Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 34
" လော့လော့ နင်ပြန်နိုးလာပြီလား။"

"ဟင်း....ဟင်း..."

အားလော့ နဂိုအန်းလုလှဲနေသော ကျောက်ဖျာပေါ်တွင်ပင် လှဲကာနေရင်းမှ အိပ်ချင်မူးတူးပုံစံဖြင့်နိုးကာလာသည်။ ကြည့်ရသည်မှာ အန်းလုက သူမကိုချီကာ ထိုနေရာသို့ပို့ထားပေးပုံရ၏။ အားလော့က သူမ၏ မျက်ဝန်းနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ခပ်ကြမ်းကြမ်းပွတ်ပြန်ရင်း အန်းလုကိုကြည့်နေပြန်သည်။ အန်းလုကလည်း သူ့ကိုစိုးရိမ်နေသည့် အကြည့်တို့ဖြင့် ကြည့်နေလေ၏။

အားလော့ ကောက်ထိုင်လိုက်သည်။ အန်းလုက ရုတ်တရက်လှုပ်ရှားလိုက်သော အားလော့ကြောင့် နောက်သို့ပင် အနည်းငယ်ဆုပ်လိုက်မိသည်။ အန်းလုက ကျောက်ဖျာ၏ အောက်နားတွင် ဆောင့်ကြောင့်ထိုင်နေခြင်းဖြစ်သည်။ ထ ထိုင်လိုက်သော အားလော့က ရုတ်တရက်ပင်အောက်တွင် ထိုင်ကာသူ့အားကြည့်နေသော အန်းလု၏ ပါးနှစ်ဖက်ကို ဆွဲညှစ်ပစ်လိုက်သည်။ ပါးနှစ်ဖက်လုံးအား အားရပါးရဆွဲထားရင်း အံ့သြနေပုံရသည်။ အန်းလုက သူမ၏လက်တစ်ဖက်ကို ရိုက်ချလိုက်ရင်း

" အ့....နာတယ်ဟ။ ဖြည်းဖြည်းသက်သာလုပ်ပါ။"

" အန်းလု....နင်...နင်တကယ်ပဲ ပြန် ပြန်ရှင်လာတာလား။ ဒါကြီးက အိမ်မက်ကြီးမလား။"

" ငါလည်းမသိဘူး။ နင် ကိုယ့်ဘာသာကို ဆွဲဆိတ်ကြည့်လေ။ ငါ့ကိုတော့ ထပ်လာမလူပ်နဲ့နော်။ ငါ့ပါးတွေရဲနေလောက်ပြီ။"

အားလော့က သူမ၏ လက်မောင်းကို ပြန်ကာအားပါပါလိမ်ဆွဲလိုက်သည်။

" အား....နာတယ်။ ဒါ...ဒါဆို...."

" အင်း....စိတ်ကူးယဥ်တာမျိုးနေမှာ။"

အားလော့က ဝမ်းသာအားရဖြင့်ချက်ချင်းကောက်ထလိုက်၏။ အန်းလုကလည်း သူမမတ်တပ်ရပ်လိုက်သည်နှင့် လိုက်ရပ်လေတော့ အားလော့က သူ့အား ခုန်ကာဖက်လိုက်သည်။ လက်နှစ်ဖက်ကို အန်းလုလည်ပင်းထက်တွင် ချိတ်လို​က်ရင်း သူမ၏ခြေထောက်များကို ခြေဖျားထောက်က ဆက်တိုက်ခုန်နေလေ၏။

" ငါသိတယ်။ မဖြစ်နိုင်ဘူးဆိုတာငါ သိနေပေမဲ့ နင်ဒီကမ္ဘာကိုပြန်လာအုန်းမယ်ဆိုတာ ငါသိတယ်။  နောက်ဆုံးတော့ နင်ပြန်ရောက်လာပြီပေါ့။ ငါပျော်လိုက်တာ...."

" ဖြည်းဖြည်းလုပ်ပါ။ နင်လုပ်လို့ ငါပြန်သေသွားမလားတောင် အောင့်မေ့ရတယ်။"

" အာ...တောင်းပန်ပါတယ်ဟ။ အပျော်လွန်သွားလို့ပါ။"

အားလော့က ချိတ်တွယ်ကာထားသော သူမ၏လက်များကို ပြန်ဖြည်လိုက်ပြီး အန်းလုနှင့် အနည်းငယ်ပြန်ခွာလိုက်သည်။ ပြီးနောက် သူမက လက်ခုပ်တီးလိုက်ကာ

" အရှင့်ကို....ငါတို့အရှင့်ကို သတိပေးရမှာ။ သူသာဆို....အမလေး...ငါဖြင့်တွေးတောင်မတွေးရဲဘူး။ သူ့ရဲ့နှလုံးခုန်နှုန်း ရပ်သွားမှာတောင် စိုးရတယ်။ ငါသွားပြီးတော့...."

အားလော့က ထိုအခန်းအပြင်ဘက်သို့ ထွက်ရန်အမြန်ပြေးလေ၏။ အန်းလုက နောက်မှသူမအားလှမ်းအော်ခေါ်လိူက်သည်။

" လော့လော့......နေပါအုန်း။ နေအုန်း။ ငါ့ဆီပြန်လာခဲ့အုန်း။"

" အမ်....ဘာဖြစ်လို့လဲ ။ သူက အခုတခြားတိုင်းပြည်ရောက်နေတာ။ အဲ့တာကြောင့် ငါသူ့ကိုစာပို့ဖို့ မြန်နိုင်သမျှမြန်မြန်လုပ်ရမယ်လေ။"

" အင်းပါ။ သူ ဝူနန်ကိုရောက်​နေတာ ငါသိပြီးသားပါ။ ငါလည်း သူနဲ့အတူရှိနေခဲ့တာ။"

" နင်က သူနဲ့အတူရှိနေတယ် ဟုတ်လား။"

" အင်း ဟုတ်တယ်လို့။"

အန်းလုက ဖြစ်ကြောင်းကုန်စင်ကို အားလော့အားပြောပြလိုက်သည်။ အားလော့ ပါးစပ်အဟောင်းသားဖြင့်ပင် အန်းလုပြောသမျှကိုနားထောင်နေမိ၏။

" ဒါဆို နင်ကသူများခန္တာကိုယ်ထဲရောက်နေတာပေါ့။"

" အင်း....အဲ့လိုလည်းမဟုတ်ဘူး။ တကယ့် မူရင်းပိုင်ရှင်ကလည်း သက်သက်သူ့ဘာသာရှိနေတာ။ ငါက ပုံတူပွားထားတာခံရတာမျိုး။"

" ရှုပ်ထွေးလိုက်တာ။ ဒါနဲ့ နင့်ကိုဒီကိုပြန်ပို့လိုက်တယ်ဆိုတဲ့သူကရော...."

