Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 3
" အဆိပ်မိတဲ့လက္ခဏာမပြဘူးမလား။"

"ဟုတ်ကဲ့။ ဒီအတိုင်း လန့်ပြီး သတိမေ့သွားရုံပါ။ မကြာခင်နိုးလာပါလိမ့်မယ်။"

"ကောင်းပြီ။ မင်းသွားလို့ရပြီ။ ကတိအတိုင်း နွုတ်လုံပါစေ။"

"စိတ်ချပါ လူကြီးမင်း။"

တည်းခိုခန်းတစ်ခု၏အခန်းတစ်ခန်းတွင် လူနှစ်ယောက် တီးတိုးစကားဆိုနေခဲ့ကြသည်။ မလွုပ်မယှက်ရှိနေသော ကျန်လူတစ်ယောက်က ကုတင်ထက်တွင် မျက်ဝန်းများပိတ်လေှာင်လျက်။

လူတယောက်က ဆေးသတ္တာနှင့် ဆေးဆရာဖြစ်ဟန်တူသော လူအား အပြင်သို့ထွက်သွားစေလိုက်ပြီး သူက အခန်းအလည်နား စားပွဲဘေးရှိ ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။

"အစားထိုးဖို့ အဆင်ပြေပါ့မလား။"

ထိုလူက ကုတင်ပေါ်တွင် လဲလျောင်းနေသော အန်းလုကိုသေချာစွာကြည့်နေလိုက်သည်။ သူ၏အတွေးများကလည်းတစ်စုံတစ်ရာကိုတွေးတောနေဟန်ပင်။

"မင်းသားလေးနဲ့တော့ အတော်လေးတူတယ်။ ခန္တာကိုယ်အရွယ်အစားကလည်း သိပ်မကွာဘူး။ မင်းသားလေးနဲ့တိုင်းပြည်အတွက် ဘာမဆိုလုပ်ရမှာပဲ။ ငါ့အသက်ကိုပေးဆိုရင်တောင် ငါတစက်မှတွန့်ဆုတ်နေမှာမဟုတ်ဘူး။"

ထိုသူက မတ်တပ်ရပ်လိုက်ပြီး အန်းလုအနားသိူ့ရောက်လာကာ ကြည့်နေပြန်သည်။

"ဟင်း....."

အန်းလု၏ကိုယ်ခန္တာက တဖြည်းဖြည်းလွုပ်ရှားကာလာသည်။ အန်းလုက မျက်လုံးနှစ်ဖက်ကိုအသာဖွင့်ပြီး သူပထမဆုံးမြင်ရသည်က ထိုအဖြူရောင်ဝတ်ရုံနှင့်လူူပင်။

"နိုးလာပြီလား။"

ထိုလူက အန်းလုအားစူးရှသောအကြည့်တို့ဖြင့်ကြည့်ရင်းမေးလိုက်သည်။ အန်းလုက ထိုလူအား တစ်ချက်ကြည့်ကာ ထိုင်ရန်ပြင်လိုက်သည်။

"ကျွန်တော်ဘယ်ရောက်နေတာလဲ။"

"မြို့ထဲက တည်းခိုခန်းတစ်ခုမှာ။"

အန်းလု ခြုံစောင်ကိုဖယ်လိုက်ပြီး ထလိုက်သည်။ပြီးမှ တစ်ခုခုကိုသတိရသွားဟန်ဖြင့်

"ဟိူကလေးတွေရော။ "

"အကုန်သေကူန်ပြီ။"

အန်းလုက ဖင်ထိူင်ရက်ပင် ကုတင်ပေါ်သို့ပြန်ကျသွားသည်။

(စရောက်တည်းကဘာတွေဖြစ်ပျက်နေတာလဲ။ ငါရေှ့တင်ပဲ လူတွေအကုန်သေကုနြ်ကတယ်။ ပြီးတော့ အဲ့တာက အရွယ်မရောက်သေးတဲ့ကလေးတွေ။ ဘာကဘယ်လိူမှားနေတာလဲ ။ ရှန်းရှန်းကိူလဲ အရိပ်အယောင်တောင်မမြင်ရဘူး။ သူအခုဘယ်မှာလဲ။ ဘာလုပ်နေလောက်လဲ။ သူ့ရဲ့နေရာမှာဘာတွေများဖြစ်ပျက်နေလောက်လဲ။)

