Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 11
"ရော့ ဒါပါစား။ ထပ်ထည့်အုန်း။"

"ကိုယ့်ပန်းကန်ထဲမှာ ပြည့်လျှံနေပြီ။"

"မရဘူး။ အရင်လိုပုံစံပြန်ဖြစ်တာကိုပဲလိုချင်တာ။ ကြည့်အုန်း မျက်နှာကို ချောင်ကျသွားလိုက်တာ။"

အန်းလုက ချီရှန်း၏ပန်းကန်ထဲသို့ ဟင်းမျိုးစုံကို
တူဖြင့်ညှက်ကာနားတမ်းထည့်ပေးနေသည်။ ချီရှန်း၏ ထမင်းပန်းကန်လုံးထဲတွင် ထမင်းသာမက ဟင်းများပါ လျံထွက်နေလေ၏။

ချီရှန်းက ထမင်းပန်းကန်ထဲသို့ ဟင်းများဆက်ထည့်ပေးနေသော အန်းလုကို မေးထောက်ကာပြုံးရင်းကြည့်နေသည်။ အန်းလုက ဟိုပန်းကန်နှိုက်၊ သည်ပန်းကန်နှိုက်ဖြင့် အလူပ်ရှုပ်နေလေ၏။

သူကအတော်ကြာမှ သတိထားမိပုံရသည်။ သူ့အား ငေးကြည့်နေသော ချီရှန်းအား ကြည့်လိုက်ပြီး

"ဘာလဲ။ ဘာလို့ကြည့်တာလဲ။ ရုပ်ဆိုးလို့လား။"

ချီရှန်းက အေးဆေးစွာပင်ပြန်ဖြေသည်။

"မဟုတ်ပါဘူး။ မင်းကိုယ့်ဆီပြန်လာတာကို အခုထိမယုံနိုင်သေးတာမလို့။"

အန်းလုက လက်ထဲတွင်ကိုင်ထားသော တူ၏ အစွန်းနှစ်ဖက်အား နှုတ်ခမ်းတွင်တေ့ကာ ထိုတူတွင် ကပ်ကျန်နေသော အရသာတစ်ချို့ကို စုပ်ကာခံစားနေသည်။

"မသိဘူး။ ကျွန်တော်လည်း ဘာလို့ဒီကိုရောက်လာမှန်း။ တော်တော်ကြေ.င်တောင်တောင်နိုင်နေတယ်။ ပြီးတော့ကြည့်အုန်း။ နောက်တစ်ယောက်ရဲ့ ခန္တာကိုယ်ကြီးနဲ့။"

အန်းလုက သူ၏ခန္တာကိုယ်အား လက်နှစ်ဖက်ကိုဆန့်ကာ ချီရှန်းဘက်သို့လှည့်၍ပြသည်။ ချီရှန်းက အနည်းငယ် ဝမ်းနည်းသည့်ပုံစံဖြင့်ဆိုလာသည်။

"ကိုယ့်မှာမင်းရဲ့....."

"အရှင်...ကျွန်တော်...ရှောင်ရှင်းပါ။"

ရူတ်တရက်ထွက်ပေါ်လာသော အဆောင်ပြင်ပရှိအသံကြောင့် ချီရှန်းပြောလက်စ စကားပင်ပျောက်ကွယ်ကာသွားသည်။ အတော်ပင် အလျင်လိုနေသည့်အသံဖြစ်တာကြောင့် ချီရှန်းက တံခါးမကြီးဘက်ကို လှည့်ကြည့်လိုက်ရင်း ပြန်ဖြေလိုက်သည်။

"ဘာကိစ္စရှိလို့လဲ။"

"ကျွန်တော် ဝင်လာလို့ရမလား။"

