Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 38
" ကျွန်တော်တို့ အချင်းချင်းလူပ်ထားတဲ့အပေးအယူကိုသိမှာပါနော်။ "

ရှန်ဖန်းက အန်းလု၏နားအနားကိုကပ်ကာပြောလိုက်သည်။ အန်းလုက ဘေးသို့စောင်းကာ ရှန်ဖန်းကိုပြောလိုက်၏။

" ကျွန်တော်လည်း ရှာနေပါတယ်။"

" မဟုတ်သေးဘူးလေ။ အခုပဲ ရက်တွေကအများကြီးရှိနေပြီ။ ကျွန်တော်တို့က အပေးအယူလုပ်တာ။ အပေးပဲရှိနေလို့မရဘူးလေ။ အဲ့လိုဆိုရင် ကျွန်တော့်အတွက် ဘယ်အဆင်ပြေမလဲ။"

ရှန်ဖန်းက အန်းလုအနားမှခွာကာ ကျောခိုင်းရပ်လိုက်ရင်းဆိုလေ၏။ အန်းလုက အမြန်ပြန်ပြောသည်။

" ဒါပေမဲ့ ဒီအပေးအယူက ကျွန်တော်ဘာမှမပြောရသေးခင် ခင်ဗျားဘာသာ သဘောတူလိုက်..."

"ဘာပဲဖြစ်ဖြစ် အခုအရာအားလုံးကအဆင်ပြေသွားပြီမလား။ မင်းလည်း မင်းရဲ့အရင်ခန္တာကိုယ်နဲ့ ဘယ်သူ့ကိုမှဒုက္ခမပေးပဲ သူ့အနားမှာနေလို့ရပြီလေ။ "

ရှန်းဖန်းကအန်းလု၏စကားကို အမြန်ဖြတ်ပြောလိုက်လေ၏။ ပြီးနောက် အန်းလု၏ပုခုံးကို လာပုတ်ကာ

" မင်းရှာနိုင်ပါတယ်။ တပတ်အတွင်း ဆံထိုးကိုရအောင်ရှာ။ မဟုတ်ရင် မင်းရဲ့လီချီရှန်းကို......"

ရုတ်တရက် စကားကိုရပ်လိုက်သောရှန်ဖန်းကြောင့် အန်းလုကသူ့ကိုအလန့်တကြားကြည့်လိုက်သည်။ အမှန်တကယ်လည်း ရှန်ဖန်း၏အသံနှင့် အမူအရာအကြည့်တို့က ခြိမ်းခြောက်နေသောပုံစံအသွင်ကိုဆောင်နေ၏။

" သူ့ကိုမထိနဲ့......"

"ဟမ့်....."

"သူ့ကိုမထိနဲ့။သူ့ကို တစ်ခုခုထိခိုက်လာတာမျိုးဆိုရင် ငါမင်းကိုခွင့်လွှတ်မှာမဟုတ်ဘူး။ "

အန်းလုက ရှန်ဖန်းအား အော်လိုက်၏။

"ဟားဟားဟား မင်းကဘာလုပ်နိုင်မှာမလို့လဲ။

ဆံထိုးသာရှာနေစမ်းပါ။ မင်းက အင်အားလည်းမရှိ၊ စွမ်းအားလည်းမရှိတဲ့ လူပျော့ညံ့တယောက်သာသာပဲဟာ....."

"ငါက........ငါက....."

အန်းလုက ရှန်ဖန်း၏စကားကြောင့် သူ၏ခေါင်းကိုငုံ့လိုက်၏။ သူ၏စကားတို့က ထစ်ငေါ့ကာ တုန်ရီနေသည်။

" ငါက လူပျော့ညံ့တစ်ယောက်မဟုတ်ဘူး။!!!"

အန်းလုက အော်ဟစ်ကာပြောလိုက်ပြန်သည်။ သူ၏ခေါင်းကိုမော့လိုက်သည်ဟု ထင်ရသော်လည်း သူသည် အိပ်ယာတစ်ခုပေါ်တွင်လန့်နိုးကာလာခြင်းဖြစ်လေ၏။ ချွေးစေးတို့က နှဖူးပြင်ထက်မှ စီးကာကျနေသည်။

" ရေသောက်လိုက်...."

