Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 37
ရက်အချို့ကြာမြင့်ခဲ့ပြီ။ ချီရှန်းဟာ ယုံးယွမ်ကိုညည့်နက်သည့်အချိန်မှသာ ရောက်ကာလာသည်။ အန်းလုသည်လည်း အဖွက်ခံထားရသည့် သူတစ်ယောက်ပေမို့ အပြင်သို့ထွက်ရန်ပင်စိတ်ကူးမရှိခဲ့ချေ။ သို့သော် ချီရှန်းနှင့်မတွေ့ရသော အချိန်များက အလွန်ပင်ပျင်းရိစရာကောင်းလွန်းသည်။

အားလော့က အစားအသောက်များကို အချိန်မှန်လာပို့ပေးနေသော်လည်း ဤသည်က ထောင်ကျနေသည့်ခံစားချက်ပင်။ ဘယ်ကိုမှ မသွားရသလို ဘယ်ကိုမှလည်း မစူးစမ်းရ။ ပိုဆိုးသည်က အန်းလုတယောက်ဆံထိုးအကြောင်းဟလိုက်သည်နှင့် ချီရှန်းသည် စကားလမ်းကြောင်းလွှဲလေ့ရှိသည်။

အန်းလုက တချို့သောအကြောင်းအရာများကိုတွေးတောကာနေ၏။

"ရှန်းရှန်းက ဘာလို့မသိချင်ယောင်ဆောင်နေရတာလဲ။"

* ဒေါက်...ဒေါက်...*

"လော့လော့လား။"

ပြင်ပမှတံခါးခေါက်သံကြားရတာကြောင့် အန်းလုကအပြေးသွားဖွင့်သည်။ ဤအချိန်သည်ကလည်း အားလော့ နေ့လည်စာလာပို့သည့်အချိန်ဖြစ်သဖြင့် အားလော့မှန်းသေချာသိသည်။

"နေ့လည်စာ လာပို့တာပါရှင့်။"

အားလော့က ဟင်းပွဲတစ်ချို့နှင့် ထမင်းပန်းကန်လုံးတို့ထည့်ကာထားသော ကြိမ်ခြင်းတောင်းလေးအားမြှောက်ကာပြရင်းဆိုသည်။

" ဝင်ခဲ့...ဝင်ခဲ့။"

အထဲသို့ နှစ်ဦးသားပြန်ဝင်လာပြီးတဲ့နောက်မှာ အန်းလုက စားပွဲခုံဘေးရှိ ထိုင်ခုံတစ်ခုစီတွင်ထိုင်လိုက်သည်။ အားလော့ ခြင်းတောင်းအား စားပွဲပေါ်တွင်ချလိုက်ပြီး အထဲရှိ ဟင်းပွဲတစ်ချို့ကိုထုတ်ကာနေသည်။ အန်းလုက အားလော့၏ ခေါင်းအစခြေအဆုံးအား အကဲခတ်နေ၏။ အတော်ကြာမှ အားလော့က သတိထားမိသွားပြီး အန်းလုကိုကြည့်ကာမေးသည်။

" ဘာဖြစ်လို့ကြည့်နေတာလဲ။ ကြည့်ရဆိုးနေလို့လား။"

" လော့လော့...နင်မှတ်မိသေးလား။ ငါနန်းတွင်းကိုဝင်တုန်းက ပုံစံကိုလေ။"

" ခိ....မမှတ်မိပဲနေမလား။"

အားလော့က ရယ်လေ၏။ သူမက ရယ်လျက်ပင်ဆက်ပြောလာသည်။

" အဲ့တုန်းက နင်မိန်းကလေးအဝတ်အစားနဲ့လေ။ ဒါပေမဲ့ နင်ကလှပါတယ်။ နေအုန်း...အခုကဘာလူပ်ဖို့တွေးနေတာလဲ။"

အားလော့၏ မျက်လုံးအကြည့်က တဖြည်းဖြည်းကျည်းကာ အန်းလုကိုစူးစိုက်ကြည့်လာ၏။ အန်းလုက လက်ဖြောက်တီးလိုက်ရင်း

" ဟဲဟဲ...သဘောပေါက်တယ်မလား။ ဒါဆို နင့်အဝတ်အစားတစ်ချို့ ငါ့ကိုခဏငှား။"

" အန်းလု....မဟုတ်တာတွေ။ နင့်ကိုတယောက်ယောက်တွေ့သွားရင် ဘယ်လိုလုပ်မလဲ။"

" အဲ့တာကြောင့် မိန်းကလေးလို ဝတ်မှာလေ။ မပူပါနဲ့။ ငါ့ကို နင့်ရဲ့အရှင်မင်းကြီးကတောင် အမှတ်မိနိုင်ပါဘူး။"

"........."

............................

" Ok...Ok...ပြည့်စုံပြီ။"

အန်းလုက နံရံပြင်တစ်ခုအကွယ်မှနေ၍ ဝူရှဲ့အဆောင်ကို လှမ်းကာကြည့်နေသည်။ ကိုယ်ခန္တာကို ပြန်ကပ်လိုက်ရင်း ရင်ဘတ်ရှိ ဖောင်းကြွကာနေသော အရာအား ဘေးနှစ်ဖက်မှနေ၍ တွန်းကာနေရာတကျဖြစ်စေ၏။ ဆံနွယ်အား အပေါ်တစ်ဝက်ခန့်အ ကျစ်ဆံမြှီးတို့ကျစ်ကာခွေလျက် ဆံထုံးထုံးပြီး ကျန်တစ်ဝက်ကိုဖားလျားချကာထားသည်။  မျက်နှာခြေတို့ ခပ်ပါးပါးပုတ်ကာ လိမ်းခြယ်ကာထားသော မျက်နှာပြင်က တကယ်ကို မိန်းကလေးတယောက်အသွင်ပင်။ ရှေ့တွင်တော့ မတိုမရှည်ဆံနွယ်လေးများအား ချကာထားသည်။

အန်းလုက အောက်ဘေးနားတွင်ချကာထားသော မုန့်ဗန်းအား ကောက်ယူလိုက်ပြီးနောက် ဝူရှဲ့အဆောင်ဘက်သို့ လျောက်ကာလာတော့သည်။ သူ၏ပါးစပ်က ခပ်တိုးတိုးရွတ်နေပါသေး၏။

" ရှန်းရှန်း တစ်ခုခုကိုတော့သိထားပြီးလိမ့်မယ်။"

ခပ်သွက်သွက်လျောက်ကာလာသော ခြေလှမ်းတို့က ရှည်လျားသောဝတ်ရုံစကပ်စရှည်ကြောင့် ထိုအစကိုခြေထောက်ပင် တတ်နင်းမိကာချော်လဲပါလေတော့သည်။

" အမေ့......"

