Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 17
"ဒါဆို အိပ်ရေးဝအောင်အိပ်နော်။ မနက်ဖြန်ခရီးဆက်ရတော့မှာ။ ပင်ပန်းနေလိမ့်မယ်။"

ချီရှန်းက အန်းလုအား ကုတင်ထက်တွင်လှဲစေလိုက်ပြီးနောက် ခြုံစောင်အား ရင်ဘတ်အပေါ်ပိုင်းအထိ ခြုံပေးလိုက်သည်။ အန်းလုက စောင်ကိုအနည်းငယ်ပိုကာဆွဲယူလိုက်ရင်း ချီရှန်းအားရီပြသည်။

"အွန်း...."

ချီရှန်းကပြန်လည်ပြုံးပြလိုက်ပြီးနောက် အပြင်သို့ပြန်ထွက်ရန်တစ်ဖက်သို့လှည့်လိုက်သည်။ အန်းလုက ချက်ချင်းပင် ချီရှန်း၏ဝတ်ရုံလက်စအရှည်ကိုလှမ်းဖမ်းလိုက်ပြီး

"ဒါနဲ့လေ..... ရှန်းရှန်း..."

ချီရှန်းကအန်းလုကို ပြန်လှည့်ကြည့်လာသည်။ သူက အန်းလု၏ ကုတင်ဘေးတွင် ထိုင်ချလိုက်ပြီး အန်းလုမျက်နှာနှင့် သူ၏ မျက်နှာအားနီးကပ်စေလိုက်သည်။

"ပြောလေ...ကိုယ်ဘာလုပ်ပေးရမလဲ။"

"အာ...အဲ့တာက...."

(တခြါးဘာအကြောင်းအရာတွေမြင်မိသေးလဲ မေးလိုက်ရင်ကောင်းမလား။ ငါဘာလို့ဒီလောက် ရှန်းရှန်းကိုအားနာနေတာပါလိမ့်။ တကယ်ပဲ တစ်ဖက်ကမ္ဘာမှာ ကျန်နေခဲ့တဲ့ လီချီရှန်းက အခုရှန်းရှန်းရဲ့ကိုယ်ထဲမှာပဲရှိနေလား။ တကယ်လို့ အဲ့လိုသာဆိုရင် မကြာခင်မှာ သူ့ရဲ့ ဟိုဘက်ကမ္ဘာမှာဖြစ်ပျက်ခဲ့သမျှမှတ်ညာဏ်တွေအကုန်လုံးကို မကြာခင်သူရလာမှာပဲ မဟုတ်လား။ ဖြည်းဖြည်းချင်းပဲသွားတာကပိုအဆင်ပြေလိမ့်မယ်။)

အန်းလုက ချီရှန်း၏ ဝတ်ရုံစကိုပြန်လွှတ်လိုက်ကာ ချီရှန်းအားရီပြလိုက်သည်။

"ဟီး...ဘာမှမဟုတ်ပါဘူး။ ကျွန်တော့ကိုမနမ်းတော့ဘူးလားလို့မေးမလို့။"

ချီရှန်းက ချက်ချင်းပင် သူ၏နီးကပ်နေသောမျက်နှာကို အန်းလုမျက်နှာအနားသိူ့ပိုမိုနီးကပ်စွာထပ်တိုးလိုက်ပြီးနောက် အန်းလု၏နှဖူးပြင်အား အနမ်းဖွဖွပေးလိုက်သည်။ အန်းလုက သူ၏မျက်ဝန်းများကို မှိတ်ချလိုက်ရင်း ထိုအနမ်းအားလက်ခံလေသည်။

"ဒါဆို ကိုယ်အပြင်မှာပဲရှိနေမယ်နော်။ ရှောင်ရှင်းနဲ့ဆွေးနွေးစရာတစ်ချို့ရှိတာမို့။ အန်းလုကအိပ်နှင့်တော့။ မဟုတ်ရင်မနက်ကျ မထနိုင်ပဲနေမယ်။"

"ဟုတ်..."

"လိမ္မာတယ်။"

ချီရှန်းက အန်းလု၏ နှဖူးနားတစ်ဝိုက်ရှိဆံနွယ်များကိုအသာဖွလိုက်ရင်းဆိုလိုက်ပြီးနောက် အပြင်သို့ ထွက်သွားလေတော့သည်။
.........................