ချီရှန်း၏ ရေခွက်ကိုကမ်းပေးလာသောလက်နှင့်အတူ အသံတစ်သံကပေါ်ထွက်လာလေ၏။ အန်းလုက သူ့ဘေးအိပ်ယာထက်တွင်ပင် ထိုင်ကာနေသော ချီရှန်းကိုကြည့်လိုက်ပြီး မောဟိုက်စွာအသက်ရှူနေရင်းပင် ရေခွက်ကိုလှမ်းယူလိုက်သည်။ ချီရှန်းက အန်းလု၏ကျောပြင်အား သူ၏လက်ဖဝါးဖြင့် ခပ်ဖွဖွအပေါ်အောက် ပွတ်သတ်ပေးနေသည်။ အန်းလုက ရေကိုတကျိုက်တည်းမော့သောက်လိုက်လေ၏။

" အိမ်မက်ဆိုး မက်တာလား။"

ချီရှန်းက သောက်ကာပြီးသွားသော အန်းလု၏လက်ထဲမှရေခွက်ကို ပြန်ယူလိုက်ပြီး ဘေးရှိစားပွဲအသေးလေးပေါ်တွင်ပင် ပြန်ချလိုက်သည်။ အန်းလုက ချီရှန်းကို သေချာစွာကြည့်လေ၏။ ထို့နောက် သူကဖြေသည်။

"အင်း...."

အန်းလုက ချီရှန်းကိုဆက်ကြည့်နေပြန်သေးသည်။ ချီရှန်း၏ အန်းလုကျောပြင်အားပွတ်သတ်ပေးနေသောလက်များက ယခုအချိန်ထိတော့ ရပ်တန့်သွားတာမျိုးမရှိသေးချေ။

" အိမ်မက်ဆိုးတွေအကြောင်းကိုမတွေးနဲ့တော့။ "

အန်းလု၏ရီဝေသောအကြည့်တို့က ချီရှန်းကို မျက်တောင်မခပ်တန်းကြည့်နေမိသည်။ သူ၏နှလုံးသားက ယခုအချိန်ထိကိုတလှပ်လှပ် လှုပ်ခါကာနေသေးတုန်းပင်။

" ရှန်းရှန်း...."

အန်းလုက ချီရှန်း၏ခါးမှလက်လျှိုဝင်ကာ ချီရှန်းအားဖက်လိုက်သည်။ ချီရှန်း၏ ပွတ်သတ်ပေးနေသော လက်က ရပ်တန့်သွား၏။

" တောင်းပန်ပါတယ်။ ရှန်းရှန်းအတွက် အမြဲဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး အမြဲတမ်းအသုံးမကျတဲ့သူတစ်ယောက်ဖြစ်စေခဲ့လို့..."

ချီရှန်းက အန်းလုကိုပြန်လည်ကာဖက်တွယ်လိုက်သည်။

" မင်းက ကိုယ်အတွက်အရာအားလုံးပါ။ ဝန်ထုပ်ဝန်ပိုးမဟုတ်ပါဘူး။ ပြီးတော့အိမ်မက်ဆိုးတွေက လက်တွေ့မှာဖြစ်မလာနိုင်ဘူး။ သူတို့ကိုမေ့ပစ်လိုက်..."

"အွန်း...."

ချီရှန်းက အန်းလု၏ မျက်ဝန်းအောက်ခြေနားမှလဲ့လာသောမျက်ရည်စလေးများကို သုတ်ကာပေးလိုက်သည်။

" ဒါဆို ပြန်အိပ်တော့...အစောကြီးရှိသေးတယ်။"

အန်းလုက ချီရှန်းပြောသည့်အတိုင်းခေါင်းညိမ့်ကာ သူ၏အိပ်ယာတွင် ပြန်လှဲလိုက်သည်။ ချီရှန်းက အန်းလု၏နှဖူးပြင်အား သူ၏လက်ဖဝါးကိုတင်ရင်း

" ဒါဆို အိပ်တော့နော်။"

အန်းလုက သူ၏မျက်ဝန်းများကို မှိတ်ကာချလိုက်သည်။ သူ၏အတွေးများကတော့ သူ့ကိုဆက်အိပ်နိုင်ခြင်းမရှိတော့အောင် နှောက်ယှက်နေကြသည်။
..................................

" အန်းလု မျက်နှာလည်းမကောင်းပါလား။"

အားလော့က အန်းလု၏ညှိုးငယ်နေသောမျက်နှာကြောင့် စိတ်ပူနေသောလေသံဖြင့်ပင်မေးလိုက်၏။

" အားလော့....ငါလေ....ဘာမှမဟုတ်တော့ပါဘူး။"

အန်းလုက စကားကိုပြောရန်ပြင်လိုက်ပြီးတော့မှ ရပ်လိုက်သည်။ အတတ်နိုင်ဆုံး နောက်ထပ်တယောက်ကိုဆွဲမထည့်တော့သည်က ပိုကောင်း၏။

" ဘာဖြစ်လို့လဲ။ ပြောပါဟ။ ငါကူညီနိုင်တာရှိရင် အစ​ွမ်းကုန်ကူညီမှာပါ။"

အန်းလုက အားလော့ကိုကြည့်ရင်းပင်

" နင်....ရှန်းရှန်းရဲ့မယ်တော်ကိုသိတယ်မလား။"

" မသိပဲနေမလား။ မိဖုရားကို...."

