Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 26
"ဘယ်တွေကိုသွားနေတာပါလဲ။ အရှင်ချီရှန်းက ရှာနေပါတယ်။"

"အခမ်းအနားမှာပဲမလား။ ကျွန်တော် သူ့အနားကိုသွားလိုက်ပါ့မယ်။"

ရှောင်ရှင်းက နန်းတော်တစ်ခုလုံးပတ်ရှာနေပုံရသည်။ နန်းတော်၏ လမ်းခုလပ်တစ်နေရာတွင် တယောက်တည်းလျောက်လာနေသော အန်းလုကိုမြင်တော့ ချက်ချင်းပြေးလာလေ၏။

"မြန်မြန်သွားရအောင်။ ကျွန်တော်မျိုးနောက်က လိုက်ခဲ့ပေးပါ။"

ရှောင်ရှင်း၏ ပုံစံကထူးခြားနေပြန်သည်။ သူက အဖက်ဖက်ကိုကြည့်ကာ အတော်ကိုသတိထားနေပြီး သူ၏လက်ကိုင်ဓားကိုပါ သေချာစွာဆုပ်ကိုင်လျက် အသင့်အနေအထားဖြင့် ကိုင်ဆောင်ထားသည်။ အန်းလုက ရှောင်ရှင်း၏ ပုံစံကိုကြည့်ရင်း

"ဘာဖြစ်လို့လဲ။ တစ်ခုခု ဖြစ်မယ်လို့တွေးမိလို့လား။"

ထိုအခါ ရှောင်ရှင်းက သူ့ကိူလှည့်ကြည့်လာသည်။

"ဘာပဲဖြစ်ဖြစ် ဒီနေရာကရန်သူ့နေရာရယ်လို့တွေးလို့ရတာမလို့ ကျွန်တော်တို့ သတိကိုထားမှဖြစ်မှာ။ ကိုယ်လုပ်တော်လု ဒီလိုမျိုးတယောက်တည်းလျောက်သွားနေလို့ တစ်ခုခုဖြစ်သွားရင် အရှင်ချီရှန်းပဲ စိတ်ထိခိုက်ရလိမ့်မယ်။"

ရှောင်ရှင်း၏ ပုံစံက ချီရှန်းအတွက်အတော်ကိုစိုးရိမ်ပူပန်နေပုံပင်။ အန်းလုက ရှောင်ရှင်းကိုတစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏မျက်နှာကအနည်းငယ်ညိုးငယ်သွားပြီး ခေါင်းကိုငုံ့ကာချလိုက်သည်။

"ကျွန်တော် နောက်ခါ ဆင်ခြင်ပါ့မယ်။"

ထိုအခါမှ ရှောင်ရှင်းကဆိုသည်။

"ကျွန်တော် ကိုယ်လုပ်တော်လု ကိူအပြစ်တင်နေတာမဟုတ်ရပါဘူး။ အရှင်က ကိုယ်လုပ်တော်လု ကိုရှာခိုင်းလိူက်ပေမဲ့ သူ့အနားမှာကျွန်တော်မရှိချိန် တစ်ခုခုဖြစ်သွားမှာကို ကျွန်တော်အတော်လေးစိုးရိမ်နေလို့ပါ။ အခုချိန်ထိ ဘယ်သူကမှ မလှုပ်ရှားပဲ အရာအားလုံးလွယ်ကူနေတာက ပိုပြီးကြောက်စရာကောင်းတဲ့အခြေအနေပါ။ အဲ့ဒါကြောင့်ပါ။...

ကျွန်တော်မျိုးရဲ့ ရိုင်းပြမှုကို ခွင့်လွှတ်ပေးဖို့တောင်းဆိုပါတယ်။"

ရှောင်ရှင်းက ရုတ်တရက်ကကြီးဒူးထောက်ကာ အန်းလုအား တောင်းပန်လိုက်သည်။ အန်းလုက ချက်ချင်း ပင် လိုက်ထိုင်ချကာ ရှောင်ရှင်းအား အမြန်ပြန်ထစေလိုက်သည်။

"မဟုတ်တာ ။ မဟုတ်တာ။ ရှောင်ရှင်းက သူ့အတွက် အယုံကြည်အားကိူးရဆုံးသူဆိုတာသိပါတယ်။ ညီနောင်လိုရော ၊ သူငယ်ချင်းလိုပါ ခင်မင်ရသူမလို့ ကျွန်တော်က အနှောယ်အယှက်လိုဖြစ်နေမှာကိုပဲ စိုးရိမ်မိတာပါ။ လာ..လာ...ထ..။ မြန်မြန်သွားရအောင်။"

"နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် ကိုယ်လုပ်တော်လု။"

ရှောင်ရှင်းကအမြန်ထလိုက်ပြီးနောက် နှစ်ယောက်သား ခပ်သွက်သွက်ပင် လက်ထပ်ပွဲအခန်းအနားရှိရာ နန်းရင်ပြင်ဆီသို့ ရောက်လာခဲ့ကြတော့သည်။ ပြင်ပတွင် တော်ဝင်မျိုးနွယ်များ၊ အရပ်ရပ်ကဖိတ်ကြားထားသော သူမိားက ပျော်ပွဲရွှင်ပွဲ တစ်ခုအနေဖြင့် အားရပါးရပျော်ပါးကာ စားသောက်နေကြသည်။ အခမ်းအနားပတ်ဝန်းကျင်တစ်ခုလုံး ချိတ်ဆွဲကာထားသော မီးပုံးနီနီများက ထိုပတ်ဝန်းကျင်တစ်ခုလုံးကို နီမြန်းကာ လှပနေစေသည်။

"ခမ်းမဆောင်ကြီးထဲကိုဝင်ရမှာပါ။ ဒီနေရာက အမတ်တွေနဲ့ အခြားရာထူးနိမ့်တဲ့သူတွေအတွက်ပါ။ အထဲမှာ အရှင်ချီရှန်းရှိပါတယ်။"

"အော်...အင်း။"

အန်းလုက ဟိုကြည့်သည်ကြည့်ဖြင့် ကြည့်နေတာကြောင့် ရှောင်ရှင်းကနောက်သို့လှည့်ကာပြောလိုက်ခြင်းပင်။ ထို့နောက် သူတို့ရှေ့ရှိ ခန်းမဆောင်သို့ တိုက်ရိုက်ဆက်လက်လျောက်လာကြသည်။ အထဲတွင်လည်း အတော်ပင် ကျယ်ဝန်းကာ လူများဖြင့် ပြည့်နှက်နေကြသည်။

(ဒီလိုလူအုပ်နဲ့ဆို ရှန်းရှန်း တော်တော်စိတ်ညစ်နေမှာပဲ။ ငါသူ့ကိုထားခဲ့သလိုဖြစ်နေပြီ။)