သယ်လာသောလင်ဗန်းနှင့်အတူ မုန့်များသည်လည်း လေပေါ်သို့ပဲ အဝဲလည်လည်မြောက်ကာသွားကြတော့၏။ ချော်လဲပြီမှန်းသိသော အန်းလုက သူ၏မျက်စိကိုသာစုံမှိတ်ထားလိူက်တော့သည်။

သို့သော်လည်း သူလဲကျသည်က မာကျောသောမြေကြီးမဟုတ်ပဲ ခပ်ပျော့ပျော့ အရာတစ်ခုဖြစ်နေသည်။ ထို့အပြင် ထိုအရာကလည်း သူ၏ခါးကို အောက်မှနေ၍ ခပ်ဖွဖွကိုင်ထားသေး၏။ အန်းလုက သူ၏မျက်ဝန်းများကို ပြန်ဖွင့်လိုက်သည်။

" ဘယ်သူလဲ။"

အမှန်တကယ်ပင် အောက်တွင် အမျိုးသားတစ်ဦးကိုသူတွေ့ရလေ၏။ သူ့အားလှမ်းဖမ်းလိုက်ပြီး အတူမြေပြင်သို့ ကျပုံပေါ်သည်။ အန်းလု၏ လက်များက ထိုသူ၏ ရင်ဘတ်တွင်နေရာယူကာထားသည်။ ဘေးနားပတ်လည်တွင် ယူကာလာသောမုန့်များက မြေလူးနေ၏။ အန်းလုက ချက်ချင်းပင်သူ၏လက်ကိုဖယ်လိုက်ပြီး ထရန်ကြိုးစားလိုက်သည်။ ထိုလူကလည်း သူ၏လက်ကိုဖယ်ပေးလိုက်၏။

ဘေးတွင် နေရာပြန့်ကျဲစွာပင် ပြုတ်ကျနေသောမုန့်များကို အန်းလုကကောက်လိုက်ရင်း

" အားရိုး...ကုန်ပါပြီ။"

ထိုသူကမတ်တပ်ရပ်လိုက်ပြီးနောက် အန်းလုကိုငုံ့ကြည့်ကာ

" မိန်းကလေး....အဆင်ပြေရဲ့လား။ တစ်နေရာရာထိခိုက်မိတာများရှိ...."

" မုန့်တွေကုန်ပြီ။ ရှန်းရှန်းကိုကျွေးမလို့ပါဆို..."

အန်းလုက မုန့်ကိုကိုင်လျက်ပင်ထိုလူကိုမော့ကြည့်ကာဆိုသည်။ အနည်းငယ်ထော်နေသောနှုတ်ခမ်းကြောင့် ထိုလူကကြောင်အသွားပုံရ၏။ အန်းလုကတော့ မုန့်များကိုပြန်ကာစု​ေနသည်။ အတော်ကြာမှ ထိုလူက

" ကျွန်တော်တောင်းပန်ပါတယ်။ မုန့်တွေကိုပြန်လျော်ပေးပါ့မယ်။ ကျွန်တော့်အမှားပါ။"

အန်းလုက မုန့်များကိုကောက်နေရင်းပင် ဘေးတွင် စက္ကူလိပ်တစ်ချို့နှင့်အတူစာအူပ်များလည်း ပြုတ်ကျနေသည်ကိုသတိထားမိသွား၏။
အန်းလုက သေချာကြည့်လိုက်ပြီးနောက်

" နွေဦးမြှားပစ်ပွဲအတွက် နေရာသစ်မြေပုံ"

" အာ...ဒါကျွန်တော့်ပစ္စည်းတွေပါ။"

ထိုလူက ထိုအခါမှ သူ၏ပစ္စည်းများကိုကောက်လိုက်လေ၏။ အန်းလုကလည်း မုန့်များကို ပန်းကန်ထဲပြန်ကောက်ထည့်ပြီးနောက် မတ်တပ်ရပ်လိုက်လေသည်။ နှစ်ဦးသားယှဥ်ကာရပ်လေတော့ ထိုလူ၏အရပ်က အန်းလုထက် သိသိသာသာပိုကာရှည်၏။ ထိုလူက အန်းလုကိုပြုံးပြလျက်ပင်

" ကျွန်တော်က အဆင့်၆ အမတ် ချီကျန်းရှီပါ။ ဒီကမိန်းကလေးက..."

