Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 29
*ဒေါက် ဒေါက်*

မနက်မစောတစော ပြင်ပရှိ တံခါးခေါက်သံကြောင့်အန်းလုက တံခါးမအားဖွင့်လိုက်သည်။ ပြင်ပတွင် မနေ့ကတင်ဆွေးနွေးစကားဆိုခဲ့သော ဘုရင်ကျင့်ဝမ်ချိုး က ရပ်ကာနေ၏။

" ဘုရင်ကျင့်ဝမ်ချိုး...အာ...မဟုတ်ဘူး။ ခမည်းတော်။"

အန်းလုက သူ၏စကားကိုအမြန်ပြင်လိုက်ရင်း ကျင့်ဝမ်ချိုးအားဂါရဝပြုလိုက်သည်။ ကျင့်ဝမ်ချိုး၏ အမူအရာက အန်းလုကိုကြည့်ရင်း စိတ်မကောင်းဖြစ်နေသည့်ပုံပင်။

"ရပါတယ် ကိုယ်လုပ်တော်ကျင့်။ သက်သာသလိုနေပါ။

ခမည်းတော် ဒီကိုလာတာ မင်းနဲ့ စကားနည်းနည်းလောက်ပြောချင်လို့ပါ။ ခွင့်ပြုပေးလို့ရမလား။"

အန်းလုက အိပ်ယာထအမြဲနောက်ကျလေ့ရှိသည်။ ချီရှန်းက တစ်နေရာရာသို့ သွားနေပုံရ၏။ မနက်နိုးတော့ ဘေးနားတွင်ပင် မရှိတော့ချေ။ အန်းလုက ကျင့်ဝမ်ချိုးအား အထဲသို့ဝင်ရန် လက်ပြလိုက်သည်။

"အထဲကိုကြွပါ။"

" ကျေးဇူးပါ ။ ကိုယ်လုပ်တော်ကျင့်။"

(ကိုယ်လုပ်တော်ကျင့်ဆိုတာကြီးက အတော်လေးကိုအသားမကျချင်ဘူး။)

.....................................

" ခမည်းတော် မင်းနဲ့ နှစ်ကိုယ်ကြားပြောစရာတွေရှိနေတာမလို့ အခုလိုလာရှာလိုက်ရတာပါ။

အရင်ဆုံးပြောချင်တာက ခမည်းတော် တောင်းပန်ပါတယ်ဆိုတဲ့ အကြောင်းပါပဲ။ ဒီလူ အသုံးမကျလို့ မင်းရော မင်းရဲ့မယ်တော်ပါ နန်းတော်ထဲမှာ သိမ်ငယ်ခဲ့ရတဲ့အပြင် ဒီလိုမျိုး သူတစ်ပါးရဲ့ ကိုယ်လုပ်တော်ဘဝလည်းဖြစ်ခဲ့ရတယ်။ ခမည်းတော် တကယ်ကိုတောင်းပန်ပါတယ်။"

(ဟုတ်သားပဲ။ ယိချန်ရဲ့မယ်တော်။ အဲ့တိုင်းပြည်မှာပဲဆက်ထားရင် ဟိုအဒေါ်ကြီးကဆက်နှိပ်စက်နေအုန်းမှာပဲ။ ချိုက်အန်းကိုပြန်ရောက်တာနဲ့ ယိချန်နဲ့ ကျင့်ချီကို သွားခေါ်ခိုင်းရမယ်။)

အန်းလုက စားပွဲပေါ်ရှိ ရေနွေးအိုးအားကိုင်ကာ ပန်းကန်လုံထဲသို့ မပြည့်တစ်ပြည့်ငှဲ့ပေးလိုက်ပြီးနောက် ကျင့်ဝမ်ချိုးရှေ့သို့ချပေးလိုက်သည်။

" သုံးဆောင်ပါအုန်း။"

လက်လှမ်းလိုက်သော လက်ကောက်ဝတ်တစ်ဝက်ကျော်က အသားများပေါ်လာသောကြောင့် ကျင့်ဝမ်ချိုးက ရုတ်တရက်ကြည့်လိုက်ရင်း မျက်ဝန်းတို့ပြူးကျယ်ကာ အန်းလု၏ လက်ကောက်ဝတ်အား လှမ်းဖမ်းလိုက်သည်။ ဝတ်ရုံကိုအနည်းငယ်ထပ်ဆွဲတင်လိုက်ရင်း

"အားချန်...မင်းမှာ ကြာပွတ်ဒဏ်ရာအမာရွတ်တွေပါမရှိတော့ပါလား။ အရင်က မင်းလက်မှာ အမာရွတ်တွေအများကြီးပါ။"

သံသယများပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကျင့်ဝမ်ချိုးက အန်းလုကိုကြည့်လာသည်။ အန်းလုက ချက်ချင်း သူ၏လက်ကိုဆွဲယူလိုက်ပြီး

" ရှင်ဘုရင်လီချီရှန်းက ကျွန်တော့်ရဲ့ ဒဏ်ရာတွေကို အကောင်းဆုံးသမားတော်တွေနဲ့ ပြပေးခဲ့လို့ပါ။ အနည်းဆုံးတော့ သူက ရိုက်နှက်နေတဲ့သူတစ်ယောက်မဟုတ်ဘူးလေ။ "

အန်းလုက မာမာတင်းတင်းပင်ပြောလိုက်သည်။ ကျင့်ဝမ်ချိုး၏ မျက်နှာအနေအထားကပုံမှန်အတိုင်းပြန်ဖြစ်သွားလေ၏။ သူကသူ၏ မျက်လုံးများကိုစုံမှိတ်ရင်း သက်ပြင်းတစ်ချက်ချသည်။

"အမှန်တော့ မင်းကိူစတွေ့ကတည်းက မင်းရဲ့အပြုအမူတွေက အနည်းငယ်ထူးဆန်းနေခဲ့တာမလို့ပါ။ ချိုက်အန်းကိုမရောက်ခင်က မင်းကနူးညံ့တဲ့သူတစ်ယောက်၊ စကားနည်းပြီး တိတ်ဆိတ်ငြိမ်သက်နေတတ်တဲ့သူတစ်ယောက်လေ။ အခုလိုမျိုး သွက်သွက်လပ်လပ်ပုံစံကိုတွေ့ရတော့ ဒီဖအေက နည်းနည်းစိတ်ပူသွားမိရုံပါ။ မင်းကို ဘုရင်ချီရှန်း တစ်ခုခုလုပ်ထားမှာကို။"

"သူကဘာမှ မလုပ်ပါဘူး။ ကျွန်တော်တို့သားအမိကို အဲ့ဒီ ယွဲ့တိုင်းပြည်က နှိပ်စက်သလိုမျိုးလည်း မနှိပ်စက်ပါဘူး။

ပြီးတော့ ကျွန်တော်ဒီတခေါက် ချိုက်အန်းကိုပြန်ရောက်တဲ့အခါ ယွဲ့တိုင်းပြည်ကိုလာပြီး ကျွန်တော့်ရဲ့မယ်တော်ကို လာရောက်ခေါ်ဆောင်မှာပါ။ သူမကို ချိုက်အန်းနန်းဆောင်မှာပဲ ဘုရင့်ယောက္ခမတော်ဆိုတဲ့ ရာထူးအဆင့်နဲ့ အဆင့်အတန်းရှိရှိ သူမရဲ့ကျန်ရှိတဲ့ဘဝကိုဖြတ်သန်းေစမှာပါ။"

"အဲ့ဒါက......"

