Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 33
" မင်းက ရှင်ဘုရင်ချီရှန်းရဲ့ကိုယ်ရံတော် မလား။"

" ကိုယ်...ကိုယ်လုပ်တော်ကျင့်...."

သူ၏ရှေ့တွင် အေးဆေးစွာပင်ရပ်တန့်နေသော ကျင့်ယိချန်အား ရှောင်ရှင်းမြင်လေတော့ အနည်းငယ်လန့်သွားလေသည်။

" ကျွန်တော်ဘယ်သူလဲသိတယ်မလား။ ကျွန်တော် တစ်ခုတောင်းဆိုစရာရှိလို့။ အခု ရှင်ဘုရင်ချီရှန်း ဘယ်မှာလဲ။"

" သူ့ရဲ့ခန်းမဆောင်မှာ..."

ရှောင်ရှင်းကသူ့ကိုကြည့်ရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

" ဘာအကြံအစည်ရှိလို့လဲ။ ပြီးတော့ ဘာလို့ဒီကိုရောက်လာ​တာလဲ။"နန်းတော်မှာပဲ ရှိနေသင့်တာကို။"

" ကျွန်တော် အန်းလုဆီကနေ စာရခဲ့တယ်။ ဒီလိူတွေဖြစ်လာမယ်ဆိုတာကို သူသိနေခဲ့တဲ့ပုံပဲ။ "

ယိချန်က သူသိသမျှအကြောင်းအရာအစုံကိုသူအားပြောပြနေသည်။

" အဲ့တော့ မင်းမှာဘာအစီအစဥ်ရှိလဲ။"

နောက်ဘက်က အသံကြောင့် ယိချန်ကလှည့်ကာကြည့်သည်။ ရှောင်ရှင်းကပါ လှမ်းကြည့်လိုက်လေတော့ ကျီချန်းအားတွေ့ရလေသည်။

" သူက...."

ယိချန်က ကျီချန်းအားလက်ညိုးထိုးလျက်ပင် ရှောင်ရှင်းအားမေးလိုက်သည်။ ကျီချန်းက သူတို့ဘေးနားသိူ့လာလိူက်ရင်း

" ကျွန်တော်က ကျီချန်းပါ။ အန်းလုရဲ့ မိတ်ဆွေ။"

" အာ...တွေ့ရတာ ဝမ်းသာမိပါတယ်။"

" အင်း.... အခုဖြစ်နေတဲ့ ကိစ္စတွေ အကုန် မင်းသိတယ်ဆိုတော့ မင်းဘာလုပ်ချင်လို့လာတာလဲဆိုတာပြောပြလို့ရမလား။ ဒီအချိန်က ဒီနေရာမှာ မင်းကသေလူတယောက်ဖြစ်နေပြီ။ သိတယ်မလား။"

ကျီချန်းက ခပ်ပြတ်ပြတ်ပင်ပြောလာသည်။ ယိချန်က သူ၏ခေါင်းကိုငုံ့ကာပြောလာသည်။

" ကျွန်တော့်ရဲ့ တိုင်းပြည်နဲ့ခမည်းတော်ကို ကယ်တင်ဖို့လာခဲ့တာ။ ဘုရင်လီချီရှန်းက သူတိူ့ကို အန်းလုသေတာနဲ့ ပတ်သတ်ပြီးအထင်လွဲနေတာမလို့ ကျွန်တော်သူ့ကိုရှင်းပြမှဖြစ်မယ်။ အခု သူ့ကိုတွေ့မှရမှာ။"

ရှောင်ရှင်းရော..ကျီချန်းပါ အချင်းချင်းတစ်ယောက်ကိုတယောက်ကြည့်လိုက်မိသည်။ တခဏကြာတော့ ကျီချန်းကခေါင်းငြိမ့်ပြလိုက်၏။ ရှောင်ရှင်းက ယိချန်အားကြည့်ရင်း

" ကိုယ်လုပ်တော်လု သေဆုံးတာကပဟေဠိဆန်နေတာမလို့ တခြားဘယ်သူကမှ ယုံကြည်မှာမဟုတ်ဘူး။ ဒါပေမဲ့ အရှင်ကတော့ ယုံလိမ့်မယ်။ ကိုယ်လုပ်တော်ကျင့် တကယ်ပဲသူ့ကိုတွေ့ဖို့ သတ္တိရှိရဲ့လား။"

ယိချန်က သူ၏ရင်ဘတ်နားကိုလက်ဖြင့် နှစ်ချက်ခန့်ပုတ်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။ ပြီးနောက် ရှောင်ရှင်းအားကြည့်ရင်း

" အင်း...."

" ကောင်းပြီ။ ကျွန်တော်လိုက်ပို့ပေးမယ်။ ကိုယ်လုပ်တော်ကျင့်ရဲ့ ခမည်းတော်တို့က ဝူနန်နယ်စားရဲ့ စောင့်ရှောက်မှုအောက်မှာရှိနေသေးတာမလို့ သက်သေတစ်စုံတစ်ခုမရမချင်းသူတို့ကို ဘာမှမလုပ်ပါဘူး။"

ရှောင်ရှင်းက ရှေ့ဘက်မှဦးဆောင်လျက်ပင် ချီရှန်းရှိရာ ခန်းမဆောင်သို့ ခေါ်သွားပေးလိုက်သည်။

" ဝင်သွားလိုက်ပါ။ အထဲမှာရှိနေတယ်။"

"......."