" တကယ်တော့လေ...ငါအခု သူ့ရဲ့ဆံထိုးကိုလိုချင်နေတာ။ "

" ဆံထိုး....ဟုတ်လား။.ဘယ်လိုပုံစံမျိုးလဲ။"

"အဲ့တာကိုမသိဘူး။ ဆံထိုးဆိုတာပဲသိတာ..."

" ဆံထိုး....ဆံထိုး....ဆံထိုးဆိုရင်...."

အားလော့က သေချာတွေးပေးနေပုံရ၏။ တစ်ခဏကြာတော့ သူက အန်းလုကိုကြည့်ကာပြောသည်။

" ငါ အရှင့်ရဲ့ စာကြည့်ခန်းမှာ မိဖုရားရဲ့ဆံထိုးတစ်ခုကိုတော့ တွေ့ခဲ့တယ်။ အဲ့တာက မိဖုရားကို ယခင်အရှင်မင်းကြီးက လက်ဆောင်ပေးခဲ့တဲ့ မိဖုရားအကြိုက်ဆုံးဆံထိုးတစ်ခုပဲ။"

" ရှန်းရှန်းရဲ့ စာကြည့်ခန်းမှာ...... ဟူတ်လား။"

အန်းလုက ကျည်းမြောင်းလာသောမျက်ဝန်းများဖြင်​့ အားလော့ကိုမေးသည်။ အားလော့ကဆက်ပြောလာ၏။

" ဟူတ်တယ်။ ငါဟိုတနေ့က သန့်ရှင်းရေးလုပ်တော့ တွေ့မိတာပဲ။ သစ်သားသေတ္တာအသေးလေးထဲမှာ သူထည့်ထားတာ။ အမှန်တော့ အရင်ကသူ့မှာမရှိဘူး။ ငါထင်သလောက်ဆို တော်ဝင်သင်္ချိုင်းကနေ ယူထားတာမကြာသေးဘူးထင်တယ်။ မယ်တော့်ကို လွမ်းနေတဲ့ပုံပဲ။"

" ရှန်းရှန်းကဘာလို့...."

အန်းလုက သူ၏လက်နှစ်ဖက်အားသေချာစွာဆုပ်ကိုင်မိသည်။ ထို့နောက်အားလော့ကိုကြည့်လိုက်ပြီး

" အားလော့ မိန်းကလေးလို့ပြင်ပေးအုန်း။ ပြီးတော့ ဒီအချိန်ဆို သူဘယ်မှာရှိလောက်လဲ။"

" အရှင်လား။ အခုတလော ညီလာခံက အရမ်းကြာတတ်တော့ အဲ့မှာပဲရှိလိမ့်အုန်းမယ်။ မိန်းကလေးအဝတ်အစားက ဘာလုပ်ဖို့..... အယ် နင်ထပ်သွားအုန်းမလို့လား။"

" အင်း...."

..............................

" နောက်ဆုံးတော့ ငါတွေ့ပြီ။ ရှန်းရှန်းဘာလို့ ဒါကိုသိရက်နဲ့ ဖုန်းကွယ်ထားရတာလဲ။ ငါတကယ်ပဲ နားမလည်ဘူး။"

အန်းလုက သေတ္တာအားဖွင့်လိုက်ရင်းဆိုသည်။ အထဲရှိဆံထိုးအား ယူလိုက်တော့ ရုတ်တရက်ပင် သူ၏ခေါင်းက မူးဝေကာလာလေ၏။

" အ့...ခေါင်းက...."

* ချိုးလိုက်....ဆံထိုးကို အလယ်ကနေချိုးပစ်လိုက်......*

ဦးခေါင်းထဲမှ သတိပေးသံကဲ့သို့သော ခပ်ဝါးဝါးအသံတို့က ထွက်ပေါ်ကာလာလေတော့၏။

" ဘယ်သူလဲ....ဘယ်သူ....အ့..."

" အယ်...... မိန်းကလေး အားထူ....အဆင်ပြေရဲ့လား။ ကျွန်တော်ပါ.....ကျွန်တော်...ချီကျန်းရှိီ..."

အန်းလုက ရုတ်တရက်စာကြည့်ဆောင်ထဲ ပြေးဝင်ကာလာသော ချီကျန်းရှီကို မြင်နေရသော်လည်း သူ၏အမြင်အာရုံတွင် ချီကျန်းရှီမှာ သုံး၊ လေးယောက်ဖြစ်ကာနေလေ၏။

* အမြန်....ဆံထိုးကိုအမြန်ချိုးလိူက်တော့....အခု...*

"အား.......ခေါင်းက...."