အထဲကိုရောက်တော့ ဝူနန်နယ်စားမင်း၏ ဘေးတွင် ခန့်ခန့်ကြီးရပ်နေသော ချီရှန်းအား လူအုပ်ကြားထဲမှာ အန်းလုလှမ်းမြင်လိုက်ရသည်။ မျက်နှာသေဖြင့်ရပ်နေပါသော်လည်း သူ၏ပုံစံက ထွက်ပြေးချင်စိတ်ပေါက်နေမှန်း အန်းလု ကြည့်ရုံနှင့် ခံစားမိသည်။ အန်းလုက ခြေဖျားအသာထောက်ကာ လှမ်းကြည့်ရင်း ပြုံးလိုက်မိ၏။

သူတို့ရှေ့တွင် သတို့သားနှင့် သတို့သမီးကမိုးမြေကန်တော့ခြင်းကိုစတင်နေသည်။ အန်းလုက လူအုပ်ရဲ့ ညာဘက်ထောင့်ကိုသွားလိုက်သည်။ ရှောင်ရှင်းက အန်းလုနောက်မှ ထပ်ကြပ်မခွာလိုက်နေသော်လည်း သူ၏ မျက်လုံးမျာက ချီရှန်း၏ပတ်ဝန်းကျင်မှ မခွာချေ။ လူရှုပ်နေသည့်အတွက် ချီရှန်းတစ်ခုခုဖြစ်လာနိုင်သည်ကို စိုးရိမ်နေပုံရသည်။

အန်းလုနှင့် ရှောင်ရှင်းက ချီရှန်းနှင့် မလှမ်းမကမ်းထောင့်တစ်နေရာတွင် ရပ်လိုက်ကြသည်။ ဘေးသို့သွားရန်ကအဆင်မပြေတာကြောင့် အနီးဆုံးနေရာကိုရွေးလိုက်ခြင်းပင်။ တအောင့်နေတော့ ချီရှန်းက အန်းလုတို့ဘက်ကိုကြည့်လာသည်။ သူ၏မျက်နှာသေရုပ်က အန်းလုကိုမြင်တော့ အနည်းငယ်ပြောင်းသွား၏။ ရှေ့တွင် မိဘကိုကန်တော့ရန် အချက်ပေးလိုက်စဥ်တွင်ပင် ချီရှန်းက

"ခဏလေး။"

"တူတော်.. ...ဘာများဖြစ်လို့လဲ။"

ချီရှန်းက ဝူနန်နယ်စားအား ဂါရဝတစ်ချက်ပြုလိုက်ရင်း

"ဇနီးမောင်နှံက ကျွန်တော်ထက် အသက်ပိုကြီးနေတာမလို့ ကျွန်တော် ဘေးမှာပဲ နေလို​က်ပါမယ်။"

ချီရှန်းက ပြောပြီးပြီးချင်း အန်းလုတို့ဘက်ကိုထွက်လာလိုက်ပြီး အန်းလုဘေးတွင်ယှည်ကာ ရပ်လိုက်သည်။ ဝူနန်နယ်စားက တချက်လှမ်းကြည့်လိုက်ပြီးနောက် အခမ်းအနားကိုဆက်လုပ်စေရန်ပြောလိုက်သည်။

ချီရှန်းက ဘေးတွင်ချထားသော အန်းလု၏လက်ကိုလှမ်းကာဆုပ်ကိုင်လိုက်ရင်း သူ၏ကိုယ်ကိုအနည်းငယ်အန်းလုဘက်သို့စောင်းကာ ခပ်တိုးတိုးမေးလေ၏။

"ဘယ်တွေသွားနေတာလဲ။"

"ဗျာ......ကျွန်တော်လား။"

အန်းလုက သူ၏ကျန်လက်တစ်ဖက်ဖြင့် သူကိုယ်သူလက်ညိုးညွှန်ပြကာ မေးလိုက်သည်။ ချီရှန်းကခေါင်းငြိမ့်ပြလိုက်ရင်း

"ဟုတ်တယ်လေ။ မင်းမဟုတ်လို့ ကိုယ်ကနောက်က ရှောင်ရှင်းကိုမေးရမှာလား။ ကိုယ်သူ့ကိုရှာခိုင်းလိုက်တာလေ။"

ချီရှန်းက အန်းလုဘေးသို့ထပ်စောင်းလိုက်ရင်းဆိုပြန်သည်။ သူ၏အသံက အနည်းငယ်ရီချင်နေပုံပေါ်၏။

" ရှောင်ရှင်းက မသွားချင်ဘူးလုပ်နေလို့ အတင်းနှင်လွှတ်လိုက်ရသေး။ သူအခုနောက်ပိုင်း စကားသိပ်နားမထောင်တော့ဘူး။ ဆုံးမသင့်လား။"

အန်းလုက သူတို့နောက်တွင်ရုပ်တည်ကြီးဖြင့်ရပ်နေသော ရှောင်ရှင်းအား လှည့်ကြည့်လိုက်သည်။ ရှောင်ရှင်း၏မျက်နှာက တင်းမာနေလေ၏။ ဘယ်ရယ်ကြောင့် ဤမျှလောက်စိတ်တိုနေပုံပေါ်သည်ကို သူတကယ်စဥ်းစားမရချေ။

"သတို့သားနဲ့ သတို့သမီး အပြန်အလှန်ကန်တော့မယ်။"

ရုတ်တရက်ထွက်ပေါ်လာသော အသံကြောင့် အန်းလုက မင်္ဂလာပွဲကို ပြန်အာရုံစိုက်မိသွား၏။ အနီရောင်ဝတ်ရုံတို့ဖြင့်တောက်ပနေသော ဇနီးမောင်နှံကိုကြည့်ရင်း အရင်က သူနှင့်ချီရှန်းတို့ နှစ်ဦးသား ကောင်းကင်နှင်မြေပြင်တို့သာ သက်သေအဖြစ်ရှိစေခဲ့သော မင်္ဂလာပွဲကိုသတိရစေသည်။

အမှန်တကယ် ကြည့်နူးစရာအခိုက်အတန့်တွေဆိုသော်လည်း ကြည်နူးပျော်ရွှင်မှုကို သူမခံစားရပဲ လွမ်းဆွတ်မှုဟူသောအငွေ့အသက်ကိုသာ ရလိုက်သည်။ သူဘေးမှာရှိနေတဲ့ ချီရှန်းဟာ ကျန်ရစ်ခဲ့ပြီးဖြစ်တဲ့ ဒဏ္ဍာန်ရီတစ်ပုဒ်လိုမျိုးဟု သူခံစားလိုက်ရသည်။

အန်းလု ချီရှန်းကိုမော့ကြည့်လိုက်တော့ ချီရှန်းကလည်း ထိုမြင်ကွင်းကိုကြည့်ကာ သဘောကျနေပုံပင်။ သူလည်း ထိုအချိန်ကိုပြန်မှတ်မိနေပုံရသည်။ အန်းလု ချီရှန်း၏မျက်နှာကိုကြည့်ရင်း ဆုပ်ကိုင်ထားသော လက်ကို ပို၍တင်းကျပ်အောင် ဆုပ်ကိုင်ထားလိုက်မိသည်။ သူ၏မသိစိတ်က ဤလူကို ဆုံးရှုံရတော့မယ်လို့ ခံစားနေရသည်။

ချီရှန်းက တင်းကျပ်သွားသော လက်ကြောင့် အောက်ကိုငုံ့ကြည့်လိုက်ပြီးမှ အန်းလုကိုကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ။ နေမကောင်းဘူးလား။ အဆင်မပြေရင် အဆောင်ကိုပြန်ရအောင်။"

အန်းလုက ခေါင်းခါပြလိုက်သည်။

"ဟင့်အင်း။ ပြေပါတယ်။ ဒီအတိုင်းလေ...သိတယ်မလား။ ကျွန်တော်တို့ လက်ထပ်တုန်းကပုံစံလေးကိုသတိရမိသွားလို့...."