ကျင့်ဝမ်ချိုးက ခက်ခဲ့သည့်အမူအရာဖြင့် ငြင်းရန်ပြင်သည်။

"ခမည်းတော်ဘက်က ဘာများအဆင်မပြေတာရှိလို့ပါလဲ။ ကျွန်တော့်ဘက်တောင်းဆိုတာ ဒီတစ်ခုပါပဲ။ တကယ်လို့ ကျွန်တော်တို့သားအမိကို ခမည်းတော်ရဲ့ မိန်းမနဲ့သားတစ်ယောက်လိုမျိုး သဘောထားသေးတယ်ဆိုရင် ဒီကိစ္စကိုခွင့်ပြုပေးပါ။ ကျွန်တော်တို့ထပ်ပြီး ယွဲ့တိုင်းပြည်ကိုအခြေချမှာမဟုတ်ပါဘူး။"

အန်းလု၏ စကားများကလျင်မြန်ဖျတ်လက်လွန်းနေ၏။ သူ၏စကားပြောဆိုသည့် အသုံးအနှုန်းများ တစ်ခုတလေမှားသွားမှာကိုပင် စိုးရိမ်နေသည့်အရိပ်အယောင်မရှိတော့ပဲ သူပြောချင်သည့်အရာကိုသာ တရစပ်ပြောနေလေ၏။

" ငါမိဖုရားကြီး နဲ့ တချက်တိုင်ပင်လိုက်ပါအုန်းမယ်။ ဘာပဲဖြစ်ဖြစ် မင်းရဲ့မယ်တော် ကလည်းနိုင်ငံရဲ့ကိုယ်လုပ်တော်တစ်ပါးပဲလေ။ ကိုယ့်နိုင်ငံကိုစွန့်ခွာတယ်ဆိုတာက သမိုင်းမှာ နန်းကျတဲ့မိဖုရားတွေကိုသတ်မှတ်တာပဲရှိတာ။"

ထိုစကားကြောင့် အန်းလုက မျက်မှောင်ကြုတ်လိုက်သည်။

(သူလည်းမြေခွေးအိုကြီးပဲ။ ဟိုအဒေါ်ကြီးနဲ့ကိုက အသွင်တူလို့အိမ်သူဖြစ်တာ။ သောက်ကျင့်မကောင်းတဲ့ဟာတွေ။

ယိချန်ရေ....ငါအဆုံးထိသွားမိတော့မယ်။ ငါ့ဆုံးဖြတ်ချက်ကြောင့် မင်းစိတ်မဆိုးပါစေနဲ့ ဆုတောင်းတယ်)

"ကျွန်တော့်ဘက်က ကျွန်တော်ဖြစ်စေချင်တာကိုဖော်ပြပြီးပြီမလို့ ခမည်းတော်ဘက်က ဘယ်လိုတုံ့ပြန်မယ်ဆိုတာကိုပဲ သိချင်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်ပြောခဲ့တဲ့စကားအတိုင်း ယွဲ့တိုင်းပြည်ကိုလာပြီး သူမကိုခေါ်ဆောင်မှာပါ။"

ကျင့်ဝမ်ချိုးက တစ်ချက်ပြုံးလိုက်၏။ ပြီး​ေနာက်သူက လက်ခုပ်ကိုအားပါပါတီးလိုက်သည်။

*ဖြောင်း...ဖြောင်း.ဖြောင်း*

" အားချန်...တကယ်ကိုပြောင်းလဲသွားတာပဲ။ စိတ်ဓာတ်လည်းမာကျောလာတယ်။ စကားပြောတာလည်း ပြတ်သားလာတယ်။ ဖခင်တစ်ယောက်အနေနဲ့ အဖေတကယ်ပဲ သားအတွက် ဂုဏ်ယူမိပါတယ်။ ပြီးတော့ ဘုရင်လီချီရှန်းကိုလည်း တကယ်ကျေးဇူးတင်တယ် ။"

ကျင့်ဝမ်ချိုးက နေရာမှ ထ၍မတ်တပ်ရပ်လိုက်သည်။ အန်းလုကလည်း လိုက်ရပ်လိုက်၏။ ကျင့်ဝမ်ချိုးက အန်းလု၏ပုခုံးကို လှမ်းပုတ်လိုက်ရင်း

" ဒါဆိုညကျရင် ညစာစားဖို့ တွေ့ကြတာပေါ့။ ပြီးတော့.......... မင်းရဲ့မယ်တော်ကိုအမြန်ဆုံး လာခေါ်ပါ။ သူမ မင်းကိုစောင့်နေတယ်။ ဟား..ဟား...ဟား.."

(စောင့်နေတယ် ဟုတ်လား။ သူကြိုသိနေတာလား။)

အန်းလုကကျင့်ဝမ်ချိုးကို လှမ်းကြည့်လိုက်တော့ ထိုလူက အဆောင်၏အပြင်ဘက်သို့ထွက်သွားလေပြီဖြစ်သည်။ ကျင့်ဝမ်ချိုး၏ ရီမောသံကို အန်းလုက အခန်းဆောင်ထဲမှနေ၍ ကြားလိုက်သေးသည်။ သူအနည်းငယ်တော့ မှင်သတ်သွားမိ၏။ ဒီလိုဖြစ်လာလိမ့်မည်ကို ကြိုသိထားပုံရသည်။

"ဒါဆို ဟိုအဒေါ်ကြီးကရော သဘောတူလို့လား။ အင်း ဘာပဲဖြစ်ဖြစ် ယိချန်ရဲ့အမေက စောင့်နေပြီဆို​တော့ အဆင်သင့်ခေါ်လို့ရတယ်လို့ ဆိုလိုတာပဲ။ အဲ့တော့...အရင်ဆုံးလုပ်ရမှာက စာပို့တာပဲ။