အန်းလုက ဆံထိုးကိုကိုင်ထားလျက်ပင် ဘေးရှိစားကြည့်စားပွဲတွင် လက်ထောက်မိလေ၏။ မှင်အိုးကိူ ထောက်မိတာကြောင့် မှင်အိုးမှာ မှောက်ခုံဖြစ်ကာသွားပြီး မှင်များက ပေကျံလေတော့သည်။ အန်းလုက ထိုစားပွဲပေါ်ရှိ ပစ္စည်းများကို တွန်းချပစ်လိုက်သည်။ ထို့နောက်သူ၏နားကို အုပ်လိုက်သော်လည်း တရစပ်ပြောနေသောစကားသံတို့က နားထဲဆူညံ့နေ၏။ ဘေးတွင် ချီကျန်းရှီက သူ့အားလိုက်ဖမ်းကာထိန်းဖို့လုပ်ရန်ပြင်နေသည်။

" မိန်းကလေး...မိန်းကလေးအဆင်ပြေရဲ့လား။"

" ဖယ်စမ်း....."

အန်းလုက သူ့အားလာတွဲသော ကျန်းရှီကို တွန်းပစ်လိုက်၏။ ကျန်းရှီက ကြမ်းပြင်တွင်ထိုင်ချသလိုပင်ပစ်လဲသွားသည်။ ဤမိန်းကလေစဘယ်ကနေ အားအင်တေ​ွရသလဲမသိအောင်ပင် ကျန်းရှီမှာ သူ့ကိုမော့ကြည့်မိ၏။ အန်းလုက သူ၏လက်ထဲရှိဆံထိုးကို သေချာစွာစိုက်ကြည့်လိုက်ပြီးနောက် အားပါပါဖြင့်ပင် ဆံထိုး၏ထက်ဝက်ပိုင်း အလည်မှပင် ချိုးချလိုက်တော့သည်။

" အား............"

ဆံထိုးကျိုးသွားသည်နှင့် တပြိုင်နက်ထိုဆံထိုး၏အပိုင်းနှစ်ပိုင်းမှ အမဲရောင်အခိုးအငွေ့ကပေါ်ထွက်ကာလာလေတော့သည်။ ကြောက်မက်ဖွယ်ကောင်းသော အော်သံကိုကြားရပြီး အန်းလုက မေ့မြောကာသွားပြီး ကြမ်းပြင်တွင်ပစ်လဲကျသွားလေတော့သည်။ တရစ်ရစ်လည်နေသော အခိုးအငွေ့များက အန်းလုဆီသို့ ချက်ချင်းပြေးသွားသော ကျန်းရှီကို ပစ်မှတ်ထားဦးတည်လိုက်ပုံရသည်။

" အားထူ...မိန်းကလေးအားထူ...ထပါအုန်း။ မိန်းကလေး..."

အန်းလုကိုမ ကာရင်ခွင်ထဲတွင်ထည့်၍ လှုပ်နှိုးနေသော ကျင်းရှီ၏နောက်ကျောဘက်မှနေ၍ ကျင်းရှီ၏ ကိူယ်ခန္တာထဲသို့ အလုံးအရင်းဝင်ရောက်ကုန်ကြလေတော့သည်။

ပြင်းထန်သောလေပြင်းကဲ့သို့ ခန်းဆောင်တစ်ခုလုံးလေးများတိုက်ခတ်ပြီးနောက်တွင် ချက်ချင်းပြန်ကာငြိမ်သွားလေတော့၏။ အန်းလုနှင့် အတူ ကျန်းရှီသည်လည်း ကြမ်းပြင်ပေါ်တွင်ပစ်လဲကာကျနေလေတော့သည်။ ဘေးတွင်မူ အလည်မှထက်ပိုင်းကျိုးသွားသော ဆံထိုးက ရှိနေ၏။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

" ကၽြန္ေတာ္တို႔ အခ်င္းခ်င္းလူပ္ထားတဲ့အေပးအယူကိုသိမွာပါေနာ္။ "

ရွန္ဖန္းက အန္းလု၏နားအနားကိုကပ္ကာေျပာလိုက္သည္။ အန္းလုက ေဘးသို႔ေစာင္းကာ ရွန္ဖန္းကိုေျပာလိုက္၏။

" ကၽြန္ေတာ္လည္း ရွာေနပါတယ္။"

" မဟုတ္ေသးဘူးေလ။ အခုပဲ ရက္ေတြကအမ်ားႀကီးရွိေနၿပီ။ ကၽြန္ေတာ္တို႔က အေပးအယူလုပ္တာ။ အေပးပဲရွိေနလို႔မရဘူးေလ။ အဲ့လိုဆိုရင္ ကၽြန္ေတာ့္အတြက္ ဘယ္အဆင္ေျပမလဲ။"

ရွန္ဖန္းက အန္းလုအနားမွခြာကာ ေက်ာခိုင္းရပ္လိုက္ရင္းဆိုေလ၏။ အန္းလုက အျမန္ျပန္ေျပာသည္။

" ဒါေပမဲ့ ဒီအေပးအယူက ကၽြန္ေတာ္ဘာမွမေျပာရေသးခင္ ခင္ဗ်ားဘာသာ သေဘာတူလိုက္..."