" ငါ...ငါ့ကိုမေးတာလား။"

ကျန်းရှီက အန်းလု၏ဘေးပတ်ဝန်းကျင်ကို အနည်းငယ်ကြည့်လိုက်သည်။ အန်းလုကလည်းလိုက်ကြည့်လိုက်ပြီးနောက် ကျန်းရှီကပင်ပြန်ပြောလေ၏။

" ဒီမှာတစ်ခြားတယောက်ရှိသေးလို့လားဗျ။"

( အယ်...ငါဘယ်လိုပြောရမှာလဲ။

ဘာပဲဖြစ်ဖြစ်....... အရင်ဆုံးဟန်ဆောင်လိုက်တာပေါ့)

" အာ...ကျွန်တော်...မဟုတ်...ကျွန်မက ဝူရှဲ့အဆောင်ကနန်းတွင်းသူပါ။ အရှင့်အတွက် မုန့်လာပို့ပေးတာပါ။ လူကြီးမင်းကို ဂါရဝပြုပါတယ်။"

အန်းလုက သူ၏ဒူးကိုအနည်းငယ်ကွေးကာ နန်းတွင်းသူတို့ ဓလေ့အတိုင်းဂါရဝပြုလိုက်သည်။

" ရပါတယ်။ ဒါဆို မုန့်တွေကိုတော့ ကျွန်တော် နက်ဖြန်မှ ပြန်လျော်ပေးပါမယ်နော်။ ဒါနဲ့ မိန်းကလေးရဲ့နာမည်ကို သိလို့ရမလား။"

" ရှင်...."

အန်းလုက သူ့ကိုမော့ကြည့်ပြန်သည်။

( ဒီကောင်ဘာလို့ အရစ်ရှည်နေတာလဲ)

" ကျွန်မနာမည်က အားထူ ပါ။"

"အာ...နာမည်က..."

" ဘာဖြစ်လို့လဲ နာမည်က....

အဟမ်း....ဘာဖြစ်လို့လဲ နာမည်က...ထူးဆန်းနေလို့လား။"

ကျားကျားယားယားအသံဖြင့်ပြောလိုက်မိသော အန်းလုမှာ ချက်ချင်းအသံကိုဖြော့လိုက်ရ၏။

" ကျွန်မ သွားရတော့မှာမလို့ ဒီလော​က်ပါပဲ။ မုန့်တွေက အလျော်မပေးလည်း ရပါတယ်။ "

"ဒါပေမဲ့..."

အန်းလုက ပွစိပွစိလုပ်လျက်ပင် မြန်မြန်ထိုလူ၏မျက်စိအောက်မှ ပြေးလာတော့၏။ ထိုလူက လက်ကိုဆန့်ကာ ထပ်ပြောချင်နေသေးပုံပေါ်သည်။

.......................................

အန်းလုက ဝူရှဲ့အဆောင်ထဲသို့မုန့်ဗန်းကိုကိုင်လျက်ပင် ဝင်ကာလာသည်။ မြေအနည်းငယ်လူးကာနေသော မုန့်များကို အောက်တွင်ထားကာ အပေါ်တွင်အနည်းငယ်လှနေသေးသော မုန့်များကိုတင်လျက် အကြံအဖန်လုပ်၏။ အထဲတွင် ချီရှန်းက ဆွေးနွေးတိုင်ပင်မှုတစ်ချို့လုပ်နေပုံရသည်။

ဤအတောအတွင်း အမှန်တကယ်ကိုပင်အလုပ်မအားတာကြောင့် ချီရှန်းမှာသူ့ကိုပင်အရေးစိုက်နိုင်ရန် ခက်ခဲနေ၏။

" ဒါဆိုရင် ဝူနန်မြို့ကိုတချက်စောင့်ကြည့်ရလိမ့်မယ်။ အဲ့အချိန်တုန်းကတွေ့ခဲ့တဲ့လူရဲ့ပုံစံမလို့ ဒီလိုလူကိုတွေ့ရင် တစ်ခါတည်းဖမ်းပြီး ငါ့ဆီခေါ်လာခဲ့။ "

" အမိန့်တော်အတိုင်းပါ ။"

စာကြည့်ခန်းထဲမှလာသော အသံတို့ကြောင့်အန်းလုက အခန်း၏ ထောင့်တနေရာတွင် ကပ်ကာပုန်းလိုက်သည်။ ပြန်လည်ဖြေကြားနေသောအသံကို ကြားနေရ၏။

"ပြီးတော့........ "

ချီရှန်း၏ အသံက ရုတ်တရက် ရပ်တန့်ကာသွားလေသည်။ ကျန်သူများကလည်း တိတ်ဆိတ်နေလေ၏။ အန်းလုက သေချာစွာစူးစိုက်နားထောက်သော်လည်း အသံကိုမကြားရချေ။ ပြီးမှ အသံကဆက်ထွက်လာ၏။

" ရှောင်ရှင်းနဲ့ အဆက်အသွယ်မပြတ်ပါစေနဲ့။ ဒီလောက်ပဲ..."

"ဒါဆို ကျွန်တော်မျိုးတို့ကို သွားခွင့်ပြုပါ။"

ထိုလူတို့စာကြည့်ခန်းထဲမှ ထွက်လာပုံရတာကြောင့် အန်းလုက အမြန်ပုန်းရန် နေရာရှာလိုက်သည်။ ထိုအခါ သူ၏မုန့်များကို ယာယီချထားသော စားပွဲကိုတွေ့၏။ အမြန်ပင် ထိုစားပွဲအောက်သို့ ဝင်ကာပုန်းလိုက်သည်။ လူနှစ်ယောက် ထွက်သွားသည်ကို ဆောင့်ကြောင့်ထိုင်ကာပုန်းရင်း ထိုလူများ၏ခြေထောက်များကို ကြည့်နေမိသည်။

တခဏအကြာတွင်ပင် သူခုံအောက်မှပြန်ထွက်ရန်ထဖို့ကြံတော့ ထမရဖြစ်နေလေ၏။ နောက်ကိုကြည့်တော့ သူ၏ဝတ်ရုံအစသည်စားပွဲခုံ၏အပြင်အထိပင်ထွက်နေကာ ထိုပုံနေသော အစအား လူတယောက်က သူ၏ခြေထောက်ဖြင့် နင်းကာထားသည်။ အန်းလုက ငြိမ်နေလိုက်၏။

ထိုအခါ တတ်နင်းကာထားသော ခြေထောက်ပိုင်ရှင်က သူပါဆောင့်ကြောင့်ထိုင်လိုက်ရင်း အန်းလုကိူကြည့်လာသည်။

" ပုန်းတဲ့နေရာမှာ အရမ်းတော်တာပဲ....ကိုယ့်မိန်းမက"

အန်းလုက ထိုအခါမှ စားပွဲအောက်မှ ချက်ချင်းထွက်လာရန်ပြင်လိုက်၏။ ချီရှန်းကလည်း သူ၏ခြေထောက်ကိုဖယ်ပေးလိုက်သည်။

" ကျွန်တော်မှန်း ဘယ်လိုတန်းသိတာလဲ။"

ချီရှန်းက သူ၏နှာခေါင်းကို ထိုးပြလိုက်သည်။

" အနံ့ရလို့...မင်းရဲ့ကိုယ်သင်းရနံ့။ "

" ရှန်းရှန်းကခွေးလား။"

" အင်း..."