မှင်....မှင်....မှင်နဲ့စုတ်တံ ငါလိုတယ်ဟေ့...နင်တို့ ဘယ်မှာလဲ။"

အန်းလုက ချက်ချင်းပျော်ရွှင်သွားပြီးနောက် ကျင့်ယိချန်တို့ဆီ စာရေးရန် စတင်ကာပြင်ဆင်ရင်းယောက်ယက်ခတ်နေလေတော့သည်။

" တွေ့ပြီကွ....ရှန်းရှန်းကလည်း ဘာလို့ပစ္စည်းတွေလျောက်သိမ်းနေတာလဲ မသိဘူး။ ငါထားထားတဲ့အတိုင်း မထားပဲနဲ့။ အခုလိုသုံးမယ်ကြံတော့ အတော်ရှာလိုက်ရတယ်။"

မှင်အိုးနှင့် စုတ်တံများကို ချီရှန်းက အခန်းထဲနံရံနားရှိ စင်ပေါ်တွင် တင်ခဲ့ရုံသာဖြစ်သည်။ မနေ့ညကလည်း အန်းလုက စာရေးပြီးနေရာတကျပြန်မထားပဲ ခုံပေါ်တွင် ရှုပ်ပွအောင်လုပ်ထားသေးသည်။ စုတ်ချာနေသော ပဲပင်ပေါက်အားမိုးကြိုးပစ်ထားသည်ဟုထင်ရလောက်သည့် သူ၏လက်ရေးမှာ သမိုင်းဝင်လောက်၏။ ချီရှန်းက ဘေးတွင် စုပ်ဖြဲကာထားသော အဆင်မပြေသည့် စာများကိုပင် ဖတ်ကြည့်ခဲ့ရင်း မျက်နှာကမဲ့နေခဲ့သေးသည်။ ချီရှန်း၏ အတွေးထဲတွင် တဖက်လူ မဖတ်တတ်မှာကိုပင် အနည်းငယ်စိုးရိမ်နေပုံရ၏။

အန်းလုက မှင်ကိုသွေးလိုက်ပြီး စာရွက်အလွတ်တစ်ရွက်ကို ထပ်ယူသည်။ စုတ်တံကိုမှင်စွတ်ပြီးနောက် စုတ်တံဖင်ကို စကိုက်လိုက်ရင်း အစချီရန်စကားလုံးရှာသည်။ ချီရှန်း သင်ပေးထားသောကြောင့် ရှေးဟောင်းတရုတ်စာကိုတော့ သူရေးတတ်ဖတ်တတ်နေပြီဖြစ်သည်။ ယခင်ကလက်ရေးသိပ်မဆိုးခဲ့သော်လည်း စုတ်တံဖြင့်မရေးတာကြာသွားသောကြောင့်လည်းဖြစ်ချေလိမ့်မည်။

" ယိချန်ကို သူ့အမေကို ယွဲ့တိုင်းပြည်မှာ သွားခေါ်လို့ရပြီဆိုတာကိုရေးလိုက်မယ်။ ငါခေါ်ရင် အဆင်ပြေမှာမဟုတ်ဘူး။ သူမကငါမဟုတ်မှန်းတန်းသိမှာပဲ။ ကျန်တဲ့သူတွေက ငါ့ကိုသူမဟုတ်မှန်းမရိပ်မိတာ သူတိူ့က ယိချန်ကို အလေးမထားလို့ပဲ။ ယိချန်ရဲ့အမေသာ ဟိုကောင်ကျင့်ချီလိုဆို ငါကတန်းမိမှာ။ အဲ့တော့.........ယိချန်ကို

နေအုန်း...ငါကဒီကနေ မနက်ဖြန်ဆိုပြန်မှာ။ ချက်ချင်းယွဲ့တိုင်းပြည်ကိုရောက်နေရင် သံသယဝင်လိမ့်မယ်။

အဲ့တော့....နောက် သုံးရက်နေရင် ယွဲ့တိုင်းပြည်မှာ မင်းရဲ့မိခင်ကိုသွားခေါ်လိုက်ပါ။ ငါခွင့်ပြုချက်ရပြီးပြီ။ သူမကလည်း မင်းကိုစောင့်နေပါလိမ့်မယ်။ "

အန်းလုက ထိုစာလုံးအား စာရွက်ပေါ်တွင် စီတန်းလျက်ချရေးလိုက်သည်။ ရေးသားလို့ပြီးသွားသော စာတန်းကို ပြန်ကြည့်လိုက်ရင်း

"အင်း...အရမ်းလည်းစာမရှည်တော့ အဆင်ပြေတယ်။ ငါတကယ်ပဲ စာအရှည်ကြီးရေးရတာမကြိုက်ဘူး။ အရမ်းပျင်းဖို့ကောင်းတယ်။ ဟူးးးးး"

အန်းလုက သက်ပြင်းချလိုက်ပြီးနောက် စာရွက်ကိုခေါက်လိုက်ပြီး စာပို့ငှက်ကိုခေါ်ရန် အပြင်သို့ ထွက်လာခဲ့လိုက်သည်။

..............................................

" တွေ့ကြပြန်ပြီ။"

"အော်...မင်းသမီးချင်းယာ ကိုး။"

ကျီချန်းက စျေးထဲတွင်ရှိသော နှစ်ထပ်သေရည် ဆိုင်တစ်ဆိုင်၏ အပေါ်ထပ်ရှိ လမ်းမကိုမြင်ရသည့် ဝံရံတာနားရှိထိုင်ခုံတွင် ထိုင်ကာ သေရည်သောက်နေသည်။ တစ်ယောက်တည်း အဖော်မပါပဲ သောက်နေခဲ့တာဖြစ်ပြီး စားပွဲပေါ်တွင် သေရည်အိုးလတ်သုံးအိုးခန့်တင်ထားသည်။

ချင်းယာက ကျီချန်း၏ တုံ့ပြန်မှုကိုရလျင်ရခြင်း ကျီချန်းနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ ကျီချန်းက သူ့အားပြုံးလျက်ကြည့်နေသော ချင်းယာကို ကြည့်လိုက်ရင်း

"မင်းသမီးလေး...ကျွန်တော်တို့က သေရည်အတူသောက်ရလောက်အောင် မရင်းနှီးဘူးလေ။ ကိုယ့်ဘာသာ သက်သက်တစ်ခုံထိုင်ပါလားဗျာ။"