"ဘာပဲျဖစ္ျဖစ္ အခုအရာအားလုံးကအဆင္ေျပသြားၿပီမလား။ မင္းလည္း မင္းရဲ့အရင္ခႏၲာကိုယ္နဲ႔ ဘယ္သူ႔ကိုမွဒုကၡမေပးပဲ သူ႔အနားမွာေနလို႔ရၿပီေလ။ "

ရွန္းဖန္းကအန္းလု၏စကားကို အျမန္ျဖတ္ေျပာလိုက္ေလ၏။ ၿပီးေနာက္ အန္းလု၏ပုခုံးကို လာပုတ္ကာ

" မင္းရွာနိုင္ပါတယ္။ တပတ္အတြင္း ဆံထိုးကိုရေအာင္ရွာ။ မဟုတ္ရင္ မင္းရဲ့လီခ်ီရွန္းကို......"

႐ုတ္တရက္ စကားကိုရပ္လိုက္ေသာရွန္ဖန္းေၾကာင့္ အန္းလုကသူ႔ကိုအလန္႔တၾကားၾကည့္လိုက္သည္။ အမွန္တကယ္လည္း ရွန္ဖန္း၏အသံႏွင့္ အမူအရာအၾကည့္တို႔က ၿခိမ္းေျခာက္ေနေသာပုံစံအသြင္ကိုေဆာင္ေန၏။

" သူ႔ကိုမထိနဲ႔......"

"ဟမ့္....."

"သူ႔ကိုမထိနဲ႔။သူ႔ကို တစ္ခုခုထိခိုက္လာတာမ်ိဳးဆိုရင္ ငါမင္းကိုခြင့္လႊတ္မွာမဟုတ္ဘူး။ "

အန္းလုက ရွန္ဖန္းအား ေအာ္လိုက္၏။

"ဟားဟားဟား မင္းကဘာလုပ္နိုင္မွာမလို႔လဲ။

ဆံထိုးသာရွာေနစမ္းပါ။ မင္းက အင္အားလည္းမရွိ၊ စြမ္းအားလည္းမရွိတဲ့ လူေပ်ာ့ညံ့တေယာက္သာသာပဲဟာ....."

"ငါက........ငါက....."

အန္းလုက ရွန္ဖန္း၏စကားေၾကာင့္ သူ၏ေခါင္းကိုငုံ႔လိုက္၏။ သူ၏စကားတို႔က ထစ္ေငါ့ကာ တုန္ရီေနသည္။

" ငါက လူေပ်ာ့ညံ့တစ္ေယာက္မဟုတ္ဘူး။!!!"

အန္းလုက ေအာ္ဟစ္ကာေျပာလိုက္ျပန္သည္။ သူ၏ေခါင္းကိုေမာ့လိုက္သည္ဟု ထင္ရေသာ္လည္း သူသည္ အိပ္ယာတစ္ခုေပၚတြင္လန္႔နိုးကာလာျခင္းျဖစ္ေလ၏။ ေခၽြးေစးတို႔က ႏွဖူးျပင္ထက္မွ စီးကာက်ေနသည္။

" ေရေသာက္လိုက္...."

ခ်ီရွန္း၏ ေရခြက္ကိုကမ္းေပးလာေသာလက္ႏွင့္အတူ အသံတစ္သံကေပၚထြက္လာေလ၏။ အန္းလုက သူ႔ေဘးအိပ္ယာထက္တြင္ပင္ ထိုင္ကာေနေသာ ခ်ီရွန္းကိုၾကည့္လိုက္ၿပီး ေမာဟိုက္စြာအသက္ရွူေနရင္းပင္ ေရခြက္ကိုလွမ္းယူလိုက္သည္။ ခ်ီရွန္းက အန္းလု၏ေက်ာျပင္အား သူ၏လက္ဖဝါးျဖင့္ ခပ္ဖြဖြအေပၚေအာက္ ပြတ္သတ္ေပးေနသည္။ အန္းလုက ေရကိုတက်ိဳက္တည္းေမာ့ေသာက္လိုက္ေလ၏။

" အိမ္မက္ဆိုး မက္တာလား။"

ခ်ီရွန္းက ေသာက္ကာၿပီးသြားေသာ အန္းလု၏လက္ထဲမွေရခြက္ကို ျပန္ယူလိုက္ၿပီး ေဘးရွိစားပြဲအေသးေလးေပၚတြင္ပင္ ျပန္ခ်လိုက္သည္။ အန္းလုက ခ်ီရွန္းကို ေသခ်ာစြာၾကည့္ေလ၏။ ထို႔ေနာက္ သူကေျဖသည္။

"အင္း...."