ချီရှန်းက သူ၏ဘေးတွင် တူတစ်ချောင်းဖြင့် ဟိုနှိုက်သည်နှိုက် ဟင်းပွဲများကို အကြိုက်နှိူက်နေသော အန်းလုကို ကြည့်လိုက်သည်။ အန်းလုက သူ့အားပြန်ကြည့်လိုက်ရင်း ဂရုမစိုက်သည့်ဟန်ဖြင့် ပုံမှန်အတိုင်း ဟင်းပွဲများကိုသာ စိတ်ဝင်စားနေသည်။ စားပွဲဝိုင်းအကျယ်ကြီးတွင် တနပ်စာဟုသာဆိုသော်လည်း ဟင်းအမယ်ပေါင်း ၄၀ကေျာ်သည့် တနပ်စာအား သူမထိတွေ့ရသည်မှာ အတော်ကြာချေလေပြီ။

ချီရှန်းက ရှောင်ရှင်းအား ဝင်လာရန်အမိန့်ပေးလိုက်သည်။

"ရတယ်။ ဝင်လာခဲ့ပါ။"

" ကျေးဇူးပါ အရှင်။"

ရှောင်ရှင်းက တံခါးကိုဖွင့်ကာ အဆောင်အတွင်းသို့ ဝင်လာလိုက်သည်။ ချီရှန်းကို ရှေးဦးစာဂါရဝပြုလိုက်ပြီးနောက် အန်းလုအား ဂါရဝပြုလိုက်သည်။

"အရှင့်ကို ဂါရဝပြုပါတယ်။ ကိုယ်လုပ်တော် ကျင့်...အာ..မဟုတ်...ကိုယ်လုပ်တော်လုကိုလည်း ဂါရဝပြုပါတယ်။ "

ထိုအခါမှ အန်းလုက သူ့ကိုမော့ကြည့်လာသည်။
အန်းလုက ရီပြလိုက်ပြီး

" ရှောင်ရှင်း...ကျွန်တော့်ကိုမလွမ်းဘူးလား။ ကျွန်တော်ကတော့ ခင်ဗျားတို့ကို သတိရနေခဲ့တာ။"

"ကျွန်...ကျွန်တော်လည်း...လွမ်း...လွမ်းပါတယ်။"

ရှောင်ရှင်း၏ အသံက အတော်လေးကိုတုန်လှုပ်နေပုံပင်။ သူက တုန်တုန်ချိချိဖြင့်ပင် ပြန်ဖြေလာလေ၏။

"အဟမ်း...."

ချီရှန်းက ရီချင်စိတ်ကို ထိန်းချုပ်လိုက်သည့်နှယ် ချောင်းဟန့်လိုက်သည်။ ရှောင်ရှင်းဟူသည်က သူ၏ ဘယ်လက်ရုံလည်းဖြစ် ညာလက်ရုံးလည်းဖြစ်သူအလျောက် မည်သည့်အရာကိုမျှကြောက်လန့်နေတတ်သူမဟုတ်ချေ။ ယခုထိုသူက သေရွာမှပြန်လာသည့်အပြင် တစ်ခြားကိုယ်ခန္တာတစ်ခုဖြင့်ပါ ချီရှန်းအနားပြန်ရောက်နေသော အန်းလုကိုမြင်တော့ ကြောက်လန့်နေလေ၏။

အန်းလုက ချီရှန်း၏ချောင်းဟန့်သံကိုကြားတော့ ချီရှန်းကို စောင်းကြည့်လိုက်သည်။

"ဘာလို့ရီတာလဲ။ ကျွန်တော်ကအတော်လေးကိုထူးဆန်းနေလို့လား။"

"မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ဟုတ်တယ်မလား ရှောင်ရှင်း။"

ချီရှန်းက အမြန်ပင် မျက်စပစ်ကာ ရှောင်ရှင်းကို အချက်ပြလိုက်သည်။ သူ့အနေနှင့် အန်းလု၏ ကိုယ်ခန္တာပြောင်းလဲနေမှုအပေါ် အန်းလုအတယောက် စိတ်ညစ်နေမည်ကို စိုးရိမ်နေမိသည်။
ထိုအခါမှရှောင်ရှင်းက အမြန်ပင် ချောင်းဟန့်ကာ