ထိုအချိန်တွင်ပဲ စားပွဲထိုးက အပေါ်သို့ တတ်လာပြီး ချင်းယာရှိသော စားပွဲပေါ်တွင်ပဲ သေရည်နှစ်အိုးကို ထပ်တင်ပေးလိုက်သည်။

"လူကြီးမင်းရဲ့ သေရည်ရပါပြီ။"

"လူကြီးမင်း....ဟုတ်လား။"

"ကောင်းပြီ။ ဒီမှာ ငွေစ။"

" ကျေးဇူးပါ လူကြီးမင်း။"

စားပွဲထိုးက ငွေရသွားတာကြောင့် သူ့နေရာသူပြန်ဆင်းသွားလေပြီ။ ကျီချန်း သေချာကြည့်မိမှ ချင်းယာက ယောက်ျားလေးတယောက်ကဲ့သို့ ပြင်ဆင်ထားသည်ကို သူမြင်မိသည်။ သူ၏မျက်လုံးများကိုပင် အတော်လေး ကျုံ့ကာကြည့်လိုက်ရသည်။ ချင်းယာက သူ၏ ခါးတွင်ချိတ်ကာထားသော ကြာပွတ်အား စားပွဲပေါ်တွင် ဆောင့်ချလိုက်ပြီးနောက် သေရည်အိုးအား အဖုံးဖွင့်ပြီး ခွက်အတွင်းသို့ လောင်းထည့်လိုက်သည်။ ကျီချန်းက သေရည်မော့နေသော သူမအားကြည့်ရင်း

" ငယ်ငယ်လေးနဲ့ အရက်သမားဖြစ်နေတာပဲ။ မင်းအဖေအစားရင်နာတယ်။ ကျွတ်.... ကျွတ်....ကျွတ်....

တစ်ဦးတည်းသော သမီးလေးက ယောက်ျားလေးလို့ဝတ်ပြီး အရက်သမားလုံးလုံးဖြစ်နေတာကို သူမသိရှာဘူး။"

ချင်းယာက ကျီချန်း၏ စကားကိုအဖတ်မလုပ်ပဲ သေရည်ခွက်ကိုဘေးသို့ပို့လိုက်ပြီး သေရည်အားအိုးလိုက်မော့လေတော့သည်။ ကျီချန်းကလည်း သူ့ဘာသာဆက်သောက်နေလေ၏။ စျေးလမ်းတစ်လျောက်သည် မီးပုံးများဖြင့် ထိန်လင်းနေကြသည်။ ထွန်းလင်းတောက်ပနေသော လမင်းကြီးက လည်း တစ်မျိုးတစ်ဖုံအလင်းရောင်ဖြာကြပေးနေသေးသည်။

ချင်းယာက ရုတ်တရက်သူ၏ သေရည်အိုးကို စားပွဲပေါ်သို့ပြန်ချလိုက်သည်။ နှုတ်ခမ်းဘေးတွင် ပေကျံသွားသော သေရည်များကို လက်ဖမိုးဖြင့် ပွတ်ဆွဲကာသုတ်လိုက်ရင်း

" ကျွန်မက သမီးအရင်းမဟုတ်ဘူးလို့ပြောပြီးသားလေ။ ရှင် ဒီလိုတွေးနေသေးတာ တကယ်အံ့သြတယ်။"

"အယ်...မင်းပဲ မေ့ပစ်လိုက်ဆို။ အမျိုးမျိုး။"

"အခုချိန် ပြန်သတိရလို့ရတယ်။ မင်းသမီးလေးလို့ထပ်မခေါ်နဲ့ ကျွန်မလည်း ဖြစ်ချင်လို့ဖြစ်လာတာမဟုတ်ဘူး။"

ကျီချန်းက စားပွဲပေါ်ရှိ အမြည်းချထားသော အသားပြားခြောက်ကိုယူကာ ကိုက်ဝါးလိုက်ရင်း

" ဒါနဲ့လေ...ငါတကယ်ပဲ မေးချင်နေတာရှိတယ်။"

"ဘာလဲ။"

" မင်း...ငါ့အသက်ဘယ်လောက်လဲသိလား။"

ချင်းယာက သေရည်အိုးကိုမော့ရင်းဖြေသည်။

" ဟင့်အင်း...သိစရာလိုလို့လား။"

"ဒီကောင်မလေးကတော့.....

နားထောင်...ငါ့အသက်ကလေ ၂၉နှစ်ကျော်ပြီ။ မင်းနဲ့ငါ ဆယ်နှစ်နီးပါးကွာတယ်။ မင်းငါ့ကိုဘာလို့မရိုသေတာလဲ။"

ကျီချန်းက သူမအား လက်ထဲရှိ အသားပြားခြောက်နှင့် ရွယ်လိုက်ရင်းဆိုသည့။ချင်းယာက ကျီချန်းအား သေချာကြည့်လိုက်သည်။ ထို့နောက်သူက သူ၏သေရည်အိုးကို အကုန်ပြောင်သည်အထိ မော့လိုက်ပြီး စားပွဲပေါ်သို့ အိုးအလွတ်ကိုချကာ

" ဒါဆို အခုကစပြီး ဦးလေးကြီး လို့ခေါ်မယ်။ ရတယ်မလား။ "