အန်းလုက သူ၏ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကာထားသည်။ သူ့အားရပ်ကာကြည့်နေသော ထိုလူက

"ငါ့နာမည်က ကျင့်ချီ။ ငါက ယွဲ့တိုင်းပြည်ရဲ့ မငး်သားတွေထဲကတစ်ပါးရဲ့ ကိုယ်ရံတော်။"

အန်းလုက မော့ကြည့်လိုက်သည်။ တကယ်လည်းထိုသူကိုအခုမှ သူကြည့်မိခြင်း။ ဝတ်ရုံဖြူဝတ်ဆင်ထားပုံက လီချီရှန်းနှင့် သူ စတွေ့ဆုံသည့်အချိန်ကပုံစံနှင့်အတော်တူညီနေသည်။ ထို့ကြောင့်ဝေဝါးနေသောအကြည့်တိူ့က ထိုလူအားချီရှန်းဟုထင်မိခြင်းဖြစ်သည်။ယခုထိုသူက သူ့အားမိတ်ဆက်နေပြန်သည်။

"ကျွန်တော့် နာမည်က အန်းလုပါ။"

အန်းလုက ခေါင်းကိုအသာငြိမ့်ပြလိုက်သည်။

"ကလေးတွေကို အဆိပ်ခတ်ခဲ့တဲ့ကိစ္စကိုကျွန်တော်စုံစမ်းမှဖြစ်မယ်။ အဲ့ဒီလူတွေကိုလည်း တရားရုံးက်ုဖြစ်ဖြစ်တိုင်မှရမယ်။ ဒီအတိုင်းဆက်သွားရင် ကလေးတွေပဲ ပိုဆုံးရွုံးနေရမှာ။"

(အရင်တစ်ခါက မြို့မဟူတ်တာတော့သေချာနေပြီ။ အကူန်သတိထားမှရတော့မယ်။)

"အဲ့ လူတွေအကုန်လုံးကို ငါရှင်းပစ်လိုကြ်ပီးပြီ။ မင်းအဲ့ဒီအတွက်ပူစရာမလိုဘူး။"

"......"

(ရှင်းပစ်လိုက်ပြီ! အကုန်သတ်ပစ်လိုက်တာလား။)

အန်းလုက ထိုလူအား ခေါင်းအစခြေအဆုံး သေချာကြည့်လိုက်သည်။ တကယ်အမှန်သာဆို ဒီလူသည် သာမန်တော့မဟူတ်ပေ။

"တကယ်ပဲလား။ ခင်ဗျားဘာလို့ ဥပဒေအတိုင်းမလုပ်တာလဲ။ဥပဒေက အပြစ်ပေးမှာပေါ့။ "

"ဥပဒေဆို ကြာနေအုန်းမှာမလို့လေ။ တခါတည်းရှင်းပစ်လိူက်တော့ ပိုအဆင်ပြေတာပေါ့။ မဟူတ်ဘူးလား။"

အန်းလု သူ၏ကိုယ်ကိူသတိတရကြည့်မိတော့ အဝတ်အစားတစ်ချို့ ကိုပြောင်းလဲဝတ်ဆင်ပေးထားသည်။ ပိုးသားဖြစ်သည့်အတွက် ထိုလူမိတ်ဆက်ခဲ့သည့် အတိုင်း တော်ဝင်မျိုးနွယ်၏ ကိုယ်ရံတော် ဖြစ်နိုင်လောက်ပေသည်။
အန်းလုက မတ်တပ်ကောက်ရပ်လိုက်သည်။ သူအများကြီး တွေးနေဖို့ရန် အချိန်မရှိတော့ချေ။ ချီရှန်းနှင့် အတတ်နိုင်ဆုံးမြန်မြန်တွေ့ပြီး သူအဘယ်ကြောင့် ဤနေရာသိူ့ပြန်ရောက်လာရသည်ကို အဖြေထုတ်ရန်လိုအပ်သည်။