ချီရှန်းက မျက်မှောင်ကြုတ်ကာ အန်းလု၏ကိုယ်ခန္တာအား ခေါင်းအစ၊ ခြေအဆုံးကြည့်လေ၏။ မိန်းကလေးပုံစံ ဝတ်စားကာထားသော အန်းလုကို သေချာစွာကြည့်ရင်း

" ဒါတွေက ဘာလို့ဝတ်ထားတာလဲ။ ကိုယ့်ကိုဆွဲဆောင်ဖို့လား။ ပြီးတော့...ဒီဟာကရော..."

ချီရှန်းက အန်းလု၏ဖောင်းနေသောရင်ဘတ်အား လက်ညိုးဖြင့် ဖိကာထိုးလိုက်ရင်းဆိုသည်။ အန်းလုက နောက်ကိုဆုတ်ကာအမြန်ကာလိုက်ပြီး

" အား...လူယုတ်မာကြီး။ သူများရင်သားတွေကိူလာမထိနဲ့"

" ကိုယ်လည်း အတုတွေမကြိုက်ပါဘူးနော်။ ပြောဖူးတယ်လေ။"

" အပြင်ထွက်ပြီးနေလို့ရတဲ့နည်းလမ်းမလို့ ဒီလိူလုပ်ထားတာ။ အားအားယားယားဘယ်သူက ဒီလိုပုံစံဝတ်နေမှာလဲ။"

" ........."

ချီရှန်းက အန်းလုကို ရုတ်တရက်ဆွဲဖက်လိုက်သည်။ ရင်ခွင်ထဲကပ်ကာနေသော အန်းလု၏ခေါင်းအားအသာပွတ်သပ်ပေးရင်း

" အန်းလုက တယောက်တည်းအထီးကျန်နေတာကို မစဥ်းစားလိုက်မိဘူး။ ကိုယ်ပစ်ထားသလိုဖြစ်နေမိပြီ။"

ရင်ခွင်ထဲတွင်ကပ်ကာနေသော အန်းလုကခေါင်းလေးအနည်းငယ်မော့ရင်းပြောလာသည်။

" အခုအကြံရပြီဆိုတော့ သွားချင်တဲ့နေရာသွားလို့ရပြီလား....."

ချီရှန်းက အန်းလုကိုပြန်ကာငုံ့ကြည့်လာသည်။ သူကအတော်ကြာကြည့်နေ၏။ အန်းလုကလည်း မျက်လုံးလေး ကလည်ကလည်ဖြင့်ပင် ချီရှန်း၏အဖြေကိုစောင့်နေသည်။ တခဏနေတော့ ချီရှန်းက

"ဟင့်အင်း.... မရဘူး။ အန္တာရာယ်များတယ်။"

" ဟာ.....ဘာလို့လဲ။ နန်းတွင်းသူတွေလည်း ဒီလိုပဲလျောက်သွားနေကြတာကို ဘယ်သူကဘာလုပ်မှာကျနေတာပဲ။"

" မရဘူးဆို မရဘူးပေါ့။ အခုအဆောင်ကိုပြန်တော့ ကိုယ်လိုက်ပို့ပေးမယ်။"

".........."