အန္းလုက ခ်ီရွန္းကိုဆက္ၾကည့္ေနျပန္ေသးသည္။ ခ်ီရွန္း၏ အန္းလုေက်ာျပင္အားပြတ္သတ္ေပးေနေသာလက္မ်ားက ယခုအခ်ိန္ထိေတာ့ ရပ္တန္႔သြားတာမ်ိဳးမရွိေသးေခ်။

" အိမ္မက္ဆိုးေတြအေၾကာင္းကိုမေတြးနဲ႔ေတာ့။ "

အန္းလု၏ရီေဝေသာအၾကည့္တို႔က ခ်ီရွန္းကို မ်က္ေတာင္မခပ္တန္းၾကည့္ေနမိသည္။ သူ၏ႏွလုံးသားက ယခုအခ်ိန္ထိကိုတလွပ္လွပ္ လွုပ္ခါကာေနေသးတုန္းပင္။

" ရွန္းရွန္း...."

အန္းလုက ခ်ီရွန္း၏ခါးမွလက္လၽွိုဝင္ကာ ခ်ီရွန္းအားဖက္လိုက္သည္။ ခ်ီရွန္း၏ ပြတ္သတ္ေပးေနေသာ လက္က ရပ္တန္႔သြား၏။

" ေတာင္းပန္ပါတယ္။ ရွန္းရွန္းအတြက္ အျမဲဝန္ထုပ္ဝန္ပိုးျဖစ္ေစၿပီး အျမဲတမ္းအသုံးမက်တဲ့သူတစ္ေယာက္ျဖစ္ေစခဲ့လို႔..."

ခ်ီရွန္းက အန္းလုကိုျပန္လည္ကာဖက္တြယ္လိုက္သည္။

" မင္းက ကိုယ္အတြက္အရာအားလုံးပါ။ ဝန္ထုပ္ဝန္ပိုးမဟုတ္ပါဘူး။ ၿပီးေတာ့အိမ္မက္ဆိုးေတြက လက္ေတြ႕မွာျဖစ္မလာနိုင္ဘူး။ သူတို႔ကိုေမ့ပစ္လိုက္..."

"အြန္း...."

ခ်ီရွန္းက အန္းလု၏ မ်က္ဝန္းေအာက္ေျခနားမွလဲ့လာေသာမ်က္ရည္စေလးမ်ားကို သုတ္ကာေပးလိုက္သည္။

" ဒါဆို ျပန္အိပ္ေတာ့...အေစာႀကီးရွိေသးတယ္။"

အန္းလုက ခ်ီရွန္းေျပာသည့္အတိုင္းေခါင္းညိမ့္ကာ သူ၏အိပ္ယာတြင္ ျပန္လွဲလိုက္သည္။ ခ်ီရွန္းက အန္းလု၏ႏွဖူးျပင္အား သူ၏လက္ဖဝါးကိုတင္ရင္း

" ဒါဆို အိပ္ေတာ့ေနာ္။"

အန္းလုက သူ၏မ်က္ဝန္းမ်ားကို မွိတ္ကာခ်လိုက္သည္။ သူ၏အေတြးမ်ားကေတာ့ သူ႔ကိုဆက္အိပ္နိုင္ျခင္းမရွိေတာ့ေအာင္ ေႏွာက္ယွက္ေနၾကသည္။
..................................

" အန္းလု မ်က္ႏွာလည္းမေကာင္းပါလား။"

အားေလာ့က အန္းလု၏ညႇိုးငယ္ေနေသာမ်က္ႏွာေၾကာင့္ စိတ္ပူေနေသာေလသံျဖင့္ပင္ေမးလိုက္၏။

" အားေလာ့....ငါေလ....ဘာမွမဟုတ္ေတာ့ပါဘူး။"

အန္းလုက စကားကိုေျပာရန္ျပင္လိုက္ၿပီးေတာ့မွ ရပ္လိုက္သည္။ အတတ္နိုင္ဆုံး ေနာက္ထပ္တေယာက္ကိုဆြဲမထည့္ေတာ့သည္က ပိုေကာင္း၏။

" ဘာျဖစ္လို႔လဲ။ ေျပာပါဟ။ ငါကူညီနိုင္တာရွိရင္ အစ​ြမ္းကုန္ကူညီမွာပါ။"

အန္းလုက အားေလာ့ကိုၾကည့္ရင္းပင္

" နင္....ရွန္းရွန္းရဲ့မယ္ေတာ္ကိုသိတယ္မလား။"

" မသိပဲေနမလား။ မိဖုရားကို...."