" ပို့လိုက်တယ်ဆိုမှ ငါသတိရပြီ။ ငါဒီနန်းတော်ထဲမှာ ပစ္စည်းတစ်ခုရှာစရာရှိတယ်။ အရင်က ရှန်းရှန်းရဲ့မိခင်နေခဲ့တဲ့ အဆောင်မှာ ဆံထိုးတစ်ခုကိုငါရှာရမယ်။ သူက ဆံထိုးကို ငါ့ရဲ့ဒီခန္တာကိုယ်ရအောင်ပြန်လူပ်ပေးပါမယ်ဆိုတာနဲ့ လဲထားတာ။ နန်းတော်ကကြီးတော့ ငါပထမဆုံးတွေးမိတာက မိဖုရားရဲ့အဆောင်ကိုပဲမလို့..."

" နေအုန်း။ အဲ့တာက အရေးကြီးလား။ နင်အခု အရှင့်ကိုပူရမှာလေ။ သူအခုဆို ဘယ်လောက်ထိပေါက်ကွဲနေလိုက်မလဲ။"

အားလော့က စိတ်ဆိုးသည့်လေသံဖြင့် ထပြောလေ၏။ အန်းလုက သူ၏ဝတ်ရုံလက်ရှည်စဖြင့် သူ၏နှာခေါင်းအားပွတ်လိုက်ရင်း အားလေယ့ကိုကြည့်ကာ

" သူအခုလောက်ဆို ချိုက်အန်းကိုပြန်လာနေလောက်ပြီ။ ဖြစ်ပျက်သလောက်ကိစ္စတွေကို ငါ ယိချန်ကို စာပို့ပြီးပြောပြထားပြီးသားမလို့ သူအခုလောက်ဆို ငါ့ဆီကိုလာနေလောက်ပြီ။"

" နင် ပြန်ရှင်လာမယ်ဆိုတာကို သူသိပြီးသားလို့ဆိုလိုတာလား။"

" အင်းလို့...လာတဲ့လမ်းမှာလို့။ ငါယိချန်ကို သူ့ကိုရှင်းပြဖို့ ပြောထားခဲ့တာမလို့။

ငါ ယိချန်ရဲ့မိခင်ကို သွားခေါ်ဖို့ ကိစ္စကိုရေးရင်း ငါ့ကိုယ်ငါမသင်္ကာလို့ အဲ့ဒီစာကိုပါရေးပြီး အတူထည့်ပေးလိုက်တာ။ အချိန်ကိုက်သွားတယ်လို့ပဲ မှတ်ရမှာ။ ဒီလောက်မြန်မြန်ကြီး ဒီကိုယ်ထဲပြန်ရောက်လိမ့်မယ်လို့ ထင်မထားဘူး။"

အန်းလုက ထိုကျောက်ဖျာပေါ်မှ ထရပ်လိုက်သည်။ ဘေးတွင်သူနှင့်အတူ ထိုင်နေသော အားလော့က ထသွားသော အန်းလုအားမော့ကြည့်နေ၏။ အန်းလုက သူ၏လက်နှစ်ဖက်ကိုမိုးပေါ် မြှောက်လိုက်ပြီးနောက် ပျင်းကြောဆန့်လိုက်သည်။

" အားယား....ဘာပဲဖြစ်ဖြစ်ကို ကိုယ့်ရဲ့မူလကိုယ်ခန္တာကိူက အကောင်းဆုံးပဲ။ နေလို့ကောင်းလိုက်တာ။ အိပ်ရေးဝသွားသလိုခံစားရတယ်။"

အန်းလုက အားလော့အား နောက်တွင်ထားရင်း သူကမူရှေ့တွင် ခါးကုန်းလိုက် ကော့လိုက်၊ ကိုင်းလိုက်ဖြင့် လေ့ကျင့်ခန်းမျိုးစုံကိုလုပ်နေလေ၏။

" ဒီနေ့က ဘယ်နှရက်နေ့လဲ။"

အန်းလုက နောက်သို့လှည့်ကာမေးလိုက်သည်။ အားလော့က ချက်ချင်းပြန်ဖြေလေ၏။

" လဆုတ်ရဲ့ ၄ရက်မြောက်နေ့။"

" တော်သေးတယ်။ ငါချက်ချင်းရောက်လို့။ ဒါဆို ရှန်းရှန်း ပြန်ရောက်မဲ့အချိန်ကိုစောင့်ရုံပဲပေါ့။"

"........"

အားလော့က အန်းလုကိုသာ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေသည်။ တအောင့်ကြာတော့ အန်းလုက အားလော့ဘေးနားတွင် ပြန်ကာလာဝင်ထိုင်၏။

" လော့လော့....စားစရာလေးဘာလေးမပါဘူးလား။ ငါဗိုက်ဆာလို့...."

" ဆေးတွေပဲပါတာ။ ငါသွားယူပေးမယ်လေ။ ပဲပေါ်မုန့်..."

"You're the Best"

အန်းလုက မျက်စိတစ်ဖက်ကိုမှိတ်ရင်း အားလော့အား လက်ညိုးထိုးကာဆိုသည်။ အားလော့က ကြောင်တောင်တောင်ဖြင့်ပင် သူ့ကိုယ်သူလက်ညိုးထိုးရင်း

" ယူအာသည်...ဘာ..."

"နင်က အကောင်းဆုံးပဲလို့ပြောတာ။ "

" အော်...အဲ့လိုကိုး။ ဒါနဲ့ အပြင်ကိုမလိုက်ဘူးလား။"

"ငါက သေလူလေ။ ငါ့ကိုတယောက်ယောက်မြင်သွားရင် အကုန်လန့်ကုန်မှာပေါ့။ ရှန်းရှန်းပြန်လာတဲ့အထိစောင့်လိုက်မယ်။"

" အင်း..အင်း...အဆင်ပြေသားပဲ။ "

အားလော့ လှည့်ကြည့်လှည့်ကြည့်နှင့်ပင်အပြင်သို့ထွက်သွားလေတော့သည်။ အန်းလုက ထိုနေရာတွင်ပင် ငုတ်တုတ်ကျန်နေခဲ့လေ၏။

......................................

" ဂိတ်တံခါးဖွင့်...."