"..........."

~~~~~~~~~~~~~~~~~~~~~~~~~

*ေဒါက္ ေဒါက္*

မနက္မေစာတေစာ ျပင္ပရွိ တံခါးေခါက္သံေၾကာင့္အန္းလုက တံခါးမအားဖြင့္လိုက္သည္။ ျပင္ပတြင္ မေန႔ကတင္ေဆြးေႏြးစကားဆိုခဲ့ေသာ ဘုရင္က်င့္ဝမ္ခ်ိဳး က ရပ္ကာေန၏။

" ဘုရင္က်င့္ဝမ္ခ်ိဳး...အာ...မဟုတ္ဘူး။ ခမည္းေတာ္။"

အန္းလုက သူ၏စကားကိုအျမန္ျပင္လိုက္ရင္း က်င့္ဝမ္ခ်ိဳးအားဂါရဝျပဳလိုက္သည္။ က်င့္ဝမ္ခ်ိဳး၏ အမူအရာက အန္းလုကိုၾကည့္ရင္း စိတ္မေကာင္းျဖစ္ေနသည့္ပုံပင္။

"ရပါတယ္ ကိုယ္လုပ္ေတာ္က်င့္။ သက္သာသလိုေနပါ။

ခမည္းေတာ္ ဒီကိုလာတာ မင္းနဲ႔ စကားနည္းနည္းေလာက္ေျပာခ်င္လို႔ပါ။ ခြင့္ျပဳေပးလို႔ရမလား။"

အန္းလုက အိပ္ယာထအျမဲေနာက္က်ေလ့ရွိသည္။ ခ်ီရွန္းက တစ္ေနရာရာသို႔ သြားေနပုံရ၏။ မနက္နိုးေတာ့ ေဘးနားတြင္ပင္ မရွိေတာ့ေခ်။ အန္းလုက က်င့္ဝမ္ခ်ိဳးအား အထဲသို႔ဝင္ရန္ လက္ျပလိုက္သည္။

"အထဲကိုႂကြပါ။"

" ေက်းဇူးပါ ။ ကိုယ္လုပ္ေတာ္က်င့္။"

(ကိုယ္လုပ္ေတာ္က်င့္ဆိုတာႀကီးက အေတာ္ေလးကိုအသားမက်ခ်င္ဘူး။)

.....................................

" ခမည္းေတာ္ မင္းနဲ႔ ႏွစ္ကိုယ္ၾကားေျပာစရာေတြရွိေနတာမလို႔ အခုလိုလာရွာလိုက္ရတာပါ။

အရင္ဆုံးေျပာခ်င္တာက ခမည္းေတာ္ ေတာင္းပန္ပါတယ္ဆိုတဲ့ အေၾကာင္းပါပဲ။ ဒီလူ အသုံးမက်လို႔ မင္းေရာ မင္းရဲ့မယ္ေတာ္ပါ နန္းေတာ္ထဲမွာ သိမ္ငယ္ခဲ့ရတဲ့အျပင္ ဒီလိုမ်ိဳး သူတစ္ပါးရဲ့ ကိုယ္လုပ္ေတာ္ဘဝလည္းျဖစ္ခဲ့ရတယ္။ ခမည္းေတာ္ တကယ္ကိုေတာင္းပန္ပါတယ္။"

(ဟုတ္သားပဲ။ ယိခ်န္ရဲ့မယ္ေတာ္။ အဲ့တိုင္းျပည္မွာပဲဆက္ထားရင္ ဟိုအေဒၚႀကီးကဆက္ႏွိပ္စက္ေနအုန္းမွာပဲ။ ခ်ိဳက္အန္းကိုျပန္ေရာက္တာနဲ႔ ယိခ်န္နဲ႔ က်င့္ခ်ီကို သြားေခၚခိုင္းရမယ္။)

အန္းလုက စားပြဲေပၚရွိ ေရေႏြးအိုးအားကိုင္ကာ ပန္းကန္လုံထဲသို႔ မျပည့္တစ္ျပည့္ငွဲ႕ေပးလိုက္ၿပီးေနာက္ က်င့္ဝမ္ခ်ိဳးေရွ႕သို႔ခ်ေပးလိုက္သည္။

" သုံးေဆာင္ပါအုန္း။"

လက္လွမ္းလိုက္ေသာ လက္ေကာက္ဝတ္တစ္ဝက္ေက်ာ္က အသားမ်ားေပၚလာေသာေၾကာင့္ က်င့္ဝမ္ခ်ိဳးက ႐ုတ္တရက္ၾကည့္လိုက္ရင္း မ်က္ဝန္းတို႔ျပဴးက်ယ္ကာ အန္းလု၏ လက္ေကာက္ဝတ္အား လွမ္းဖမ္းလိုက္သည္။ ဝတ္႐ုံကိုအနည္းငယ္ထပ္ဆြဲတင္လိုက္ရင္း

"အားခ်န္...မင္းမွာ ၾကာပြတ္ဒဏ္ရာအမာရြတ္ေတြပါမရွိေတာ့ပါလား။ အရင္က မင္းလက္မွာ အမာရြတ္ေတြအမ်ားႀကီးပါ။"

သံသယမ်ားျပည့္ႏွက္ေနေသာ မ်က္ဝန္းမ်ားျဖင့္ က်င့္ဝမ္ခ်ိဳးက အန္းလုကိုၾကည့္လာသည္။ အန္းလုက ခ်က္ခ်င္း သူ၏လက္ကိုဆြဲယူလိုက္ၿပီး

" ရွင္ဘုရင္လီခ်ီရွန္းက ကၽြန္ေတာ့္ရဲ့ ဒဏ္ရာေတြကို အေကာင္းဆုံးသမားေတာ္ေတြနဲ႔ ျပေပးခဲ့လို႔ပါ။ အနည္းဆုံးေတာ့ သူက ရိုက္ႏွက္ေနတဲ့သူတစ္ေယာက္မဟုတ္ဘူးေလ။ "

အန္းလုက မာမာတင္းတင္းပင္ေျပာလိုက္သည္။ က်င့္ဝမ္ခ်ိဳး၏ မ်က္ႏွာအေနအထားကပုံမွန္အတိုင္းျပန္ျဖစ္သြားေလ၏။ သူကသူ၏ မ်က္လုံးမ်ားကိုစုံမွိတ္ရင္း သက္ျပင္းတစ္ခ်က္ခ်သည္။

"အမွန္ေတာ့ မင္းကိူစေတြ႕ကတည္းက မင္းရဲ့အျပဳအမူေတြက အနည္းငယ္ထူးဆန္းေနခဲ့တာမလို႔ပါ။ ခ်ိဳက္အန္းကိုမေရာက္ခင္က မင္းကႏူးညံ့တဲ့သူတစ္ေယာက္၊ စကားနည္းၿပီး တိတ္ဆိတ္ၿငိမ္သက္ေနတတ္တဲ့သူတစ္ေယာက္ေလ။ အခုလိုမ်ိဳး သြက္သြက္လပ္လပ္ပုံစံကိုေတြ႕ရေတာ့ ဒီဖေအက နည္းနည္းစိတ္ပူသြားမိ႐ုံပါ။ မင္းကို ဘုရင္ခ်ီရွန္း တစ္ခုခုလုပ္ထားမွာကို။"