" တကယ္ေတာ့ေလ...ငါအခု သူ႔ရဲ့ဆံထိုးကိုလိုခ်င္ေနတာ။ "

" ဆံထိုး....ဟုတ္လား။.ဘယ္လိုပုံစံမ်ိဳးလဲ။"

"အဲ့တာကိုမသိဘူး။ ဆံထိုးဆိုတာပဲသိတာ..."

" ဆံထိုး....ဆံထိုး....ဆံထိုးဆိုရင္...."

အားေလာ့က ေသခ်ာေတြးေပးေနပုံရ၏။ တစ္ခဏၾကာေတာ့ သူက အန္းလုကိုၾကည့္ကာေျပာသည္။

" ငါ အရွင့္ရဲ့ စာၾကည့္ခန္းမွာ မိဖုရားရဲ့ဆံထိုးတစ္ခုကိုေတာ့ ေတြ႕ခဲ့တယ္။ အဲ့တာက မိဖုရားကို ယခင္အရွင္မင္းႀကီးက လက္ေဆာင္ေပးခဲ့တဲ့ မိဖုရားအႀကိဳက္ဆုံးဆံထိုးတစ္ခုပဲ။"

" ရွန္းရွန္းရဲ့ စာၾကည့္ခန္းမွာ...... ဟူတ္လား။"

အန္းလုက က်ည္းေျမာင္းလာေသာမ်က္ဝန္းမ်ားျဖင္​့ အားေလာ့ကိုေမးသည္။ အားေလာ့ကဆက္ေျပာလာ၏။

" ဟူတ္တယ္။ ငါဟိုတေန႔က သန္႔ရွင္းေရးလုပ္ေတာ့ ေတြ႕မိတာပဲ။ သစ္သားေသတၱာအေသးေလးထဲမွာ သူထည့္ထားတာ။ အမွန္ေတာ့ အရင္ကသူ႔မွာမရွိဘူး။ ငါထင္သေလာက္ဆို ေတာ္ဝင္သခၤ်ိဳင္းကေန ယူထားတာမၾကာေသးဘူးထင္တယ္။ မယ္ေတာ့္ကို လြမ္းေနတဲ့ပုံပဲ။"

" ရွန္းရွန္းကဘာလို႔...."

အန္းလုက သူ၏လက္ႏွစ္ဖက္အားေသခ်ာစြာဆုပ္ကိုင္မိသည္။ ထို႔ေနာက္အားေလာ့ကိုၾကည့္လိုက္ၿပီး

" အားေလာ့ မိန္းကေလးလို႔ျပင္ေပးအုန္း။ ၿပီးေတာ့ ဒီအခ်ိန္ဆို သူဘယ္မွာရွိေလာက္လဲ။"

" အရွင္လား။ အခုတေလာ ညီလာခံက အရမ္းၾကာတတ္ေတာ့ အဲ့မွာပဲရွိလိမ့္အုန္းမယ္။ မိန္းကေလးအဝတ္အစားက ဘာလုပ္ဖို႔..... အယ္ နင္ထပ္သြားအုန္းမလို႔လား။"

" အင္း...."

..............................

" ေနာက္ဆုံးေတာ့ ငါေတြ႕ၿပီ။ ရွန္းရွန္းဘာလို႔ ဒါကိုသိရက္နဲ႔ ဖုန္းကြယ္ထားရတာလဲ။ ငါတကယ္ပဲ နားမလည္ဘူး။"

အန္းလုက ေသတၱာအားဖြင့္လိုက္ရင္းဆိုသည္။ အထဲရွိဆံထိုးအား ယူလိုက္ေတာ့ ႐ုတ္တရက္ပင္ သူ၏ေခါင္းက မူးေဝကာလာေလ၏။

" အ့...ေခါင္းက...."

* ခ်ိဳးလိုက္....ဆံထိုးကို အလယ္ကေနခ်ိဳးပစ္လိုက္......*

ဦးေခါင္းထဲမွ သတိေပးသံကဲ့သို႔ေသာ ခပ္ဝါးဝါးအသံတို႔က ထြက္ေပၚကာလာေလေတာ့၏။

" ဘယ္သူလဲ....ဘယ္သူ....အ့..."

" အယ္...... မိန္းကေလး အားထူ....အဆင္ေျပရဲ့လား။ ကၽြန္ေတာ္ပါ.....ကၽြန္ေတာ္...ခ်ီက်န္းရွိီ..."