"အခြေအနေ။"

"မနက်ဖြန် ယွဲ့ဖုန်ကိုရောက်ပါလိမ့်မယ်။"

ချီရှန်းက တည်းခိုဆောင်၏ ဝရံတာတွင်ရပ်ကာနေသည်။ ဘေးတွင်ရှောင်ရင်းကလည်း သူ၏လက်နှစ်ဖက်အားနောက်သို့ပစ်ထားလျက်ပင် ချီရှန်းအား အစီရင်ခံနေလေ၏။ ချီရှန်းက ဝရံတာရှိ လက်ကိုင်တန်းပေါ်တွင် သူ၏လက်နှစ်ဖက်ကိုထောက်လိုက်ရင်းဆိုသည်။

"ဘာပဲဖြစ်ဖြစ် ဝူနန်နယ်စားရဲ့သတင်းပေးတွေက ငါ ကိုယ်ရံတော်ဆယ်ယောက်လောက်နဲ့ပဲလာမယ်ဆိုတာကို သိနေပြီးသားပဲနေမှာ။ ဒါ့ကြောင့်လည်း တမင်ကိုဒီလိုအကွက်ချထားခဲ့တာ။ ငါရောက်တဲ့အခါ သူငါ့ကိုသေချာပေါက်ပုန်ကန်လိမ့်မယ်။ ဒီတော့ငါ့မှာ နောက်ကွယ်ကနေ ထောက်ပံ့ပေးမဲ့ အင်အားတစ်ခုရှိနေဖို့လိုတယ်။ "

ချီရှန်းက ရှောင်ရှင်းဘက်သို့ ပြန်လှည့်ကာဆိုလိုက်သည်။

"ပြီးတော့ အဲ့ဒီယုံကြည်နိုင်လောက်တဲ့ လူကလည်း ကျီချန်းပဲဖြစ်လိမ့်မယ်။ ပြီးတော့ သူ့ရဲ့လူတွေကို တစ်ခါတည်း ဝူနန်ကိုပဲ စေလွတ်ခိုင်းလိုက်တော့။ ကြိုတင်စီစဥ် ပြီးနေရာချထားတာက ဖြစ်လာတဲ့ပြဿနာတိုင်းကို အလွယ်တကူဖြေရှင်းလို့ရနိူင်တယ်။"

"အမိန့်အတိုင်းပါအရှင်။ "

ချီရှန်းက သူ၏အနောက်ဘက်တွင်ရှိသော အန်းလုအိပ်နေသည့် အခန်းဆောင်၏တံခါးအား လှမ်းကြည့်လိုက်ရင်း

"ကောင်းပြီ။ ဘာပဲဖြစ်ဖြစ် အန်းလုလည်းသူ့ကိုတွေ့ချင်မှာပဲ။

အကယ်၍ အန္တာရာယ်ကြားထဲ ရောက်မိသွားခဲ့ရင်တောင် သူကလည်းအန်းလုကို အကာအကွယ်ပေးနိုင်လိမ့်မယ်။"

...............................

"ဝါး........အမလေး..ပင်ပန်းလိုက်တာ။"

နေမွန်းတည့်လုနီးသော နေ့တစ်နေ့၏ အစတိုင်းသည် နိုးလာပြီးနောက် ပျင်းကြောဆန့်ခြင်းနှင့်ပင်စတင်လေ့ရှိသည်။ အန်းလုက သူ့လည်ပင်းသူကုတ်ရင်း ပါးစပ်ကလည်း လှုပ်စိလှုပ်စိဖြင့် ဝါးနေသေး၏။ အိပ်ချင်မူးတူးအသံဖြင့် ပင်စကားတို့ကိုပလုံးပထွေးပြောနေသေးသည်။

ကုတင်ပေါ်တွင် ထိုင်လျက်ပင်အခန်းတွင်းကိုကြည့်မိတော့ တစ်ယောက်မျှရှိမနေချေ။

"ရှန်းရှန်းရော....တစ်ညလုံးအပြင်မှာ အလုပ်လုပ်နေတာလား။"

အန်းလုက အမြန်ပင်ကုတင်ပေါ်မှခုန်ဆင်းလိုက်သည်။ ရှေ့တည့်တည့်တွင်ရှိသော စားပွဲပေါ်တွင်တော့ မျက်နှာသစ်ရန် ရေဇလုံနှင့် အဝတ်ဖြူတစ်ထည်က အဆင်သင့်ရှိလို့နေသည်။ အန်းလုက သိပ်တွေးမနေတော့ပဲ မျက်နှာသစ်လိုက်ပြီးနောက် ဝတ်ရုံကိုအနည်းငယ် ခါလိုက်ပြီး တည်းခိုဆောင်၏ အောက်ထပ်ရှိ စားသောက်ဆိုင်ခန်းသို့ ဆင်းလာခဲ့လိုက်သည်။

..........................