အန်းလုက ရီပြလိုက်သည်။ ထိုအခါမှ ချီရှန်းက အနည်းငယ်ပြုံးလိုက်ရင်း

"ဟုတ်တယ်။ ကိုယ်ရောပဲ။ အဲ့တာကိုသတိရမိနေတာ။"

အန်းလုက ချီရှန်း၏လက်ကိုပိုမိုကာတင်းကျပ်အောင်ဆုပ်ကိုင်လိုက်သည်။ အခမ်းအနားကတော့ ပြီးမြောက်သွားပုံရသည်။ ရှေ့ကိုကြည့်မိတော့ သတို့သားနှင့် သတို့သမီးတို့က အပ်ဆောင်ဝင်ရန် အပြင်သို့ထွက်သွားကြလေပြီ။

........................................

"အရှင်....ကျီချန်းမလား။ ဒီမှာ...ဘယ်လိုလုပ်"

အန်းလုထားခဲ့သည့်နေရာတွင်ပင် တဖက်ရှိ လမင်းထိန်ထိန်သာနေသော ကန္တာရကြီးအား မျက်နှာမူလျက် မြို့ရိုးရှိဝရံတာပေါ်သို့ တတ်ကာတဖက်သို့ခြေချလျက်ထိုင်နေသော ကျီချန်းအား နောက်မှ တစ်ယောက်ယောက်က တအံ့တသြခေါ်လိုက်သံကိုကြားရသည်။

ကျီချန်းလှည့်ကြည့်မိတော့ ဤသည်ကမင်းသမီးချင်းယာပင်။ သူမ၏လက်ထဲတွင် သေရည်အလတ်စား အိုးနှစ်အိုးကိုကိုင်ကာထားသေး၏။ ကျီချန်းက သူ၏မျက်နှာမူရာသိူ့ သာပြန်မူနေလိုက်ရင်း

"မင်းသမီးချင်းယာက ဒီကိုဘယ်လိုလုပ်ပြီးရောက်လာရတာလဲ။ ဒီနေရာက ကျွန်တော်သိသလောက် အစောင့်တွေတောင်မလာဘူးလေ။"

ချင်းယာက ချက်ချင်းပင် ကျီချန်းနှင့် အလှမ်းမကမ်းးတွင် ထိုင်လိုက်သည်။ သူမက ကိုယ်ခံပညာတတ်သူပီပီ ဤသို့သောအမြင့်ကို တုန်လှုပ်နေခြင်းပင်မရှိပဲ ခြေကိုချကာ ကျီချန်းကဲ့သို့ ထိုင်လိုက်သည်။ သူတို့နှစ်ဦးကြားတွင်တော့ သူမယူလာသော သေရည်အိုးကို ချလိုက်သည်။

" ဒီနေ့ အကိုသုံးရဲ့ မင်္ဂလာဆောင်လေ။ ကိုယ့်အကိုကို သူစိမ်းမိန်းမတစ်ယောက်လက်ထဲထည့်ရတာဆိုတော့ နည်းနည်းစိတ်မကောင်းလို့။ ဆိုးချင်းတိုင်းဆိုးလို့မရတော့ပဲ ယောင်းမတော်မျက်နှာကြည့်ရတော့မှာမလို့လေ။ ဒါ့ကြောင့် ဒီညနည်းနည်းသောက်မလားဆိုပြီး ဒီဘက်ကိုထွက်လာတာ။

ပြီးတော့ ဒီနေရာက အစထဲက ကျွန်မပိုင်တဲ့နေရာလေ။ ဒါ့ကြောင့် အစောင့်တွေကိုတောင် ဒီနားတစ်ဝိုက်ကင်းလှည့်ခွင့်မပေးထားဘူး။"

ကျီချန်းက ထိုစကားကိုကြားတော့ သူမကိုစောင်းကြည့်လိုက်သည်။

"မင်းသမီးရဲ့ ကိုယ်ပိုင်နေရာဆိုတော့ ကျွန်တော်က ဖယ်ပေးရမှာလား။"

"အာ....အဲ့လိုမပြောမိပါဘူး။.... နေအုန်း။"

သူမက ဘေးတွင်ချထားသော သေရည်အိုးတစ်လုံးအာ ယူလိုက်ပြီး အပေါ်အဖုံးကို ဖွင့်ကာထိုအဖုံးအား လွှင့်ပစ်လိုက်သည်။ သေရည်အိုးကို ကျီချန်းအား ကမ်းပေးလိုက်ရင်း

"စိတ်ညစ်နေရင် သေရည်ကအကောင်းဆုံးဆေးပဲ။ ရော့......."

ကျီချန်းက သူ့ကိုကြည့်ရင်းထိုသေရည်ကိုလှမ်းယူကာ မော့ချလိုက်သည်။ တစ်ကျိုက်တည်းမော့နေစဥ်မှာပဲ ချင်းယာက သူ့ကိုကြည့်ရင်း ကျန်သေရည်တစ်အိုးကိုဖွင့်ကာ သူပါလိုက်မော့သည်။

အိုးတစ်ဝက်ခန့်က မည်သို့ကုန်သွားမှန်းပင်မသိလိုက်ချေ။ နှစ်ဦးသားစကားအတော်ကြာကြာမပြောပဲ သေရည်တစ်ယောက်တစ်အိုးကိုသာ စိတ်ကြိုက်မော့၍ ကုန်အောင်သောက်နေကြသည်။

"ဟူး......"

ကျီချန်းက ကုန်သွားသော သေရည်အိုးကို ဘေးတွင်ချလိုက်ရင်း သက်ပြင်းရှည်တစ်ခုကိုမှုတ်ထုတ်လိုက်သည်။ ဘေးရှိ ချင်းယာက သေရည်အိုးကိုပိုက်ထားရင်း

"တစ်ဖက်သက်အချစ်က အရမ်းနာကျင်ရလား။"

ထိုစကားကြောင့် ကျီချန်း၏ မျက်ဝန်းတို့ကပြူးကျယ်လာသည်။ သူကချင်းယာကိုကြည့်လိုက်ရင်း

"မင်း...မင်းဘာသိထားလို့လဲ။"

"အာ့...တောင်းပန်တယ်။...အစောပိုင်းတုန်းက ရှင်နဲ့ ရှင်ဘုရင်ချီရှန်း ရဲ့ ကိုယ်လုပ်တော်တို့ပြောနေတာကို အမှတ်မထင် ကျွန်မကြားလိုက်မိတယ် ။ ရှင်ကသူ့အကြောင်းကိုပါသေချာ နားလည်နေတဲ့သူတစ်ယောက်ဆိုတော့ ကျွန်မတွေးမိနေသေးပေမဲ့ မဖြစ်နိုင်ဘူးလေ။ ဒါပေမဲ့ ညနေကစကားတစ်ချို့ကိုကြားလိုက်ရတော့...ကျွန်မလည်း..."

