Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 16
ကောင်းကင်ယံရှိ နေမင်းကြီးသည်တောက်ပလျက်ရှိသည်။ တောတောင်အတွင်း ပေါက်ရောက်လျက်ရှိသော သစ်ပင်ကြီးများကြောင့်တော့ နေရောင်ခြည်ပြင်းပြင်းက မြေပြင်ထိကျရောက်မလာနိုင်ကြချေ။ တစ်ရွေ့ရွေ့လာနေသော မြင်းခွာသံတို့သဲ့သဲ့နှင့်အတူ မြေနီလမ်းထက်တွင် မြင်းခွာရာတို့က ထင်ကျန်ရစ်နေခဲ့သည်။

" ရှေ့မှာ ဘာမြို့လဲ။"

အန်းလုက ချီရှန်း၏ရှေ့တွင်မြင်းကိုခွကာထိုင်ထားပြီး ချီရှန်းက အန်းလု၏နောက်မှနေ၍ မြင်းဇာတ်ကြိုးအားထိန်းကိုင်ထားသည်။ အန်းလုက မေးတာကြောင့် ချီရှန်းက မြေနီလမ်း၏ အဆုံးကိုကြည့်ရင်း ဖြေလိုက်သည်။ ဘေးတွင် ရှောင်းရှင်းကမြင်းတစ်စီး၏ကိုယ်ပေါ်မှ လိုက်ပါလာ၏။

"ကျီရင်း မြို့။ ကိုယ်တို့က ယွဲ့ဖုန် မြို့မှာ နားမှာ။ အဲ့မြို့ကနေ ဖြတ်ရမှာ ခဏပဲ ကြာမှာမလို့ နောက်မြို့တစ်မြို့ကျမှနားမယ် နေဝင်ချိန်နဲ့ကိုက်အောင်လို့လေ။ အန်းလု ပင်ပန်းနေလို့လား။"

"မ...မဟုတ်ပါဘူး။ ဒီအတိုင်းသိချင်လို့မေးကြည့်တာ။"

(ယွဲ့ဖုန်ဆို...ယွဲ့တိုင်းပြည်နဲ့ နီးနေပြီမလား။ ငါ သွားသင့်လား။

အကြောင်းစူံလည်းသိသေးတာမဟုတ်ပဲ ငါသွားရင် အဆင်ပြေမှာမဟုတ်ဘူးထင်တယ်။ ဒီအရွယ်ထိကို ငါ့မှာကိုယ်တိုင်တောင်ဆုံးဖြတ်နိုင်စွမ်းမရှိသေးဘူး။ ငါ့ကိုယ်ငါ ရှက်လိူက်တာ။)

အန်းလုက သူ၏လက်နှစ်ဖက်အား ဆုပ်ကိုင်ကာ ခေါင်းကိုငုံ့နေသည်။ ချီရှန်းက သူ၏ ကိုယ်ခန္တာအား အနည်းငယ်ရှေ့တိုးလိူက်ရင်း အန်းလုဘေးထိ သူ၏မျက်နှာကိုတိူးကပ်လိုက်သည်။ အန်းလု၏ နားဘေးနားမှနေ၍ ခပ်တိုးတိုးအသံဖြင့်

"အဲ့ဒီမြို့မှာ ဒီညမီးမျှောပွဲရှိတယ်။ "

"မီးမျှောပွဲ!!!"

အန်းလုက သူ၏ခေါင်းကိုနောက်သို့လှည့်လိုက်ပြီး ချီရှန်းကို ဝင်းလဲ့သွားသည့်မျက်ဝန်းတစ်စုံဖြင့် မေးလိုက်သည်။ ချီရှန်းက သူ၏ ကိုယ်ခန္တာအား ပုံမှန်အတိုင်းပြန်နေကာ မြင်းကိုဆက်သွားစေလိုက်ရင်း

"အင်း။ သူတို့ရဲ့ ရိုးရာပွဲတစ်ခုလိုပဲ။ ပြီးတော့ အဲ့တာက ယွဲ့တိုင်းပြည်ရဲ့ မြို့တော်ပဲလေ။ "

