Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 5
"မဟုတ်သေးဘူး။ မဟူတ်သေးဘူး။

ဘယ်လိုဖြစ်ပြီး တစ်ခြားတယောက်ရဲ့ ခန္တာကိုယ်ထဲလာဝင်နေတာလဲ။"

အန်းလုကသူ၏ ပါးနှစ်ဖက်ကို လက်ဖြင့်တဖတ်ဖတ်ရိုက်ရင်း စကားများကိုမပီမသပြောနေသည်။ ကျင့်ချီကသူ့ကိုကြည့်နေရင်း

"အန်းလု...ဘာဖြစ်လို့လဲ။"

အန်းလုက ရိုက်နေသည်ကိုရပ်တန့်လိုက်ပြီးလှမ်းကြည့်လိုက်သည်။

"ဗျာ...အာ..ဘာ..ဘာမှမဟုတ်ပါဘူး။ "

..............

(ဘယ်လိုလုပ်ရမလဲ။ သူငါ့ကိုမမှတ်မိရင်ဘယ်လိုလူပ်မလဲ။ မမှတ်မိစရာတော့မရှိပါဘူး။ ဟုတ်တယ်မလား။ ငါတို့ဘယ်လောက်တောင်မှရင်းနှီးခဲ့ကြသလဲ။)

"စားရတာအဆင်မပြေလို့များလား။ "

ကျင့်ချီက တူကိုကိုင်ကာ ထမင်းပန်းကန်လုံးထဲရှိ ထမင်းများကို ထိုးစိုက်နေသော အန်းလုကိုကြည့်ကာဆိူလိုက်သည်။

"ဟမ်....မဟူတ်ပါဘူး ။ ကျွန်တော်တို့သွားကြမလား။"

"ကောင်းပြီလေ ။ သူဌေး ကုန်ကျစရိတ်ကိုတွက်ပေးပါ။"

ကျင့်ချီက အန်းလုကို ဖြေလိုက်ပြီးနောက် ဆိုင်ရှင်သူဌေးအားလှမ်းခေါ်လိုက်သည်။ ဆိုင်ရှင်အား ကူန်ကျစရိတ်အသပြာတစ်ချို့ပေးလိုက်ပြီးနောက် ထရန်အပြင် အန်းလုက

"ဒါနဲ့..ခင်ဗျားရဲ့မင်းသားလေးဆိုတဲ့သူကအခုဘယ်မှာလဲ။"

ထိုစကားကိုကြားကြားချင်း ကျင့်ချီရဲ့မျက်နှာက အနည်းငယ်ပျက်ကာသွားသည်။ ပြီးမှသူက ပြုံးလိုက်ပြီး

"အန်းလု သိစရာမလိုဘူးလားလို့...။ ကျွန်တော်နဲ့ သဘောတူထားတာကိုပဲ လုပ်ပေးပါ။ အချိန်တန်ရင် ကျွန်တော်အဲ့နေရာကနေပြန်ခေါ်ထူတ်ပေးမှာပါ။"

"......"

....................

မြို့တော်ကို ဝင်ရောက်လာခဲ့သည့်လမ်းတလျောက်လုံးက စည်ကားမွူများနှင့်ပြည့်စုံနေခဲ့သည်။ အန်းလုက လှည်းအတွင်းမှနေ၍ အပြင်ဘက်သို့ ပြတင်းပေါက်အသေးလေးမှ စူးစမ်းကာကြည့်နေခဲ့သည်။

မြို့တော်၏ စျေးကြီးသည်ပင် ယခင်အတိုင်းလူများနှင့် ကြိတ်ကြိတ်တိုးကာစည်ကားနေဆဲ။ အန်းလုက ချီရှန်းနှင့် နန်းတော်အပြင်သိူ့ထွက်လည်ကြစဉ်က အတော်လေးပျော်ဖို့ကောင်းခဲ့သည့်အဖြစ်အပျက်များကို သတိရမိပြီး ပြုံးလိုက်သည်။ သွားနေသည့်လှည်းပေါ်တွင်နေရင်းနှင့်ပင် ချီရှန်းနှင့်သူ့အား ညီအကိုဟုသတ်မှတ်ခဲ့သည့် အဒေါ်တယောက်၏ ဆိုင်အားသူတွေ့မိလိုက်သည်။ ထိုဆိုင်လေးသည်ပင်လျင် ယခင်အတိုင်းရှိနေဆဲပင်။