ယိချန်က ဘာမှမပြောတော့ပဲ ရှောင်ရှင်းကိုသာ တစ်ချက်ကြည့်လိုက်ပြီးနောက် အထဲသိူ့ ဝင်သွားလေတော့သည်။ ပြင်ပတွင် ရှောင်ရှင်းနှင့်အတူ ကျီချန်းက တိုင်ကိုမှီကာရပ်နေသည်။

လွန်ခဲ့သောနှစ်ရက်ကတည်းကပင် ချီရှန်း၏အမူအရာက လုံးဝငြိမ်ကျသွားသည်။ ပေါက်ကွဲခြင်းမပြုပဲ ထိုသို့ငြိမ်နေသည်ကိုက ပို၍ ဆိုးနေသည်ကို နှစ်ယောက်လုံးသိသည်။ အန်းလု၏ ယိချန်နှင့်တူသော ကိုယ်ခန္တာကိုသာ တနေကုန်နီးပါး ထိုင်ကြည့်နေခဲ့သည်။ သူသည် မည်သူ့ကိုမျှ ပေါက်ကွဲခြင်းမရှိ၊ မည်သူ့ကိုမျှ စကားတစ်ခွန်းမျှ မပြောချေ။ ဒီအတိုင်း ထိုအရာကိုသာ ထိုင်ကြည့်နေသည်။ ဝူနန်နယ်စားသည်ပင် တွေ့ခွင့်တောင်းသေးသော်လည်း လက်မခံခဲ့ပေ။ ကြည့်ရသည်မှာ ဝူနန်နယ်စားသည် မည်သည့်အကြံအစည်မျှ ရှိပုံမရချေ။ မဟုတ်လျင် ဤအချိန်သည်က သူ့အတွက် ချီရှန်းအားလုပ်ကြံရန် အသင့်တော်ဆုံးအချိန်ဖြစ်သည်။

နာရီဝက်ကျော်ကျော်လောက်ထိ အချိန်ကုန်သွားပြီးနောက်မှာ ထိုခန်းမဆောင်၏တံခါးက ဝုန်းခနဲမြည်ကာ ပွင့်ဟလာခဲ့သည်။ ချီရှန်းက ပုံမှန်အတိုင်းပင် ထိုအဆောင်အတွင်းမှ ထွက်ကာလာ၏။ အထဲတွင် ယိချန်က သူ၏ခေါင်းကိုငုံ့ကာထားဆဲပင်။ ချီရှန်း၏ လက်ထဲတွင်တော့ စာရွက်တစ်ချို့ကိုင်ကာထားသည်။ ရှောင်ရှင်းအား ကြည့်လိုက်ရင်း

" ချိုက်အန်းကိုပြန်ရအောင်။ "

ရှောင်ရှင်းက သူ၏ခေါင်းကိုငုံ့ကာအလေးပြုခါးလျက်ပင် ခန်းမဆောင်ထဲသို့ အနည်းငယ်ခေါင်းကိုစောင်းကာကြည့်ရင်း ဖြေလိုက်သည်။

" မှန်လှပါ။"

ကျီချန်းက ထိုနေရာတွင် မတ်တပ်ရပ်နေကာမှ ချီရှန်းအနားသို့ရောက်ကာလာသည်။

" မင်းအဆင်ပြေရဲ့လား။ "

ချီရှန်းက ခပ်ဖြေးဖြေးပင် ကျီချန်းအားကြည့်လိုက်သည်။ သူ၏မျက်ဝန်းများကို ဖြည်းဖြည်းချင်းခပ်ရင်း

" အင်း....ငါအဆင်ပြေတယ်။

ဒီနေရာကို ငါတစ်ယောက်တည်းလာခဲ့တာ လို့သတ်မှတ်လိုက်မှာမလို့ ရှောင်ရှင်း...မင်းအဆင်ပြေသလိုလူပ်လိူက်ပါ။"

ချီရှန်းက ခပ်ပြတ်ပြတ်ပင်ပြော၍ထွက်လာခဲ့လိုက်သည်။ နောက်တွင်ကျန်ခဲ့သော ရှောင်ရှင်းတို့က ဒီအတိုင်း ချီရှန်း၏ကျောပြင်ကိုသာ ငေးကြည့်နေခဲ့မိ၏။

* အန်းလု....မင်းက တိမ်စိုင်တိမ်ခဲတစ်ခုလိုပဲ။ ဖမ်းဆုပ်ထားဖို့အရမ်း ခက်ခဲတယ်။ လောဘကြီးတဲ့ ကိုယ်ကဘယ်လောက်ပဲ လိုချင်ပါတယ်ပြောပြော မင်းကထပ်ပြီးပျံ့လွင့်နေရအုန်းမှာပဲ။

ဒါပေမဲ့ ကိုယ်ယုံပါတယ်။ မင်းကိုယ့်ဆီကို မိုးအဖြစ်ရွာချမဲ့အချိန်....ကိုယ်ကလည်း ကိုယ့်ရဲ့နှလုံးသားတစ်ခုလုံးနဲ့ ခံထားမှာမလို့ မင်းထပ်ပြီးမိုးရေ အဖြစ် ရွာချမဲ့အချိန်ကို ကိုယ်မျှော်နေပါ့မယ်။ တစ်ခါ၊ နှစ်ခါ မကလို့ အကြိမ်ပေါင်းများစွာဖြစ်နေရင်တောင်မှ.....*

........................................