ချင်းယာက သေရည်အိုးကိုသူ၏ပေါင်ပေါ်သို့တင်ကာ သေရည်အိုး၏ နှုတ်ခမ်းဝကို လက်မဖြင့်ပွတ်နေ၏။ သူမ မူးနေပုံရသည်။ သို့သော်လည်း သူမက အလွန်တည်ငြိမ်နေသည်မှာ သာမန်လူတစ်ယောက်ကဲ့သို့ပင်။

"သူ...သူများ....အတွင်းရေးကို..ဝင်..ဝင်စွပ်ဖက်တာမျိုးတော့မဟုတ်ပါဘူး။ ဒီအတိုင်း မထင်မှတ်ပဲကိုတကယ်ကြားမိတာပါ။"

သူမက သူမ၏လက်နှစ်ဖက်စလုံးကိုကာပြရင်း အတင်းဖြေရှင်းချက်တွေပေးနေသည်။ ထိုအခါလွတ်သွားသော သေရည်အိုးက သူမ၏ပေါင်ပေါ်မှတစ်ဆင့် မြို့ရိုးအမြင့်တစ်လျောက်ပြုတ်ကျလေ၏။

"သေရည်အိုး..."

သူမ က အောက်ကိုငုံကာပြုတ်ကျသောသေရည်အိုးကိုဆင်းကောက်ရန်တေ​ွးလိုက်ပုံရသည်။ ဆင်းရန်ပြင်လေ၏။ ကျီချန်းက သူမ၏ လက်ကောက်ဝတ်ကိုအမြန်လှမ်းဖမ်းလိုက်ပြီး တားလိုက်သည်။

"ရူးနေလား။ ပြုတ်ကျရင် သေမှာပေါ့။"

"ဒါပေမဲ့.... သေရည်အိုးက။"

ချင်းယာ၏ ပါးနှစ်ဖက်လုံးက နီရဲကာနေလေ၏။ ထိန်လင်းနေသော လရောင်ကြောင့်သာမဟုတ်လျင် သူမ မူးနေသည်ကို ကျီချန်းသတိထားမိမည်ကိုမဟုတ်ချေ။ သူမက ကလေးတယောက်နှင့်တူသည်။ ကျီချန်းက သူမကိုကြည့်နေရင်းမှ တဖက်သိူ့အကြည့်လွှဲလိုက်သည်။ ဆွဲကိုင်ထားသော လက်ကောက်ဝတ်ကိုတော့ သူမလွှတ်ပေးသေးချေ။ မဟုတ်လျင် ခုန်ချလိုက်လိမ့်မည်။

" ဆွေးတာတောင် ကောင်းကောင်းမဆွေးရတဲ့ဘဝ။ ပြီးတော့ မသောက်နိုင်ပဲနဲ့။ တစ်ပုလင်းလောက်နဲ့ မူးရတယ်လို့။

သွားရအောင်။ အဆောင်ကိုပြန်လိုက်ပို့ပေးမယ်။"

ကျီချန်းက သူမကိုကုန်းပိုးလိုက်သည်။ သူမကလည်း ရုန်းရန်စိတ်ကူးရှိပုံမရချေ။ ထိုပုံစံအတိုင်းပင် ကျီချန်းက သူမအဆောင်ဘက်သို့ ချင်းယာကို ကုန်းပိုးလျက်လျှောက်လာသည်။

"အကိုသုံး....အကိုသုံး။ ညီမကို..ညီမကရော...ညီမကို အကိုသုံးမလို့......လုပ်ရက်တယ်။"

"အကိုသုံး...."

ချင်းယာက မျက်စိကိုစုံမှတ်ကာအိပ်လူနီးပါးဖြစ်နေတာကြောင့် ယောင်နေပုံရသာ်။ ကျီချန်းက သူမ၏ ကယောင်ကတမ်းစကားများကြောင့်အနည်းငယ်ပင် ဆွံ့အသွားသည်။

"အကိုသုံး...အကိုသုံး..."

ကျီချန်းက သူမ၏အဆောင်ထိလိုက်ပို့ပေးလိုက်သည်။ ကုတင်ပေါ်တွင် အဆင်ပြေသလိုသူမကိုပစ်ချလိုက်သည်။ ပါးစပ်မှ တရစပ်ထွက်နေသော ထို အကိုသုံးဟူသော စကားလုံးက ကျီချန်းကိုစိတ်အနှောက်အယှက်ဖြစ်နေစေသည်။

(မောင်နှမသံယောဇဥ်က အတော်ကြီးတဲ့ပုံပဲ။ အကိုဖြစ်သူက မိန်းမရသွားတာကို တစ်ဘဝလုံးဆုံးရှုံးလိုက်ရသလိုခံစားနေရတယ်ထင်တယ်။ ငါ့အိမ်က ဟိုမျောက်မနဲ့များကွာပ။)

ကျီချန်းက ကျီယွမ်အကြောင်းတွေးမိလိုက်တာကြောင့် ရီလိုက်မိသည်။ ဘေးရှိ ခြုံစောင်ကို သူမအပေါ်သို့အနည်းငယ်လွှားတင်ပေးလိုက်ပြီး ပြတင်းပေါက်မှပင် အပြင်သို့ ပြန်ထွက်လာခဲ့လိုက်သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~

"ဘယ္ေတြကိုသြားေနတာပါလဲ။ အရွင္ခ်ီရွန္းက ရွာေနပါတယ္။"

"အခမ္းအနားမွာပဲမလား။ ကၽြန္ေတာ္ သူ႔အနားကိုသြားလိုက္ပါ့မယ္။"

ေရွာင္ရွင္းက နန္းေတာ္တစ္ခုလုံးပတ္ရွာေနပုံရသည္။ နန္းေတာ္၏ လမ္းခုလပ္တစ္ေနရာတြင္ တေယာက္တည္းေလ်ာက္လာေနေသာ အန္းလုကိုျမင္ေတာ့ ခ်က္ခ်င္းေျပးလာေလ၏။

"ျမန္ျမန္သြားရေအာင္။ ကၽြန္ေတာ္မ်ိဳးေနာက္က လိုက္ခဲ့ေပးပါ။"

ေရွာင္ရွင္း၏ ပုံစံကထူးျခားေနျပန္သည္။ သူက အဖက္ဖက္ကိုၾကည့္ကာ အေတာ္ကိုသတိထားေနၿပီး သူ၏လက္ကိုင္ဓားကိုပါ ေသခ်ာစြာဆုပ္ကိုင္လ်က္ အသင့္အေနအထားျဖင့္ ကိုင္ေဆာင္ထားသည္။ အန္းလုက ေရွာင္ရွင္း၏ ပုံစံကိုၾကည့္ရင္း

"ဘာျဖစ္လို႔လဲ။ တစ္ခုခု ျဖစ္မယ္လို႔ေတြးမိလို႔လား။"