အန်းလုက အသက်ကိုတစ်ဝကြီးရွုရွိုက်ပစ်လိုက်ပြီး အော်လိုက်သည်။

"ရှန်းရှန်းရေ....ခင်ဗျားဆီကိုကျွန်တော်ပြန်လာပြီဗျ။"

"အန်းလု တစ်ခုခုပြောလိုက်လား။တစ်ခုခုလိုတာရှိလို့လား။"

ချက်ချင်းပင် လှည်းဘေးနားကပ်လာသူက မြင်းပေါ်ရှိ ကျင့်ချီပင်။

"ဘာမှမပြောပါဘူး။ ဒီအတိုင်းပဲ။"

"ကောင်းပါပြီ။ အခုကစပြီး မင်းသားလေးကျင့်ယွီလုံလို ပြုမွုနေထိုင်ပေးပါ။ ဘုရင်ကအဆောင်တော်ကိုလာရောက်ဖို့ ခဲယဉ်းတာမလို့ သိပ်တော့စိတ်ပူစရာမလိုပါဘူး။"

"အင်း....."

.................

"ဒါကနေရမဲ့အဆောင်ပေါ့။"

"ဟုတ်ပါတယ်။ ကိုယ်လုပ်တော်ကျင့်"

(အဲ့နာမည်ကြီး မရင်းနှီးသေးဘူး။)

နန်းတော်ဂိတ်ပေါက်ဝရောက်သည်နှင့် လာရောက်ကြိုဆိုကြသည့်လူက ဆယ်ယောက်ပင်မပြည့်ချေ။ နန်းတော်အဝမှ သက်ဆိုင်ရာအဆောင်ရောက်သည်အထိကို ဝေါ်ယာဉ်ပေါ်မှ မဆင်းရပဲ နန်းဆောင်ရောက်မှ ဆင်းခွင့်ပေးကြသည်။

ထိုကဲ့သိူ့သော အတွေ့အကြုံမျိုးအန်းလုက တစ်ခါမျှမခံစားဖူးသည်လည်းပါလိမ့်မည်။ မိမိဘဝက မသိချင် အချုပ်ခန်းထဲသို့ ဝတ်ကောင်းစားလှဖြင့် ကိုယ်တိုင်ဝင်ရောက်သည့်ပုံစံနှင်ပင် တူနေလေ၏။ ယခင်က လီချီရှန်းနှင့်သာ အချိန်ကုန်ခဲ့သည့်အတွက် သူ့အနေနှင့် ဤသိူ့သော အတွေ့အကြုံများကို သိပင်မသိခဲ့ မခံစားဖူးခဲ့ချေ။ အခုတော့ နန်းတော်ကြီးသည်ကပင် နွေးထွေးမွုတစ်စက်မျှမရှိသော နေရာတစ်ခုကဲ့သိူ့ပင် ခံစားနေခဲ့ရ၏။

ကိုယ်လုပ်တော်တင်မြေှာက်သည်ဟူသော အမိန့်စာဖတ်နေသည့် ကုန်းကုန်းက အတော်ပင်လေကြောရှည်လှသည်။ အန်းလု ဒူးထောက်ထားရသည်ပင်အတော်ညောင်းနေချေပြီ။ ထိုကူန်းကူန်းက ဖတ်လို့ပြီးသည်နှင့် အမိန့်စာအား အန်းလုကို ပေးလိုက်သည်။

"ကိုယ်လုပ်တော်ကျင့် လက်ခံယူတော်မူပါ။"

အန်းလုက လက်နှစ်ဖက်ဖြင့် ကိုင်ကာယူလိုက်သည်။ တစ်ချို့သော ယဉ်ကျေးမွုများကိုတော့ သူမသိပဲမနေချေ။

အန်းလုက အမိန့်စာကိုတစ်ချက်ကြည့်လိုက်သည်။ စာတစ်ချို့၏အောက်ချေနားတွင် ချီရှန်း၏ ဘုရင့်တံဆိပ်တုံးကိုသူတွေ့ရသည်။ သေချာစူးစိုက်ကြည့်ပြီး သူ၏နွူတ်ခမ်းထက်က အပြုံးကိုပေါ်လွင်စေလိုက်သည်။ ပြီးနောက် တစ်ဖက်သိူ့လှည့်ကာ အဆောင်တော်ကြီးအားကြည့်လိုက်သည်။