" အန်းလုရေ...အရှင်ကဘာတွေ ဘယ်လိုတွေးနေလဲ ငါတော့မသိပေမဲ့ နင်စိတ်မကောင်းမဖြစ်ရဘူးနော်။

နင်သိလား။ သူကလေ အခုယွဲ့တိုင်းပြည်ကနေဆေးတွေယူတာကို ရပ်လိုက်တော့မှာတဲ့။

ဒါပေမဲ့ နင်မပူနဲ့။ သူပြန်လာရင် ငါတို့ပြောကြမယ်လေ။ သူနင့်ကိုမချစ်တော့တာမဖြစ်နိုင်ပါဘူး။ ဟုတ်တယ်မလား။"

အားလော့ ကျောက်ဖျာချပ်ပေါ်တွင် လဲလျောင်းကာနေသော ထိုကျောက်ရုပ်ကဲ့သို့ လူတစ်ယောက်၏ လက်အား ရေစိုအဝတ်ဖြင့် အသာပွတ်ကာသန့်ရှင်းပေးနေသည်။ အန်းလု၏ ယခင်ကိုယ်ခန္တာသည် ယခုအချိန်အထိ ပျက်စီးခြင်းမရှိသေးပဲ မူလအတိုင်း အိပ်နေသည့် အသွင်ရှိသည်။ အားလော့က အန်းလု၏ခြေလက်များကိုပုံမှန် သန့်ရှင်းပေးသည့်အလုပ်ကို လုပ်ရသည်။ ချီရှန်းက အားလော့မှလွဲ၍ ကျန်သူများကို ဤခန်းမဆောင်သို့ဝင်ခွင့်ပေးမထားချေ။

အားလော့က အန်းလု၏မျက်နှာနားတစ်ဝိုက်ကိုပါသေချာစွာ သန့်စင်ပေးနေသည်။

" ဒါပြီးရင် ပြီးပြီ။ ငါ...နောက်နှစ်ရက်လောက်နေမှ ထပ်လာခဲ့မယ်နော်။ အရှင်လည်း ပြန်ရောက်လာတော့မှာပါ။ သူနင့်ကိုလာမကြည့်ဖြစ်တာ သူ့မှာကိစ္စတစ်ချို့ရှိနေလို့ သူအပြင်သွားရတယ်လေ။ "

အားလော့က ထိုကျောက်ဖျာပေါ်ရှိ လှဲနေသောအန်းလု၏ဘေးနားတွင်ပင် ထိုင်နေရင်း သူ၏လက်နှစ်ဖက်ကိုတော့ ပေါင်ပေါ်တင်ကာထားသည်။ အန်းလုကို ကျောပေးရင်းပင် အဖော်ပြုကာ စကားပြောပေးနေ၏။ ခန်းမဆောင်သည် မြေအောက်ခန်းဖြစ်သည့်အပြင် ပတ်ပတ်လည်ကကျောက်သားဖြင့် ပြုလုပ်ထားပြီး သာမန်ထက်ပိုအေးသည်။

" အဲ့ဒီကနေ ပြန်လာရင်သူနင့်ဆီကိုတန်းလာမှာပါ။ နင်လည်း သူ့ကိုလွမ်းနေတယ်မလား။ "

အားလော့ အန်းလုဘက်သို့သူ၏ခေါင်းကိုလှည့်လိုက်သည်။ အန်းလုသည် ယခင်ရှိသည့်အနေအထားတိုင်းပင် ရွေ့လျားသွားခြင်းမရှိချေ။ အားလော့က အနည်းငယ်ဝဲတတ်လာသော သူ၏မျက်ရည်များကို ချုပ်တီးရန် နှာရှုံ့လိုက်ရင်း မျက်လုံးကို လက်ဖြင့်ပွတ်လိုက်သည်။

" ငါ​တောင်းပန်ပါတယ်။ နင့်ကိုလာတွေ့တိုင်း ငိုပြနေသလိုဖြစ်နေမိလို့။ ငါတောင် ဒီလောက်ခံစားနေရတာ။ အရှင်သာဆို ဘယ်လိုများတောင်နေလိမ့်မလဲ။ ငါ ထပ်မငိုတော့ဘူးနော်။ "

အားလော့က သူ၏ပစ္စည်းများကို သိမ်းလိုက်သည်။ ဆေးခွက်ကို ဝါးခြင်းတောင်းလေးထဲထည့်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ ဘေးရှိ ရေခွက်ကိုယူလိုက်စဥ်တွင်ပဲ ဝမ်းဗိုက်ပေါ် ယှက်ကာတင်ထားသည့် အန်းလု၏လက်ချောင်းတစ်ချို့က လှုပ်ကာသွားလေ၏။

အားလော့က ထိုအခိုက်အတန့်ကိုမြင်လိုက်သည့်အခါ သူ၏မျက်လုံးကို ပွတ်လိုက်၏။ ထပ်ကြည့်လိုက်တော့ မည်သည့်ထူးခြားမှုမျိုးမှ ရှိမနေပါချေ။ သူမက တွေးတောလိုက်ရင်း

" ငါပဲ အမြင်မှားတာလား။ အေးလေ...ဖြစ်မှမဖြစ်နိုင်တာ။ "

အားလော့က သိမ်းစရာရှိသည်ကိုသာဆက်သိမ်းလိုက်ပြီးနောက် သူမ၏ဝါးဆွဲခြင်းတောင်းကို မလိုက်ပြီး လက်တွင်ချိတ်လိုက်သည်။ ထို့နေရာမှ သူမထလိုက်ပြီးနောက် ခန်းမအပြင်ဘက်သို့ဦးတည်လိုက်သည်။

" လော့လော့......"