"သူကဘာမွ မလုပ္ပါဘူး။ ကၽြန္ေတာ္တို႔သားအမိကို အဲ့ဒီ ယြဲ႕တိုင္းျပည္က ႏွိပ္စက္သလိုမ်ိဳးလည္း မႏွိပ္စက္ပါဘူး။

ၿပီးေတာ့ ကၽြန္ေတာ္ဒီတေခါက္ ခ်ိဳက္အန္းကိုျပန္ေရာက္တဲ့အခါ ယြဲ႕တိုင္းျပည္ကိုလာၿပီး ကၽြန္ေတာ့္ရဲ့မယ္ေတာ္ကို လာေရာက္ေခၚေဆာင္မွာပါ။ သူမကို ခ်ိဳက္အန္းနန္းေဆာင္မွာပဲ ဘုရင့္ေယာကၡမေတာ္ဆိုတဲ့ ရာထူးအဆင့္နဲ႔ အဆင့္အတန္းရွိရွိ သူမရဲ့က်န္ရွိတဲ့ဘဝကိုျဖတ္သန္းေစမွာပါ။"

"အဲ့ဒါက......"

က်င့္ဝမ္ခ်ိဳးက ခက္ခဲ့သည့္အမူအရာျဖင့္ ျငင္းရန္ျပင္သည္။

"ခမည္းေတာ္ဘက္က ဘာမ်ားအဆင္မေျပတာရွိလို႔ပါလဲ။ ကၽြန္ေတာ့္ဘက္ေတာင္းဆိုတာ ဒီတစ္ခုပါပဲ။ တကယ္လို႔ ကၽြန္ေတာ္တို႔သားအမိကို ခမည္းေတာ္ရဲ့ မိန္းမနဲ႔သားတစ္ေယာက္လိုမ်ိဳး သေဘာထားေသးတယ္ဆိုရင္ ဒီကိစၥကိုခြင့္ျပဳေပးပါ။ ကၽြန္ေတာ္တို႔ထပ္ၿပီး ယြဲ႕တိုင္းျပည္ကိုအေျခခ်မွာမဟုတ္ပါဘူး။"

အန္းလု၏ စကားမ်ားကလ်င္ျမန္ဖ်တ္လက္လြန္းေန၏။ သူ၏စကားေျပာဆိုသည့္ အသုံးအႏွုန္းမ်ား တစ္ခုတေလမွားသြားမွာကိုပင္ စိုးရိမ္ေနသည့္အရိပ္အေယာင္မရွိေတာ့ပဲ သူေျပာခ်င္သည့္အရာကိုသာ တရစပ္ေျပာေနေလ၏။

" ငါမိဖုရားႀကီး နဲ႔ တခ်က္တိုင္ပင္လိုက္ပါအုန္းမယ္။ ဘာပဲျဖစ္ျဖစ္ မင္းရဲ့မယ္ေတာ္ ကလည္းနိုင္ငံရဲ့ကိုယ္လုပ္ေတာ္တစ္ပါးပဲေလ။ ကိုယ့္နိုင္ငံကိုစြန္႔ခြာတယ္ဆိုတာက သမိုင္းမွာ နန္းက်တဲ့မိဖုရားေတြကိုသတ္မွတ္တာပဲရွိတာ။"

ထိုစကားေၾကာင့္ အန္းလုက မ်က္ေမွာင္ၾကဳတ္လိုက္သည္။

(သူလည္းေျမေခြးအိုႀကီးပဲ။ ဟိုအေဒၚႀကီးနဲ႔ကိုက အသြင္တူလို႔အိမ္သူျဖစ္တာ။ ေသာက္က်င့္မေကာင္းတဲ့ဟာေတြ။

ယိခ်န္ေရ....ငါအဆုံးထိသြားမိေတာ့မယ္။ ငါ့ဆုံးျဖတ္ခ်က္ေၾကာင့္ မင္းစိတ္မဆိုးပါေစနဲ႔ ဆုေတာင္းတယ္)

"ကၽြန္ေတာ့္ဘက္က ကၽြန္ေတာ္ျဖစ္ေစခ်င္တာကိုေဖာ္ျပၿပီးၿပီမလို႔ ခမည္းေတာ္ဘက္က ဘယ္လိုတုံ႔ျပန္မယ္ဆိုတာကိုပဲ သိခ်င္ပါတယ္။ ကၽြန္ေတာ္ကေတာ့ ကၽြန္ေတာ္ေျပာခဲ့တဲ့စကားအတိုင္း ယြဲ႕တိုင္းျပည္ကိုလာၿပီး သူမကိုေခၚေဆာင္မွာပါ။"

က်င့္ဝမ္ခ်ိဳးက တစ္ခ်က္ျပဳံးလိုက္၏။ ၿပီး​ေနာက္သူက လက္ခုပ္ကိုအားပါပါတီးလိုက္သည္။

*ေျဖာင္း...ေျဖာင္း.ေျဖာင္း*

" အားခ်န္...တကယ္ကိုေျပာင္းလဲသြားတာပဲ။ စိတ္ဓာတ္လည္းမာေက်ာလာတယ္။ စကားေျပာတာလည္း ျပတ္သားလာတယ္။ ဖခင္တစ္ေယာက္အေနနဲ႔ အေဖတကယ္ပဲ သားအတြက္ ဂုဏ္ယူမိပါတယ္။ ၿပီးေတာ့ ဘုရင္လီခ်ီရွန္းကိုလည္း တကယ္ေက်းဇူးတင္တယ္ ။"

က်င့္ဝမ္ခ်ိဳးက ေနရာမွ ထ၍မတ္တပ္ရပ္လိုက္သည္။ အန္းလုကလည္း လိုက္ရပ္လိုက္၏။ က်င့္ဝမ္ခ်ိဳးက အန္းလု၏ပုခုံးကို လွမ္းပုတ္လိုက္ရင္း

" ဒါဆိုညက်ရင္ ညစာစားဖို႔ ေတြ႕ၾကတာေပါ့။ ၿပီးေတာ့.......... မင္းရဲ့မယ္ေတာ္ကိုအျမန္ဆုံး လာေခၚပါ။ သူမ မင္းကိုေစာင့္ေနတယ္။ ဟား..ဟား...ဟား.."

(ေစာင့္ေနတယ္ ဟုတ္လား။ သူႀကိဳသိေနတာလား။)

အန္းလုကက်င့္ဝမ္ခ်ိဳးကို လွမ္းၾကည့္လိုက္ေတာ့ ထိုလူက အေဆာင္၏အျပင္ဘက္သို႔ထြက္သြားေလၿပီျဖစ္သည္။ က်င့္ဝမ္ခ်ိဳး၏ ရီေမာသံကို အန္းလုက အခန္းေဆာင္ထဲမွေန၍ ၾကားလိုက္ေသးသည္။ သူအနည္းငယ္ေတာ့ မွင္သတ္သြားမိ၏။ ဒီလိုျဖစ္လာလိမ့္မည္ကို ႀကိဳသိထားပုံရသည္။

