Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 22
"ဒါက ဘယ်လိုဖြစ်ရတာလဲ ဝူနန်နယ်စား။"

"ဟုတ်တယ်။ ကျွန်တော်တိူ့ကို ဘာလို့ ဘုရင်လီချီရှန်း လာမယ်ဆိုတဲ့အကြောင်းကို အသိမပေးရတာလဲ။ အကယ်၍သာတစ်ခုခုမှားယွင်းသွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ နယ်စား တွေအားလုံးကို မနက်ဖြန်အားလုံးစုံလင်ပြီးတဲ့နောက်မှ အစည်းအဝေးကိုစတင်ဖို့ ဆုံးဖြတ်ထားလို့သာပေါ့။ မဟုတ်ရင်တော့"

* ဘုန်း *

"တိတ်ကြစမ်း။"

အတော်အသင့်ရှည်လျားသည့် ထောင့်မှန်စတုဂံပုံစံ စားပွဲရှည်၏ ပတ်ပတ်လည်တွင် အခြားသော နယ်စားများ၊ ဘုရင်ခံ များနေရာယူထားကြသည်။ သူတို့၏ အလည်တွင် ဝူနန်နယ်စားက မတ်တပ်ရပ်နေရင်း ၎င်းတို့၏တယောက်တမျိုးသောစကားများကို နားမခံသာတော့သဖြင့် စားပွဲအား လက်သီးဆုပ်ကာ ထုချလိုက်သည်။

တစ်ယောက်တစ်မျိုး အသံစုံမြည်အောင်ထွက်နေကြသော စကားဝိုင်းကြီးသည် ချက်ချင်းပင် တိတ်ဆိတ်ကာသွားလေ၏။ ဝူနန်နယ်စားက ညာဘက် အစွန်းမရောက်ခင်နားလောက်တွင်ထိုင်ကာနေသော လူတယောက်အား လှမ်းမေးလိုက်သည်။

"ဘုရင်ကျင့်ဝမ်ချိုး...ခင်ဗျားရဲ့ကိုယ်လုပ်တော်ကမွေးတဲ့သားက ကျုပ်တူတော်ရဲ့ အမျိုးသားကိုယ်လုပ်တော်ဖြစ်နေတယ်လို့ကြားတယ်။ အဲ့တာတကယ်ပဲလား။"

ထိုအခါမှ ကျင့်ဝမ်ချိုးက ပြာသလဲလဲပုံစံဖြင့်

"ဗျာ...ဟုတ်...ဟုတ်ပါတယ်။ သိပ်တော့မကြာသေးပါဘူး။ "

"မင်းရဲ့သားက မိန်းကလေးတစ်ယောက်လိုမျိုး ရုပ်အဆင်းအင်္ဂါရပ် ရှိတယ်လို့ကြားခဲ့တာ။ ဒီလိုလူတယောက်ကိုတောင် မြူဆွယ်နိုင်တဲ့အစွမ်းမရှိဘူးလား။"

ချီရှန်းတို့ကြားထားသည့် သတင်းအရ နယ်စားမင်းနှင့် အခြားစော်ဘွားများအပြင် ဘုရင်ခံများပါ ပါဝင်နေသေးပုံရသည်။ ယွဲ့တိုင်းပြည်၏ ဘုရင်ကျင့်ဝမ်ချိုးသည်လည်း ကြံရာပါတစ်ဦးပင်။

ကျင့်ဝမ်ချိုးက ခေါင်းကိုသာငုံ့နေလိုက်သည်။ သူက ကြောက်တတ်သောဘုရင်တစ်ပါးဖြစ်ပြီး အစွမ်းအစမရှိသည်မှာ သေချာသည်။ နောက်ကွယ်က အမြဲလိုလို ကူညီပေးနေသော သူ၏မိဖုရားခေါင်ကြီးသာမရှိလျင် ချီရှန်းက ထိုနိုင်ငံကိုအပိုင်သိမ်းလိုက်ရုံသာမက သူတိူ့ကိုပါအသက်ရှင်ခွင့်ပေးတော့မည်မဟုတ်ချေ။ သူ၏ မိဖုရားခေါင်ကြီးကောင်းမှုကြောင့်သာ ယနေ့အချိန်ထိ ထီးနန်းကိုဆက်ထိန်းထားနိုင်ခြင်းဖြစ်သည်။