အမည်နာမကိုခေါ်လိုက်သည့် အသံကြောင့် အားလော့၏ခြေလှမ်းများက ရပ်တန့်ကာသွားသည်။ သူမ၏မျက်ဝန်းများက ပြူးကျယ်လာ၏။ သူမ၏အမည်အားခေါ်လိူက်သော အသံကို သူမကြားလိုက်မိသည်မှာ သေချာပါသည်။

" လော့လော့...."

" အမေ့...."

ထပ်မံကာခေါ်လိုက်သောကြောင့် အားလော့သည်လက်တွင် ချိတ်ကာထားသော ဆွဲခြင်းအားလွှတ်ချလိုက်မိသည်။ သူမအတော်ပင် ကြောက်လတ့်နေမိသည်။ ဤအခန်းထဲတွင် သူနှင့် အန်းလု၏အလောင်းသာရှိသည်မှာ သေချာသည်။ ပို၍ သေချာသည်က သူ့အား "လော့လော့" ဟုခေါ်သည့် သူသည် အန်းလုတစ်ယောက်သာရှိသည်။

အားလော့က သူမ၏ကိုယ်ကို တဖြည်းဖြည်းချင်းပင်နောက်ဘက်သို့လှည့်လာလိုက်သည်။ တစ်ကိုယ်လုံးသည်လည်း ကြက်သီးများထနေကာ တုန်ယင်နေသည်။

"အီး...."

သူမ လှည့်ကြည့်မိလေတော့ ထိုကျောက်ဖျာပေါ်တွင် လဲနေသော အန်းလု၏ကိုယ်ခန္တာသည် ထိုကျောက်ဖျာပေါ်တွင်ပဲ ငုတ်တုတ်ထိုင်ကာနေလေ၏။ ငူတ်တုတ်ကိုပင် ရိုးရိုးထိုင်သည်မဟုတ်၊ ကျောက်ဖျာပေါ်တွင် ဒူးတစ်ဖက်ကိုထောင်ကာ ထိုဒူးပေါ်တွင် သူ၏လက်တတောင်အားထောင်ထားသည်။ ကျန်ခြေထောက်တစ်ဖက်ကအား အောက်သို့ချထားရင်း အားလော့ကိုကြည့်နေသည်။

" အား........"

အားလော့က သူ၏မျက်လုံးအစုံကို မှိတ်ချလိုက်ပြီးနောက် လက်နှစ်ဖက်ကိုအုပ်ကာ အော်လေတော့သည်။ သူမ၏ အသံတိတ်ဆိတ်သွားပြီး တစ်ခဏနေတော့ သူမ၏ မျက်ဝန်းများကိုတစ်ဖက်ဆီ ဖွင့်ကြည့်လိုက်သည်။ သူ၏ရှေ့တည့်တည့်တွင် အန်းလုက သူမကို ခါးကိုင်းကာကြည့်နေလေ၏။

" ငါလေ...အန်းလု..."

" အမေ...ကယ်ပါ။"