နန်းတော်သို့ တောက်လျောက်ပင် မြင်းကိုဒုန်းဆိုင်းစီးကာလာသော ထိုလူကြောင့် ဂိတ်ဝရှိအစောင့်များ အလုပ်ရှုပ်ကုန်ကြသည်။

"ဂိတ်တံခါးမြန်မြန်ဖွင့် အဲ့တာ ရှင်ဘုရင်လီချီရှန်းပဲ။"

ဂိတ်တံခါးကိုအလျင်အမြန်ဖွင့်ကာပေးလိုက်ပြီးနောက် အရှိန်ကအနည်းငယ်ပင် လျော့သွားခြင်းမရှိပဲ ထိုအတိုင်းသာ မြင်းကိုဒုန်းစိုင်းစီးသွား၏။

" အရှင်...ပြန်လာပါပြီလား။ "

ချီရှန်းက မြင်းဇာတ်ကြိုးကို မြင်းထိန်းအားပေးလိုက်ပြီး သူ၏ ဝူရှဲ့အဆောင်သို့ တိုက်ရိုက်ဝင်လာလိုက်သည်။ နန်းတွင်းသူ အစေခံတစ်ချို့က ရုတ်တရက်ပြန်ရောက်ကာလာသော ဘုရင်ကြောင့် ထိန့်လန့်နေကြ၏။ ချီရှန်းက သူ၏ စာကြည့်ဆောင်ထဲသို့ တိုက်ရိုက်ဝင်သွားကာ ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်သည်။ သူ၏စာကြည့်စားပွဲပေါ်တွင် လက်နှစ်ဖက်ကိုတင်ကာ နှဖူးကိုထိုလက်ယှက်ထားသော နှစ်ဖက်ပေါ်သို့ တင်လိုက်ပြီးနောက် ငြိမ်ကျသွားလေ၏။

တခဏနေတော့ နန်းတွင်းသူနှစ်ဦးခန့်က သူ၏စားပွဲပေါ်သို့ လက်ဖက်ရည်ပွဲလာချပေးသည်။ တစ်ယောက်က လက်ဖက်ရည်အားငှဲ့ကာပေးရင်း

" အရှင်...ခရီးပန်းလာတာမလို့ လက်ဖက်ရည်လေး သုံးဆောင်ပါအုန်း.."

"ထွ​က်သွား..."

*ခွမ်း....*

ချီရှန်းက ထိုလက်ဖက်ရည်ခွက်အား သူ၏လက်တစ်ဖက်ကိုမြှောက်ကာ ခါချပစ်လိုက်သည်။ စူးစူးဝါးဝါး အော်သံတစ်ခုက ထွက်လာ၏။ နန်းတွင်းသူနှစ်ဦးလုံး ကြမ်းပြင်တွင် ဒူးထောက်လိုက်ကြပြီးနောက် အတင်းခယကာ တောင်းပန်ကြလေတော့သည်။

" စိုးရွံပါတယ်။ ကျွန်တော်မျိုးမရဲ့အမှားပါ။ အသက်ကိုချမ်းသာပေးပါ။"

"အသက်ကိုချမ်းသာပေးပါ။"

ချီရှန်းက သူ၏ခေါင်းကိုပြန်ထောင်လိုက်ပြီးနောက် မြေပေါ်တွင်ဝပ်တွားနေသော ထိုနှစ်ယောက်အား ကြည့်လိုက်သည်။

" ထွက်သွားလို့....ငါတစ်ခုခုမလုပ်မိခင်..."

" ကျေးဇူးကြီးမားလှပါတယ် ။ "

" ကျေးဇူးကြီးမားလှပါတယ် ။"

နန်းတွင်းသူနှစ်ယောက်လုံးချက်ချင်းဆိုသလိုပင် အပြင်သို့ပြေးထွက်သွားကြလေတော့၏။ ချီရှန်းကလည်း ထိုနေရာတွင်ပင် ကျကာကွဲနေသော လက်ဖက်ခြောက်များ အနည်းငယ်ပေနေသည့် ပန်းကန်လုံးကွဲစများကို ကြည့်နေလေသည်။

......................................

" ဘာလို့လဲ။ ကျွန်တော်က မင်းသားလေးအကုန်လုံးပြောပြလိုက်လိမ့်မယ် ထင်ထားတာ။"

ကျင့်ချီက အန်ုးလအကြောင်းစုံရေးထားသောစာအား ယိချန်ပြလေတော့မှ လှည်းကိုရပ်ရင်းမေးလိုက်သည်။

" အင်း...နည်းနည်းလေး ထိန်ချန်လိုက်မိတယ်ပေါ့။ ဘာပဲဖြစ်ဖြစ် သူတို့ကို သေခြင်းတရားကတောင်ခွဲနိုင်တာမှမဟုတ်တာ။ သူတို့ပြန်တွေ့ကြမှာပဲလေ။"

"အင်း ဟုတ်ပါတယ်။"

လှည်းကိုမောင်းနေရင်းပင် ချီရှန်း၏အကြောင်းကိုပြောနေပုံရသည်။ ယိချန်က ခပ်ရေးရေးပြုံးလိုက်ပြီးနောက် ကျင့်ချီက လှည်းကိုဆက်မောင်းလိုက်သည်။ အထဲတွင် ယိချန်၏မိခင်က ငြိမ်ကာနေသည်။

" ဒါနဲ့ အန်းလုက သူ့ရဲ့ကိုယ်ကိုပြန်ရပြီဆိုတဲ့အကြောင်းကို လီချီရှန်းကိုမပြောိး၏။ ယိချန်က တွေးနေသည့်ပုံစံဖြင့်

"အင်း...ဘယ်လိုလဲဆိုတော့ အန်းလုက အရှင့်ဆီကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြန်လာမှာမလို့ အရှင်က ကိုယ့်ရဲ့နေရာလေးမှာပဲ ရပ်နေပေးရင်ရပါပြီပေါ့။"

"အဲ့တော့ သူကပြန်တယ်တဲ့လား။"

"အင်း....သူကဘာဖြစ်ဖြစ်ယုံနေတဲ့အခြေအနေမှာရှိတယ်။ ဒါမှမဟုတ် ကျွန်တော့ရဲ့ စကားပြောစွမ်းရည်က အရမ်းကောင်းနေတာများလား။"

" မင်းသားလေး အရမ်းတော်တာကျွန်တော်အသိဆုံးပါ။"

ရီနေသော ယိချန်မှာ မျက်နှာပင်အနည်းငယ်နီသွားလေ၏။ သူ၏ခေါင်းကို ငုံ့လိုက်ရင်းပင်

" ကျင့်ချီကိုတော့ ကျွန်တော် စနောက်လို့မရဘူးပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အခုချိန်ကစပြီး ခြေဦးတည်ရာကို သွားကြတာပေါ့။ "

" အင်း ကျွန်တော်တို့သုံးယောက်အတူတူ"

ကျင့်ချီကသူ၏ လှည်းယာဥ်ကိုဆက်မောင်းနှင်လိုက်သည်။ ရုတ်တရက်ပင် လေးလံသွားသော ပုခုံးတဖက်ကိုစောင့်ကြည့်လိုက်တော့ ယိချန်ကသူ၏ပုခုံးပေါ်တွင် ခေါင်းကိုစောင်းကာ မှီထား၏။

" ဒီအတိုင်းလေးပဲ။ ခဏ..."