ဆက်လျှောက်လှမ်းရန် လှေကားသုံးထစ်လောက်လိုတော့ သူနှင့်မလှမ်းမကမ်းတွင် လူတစ်ယောက်နှင့်စကားပြောနေသော ချီရှန်းအားတွေ့ရသည်။ ချီရှန်းနှင့် စကားစမြည်ပြောနေသောသူက အန်းလုနှင့် နောက်ကျောပေးထားသည့်အနေအထားတွင်ရှိတာကြောင့် အန်းလုကို မျက်မှောင်ကြုတ်ကာကြည့်လိုက်သေးသည်။ ထိုနောက်ကျောပေးထားသော သူ၏ပုံစံသည် ချီရှန်းနှင့် ကိုယ်ခန္တာအရွယ်အစား တူညီနေပြီး ထိုသူကသူ၏ ဆံနွယ်များကို အကုန်လုံးစုကာ ခပ်မြင့်မြင့်စီးကာထားသည်။ နှဖူးနှင့်နားထင် ဘေးနှစ်ဖက်တွင်မူ အနည်းငယ်သော ဆံနွယ်များကို လွှတ်ကာချထားသည်။ အဝတ်အစားတို့ကတော့ လူကုံထံအသိုင်းအဝိုင်းရှိ သခင်လေးတစ်ယောက်အသွင်ကိုယူဆောင်ကာထားသည်။

"ဒီနောက်ကျောပုံစံကို ရင်းနှီးနေတယ်။"

အန်းလုက စဥ်းစားနေတုန်းအချိန်၌ပင် ချီရှန်းက လှေကားပေါ်တွင်ရှိနေသော အန်းလုကိုလှမ်းကြည့်လိုက်သည်။ ချီရှန်းရှေ့က လူသည်လည်းချီရှန်းနှင့် စကားအစပြတ်သွားသောကြောင့် ချီရှန်း၏ အကြည့်ရှိရာသို့ စူးစမ်းရန် တဖက်သို့တဖြည်းဖြည်းချင်းလှည့်ကာလာသည်။

ထိုသူက မတ်တပ်ရပ်ကာနေသောအန်းလုကိုကြည့်လာသည်။ သူ၏ ပုံစံကတည်ငြိမ်နေ၏။ ထိုလူနှစ်ယောက်အတူဆုံကြလျှင်ပင် နှစ်ယောက်သား၏ ကိုယ်ရောင်ကိုယ်ဝါသည်က အလွန်တောက်ပနေကြလွန်းသည်။ အန်းလုကပို၍ပင် သူ၏မျက်ခုံးများကိုကြုံ့ကာထပ်ကြည့်သည်။ သူ၏မျက်လုံးနှစ်ဖက်ကိုပင် မယုံကြည်နိုင်တာကြောင့် လက်နှစ်ဖက်ဖြင့် ပွတ်လိုက်သေးသည်။

ထိုသူက အန်းလုကိုမြင်တော့ချီရှန်းကိုပြန်ကြည့်သည်။ ချီရှန်းက ထိုလူအားခေါင်းညိမ့်ပြလိုက်သည်။ ထိုအခါမှ ထိုလူက ဝမ်းသာသွားသည့်ပုံစံဖြင့်အန်းလုဘက်သို့ပြန်ကြည့်လာသည်။

"အကိုကျီချန်း....."