ဝူနန်နယ်စားက သူ့ကိုကြည့်ရင်းမျက်မှောင်ကြုတ်နေသည်။ ဤသိူ့သော သုံးစားမရသည့် ဘုရင်အား ပုန်ကန်ရန် ကြံစည်ရာတွင်ပါဝင်ခွင့်ပေးလိုက်ခြင်းသည်ကိုက အစပိုင်းတွင် သူ၏သားဖြစ်သူက ချီရှန်းနှင့် အရင်းနှီးဆုံးဖြစ်လာလိမ့်မည်။ ထိုအခါ အေးဆေးစွာပင် လူပ်ကြံသတ်ဖြတ်လို့ရလိမ့်မည်ဟု တွေးထားသောကြောင့်ပင်။ ယခုမူ ဖခင်ရော သားဖြစ်သူကပါ အသုံးဝင်ခြင်းမရှိချေ။ ထို့အပြက်သူ၏ ယခုအချိန်အတွင်း ရည်ရွယ်ချက်သည်လည်း ပြောင်းလဲသွားခဲ့လေပြီ။

"ဘုရင်ကျင့်ဝမ်ချိုး ကအသုံးမဝင်ဘူးပဲ။"

"တကယ်တော့....."

ကျင့်ဝမ်ချိုး၏ အသံကထွက်လာသည်။ သူက ဆက်ပြောလေ၏။

"တကယ်တော့....အခု ဘုရင်လီချီရှန်းနဲ့ အတူပါလာတဲ့ တစ်ယောက်က ကျွန်တော့ရဲ့သားဖြစ်သူပါ။ သတင်းရထားတာက ချိုက်အန်းနန်းတော်မှာပဲ နာမကျန်းဖြစ်နေတယ်လို့ ကြားသိထားတာမလို့ သူနဲ့တွေ့ပြီးမှ သေချာသိရတဲ့အခါ ပြောပြပေးမလို့ပါ။"

"ညစာစားပွဲမှာတုန်းက ပါလာတဲ့တယောက်လား။"

"ဟုတ်ပါတယ်။"

ထိုအခါမှ ဝူနန်နယ်စားမင်းက သူ၏မုတ်ဆိတ်များကို လက်ဖြင့်အသာပွတ်သတ်နေရင်း ပြုံးလိုက်သည်။

"ဒီကိုတောင် ခေါ်လာတယ်ဆိုတော့ တွေးစရာပဲ။"

"ဝူနန်နယ်စားမင်းမှာ ဘာအကြံညာဏ်ကောင်းတွေများရှိလဲ။ ဒီမှာတင် အပြတ်ဖြတ်လိုက်ရင်ရော။ အခုသူ့မှာ ဘာအင်အားမှပါလာတာမှမဟုတ်တာ။

ဒါမှမဟုတ် ဝူနန်နယ်စားက ညနေကညစာစားပွဲမှာတုန်းကလို သူ့ကိုတကယ်ပဲကြောက်ပြီးချေပနိုင်ခြင်းမရှိတာလား။"

နယ်စားတစ်ယောက်၏စကားက အနည်းငယ်နားဝင်ဆိုးလှသည်။ ဝူနန်နယ်စားက ထိုစကားကို ကြားတော့ ထိုနယ်စားအား လှမ်းကြည့်လိုက်ပြီး

"တိတ်စမ်း။ ငါလိုချင်တာက သူ့ကိုသတ်ဖို့တစ်ခုတည်းများမှတ်နေလား။ သူ့ကိုသတ်ဖို့တစ်ခုတည်သားဆို ငါ့သမီးတော်ကို သွားခေါ်မနေခိုင်းတော့ပဲ စျေးထဲမှာတည်းက အပြတ်ရှင်းလိုက်ရုံနဲ့တင်လုံလောက်တယ်။"