" တ...တသက်လုံးဆိုလည်း..ကျွန်တော်ကအဆင်ပြေပါတယ်။"

( လီချီရှန်းနဲ့ ပြောဖြစ်ခဲ့တဲ့စကားတွေအကုန်လုံးက နှစ်ဦးကြားမှာပဲ ပျောက်ကွယ်သွားသင့်ပြီ။ အန်းလုရဲ့ ဝိညာည်က အန်းလုကိုယ်မှာပဲ ပြန်ရှိနေမှာမလို့ ချိုက်အန်းကို အမြန်ဆုံးပြန်ပါ ဆိုတဲ့စကားကိုရောပေါ့။)

..............................

" အရှင်ပြန်ရောက်နေပြီ ဟုတ်လား။ ဘာလို့.. ငါအဆောင်ကိုသွားလိုက်မယ်။"

အားလော့က ချီရှန်းပြန်ရောက်နေပြီဟူသော သတင်းကြားကြားချင်းပင် သူမ၏လက်ထဲရှိ သစ်သားဗန်းကို ပစ်ထားခဲ့ပြီး ဝူရှဲ့အဆောင်သို့ ပြေးလာခဲ့သည်။ အန်းလုအား ပဲပေါင်မုန့်ကျွေးခဲ့ပြီးနောက် ပြန်ရောက်လာချိန်တွင် အရှင်ပြန်ရောက်ပြီဟူသော သတင်းကိုကြားရသော်လည်း အဘယ့်ကြောင့် အန်ုးလုပြောသလို အရှင်က အန်ုးလုဆီ မလာရသနည်း။ သူမသိသေးလို့များလား။

" အရှင်..."

အားလော့က ချက်ချင်းဝူရှဲ့အဆောင်ထဲသို့ပြေးဝင်ရင်း လီချီရှန်းရှိရာ စာကြည့်ခန်းထဲသို့ ပြေးဝင်လိုက်သည်။ သူ့ရဲ့အော်သံကြောင့် ချီရှန်း၏ မှောက်အိပ်နေသော ကိုယ်ခန္တာကအနည်းငယ် လှုပ်သွား၏။

သူမက ချက်ချင်း စားပွဲရှေ့တွင် ဒူးထောက်ချလိုက်သည်။

" အရှင် အိပ်ပျော်နေတာကို နှိုးမိလို့ သေသင့်ပါတယ်။"

ချီရှန်းက သူ၏မျက်ခုံးများကိုကြုံကာထားရင် ခေါင်းကိုထောင်လိုက်သည်။ ရှေ့တွင် ဒူးထောက်ကာ ခေါင်းကိုငုံ့ရင်း တုန်ယင်နေသော အားလော့အားကြည့်ရင်း

" ထားလိုက်​တော့....ဘာအကြောင်းရှိလို့လဲ။"

"အန်း...အန်းလု...သူလေ..."

အားလော့က ချီရှန်းကိုမေယ့ကြည်လျက်တတ်ကြွစွာဆိုလာသည်။ ချီရှန်းက အန်းလုဟူသေယ အမည်ကြောင့်ချက်ချင်း မျက်ဝန်းတို့က ပြူးကျယ်လာလေ၏။ ထိုင်နေရာမှ ထကာ အားလော့အနားသို့ရောက်ကာလာတော့သည်။ သူမဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ရင်း

" အန်းလု...အန်းလုဘာဖြစ်လို့လဲ။"

ထိုစဥ်ခဏ အားလော့သည် ချီရှန်းနှင့် မျက်ဝန်းချင်းဆုံမိသည်။ အိပ်ထားသောကြောင့် အနည်းငယ်ရဲနေသော သွေးကြောမျှင်များထနေသည့်မျက်ဝန်းတို့သည် မျှော်လင့်ခြင်းများ မြောက်များစွာကို ကိုယ်စားပြုလျက်ရှိသည်။ အားလော့က သူမ၏ ခေါင်းကိုပြန်ငုံ့ကာ အော်လိုက်သည်။

" အန်းလု....အန်းလုပြန်နိုးလာပြီ။"

" အန်းလု....ပြန်နိုးလာပြီလား။"

" အန်းလု ပြန်နိုးလာပါပြီ။ တကယ်ပါ။ ကျွန်မကိုယ်တိုင် တွေ့ခဲ့တာပါ။ သူအခု အဲ့ဒီအခန်းခဲမှာ ထိုင်နေပါတယ်။"

" ဒါဆို....ဟိုတယောက်ပြောတာအမှန်ပဲပေါ့။ သု့ရဲ့ဂိညာည်က သူ့အနားကိုပြန်ရောက်နေပြီဆိုတာ.....

သွားရအောင်...အခုပဲ သူ့ဆီကိုသွားရအောင်။"

ချီရှန်းက ထရပ်လိုက်ပြီးနောက် ချက်ချင်းပင် ထွက်သွားလေတော့သည်။ အားလော့သည်လည်း အမြန်ပင်ထရပ်လိုက်ပြီး အမှီလိုက်ရလေတော့၏။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပျောက်သွားတယ်ဆိုတာ Q ဝင်နေရလို့ပါ။ အနံ့မရလို့ မနက်ဖြန်နောက်တစ်ခါစစ်မှာ N ထွက်ရင် အိမ်ပြန်လို့ရပါပြီ။ မမေးလည်းဖြေပါတယ်။ 😁😁

" ေလာ့ေလာ့ နင္ျပန္နိုးလာၿပီလား။"

"ဟင္း....ဟင္း..."