ကျင့်ချီကထိုကုန်းကုန်းနှင့်တစ်ခုခုကိုဆွေးနွေးတိုင်ပင်နေပူံပင်။တစ်ချက်တစ်ချက်အန်းလုကို လှမ်းလှမ်းကြည့်နေသည်။ တစ်ခဏနေတော့

"အထဲဝင်ပြီးနားလိူက်ပါ။ ကိုယ်လုပ်တော်ကျင့် ။"

"အင်း...။ ဘုရင်ချီရှန်းက ညဘက်ဒီကိုလာမှာလား။."

အန်းလု၏ သိချင်စိတ်ကအပြင်သိူ့ထိုးထွက်သွားမိ၏။ သူကပြီးမှ ခေါင်းကိုပြန်ငုံ့ချလိုက်သည်။

"ကျွန်တော် စုံစမ်းခိုင်းလိုက်ပါမယ်။ မလာဖို့တော့များတာမို့ အေးဆေးသာနေပါ။"

"အလုပ်ရွုပ်နေတာလား။ ကျင့်ချီကိုကြည့်ရတာ "

"ကျွန်တော် တစ်ချို့ကိစ္စလေးလုပ်စရာရှိလို့ပါ။ နောက်ပိုင်း အန်းလုအပြင်ပြန်ထွက်ဖိူ့ဆိုရင် အခုထဲကစီစဉ်စရာရှိတာတွေစီစဉ်ထားရမယ်လေ။ ကျွန်တော်ညဘက်လောက်မှ ပြန်ရောက်ပါမယ်။"

ကျင့်ချီက ထွက်သွားမည်အလုပ် အန်းလုက ထိုလူ၏ဝတ်ရုံစက်ုလှမ်းဆွဲလိုက်သည်။

"ကျွန်...ကျွန်တော်...ခဏလျောက်ကြည့်လို့ရမလား။ ဒီနားဟိုနား..."

ကျင့်ချီကသူ့ကိုသေချာစိုက်ကြည့်လိုက်သည်။ အန်းလုဘေးတွင်လည်း နန်းတွင်းသူနှစ်ယောက်ကရှိနေသည်။ ကိုယ်ရံတော်သည်လည်းနှစ်ယောက် ဤအရာတွေက ကိုယ်လုပ်တော်တစ်ပါးအား ချီးမြေှာက်နေကြ အဆောင်အယောင်တွေပင်။ သူတို့တိုင်းပြည်ရှိ အရင်းနှီးဆုံးအစေခံမှလွဲ၍ ကျန်သူများကို ခေါ်ခွင့်မရှိ။ ထို့ကြောင့်လည်း ကျင့်ချီတစ်ယောက်သာ သူ့အနားရှိနေခြင်းပင်။

"အရမ်းအဝေးကြီးမသွားပါနဲ့။ အမျိုးသားကိုယ်လူပ်တော်တွေကိုလဲ အနောက်ဆောင်မှာပဲ ထားတာမလို့ မိဖုရားတွေနဲ့တွေ့ရနိုင်ပါတယ်။ သတိကြီးကြီးထားပါ။ ခေါင်းနဲ့ကိုယ်မြဲချင်ရင်"

(ခြောက်လိုက်တာ....ကြောက်စရာကြီး ။)

"ကောင်းပါပြီ။ ဒီနားတခဏပါပဲ။"

ကျင့်ချီက ဘာမှဆက်မပြောတော့ဘဲ သူ၏ဦးတည်ရာသို့သာထွက်သွားလိုက်သည်။

"Ok, Let go to ရှန်းရှန်း။"

အန်းလုက လက်ဖျောက်တစ်ချက်တီးလိုက်ပြီး အနည်းငယ်ခုန်လိုက်သည်။ အပြင်သိူ့ထွက်မည်အပြု နောက်မှပါလာသော အစေခံလေးယောက်ကြောင့်

"အာ....ဟိုလေ..ကျွန်တော်ဒီနားလေးပဲ ခဏလေးသွားမှာမလို့ ဒီမှာလုပ်စရာရှိတာလူပ်ပြီးနေခဲေ့ပးလို့ရမလား။"

အစေခံများက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ ပြီးနောက်သူတိူ့က ခေါင်းညိမ့်ပြလိုက်သည်။

"ကျေးဇူးပါ ။ သက်သာသလိုနေ။ သက်သာသလိူနေကြ။ ဟီး...."

