏ္ဍာန်ပေါ်နေလေ၏။ သူ၏ လက်နှစ်ဖက်လုံးက သူ၏ဝမ်းဗိုက်ပေါ်တွင် ယှက်ကာတင်ထားသည်။အပြာနုရောင်ဝတ်ရုံရှည်ကိုဆင်မြန်းပေးထားပြီး သူ၏ဆံနွယ်များက ဖရိုဖရဲဖြစ်နေခြင်းမျိုးလုံးဝမရှိချေ။ သို့သော်လည်း ထိုသူသည် မလှုပ်မယှက် ၊ ငြိမ်သက်နေသည့်အပြင် အသက်ရှုခြင်းမျိုးပါရှိမနေသည့် သူတစ်ယောက်ဖြစ်သည်။

"ဒါ....ဒါက...ငါ...ငါမလား။"

အန်းလုက ခေါင်းတလား၏ဘောင်ကိုပင်လက်ထောက်လိုက်ရင်း အထဲရှိသူ၏မူလကိုယ်ခန္တာအား သေချာစွာဆိုက်ကြည့်နေသည်။ သူ၏လက်က ထိုခန္တာကိုယ်ကို ထိကိုင်ရန်လှမ်းလိုက်သော်လည်း မဝံ့သောကြောင့် ပြန်ကာရုတ်လိုက်သည်။

(ရှန်းရှန်း ပြောတာကိုသိပေမဲ့ ဒီလိုကြီးမြင်လိုက်ရတာက....)

အန်းလုက ထပ်မံကာထိတွေ့ရန်ကြိုးစားလိုက်သည်။ သူ၏မူလ ကိုယ်ခန္တာ၏မျက်နှာနားအား သူ၏လက်ကိုလှမ်းလိုက်စဥ်တွင်ပဲ ရုတ်တရက်ထိုခန္တာကိုယ်သည် ပျောက်ကွယ်ကာသွားလေတော့သည်။

"......"

ထိုခေါင်းတလားထဲတွင် မည်သည့်အရာမျှရှိမနေပါတော့ချေ။

"အထိန်းအသိမ်း ကောင်းတယ်မလား။"

"ဘယ်သူလဲ။ "

ရုတ်တရက် အနောက်ဘက်မှပေါ်ကာလာသောအသံကြောင့် အန်းလုကနောက်ဘက်ကို အမြန်လှည့်လိုက်သည်။ ထိုအသံက အစောပိုင်းကသူ၏ အမည်ကိုခေါ်သောသူ၏ အသံနှင့် ထပ်တူကျကာနေ၏။

"မင်းက...."

သူ၏ရှေ့တွင် နီညိုရောင်ဝတ်ရုံရှည်ကိုခေါင်းထိပ်ထံလုံအောင်ခြုံထားသော ထိုလူအားတွေ့ရသည်။ စျေးတန်းထဲတွင်တွေ့ခဲ့သော သူတစ်ယောက်၏ပုံစံနှင့် ထပ်တူညီကာနေသောကြောင့် အန်းလုက ရေရွတ်လိုက်သည်။

" စျေးတန်းထဲမှာတုန်းက တွေ့တဲ့ထူးဆန်းတဲ့သူပဲ။"

ထိုသူက ခနဲ့သည့် အသံမျိုးပြုပြီးနောက် သူ၏ခေါင်းပေါ်တွင် ခြုံကာထားသော ခြုံလွှာအား ခေါင်းပေါ်မှနေ၍ နောက်ဘက်သို့ လှမ်ချလိုက်သည်။ ငုံ့ကာထားသော သူ၏ခေါင်းအား တဖြည်းဖြည်းချင်း မော့ကာလာရင်း အန်းလုကိုလှမ်းကြည့်လိုက်သည်။

အန်းလုက ထိုသူ၏မျက်နှာအမူအရာကိုအတော်ပင်သိချင်နေတာမို့ သူ၏မျက်လုံးများကိုပင် မှေးကျဥ်းကာ အားစိုက်၍လှမ်းကြည့်နေမိသည်။

"မင်း...မင်းက....ရှန်းရှန်းနဲ့ရုပ်ချင်းဆင်တယ်။"