"ဒါဆို ဟိုအေဒၚႀကီးကေရာ သေဘာတူလို႔လား။ အင္း ဘာပဲျဖစ္ျဖစ္ ယိခ်န္ရဲ့အေမက ေစာင့္ေနၿပီဆို​ေတာ့ အဆင္သင့္ေခၚလို႔ရတယ္လို႔ ဆိုလိုတာပဲ။ အဲ့ေတာ့...အရင္ဆုံးလုပ္ရမွာက စာပို႔တာပဲ။

မွင္....မွင္....မွင္နဲ႔စုတ္တံ ငါလိုတယ္ေဟ့...နင္တို႔ ဘယ္မွာလဲ။"

အန္းလုက ခ်က္ခ်င္းေပ်ာ္ရႊင္သြားၿပီးေနာက္ က်င့္ယိခ်န္တို႔ဆီ စာေရးရန္ စတင္ကာျပင္ဆင္ရင္းေယာက္ယက္ခတ္ေနေလေတာ့သည္။

" ေတြ႕ၿပီကြ....ရွန္းရွန္းကလည္း ဘာလို႔ပစၥည္းေတြေလ်ာက္သိမ္းေနတာလဲ မသိဘူး။ ငါထားထားတဲ့အတိုင္း မထားပဲနဲ႔။ အခုလိုသုံးမယ္ႀကံေတာ့ အေတာ္ရွာလိုက္ရတယ္။"

မွင္အိုးႏွင့္ စုတ္တံမ်ားကို ခ်ီရွန္းက အခန္းထဲနံရံနားရွိ စင္ေပၚတြင္ တင္ခဲ့႐ုံသာျဖစ္သည္။ မေန႔ညကလည္း အန္းလုက စာေရးၿပီးေနရာတက်ျပန္မထားပဲ ခုံေပၚတြင္ ရွုပ္ပြေအာင္လုပ္ထားေသးသည္။ စုတ္ခ်ာေနေသာ ပဲပင္ေပါက္အားမိုးႀကိဳးပစ္ထားသည္ဟုထင္ရေလာက္သည့္ သူ၏လက္ေရးမွာ သမိုင္းဝင္ေလာက္၏။ ခ်ီရွန္းက ေဘးတြင္ စုပ္ျဖဲကာထားေသာ အဆင္မေျပသည့္ စာမ်ားကိုပင္ ဖတ္ၾကည့္ခဲ့ရင္း မ်က္ႏွာကမဲ့ေနခဲ့ေသးသည္။ ခ်ီရွန္း၏ အေတြးထဲတြင္ တဖက္လူ မဖတ္တတ္မွာကိုပင္ အနည္းငယ္စိုးရိမ္ေနပုံရ၏။

အန္းလုက မွင္ကိုေသြးလိုက္ၿပီး စာရြက္အလြတ္တစ္ရြက္ကို ထပ္ယူသည္။ စုတ္တံကိုမွင္စြတ္ၿပီးေနာက္ စုတ္တံဖင္ကို စကိုက္လိုက္ရင္း အစခ်ီရန္စကားလုံးရွာသည္။ ခ်ီရွန္း သင္ေပးထားေသာေၾကာင့္ ေရွးေဟာင္းတ႐ုတ္စာကိုေတာ့ သူေရးတတ္ဖတ္တတ္ေနၿပီျဖစ္သည္။ ယခင္ကလက္ေရးသိပ္မဆိုးခဲ့ေသာ္လည္း စုတ္တံျဖင့္မေရးတာၾကာသြားေသာေၾကာင့္လည္းျဖစ္ေခ်လိမ့္မည္။

" ယိခ်န္ကို သူ႔အေမကို ယြဲ႕တိုင္းျပည္မွာ သြားေခၚလို႔ရၿပီဆိုတာကိုေရးလိုက္မယ္။ ငါေခၚရင္ အဆင္ေျပမွာမဟုတ္ဘူး။ သူမကငါမဟုတ္မွန္းတန္းသိမွာပဲ။ က်န္တဲ့သူေတြက ငါ့ကိုသူမဟုတ္မွန္းမရိပ္မိတာ သူတိူ႔က ယိခ်န္ကို အေလးမထားလို႔ပဲ။ ယိခ်န္ရဲ့အေမသာ ဟိုေကာင္က်င့္ခ်ီလိုဆို ငါကတန္းမိမွာ။ အဲ့ေတာ့.........ယိခ်န္ကို

ေနအုန္း...ငါကဒီကေန မနက္ျဖန္ဆိုျပန္မွာ။ ခ်က္ခ်င္းယြဲ႕တိုင္းျပည္ကိုေရာက္ေနရင္ သံသယဝင္လိမ့္မယ္။

အဲ့ေတာ့....ေနာက္ သုံးရက္ေနရင္ ယြဲ႕တိုင္းျပည္မွာ မင္းရဲ့မိခင္ကိုသြားေခၚလိုက္ပါ။ ငါခြင့္ျပဳခ်က္ရၿပီးၿပီ။ သူမကလည္း မင္းကိုေစာင့္ေနပါလိမ့္မယ္။ "

အန္းလုက ထိုစာလုံးအား စာရြက္ေပၚတြင္ စီတန္းလ်က္ခ်ေရးလိုက္သည္။ ေရးသားလို႔ၿပီးသြားေသာ စာတန္းကို ျပန္ၾကည့္လိုက္ရင္း

"အင္း...အရမ္းလည္းစာမရွည္ေတာ့ အဆင္ေျပတယ္။ ငါတကယ္ပဲ စာအရွည္ႀကီးေရးရတာမႀကိဳက္ဘူး။ အရမ္းပ်င္းဖို႔ေကာင္းတယ္။ ဟူးးးးး"

အန္းလုက သက္ျပင္းခ်လိုက္ၿပီးေနာက္ စာရြက္ကိုေခါက္လိုက္ၿပီး စာပို႔ငွက္ကိုေခၚရန္ အျပင္သို႔ ထြက္လာခဲ့လိုက္သည္။

..............................................

" ေတြ႕ၾကျပန္ၿပီ။"

"ေအာ္...မင္းသမီးခ်င္းယာ ကိုး။"

က်ီခ်န္းက ေစ်းထဲတြင္ရွိေသာ ႏွစ္ထပ္ေသရည္ ဆိုင္တစ္ဆိုင္၏ အေပၚထပ္ရွိ လမ္းမကိုျမင္ရသည့္ ဝံရံတာနားရွိထိုင္ခုံတြင္ ထိုင္ကာ ေသရည္ေသာက္ေနသည္။ တစ္ေယာက္တည္း အေဖာ္မပါပဲ ေသာက္ေနခဲ့တာျဖစ္ၿပီး စားပြဲေပၚတြင္ ေသရည္အိုးလတ္သုံးအိုးခန္႔တင္ထားသည္။