ထိုအခါ ေရွာင္ရွင္းက သူ႔ကိူလွည့္ၾကည့္လာသည္။

"ဘာပဲျဖစ္ျဖစ္ ဒီေနရာကရန္သူ႔ေနရာရယ္လို႔ေတြးလို႔ရတာမလို႔ ကၽြန္ေတာ္တို႔ သတိကိုထားမွျဖစ္မွာ။ ကိုယ္လုပ္ေတာ္လု ဒီလိုမ်ိဳးတေယာက္တည္းေလ်ာက္သြားေနလို႔ တစ္ခုခုျဖစ္သြားရင္ အရွင္ခ်ီရွန္းပဲ စိတ္ထိခိုက္ရလိမ့္မယ္။"

ေရွာင္ရွင္း၏ ပုံစံက ခ်ီရွန္းအတြက္အေတာ္ကိုစိုးရိမ္ပူပန္ေနပုံပင္။ အန္းလုက ေရွာင္ရွင္းကိုတစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ သူ၏မ်က္ႏွာကအနည္းငယ္ညိဳးငယ္သြားၿပီး ေခါင္းကိုငုံ႔ကာခ်လိုက္သည္။

"ကၽြန္ေတာ္ ေနာက္ခါ ဆင္ျခင္ပါ့မယ္။"

ထိုအခါမွ ေရွာင္ရွင္းကဆိုသည္။

"ကၽြန္ေတာ္ ကိုယ္လုပ္ေတာ္လု ကိူအျပစ္တင္ေနတာမဟုတ္ရပါဘူး။ အရွင္က ကိုယ္လုပ္ေတာ္လု ကိုရွာခိုင္းလိူက္ေပမဲ့ သူ႔အနားမွာကၽြန္ေတာ္မရွိခ်ိန္ တစ္ခုခုျဖစ္သြားမွာကို ကၽြန္ေတာ္အေတာ္ေလးစိုးရိမ္ေနလို႔ပါ။ အခုခ်ိန္ထိ ဘယ္သူကမွ မလွုပ္ရွားပဲ အရာအားလုံးလြယ္ကူေနတာက ပိုၿပီးေၾကာက္စရာေကာင္းတဲ့အေျခအေနပါ။ အဲ့ဒါေၾကာင့္ပါ။...

ကၽြန္ေတာ္မ်ိဳးရဲ့ ရိုင္းျပမွုကို ခြင့္လႊတ္ေပးဖို႔ေတာင္းဆိုပါတယ္။"

ေရွာင္ရွင္းက ႐ုတ္တရက္ကႀကီးဒူးေထာက္ကာ အန္းလုအား ေတာင္းပန္လိုက္သည္။ အန္းလုက ခ်က္ခ်င္း ပင္ လိုက္ထိုင္ခ်ကာ ေရွာင္ရွင္းအား အျမန္ျပန္ထေစလိုက္သည္။

"မဟုတ္တာ ။ မဟုတ္တာ။ ေရွာင္ရွင္းက သူ႔အတြက္ အယုံၾကည္အားကိူးရဆုံးသူဆိုတာသိပါတယ္။ ညီေနာင္လိုေရာ ၊ သူငယ္ခ်င္းလိုပါ ခင္မင္ရသူမလို႔ ကၽြန္ေတာ္က အေႏွာယ္အယွက္လိုျဖစ္ေနမွာကိုပဲ စိုးရိမ္မိတာပါ။ လာ..လာ...ထ..။ ျမန္ျမန္သြားရေအာင္။"

"နားလည္ေပးလို႔ ေက်းဇူးတင္ပါတယ္ ကိုယ္လုပ္ေတာ္လု။"

ေရွာင္ရွင္းကအျမန္ထလိုက္ၿပီးေနာက္ ႏွစ္ေယာက္သား ခပ္သြက္သြက္ပင္ လက္ထပ္ပြဲအခန္းအနားရွိရာ နန္းရင္ျပင္ဆီသို႔ ေရာက္လာခဲ့ၾကေတာ့သည္။ ျပင္ပတြင္ ေတာ္ဝင္မ်ိဳးႏြယ္မ်ား၊ အရပ္ရပ္ကဖိတ္ၾကားထားေသာ သူမိားက ေပ်ာ္ပြဲရႊင္ပြဲ တစ္ခုအေနျဖင့္ အားရပါးရေပ်ာ္ပါးကာ စားေသာက္ေနၾကသည္။ အခမ္းအနားပတ္ဝန္းက်င္တစ္ခုလုံး ခ်ိတ္ဆြဲကာထားေသာ မီးပုံးနီနီမ်ားက ထိုပတ္ဝန္းက်င္တစ္ခုလုံးကို နီျမန္းကာ လွပေနေစသည္။

"ခမ္းမေဆာင္ႀကီးထဲကိုဝင္ရမွာပါ။ ဒီေနရာက အမတ္ေတြနဲ႔ အျခားရာထူးနိမ့္တဲ့သူေတြအတြက္ပါ။ အထဲမွာ အရွင္ခ်ီရွန္းရွိပါတယ္။"

"ေအာ္...အင္း။"

အန္းလုက ဟိုၾကည့္သည္ၾကည့္ျဖင့္ ၾကည့္ေနတာေၾကာင့္ ေရွာင္ရွင္းကေနာက္သို႔လွည့္ကာေျပာလိုက္ျခင္းပင္။ ထို႔ေနာက္ သူတို႔ေရွ႕ရွိ ခန္းမေဆာင္သို႔ တိုက္ရိုက္ဆက္လက္ေလ်ာက္လာၾကသည္။ အထဲတြင္လည္း အေတာ္ပင္ က်ယ္ဝန္းကာ လူမ်ားျဖင့္ ျပည့္ႏွက္ေနၾကသည္။

(ဒီလိုလူအုပ္နဲ႔ဆို ရွန္းရွန္း ေတာ္ေတာ္စိတ္ညစ္ေနမွာပဲ။ ငါသူ႔ကိုထားခဲ့သလိုျဖစ္ေနၿပီ။)

အထဲကိုေရာက္ေတာ့ ဝူနန္နယ္စားမင္း၏ ေဘးတြင္ ခန္႔ခန္႔ႀကီးရပ္ေနေသာ ခ်ီရွန္းအား လူအုပ္ၾကားထဲမွာ အန္းလုလွမ္းျမင္လိုက္ရသည္။ မ်က္ႏွာေသျဖင့္ရပ္ေနပါေသာ္လည္း သူ၏ပုံစံက ထြက္ေျပးခ်င္စိတ္ေပါက္ေနမွန္း အန္းလု ၾကည့္႐ုံႏွင့္ ခံစားမိသည္။ အန္းလုက ေျခဖ်ားအသာေထာက္ကာ လွမ္းၾကည့္ရင္း ျပဳံးလိုက္မိ၏။