အန်းလုက ရေရွတ်လိုက်ပြီး သူ၏ခြေလှမ်းများကို လှေကားပေါ်မှရွေ့စေလိုက်သည်။

"ဟုတ်တယ်မလား။ အကိုကျီချန်း။"

အန်းလုက လှေကားနားတွင်ပင် ရပ်တန့်နေမိသည်။ ထိုအခါမှ ကျီချန်းက မတ်တပ်ကောက်ရပ်လိုက်ပြီး အန်းလုအနားသို့လျှောက်လာလေ၏။ အန်းလုအနားကိုရောက်တော့ ကျီချန်းက ခါးကိုအနည်းငယ်ကိုင်းလိူက်ပြီး အန်းလုကိုစူးစိုက်ကာကြည့်သည်။ အန်းလုက နောက်သို့အနည်းငယ်ပင် ယိမ်းလိုက်သေး၏။ တခဏနေတော့ ကျီချန်းက သူ၏ကိုယ်ကိုပြန်မတ်လိုက်ပြီးနောက် လက်တစ်ဖက်ကိုမြှောက်လျက် အန်းလု၏ ခေါင်းနှင့် တန်းတူကျသည့် သူ၏ရင်ဘတ်နားအား တိုင်းလိုက်ရင်း

"အရပ်ပုသွားတာပဲ။ ဟုတ်တယ်မလား အန်းလု။"

"အကိုကျီချန်း။"

အန်းလုက ကျီချန်းအား ခုန်ပြီးဖက်လိုက်သည်။ ကျီချန်းက ရီလျက်ပင်အန်းလု၏ ကျောပြင်အားပြန်ဖက်လိုက်ရင်း

"ဟားဟား....ဟုတ်ပါပြီ။"

အန်းလုက ကျီချန်းဆီမှပြန်ခွာလိုက်ရင်း

"ကျွန်​တော်မှန်းသိတယ်ပေါ့။ "

"အင်း မနက်ကမှအကြောင်းစုံသိရတာပါ။

တကယ်..... အန်းလုကိုအခုလိုပြန်တွေ့ရတာ တကယ်ဝမ်းသာလိုက်တာ။ ဆုံးရှုံးလိုက်ရပြီလို့ထင်နေခဲ့တာ။ အခုလို ပြန်ရောက်လာပေးလို့ အန်းလုကိုကျေးဇူးတင်ပါတယ်။"

"ကျွန်တော်ရောပဲ။ ပြန်တွေ့ရလို့တကယ် ပျော်မိတယ်။"

အန်းလုက သွားကြီးဖြီးလျက်ပင် ဝဲတတ်လာသောမျက်ရည်စများကိုတားဆီးနေသည်။ လက်နှစ်ဖက်ဖြင့် မျက်စိကိုထပ်ပွတ်လိုက်ရင်း

"ငိုမိတော့မယ်ထင်တယ်။ ပျော်လွန်းလို့...အီးဟီးဟီး..."

"မနက်စာစားရအောင် လာတော့။"

ထိုင်ခုံနေရာတွင်ထိုင်နေဆဲဖြစ်သော ချီရှန်းကသူ့ဘေးသိူ့ ရောက်လာကာစားပွဲပေါ်သို့ စားသောက်ဖွယ်ရာများချပေးနေသော စားပွဲထိုးထံမှ ထမင်းပန်းကန်လုံးကို လှမ်းယူလိုက်ရင်းဆိုလေသည်။

"ဟုတ်ပ။ ဗိုက်ဆာနေပြီ။ သွားရအောင်။"

အန်းလုက မျက်ရည်များကိုသုတ်လိုက်ပြီးနောက် ရှေ့မှပြေးသွားလေ၏။ သူက ချီရှန်းဘေးရှိ ထိုင်ခုံနေရာအလွတ်တွင်ဝင်ထိုင်လိုက်သည်။ ချီရှန်းက ဟင်းတစ်ချို့နှင့်အတူ ထမင်းပန်းကန်လုံးကိုပါ အန်းလုနားသို့ အကုန်စုပေးလိုက်ရင်း စကားတစ်ချို့ပြောနေသည်။ အန်းလုက ရီလျက်ပင်ခေါင်းငြိမ့်နေလေ၏။

ကျီချန်းကလည်း ၎င်းတို့နှစ်ယောက်၏အပြုအမူများကိုကြည့်ရင်းပင် ပြုံးမိလိုက်သည်။ ထို့နောက် အန်းလုတို့ရှိရာသို့ပင် ရောက်လာလိုက်ပြီး ဘေးရှိ လစ်ဟနေသော ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်သည်။

.....................