* ဘုတ်...*

အားလော့သည် မြေကြီးပေါ်သို့လဲကျကာ မေ့သွားလေတော့၏။

~~~~~~~~~~~~~~~~~~~~~~~~~

LBH S3 က သိပ်ပြီးမကောင်းဘူးလို့ ကိူယ်တွေးမိတယ်။ နည်းနည်း or များများ ပျင်းဖို့ကောင်းသွားတယ်။ အဲ့တာ Drop ဖို့ကိုတွေးမိပေမဲ့ အဲ့လိုလုပ်ရင် မလေးစားသလိုဖြစ်မာစိုးလို့ အဆင်ပြေသလောက်ဆက်ရေးပါ့မယ်။ ဖတ်ရအဆင်မပြေဖြစ်တဲ့ Readerတွေကိုလည်း ဒီနေရာကနေ တောင်းပန်ပါတယ်နော်။ ❤❤🙆


" မင္းက ရွင္ဘုရင္ခ်ီရွန္းရဲ့ကိုယ္ရံေတာ္ မလား။"

" ကိုယ္...ကိုယ္လုပ္ေတာ္က်င့္...."

သူ၏ေရွ႕တြင္ ေအးေဆးစြာပင္ရပ္တန္႔ေနေသာ က်င့္ယိခ်န္အား ေရွာင္ရွင္းျမင္ေလေတာ့ အနည္းငယ္လန္႔သြားေလသည္။

" ကၽြန္ေတာ္ဘယ္သူလဲသိတယ္မလား။ ကၽြန္ေတာ္ တစ္ခုေတာင္းဆိုစရာရွိလို႔။ အခု ရွင္ဘုရင္ခ်ီရွန္း ဘယ္မွာလဲ။"

" သူ႔ရဲ့ခန္းမေဆာင္မွာ..."

ေရွာင္ရွင္းကသူ႔ကိုၾကည့္ရင္း မ်က္ေမွာင္ၾကဳတ္ကာ ေမးလိုက္သည္။

" ဘာအႀကံအစည္ရွိလို႔လဲ။ ၿပီးေတာ့ ဘာလို႔ဒီကိုေရာက္လာ​တာလဲ။"နန္းေတာ္မွာပဲ ရွိေနသင့္တာကို။"

" ကၽြန္ေတာ္ အန္းလုဆီကေန စာရခဲ့တယ္။ ဒီလိူေတြျဖစ္လာမယ္ဆိုတာကို သူသိေနခဲ့တဲ့ပုံပဲ။ "

ယိခ်န္က သူသိသမၽွအေၾကာင္းအရာအစုံကိုသူအားေျပာျပေနသည္။

" အဲ့ေတာ့ မင္းမွာဘာအစီအစဥ္ရွိလဲ။"

ေနာက္ဘက္က အသံေၾကာင့္ ယိခ်န္ကလွည့္ကာၾကည့္သည္။ ေရွာင္ရွင္းကပါ လွမ္းၾကည့္လိုက္ေလေတာ့ က်ီခ်န္းအားေတြ႕ရေလသည္။

" သူက...."

ယိခ်န္က က်ီခ်န္းအားလက္ညိဳးထိုးလ်က္ပင္ ေရွာင္ရွင္းအားေမးလိုက္သည္။ က်ီခ်န္းက သူတို႔ေဘးနားသိူ႔လာလိူက္ရင္း

" ကၽြန္ေတာ္က က်ီခ်န္းပါ။ အန္းလုရဲ့ မိတ္ေဆြ။"

" အာ...ေတြ႕ရတာ ဝမ္းသာမိပါတယ္။"

" အင္း.... အခုျဖစ္ေနတဲ့ ကိစၥေတြ အကုန္ မင္းသိတယ္ဆိုေတာ့ မင္းဘာလုပ္ခ်င္လို႔လာတာလဲဆိုတာေျပာျပလို႔ရမလား။ ဒီအခ်ိန္က ဒီေနရာမွာ မင္းကေသလူတေယာက္ျဖစ္ေနၿပီ။ သိတယ္မလား။"

က်ီခ်န္းက ခပ္ျပတ္ျပတ္ပင္ေျပာလာသည္။ ယိခ်န္က သူ၏ေခါင္းကိုငုံ႔ကာေျပာလာသည္။

" ကၽြန္ေတာ့္ရဲ့ တိုင္းျပည္နဲ႔ခမည္းေတာ္ကို ကယ္တင္ဖို႔လာခဲ့တာ။ ဘုရင္လီခ်ီရွန္းက သူတိူ႔ကို အန္းလုေသတာနဲ႔ ပတ္သတ္ၿပီးအထင္လြဲေနတာမလို႔ ကၽြန္ေတာ္သူ႔ကိုရွင္းျပမွျဖစ္မယ္။ အခု သူ႔ကိုေတြ႕မွရမွာ။"

ေရွာင္ရွင္းေရာ..က်ီခ်န္းပါ အခ်င္းခ်င္းတစ္ေယာက္ကိုတေယာက္ၾကည့္လိုက္မိသည္။ တခဏၾကာေတာ့ က်ီခ်န္းကေခါင္းၿငိမ့္ျပလိုက္၏။ ေရွာင္ရွင္းက ယိခ်န္အားၾကည့္ရင္း

" ကိုယ္လုပ္ေတာ္လု ေသဆုံးတာကပေဟဠိဆန္ေနတာမလို႔ တျခားဘယ္သူကမွ ယုံၾကည္မွာမဟုတ္ဘူး။ ဒါေပမဲ့ အရွင္ကေတာ့ ယုံလိမ့္မယ္။ ကိုယ္လုပ္ေတာ္က်င့္ တကယ္ပဲသူ႔ကိုေတြ႕ဖို႔ သတၱိရွိရဲ့လား။"

ယိခ်န္က သူ၏ရင္ဘတ္နားကိုလက္ျဖင့္ ႏွစ္ခ်က္ခန္႔ပုတ္ၿပီး သက္ျပင္းတစ္ခ်က္ခ်လိုက္သည္။ ၿပီးေနာက္ ေရွာင္ရွင္းအားၾကည့္ရင္း