သူတို႔ေရွ႕တြင္ သတို႔သားႏွင့္ သတို႔သမီးကမိုးေျမကန္ေတာ့ျခင္းကိုစတင္ေနသည္။ အန္းလုက လူအုပ္ရဲ့ ညာဘက္ေထာင့္ကိုသြားလိုက္သည္။ ေရွာင္ရွင္းက အန္းလုေနာက္မွ ထပ္ၾကပ္မခြာလိုက္ေနေသာ္လည္း သူ၏ မ်က္လုံးမ်ာက ခ်ီရွန္း၏ပတ္ဝန္းက်င္မွ မခြာေခ်။ လူရွုပ္ေနသည့္အတြက္ ခ်ီရွန္းတစ္ခုခုျဖစ္လာနိုင္သည္ကို စိုးရိမ္ေနပုံရသည္။

အန္းလုႏွင့္ ေရွာင္ရွင္းက ခ်ီရွန္းႏွင့္ မလွမ္းမကမ္းေထာင့္တစ္ေနရာတြင္ ရပ္လိုက္ၾကသည္။ ေဘးသို႔သြားရန္ကအဆင္မေျပတာေၾကာင့္ အနီးဆုံးေနရာကိုေရြးလိုက္ျခင္းပင္။ တေအာင့္ေနေတာ့ ခ်ီရွန္းက အန္းလုတို႔ဘက္ကိုၾကည့္လာသည္။ သူ၏မ်က္ႏွာေသ႐ုပ္က အန္းလုကိုျမင္ေတာ့ အနည္းငယ္ေျပာင္းသြား၏။ ေရွ႕တြင္ မိဘကိုကန္ေတာ့ရန္ အခ်က္ေပးလိုက္စဥ္တြင္ပင္ ခ်ီရွန္းက

"ခဏေလး။"

"တူေတာ္.. ...ဘာမ်ားျဖစ္လို႔လဲ။"

ခ်ီရွန္းက ဝူနန္နယ္စားအား ဂါရဝတစ္ခ်က္ျပဳလိုက္ရင္း

"ဇနီးေမာင္ႏွံက ကၽြန္ေတာ္ထက္ အသက္ပိုႀကီးေနတာမလို႔ ကၽြန္ေတာ္ ေဘးမွာပဲ ေနလို​က္ပါမယ္။"

ခ်ီရွန္းက ေျပာၿပီးၿပီးခ်င္း အန္းလုတို႔ဘက္ကိုထြက္လာလိုက္ၿပီး အန္းလုေဘးတြင္ယွည္ကာ ရပ္လိုက္သည္။ ဝူနန္နယ္စားက တခ်က္လွမ္းၾကည့္လိုက္ၿပီးေနာက္ အခမ္းအနားကိုဆက္လုပ္ေစရန္ေျပာလိုက္သည္။

ခ်ီရွန္းက ေဘးတြင္ခ်ထားေသာ အန္းလု၏လက္ကိုလွမ္းကာဆုပ္ကိုင္လိုက္ရင္း သူ၏ကိုယ္ကိုအနည္းငယ္အန္းလုဘက္သို႔ေစာင္းကာ ခပ္တိုးတိုးေမးေလ၏။

"ဘယ္ေတြသြားေနတာလဲ။"

"ဗ်ာ......ကၽြန္ေတာ္လား။"

အန္းလုက သူ၏က်န္လက္တစ္ဖက္ျဖင့္ သူကိုယ္သူလက္ညိဳးညႊန္ျပကာ ေမးလိုက္သည္။ ခ်ီရွန္းကေခါင္းၿငိမ့္ျပလိုက္ရင္း

"ဟုတ္တယ္ေလ။ မင္းမဟုတ္လို႔ ကိုယ္ကေနာက္က ေရွာင္ရွင္းကိုေမးရမွာလား။ ကိုယ္သူ႔ကိုရွာခိုင္းလိုက္တာေလ။"

ခ်ီရွန္းက အန္းလုေဘးသို႔ထပ္ေစာင္းလိုက္ရင္းဆိုျပန္သည္။ သူ၏အသံက အနည္းငယ္ရီခ်င္ေနပုံေပၚ၏။

" ေရွာင္ရွင္းက မသြားခ်င္ဘူးလုပ္ေနလို႔ အတင္းႏွင္လႊတ္လိုက္ရေသး။ သူအခုေနာက္ပိုင္း စကားသိပ္နားမေထာင္ေတာ့ဘူး။ ဆုံးမသင့္လား။"

အန္းလုက သူတို႔ေနာက္တြင္႐ုပ္တည္ႀကီးျဖင့္ရပ္ေနေသာ ေရွာင္ရွင္းအား လွည့္ၾကည့္လိုက္သည္။ ေရွာင္ရွင္း၏မ်က္ႏွာက တင္းမာေနေလ၏။ ဘယ္ရယ္ေၾကာင့္ ဤမၽွေလာက္စိတ္တိုေနပုံေပၚသည္ကို သူတကယ္စဥ္းစားမရေခ်။

"သတို႔သားနဲ႔ သတို႔သမီး အျပန္အလွန္ကန္ေတာ့မယ္။"

႐ုတ္တရက္ထြက္ေပၚလာေသာ အသံေၾကာင့္ အန္းလုက မဂၤလာပြဲကို ျပန္အာ႐ုံစိုက္မိသြား၏။ အနီေရာင္ဝတ္႐ုံတို႔ျဖင့္ေတာက္ပေနေသာ ဇနီးေမာင္ႏွံကိုၾကည့္ရင္း အရင္က သူႏွင့္ခ်ီရွန္းတို႔ ႏွစ္ဦးသား ေကာင္းကင္ႏွင္ေျမျပင္တို႔သာ သက္ေသအျဖစ္ရွိေစခဲ့ေသာ မဂၤလာပြဲကိုသတိရေစသည္။

အမွန္တကယ္ ၾကည့္ႏူးစရာအခိုက္အတန္႔ေတြဆိုေသာ္လည္း ၾကည္ႏူးေပ်ာ္ရႊင္မွုကို သူမခံစားရပဲ လြမ္းဆြတ္မွုဟူေသာအေငြ႕အသက္ကိုသာ ရလိုက္သည္။ သူေဘးမွာရွိေနတဲ့ ခ်ီရွန္းဟာ က်န္ရစ္ခဲ့ၿပီးျဖစ္တဲ့ ဒ႑ာန္ရီတစ္ပုဒ္လိုမ်ိဳးဟု သူခံစားလိုက္ရသည္။

အန္းလု ခ်ီရွန္းကိုေမာ့ၾကည့္လိုက္ေတာ့ ခ်ီရွန္းကလည္း ထိုျမင္ကြင္းကိုၾကည့္ကာ သေဘာက်ေနပုံပင္။ သူလည္း ထိုအခ်ိန္ကိုျပန္မွတ္မိေနပုံရသည္။ အန္းလု ခ်ီရွန္း၏မ်က္ႏွာကိုၾကည့္ရင္း ဆုပ္ကိုင္ထားေသာ လက္ကို ပို၍တင္းက်ပ္ေအာင္ ဆုပ္ကိုင္ထားလိုက္မိသည္။ သူ၏မသိစိတ္က ဤလူကို ဆုံးရွုံရေတာ့မယ္လို႔ ခံစားေနရသည္။

ခ်ီရွန္းက တင္းက်ပ္သြားေသာ လက္ေၾကာင့္ ေအာက္ကိုငုံ႔ၾကည့္လိုက္ၿပီးမွ အန္းလုကိုၾကည့္လိုက္သည္။

"ဘာျဖစ္လို႔လဲ။ ေနမေကာင္းဘူးလား။ အဆင္မေျပရင္ အေဆာင္ကိုျပန္ရေအာင္။"

အန္းလုက ေခါင္းခါျပလိုက္သည္။

"ဟင့္အင္း။ ေျပပါတယ္။ ဒီအတိုင္းေလ...သိတယ္မလား။ ကၽြန္ေတာ္တို႔ လက္ထပ္တုန္းကပုံစံေလးကိုသတိရမိသြားလို႔...."