[Unicode]"ဒါဆို အိပ်ရေးဝအောင်အိပ်နော်။ မနက်ဖြန်ခရီးဆက်ရတော့မှာ။ ပင်ပန်းနေလိမ့်မယ်။"

ချီရှန်းက အန်းလုအား ကုတင်ထက်တွင်လှဲစေလိုက်ပြီးနောက် ခြုံစောင်အား ရင်ဘတ်အပေါ်ပိုင်းအထိ ခြုံပေးလိုက်သည်။ အန်းလုက စောင်ကိုအနည်းငယ်ပိုကာဆွဲယူလိုက်ရင်း ချီရှန်းအားရီပြသည်။

"အွန်း...."

ချီရှန်းကပြန်လည်ပြုံးပြလိုက်ပြီးနောက် အပြင်သို့ပြန်ထွက်ရန်တစ်ဖက်သို့လှည့်လိုက်သည်။ အန်းလုက ချက်ချင်းပင် ချီရှန်း၏ဝတ်ရုံလက်စအရှည်ကိုလှမ်းဖမ်းလိုက်ပြီး

"ဒါနဲ့လေ..... ရှန်းရှန်း..."

ချီရှန်းကအန်းလုကို ပြန်လှည့်ကြည့်လာသည်။ သူက အန်းလု၏ ကုတင်ဘေးတွင် ထိုင်ချလိုက်ပြီး အန်းလုမျက်နှာနှင့် သူ၏ မျက်နှာအားနီးကပ်စေလိုက်သည်။

"ပြောလေ...ကိုယ်ဘာလုပ်ပေးရမလဲ။"

"အာ...အဲ့တာက...."

(တခြါးဘာအကြောင်းအရာတွေမြင်မိသေးလဲ မေးလိုက်ရင်ကောင်းမလား။ ငါဘာလို့ဒီလောက် ရှန်းရှန်းကိုအားနာနေတာပါလိမ့်။ တကယ်ပဲ တစ်ဖက်ကမ္ဘာမှာ ကျန်နေခဲ့တဲ့ လီချီရှန်းက အခုရှန်းရှန်းရဲ့ကိုယ်ထဲမှာပဲရှိနေလား။ တကယ်လို့ အဲ့လိုသာဆိုရင် မကြာခင်မှာ သူ့ရဲ့ ဟိုဘက်ကမ္ဘာမှာဖြစ်ပျက်ခဲ့သမျှမှတ်ညာဏ်တွေအကုန်လုံးကို မကြာခင်သူရလာမှာပဲ မဟုတ်လား။ ဖြည်းဖြည်းချင်းပဲသွားတာကပိုအဆင်ပြေလိမ့်မယ်။)

အန်းလုက ချီရှန်း၏ ဝတ်ရုံစကိုပြန်လွှတ်လိုက်ကာ ချီရှန်းအားရီပြလိုက်သည်။

"ဟီး...ဘာမှမဟုတ်ပါဘူး။ ကျွန်တော့ကိုမနမ်းတော့ဘူးလားလို့မေးမလို့။"

ချီရှန်းက ချက်ချင်းပင် သူ၏နီးကပ်နေသောမျက်နှာကို အန်းလုမျက်နှာအနားသိူ့ပိုမိုနီးကပ်စွာထပ်တိုးလိုက်ပြီးနောက် အန်းလု၏နှဖူးပြင်အား အနမ်းဖွဖွပေးလိုက်သည်။ အန်းလုက သူ၏မျက်ဝန်းများကို မှိတ်ချလိုက်ရင်း ထိုအနမ်းအားလက်ခံလေသည်။

"ဒါဆို ကိုယ်အပြင်မှာပဲရှိနေမယ်နော်။ ရှောင်ရှင်းနဲ့ဆွေးနွေးစရာတစ်ချို့ရှိတာမို့။ အန်းလုကအိပ်နှင့်တော့။ မဟုတ်ရင်မနက်ကျ မထနိုင်ပဲနေမယ်။"

"ဟုတ်..."

"လိမ္မာတယ်။"

ချီရှန်းက အန်းလု၏ နှဖူးနားတစ်ဝိုက်ရှိဆံနွယ်များကိုအသာဖွလိုက်ရင်းဆိုလိုက်ပြီးနောက် အပြင်သို့ ထွက်သွားလေတော့သည်။
.........................