အားေလာ့ နဂိုအန္းလုလွဲေနေသာ ေက်ာက္ဖ်ာေပၚတြင္ပင္ လွဲကာေနရင္းမွ အိပ္ခ်င္မူးတူးပုံစံျဖင့္နိုးကာလာသည္။ ၾကည့္ရသည္မွာ အန္းလုက သူမကိုခ်ီကာ ထိုေနရာသို႔ပို႔ထားေပးပုံရ၏။ အားေလာ့က သူမ၏ မ်က္ဝန္းႏွစ္ဖက္ကို လက္ႏွစ္ဖက္ျဖင့္ ခပ္ၾကမ္းၾကမ္းပြတ္ျပန္ရင္း အန္းလုကိုၾကည့္ေနျပန္သည္။ အန္းလုကလည္း သူ႔ကိုစိုးရိမ္ေနသည့္ အၾကည့္တို႔ျဖင့္ ၾကည့္ေနေလ၏။

အားေလာ့ ေကာက္ထိုင္လိုက္သည္။ အန္းလုက ႐ုတ္တရက္လွုပ္ရွားလိုက္ေသာ အားေလာ့ေၾကာင့္ ေနာက္သို႔ပင္ အနည္းငယ္ဆုပ္လိုက္မိသည္။ အန္းလုက ေက်ာက္ဖ်ာ၏ ေအာက္နားတြင္ ေဆာင့္ေၾကာင့္ထိုင္ေနျခင္းျဖစ္သည္။ ထ ထိုင္လိုက္ေသာ အားေလာ့က ႐ုတ္တရက္ပင္ေအာက္တြင္ ထိုင္ကာသူ႔အားၾကည့္ေနေသာ အန္းလု၏ ပါးႏွစ္ဖက္ကို ဆြဲညႇစ္ပစ္လိုက္သည္။ ပါးႏွစ္ဖက္လုံးအား အားရပါးရဆြဲထားရင္း အံ့ၾသေနပုံရသည္။ အန္းလုက သူမ၏လက္တစ္ဖက္ကို ရိုက္ခ်လိုက္ရင္း

" အ့....နာတယ္ဟ။ ျဖည္းျဖည္းသက္သာလုပ္ပါ။"

" အန္းလု....နင္...နင္တကယ္ပဲ ျပန္ ျပန္ရွင္လာတာလား။ ဒါႀကီးက အိမ္မက္ႀကီးမလား။"

" ငါလည္းမသိဘူး။ နင္ ကိုယ့္ဘာသာကို ဆြဲဆိတ္ၾကည့္ေလ။ ငါ့ကိုေတာ့ ထပ္လာမလူပ္နဲ႔ေနာ္။ ငါ့ပါးေတြရဲေနေလာက္ၿပီ။"

အားေလာ့က သူမ၏ လက္ေမာင္းကို ျပန္ကာအားပါပါလိမ္ဆြဲလိုက္သည္။

" အား....နာတယ္။ ဒါ...ဒါဆို...."

" အင္း....စိတ္ကူးယဥ္တာမ်ိဳးေနမွာ။"

အားေလာ့က ဝမ္းသာအားရျဖင့္ခ်က္ခ်င္းေကာက္ထလိုက္၏။ အန္းလုကလည္း သူမမတ္တပ္ရပ္လိုက္သည္ႏွင့္ လိုက္ရပ္ေလေတာ့ အားေလာ့က သူ႔အား ခုန္ကာဖက္လိုက္သည္။ လက္ႏွစ္ဖက္ကို အန္းလုလည္ပင္းထက္တြင္ ခ်ိတ္လို​က္ရင္း သူမ၏ေျခေထာက္မ်ားကို ေျခဖ်ားေထာက္က ဆက္တိုက္ခုန္ေနေလ၏။

" ငါသိတယ္။ မျဖစ္နိုင္ဘူးဆိုတာငါ သိေနေပမဲ့ နင္ဒီကမၻာကိုျပန္လာအုန္းမယ္ဆိုတာ ငါသိတယ္။  ေနာက္ဆုံးေတာ့ နင္ျပန္ေရာက္လာၿပီေပါ့။ ငါေပ်ာ္လိုက္တာ...."

" ျဖည္းျဖည္းလုပ္ပါ။ နင္လုပ္လို႔ ငါျပန္ေသသြားမလားေတာင္ ေအာင့္ေမ့ရတယ္။"

" အာ...ေတာင္းပန္ပါတယ္ဟ။ အေပ်ာ္လြန္သြားလို႔ပါ။"

အားေလာ့က ခ်ိတ္တြယ္ကာထားေသာ သူမ၏လက္မ်ားကို ျပန္ျဖည္လိုက္ၿပီး အန္းလုႏွင့္ အနည္းငယ္ျပန္ခြာလိုက္သည္။ ၿပီးေနာက္ သူမက လက္ခုပ္တီးလိုက္ကာ

" အရွင့္ကို....ငါတို႔အရွင့္ကို သတိေပးရမွာ။ သူသာဆို....အမေလး...ငါျဖင့္ေတြးေတာင္မေတြးရဲဘူး။ သူ႔ရဲ့ႏွလုံးခုန္ႏွုန္း ရပ္သြားမွာေတာင္ စိုးရတယ္။ ငါသြားၿပီးေတာ့...."

အားေလာ့က ထိုအခန္းအျပင္ဘက္သို႔ ထြက္ရန္အျမန္ေျပးေလ၏။ အန္းလုက ေနာက္မွသူမအားလွမ္းေအာ္ေခၚလိူက္သည္။

" ေလာ့ေလာ့......ေနပါအုန္း။ ေနအုန္း။ ငါ့ဆီျပန္လာခဲ့အုန္း။"

" အမ္....ဘာျဖစ္လို႔လဲ ။ သူက အခုတျခားတိုင္းျပည္ေရာက္ေနတာ။ အဲ့တာေၾကာင့္ ငါသူ႔ကိုစာပို႔ဖို႔ ျမန္နိုင္သမၽွျမန္ျမန္လုပ္ရမယ္ေလ။"

" အင္းပါ။ သူ ဝူနန္ကိုေရာက္​ေနတာ ငါသိၿပီးသားပါ။ ငါလည္း သူနဲ႔အတူရွိေနခဲ့တာ။"

" နင္က သူနဲ႔အတူရွိေနတယ္ ဟုတ္လား။"

" အင္း ဟုတ္တယ္လို႔။"

အန္းလုက ျဖစ္ေၾကာင္းကုန္စင္ကို အားေလာ့အားေျပာျပလိုက္သည္။ အားေလာ့ ပါးစပ္အေဟာင္းသားျဖင့္ပင္ အန္းလုေျပာသမၽွကိုနားေထာင္ေနမိ၏။

" ဒါဆို နင္ကသူမ်ားခႏၲာကိုယ္ထဲေရာက္ေနတာေပါ့။"

" အင္း....အဲ့လိုလည္းမဟုတ္ဘူး။ တကယ့္ မူရင္းပိုင္ရွင္ကလည္း သက္သက္သူ႔ဘာသာရွိေနတာ။ ငါက ပုံတူပြားထားတာခံရတာမ်ိဳး။"

" ရွုပ္ေထြးလိုက္တာ။ ဒါနဲ႔ နင့္ကိုဒီကိုျပန္ပို႔လိုက္တယ္ဆိုတဲ့သူကေရာ...."