အန်းလုက ချီရှန်းကိုဆိုက်ကြည့်နေလေ၏။ ချီရှန်းက အဆောင်အပြင်သို့ထွက်ရန် ခြေလှမ်းလှမ်းနေချေပြီ။ သို့သော်လည်း သူကပင်စိတ်လျော့ကာ ချီရှန်းနောက်မှ လိုက်သွားလေတော့၏။ ခြေတစ်လှမ်းလှမ်းတိုင်းပြင်းလွန်းလှတာကြောင့် မြေပြိုမှုဖြစ်မှာကိုပင်ကြောက်ရလောက်သည်။

~~~~~~~~~~~~~~~~~~~~~~~~~

ရက္အခ်ိဳ႕ၾကာျမင့္ခဲ့ၿပီ။ ခ်ီရွန္းဟာ ယုံးယြမ္ကိုညည့္နက္သည့္အခ်ိန္မွသာ ေရာက္ကာလာသည္။ အန္းလုသည္လည္း အဖြက္ခံထားရသည့္ သူတစ္ေယာက္ေပမို႔ အျပင္သို႔ထြက္ရန္ပင္စိတ္ကူးမရွိခဲ့ေခ်။ သို႔ေသာ္ ခ်ီရွန္းႏွင့္မေတြ႕ရေသာ အခ်ိန္မ်ားက အလြန္ပင္ပ်င္းရိစရာေကာင္းလြန္းသည္။

အားေလာ့က အစားအေသာက္မ်ားကို အခ်ိန္မွန္လာပို႔ေပးေနေသာ္လည္း ဤသည္က ေထာင္က်ေနသည့္ခံစားခ်က္ပင္။ ဘယ္ကိုမွ မသြားရသလို ဘယ္ကိုမွလည္း မစူးစမ္းရ။ ပိုဆိုးသည္က အန္းလုတေယာက္ဆံထိုးအေၾကာင္းဟလိုက္သည္ႏွင့္ ခ်ီရွန္းသည္ စကားလမ္းေၾကာင္းလႊဲေလ့ရွိသည္။

အန္းလုက တခ်ိဳ႕ေသာအေၾကာင္းအရာမ်ားကိုေတြးေတာကာေန၏။

"ရွန္းရွန္းက ဘာလို႔မသိခ်င္ေယာင္ေဆာင္ေနရတာလဲ။"

* ေဒါက္...ေဒါက္...*

"ေလာ့ေလာ့လား။"

ျပင္ပမွတံခါးေခါက္သံၾကားရတာေၾကာင့္ အန္းလုကအေျပးသြားဖြင့္သည္။ ဤအခ်ိန္သည္ကလည္း အားေလာ့ ေန႔လည္စာလာပို႔သည့္အခ်ိန္ျဖစ္သျဖင့္ အားေလာ့မွန္းေသခ်ာသိသည္။

"ေန႔လည္စာ လာပို႔တာပါရွင့္။"

အားေလာ့က ဟင္းပြဲတစ္ခ်ိဳ႕ႏွင့္ ထမင္းပန္းကန္လုံးတို႔ထည့္ကာထားေသာ ႀကိမ္ျခင္းေတာင္းေလးအားေျမႇာက္ကာျပရင္းဆိုသည္။

" ဝင္ခဲ့...ဝင္ခဲ့။"

အထဲသို႔ ႏွစ္ဦးသားျပန္ဝင္လာၿပီးတဲ့ေနာက္မွာ အန္းလုက စားပြဲခုံေဘးရွိ ထိုင္ခုံတစ္ခုစီတြင္ထိုင္လိုက္သည္။ အားေလာ့ ျခင္းေတာင္းအား စားပြဲေပၚတြင္ခ်လိုက္ၿပီး အထဲရွိ ဟင္းပြဲတစ္ခ်ိဳ႕ကိုထုတ္ကာေနသည္။ အန္းလုက အားေလာ့၏ ေခါင္းအစေျခအဆုံးအား အကဲခတ္ေန၏။ အေတာ္ၾကာမွ အားေလာ့က သတိထားမိသြားၿပီး အန္းလုကိုၾကည့္ကာေမးသည္။

" ဘာျဖစ္လို႔ၾကည့္ေနတာလဲ။ ၾကည့္ရဆိုးေနလို႔လား။"

" ေလာ့ေလာ့...နင္မွတ္မိေသးလား။ ငါနန္းတြင္းကိုဝင္တုန္းက ပုံစံကိုေလ။"

" ခိ....မမွတ္မိပဲေနမလား။"

အားေလာ့က ရယ္ေလ၏။ သူမက ရယ္လ်က္ပင္ဆက္ေျပာလာသည္။

" အဲ့တုန္းက နင္မိန္းကေလးအဝတ္အစားနဲ႔ေလ။ ဒါေပမဲ့ နင္ကလွပါတယ္။ ေနအုန္း...အခုကဘာလူပ္ဖို႔ေတြးေနတာလဲ။"

အားေလာ့၏ မ်က္လုံးအၾကည့္က တျဖည္းျဖည္းက်ည္းကာ အန္းလုကိုစူးစိုက္ၾကည့္လာ၏။ အန္းလုက လက္ေျဖာက္တီးလိုက္ရင္း

" ဟဲဟဲ...သေဘာေပါက္တယ္မလား။ ဒါဆို နင့္အဝတ္အစားတစ္ခ်ိဳ႕ ငါ့ကိုခဏငွား။"

" အန္းလု....မဟုတ္တာေတြ။ နင့္ကိုတေယာက္ေယာက္ေတြ႕သြားရင္ ဘယ္လိုလုပ္မလဲ။"

" အဲ့တာေၾကာင့္ မိန္းကေလးလို ဝတ္မွာေလ။ မပူပါနဲ႔။ ငါ့ကို နင့္ရဲ့အရွင္မင္းႀကီးကေတာင္ အမွတ္မိနိုင္ပါဘူး။"

"........."

............................

" Ok...Ok...ျပည့္စုံၿပီ။"