"အခြေအနေ။"

"မနက်ဖြန် ယွဲ့ဖုန်ကိုရောက်ပါလိမ့်မယ်။"

ချီရှန်းက တည်းခိုဆောင်၏ ဝရံတာတွင်ရပ်ကာနေသည်။ ဘေးတွင်ရှောင်ရင်းကလည်း သူ၏လက်နှစ်ဖက်အားနောက်သို့ပစ်ထားလျက်ပင် ချီရှန်းအား အစီရင်ခံနေလေ၏။ ချီရှန်းက ဝရံတာရှိ လက်ကိုင်တန်းပေါ်တွင် သူ၏လက်နှစ်ဖက်ကိုထောက်လိုက်ရင်းဆိုသည်။

"ဘာပဲဖြစ်ဖြစ် ဝူနန်နယ်စားရဲ့သတင်းပေးတွေက ငါ ကိုယ်ရံတော်ဆယ်ယောက်လောက်နဲ့ပဲလာမယ်ဆိုတာကို သိနေပြီးသားပဲနေမှာ။ ဒါ့ကြောင့်လည်း တမင်ကိုဒီလိုအကွက်ချထားခဲ့တာ။ ငါရောက်တဲ့အခါ သူငါ့ကိုသေချာပေါက်ပုန်ကန်လိမ့်မယ်။ ဒီတော့ငါ့မှာ နောက်ကွယ်ကနေ ထောက်ပံ့ပေးမဲ့ အင်အားတစ်ခုရှိနေဖို့လိုတယ်။ "

ချီရှန်းက ရှောင်ရှင်းဘက်သို့ ပြန်လှည့်ကာဆိုလိုက်သည်။

"ပြီးတော့ အဲ့ဒီယုံကြည်နိုင်လောက်တဲ့ လူကလည်း ကျီချန်းပဲဖြစ်လိမ့်မယ်။ ပြီးတော့ သူ့ရဲ့လူတွေကို တစ်ခါတည်း ဝူနန်ကိုပဲ စေလွတ်ခိုင်းလိုက်တော့။ ကြိုတင်စီစဉ် ပြီးနေရာချထားတာက ဖြစ်လာတဲ့ပြဿနာတိုင်းကို အလွယ်တကူဖြေရှင်းလို့ရနိူင်တယ်။"

"အမိန့်အတိုင်းပါအရှင်။ "

ချီရှန်းက သူ၏အနောက်ဘက်တွင်ရှိသော အန်းလုအိပ်နေသည့် အခန်းဆောင်၏တံခါးအား လှမ်းကြည့်လိုက်ရင်း

"ကောင်းပြီ။ ဘာပဲဖြစ်ဖြစ် အန်းလုလည်းသူ့ကိုတွေ့ချင်မှာပဲ။

အကယ်၍ အန္တာရာယ်ကြားထဲ ရောက်မိသွားခဲ့ရင်တောင် သူကလည်းအန်းလုကို အကာအကွယ်ပေးနိုင်လိမ့်မယ်။"

...............................

"ဝါး........အမလေး..ပင်ပန်းလိုက်တာ။"

နေမွန်းတည့်လုနီးသော နေ့တစ်နေ့၏ အစတိုင်းသည် နိုးလာပြီးနောက် ပျင်းကြောဆန့်ခြင်းနှင့်ပင်စတင်လေ့ရှိသည်။ အန်းလုက သူ့လည်ပင်းသူကုတ်ရင်း ပါးစပ်ကလည်း လှုပ်စိလှုပ်စိဖြင့် ဝါးနေသေး၏။ အိပ်ချင်မူးတူးအသံဖြင့် ပင်စကားတို့ကိုပလုံးပထွေးပြောနေသေးသည်။

ကုတင်ပေါ်တွင် ထိုင်လျက်ပင်အခန်းတွင်းကိုကြည့်မိတော့ တစ်ယောက်မျှရှိမနေချေ။

"ရှန်းရှန်းရော....တစ်ညလုံးအပြင်မှာ အလုပ်လုပ်နေတာလား။"

အန်းလုက အမြန်ပင်ကုတင်ပေါ်မှခုန်ဆင်းလိုက်သည်။ ရှေ့တည့်တည့်တွင်ရှိသော စားပွဲပေါ်တွင်တော့ မျက်နှာသစ်ရန် ရေဇလုံနှင့် အဝတ်ဖြူတစ်ထည်က အဆင်သင့်ရှိလို့နေသည်။ အန်းလုက သိပ်တွေးမနေတော့ပဲ မျက်နှာသစ်လိုက်ပြီးနောက် ဝတ်ရုံကိုအနည်းငယ် ခါလိုက်ပြီး တည်းခိုဆောင်၏ အောက်ထပ်ရှိ စားသောက်ဆိုင်ခန်းသို့ ဆင်းလာခဲ့လိုက်သည်။

..........................