ဝူနန်နယ်စားက ခပ်ရေးရေးပြုံးလိုက်ရင်းဆိုသည်။

"ဘာပဲဖြစ်ဖြစ် မျှော်လင့်မထားတာတွေပါဖြစ်လာတာဆိုတော့ ဒီပွဲကအတော်လေးစိတ်ဝင်စားဖို့ကောင်းသွားပြီ။ ဟားဟား ဟားဟား "

သူ၏ရီမောသံက မြေအောက်ခန်းမကြီးတစ်ခုလုံးပင် ပျံလွင့်သွားလေသည်။

...............................

"တေွ့လိုက်လား။ ကျင့်ယိချန်ရဲ့ ခမည်းတော်ကို"

"အမ်....ယိချန်ရဲ့ခမည်းတော်။"

"ဟုတ်တယ်။ ဘေးကသူ့မိဖုရားခေါင်ကြီး။ မင်းကိုကြည့်ပြီး သူတို့အံ့သြနေပုံရတယ်။"

ညဘက်ကောင်းကင်ယံ၏လမင်းကြီးက ထိန်ထိန်သာလျက်ရှိသည်။ အဆောင်တော်၏ရှေ့ဘက်နားတွင် ဥယျာဥ်ငယ်လေးရှိပြီး ကျောက်သားပြားဖြင့် ထုစစ်ထားသော ထိုင်ခုံအချို့နှင့်စားပွဲတစ်လုံးရှိပြီး နေချင်စဖွယ်ပြုလုပ်ထားသည်။ သဒကန္တာရနှင့် အနည်းငယ်နီးတာကြောင့် အပူဒဏ်ကိုတော့ သိသိသာသာခံစားရသည်။ ပတ်ပတ်လည်ရှိ အဆောင်တော်များတွင်တေယ့ မည်သူမျှ နေပုံမရချေ။ ချီရှန်းရော အန်းလုပါအဖြူရောင်  အောက်ခံအင်္ကျီရှည်ခပ်ပါးပါးကိုသာ ဝတ်ထားကြရင်း ထိုကျောက်သားထိုင်ခုံတွင် ထိုင်ရင်း စကားစမြည်ပြောနေကြသည်။

အန်းလုက ချီရှန်း၏ယွဲ့တိုင်းပြည်ဘုရင်အကြောင်းကိုကြားလေတော့ အနည်းငယ်ကြောင်အသွားပြီးမှ သူတွေးကြည့်လိုက်သည်။

"ဒါ့ကြောင့် ကျွန်တော့်ကိုကြည့်နေကြတာကိုး။ သူတို့ကိုမမြင်ဖူးတော့ ကျွန်တော်လည်းဘယ်သိပါ့မတုန်း။ ဒီအတိုင်းအတင်းပြောနေတယ်ပဲ ထင်မိတာ။ "

အန်းလုက ခေါင်းကုတ်ကာဆိုသည်။ ချီရှန်းက အန်းလု၏ခေါင်းလေးအား လှမ်းကိုင်လိုက်ရင်း

"မင်းက စားပဲစားနေတာကိုး။"

"ဟီး....ဒါနဲ့ အဲ့လိုသာဆိုရင် အဲ့ဘုရင်ကသူ့မိန်းမကိုကြောက်နေရတဲ့ပုံစံပဲနော်။ တချက်ကြည့်ကြည့်တုန်းကလေ။ အဲ့လိုပုံစံမလို့။"

"ယွဲ့တိုင်းပြည်ရဲ့ ဘုရင်ကျင့်ဝမ်ချိုး က အရည်အချင်းမရှိဘူး။ သူ့ရဲ့မိဖုရားခေါင်ကြီးကသာ အားလုံးကိုခြယ်လှယ်နေတဲ့ သဘောမှာရှိတယ်။"