အန်းလုကထိုလူအား လက်ညိုးထိုးက စကားသံတို့ခပ်ထစ်ထစ်ဖြင့်ပင်ပြောသည်။ သို့သော်လည်း ထိုသူ၏ပုံစံက အတော်ပင်ငယ်ရွယ်ပုံပေါက်နေပြီး အန်းလုနှင့်ပင်တန်းတူအရွယ်တွင်ရှိလိမ့်မည်ဟု ခန့်မှန်းရလောက်သည်။ ချောမောကာ တည်ကြည်သောမျက်နှာအနေအထားရှိပြီး ချီရှန်းနှင့် အမှန်တကယ်ကိုပင် မတိမ်းမယိမ်းတူညီနေသည်။ ကြည့်လျင်ပင် လီချီရှန်း၏ဆယ်ကျော်သက်ဘဝက ပုံစံမျိုးဟုပင် ထင်မှတ်မှားရလောက်ပေသည်။ သူ၏ဆံနွယ်များက ထူးဆန်းစွာပင် နီညိုရောင်သန်းနေလေ၏။ မျက်ဝန်းအိမ်ရှိမျက်ဆံတို့သည်လည်း နီညိုရောင်ရှိကာ တောက်ပနေသည်။ ထိုသူက အန်းလု၏အနားသို့ဖြည်းဖြည်းချင်းလျောက်ကာလာသည်။

သုံးလှမ်းခန့်အကွာလောက်တွင် ရပ်လိုက်ပြီး အန်းလုကိုစူးစိုက်လျက်ကြည့်သည်။

"ငါတို့က ညီအကိုတွေ"

"ညီ......ညီအကိုတွေ....ဘယ်သူနဲ့လဲ။"

"လီချီရှန်းဆိုတဲ့ကောင်လေးနဲ့လေ။"

"ဗျာ ......ရှန်းရှန်းက တစ်ဦးတည်းသောသားပါ။ မွေးချင်းညီတစ်ယောက် ရှိတယ်ဆိုတာ...မဖြစ်နိုင်တာ။"

ထိုလူက အန်းလု၏ နှဖူးထိပ်အားလက်ဖြင့်တောက်လိုက်သည်။

"အ့... ဘာလို့ နှဖူးတောက်တာလဲ။"

အန်းလုကသူ့နှဖူးသူပွတ်ရင်းပြောလိုက်သည်။ ထိုသူက အန်းလုထက် အနည်းငယ်သာအရပ်မြင့်သည်။

"ငါက သူ့ညီဖြစ်စရာလား။ ငါသူ့ထက်အသက် ၅၀၀ ကျော်ကွာတယ်။"

"ဗျာ...မဖြစ်နိုင်တာ။ ခင်ဗျားအသက်ကအခုမှ အလွန်ဆုံးရှိ ၂၂ , ၂၃လောက်ပေါ့။"

ထိုလူကသူ၏နှဖူးသူပြန်ရိုက်ချလိုက်တော့သည်။

"ဟူး...ငါရှင်းပြမယ်။ ငါရှင်းပြမယ်။ မဟုတ်ရင် ငါယူထားတဲ့အချိန်နဲ့ဆို မင်းနှစ်ရက်လောက်သေနေရလိမ့်မယ်။"

" မင်း ရှန်ကျိနတ်သမီးကိုသိမှာပေါ့။"

"ဟင့်အင်း၊ မသိဘူး။"

"........"

ထိုသူကပြောစရာစကားပင်ပျောက်ရှကာသွားလေတော့သည်။ သူ့အား အူကြောင်ကြောင်ပုံစံဖြင့်ကြည့်ကာနေသော အန်းလုကို ကြည့်လိုက်ပြီးနောက် သက်ပြင်းချရပြန်သည်။

" လီချီရှန်းရဲ့ မိခင်အရင်းကိုပြောတာ။ သိပြီလား။"

"အော်....ရှန်းရှန်းရဲ့မယ်တော်လား။ သူနဲ့ကဘယ်လိုပတ်သတ်..."

"ငါက သူ့ရဲ့မွေးစားသားပဲ။ လွန်ခဲ့တဲ့နှစ်၅၀၀ ကေျာ်လောက်က သူမရဲ့ ကောင်းချီးပေးခြင်းကိုခံရတဲ့ ကလေးတယောက်။ ကောင်းချီးပေးခံရပြီးတဲ့နောက်မှာ သူမနဲ့ငါက သွေးသားတော်စပ်မှုဖြစ်အောင် သူမကလုပ်ဆောင်ပေးခဲ့တယ်။ အဲ့ဒီနောက်မှာ ငါရဲ့ပုံသဏ္ဍာန်ကတဖြည်းဖြည်းသူမနဲ့ တူညီလာတယ်။ ငါ့အသက် ၁၉ နှစ်အရွယ်မှာ ငါ့ရဲ့အသက်အရွယ်ကြီးထွားမှုကရပ်တန့်သွားပြီး မသေနိုင်တဲ့နတ်တပါးဖြစ်လာခဲ့တယ်။ အခု လီချီရှန်းဆိုတဲ့ ကောင်လေးက ရှန်ကျိနတ်သမီးရဲ့ သွေးသားရင်းချာဖြစ်တာကြောင့် သူက သူမနဲ့တူညီတဲ့ မျက်နှာပုံစံမျိုးရှိနေတယ်။ ဒါ့ကြောင့် ငါတို့နှစ်ယောက်က တူညီနေကြတာ။