"အဟမ်း...တကယ့်ကို ကိုယ်လုပ်တော်လုကိုမြင်တွေ့နေရသလိုပါပဲ။ အမူအရာတွေ ၊ စကားပြောပုံတွေက အားလုံးလို အရင်တိုင်းပါပဲ။"

အန်းလုက ထိုအခါမှပြုံးလိုက်သည်။

"ဒါနဲ့ မင်းငါ့ကိုအရေးတကြီး လျှောက်တင်စရာရှိလိမ့်မယ်လို့ ငါထင်တယ်။ ဘာများလဲ။"

ရှောင်ရှင်းက ထပ်မံစွာကိုယ်ကိုနှိမ့်ချ၍ စကားဆိုသည်။

"ဟုတ်ပါတယ် အရှင်။ ကျွန်တော် အခုပဲ နယ်စပ်ကနေ သတင်းရခဲ့ပါတယ်။ တောင်ပိုင်း ဝူနန်နယ်စားက အခြားနယ်စားမင်း ၁၃ဦးနဲ့အတူ ပုန်ကန်ဖို့ ပြင်ဆင်နေပါတယ်။ "

"အဲ့အဘိုးကြီး က ဆယ်နှစ်ကျော်လောက်ငြိမ်လာပြီးမှ ဘာထဖြစ်တာတုန်း။"

ချီရှန်းက ဒေါသထွက်နေသော လေသံဖြင့် ဆိုလိုက်သည်။ အန်းလုက သူ့အားကြည့်လိုက်လေ၏။ ချီရှန်းက မျက်မှောင်ကြုတ်နေပြီး စားပွဲအား လက်ဖြင့် ဝုန်းခနဲ မြည်အောင်ရိုက်ချလိုက်သည်။

"ဝူနန်မှာပဲလား။ အဲ့အဘိုးကြီး"

"ဟုတ်ပါတယ်။ နောက်တပတ်အကြာမှာ နယ်စားတွေအကုန်လုံးကို တိတ်တဆိတ်အစည်းအဝေးခေါ်ယူထားပါတယ်။ အကြောင်းပြချက်က သားဖြစ်သူရဲ့ မင်္ဂလာပွဲအနေနဲ့ပါ။"

"ဟား...ပိုင်လိုက်တဲ့အဘိုးကြီး။ ခမည်းတော်လက်ထက်က ငြိမ်ကုတ်ပြနေခဲ့တာ။ အဲ့လိုတွေကြံစည်နေခဲ့တာကိုး။ ငါ့ရဲ့ အစွမ်းအစကို ဂရုမစိုက်တာပဲ။ ဦးရီးတော်ဖြစ်တာ​မလို့ ဒီအချိန်ထိအသက်ချမ်းသာပေးထားတာကို ရောင့်တတ်လာရတယ်လို့။"

ချီရှန်း၏ စကားသံများက ရီစရာပြောနေသည်ဟုဆိုရသော်လည်း မျက်ဝန်းတို့က မီးလျှံများကဲ့သိူ့ တောက်ပနေလေ၏။ အတော်ပင် လှိုင်းထန်ကာ စိတ်တိုဒေါသထွက်နေပုံပင်။

"အရှင် ဘယ်လိုလုပ်ဖို့စဥ်းစားထားပါသလဲ။"

ရှောင်ရှင်းက မေးလိုက်သည်။

"ပြင်ဆင်လိုက်။ ဝူနန်ကိုသွားမယ်။ သူဘယ်တော့မှ တူဖြစ်တဲ့ငါ့ကိုကျော်နိုင်မှာမဟုတ်ဘူးဆိုတာ အဲ့ဒီအဘိုးကြီး သိအောင်ပြမယ်။ "

"ဟုတ်ကဲ့ပါ အရှင်။"

အန်းလုက စိုးရိမ်နေသောမျက်နှာထားဖြင့်ချီရှန်းကိုကြည့်လိုက်သည်။ ချီရှန်းက အတော်ကိုစိတ်တိုနေသည့်ပုံပင်။ သူ၏မျက်နှာက အနည်းငယ်နီရဲနေသလိုပင် ဖြစ်နေချေ၏။

...........................................