ဆက်လျှောက်လှမ်းရန် လှေကားသုံးထစ်လောက်လိုတော့ သူနှင့်မလှမ်းမကမ်းတွင် လူတစ်ယောက်နှင့်စကားပြောနေသော ချီရှန်းအားတွေ့ရသည်။ ချီရှန်းနှင့် စကားစမြည်ပြောနေသောသူက အန်းလုနှင့် နောက်ကျောပေးထားသည့်အနေအထားတွင်ရှိတာကြောင့် အန်းလုကို မျက်မှောင်ကြုတ်ကာကြည့်လိုက်သေးသည်။ ထိုနောက်ကျောပေးထားသော သူ၏ပုံစံသည် ချီရှန်းနှင့် ကိုယ်ခန္တာအရွယ်အစား တူညီနေပြီး ထိုသူကသူ၏ ဆံနွယ်များကို အကုန်လုံးစုကာ ခပ်မြင့်မြင့်စီးကာထားသည်။ နှဖူးနှင့်နားထင် ဘေးနှစ်ဖက်တွင်မူ အနည်းငယ်သော ဆံနွယ်များကို လွှတ်ကာချထားသည်။ အဝတ်အစားတို့ကတော့ လူကုံထံအသိုင်းအဝိုင်းရှိ သခင်လေးတစ်ယောက်အသွင်ကိုယူဆောင်ကာထားသည်။

"ဒီနောက်ကျောပုံစံကို ရင်းနှီးနေတယ်။"

အန်းလုက စဉ်းစားနေတုန်းအချိန်၌ပင် ချီရှန်းက လှေကားပေါ်တွင်ရှိနေသော အန်းလုကိုလှမ်းကြည့်လိုက်သည်။ ချီရှန်းရှေ့က လူသည်လည်းချီရှန်းနှင့် စကားအစပြတ်သွားသောကြောင့် ချီရှန်း၏ အကြည့်ရှိရာသို့ စူးစမ်းရန် တဖက်သို့တဖြည်းဖြည်းချင်းလှည့်ကာလာသည်။

ထိုသူက မတ်တပ်ရပ်ကာနေသောအန်းလုကိုကြည့်လာသည်။ သူ၏ ပုံစံကတည်ငြိမ်နေ၏။ ထိုလူနှစ်ယောက်အတူဆုံကြလျှင်ပင် နှစ်ယောက်သား၏ ကိုယ်ရောင်ကိုယ်ဝါသည်က အလွန်တောက်ပနေကြလွန်းသည်။ အန်းလုကပို၍ပင် သူ၏မျက်ခုံးများကိုကြုံ့ကာထပ်ကြည့်သည်။ သူ၏မျက်လုံးနှစ်ဖက်ကိုပင် မယုံကြည်နိုင်တာကြောင့် လက်နှစ်ဖက်ဖြင့် ပွတ်လိုက်သေးသည်။

ထိုသူက အန်းလုကိုမြင်တော့ချီရှန်းကိုပြန်ကြည့်သည်။ ချီရှန်းက ထိုလူအားခေါင်းညိမ့်ပြလိုက်သည်။ ထိုအခါမှ ထိုလူက ဝမ်းသာသွားသည့်ပုံစံဖြင့်အန်းလုဘက်သို့ပြန်ကြည့်လာသည်။

"အကိုကျီချန်း....."