"အာ..ဒါနဲ့လေ။ ရှန်းရှန်းက ဘာလို့ ယွဲ့တိုင်းပြည်ကိုသိမ်းဖို့စဥ်းစားလိုက်တာလဲ။ ပြီးတော့ ယွဲ့တိုင်းပြည်ကို မကျေနပ်တဲ့ပုံစံပေါ်နေတယ်။"

ချီရှန်းက ခပ်ရေးရေးပြုံးလိုက်ရင်း

" သိချင်လား။"

"အွန်း"

"ဒါဆို ဒီပေါ်ကိုလာ။"

ချီရှန်းက လက်ဖြင့်သူ၏ပေါင်ပေါ်သို့နှစ်ချက်ခန့်ပုတ်ပြလိုက်သည်။ အန်းလုက ထိုအပြုအမူကိုမြင်တော့

"ဒါကြီးရဲ့နောက်ဆက်တွဲကိုရင်းနှီးနေသလိုပဲ။ မလာဘူး။ ဒီအတိုင်းပဲပြော။"

ချီရှန်းက စားပွဲပေါ်လက်တင်ကာမေးထောက်လိုက်ရင်း အန်းလုကိုကြည့်သည်။ အန်းလု၏ ဆံနွယ်လေးများက လရောင်၏ထင်ဟပ်မှုကြောင့် တစ်ချို့နေရာလေးများတွင်တောက်ပနေလျက်ရှိသည်။ အနည်းငယ်တိုကာထိုးထောင်ထွက်နေသောဆံနွယ်ပင်ပေါက်ကလေးများက တလက်လက်ပင်ထနေသေး၏။ ချီရှန်းက သူ၏ကျန်လက်တစ်ဖက်ဖြင့် ခေါင်းထိပ်နားတွင် ထောင်ထွက်နေသော ဆံနွယ်တစ်မျှင်အား ရုတ်တရက်ဆွဲနှုတ်လိုက်သည်။

"အ့....ဘာလုပ်တာလဲ။"

အန်းလုကသူ၏ခေါင်းအား ကိုင်လိုက်ရင်း ချီရှန်းကိုအော်လိုက်သည်။ ချီရှန်းက သူ၏လက်ထဲတွင်ပါလာသော ထိုဆံမျှင်အား သေချာကြည့်ရင်း

"အပြစ်ပေးတာလေ။ ဒီဘုရင်ရဲ့စကားကို အာခံလိူ့"

"နာတယ်သိရဲ့လား။ လာ..လာခဲ့။ ပြန်နှုတ်မယ်။ ခံကြည့်။"

အန်းလုက မတ်တပ်ရပ်လိုက်ပြီး ချီရှန်း၏ ဆံနွယ်များကိုထိရန်ကြိုးစားလိုက်သည်။ ချီရှန်းက အန်းလု၏လက်များကို သူ၏လက်ကိုယှက်လျက်ကာထားလိုက်လေ၏။ ထိုအခါအန်းလုက ချီရှန်း အနားသို့လာပြီး ထပ်ကြိုးစားလေတော့ ချီရှန်းက မတ်တပ်ကောက်ရပ်လိုက်ပြီး သူ၏ခြေဖျားကိုပါ ထောက်ပစ်လိုက်သည်။ အန်းလုခေါင်းမှာ ချီရှန်း၏ ရင်ဘတ်နားတွင်ပင် အဆုံးသတ်လေ၏။ခြေဖျားထောက်ကာ လက်တံကိုမြှော​က်ကာထားသော်လည်း ထိုလက်၏အရှည်ကချီရှန်း၏ နှဖူးနားလောက်ပင်ရောက်သည်။ ချီရှန်းက ထိုလက်အားသူ၏လက်ဖြင့်ဖမ်းဆုပ်ကိုင်လိုက်ရင်း ပြန်ချစေလိုက်သည်။

"ကိုယ်ပြောပြမယ်။ ယွဲ့တိုင်းပြည်မှာပဲ ရနိုင်တဲ့ဆေးတစ်မျိုးရှိတယ်။ အဲ့တာက သူတို့ရဲ့မျိုးရိုးစဥ်ဆက်လက်ဆင့်ကမ်းလာတဲ့အရာတစ်ခု။ ပြီးတော့ အဲ့ဒီအကြောင်းကိုယွဲ့တိုင်းပြည်ရဲ့ ဘုရင်နဲ့ မိဖုရားခေါင်ကြီး ပြီးတော့ တော်ဝင်မျိုးနွယ်တွေ ကလွဲပြီး ဘယ်သူမှမသိကြဘူး။"

"အဲ့ဒါက...."