နှစ်ရက်ခန့်ကြာပြီးနောက်

"သူကဘယ်ကိုသွားမှာမလို့လဲ။"

"ဒီအတိုင်း ပျော်ပွဲစား။"

"ကိုယ်လုပ်တော်ကျင့်...မဖြစ်နိုင်ပါဘူး။ သူလား အဲ့ဒီလိုသွားမှာ။ ကျွန်တော့ကိုဘာတွေဖုံးကွယ်ထားတာလဲ။"

"ဘာမှမဖုံးကွယ်ပါဘူး။ ဒါကရိုးရှင်းတာပဲလေ။ ပျော်ပွဲစားထွက်တယ်။ သူ့ရဲ့ကိုယ်လုပ်တော်တစ်ယောက်ကို ခေါ်တယ်။ဒါပဲလေ။"

အန်းလုက အဝတ်တစ်ချို့ကို ဖဲသားပိတ်စပေါ်တွင်စုပုံကာထည့်နေသည်။ ကျင့်ချီကထုံးစံအတိုင်း အခန်းတံခါးဝရှိ တံခါးဘောင်ကိုမှီကာ ရပ်နေပြီး အန်းလုလူပ်သမျှကိုကြည့်နေသည်။

ကျင့်ချီက အန်းလု၏ အေးဆေးလွန်းသော စကားကိူကြားလိုက်ရတာကြောင့် အနည်းငယ်လေသံမြင့်လာသည်။

"ကျွန်တော့ကိုလိမ်လို့မရဘူးနော်။ အန်းလုတို့ရဲ့ လက်တလောဆက်ဆံရေးက ဘယ်လိုမျိုးလဲ။ သူတကယ်ပဲ အန်းလုကို ဒီအချိန်ခဏလေးနဲ
ကြိုက်သွားဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ။ ဟုတ်တယ်မလား။"

အန်းလုက တို့စကားကိုကြားတော့ ကျင့်ချီကိုလှမ်းကြည့်သည်။

"မင်းကငါ့ကို အရမ်းအထင်သေးတာပဲ။"

ကျင့်ချီက ရုတ်တရက်ပင် အန်းလုအနားသို့ရောက်ကာလာသည်။ သူကလေးနက်ဆည်ကြည်သော မျက်နှာထားဖြင့် အန်းလု၏ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး သူနှင့်မျက်နှာချင်းဆိုင်စေသည်။

"အိပ်ပြီးပြီလား...သူနဲ့။"

"......"

အန်းလုကထိုအမေးကိုပြန်မဖြေပဲကြောင်ကြည့်နေသည်။ ကျင့်ချီက သက်ပြင်းချလိုက်ပြီး ထပ်မေးသည်။

"မင်းတို့ ဟိုဟာလုပ်ပြီးပြီလားလိူ့ မေးတာ။"

"ဟိုဟာ....ဟို...အော...ဟိုဟာလား။ဟင့်အင်း မလုပ်ရသေးဘူး။"

အန်းလုက တခဏနေမှသဘောပေါက်သွားပုံရသည်။ ကျင့်ချီက အန်းလု၏ ကိုယ်ခန္ဓာတစ်ခုလုံးအား ခေါင်းအစခြေအဆုံးကြည့်လိုက်သည်။
အန်းလုက

"ဘာလဲ။ မယုံတာလား။ ခဏနေပါအုန်း။ ကျုပ်ဘာသာလုပ်လုပ် မလုပ်လုပ် မင်းနဲ့ဘာဆိုင်လို့လဲ။"