"ကျွန်တော်သွားတော့မယ်။ ကူညီပေးခဲ့တဲ့ကျေးဇူးကိူမမေ့ပါဘူး။ အခုတော့ လူရှာစရာလေးရှိလို့ တစ်နေ့ပြန်တွေ့ဖြစ်ခဲ့ရင် ကျေးဇူးဆပ်ပါ့မယ်။"

အန်းလုက ထိုလူအား ဂါရဝပြုလိုက်ကာ ထွက်လာရန်ပြင်လိုက်သည်။ ထိုလူက အန်းလုအားလှည့်ကြည့်ရုံသာကြည့်နေလိုက်သည်။ အန်းလု အခန်းတံခါးကို အသာဆွဲဖွင့်လိုက်လေတော့ ပြင်ပတွင် သူ့အား ဟန့်တားနေသည့် ဓားကိုယ်စီကိူင်ဆောင်ထားသော လူနှစ်ယောက်အားတွေ့ရသည်။

"ဒါက...."

အန်းလုက သူ့နောက်ဘက်ရှိလူအားလှမ်းကြည့်လိုက်သည်။ ထိုလူက အေးဆေးစွာပင် ခုနက စားပွဲဘေးတွင် ထိုင်လိုက်သည်။

"အရမ်းလန့်အောင်မလုပ်နဲ့။ တံခါးပဲ ပြန်ပိတ်လိုက်။"

"အန်းလုခင်ဗျ...ဒီမှာ ပြန်လာထိုင်ပေးလို့ရမလား။ ကျွန်တော်ကလေ အန်းလု ကျွန်တော့ အပေါ်တင်တဲ့ကျေးဇူးကို အခုဆပ်စေချင်တာမလို့ပါ။"

အန်းလုက မျက်မေှာင်ကြုတ်လိုက်သည်။ တံခါးသည်လည်း ပြန်ပိတ်ကာသွားပြီး အန်းလုက ထိုလူအနားသို့ရောက်လာကာ ဘေးနားတွင် ဝင်ထိုင်လိုက်သည်။

ထိုလူက အန်းလုကို စားပွဲပေါ်ရှိ ရေနွေးအိုးထဲမှ ရေနွေးအချို့အား ပန်းကန်လုံးထဲသို့ငှဲ့ထည့်ကာ ပေးလိုက်သည်။
အန်းလုက ထိုပန်းကန်လုံးအား လျစ်လျူရွုလိုက်ပြီး

"လိုရင်းကိုပြောပါ။ ကျွန်တော်ပြန်ဆပ်နိုင်တဲ့အဖိုးအခသာဆိုရင် အခုချက်ချင်းပြန်ဆပ်ပေးမှာပါ။"

"ကောင်းတာပေါ့။ အခုကလည်း အန်းလုလုပ်နိုင်လေါက်တာကိုပဲ ကျွန်တော်ကပြောမှာပါ။

အန်းလု....အမျိုးသားကိုယ်လုပ်တော်ဆိုတာသိတယ်မလား။"

အန်းလု၏မျက်ဝန်းများက ပြူးကျယ်ကာ လာသည်။
ထိုလူက အန်းလု၏ ပုံစံကိုကြည့်ကာ ရီလိုက်သည်။

"ဒါဆိုသိတယ်ပဲယူဆလိုက်ပြီ။ ပုံစံက အဲ့လိုဆိုတော့လေ။
ကျွန်တော် အကူအညီတောင်းချင်တာက အန်းလုကို မင်းသားလေးကိုယ်စား နန်းတော်ထဲကို ကိုယ်လူပ်တော်အဖြစ်ဝင်စေချင်တာ။"

"ဘာလို့...."