" ပို႔လိုက္တယ္ဆိုမွ ငါသတိရၿပီ။ ငါဒီနန္းေတာ္ထဲမွာ ပစၥည္းတစ္ခုရွာစရာရွိတယ္။ အရင္က ရွန္းရွန္းရဲ့မိခင္ေနခဲ့တဲ့ အေဆာင္မွာ ဆံထိုးတစ္ခုကိုငါရွာရမယ္။ သူက ဆံထိုးကို ငါ့ရဲ့ဒီခႏၲာကိုယ္ရေအာင္ျပန္လူပ္ေပးပါမယ္ဆိုတာနဲ႔ လဲထားတာ။ နန္းေတာ္ကႀကီးေတာ့ ငါပထမဆုံးေတြးမိတာက မိဖုရားရဲ့အေဆာင္ကိုပဲမလို႔..."

" ေနအုန္း။ အဲ့တာက အေရးႀကီးလား။ နင္အခု အရွင့္ကိုပူရမွာေလ။ သူအခုဆို ဘယ္ေလာက္ထိေပါက္ကြဲေနလိုက္မလဲ။"

အားေလာ့က စိတ္ဆိုးသည့္ေလသံျဖင့္ ထေျပာေလ၏။ အန္းလုက သူ၏ဝတ္႐ုံလက္ရွည္စျဖင့္ သူ၏ႏွာေခါင္းအားပြတ္လိုက္ရင္း အားေလယ့ကိုၾကည့္ကာ

" သူအခုေလာက္ဆို ခ်ိဳက္အန္းကိုျပန္လာေနေလာက္ၿပီ။ ျဖစ္ပ်က္သေလာက္ကိစၥေတြကို ငါ ယိခ်န္ကို စာပို႔ၿပီးေျပာျပထားၿပီးသားမလို႔ သူအခုေလာက္ဆို ငါ့ဆီကိုလာေနေလာက္ၿပီ။"

" နင္ ျပန္ရွင္လာမယ္ဆိုတာကို သူသိၿပီးသားလို႔ဆိုလိုတာလား။"

" အင္းလို႔...လာတဲ့လမ္းမွာလို႔။ ငါယိခ်န္ကို သူ႔ကိုရွင္းျပဖို႔ ေျပာထားခဲ့တာမလို႔။

ငါ ယိခ်န္ရဲ့မိခင္ကို သြားေခၚဖို႔ ကိစၥကိုေရးရင္း ငါ့ကိုယ္ငါမသကၤာလို႔ အဲ့ဒီစာကိုပါေရးၿပီး အတူထည့္ေပးလိုက္တာ။ အခ်ိန္ကိုက္သြားတယ္လို႔ပဲ မွတ္ရမွာ။ ဒီေလာက္ျမန္ျမန္ႀကီး ဒီကိုယ္ထဲျပန္ေရာက္လိမ့္မယ္လို႔ ထင္မထားဘူး။"

အန္းလုက ထိုေက်ာက္ဖ်ာေပၚမွ ထရပ္လိုက္သည္။ ေဘးတြင္သူႏွင့္အတူ ထိုင္ေနေသာ အားေလာ့က ထသြားေသာ အန္းလုအားေမာ့ၾကည့္ေန၏။ အန္းလုက သူ၏လက္ႏွစ္ဖက္ကိုမိုးေပၚ ေျမႇာက္လိုက္ၿပီးေနာက္ ပ်င္းေၾကာဆန္႔လိုက္သည္။

" အားယား....ဘာပဲျဖစ္ျဖစ္ကို ကိုယ့္ရဲ့မူလကိုယ္ခႏၲာကိူက အေကာင္းဆုံးပဲ။ ေနလို႔ေကာင္းလိုက္တာ။ အိပ္ေရးဝသြားသလိုခံစားရတယ္။"

အန္းလုက အားေလာ့အား ေနာက္တြင္ထားရင္း သူကမူေရွ႕တြင္ ခါးကုန္းလိုက္ ေကာ့လိုက္၊ ကိုင္းလိုက္ျဖင့္ ေလ့က်င့္ခန္းမ်ိဳးစုံကိုလုပ္ေနေလ၏။

" ဒီေန႔က ဘယ္ႏွရက္ေန႔လဲ။"

အန္းလုက ေနာက္သို႔လွည့္ကာေမးလိုက္သည္။ အားေလာ့က ခ်က္ခ်င္းျပန္ေျဖေလ၏။

" လဆုတ္ရဲ့ ၄ရက္ေျမာက္ေန႔။"

" ေတာ္ေသးတယ္။ ငါခ်က္ခ်င္းေရာက္လို႔။ ဒါဆို ရွန္းရွန္း ျပန္ေရာက္မဲ့အခ်ိန္ကိုေစာင့္႐ုံပဲေပါ့။"

"........"

အားေလာ့က အန္းလုကိုသာ ပါးစပ္အေဟာင္းသားျဖင့္ ၾကည့္ေနသည္။ တေအာင့္ၾကာေတာ့ အန္းလုက အားေလာ့ေဘးနားတြင္ ျပန္ကာလာဝင္ထိုင္၏။

" ေလာ့ေလာ့....စားစရာေလးဘာေလးမပါဘူးလား။ ငါဗိုက္ဆာလို႔...."

" ေဆးေတြပဲပါတာ။ ငါသြားယူေပးမယ္ေလ။ ပဲေပၚမုန္႔..."

"You're the Best"

အန္းလုက မ်က္စိတစ္ဖက္ကိုမွိတ္ရင္း အားေလာ့အား လက္ညိဳးထိုးကာဆိုသည္။ အားေလာ့က ေၾကာင္ေတာင္ေတာင္ျဖင့္ပင္ သူ႔ကိုယ္သူလက္ညိဳးထိုးရင္း

" ယူအာသည္...ဘာ..."