အန်းလုက စိတ်ဝင်စားစွာနားထောင်ရန်ပြင်သည်။

"အဲ့ဆေးက သေဆုံးပြီးတဲ့လူတစ်ယောက်ကို ဘယ်လောက်ကြာကြာပုံစံပျက်မသွားအောင်လုပ်ထားပေးနိုင်တဲ့အစွမ်းရှိတယ်။ "

"ရှန်းရှန်းက အဲ့ဆေးကိုဘာလုပ်ဖို့...."

(မဟုတ်မှ....)

အန်းလု၏နောက်ဆက်တွဲစကားသံကထွက်မလာတော့ချေ။ချီရှန်းက အန်းလုကို ထိုင်ခုံတွင်ပြန်ထိုင်စေလိုက်သည်။ သူပါပြန်ထိုင်လိုက်ပြီးနောက်

" ဟုတ်တယ်။ မင်းရဲ့ခန္တာကိုယ်ကိုမှာအသုံးပြုဖို့။"

"ဘာလို့...ပြီးတော့ ချိုက်အန်းမှာလည်း အဲ့လိုဆေးရှိတယ်မဟုတ်ဘူးလား။ ပြီးတော့ ရှန်းရှန်းက သူတို့မှာရှိတာဘယ်လိုသိလဲ။"

"မင်း သေဆုံးပြီးတပတ်ကျော်လောက်ကြာတော့ မင်းရဲ့ခန္တာကိုယ်ကို မပျက်စီးအောင်လုပ်ဖို့ကိုယ်နည်းမျိုးစုံလုပ်ခဲ့တယ်။ သမားတော်တွေကိုပိုကောင်းတဲ့ဆေးတွေဖော်ခိုင်းခဲ့တယ်။ အဆင်မပြေခဲ့တော့ ရှောင်ရှင်းကိုပဲ စုံစမ်းဖို့​ပြင်ဆင်ခိုင်းလိုက်တဲ့အချိန်မှာ သူ့ကျေးဇူးကြောင့်နဲ့ပဲ ယွဲ့တိုင်းပြည်ရဲ့လျို့ဝှက်ချက်ကို သတိထားမိသွားတယ်။

သူတို့ရဲ့ သေဆုံးပြီးတဲ့ဘုရင်တွေမှန်သမျှ သူတို့ရဲ့အလောင်းတွေဟာ ပကတိအကောင်းတိုင်းရှိနေပြီး သူတို့ရဲ့တော်ဝင်သင်္ချိုင်းဂူမှာ အိပ်ပျော်နေတဲ့အဆင်းသဏ္ဍာန်မျိုးရှိကြတယ်တဲ့။ အရင်က ယွဲ့တိုင်းပြည်ကသာယာဝပြောပြီး အင်အားတစ်ခုရှိတဲ့တိုင်းပြည်ပဲ။ အခုနန်းတတ်တဲ့ဘုရင်ကြောင့်သာ ဆုတ်ယုတ်လာတာ။ အဲ့တော့ကိုယ့်အတွက် အကောင်းဆုံးနဲ့အမြန်ဆုံးနည်းလမ်းက အဲ့ဒီတိုင်းပြည်ကို သိမ်းလိုက်တာပဲ။