အန်းလုက သွားတွေအကုန်နီးပါးပေါ်သည်အထိ ထိုသူတို့ကိုရီပြလိုက်ပြီးနောက် ဝူရှဲ့အဆောင်ရှိရာဘက်သိူ့ လျောက်လာခဲ့လိုက်တော့သည်။

.....................
လမ်းတစ်လျောက်လုံး ရင်တွေတစ်လှပ်လှပ်ခုန်နေခဲ့သည်မှာတော့ ငြင်း၍မရနိုင်သည့်အမှန်တရား။ အန်းလုက မီးခိုးရောင်အား အနားသပ်ကွပ်ရုံသာ ကွပ်ထားသည့် အဖြူရောင်ဝတ်ရုံရှည်ကိုသာ ပေါ့ပေါ့ပါးပါး ဝတ်ထားသည်။

ဝူရှဲ့အဆောင်နားရောက်လေတော့ သူ၏ခြေလှမ်းများက အံသြမွုများဖြင့် ပြည့်နှက်ကာ ရပ်တန့်သွားခဲ့သည်။

လက်လက်ဆက်ဆက် သေဆုံးသွားသော အမတ်တစ်ဦး၏ အလောင်းအား သယ်လာသည့် ရဲမတ်နှစ်ယောက်။ အန်းလုက သွေးသံတစ်ရဲရဲဖြစ်နေသော ထိုလူသေအလောင်းကြီးဘေးက ဖြတ်သွားသည်ကိုကြည့်ရင်း ပါးစပ်ကိုလက်ဖြင့် အုပ်မိလိုက်သည်။

ထိုစဉ်တွင်ပဲ မရင်းနှီးခဲ့ဖူးသည်ဟုပင်ဆိူနိုင်ရလောက်မည့် အသံတစ်သံက ဟိန်းထွက်လာခဲ့၏။

"ပြော....ဘယ်တစ်ယောက်ကို ထပ်သတ်ပေးရအုန်းမလဲ။"

ထိုသူက သွေးစွန်းနေသောဓားရှည်တစ်ချောင်းကိုကိုင်ဆောင်ကာ အဆောင်အပြင်ဘက်သို့ ထွက်လာခဲ့သည်။ အန်းလုက မျက်လုံးအဝိုင်းသားဖြသ့် ထိုသုူကိုကြည့်လိုက်မိသည့်အခါ သေချာသည်ကတော့ သူ၏ ချီရှန်းပင်။

အနက်ရောင် ဝတ်ရုံရည်အား ရင်ဘတ်အစည်းဖြုတ်ကာ ဖို့ရို့ဖားလျားဖြင့် ဝတ်ကာထားသည်။ မျက်နှာတွင် လည်း လူသွေးများက အမြေှာင်းလိူက် ပေကျံနေသေးသည်။ ရက်စက်သည့်လူတစ်ယောက်၊ မည်သူ့ကိုမဆို သတ်ဖိူ့ဝန်မလေးသည့်လူတယောက်၊ ဘယ်သူတစ်ဦး တယောက်မျှ မထိန်းချုပ်နိုင်တော့သည့် လူတစ်ယောက်ကဲ့သို့ ချီရှန်းသည် အထိန်းအကွပ်မဲ့ကာ နေလေ၏။

ဘေးပတ်ပတ်လည်ရှိ ရဲမက်များနှင့်အခြားသော အမတ်များကလည်း အနားပင်မကပ်ရဲသည့်ပုံစံဖြစ်ပင် ဒူးထောက်ကာ တုန်ယင်နေကြသည်။

ကိုင်ဆောင်ကာထားသော သွေးစွန်းနေသည့် ဓားရှည်အား ကိုင်လျက်ပင် အကြည့်စူးစူးတိူ့က သူနှင့်မလှမ်းမကမ်းတွင် ရပ်ကာသူ့အားတအံ့တသြကြည့်နေသော အန်းလုဆီသိူ့ စုပုံကာကျရောက်လာလေ၏။

~~~~~~~~~
© Hnin Aung,
книга «Love, But Hurt (Season_3) The Last Begin».
Коментарі