"နင္က အေကာင္းဆုံးပဲလို႔ေျပာတာ။ "

" ေအာ္...အဲ့လိုကိုး။ ဒါနဲ႔ အျပင္ကိုမလိုက္ဘူးလား။"

"ငါက ေသလူေလ။ ငါ့ကိုတေယာက္ေယာက္ျမင္သြားရင္ အကုန္လန္႔ကုန္မွာေပါ့။ ရွန္းရွန္းျပန္လာတဲ့အထိေစာင့္လိုက္မယ္။"

" အင္း..အင္း...အဆင္ေျပသားပဲ။ "

အားေလာ့ လွည့္ၾကည့္လွည့္ၾကည့္ႏွင့္ပင္အျပင္သို႔ထြက္သြားေလေတာ့သည္။ အန္းလုက ထိုေနရာတြင္ပင္ ငုတ္တုတ္က်န္ေနခဲ့ေလ၏။

......................................

" ဂိတ္တံခါးဖြင့္...."

နန္းေတာ္သို႔ ေတာက္ေလ်ာက္ပင္ ျမင္းကိုဒုန္းဆိုင္းစီးကာလာေသာ ထိုလူေၾကာင့္ ဂိတ္ဝရွိအေစာင့္မ်ား အလုပ္ရွုပ္ကုန္ၾကသည္။

"ဂိတ္တံခါးျမန္ျမန္ဖြင့္ အဲ့တာ ရွင္ဘုရင္လီခ်ီရွန္းပဲ။"

ဂိတ္တံခါးကိုအလ်င္အျမန္ဖြင့္ကာေပးလိုက္ၿပီးေနာက္ အရွိန္ကအနည္းငယ္ပင္ ေလ်ာ့သြားျခင္းမရွိပဲ ထိုအတိုင္းသာ ျမင္းကိုဒုန္းစိုင္းစီးသြား၏။

" အရွင္...ျပန္လာပါၿပီလား။ "

ခ်ီရွန္းက ျမင္းဇာတ္ႀကိဳးကို ျမင္းထိန္းအားေပးလိုက္ၿပီး သူ၏ ဝူရွဲ႕အေဆာင္သို႔ တိုက္ရိုက္ဝင္လာလိုက္သည္။ နန္းတြင္းသူ အေစခံတစ္ခ်ိဳ႕က ႐ုတ္တရက္ျပန္ေရာက္ကာလာေသာ ဘုရင္ေၾကာင့္ ထိန္႔လန္႔ေနၾက၏။ ခ်ီရွန္းက သူ၏ စာၾကည့္ေဆာင္ထဲသို႔ တိုက္ရိုက္ဝင္သြားကာ ထိုင္ခုံေပၚတြင္ ထိုင္ခ်လိုက္သည္။ သူ၏စာၾကည့္စားပြဲေပၚတြင္ လက္ႏွစ္ဖက္ကိုတင္ကာ ႏွဖူးကိုထိုလက္ယွက္ထားေသာ ႏွစ္ဖက္ေပၚသို႔ တင္လိုက္ၿပီးေနာက္ ၿငိမ္က်သြားေလ၏။

တခဏေနေတာ့ နန္းတြင္းသူႏွစ္ဦးခန္႔က သူ၏စားပြဲေပၚသို႔ လက္ဖက္ရည္ပြဲလာခ်ေပးသည္။ တစ္ေယာက္က လက္ဖက္ရည္အားငွဲ႕ကာေပးရင္း

" အရွင္...ခရီးပန္းလာတာမလို႔ လက္ဖက္ရည္ေလး သုံးေဆာင္ပါအုန္း.."

"ထြ​က္သြား..."

*ခြမ္း....*

ခ်ီရွန္းက ထိုလက္ဖက္ရည္ခြက္အား သူ၏လက္တစ္ဖက္ကိုေျမႇာက္ကာ ခါခ်ပစ္လိုက္သည္။ စူးစူးဝါးဝါး ေအာ္သံတစ္ခုက ထြက္လာ၏။ နန္းတြင္းသူႏွစ္ဦးလုံး ၾကမ္းျပင္တြင္ ဒူးေထာက္လိုက္ၾကၿပီးေနာက္ အတင္းခယကာ ေတာင္းပန္ၾကေလေတာ့သည္။

" စိုးရြံပါတယ္။ ကၽြန္ေတာ္မ်ိဳးမရဲ့အမွားပါ။ အသက္ကိုခ်မ္းသာေပးပါ။"

"အသက္ကိုခ်မ္းသာေပးပါ။"

ခ်ီရွန္းက သူ၏ေခါင္းကိုျပန္ေထာင္လိုက္ၿပီးေနာက္ ေျမေပၚတြင္ဝပ္တြားေနေသာ ထိုႏွစ္ေယာက္အား ၾကည့္လိုက္သည္။

" ထြက္သြားလို႔....ငါတစ္ခုခုမလုပ္မိခင္..."

" ေက်းဇူးႀကီးမားလွပါတယ္ ။ "

" ေက်းဇူးႀကီးမားလွပါတယ္ ။"

နန္းတြင္းသူႏွစ္ေယာက္လုံးခ်က္ခ်င္းဆိုသလိုပင္ အျပင္သို႔ေျပးထြက္သြားၾကေလေတာ့၏။ ခ်ီရွန္းကလည္း ထိုေနရာတြင္ပင္ က်ကာကြဲေနေသာ လက္ဖက္ေျခာက္မ်ား အနည္းငယ္ေပေနသည့္ ပန္းကန္လုံးကြဲစမ်ားကို ၾကည့္ေနေလသည္။

......................................

" ဘာလို႔လဲ။ ကၽြန္ေတာ္က မင္းသားေလးအကုန္လုံးေျပာျပလိုက္လိမ့္မယ္ ထင္ထားတာ။"

က်င့္ခ်ီက အန္ုးလအေၾကာင္းစုံေရးထားေသာစာအား ယိခ်န္ျပေလေတာ့မွ လွည္းကိုရပ္ရင္းေမးလိုက္သည္။

" အင္း...နည္းနည္းေလး ထိန္ခ်န္လိုက္မိတယ္ေပါ့။ ဘာပဲျဖစ္ျဖစ္ သူတို႔ကို ေသျခင္းတရားကေတာင္ခြဲနိုင္တာမွမဟုတ္တာ။ သူတို႔ျပန္ေတြ႕ၾကမွာပဲေလ။"

"အင္း ဟုတ္ပါတယ္။"

လွည္းကိုေမာင္းေနရင္းပင္ ခ်ီရွန္း၏အေၾကာင္းကိုေျပာေနပုံရသည္။ ယိခ်န္က ခပ္ေရးေရးျပဳံးလိုက္ၿပီးေနာက္ က်င့္ခ်ီက လွည္းကိုဆက္ေမာင္းလိုက္သည္။ အထဲတြင္ ယိခ်န္၏မိခင္က ၿငိမ္ကာေနသည္။