ကျင့်ချီက အန်းလု၏ ပုခုံးနှစ်ဖက်အား ပြန်လွှတ်ပေးလိုက်ပြီး

"ဘာမှမဖြစ်ဘူး။ အခု အန်းလုစကားကို ကျွန်တော်ယုံလိုက်မယ်။ ပြီးတော့ ဒီခရီးစဥ်အတွင်း သူနဲ့ဖြစ်အောင်အိပ်လိုက်ပါ။ ပြီးရင် အဲ့ညမှာပဲ ကျွန်တော်တို့ တိုင်းပြည်ကို သူ့လက်အောက်ကနေပြန်လွှတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တောင်းဆိုလိူက်။"

(အဲ့ညမှာငါ စကားပြောနိုင်အုန်းမယ်လို့ မင်းထင်တယ်ပေါ့။)

"သူ့ဘက်က တကယ်ပဲလိုက်လျောပါ့မလား။"

"အဲ့တာက အန်းလုရဲ့ အရည်အချင်းနဲ့ဆိုင်ပါတယ်။ ဒီကိစ္စပြီးရင် အန်းလုလည်း လွတ်လပ်မှာပါ။ အဲ့တာသာ ဖြစ်နိုင်ခဲ့ရင်ပေါ့။ ပြီးတော့ ဒီည ကျွန်တော်နဲ့ နန်းတော်အပြင်ဘက် လိုက်ခဲ့ပေးပါ။"

အန်းလုက ကျင့်ချီအား သေချာစွာစူးစိုက်ကြည့်လိုက်သည်။

"ငါသူနဲ့တကယ်ပဲတွေ့ရတော့မှာလား။ "

ကျင့်ချီကခေါင်းငြိမ့်သည်။

"သူ သတိရလာပြီ။"

အန်းလု၏ မျက်ဝန်းတို့က တောက်ပကာသွားသည်။ သူနှင့်ပုံစံထပ်တူညီနေသည်ဟု သိနေရသော သူကနောက်ဆုံးတော့ သတိရခဲ့လေပြီ။

............................

ကောင်းကင်ယံသည် တိမ်မဲတို့ဖြင့် ဖုံးအုပ်ကာခံထားရသည့် လမင်းကြီးကြောင့် အလင်းရောင်မှာ ရတစ်ချက် မရတစ်ချက်ဖြင့်ပင် အမှောင်ယံကကြီးစိုး နေလေသည်။ အန်းလုက အနက်ရောင်ခြုံလွှာကို ခေါင်းအထိ လုံစွာခြုံထားသည်။ သူနှင့်အတူ သူ၏ရှေ့ရှိ ကျင့်ချီသည်လည်း အနက်ရောင် ဝတ်ရုံကိုသာ ဝတ်ဆင်ကာထားသည်။ နှစ်ဦးသား နန်းတော်အပြင်ဘက်သို့သာ ထွက်လာခဲ့ကြသည်။

အနောက်ဘက်ဂိတ်တံခါးဝရှိ အစောင့်တစ်ယောက်အား အသပြာတစ်ချို့ကိုပေးလိုက်ပြီးနောက် အပြင်တွင် အသင့်ရှိနေသော မြင်းနှစ်ကောင်ပေါ်သို့ ကိုယ်စီတတ်လိုက်ကြသည်။

မထွက်ခွာမှီ ကျင့်ချီက နောက်သို့တစ်ချက်လှည့်ကြည့်လိုက်တာကြောင့် အန်းလုကပါ လိုက်ကြည့်ရင်း မေးလိုက်သည်။

"ဘာဖြစ်လို့လဲ ။"

ထိုအခါမှ ကျင့်ချီက တစ်နေရာရာကိုငေးနေရင်းပင် အန်းလုကိုကြည့်လိုက်ပြီး

"ဟမ်...ဘာမှမဟုတ်ပါဘူး။ သွားရအောင်။"

"ကောင်းပြီ။"

~~~~~~~~~~~~~~

© Hnin Aung,
книга «Love, But Hurt (Season_3) The Last Begin».
Коментарі