ချီရှန်းက အန်းလု၏ပါးပြင်အား ဘေးဘက်မှနေ၍ ခပ်ဖွဖွ နမ်းရင်းဆိုသည်။

"ကိုယ်တို့ရဲ့ ဒီကိစ္စကနည်းနည်းအရေးကြီးနေတာမလို့ အပြန်ကျမှ ကိုယ်တို့ ယွဲ့နန်းတော်ကိုဝင်ပြီး လုပ်စရာရှိတာလုပ်ကြတာပေါ့။ ဟုတ်ပြီလား။"

ထိုစကားက ချီရှန်းသည် ယွဲ့တိုင်းပြည်အား မကြာခင်တွင်ပင် လွတ်ငြိမ်းချမ်းသာခွင့်ပေးတော့မည်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ မနက်ပိုင်း တည်းခိုခန်းတွင် မနက်စာစားခဲ့ကြချိန်က အန်းလုက ထိုတိုင်းပြည်နှင့်ပတ်သတ်၍ ဖြစ်ကြောင်းကုန်စင်ပြောပြခဲ့ပြီးဖြစ်သည်။

ယိချန်နှင့်သူက ရုပ်ချင်းဆင်တူသည့်အကြောင်းကိုပါပြောပြခဲ့ပြီးသည့်နောက် ချီရှန်းသည်ပင် ပါးစပ်အဟောင်းသားဖြစ်ခဲ့သည်။ ရှောင်ရှင်းကတော့ စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ရေနွေးဖြည့်လိုက် မော့သောက်လောက်ဖြင့်သာ အလုပ်ရှုပ်နေခဲ့သေးသည်။ သူ၏လက်များ အနည်းငယ်တုန်ယင်နေသည်ကိုပင် အန်းလုမြင်ခဲ့သေးသည်။

"အင်း။ ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကယိချန်တို့ကို ကူညီချင်တာမလိူ့လေ။ "

"အင်း ကိုယ်သိတယ်။ မင်းက သူများတွေကိုအရမ်းကူညီချင်တဲ့ စိတ်ရှိတယ်ဆိုတာကိုယ်သိတယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီးတော့ ကိုယ့်ကိုယ်ကိုအန္တာရာယ်ဖြစ်စေမဲ့အရာတွေတော့ မလူပ်ပါနဲ့။ အဲ့ဒီအခါကျရင် ကိုယ်ဘယ်သူ့ကိုမှညှာတာမှာမဟုတ်ဘူး။"

"အွန်းပါ။ ဒါ.... ဒါနဲ့ မီးမျှောပွဲက ဘယ်လိုမျိုးလဲ။"

အန်းလုက ချီရှန်း၏အနည်းငယ်မြင့်တတ်လာသော လေသံကြောင့် စကားလမ်းကြောင်းလွှဲရန်ဆုံးဖြတ်လိုက်သည်။

"မီးမျှောပွဲက သူတိူ့ရဲ့ဘိုးဘေးတွေကို ပူဇော်တဲ့ပွဲတော်တစ်ခုလိုပဲ။ သူတို့ရဲ့ဘိုးဘေးတွေက အဲ့ဒီညမှာ သူတို့ကို ဝိညာည်အဖြစ်တစ်ခေါက်ပြန်လာကြည့်တယ်လို့ သူတို့က ယုံကြည်ကြတယ်။ ပြီးတော့ ကိုယ်ဖြစ်ချင်တဲ့ဆုတောင်းတွေကိုလည်း ဆီမီးခွက်ရဲ့ ဘေးမှာရေးပြီး အဲ့ဒီက ရေကန်မှာ မျှောပြီး ဆုတောင်းရင် ဘိူးဘေးတွေကြားသိပြီး ဖြည့်ဆည်းပေးနိုင်တယ်လို့ အယူရှိကြတယ်။"

ဤဖြေရှင်းချက်သည် ရှောင်ရှင်းထံမှလာခြင်းပင်။ အန်းလုက ရှောင်ရှင်းကိုသာ ဆက်တိုက်ကြည့်၍ စိတ်ဝင်တစားနားထောင်နေခဲ့သည်။ မြင်းနှစ်ကောင်ကတော့ ထိုမြေနီလမ်းပေါ်တွင် တစ်ရွေ့ရွေ့သွားနေဆဲ။

"အဲ့တာတွေက တကယ်မယုံရပါဘူး။ "