အန္းလုက နံရံျပင္တစ္ခုအကြယ္မွေန၍ ဝူရွဲ႕အေဆာင္ကို လွမ္းကာၾကည့္ေနသည္။ ကိုယ္ခႏၲာကို ျပန္ကပ္လိုက္ရင္း ရင္ဘတ္ရွိ ေဖာင္းႂကြကာေနေသာ အရာအား ေဘးႏွစ္ဖက္မွေန၍ တြန္းကာေနရာတက်ျဖစ္ေစ၏။ ဆံႏြယ္အား အေပၚတစ္ဝက္ခန္႔အ က်စ္ဆံျမႇီးတို႔က်စ္ကာေခြလ်က္ ဆံထုံးထုံးၿပီး က်န္တစ္ဝက္ကိုဖားလ်ားခ်ကာထားသည္။  မ်က္ႏွာေျခတို႔ ခပ္ပါးပါးပုတ္ကာ လိမ္းျခယ္ကာထားေသာ မ်က္ႏွာျပင္က တကယ္ကို မိန္းကေလးတေယာက္အသြင္ပင္။ ေရွ႕တြင္ေတာ့ မတိုမရွည္ဆံႏြယ္ေလးမ်ားအား ခ်ကာထားသည္။

အန္းလုက ေအာက္ေဘးနားတြင္ခ်ကာထားေသာ မုန္႔ဗန္းအား ေကာက္ယူလိုက္ၿပီးေနာက္ ဝူရွဲ႕အေဆာင္ဘက္သို႔ ေလ်ာက္ကာလာေတာ့သည္။ သူ၏ပါးစပ္က ခပ္တိုးတိုးရြတ္ေနပါေသး၏။

" ရွန္းရွန္း တစ္ခုခုကိုေတာ့သိထားၿပီးလိမ့္မယ္။"

ခပ္သြက္သြက္ေလ်ာက္ကာလာေသာ ေျခလွမ္းတို႔က ရွည္လ်ားေသာဝတ္႐ုံစကပ္စရွည္ေၾကာင့္ ထိုအစကိုေျခေထာက္ပင္ တတ္နင္းမိကာေခ်ာ္လဲပါေလေတာ့သည္။

" အေမ့......"

သယ္လာေသာလင္ဗန္းႏွင့္အတူ မုန္႔မ်ားသည္လည္း ေလေပၚသို႔ပဲ အဝဲလည္လည္ေျမာက္ကာသြားၾကေတာ့၏။ ေခ်ာ္လဲၿပီမွန္းသိေသာ အန္းလုက သူ၏မ်က္စိကိုသာစုံမွိတ္ထားလိူက္ေတာ့သည္။

သို႔ေသာ္လည္း သူလဲက်သည္က မာေက်ာေသာေျမႀကီးမဟုတ္ပဲ ခပ္ေပ်ာ့ေပ်ာ့ အရာတစ္ခုျဖစ္ေနသည္။ ထို႔အျပင္ ထိုအရာကလည္း သူ၏ခါးကို ေအာက္မွေန၍ ခပ္ဖြဖြကိုင္ထားေသး၏။ အန္းလုက သူ၏မ်က္ဝန္းမ်ားကို ျပန္ဖြင့္လိုက္သည္။

" ဘယ္သူလဲ။"

အမွန္တကယ္ပင္ ေအာက္တြင္ အမ်ိဳးသားတစ္ဦးကိုသူေတြ႕ရေလ၏။ သူ႔အားလွမ္းဖမ္းလိုက္ၿပီး အတူေျမျပင္သို႔ က်ပုံေပၚသည္။ အန္းလု၏ လက္မ်ားက ထိုသူ၏ ရင္ဘတ္တြင္ေနရာယူကာထားသည္။ ေဘးနားပတ္လည္တြင္ ယူကာလာေသာမုန္႔မ်ားက ေျမလူးေန၏။ အန္းလုက ခ်က္ခ်င္းပင္သူ၏လက္ကိုဖယ္လိုက္ၿပီး ထရန္ႀကိဳးစားလိုက္သည္။ ထိုလူကလည္း သူ၏လက္ကိုဖယ္ေပးလိုက္၏။

ေဘးတြင္ ေနရာျပန္႔က်ဲစြာပင္ ျပဳတ္က်ေနေသာမုန္႔မ်ားကို အန္းလုကေကာက္လိုက္ရင္း

" အားရိုး...ကုန္ပါၿပီ။"

ထိုသူကမတ္တပ္ရပ္လိုက္ၿပီးေနာက္ အန္းလုကိုငုံ႔ၾကည့္ကာ

" မိန္းကေလး....အဆင္ေျပရဲ့လား။ တစ္ေနရာရာထိခိုက္မိတာမ်ားရွိ...."

" မုန္႔ေတြကုန္ၿပီ။ ရွန္းရွန္းကိုေကၽြးမလို႔ပါဆို..."

အန္းလုက မုန္႔ကိုကိုင္လ်က္ပင္ထိုလူကိုေမာ့ၾကည့္ကာဆိုသည္။ အနည္းငယ္ေထာ္ေနေသာႏွုတ္ခမ္းေၾကာင့္ ထိုလူကေၾကာင္အသြားပုံရ၏။ အန္းလုကေတာ့ မုန္႔မ်ားကိုျပန္ကာစု​ေနသည္။ အေတာ္ၾကာမွ ထိုလူက

" ကၽြန္ေတာ္ေတာင္းပန္ပါတယ္။ မုန္႔ေတြကိုျပန္ေလ်ာ္ေပးပါ့မယ္။ ကၽြန္ေတာ့္အမွားပါ။"

အန္းလုက မုန္႔မ်ားကိုေကာက္ေနရင္းပင္ ေဘးတြင္ စကၠဴလိပ္တစ္ခ်ိဳ႕ႏွင့္အတူစာအူပ္မ်ားလည္း ျပဳတ္က်ေနသည္ကိုသတိထားမိသြား၏။
အန္းလုက ေသခ်ာၾကည့္လိုက္ၿပီးေနာက္

" ေႏြဦးျမႇားပစ္ပြဲအတြက္ ေနရာသစ္ေျမပုံ"

" အာ...ဒါကၽြန္ေတာ့္ပစၥည္းေတြပါ။"

ထိုလူက ထိုအခါမွ သူ၏ပစၥည္းမ်ားကိုေကာက္လိုက္ေလ၏။ အန္းလုကလည္း မုန္႔မ်ားကို ပန္းကန္ထဲျပန္ေကာက္ထည့္ၿပီးေနာက္ မတ္တပ္ရပ္လိုက္ေလသည္။ ႏွစ္ဦးသားယွဥ္ကာရပ္ေလေတာ့ ထိုလူ၏အရပ္က အန္းလုထက္ သိသိသာသာပိုကာရွည္၏။ ထိုလူက အန္းလုကိုျပဳံးျပလ်က္ပင္