သူမက သူမရဲ့သားကိုအတော်လေးကိုချစ်ခင်ခဲ့တယ်။ သူမ မလုပ်သင့်တဲ့ စည်းကမ်းချက်တွေတော်တော်များများကို ချိုးဖောက်ပစ်ခဲ့တယ်။ သူမရဲ့ချစ်ရသူနဲ့နေနိုင်ဖို့ လူပုံစံဖန်ဆင်းပြီး လူသားနဲ့အတူနေထိုင်ခဲ့တဲ့အပြင် သူမက လူသားကလေးတစ်ယောက်ကိုပါမွေးဖွားခဲ့သေးတယ်။

ကောင်းကင်ဘုံက အတော်ကိုအမျက်ဒေါသထွက်နေတဲ့အချိန်မှာတောင် သူမက သူမရဲ့သားအတွက် မင်းကိုဆင့်ခေါ်ခဲ့သေးတယ်။ နောက်တော့ မင်းကိုရော သူ့ကိုပါ မင်းတို့ရဲ့ကမ္ဘာလောကကို ပြန်ပို့ပေးပြန်တယ်။ သူမရဲ့အပြစ်တွေက ဆက်တိုက်ကိုကျူးလွန်နေခဲ့တာမို့ အားလုံးပြီးသွားတဲ့နောက်မှာ သူမကကောင်းကင်ဘုံရဲ့ရာဇဝတ်သားတစ်ယောက်အဖြစ် ကြေညာခြင်းကိုခံလိုက်ရတယ်။ သူမရဲ့ နတ်စွမ်းအင်တွေအကုန် တစ်စစီဖြိုချခံလိုက်ရတယ်။ မင်းနောက်ကိုကြည့်လိုက်"

အန်းလုက နားထောင်နေရင်းပင် ထိုလူပြောသောစကားကြောင့် နောက်ဘက်ကပြန်လှည့်ကြည့်လိုက်သည်။ ခေါင်းတလားထဲတွင် နောက်ထပ်လူပုံသဏ္ဍာန်တစ်ခုပေါ်ကာလာလေ၏။ ဤသည်က အမျိုးသမီးတစ်ဦးပင်။ အန်းလုတွေးမိသည့် လက်ရှိအနေအထားများအရ သူမက ချီရှန်း၏ မိခင်ဖြစ်ပုံပေါ်သည်။ သို့သော်လည်း ငြိမ်သက်စွာလဲလျောင်းနေသော သူမ၏ကိုယ်ခန္တာပုံစံက အခိုးအငွေ့ပုံစံမျိုး ပျံလွှင့်ကာနေချင်သည်။ သူမ၏ကိုယ်က ထူးဆန်းစွာပင် ဖောက်ထွင်းမြင်နေရ၏။ အန်းလု၏နောက်တွင်ရှိနေသောလူက အန်းလုဘေးသို့ရောက်ကာလာသည်။

"မင်း သူမကိုသိမှာပါ။"

"ရှန်းရှန်းရဲ့မယ်တော်။"

အန်းလုကရေရွတ်လိုက်တော့ သူကခေါင်းငြိမ့်သည်။

"အင်း....

သူမရဲ့ခန္တာကိုယ်ကမရှိတော့ဘူး။ ဒါကသူ့ရဲ့နတ်စွမ်းအင်ဝိညာည်သက်သက်ပဲ။ သူမက နတ်သက်ကြွေဖို့ကိုရွေးချယ်ခဲ့ပေမဲ့ ငါကတော့ သူမကိုပြန်ကယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ပြီးတော့...."

ထိုလူက အန်းလုကိုသူနှင့်မျက်နှာချင်းဆိုင်စေလိုက်သည်။

"မင်းအရမ်းကိုသိချင်နေတဲ့ ကိစ္စကိုငါပြောပြမယ်။"

"....."

"မင်းတို့ကို ပြန်ဆင့်ခေါ်လိုက်တဲ့လူက ငါပဲ။"

~~~~~~~~~~~~~~~~~~~~~~~~
© Hnin Aung,
книга «Love, But Hurt (Season_3) The Last Begin».
Коментарі