" အင္း...."

" ေကာင္းၿပီ။ ကၽြန္ေတာ္လိုက္ပို႔ေပးမယ္။ ကိုယ္လုပ္ေတာ္က်င့္ရဲ့ ခမည္းေတာ္တို႔က ဝူနန္နယ္စားရဲ့ ေစာင့္ေရွာက္မွုေအာက္မွာရွိေနေသးတာမလို႔ သက္ေသတစ္စုံတစ္ခုမရမခ်င္းသူတို႔ကို ဘာမွမလုပ္ပါဘူး။"

ေရွာင္ရွင္းက ေရွ႕ဘက္မွဦးေဆာင္လ်က္ပင္ ခ်ီရွန္းရွိရာ ခန္းမေဆာင္သို႔ ေခၚသြားေပးလိုက္သည္။

" ဝင္သြားလိုက္ပါ။ အထဲမွာရွိေနတယ္။"

"......."

ယိခ်န္က ဘာမွမေျပာေတာ့ပဲ ေရွာင္ရွင္းကိုသာ တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ အထဲသိူ႔ ဝင္သြားေလေတာ့သည္။ ျပင္ပတြင္ ေရွာင္ရွင္းႏွင့္အတူ က်ီခ်န္းက တိုင္ကိုမွီကာရပ္ေနသည္။

လြန္ခဲ့ေသာႏွစ္ရက္ကတည္းကပင္ ခ်ီရွန္း၏အမူအရာက လုံးဝၿငိမ္က်သြားသည္။ ေပါက္ကြဲျခင္းမျပဳပဲ ထိုသို႔ၿငိမ္ေနသည္ကိုက ပို၍ ဆိုးေနသည္ကို ႏွစ္ေယာက္လုံးသိသည္။ အန္းလု၏ ယိခ်န္ႏွင့္တူေသာ ကိုယ္ခႏၲာကိုသာ တေနကုန္နီးပါး ထိုင္ၾကည့္ေနခဲ့သည္။ သူသည္ မည္သူ႔ကိုမၽွ ေပါက္ကြဲျခင္းမရွိ၊ မည္သူ႔ကိုမၽွ စကားတစ္ခြန္းမၽွ မေျပာေခ်။ ဒီအတိုင္း ထိုအရာကိုသာ ထိုင္ၾကည့္ေနသည္။ ဝူနန္နယ္စားသည္ပင္ ေတြ႕ခြင့္ေတာင္းေသးေသာ္လည္း လက္မခံခဲ့ေပ။ ၾကည့္ရသည္မွာ ဝူနန္နယ္စားသည္ မည္သည့္အႀကံအစည္မၽွ ရွိပုံမရေခ်။ မဟုတ္လ်င္ ဤအခ်ိန္သည္က သူ႔အတြက္ ခ်ီရွန္းအားလုပ္ႀကံရန္ အသင့္ေတာ္ဆုံးအခ်ိန္ျဖစ္သည္။

နာရီဝက္ေက်ာ္ေက်ာ္ေလာက္ထိ အခ်ိန္ကုန္သြားၿပီးေနာက္မွာ ထိုခန္းမေဆာင္၏တံခါးက ဝုန္းခနဲျမည္ကာ ပြင့္ဟလာခဲ့သည္။ ခ်ီရွန္းက ပုံမွန္အတိုင္းပင္ ထိုအေဆာင္အတြင္းမွ ထြက္ကာလာ၏။ အထဲတြင္ ယိခ်န္က သူ၏ေခါင္းကိုငုံ႔ကာထားဆဲပင္။ ခ်ီရွန္း၏ လက္ထဲတြင္ေတာ့ စာရြက္တစ္ခ်ိဳ႕ကိုင္ကာထားသည္။ ေရွာင္ရွင္းအား ၾကည့္လိုက္ရင္း

" ခ်ိဳက္အန္းကိုျပန္ရေအာင္။ "

ေရွာင္ရွင္းက သူ၏ေခါင္းကိုငုံ႔ကာအေလးျပဳခါးလ်က္ပင္ ခန္းမေဆာင္ထဲသို႔ အနည္းငယ္ေခါင္းကိုေစာင္းကာၾကည့္ရင္း ေျဖလိုက္သည္။

" မွန္လွပါ။"

က်ီခ်န္းက ထိုေနရာတြင္ မတ္တပ္ရပ္ေနကာမွ ခ်ီရွန္းအနားသို႔ေရာက္ကာလာသည္။

" မင္းအဆင္ေျပရဲ့လား။ "

ခ်ီရွန္းက ခပ္ေျဖးေျဖးပင္ က်ီခ်န္းအားၾကည့္လိုက္သည္။ သူ၏မ်က္ဝန္းမ်ားကို ျဖည္းျဖည္းခ်င္းခပ္ရင္း

" အင္း....ငါအဆင္ေျပတယ္။

ဒီေနရာကို ငါတစ္ေယာက္တည္းလာခဲ့တာ လို႔သတ္မွတ္လိုက္မွာမလို႔ ေရွာင္ရွင္း...မင္းအဆင္ေျပသလိုလူပ္လိူက္ပါ။"

ခ်ီရွန္းက ခပ္ျပတ္ျပတ္ပင္ေျပာ၍ထြက္လာခဲ့လိုက္သည္။ ေနာက္တြင္က်န္ခဲ့ေသာ ေရွာင္ရွင္းတို႔က ဒီအတိုင္း ခ်ီရွန္း၏ေက်ာျပင္ကိုသာ ေငးၾကည့္ေနခဲ့မိ၏။