ခ်င္းယာက က်ီခ်န္း၏ တုံ႔ျပန္မွုကိုရလ်င္ရျခင္း က်ီခ်န္းႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ ဝင္ထိုင္လိုက္သည္။ က်ီခ်န္းက သူ႔အားျပဳံးလ်က္ၾကည့္ေနေသာ ခ်င္းယာကို ၾကည့္လိုက္ရင္း

"မင္းသမီးေလး...ကၽြန္ေတာ္တို႔က ေသရည္အတူေသာက္ရေလာက္ေအာင္ မရင္းႏွီးဘူးေလ။ ကိုယ့္ဘာသာ သက္သက္တစ္ခုံထိုင္ပါလားဗ်ာ။"

ထိုအခ်ိန္တြင္ပဲ စားပြဲထိုးက အေပၚသို႔ တတ္လာၿပီး ခ်င္းယာရွိေသာ စားပြဲေပၚတြင္ပဲ ေသရည္ႏွစ္အိုးကို ထပ္တင္ေပးလိုက္သည္။

"လူႀကီးမင္းရဲ့ ေသရည္ရပါၿပီ။"

"လူႀကီးမင္း....ဟုတ္လား။"

"ေကာင္းၿပီ။ ဒီမွာ ေငြစ။"

" ေက်းဇူးပါ လူႀကီးမင္း။"

စားပြဲထိုးက ေငြရသြားတာေၾကာင့္ သူ႔ေနရာသူျပန္ဆင္းသြားေလၿပီ။ က်ီခ်န္း ေသခ်ာၾကည့္မိမွ ခ်င္းယာက ေယာက္်ားေလးတေယာက္ကဲ့သို႔ ျပင္ဆင္ထားသည္ကို သူျမင္မိသည္။ သူ၏မ်က္လုံးမ်ားကိုပင္ အေတာ္ေလး က်ဳံ႕ကာၾကည့္လိုက္ရသည္။ ခ်င္းယာက သူ၏ ခါးတြင္ခ်ိတ္ကာထားေသာ ၾကာပြတ္အား စားပြဲေပၚတြင္ ေဆာင့္ခ်လိုက္ၿပီးေနာက္ ေသရည္အိုးအား အဖုံးဖြင့္ၿပီး ခြက္အတြင္းသို႔ ေလာင္းထည့္လိုက္သည္။ က်ီခ်န္းက ေသရည္ေမာ့ေနေသာ သူမအားၾကည့္ရင္း

" ငယ္ငယ္ေလးနဲ႔ အရက္သမားျဖစ္ေနတာပဲ။ မင္းအေဖအစားရင္နာတယ္။ ကၽြတ္.... ကၽြတ္....ကၽြတ္....

တစ္ဦးတည္းေသာ သမီးေလးက ေယာက္်ားေလးလို႔ဝတ္ၿပီး အရက္သမားလုံးလုံးျဖစ္ေနတာကို သူမသိရွာဘူး။"

ခ်င္းယာက က်ီခ်န္း၏ စကားကိုအဖတ္မလုပ္ပဲ ေသရည္ခြက္ကိုေဘးသို႔ပို႔လိုက္ၿပီး ေသရည္အားအိုးလိုက္ေမာ့ေလေတာ့သည္။ က်ီခ်န္းကလည္း သူ႔ဘာသာဆက္ေသာက္ေနေလ၏။ ေစ်းလမ္းတစ္ေလ်ာက္သည္ မီးပုံးမ်ားျဖင့္ ထိန္လင္းေနၾကသည္။ ထြန္းလင္းေတာက္ပေနေသာ လမင္းႀကီးက လည္း တစ္မ်ိဳးတစ္ဖုံအလင္းေရာင္ျဖာၾကေပးေနေသးသည္။

ခ်င္းယာက ႐ုတ္တရက္သူ၏ ေသရည္အိုးကို စားပြဲေပၚသို႔ျပန္ခ်လိုက္သည္။ ႏွုတ္ခမ္းေဘးတြင္ ေပက်ံသြားေသာ ေသရည္မ်ားကို လက္ဖမိုးျဖင့္ ပြတ္ဆြဲကာသုတ္လိုက္ရင္း

" ကၽြန္မက သမီးအရင္းမဟုတ္ဘူးလို႔ေျပာၿပီးသားေလ။ ရွင္ ဒီလိုေတြးေနေသးတာ တကယ္အံ့ၾသတယ္။"

"အယ္...မင္းပဲ ေမ့ပစ္လိုက္ဆို။ အမ်ိဳးမ်ိဳး။"

"အခုခ်ိန္ ျပန္သတိရလို႔ရတယ္။ မင္းသမီးေလးလို႔ထပ္မေခၚနဲ႔ ကၽြန္မလည္း ျဖစ္ခ်င္လို႔ျဖစ္လာတာမဟုတ္ဘူး။"

က်ီခ်န္းက စားပြဲေပၚရွိ အျမည္းခ်ထားေသာ အသားျပားေျခာက္ကိုယူကာ ကိုက္ဝါးလိုက္ရင္း

" ဒါနဲ႔ေလ...ငါတကယ္ပဲ ေမးခ်င္ေနတာရွိတယ္။"

"ဘာလဲ။"

" မင္း...ငါ့အသက္ဘယ္ေလာက္လဲသိလား။"

ခ်င္းယာက ေသရည္အိုးကိုေမာ့ရင္းေျဖသည္။

" ဟင့္အင္း...သိစရာလိုလို႔လား။"

"ဒီေကာင္မေလးကေတာ့.....

နားေထာင္...ငါ့အသက္ကေလ ၂၉ႏွစ္ေက်ာ္ၿပီ။ မင္းနဲ႔ငါ ဆယ္ႏွစ္နီးပါးကြာတယ္။ မင္းငါ့ကိုဘာလို႔မရိုေသတာလဲ။"

က်ီခ်န္းက သူမအား လက္ထဲရွိ အသားျပားေျခာက္ႏွင့္ ရြယ္လိုက္ရင္းဆိုသည့။ခ်င္းယာက က်ီခ်န္းအား ေသခ်ာၾကည့္လိုက္သည္။ ထို႔ေနာက္သူက သူ၏ေသရည္အိုးကို အကုန္ေျပာင္သည္အထိ ေမာ့လိုက္ၿပီး စားပြဲေပၚသို႔ အိုးအလြတ္ကိုခ်ကာ

" ဒါဆို အခုကစၿပီး ဦးေလးႀကီး လို႔ေခၚမယ္။ ရတယ္မလား။ "

"..........."

~~~~~~~~~~~~~~~~~~~~~~~~~

© Hnin Aung,
книга «Love, But Hurt (Season_3) The Last Begin».
Коментарі