" ကၽြန္ေတာ္က အဆင့္၆ အမတ္ ခ်ီက်န္းရွီပါ။ ဒီကမိန္းကေလးက..."

" ငါ...ငါ့ကိုေမးတာလား။"

က်န္းရွီက အန္းလု၏ေဘးပတ္ဝန္းက်င္ကို အနည္းငယ္ၾကည့္လိုက္သည္။ အန္းလုကလည္းလိုက္ၾကည့္လိုက္ၿပီးေနာက္ က်န္းရွီကပင္ျပန္ေျပာေလ၏။

" ဒီမွာတစ္ျခားတေယာက္ရွိေသးလို႔လားဗ်။"

( အယ္...ငါဘယ္လိုေျပာရမွာလဲ။

ဘာပဲျဖစ္ျဖစ္....... အရင္ဆုံးဟန္ေဆာင္လိုက္တာေပါ့)

" အာ...ကၽြန္ေတာ္...မဟုတ္...ကၽြန္မက ဝူရွဲ႕အေဆာင္ကနန္းတြင္းသူပါ။ အရွင့္အတြက္ မုန္႔လာပို႔ေပးတာပါ။ လူႀကီးမင္းကို ဂါရဝျပဳပါတယ္။"

အန္းလုက သူ၏ဒူးကိုအနည္းငယ္ေကြးကာ နန္းတြင္းသူတို႔ ဓေလ့အတိုင္းဂါရဝျပဳလိုက္သည္။

" ရပါတယ္။ ဒါဆို မုန္႔ေတြကိုေတာ့ ကၽြန္ေတာ္ နက္ျဖန္မွ ျပန္ေလ်ာ္ေပးပါမယ္ေနာ္။ ဒါနဲ႔ မိန္းကေလးရဲ့နာမည္ကို သိလို႔ရမလား။"

" ရွင္...."

အန္းလုက သူ႔ကိုေမာ့ၾကည့္ျပန္သည္။

( ဒီေကာင္ဘာလို႔ အရစ္ရွည္ေနတာလဲ)

" ကၽြန္မနာမည္က အားထူ ပါ။"

"အာ...နာမည္က..."

" ဘာျဖစ္လို႔လဲ နာမည္က....

အဟမ္း....ဘာျဖစ္လို႔လဲ နာမည္က...ထူးဆန္းေနလို႔လား။"

က်ားက်ားယားယားအသံျဖင့္ေျပာလိုက္မိေသာ အန္းလုမွာ ခ်က္ခ်င္းအသံကိုေျဖာ့လိုက္ရ၏။

" ကၽြန္မ သြားရေတာ့မွာမလို႔ ဒီေလာ​က္ပါပဲ။ မုန္႔ေတြက အေလ်ာ္မေပးလည္း ရပါတယ္။ "

"ဒါေပမဲ့..."

အန္းလုက ပြစိပြစိလုပ္လ်က္ပင္ ျမန္ျမန္ထိုလူ၏မ်က္စိေအာက္မွ ေျပးလာေတာ့၏။ ထိုလူက လက္ကိုဆန္႔ကာ ထပ္ေျပာခ်င္ေနေသးပုံေပၚသည္။

.......................................

အန္းလုက ဝူရွဲ႕အေဆာင္ထဲသို႔မုန္႔ဗန္းကိုကိုင္လ်က္ပင္ ဝင္ကာလာသည္။ ေျမအနည္းငယ္လူးကာေနေသာ မုန္႔မ်ားကို ေအာက္တြင္ထားကာ အေပၚတြင္အနည္းငယ္လွေနေသးေသာ မုန္႔မ်ားကိုတင္လ်က္ အႀကံအဖန္လုပ္၏။ အထဲတြင္ ခ်ီရွန္းက ေဆြးေႏြးတိုင္ပင္မွုတစ္ခ်ိဳ႕လုပ္ေနပုံရသည္။

ဤအေတာအတြင္း အမွန္တကယ္ကိုပင္အလုပ္မအားတာေၾကာင့္ ခ်ီရွန္းမွာသူ႔ကိုပင္အေရးစိုက္နိုင္ရန္ ခက္ခဲေန၏။

" ဒါဆိုရင္ ဝူနန္ၿမိဳ႕ကိုတခ်က္ေစာင့္ၾကည့္ရလိမ့္မယ္။ အဲ့အခ်ိန္တုန္းကေတြ႕ခဲ့တဲ့လူရဲ့ပုံစံမလို႔ ဒီလိုလူကိုေတြ႕ရင္ တစ္ခါတည္းဖမ္းၿပီး ငါ့ဆီေခၚလာခဲ့။ "

" အမိန္႔ေတာ္အတိုင္းပါ ။"

စာၾကည့္ခန္းထဲမွလာေသာ အသံတို႔ေၾကာင့္အန္းလုက အခန္း၏ ေထာင့္တေနရာတြင္ ကပ္ကာပုန္းလိုက္သည္။ ျပန္လည္ေျဖၾကားေနေသာအသံကို ၾကားေနရ၏။

"ၿပီးေတာ့........ "

ခ်ီရွန္း၏ အသံက ႐ုတ္တရက္ ရပ္တန္႔ကာသြားေလသည္။ က်န္သူမ်ားကလည္း တိတ္ဆိတ္ေနေလ၏။ အန္းလုက ေသခ်ာစြာစူးစိုက္နားေထာက္ေသာ္လည္း အသံကိုမၾကားရေခ်။ ၿပီးမွ အသံကဆက္ထြက္လာ၏။

" ေရွာင္ရွင္းနဲ႔ အဆက္အသြယ္မျပတ္ပါေစနဲ႔။ ဒီေလာက္ပဲ..."

"ဒါဆို ကၽြန္ေတာ္မ်ိဳးတို႔ကို သြားခြင့္ျပဳပါ။"

ထိုလူတို႔စာၾကည့္ခန္းထဲမွ ထြက္လာပုံရတာေၾကာင့္ အန္းလုက အျမန္ပုန္းရန္ ေနရာရွာလိုက္သည္။ ထိုအခါ သူ၏မုန္႔မ်ားကို ယာယီခ်ထားေသာ စားပြဲကိုေတြ႕၏။ အျမန္ပင္ ထိုစားပြဲေအာက္သို႔ ဝင္ကာပုန္းလိုက္သည္။ လူႏွစ္ေယာက္ ထြက္သြားသည္ကို ေဆာင့္ေၾကာင့္ထိုင္ကာပုန္းရင္း ထိုလူမ်ား၏ေျခေထာက္မ်ားကို ၾကည့္ေနမိသည္။