ချီရှန်းက ကြားဖြတ်ဆိုသည်။ အန်းလုက ချီရှန်းအားကြည့်လိုက်လေ၏။ ထိုအခါရှောင်ရှင်းက ချီရှန်းကို တချက်ကြည့်ကာ ခေါင်းကိုငုံ့လိုက်ရင်း ဂါရဝပြုသည်။

"ကိုယ့်ယုံကြည်ရာနဲ့ကိုယ်ပါ အရှင်။ တစ်ချို့ရဲ့ ဆုတောင်းတွေလည်း တကယ်ပြည့်ခဲ့တာမို့ အခုချိန်ထိ ယုံကြည်နေခဲ့ကြတာလေ။ မဟုတ်ရင် ဒီအချိန်ထိ အဲ့ဒီပွဲကိုဘယ်ကျင်းပပါ့မလဲ။"

ချီရှန်းက ရှောင်ရှင်းကိုကြည့်ရုံသာဆက်ကြည့်သည်။ အန်းလုက ချီရှန်းကိုကြည့်လိုက်ရင်း ရှေ့ဘက်သို့ပြန်လှည့်ကာ ကြိတ်ရီလိုက်သည်။

"ခွီး..."

ချီရှန်းရော ရှောင်ရှင်းပါအန်းလုကိုကြည့်လိုက်ကြသည်။ ပြီးမှ နှစ်ယောက်သားချောင်းဟန့်ကာ ဦးတည်ချက်ကိုပြောင်းလိုက်ကြတော့သည်။

"အဟမ်း..."

"ဟမ်း..."

"ကျွန်တော်ကတော့ ရှောင်ရှင်းပြောတာကိုထောက်ခံတယ်။ အားလုံးက ကိုယ့်ယုံကြည်ရာနဲ့ကိုလေ။ ရှန်းရှန်းက ဒါကိုမယုံပေမဲ့ ယုံတဲ့သူကတော့ ယူံကြည်မှာပဲ။ သူ့မှာဒီအရာကို ယုံကြည်ရလောက်တဲ့ ခိုင်လုံတဲ့အကြောင်းပြချက် ရှိလို့ပဲပေါ့။ မဟုတ်ဘူးလား။"

အန်းလုက ခပ်ဟဟရီလျက်ပင်ပြောသည်။ ချီရှန်းကခေါင်းညိမ့်လေ၏။

"အင်း။ ဟုတ်တယ်။"

ရှောင်ရှင်းကတော့ မည်သည့်စကားသံမျှထွက်မလာတော့ပဲ သူ၏မြင်းကိုသာအနည်းငယ်မြန်မြန်သွားစေရန် နှင်လိုက်သည်။

...................,............,..

ယွဲ့ဖုန်မြို့ကိုသူတို့ရောက်ချိန်တွင် မိုးပင်ချူပ်နေချေပြီ။ သို့သော်လည်း မြို့၏ မီးမျှောပွဲညဖြစ်တာကြောင့် မြို့အဝမှပင်စ၍ မီးပုံများဖြင့် လင်းထိန်းနေအောင် တစ်မြို့လုံးအား အလှဆင်ကာထားသည်။ တစ်မြို့လုံး လမ်းကြိုလမ်းကြားပင် မကျန်လောက်သည်အထိကို ထိန်လင်းနေကြသည်။ လမ်းမတစ်လျော​က်ရှိ လူများသည်လည်း ကျိတ်ကျိတ်တိုးကာ စီကားနေလေ၏။ ပျကျစျေးသည်များကလည်း သူ့ထက်ငါ အလုအယက်ရောင်းနေကြသည်။ ကလေးများကလည်း မီးပုံးအသေးလေးများကို ကိုင်ကာလျောက်ပြေးလွှားဆော့ကစားနေကြသည်။ တစ်ချို့ကလည်း လှပသော ဆီမီးခွက်များကို ပြင်ဆင်နေကြပြီး တစ်ချို့ကလည်း အဆင်သင့် ဝယ်ယူနေကြသည်။

အန်းလုက ထိုရောင်စုံလှပသည့်မြင်ကွင်းကိုမြင်လေတော့ သူက မြင်းပေါ်မှခုန်ဆင်းရန်ပြင်သည်။ သူ၏အကြည့်တို့က ထိုနေရာများတွင်သာရှိနေပြီး ပါးစပ်အဟောင်းသားဖြစ်နေသည်။