* အန္းလု....မင္းက တိမ္စိုင္တိမ္ခဲတစ္ခုလိုပဲ။ ဖမ္းဆုပ္ထားဖို႔အရမ္း ခက္ခဲတယ္။ ေလာဘႀကီးတဲ့ ကိုယ္ကဘယ္ေလာက္ပဲ လိုခ်င္ပါတယ္ေျပာေျပာ မင္းကထပ္ၿပီးပ်ံ႕လြင့္ေနရအုန္းမွာပဲ။

ဒါေပမဲ့ ကိုယ္ယုံပါတယ္။ မင္းကိုယ့္ဆီကို မိုးအျဖစ္ရြာခ်မဲ့အခ်ိန္....ကိုယ္ကလည္း ကိုယ့္ရဲ့ႏွလုံးသားတစ္ခုလုံးနဲ႔ ခံထားမွာမလို႔ မင္းထပ္ၿပီးမိုးေရ အျဖစ္ ရြာခ်မဲ့အခ်ိန္ကို ကိုယ္ေမၽွာ္ေနပါ့မယ္။ တစ္ခါ၊ ႏွစ္ခါ မကလို႔ အႀကိမ္ေပါင္းမ်ားစြာျဖစ္ေနရင္ေတာင္မွ.....*

........................................

" အန္းလုေရ...အရွင္ကဘာေတြ ဘယ္လိုေတြးေနလဲ ငါေတာ့မသိေပမဲ့ နင္စိတ္မေကာင္းမျဖစ္ရဘူးေနာ္။

နင္သိလား။ သူကေလ အခုယြဲ႕တိုင္းျပည္ကေနေဆးေတြယူတာကို ရပ္လိုက္ေတာ့မွာတဲ့။

ဒါေပမဲ့ နင္မပူနဲ႔။ သူျပန္လာရင္ ငါတို႔ေျပာၾကမယ္ေလ။ သူနင့္ကိုမခ်စ္ေတာ့တာမျဖစ္နိုင္ပါဘူး။ ဟုတ္တယ္မလား။"

အားေလာ့ ေက်ာက္ဖ်ာခ်ပ္ေပၚတြင္ လဲေလ်ာင္းကာေနေသာ ထိုေက်ာက္႐ုပ္ကဲ့သို႔ လူတစ္ေယာက္၏ လက္အား ေရစိုအဝတ္ျဖင့္ အသာပြတ္ကာသန္႔ရွင္းေပးေနသည္။ အန္းလု၏ ယခင္ကိုယ္ခႏၲာသည္ ယခုအခ်ိန္အထိ ပ်က္စီးျခင္းမရွိေသးပဲ မူလအတိုင္း အိပ္ေနသည့္ အသြင္ရွိသည္။ အားေလာ့က အန္းလု၏ေျခလက္မ်ားကိုပုံမွန္ သန္႔ရွင္းေပးသည့္အလုပ္ကို လုပ္ရသည္။ ခ်ီရွန္းက အားေလာ့မွလြဲ၍ က်န္သူမ်ားကို ဤခန္းမေဆာင္သို႔ဝင္ခြင့္ေပးမထားေခ်။

အားေလာ့က အန္းလု၏မ်က္ႏွာနားတစ္ဝိုက္ကိုပါေသခ်ာစြာ သန္႔စင္ေပးေနသည္။

" ဒါၿပီးရင္ ၿပီးၿပီ။ ငါ...ေနာက္ႏွစ္ရက္ေလာက္ေနမွ ထပ္လာခဲ့မယ္ေနာ္။ အရွင္လည္း ျပန္ေရာက္လာေတာ့မွာပါ။ သူနင့္ကိုလာမၾကည့္ျဖစ္တာ သူ႔မွာကိစၥတစ္ခ်ိဳ႕ရွိေနလို႔ သူအျပင္သြားရတယ္ေလ။ "

အားေလာ့က ထိုေက်ာက္ဖ်ာေပၚရွိ လွဲေနေသာအန္းလု၏ေဘးနားတြင္ပင္ ထိုင္ေနရင္း သူ၏လက္ႏွစ္ဖက္ကိုေတာ့ ေပါင္ေပၚတင္ကာထားသည္။ အန္းလုကို ေက်ာေပးရင္းပင္ အေဖာ္ျပဳကာ စကားေျပာေပးေန၏။ ခန္းမေဆာင္သည္ ေျမေအာက္ခန္းျဖစ္သည့္အျပင္ ပတ္ပတ္လည္ကေက်ာက္သားျဖင့္ ျပဳလုပ္ထားၿပီး သာမန္ထက္ပိုေအးသည္။

" အဲ့ဒီကေန ျပန္လာရင္သူနင့္ဆီကိုတန္းလာမွာပါ။ နင္လည္း သူ႔ကိုလြမ္းေနတယ္မလား။ "

အားေလာ့ အန္းလုဘက္သို႔သူ၏ေခါင္းကိုလွည့္လိုက္သည္။ အန္းလုသည္ ယခင္ရွိသည့္အေနအထားတိုင္းပင္ ေရြ႕လ်ားသြားျခင္းမရွိေခ်။ အားေလာ့က အနည္းငယ္ဝဲတတ္လာေသာ သူ၏မ်က္ရည္မ်ားကို ခ်ဳပ္တီးရန္ ႏွာရွုံ႔လိုက္ရင္း မ်က္လုံးကို လက္ျဖင့္ပြတ္လိုက္သည္။

" ငါ​ေတာင္းပန္ပါတယ္။ နင့္ကိုလာေတြ႕တိုင္း ငိုျပေနသလိုျဖစ္ေနမိလို႔။ ငါေတာင္ ဒီေလာက္ခံစားေနရတာ။ အရွင္သာဆို ဘယ္လိုမ်ားေတာင္ေနလိမ့္မလဲ။ ငါ ထပ္မငိုေတာ့ဘူးေနာ္။ "

အားေလာ့က သူ၏ပစၥည္းမ်ားကို သိမ္းလိုက္သည္။ ေဆးခြက္ကို ဝါးျခင္းေတာင္းေလးထဲထည့္လိုက္ၿပီး မတ္တပ္ရပ္လိုက္သည္။ ေဘးရွိ ေရခြက္ကိုယူလိုက္စဥ္တြင္ပဲ ဝမ္းဗိုက္ေပၚ ယွက္ကာတင္ထားသည့္ အန္းလု၏လက္ေခ်ာင္းတစ္ခ်ိဳ႕က လွုပ္ကာသြားေလ၏။