ဆိုတော့ပြင်ဆင်ဖို့တောင်သိပ်မလိုပဲ...သိမ်းပစ်လိုက်တယ်ပေါ့။ နောက်ကဖြစ်လာတဲ့ သိမ်းပိုက်လိုက်တဲ့နိုင်ငံတွေဆိုတာက အမတ်တွေရဲ့ အရှုပ်ဇယားတွေ။ သူတို့ရဲ့ကြောင်တောင်တောင် ဥပဒေတွေကို ကိုယ်သိပ်စိတ်မဝင်စားဘူး။ ကိုယ့်အတွက်လိုတာက အဲ့ဒီဆေးပဲ။ ကိုယ်သူတို့ရဲ့အသက်ချမ်းသာပေးမယ်ဆိုတဲ့ အမိန့်နဲ့ အဲ့ဆေးကိုအချိန်တိုင်းထောက်ပံ့​ပေးဖို့သဘောတူခဲ့တယ်။ အဲ့တိုင်းပြည်ရဲ့ ဘုရင်ကိုတော့ အတော်လေးကိုဘဝင်မကြတာ။ ဆေးကြောင့်သာမဟုတ်ရင် ယွဲ့တိုင်းပြည်ကိုစစ်တိုက်ရမှာတောင် စိတ်ပျက်မိတယ်။ ဒူးထောက်ပြီး ဝပ်တွားခယနေလိုက်​တာများ။"

"ဘာပဲဖြစ်ဖြစ်..... အဲ့တာက..အဲ့တာကလေ"

"အင်း...အဲ့တာကဘာဖြစ်လဲ။

ကိုယ်ရူးနေတယ်တွေးရင်လည်း ကိုယ်ကရူးနေတာမှန်တယ်လို့ပဲပြောမှာလေ။ မင်းကြောင့် အရူးဖြစ်ရတာတော့တန်တယ်မလား။"

အန်းလုက ချီရှန်း၏လက်နှစ်ဖက်လုံးကိုဆုပ်ကိုင်ပစ်လိုက်သည်။

"မတန်ပါဘူး။ လုံးဝမတန်ဘူး။ ကျွန်တော်..ကျွန်တော်ရဲ့ကမ္ဘာမှာ ရှန်းရှန်းနဲ့အကြာကြီးထပ်ရှိနေခဲ့တယ်။ ကျွန်တော်သေဆုံးပြီးနောက်မှာ ကျွန်တော့်ရဲ့ကမ္ဘာကိုကျွန်တော်ပြန်ရောက်သွားခဲ့တယ်။ အရာအားလုံးကို မေ့ပျောက်သွားပြီး အတော်ကြာတော့ ရှန်းရှန်းက ကျွန်တော့ရှေ့ကိုရောက်လာခဲ့တယ်။

ရှန်းရှန်းသိလား။ ရှန်းရှန်းလေ ကျွန်တော်ရှိတဲ့ကမ္ဘာကိုလိုက်လာခဲ့တယ်လို့။"

"မင်းရဲ့ ကမ္ဘာ....ဟုတ်လား။"

အန်းလုက ချီရှန်း၏လက်ကိုပိုမိုတင်းကျပ်စွာကိုင်လိုက်ရင်း

"ဟုတ်တယ် ။ အစပိုင်း ကျွန်တော် ဒီနေရာကိုပြန်ရောက်လာတော့ ဒီအတိုင်းဘာကဘာတွေဖြစ်နေမှန်းကိုတကယ်မသိဘူး။ ကျွန်တော်ကမ္ဘာမှာလည်း လီချီရှန်းဆိုတဲ့ တစ်ယောက်က ကျန်နေခဲ့တယ်။ ဒီမှာရှိနေတဲ့ ကျွန်တော့်ရှေ့မှရှိနေတဲ့ လီချီရှန်းကလည်း ကျွန်တော့ရဲ့လူပဲ။ ကျွန်တော့ စိတ်တွေအရမ်းကိုရှုပ်ထွေးနေခဲ့တာ။ ဒါပေမဲ့ ဟိုတစ်နေ့က ဖြစ်တဲ့ချီရှန်းရဲ့အတွေးတွေထဲ တစ်ချို့အရာတွေ ပြန်ပေါ်လာတယ်ဆိုတာသာ သေချာတယ်ဆိုရင် လီချီရှန်းဆိုတဲ့ လူကဒီလူတယောက်တည်းပဲ။