"ဝါး...ဝါးး..ဝါး လှလိုက်တာ ။ တကယ်ကိုလှလိုက်တာ။"

အန်းလုက အမှန်တကယ်ကိုပင်မြင်းပေါ်မှခုန်ဆင်းချလိူက်တော့သည်။ ချီရှန်းကလည်း နောက်မှ လိုက်ဆင်းပြီး မြင်းဇာက်ကြိုးကိုတော့ ရှောင်ရှင်းအား လက်လွှဲပေးလိူက်သည်။

"တည်းခိုခန်းမှာ သန်းခေါင်မရောက်ခင်ဆုံကြမယ်။ မင်းလည်းလျှောက်လည်လိုက်ပါ။"

ရှောင်ရှင်းကခေါင်းငုံ့ကာ ဂါရဝပြုလိုက်ပြီးနောက် တဖက်သိူ့ထွက်သွားလေသည်။

ချီရှန်းက အရာအားလုံးကိုကလေးတစ်ယောက်သဖွယ်ငေးမောကြည့်နေသော အန်းလုကိုတချက်ကြည့်ကာ ပြုံးလိူက်ပြီးနောက် အန်းလုဘေးသို့ရောက်လာသည်။ တင်ပါးဘေးတစ်ဖက်တစ်ချက်အနားသိူ့ တွဲလောင်းကျနေသော အန်းလု၏ လက်နှစ်ဖက်မှ တစ်ဖက်အား အသာ ထိကိုင်ပြီးမှ တဖြည်းဖြည်းချင်းဆုပ်ကိုင်လိုက်သည်။

အန်းလုကမော့ကာကြည့်နေရာမှ မိမိလက်အားဖမ်းဆုပ်ခြင်းကိုခံလိုက်ရသည့်အတွက် သူ၏လက်နေရာကိုငုံ့ကြည့်သည်။ တခြားလက်တစ်ဖက်၏ တရားခံအားသိလေတော့ ချီရှန်းကိုမော့ကာဘေးစောင်းကြည့်သည်။ချီရှန်းက သူ့အားပြန်ငုံ့ကြည့်လာလေ၏။ အန်းလုက ရီလျက်ပင် ချီရှန်းဆုပ်ကိုင်ထားသော သူ၏လက်အားရှေ့တိုးနောက်ဆုတ်ကာ လွှဲလိုက်သည်။

" လျှောက်လည်မယ်ဟေ့။"

အန်းလုက ဆုပ်ကိုင်ထားသော လက်ကိုပင်မြှောက်လိုက်ပြီး ထိုမြို့အဝင်ဝတွင်ပင် အော်လိုက်သည်။ သူ၏အသံကိုကြားလိုက်ရသော သူတစ်ချို့က သူတို့အား ကြည့်လိုက်သော်လည်း ချက်ချင်းပင် မျက်နှာပြန်လွှဲသွားကြပြီးနောက် သူတို့လူပ်စရာရှိသည်ကိုသာပြန်လူပ်နေလိုက်ကြသည်။

"သွားရအောင်။"

"အင်း။"

အန်းလုက ဦးဆောင်ပြီး တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ခြင်းကို ဦးဆောင်လိုက်တော့သည်။ ချီရှန်းအတွက် ဤသို့သော် အတွေ့အကြုံအားခံစားဖူးပြီးပြီမို့ သိပ်တော့ အံ့သြစရာမရှိတော့ချေ။ ထို့ကြောင့် အန်းလုစားသမျှ ဒိုင်ခံရှင်းရမည်ကို သူသိသည်။

အတော်အတန်ကြာတော့ အန်းလုတို့ကလက်ထဲတွင် မုန့်မျိုးစုံနှင့်ပင် မအားမလပ်ဖြစ်နေလေ၏။ ချီရှန်းက ဆီမီးခွက် လှလှလေးနှစ်ခုကိုတစ်ခြားမုန့်များနှင့်ပါ ရောလျက်ကိုင်ထားသည်။ ယွဲ့ဖုန်ရေကန်ကြီးသည် အတော်ကျယ်ဝန်းပြီး လေးထောင့်ပုံစံရှိကာ သူ၏တစ်ဖက်အစွန်းက မြစ်တစ်ခုနှင့်ပင်ဆက်စပ်နေသေးသည်။ မြစ်ဖျားတစ်ခုနှင့်ထိုသို့စပ်ဆက်နေသော်လည်း မည်သူကမျှ ထိုကန်ကြီးအား မြစ်တစ်ဆင်းအဖြစ်ခေါ်တွင်စေခြင်းမပြုကြချေ။