အားေလာ့က ထိုအခိုက္အတန္႔ကိုျမင္လိုက္သည့္အခါ သူ၏မ်က္လုံးကို ပြတ္လိုက္၏။ ထပ္ၾကည့္လိုက္ေတာ့ မည္သည့္ထူးျခားမွုမ်ိဳးမွ ရွိမေနပါေခ်။ သူမက ေတြးေတာလိုက္ရင္း

" ငါပဲ အျမင္မွားတာလား။ ေအးေလ...ျဖစ္မွမျဖစ္နိုင္တာ။ "

အားေလာ့က သိမ္းစရာရွိသည္ကိုသာဆက္သိမ္းလိုက္ၿပီးေနာက္ သူမ၏ဝါးဆြဲျခင္းေတာင္းကို မလိုက္ၿပီး လက္တြင္ခ်ိတ္လိုက္သည္။ ထို႔ေနရာမွ သူမထလိုက္ၿပီးေနာက္ ခန္းမအျပင္ဘက္သို႔ဦးတည္လိုက္သည္။

" ေလာ့ေလာ့......"

အမည္နာမကိုေခၚလိုက္သည့္ အသံေၾကာင့္ အားေလာ့၏ေျခလွမ္းမ်ားက ရပ္တန္႔ကာသြားသည္။ သူမ၏မ်က္ဝန္းမ်ားက ျပဴးက်ယ္လာ၏။ သူမ၏အမည္အားေခၚလိူက္ေသာ အသံကို သူမၾကားလိုက္မိသည္မွာ ေသခ်ာပါသည္။

" ေလာ့ေလာ့...."

" အေမ့...."

ထပ္မံကာေခၚလိုက္ေသာေၾကာင့္ အားေလာ့သည္လက္တြင္ ခ်ိတ္ကာထားေသာ ဆြဲျခင္းအားလႊတ္ခ်လိုက္မိသည္။ သူမအေတာ္ပင္ ေၾကာက္လတ့္ေနမိသည္။ ဤအခန္းထဲတြင္ သူႏွင့္ အန္းလု၏အေလာင္းသာရွိသည္မွာ ေသခ်ာသည္။ ပို၍ ေသခ်ာသည္က သူ႔အား "ေလာ့ေလာ့" ဟုေခၚသည့္ သူသည္ အန္းလုတစ္ေယာက္သာရွိသည္။

အားေလာ့က သူမ၏ကိုယ္ကို တျဖည္းျဖည္းခ်င္းပင္ေနာက္ဘက္သို႔လွည့္လာလိုက္သည္။ တစ္ကိုယ္လုံးသည္လည္း ၾကက္သီးမ်ားထေနကာ တုန္ယင္ေနသည္။

"အီး...."

သူမ လွည့္ၾကည့္မိေလေတာ့ ထိုေက်ာက္ဖ်ာေပၚတြင္ လဲေနေသာ အန္းလု၏ကိုယ္ခႏၲာသည္ ထိုေက်ာက္ဖ်ာေပၚတြင္ပဲ ငုတ္တုတ္ထိုင္ကာေနေလ၏။ ငူတ္တုတ္ကိုပင္ ရိုးရိုးထိုင္သည္မဟုတ္၊ ေက်ာက္ဖ်ာေပၚတြင္ ဒူးတစ္ဖက္ကိုေထာင္ကာ ထိုဒူးေပၚတြင္ သူ၏လက္တေတာင္အားေထာင္ထားသည္။ က်န္ေျခေထာက္တစ္ဖက္ကအား ေအာက္သို႔ခ်ထားရင္း အားေလာ့ကိုၾကည့္ေနသည္။

" အား........"

အားေလာ့က သူ၏မ်က္လုံးအစုံကို မွိတ္ခ်လိုက္ၿပီးေနာက္ လက္ႏွစ္ဖက္ကိုအုပ္ကာ ေအာ္ေလေတာ့သည္။ သူမ၏ အသံတိတ္ဆိတ္သြားၿပီး တစ္ခဏေနေတာ့ သူမ၏ မ်က္ဝန္းမ်ားကိုတစ္ဖက္ဆီ ဖြင့္ၾကည့္လိုက္သည္။ သူ၏ေရွ႕တည့္တည့္တြင္ အန္းလုက သူမကို ခါးကိုင္းကာၾကည့္ေနေလ၏။

" ငါေလ...အန္းလု..."

" အေမ...ကယ္ပါ။"

* ဘုတ္...*

အားေလာ့သည္ ေျမႀကီးေပၚသို႔လဲက်ကာ ေမ့သြားေလေတာ့၏။

~~~~~~~~~~~~~~~~~~~~~~~~~

LBH S3 က သိပ္ၿပီးမေကာင္းဘူးလို႔ ကိူယ္ေတြးမိတယ္။ နည္းနည္း or မ်ားမ်ား ပ်င္းဖို႔ေကာင္းသြားတယ္။ အဲ့တာ Drop ဖို႔ကိုေတြးမိေပမဲ့ အဲ့လိုလုပ္ရင္ မေလးစားသလိုျဖစ္မာစိုးလို႔ အဆင္ေျပသေလာက္ဆက္ေရးပါ့မယ္။ ဖတ္ရအဆင္မေျပျဖစ္တဲ့ Readerေတြကိုလည္း ဒီေနရာကေန ေတာင္းပန္ပါတယ္ေနာ္။ ❤❤🙆

© Hnin Aung,
книга «Love, But Hurt (Season_3) The Last Begin».
Коментарі