အန္းလုက ရီျပလိုက္သည္။ ထိုအခါမွ ခ်ီရွန္းက အနည္းငယ္ျပဳံးလိုက္ရင္း

"ဟုတ္တယ္။ ကိုယ္ေရာပဲ။ အဲ့တာကိုသတိရမိေနတာ။"

အန္းလုက ခ်ီရွန္း၏လက္ကိုပိုမိုကာတင္းက်ပ္ေအာင္ဆုပ္ကိုင္လိုက္သည္။ အခမ္းအနားကေတာ့ ၿပီးေျမာက္သြားပုံရသည္။ ေရွ႕ကိုၾကည့္မိေတာ့ သတို႔သားႏွင့္ သတို႔သမီးတို႔က အပ္ေဆာင္ဝင္ရန္ အျပင္သို႔ထြက္သြားၾကေလၿပီ။

........................................

"အရွင္....က်ီခ်န္းမလား။ ဒီမွာ...ဘယ္လိုလုပ္"

အန္းလုထားခဲ့သည့္ေနရာတြင္ပင္ တဖက္ရွိ လမင္းထိန္ထိန္သာေနေသာ ကႏၲာရႀကီးအား မ်က္ႏွာမူလ်က္ ၿမိဳ႕ရိုးရွိဝရံတာေပၚသို႔ တတ္ကာတဖက္သို႔ေျခခ်လ်က္ထိုင္ေနေသာ က်ီခ်န္းအား ေနာက္မွ တစ္ေယာက္ေယာက္က တအံ့တၾသေခၚလိုက္သံကိုၾကားရသည္။

က်ီခ်န္းလွည့္ၾကည့္မိေတာ့ ဤသည္ကမင္းသမီးခ်င္းယာပင္။ သူမ၏လက္ထဲတြင္ ေသရည္အလတ္စား အိုးႏွစ္အိုးကိုကိုင္ကာထားေသး၏။ က်ီခ်န္းက သူ၏မ်က္ႏွာမူရာသိူ႔ သာျပန္မူေနလိုက္ရင္း

"မင္းသမီးခ်င္းယာက ဒီကိုဘယ္လိုလုပ္ၿပီးေရာက္လာရတာလဲ။ ဒီေနရာက ကၽြန္ေတာ္သိသေလာက္ အေစာင့္ေတြေတာင္မလာဘူးေလ။"

ခ်င္းယာက ခ်က္ခ်င္းပင္ က်ီခ်န္းႏွင့္ အလွမ္းမကမ္းးတြင္ ထိုင္လိုက္သည္။ သူမက ကိုယ္ခံပညာတတ္သူပီပီ ဤသို႔ေသာအျမင့္ကို တုန္လွုပ္ေနျခင္းပင္မရွိပဲ ေျခကိုခ်ကာ က်ီခ်န္းကဲ့သို႔ ထိုင္လိုက္သည္။ သူတို႔ႏွစ္ဦးၾကားတြင္ေတာ့ သူမယူလာေသာ ေသရည္အိုးကို ခ်လိုက္သည္။

" ဒီေန႔ အကိုသုံးရဲ့ မဂၤလာေဆာင္ေလ။ ကိုယ့္အကိုကို သူစိမ္းမိန္းမတစ္ေယာက္လက္ထဲထည့္ရတာဆိုေတာ့ နည္းနည္းစိတ္မေကာင္းလို႔။ ဆိုးခ်င္းတိုင္းဆိုးလို႔မရေတာ့ပဲ ေယာင္းမေတာ္မ်က္ႏွာၾကည့္ရေတာ့မွာမလို႔ေလ။ ဒါ့ေၾကာင့္ ဒီညနည္းနည္းေသာက္မလားဆိုၿပီး ဒီဘက္ကိုထြက္လာတာ။

ၿပီးေတာ့ ဒီေနရာက အစထဲက ကၽြန္မပိုင္တဲ့ေနရာေလ။ ဒါ့ေၾကာင့္ အေစာင့္ေတြကိုေတာင္ ဒီနားတစ္ဝိုက္ကင္းလွည့္ခြင့္မေပးထားဘူး။"

က်ီခ်န္းက ထိုစကားကိုၾကားေတာ့ သူမကိုေစာင္းၾကည့္လိုက္သည္။

"မင္းသမီးရဲ့ ကိုယ္ပိုင္ေနရာဆိုေတာ့ ကၽြန္ေတာ္က ဖယ္ေပးရမွာလား။"

"အာ....အဲ့လိုမေျပာမိပါဘူး။.... ေနအုန္း။"

သူမက ေဘးတြင္ခ်ထားေသာ ေသရည္အိုးတစ္လုံးအာ ယူလိုက္ၿပီး အေပၚအဖုံးကို ဖြင့္ကာထိုအဖုံးအား လႊင့္ပစ္လိုက္သည္။ ေသရည္အိုးကို က်ီခ်န္းအား ကမ္းေပးလိုက္ရင္း

"စိတ္ညစ္ေနရင္ ေသရည္ကအေကာင္းဆုံးေဆးပဲ။ ေရာ့......."

က်ီခ်န္းက သူ႔ကိုၾကည့္ရင္းထိုေသရည္ကိုလွမ္းယူကာ ေမာ့ခ်လိုက္သည္။ တစ္က်ိဳက္တည္းေမာ့ေနစဥ္မွာပဲ ခ်င္းယာက သူ႔ကိုၾကည့္ရင္း က်န္ေသရည္တစ္အိုးကိုဖြင့္ကာ သူပါလိုက္ေမာ့သည္။

အိုးတစ္ဝက္ခန္႔က မည္သို႔ကုန္သြားမွန္းပင္မသိလိုက္ေခ်။ ႏွစ္ဦးသားစကားအေတာ္ၾကာၾကာမေျပာပဲ ေသရည္တစ္ေယာက္တစ္အိုးကိုသာ စိတ္ႀကိဳက္ေမာ့၍ ကုန္ေအာင္ေသာက္ေနၾကသည္။

"ဟူး......"