ရေကန်ကျယ်ကြီးအား တံတားထိုးထားသော တံတားကြီးသည်ပင် အနံ ဆယ်ပေကျော်နီးပါးရှိသည်။ တံတားပေါ်တွင် လူများကြိတ်ကြိတ်တိုးစည်းကားနေလေ၏။ တစ်ချို့ကလည်း ရေကန်ကမ်းစပ်နားဘေးများတွင် ဆီမီးခွက်များဖြင့် အသင့်ဖြစ်လို့နေချေပြီ။

အန်းလုတို့က လူသူသိပ်မရှိသော ရေကန်၏ တဖက်ခြမ်းရှိ အတော်ဝေးဝေးနေရာတစ်ခု၏အစပ်နားတွင်နေရာယူလိုက်သည်။ အများစုက ကန်၏ အစတွင်နေရာယူတာကြောင့် သူတို့နှင့် အနည်းငယ်တော့ ဝေးနေကြသည်။ အန်းလုက ရေကန်အစပ်နားတွင် ဆောင့်ကြောင့်ထိုင်ကာ မီးခဲနှစ်ခဲကို မီးရလာစေရန် ကြိုးစားနေသည်။ ချီရှန်းက နောက်ဘက်အနည်းငယ်အကွာရှိ သစ်ပင်အောက်တွင် ထိုင်ကာ ဘေးတွင် စားစရာအပြည့်ဖြင့် အန်းလုအားကြည့်နေလေ၏။

ချီရှန်းက အစကတည်းကပင်အယုံအကြည်မရှိတာကြောင့် သူကစိတ်မပါသဖြင့် အန်းလုတစ်ယောက်တည်းစိတ်ကြိုက်လုပ်စေရန် ခွင့်ပြုထားလိုက်သည်။ အန်းလုက မီးခွက်နှစ်ခွက်လုံးစား မီးထွန်းနေပုံရသည်။

တစ်အောင်နေတော့ တဖက်ဝေးဝေးရှိ ရေ​ပြက်ပေါ်တွင် မီးခွက်များ အတော်များများပင် စတင်မျောကာလာလေပြီ။ လူအများ၏ အသံများကလည်း ည၏ တိတ်ဆိတ်ခြင်းကို ဖုံးလွှမ်းနေလေ၏။ အန်းလုကလည်း ထွန်းထားသော ဆီမီးခွက်ကလေးနှစ်ခွ​က်အား အမြန်ရေလယ်ကိုရောက်စေရန် ရေကိုလှုပ်ခတ်နေလိုက်သည်။ အတော်လေးဝေးဝေးကိုရောက်လေတော့ အန်းလုက အမြန်လက်နှစ်ခုကိုပူးကပ်ကာ ဆုတောင်းရန်ပြင်သည်။

သို့သော်လည်း သူ၏ဆုတောင်းကိုခဏရပ်လိုက်ပြီး နောက်တွင် သူ့အားထိုင်ကာကြည့်နေသော ချီရှန်းကိုလှမ်းကြည့်ကာ

"ရှန်းရှန်း ။ ဒီနားကိုလာလေ။ ဆုတောင်းမယ်။"

ချီရှန်းက ထိုနေရာမှထ၍ အန်းလုဘေးသို့လာလေသည်။ သူက အန်းလုကိုကြည့်ရင်းပင် လက်အုပ်ချီပြလိုက်သည်။

"ဒီလိုလုပ်ရင်ရပြီလား။"

" သေချာလုပ်။"

" သေချာလုပ်နေတယ်။"

"ကောင်းပြီ။"

အန်းလုက သူ၏ဘိုးဘေးများကိုအာရုံပြုရန် ရှေ့ကိုသာတည့်တည့်ကြည့်၍ မျက်စိမှိတ်လိုက်သည်။ ချီရှန်းကချက်ချင်းပင် လက်အုပ်ချီထားသည်ကိုဖြေလျက် အန်းလုကိုပြန်ကြည့်နေလေ၏။

..................