အန္းလုက ႐ုတ္တရက္စာၾကည့္ေဆာင္ထဲ ေျပးဝင္ကာလာေသာ ခ်ီက်န္းရွီကို ျမင္ေနရေသာ္လည္း သူ၏အျမင္အာ႐ုံတြင္ ခ်ီက်န္းရွီမွာ သုံး၊ ေလးေယာက္ျဖစ္ကာေနေလ၏။

* အျမန္....ဆံထိုးကိုအျမန္ခ်ိဳးလိူက္ေတာ့....အခု...*

"အား.......ေခါင္းက...."

အန္းလုက ဆံထိုးကိုကိုင္ထားလ်က္ပင္ ေဘးရွိစားၾကည့္စားပြဲတြင္ လက္ေထာက္မိေလ၏။ မွင္အိုးကိူ ေထာက္မိတာေၾကာင့္ မွင္အိုးမွာ ေမွာက္ခုံျဖစ္ကာသြားၿပီး မွင္မ်ားက ေပက်ံေလေတာ့သည္။ အန္းလုက ထိုစားပြဲေပၚရွိ ပစၥည္းမ်ားကို တြန္းခ်ပစ္လိုက္သည္။ ထို႔ေနာက္သူ၏နားကို အုပ္လိုက္ေသာ္လည္း တရစပ္ေျပာေနေသာစကားသံတို႔က နားထဲဆူညံ့ေန၏။ ေဘးတြင္ ခ်ီက်န္းရွီက သူ႔အားလိုက္ဖမ္းကာထိန္းဖို႔လုပ္ရန္ျပင္ေနသည္။

" မိန္းကေလး...မိန္းကေလးအဆင္ေျပရဲ့လား။"

" ဖယ္စမ္း....."

အန္းလုက သူ႔အားလာတြဲေသာ က်န္းရွီကို တြန္းပစ္လိုက္၏။ က်န္းရွီက ၾကမ္းျပင္တြင္ထိုင္ခ်သလိုပင္ပစ္လဲသြားသည္။ ဤမိန္းကေလစဘယ္ကေန အားအင္ေတ​ြရသလဲမသိေအာင္ပင္ က်န္းရွီမွာ သူ႔ကိုေမာ့ၾကည့္မိ၏။ အန္းလုက သူ၏လက္ထဲရွိဆံထိုးကို ေသခ်ာစြာစိုက္ၾကည့္လိုက္ၿပီးေနာက္ အားပါပါျဖင့္ပင္ ဆံထိုး၏ထက္ဝက္ပိုင္း အလည္မွပင္ ခ်ိဳးခ်လိုက္ေတာ့သည္။

" အား............"

ဆံထိုးက်ိဳးသြားသည္ႏွင့္ တၿပိဳင္နက္ထိုဆံထိုး၏အပိုင္းႏွစ္ပိုင္းမွ အမဲေရာင္အခိုးအေငြ႕ကေပၚထြက္ကာလာေလေတာ့သည္။ ေၾကာက္မက္ဖြယ္ေကာင္းေသာ ေအာ္သံကိုၾကားရၿပီး အန္းလုက ေမ့ေျမာကာသြားၿပီး ၾကမ္းျပင္တြင္ပစ္လဲက်သြားေလေတာ့သည္။ တရစ္ရစ္လည္ေနေသာ အခိုးအေငြ႕မ်ားက အန္းလုဆီသို႔ ခ်က္ခ်င္းေျပးသြားေသာ က်န္းရွီကို ပစ္မွတ္ထားဦးတည္လိုက္ပုံရသည္။

" အားထူ...မိန္းကေလးအားထူ...ထပါအုန္း။ မိန္းကေလး..."

အန္းလုကိုမ ကာရင္ခြင္ထဲတြင္ထည့္၍ လွုပ္ႏွိုးေနေသာ က်င္းရွီ၏ေနာက္ေက်ာဘက္မွေန၍ က်င္းရွီ၏ ကိူယ္ခႏၲာထဲသို႔ အလုံးအရင္းဝင္ေရာက္ကုန္ၾကေလေတာ့သည္။

ျပင္းထန္ေသာေလျပင္းကဲ့သို႔ ခန္းေဆာင္တစ္ခုလုံးေလးမ်ားတိုက္ခတ္ၿပီးေနာက္တြင္ ခ်က္ခ်င္းျပန္ကာၿငိမ္သြားေလေတာ့၏။ အန္းလုႏွင့္ အတူ က်န္းရွီသည္လည္း ၾကမ္းျပင္ေပၚတြင္ပစ္လဲကာက်ေနေလေတာ့သည္။ ေဘးတြင္မူ အလည္မွထက္ပိုင္းက်ိဳးသြားေသာ ဆံထိုးက ရွိေန၏။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

© Hnin Aung,
книга «Love, But Hurt (Season_3) The Last Begin».
Коментарі