"ကျန်တာကိုတော့ ပြောပြပေးနိုင်မှာမဟုတ်ဘူး။ ကူညီပေးနိုင်လားပဲသိချင်တာပါ။ "

"မဖြစ်နိုင်တာ။ ခင်ဗျားရဲ့ မင်းသားလေးနဲ့ ကျွန်တော်က ဘယ်လိုလုပ်တူနိုင်မှာလဲ။ နည်းနည်း ပဲတူရင်တောင် တချိန်အဖြစ်မှန်ပေါ်တဲ့အခါ အကုန်သေကုန်မှာပေါ့ ။ ကျွန်တေယ်မလူပ်ဘူး။ လူပ်လည်းမလုပ်ချင်ဘူး။ "

အန်းလုက မတ်တပ်ရပ်ကာ အပြင်သိူ့ထွက်ရန်ထပ်မံပြင်လိုက်သည်။ သူ့နောက်ရှိလူက

"အဲ့ဒီကလေးတွေကို အဆိပ်ခတ်တာ ကျွန်တော်ပဲ။"

အန်းလုက ပြန်လှည့်ကြည့်လိုက်သည်။

"ဘာကိုဆိုလိုတာလဲ။ "

"ကြားတဲ့အတိုင်းပဲ။ အဲ့ဒီကလေးတွေကို အဆိပ်ကျွေးလိုက်တာ။ ငတ်ပြတ်နေတော့ အသေအကြေစားမယ်ဆိုတာသိသားပဲ။ ဒါပေမဲ့ မပူပါနဲ့ ။ သူတို့ကို ယာယီအသက်ရွုရပ်အောင်ပဲလူပ်လိုက်တာပါ။ တကယ်မသေပါဘူး။ အခုဆို ကျွန်တော်တိူ့ကသေချာစောင့်ရေှာက်ပေးထားတာ။"

အန်းလုက ကျင့်ချီအား စူးစိုက်ကြည့်လိုက်သည်။ သူဆက်ပြောလာလေ၏။

"ဒါပေမယ့် ကျွန်တော်ပြောတာကို လက်မခံရင်တော့ အဲ့ကလေးတွေကို သေကုန်မယ်ထင်တယ်။ အပြင်ကတယောက်ယောက်က်ု အမိန့်ပေးလိုက်တာနဲ့ရပြီဆိုတော့လေ။"

"မင်း....

မင်းတကယ်ပဲဘာကိုလိုချင်တာလဲ။"

"ဟာ...ကျွန်တော်ပြောပြီးသားလေ။ သူ့နေရာမှာ အန်းလုကို အစားထိုးစေချင်တာလို့။မပူပါနဲ့။ အရာအားလုံး ပုံမှန်ပြန်ဖြစ်တဲ့အခါ အန်းလုကို ပြန်လွွတ်ပေးမှာပါ။"

"ဟူး...."

အန်းလုကသက်ပြင်းရှည်တစ်ချက်ချလိုက်သည်။

(ကျွွန်ရောငး်တဲ့သူတွေအကုန်လုံးကို သတ်ပစ်တာဆိုရင်တော့ ကလေးတွေကိုပါမသတ်ဘူးဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ငါကလည်း တစ်ခြားတစ်ယောက်ရဲ့ ကိုယ်လုပ်တော်လူံးဝလုပ်လို့မရဘူးလေ။ ရှန်းရှန်း နဲ့တွေ့တဲ့အခါ ငါဘယ်လိူလူပ်မတုန်း။)

"ကလေးတွေ ကို အရင်ပြ။ သူတို့ဘေးကင်းမကင်းသိချင်တယ်။ ပြီးမှဆက်ဆွေးနွေးကြတာပေါ့။"

"ကောင်းပါပြီ။"

© Hnin Aung,
книга «Love, But Hurt (Season_3) The Last Begin».
Коментарі