"ပြီးပြီလား။"

"အင်း။ လာ ဟိုနားမှာထိုင်ပြီး သူများတွေ​မျှောတဲ့ဟာလေးတွေကြည့်ရအောင်။"

"အင်း။"

အန်းလုတို့က သစ်ပင်အောင်တွင်ပြန်လည်နေရာယူလိုက်သည်။ နှစ်ယောက်သား သစ်ပင်အောက်တွင်ထိုင်နေရင်းမှ အန်းလုက ချီရှန်း၏ ပုခုံးထက်တွင် ခေါင်းမှီထားရင်း တရွေ့ရွေ့မျှောကာလာသော ဆီမီးခွက်များကိုကြည့်နေသည်။ ဆီးမီးခွက်များအရေအတွက် များပြားလာလေလေ သူဆိူ့နေရာသည်လည်း ပို၍ ထိန်လင်းလာလေလေဖြစ်သည်။

ရေပြင်ထက်တွင်လည်း မီးအလင်းရောင်တို့က ထိန်လင်းကာ တစ်လက်လက်တောက်ပနေလေ၏။ အန်းလုကဆိုသည်။

"ရှန်းရှန်း ဘိုးဘေးတွေကိုဘာဆုတောင်းလိုက်လဲ။"

"အန်းလုကရော။"

အန်းလုက ခေါင်းထောင်လိုက်သည်။ သူကချီရှန်းကိုကြည့်လိုက်ရင်း

"ဆုတောင်းဆိုတာ သူများကိုပြောပြရင် မပြည့်ပဲနေတော့မှာပေါ့။"

"ဒါဆိုကိုယ်လည်း အန်းလုကိုပြောပြရင် မပြည့်တော့ပဲနေမှာပေါ့။ မဟုတ်ဘူးလား။"

"အင်း ဟုတ်သားပဲ ။"

အန်းလုက ချီရှန်း၏ပုခုံးထက်တွင်ခေါင်းပြန်မှီလိုက်သည်။ ချီရှန်းက ထိုရေပြင်ကျယ်ရှိ မီးခွက်လေးများကိုကြည့်ရင်း

"အန်းလု ကိုယ်တို့ဒီလိုမြင်ကွင်းမျိုးတစ်နေရာရာမှာဖြစ်ဖူးလား။ အဲ့တာက ဒီလိုရေကန်မျိုးတော့ မဟုတ်ပေမဲ့လေ...ကိုယ်ထင်တာ...မီးပုံပျံတွေ...အဲ့လိုတွေထင်တယ်။ ကိုယ်တိူ့ကြည့်ဖူးလား။"

ချီရှန်း၏စကားကြောင့် အန်းလုကချက်ချက်းခေါင်းထောင်လာပြန်သည်။သူ၏ မျက်ဝန်းတို့ပြူးကျယ်လာပြီး ချီရှန်းကိုကြည့်ရင်း

"ရှန်းရှန်း ဘာ...ဘာ..တွေကိုမြင်မိလို့လဲ။ မီးပုံးပျံတွေဟုတ်လား။ "

"အင်း...အဲ့လိုမျိုး။ ပြီးတော့ အန်းလုလည်း ကိုယ့်ဘေးနားမှာ ရှိနေတယ်။ အဝတ်အစားတွေကတော့ မတူသလိုပဲ။ ထူးဆန်းတဲ့ အဝတ်အစားတွေနဲ့။"

ချီရှန်းက မျက်မှောင်ကြုတ်ကာမနည်းတွေးတောနေရသည့်ပုံစံမျိုးဖြင့်ပြောနေသည်။ သူ၏စိတ်ထဲတွင်လည်းသေချာသလို မသေချာသလိုနှင့်အတော်လေးကို ဒွိဟဖြစ်နေပုံပင်။

"............"

(ဟိုဘက်ကမ္ဘာကမှတ်ဉာဏ်တွေ..... က...ရှန်းရှန်းဆီရောက်နေတာလား။!!!!!)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
© Hnin Aung,
книга «Love, But Hurt (Season_3) The Last Begin».
Коментарі