အန်းလုက ရေရွတ်လိုက်ပြီး သူ၏ခြေလှမ်းများကို လှေကားပေါ်မှရွေ့စေလိုက်သည်။

"ဟုတ်တယ်မလား။ အကိုကျီချန်း။"

အန်းလုက လှေကားနားတွင်ပင် ရပ်တန့်နေမိသည်။ ထိုအခါမှ ကျီချန်းက မတ်တပ်ကောက်ရပ်လိုက်ပြီး အန်းလုအနားသို့လျှောက်လာလေ၏။ အန်းလုအနားကိုရောက်တော့ ကျီချန်းက ခါးကိုအနည်းငယ်ကိုင်းလိူက်ပြီး အန်းလုကိုစူးစိုက်ကာကြည့်သည်။ အန်းလုက နောက်သို့အနည်းငယ်ပင် ယိမ်းလိုက်သေး၏။ တခဏနေတော့ ကျီချန်းက သူ၏ကိုယ်ကိုပြန်မတ်လိုက်ပြီးနောက် လက်တစ်ဖက်ကိုမြှောက်လျက် အန်းလု၏ ခေါင်းနှင့် တန်းတူကျသည့် သူ၏ရင်ဘတ်နားအား တိုင်းလိုက်ရင်း

"အရပ်ပုသွားတာပဲ။ ဟုတ်တယ်မလား အန်းလု။"

"အကိုကျီချန်း။"

အန်းလုက ကျီချန်းအား ခုန်ပြီးဖက်လိုက်သည်။ ကျီချန်းက ရီလျက်ပင်အန်းလု၏ ကျောပြင်အားပြန်ဖက်လိုက်ရင်း

"ဟားဟား....ဟုတ်ပါပြီ။"

အန်းလုက ကျီချန်းဆီမှပြန်ခွာလိုက်ရင်း

"ကျွန်တော်မှန်းသိတယ်ပေါ့။ "

"အင်း မနက်ကမှအကြောင်းစုံသိရတာပါ။

တကယ်..... အန်းလုကိုအခုလိုပြန်တွေ့ရတာ တကယ်ဝမ်းသာလိုက်တာ။ ဆုံးရှုံးလိုက်ရပြီလို့ထင်နေခဲ့တာ။ အခုလို ပြန်ရောက်လာပေးလို့ အန်းလုကိုကျေးဇူးတင်ပါတယ်။"

"ကျွန်တော်ရောပဲ။ ပြန်တွေ့ရလို့တကယ် ပျော်မိတယ်။"

အန်းလုက သွားကြီးဖြီးလျက်ပင် ဝဲတတ်လာသောမျက်ရည်စများကိုတားဆီးနေသည်။ လက်နှစ်ဖက်ဖြင့် မျက်စိကိုထပ်ပွတ်လိုက်ရင်း

"ငိုမိတော့မယ်ထင်တယ်။ ပျော်လွန်းလို့...အီးဟီးဟီး..."

"မနက်စာစားရအောင် လာတော့။"

ထိုင်ခုံနေရာတွင်ထိုင်နေဆဲဖြစ်သော ချီရှန်းကသူ့ဘေးသိူ့ ရောက်လာကာစားပွဲပေါ်သို့ စားသောက်ဖွယ်ရာများချပေးနေသော စားပွဲထိုးထံမှ ထမင်းပန်းကန်လုံးကို လှမ်းယူလိုက်ရင်းဆိုလေသည်။

"ဟုတ်ပ။ ဗိုက်ဆာနေပြီ။ သွားရအောင်။"

အန်းလုက မျက်ရည်များကိုသုတ်လိုက်ပြီးနောက် ရှေ့မှပြေးသွားလေ၏။ သူက ချီရှန်းဘေးရှိ ထိုင်ခုံနေရာအလွတ်တွင်ဝင်ထိုင်လိုက်သည်။ ချီရှန်းက ဟင်းတစ်ချို့နှင့်အတူ ထမင်းပန်းကန်လုံးကိုပါ အန်းလုနားသို့ အကုန်စုပေးလိုက်ရင်း စကားတစ်ချို့ပြောနေသည်။ အန်းလုက ရီလျက်ပင်ခေါင်းငြိမ့်နေလေ၏။

ကျီချန်းကလည်း ၎င်းတို့နှစ်ယောက်၏အပြုအမူများကိုကြည့်ရင်းပင် ပြုံးမိလိုက်သည်။ ထို့နောက် အန်းလုတို့ရှိရာသို့ပင် ရောက်လာလိုက်ပြီး ဘေးရှိ လစ်ဟနေသော ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်သည်။

.....................
© Hnin Aung,
книга «Love, But Hurt (Season_3) The Last Begin».
Коментарі