တခဏအၾကာတြင္ပင္ သူခုံေအာက္မွျပန္ထြက္ရန္ထဖို႔ႀကံေတာ့ ထမရျဖစ္ေနေလ၏။ ေနာက္ကိုၾကည့္ေတာ့ သူ၏ဝတ္႐ုံအစသည္စားပြဲခုံ၏အျပင္အထိပင္ထြက္ေနကာ ထိုပုံေနေသာ အစအား လူတေယာက္က သူ၏ေျခေထာက္ျဖင့္ နင္းကာထားသည္။ အန္းလုက ၿငိမ္ေနလိုက္၏။

ထိုအခါ တတ္နင္းကာထားေသာ ေျခေထာက္ပိုင္ရွင္က သူပါေဆာင့္ေၾကာင့္ထိုင္လိုက္ရင္း အန္းလုကိူၾကည့္လာသည္။

" ပုန္းတဲ့ေနရာမွာ အရမ္းေတာ္တာပဲ....ကိုယ့္မိန္းမက"

အန္းလုက ထိုအခါမွ စားပြဲေအာက္မွ ခ်က္ခ်င္းထြက္လာရန္ျပင္လိုက္၏။ ခ်ီရွန္းကလည္း သူ၏ေျခေထာက္ကိုဖယ္ေပးလိုက္သည္။

" ကၽြန္ေတာ္မွန္း ဘယ္လိုတန္းသိတာလဲ။"

ခ်ီရွန္းက သူ၏ႏွာေခါင္းကို ထိုးျပလိုက္သည္။

" အနံ့ရလို႔...မင္းရဲ့ကိုယ္သင္းရနံ့။ "

" ရွန္းရွန္းကေခြးလား။"

" အင္း..."

ခ်ီရွန္းက မ်က္ေမွာင္ၾကဳတ္ကာ အန္းလု၏ကိုယ္ခႏၲာအား ေခါင္းအစ၊ ေျခအဆုံးၾကည့္ေလ၏။ မိန္းကေလးပုံစံ ဝတ္စားကာထားေသာ အန္းလုကို ေသခ်ာစြာၾကည့္ရင္း

" ဒါေတြက ဘာလို႔ဝတ္ထားတာလဲ။ ကိုယ့္ကိုဆြဲေဆာင္ဖို႔လား။ ၿပီးေတာ့...ဒီဟာကေရာ..."

ခ်ီရွန္းက အန္းလု၏ေဖာင္းေနေသာရင္ဘတ္အား လက္ညိဳးျဖင့္ ဖိကာထိုးလိုက္ရင္းဆိုသည္။ အန္းလုက ေနာက္ကိုဆုတ္ကာအျမန္ကာလိုက္ၿပီး

" အား...လူယုတ္မာႀကီး။ သူမ်ားရင္သားေတြကိူလာမထိနဲ႔"

" ကိုယ္လည္း အတုေတြမႀကိဳက္ပါဘူးေနာ္။ ေျပာဖူးတယ္ေလ။"

" အျပင္ထြက္ၿပီးေနလို႔ရတဲ့နည္းလမ္းမလို႔ ဒီလိူလုပ္ထားတာ။ အားအားယားယားဘယ္သူက ဒီလိုပုံစံဝတ္ေနမွာလဲ။"

" ........."

ခ်ီရွန္းက အန္းလုကို ႐ုတ္တရက္ဆြဲဖက္လိုက္သည္။ ရင္ခြင္ထဲကပ္ကာေနေသာ အန္းလု၏ေခါင္းအားအသာပြတ္သပ္ေပးရင္း

" အန္းလုက တေယာက္တည္းအထီးက်န္ေနတာကို မစဥ္းစားလိုက္မိဘူး။ ကိုယ္ပစ္ထားသလိုျဖစ္ေနမိၿပီ။"

ရင္ခြင္ထဲတြင္ကပ္ကာေနေသာ အန္းလုကေခါင္းေလးအနည္းငယ္ေမာ့ရင္းေျပာလာသည္။

" အခုအႀကံရၿပီဆိုေတာ့ သြားခ်င္တဲ့ေနရာသြားလို႔ရၿပီလား....."

ခ်ီရွန္းက အန္းလုကိုျပန္ကာငုံ႔ၾကည့္လာသည္။ သူကအေတာ္ၾကာၾကည့္ေန၏။ အန္းလုကလည္း မ်က္လုံးေလး ကလည္ကလည္ျဖင့္ပင္ ခ်ီရွန္း၏အေျဖကိုေစာင့္ေနသည္။ တခဏေနေတာ့ ခ်ီရွန္းက

"ဟင့္အင္း.... မရဘူး။ အႏၲာရာယ္မ်ားတယ္။"

" ဟာ.....ဘာလို႔လဲ။ နန္းတြင္းသူေတြလည္း ဒီလိုပဲေလ်ာက္သြားေနၾကတာကို ဘယ္သူကဘာလုပ္မွာက်ေနတာပဲ။"

" မရဘူးဆို မရဘူးေပါ့။ အခုအေဆာင္ကိုျပန္ေတာ့ ကိုယ္လိုက္ပို႔ေပးမယ္။"

".........."

အန္းလုက ခ်ီရွန္းကိုဆိုက္ၾကည့္ေနေလ၏။ ခ်ီရွန္းက အေဆာင္အျပင္သို႔ထြက္ရန္ ေျခလွမ္းလွမ္းေနေခ်ၿပီ။ သို႔ေသာ္လည္း သူကပင္စိတ္ေလ်ာ့ကာ ခ်ီရွန္းေနာက္မွ လိုက္သြားေလေတာ့၏။ ေျခတစ္လွမ္းလွမ္းတိုင္းျပင္းလြန္းလွတာေၾကာင့္ ေျမၿပိဳမွုျဖစ္မွာကိုပင္ေၾကာက္ရေလာက္သည္။

~~~~~~~~~~~~~~~~~~~~~~~~~




© Hnin Aung,
книга «Love, But Hurt (Season_3) The Last Begin».
Коментарі