ကျွန်တော်ထင်သလောက်ဆို ကျွန်တော်ဒီဘက်ကမ္ဘာကိုရောက်လာတဲ့အချိန် တချိန်တည်း မှာပဲ ဟိုဘက်ကမ္ဘာမှာကျန်ခဲ့တဲ့လီချီရှန်းက ဒီဘက်ကိုပြန်ရောက်လာတာပဲ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီဟိုဘက်မှာဖြစ်ပျက်ခဲ့သမျှဘာဆိုဘာမှ မသိပဲကျွန်တော်သေဆုံးပြီးတဲ့ မှတ်ညာဏ်တွေပဲ ရှိနေတော့တယ်။"

"ဒါ..ဒါဆို...ကိုယ်ကမင်းရဲ့ကမ္ဘာကိုရောက်ခဲ့တဲ့အပြင် မင်းနဲ့အတူအချိန်တွေအများကြီးကိုပါ ဖြတ်သန်းခဲ့တယ်။ အတူပျော်ရွှင်နေခဲ့တယ်လို့ဆိုလိုတာလား။"

"ဟုတ်တယ်။ ကျွန်တော်တို့ တကယ်ကို ပျော်ရွှင်ခဲ့တယ်။ ရှန်းရှန်းဆို ကျွန်တော့်သူငယ်ချင်းတွေနဲ့ရော၊ ကျွန်တော့်အမေနဲ့ပါ တွေ့ခဲ့သေးတာ။"

"ကိုယ်အဲ့တာတွေ မှတ်မိချင်တယ်။ အခု..အခုချက်ချင်းကိုမှတ်မိချင်တယ်။"

"ခဏလေး။ ဘာ့ကြောင့် ကျွန်တော်တို့ဒီကိုပြန်ရောက်လာတယ်ဆို​တာကမှ တွေးစရာဖြစ်တာ။ တစ်ယောက်ယောက်က ပြန်ခေါ်ခဲ့တယ်။

ရှန်းရှန်းရဲ့မယ်တော်က ဘာအကြောင်းကြောင့်နဲ့မှ ကျွန်တော်တို့ကို ပြန်ခေါ်မှာမဟုတ်ဘူး။ ဒါ့ကြောင့် ဒီနောက်ကွယ်မှာ တစ်ခုခုရှိရမယ်။ နေ့လည်ကစျေးတန်းထဲမှာတွေ့တဲ့ ထူးဆန်းတဲ့သူ...."

"သူလား။"

"ဟုတ်တယ်...သူ....အတိအလင်းပြောလို့တော့မရပေမဲ့ သူနဲ့သက်ဆိုင်တာလည်းဖြစ်နိုင်တယ်။ ကျွန်တော်တို့ သူနဲ့ထပ်တွေ့ပြီး သူဘာကိုလိုချင်တာလည်းဆိုတာကို သိမှဖြစ်မယ်။ ကောင်းတဲ့ရည်ရွယ်ချက်ဟုတ်မဟုတ်တော့ ကျွန်တော်တတ်အပ်မပြောနိုင်ဘူး။ "

"သူကမယ်တော့လိုသာဆိုရင် အန္တာရာယ်များတယ်။ ဘာရယ်ကြောင့်မှသူနဲ့ ထိပ်တိုက်တွေ့ဖို့မစဥ်းစားပါနဲ့။ ပြီးတော့ ကိုယ်ကဒီအခြေအနေကိုပဲ သဘောကျတယ်။ အရင်ကအတိတ်တွေ မလိုဘူး။ အခု.....အခုလက်ရှိကိုပဲ တန်ဖိုးထားပေးနိုင်ရင်ရပြီ။

"အင်း....ကျွန်တော်နားလည်ပါပြီ။"

အန်းလုက ချီရှန်းကိုစိတ်သက်သာစေရန်ပြောလိုက်သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~
© Hnin Aung,
книга «Love, But Hurt (Season_3) The Last Begin».
Коментарі