က်ီခ်န္းက ကုန္သြားေသာ ေသရည္အိုးကို ေဘးတြင္ခ်လိုက္ရင္း သက္ျပင္းရွည္တစ္ခုကိုမွုတ္ထုတ္လိုက္သည္။ ေဘးရွိ ခ်င္းယာက ေသရည္အိုးကိုပိုက္ထားရင္း

"တစ္ဖက္သက္အခ်စ္က အရမ္းနာက်င္ရလား။"

ထိုစကားေၾကာင့္ က်ီခ်န္း၏ မ်က္ဝန္းတို႔ကျပဴးက်ယ္လာသည္။ သူကခ်င္းယာကိုၾကည့္လိုက္ရင္း

"မင္း...မင္းဘာသိထားလို႔လဲ။"

"အာ့...ေတာင္းပန္တယ္။...အေစာပိုင္းတုန္းက ရွင္နဲ႔ ရွင္ဘုရင္ခ်ီရွန္း ရဲ့ ကိုယ္လုပ္ေတာ္တို႔ေျပာေနတာကို အမွတ္မထင္ ကၽြန္မၾကားလိုက္မိတယ္ ။ ရွင္ကသူ႔အေၾကာင္းကိုပါေသခ်ာ နားလည္ေနတဲ့သူတစ္ေယာက္ဆိုေတာ့ ကၽြန္မေတြးမိေနေသးေပမဲ့ မျဖစ္နိုင္ဘူးေလ။ ဒါေပမဲ့ ညေနကစကားတစ္ခ်ိဳ႕ကိုၾကားလိုက္ရေတာ့...ကၽြန္မလည္း..."

ခ်င္းယာက ေသရည္အိုးကိုသူ၏ေပါင္ေပၚသို႔တင္ကာ ေသရည္အိုး၏ ႏွုတ္ခမ္းဝကို လက္မျဖင့္ပြတ္ေန၏။ သူမ မူးေနပုံရသည္။ သို႔ေသာ္လည္း သူမက အလြန္တည္ၿငိမ္ေနသည္မွာ သာမန္လူတစ္ေယာက္ကဲ့သို႔ပင္။

"သူ...သူမ်ား....အတြင္းေရးကို..ဝင္..ဝင္စြပ္ဖက္တာမ်ိဳးေတာ့မဟုတ္ပါဘူး။ ဒီအတိုင္း မထင္မွတ္ပဲကိုတကယ္ၾကားမိတာပါ။"

သူမက သူမ၏လက္ႏွစ္ဖက္စလုံးကိုကာျပရင္း အတင္းေျဖရွင္းခ်က္ေတြေပးေနသည္။ ထိုအခါလြတ္သြားေသာ ေသရည္အိုးက သူမ၏ေပါင္ေပၚမွတစ္ဆင့္ ၿမိဳ႕ရိုးအျမင့္တစ္ေလ်ာက္ျပဳတ္က်ေလ၏။

"ေသရည္အိုး..."

သူမ က ေအာက္ကိုငုံကာျပဳတ္က်ေသာေသရည္အိုးကိုဆင္းေကာက္ရန္ေတ​ြးလိုက္ပုံရသည္။ ဆင္းရန္ျပင္ေလ၏။ က်ီခ်န္းက သူမ၏ လက္ေကာက္ဝတ္ကိုအျမန္လွမ္းဖမ္းလိုက္ၿပီး တားလိုက္သည္။

"႐ူးေနလား။ ျပဳတ္က်ရင္ ေသမွာေပါ့။"

"ဒါေပမဲ့.... ေသရည္အိုးက။"

ခ်င္းယာ၏ ပါးႏွစ္ဖက္လုံးက နီရဲကာေနေလ၏။ ထိန္လင္းေနေသာ လေရာင္ေၾကာင့္သာမဟုတ္လ်င္ သူမ မူးေနသည္ကို က်ီခ်န္းသတိထားမိမည္ကိုမဟုတ္ေခ်။ သူမက ကေလးတေယာက္ႏွင့္တူသည္။ က်ီခ်န္းက သူမကိုၾကည့္ေနရင္းမွ တဖက္သိူ႔အၾကည့္လႊဲလိုက္သည္။ ဆြဲကိုင္ထားေသာ လက္ေကာက္ဝတ္ကိုေတာ့ သူမလႊတ္ေပးေသးေခ်။ မဟုတ္လ်င္ ခုန္ခ်လိုက္လိမ့္မည္။

" ေဆြးတာေတာင္ ေကာင္းေကာင္းမေဆြးရတဲ့ဘဝ။ ၿပီးေတာ့ မေသာက္နိုင္ပဲနဲ႔။ တစ္ပုလင္းေလာက္နဲ႔ မူးရတယ္လို႔။

သြားရေအာင္။ အေဆာင္ကိုျပန္လိုက္ပို႔ေပးမယ္။"

က်ီခ်န္းက သူမကိုကုန္းပိုးလိုက္သည္။ သူမကလည္း ႐ုန္းရန္စိတ္ကူးရွိပုံမရေခ်။ ထိုပုံစံအတိုင္းပင္ က်ီခ်န္းက သူမအေဆာင္ဘက္သို႔ ခ်င္းယာကို ကုန္းပိုးလ်က္ေလၽွာက္လာသည္။

"အကိုသုံး....အကိုသုံး။ ညီမကို..ညီမကေရာ...ညီမကို အကိုသုံးမလို႔......လုပ္ရက္တယ္။"

"အကိုသုံး...."

ခ်င္းယာက မ်က္စိကိုစုံမွတ္ကာအိပ္လူနီးပါးျဖစ္ေနတာေၾကာင့္ ေယာင္ေနပုံရသာ္။ က်ီခ်န္းက သူမ၏ ကေယာင္ကတမ္းစကားမ်ားေၾကာင့္အနည္းငယ္ပင္ ဆြံ့အသြားသည္။

"အကိုသုံး...အကိုသုံး..."

က်ီခ်န္းက သူမ၏အေဆာင္ထိလိုက္ပို႔ေပးလိုက္သည္။ ကုတင္ေပၚတြင္ အဆင္ေျပသလိုသူမကိုပစ္ခ်လိုက္သည္။ ပါးစပ္မွ တရစပ္ထြက္ေနေသာ ထို အကိုသုံးဟူသော စကားလုံးက က်ီခ်န္းကိုစိတ္အေႏွာက္အယွက္ျဖစ္ေနေစသည္။

(ေမာင္ႏွမသံေယာဇဥ္က အေတာ္ႀကီးတဲ့ပုံပဲ။ အကိုျဖစ္သူက မိန္းမရသြားတာကို တစ္ဘဝလုံးဆုံးရွုံးလိုက္ရသလိုခံစားေနရတယ္ထင္တယ္။ ငါ့အိမ္က ဟိုေမ်ာက္မနဲ႔မ်ားကြာပ။)

က်ီခ်န္းက က်ီယြမ္အေၾကာင္းေတြးမိလိုက္တာေၾကာင့္ ရီလိုက္မိသည္။ ေဘးရွိ ျခဳံေစာင္ကို သူမအေပၚသို႔အနည္းငယ္လႊားတင္ေပးလိုက္ၿပီး ျပတင္းေပါက္မွပင္ အျပင္သို႔ ျပန္ထြက္လာခဲ့လိုက္သည္။

~~~~~~~~~~~~~~~~~~~~~~~~~~~

© Hnin Aung,
книга «Love, But Hurt (Season_3) The Last Begin».
Коментарі