" ဒါနဲ႔ အန္းလုက သူ႔ရဲ့ကိုယ္ကိုျပန္ရၿပီဆိုတဲ့အေၾကာင္းကို လီခ်ီရွန္းကိုမေျပာိး၏။ ယိခ်န္က ေတြးေနသည့္ပုံစံျဖင့္

"အင္း...ဘယ္လိုလဲဆိုေတာ့ အန္းလုက အရွင့္ဆီကို မျဖစ္ျဖစ္တဲ့နည္းနဲ႔ ျပန္လာမွာမလို႔ အရွင္က ကိုယ့္ရဲ့ေနရာေလးမွာပဲ ရပ္ေနေပးရင္ရပါၿပီေပါ့။"

"အဲ့ေတာ့ သူကျပန္တယ္တဲ့လား။"

"အင္း....သူကဘာျဖစ္ျဖစ္ယုံေနတဲ့အေျခအေနမွာရွိတယ္။ ဒါမွမဟုတ္ ကၽြန္ေတာ့ရဲ့ စကားေျပာစြမ္းရည္က အရမ္းေကာင္းေနတာမ်ားလား။"

" မင္းသားေလး အရမ္းေတာ္တာကၽြန္ေတာ္အသိဆုံးပါ။"

ရီေနေသာ ယိခ်န္မွာ မ်က္ႏွာပင္အနည္းငယ္နီသြားေလ၏။ သူ၏ေခါင္းကို ငုံ႔လိုက္ရင္းပင္

" က်င့္ခ်ီကိုေတာ့ ကၽြန္ေတာ္ စေနာက္လို႔မရဘူးပဲ။ ဘာပဲျဖစ္ျဖစ္ ကၽြန္ေတာ္တို႔ အခုခ်ိန္ကစၿပီး ေျခဦးတည္ရာကို သြားၾကတာေပါ့။ "

" အင္း ကၽြန္ေတာ္တို႔သုံးေယာက္အတူတူ"

က်င့္ခ်ီကသူ၏ လွည္းယာဥ္ကိုဆက္ေမာင္းႏွင္လိုက္သည္။ ႐ုတ္တရက္ပင္ ေလးလံသြားေသာ ပုခုံးတဖက္ကိုေစာင့္ၾကည့္လိုက္ေတာ့ ယိခ်န္ကသူ၏ပုခုံးေပၚတြင္ ေခါင္းကိုေစာင္းကာ မွီထား၏။

" ဒီအတိုင္းေလးပဲ။ ခဏ..."

" တ...တသက္လုံးဆိုလည္း..ကၽြန္ေတာ္ကအဆင္ေျပပါတယ္။"

( လီခ်ီရွန္းနဲ႔ ေျပာျဖစ္ခဲ့တဲ့စကားေတြအကုန္လုံးက ႏွစ္ဦးၾကားမွာပဲ ေပ်ာက္ကြယ္သြားသင့္ၿပီ။ အန္းလုရဲ့ ဝိညာည္က အန္းလုကိုယ္မွာပဲ ျပန္ရွိေနမွာမလို႔ ခ်ိဳက္အန္းကို အျမန္ဆုံးျပန္ပါ ဆိုတဲ့စကားကိုေရာေပါ့။)

..............................

" အရွင္ျပန္ေရာက္ေနၿပီ ဟုတ္လား။ ဘာလို႔.. ငါအေဆာင္ကိုသြားလိုက္မယ္။"

အားေလာ့က ခ်ီရွန္းျပန္ေရာက္ေနၿပီဟူေသာ သတင္းၾကားၾကားခ်င္းပင္ သူမ၏လက္ထဲရွိ သစ္သားဗန္းကို ပစ္ထားခဲ့ၿပီး ဝူရွဲ႕အေဆာင္သို႔ ေျပးလာခဲ့သည္။ အန္းလုအား ပဲေပါင္မုန္႔ေကၽြးခဲ့ၿပီးေနာက္ ျပန္ေရာက္လာခ်ိန္တြင္ အရွင္ျပန္ေရာက္ၿပီဟူေသာ သတင္းကိုၾကားရေသာ္လည္း အဘယ့္ေၾကာင့္ အန္ုးလုေျပာသလို အရွင္က အန္ုးလုဆီ မလာရသနည္း။ သူမသိေသးလို႔မ်ားလား။

" အရွင္..."

အားေလာ့က ခ်က္ခ်င္းဝူရွဲ႕အေဆာင္ထဲသို႔ေျပးဝင္ရင္း လီခ်ီရွန္းရွိရာ စာၾကည့္ခန္းထဲသို႔ ေျပးဝင္လိုက္သည္။ သူ႔ရဲ့ေအာ္သံေၾကာင့္ ခ်ီရွန္း၏ ေမွာက္အိပ္ေနေသာ ကိုယ္ခႏၲာကအနည္းငယ္ လွုပ္သြား၏။

သူမက ခ်က္ခ်င္း စားပြဲေရွ႕တြင္ ဒူးေထာက္ခ်လိုက္သည္။

" အရွင္ အိပ္ေပ်ာ္ေနတာကို ႏွိုးမိလို႔ ေသသင့္ပါတယ္။"

ခ်ီရွန္းက သူ၏မ်က္ခုံးမ်ားကိုၾကဳံကာထားရင္ ေခါင္းကိုေထာင္လိုက္သည္။ ေရွ႕တြင္ ဒူးေထာက္ကာ ေခါင္းကိုငုံ႔ရင္း တုန္ယင္ေနေသာ အားေလာ့အားၾကည့္ရင္း

" ထားလိုက္​ေတာ့....ဘာအေၾကာင္းရွိလို႔လဲ။"

"အန္း...အန္းလု...သူေလ..."

အားေလာ့က ခ်ီရွန္းကိုေမယ့ၾကည္လ်က္တတ္ႂကြစြာဆိုလာသည္။ ခ်ီရွန္းက အန္းလုဟူေသယ အမည္ေၾကာင့္ခ်က္ခ်င္း မ်က္ဝန္းတို႔က ျပဴးက်ယ္လာေလ၏။ ထိုင္ေနရာမွ ထကာ အားေလာ့အနားသို႔ေရာက္ကာလာေတာ့သည္။ သူမေဘးတြင္ ေဆာင့္ေၾကာင့္ထိုင္လိုက္ရင္း

" အန္းလု...အန္းလုဘာျဖစ္လို႔လဲ။"

ထိုစဥ္ခဏ အားေလာ့သည္ ခ်ီရွန္းႏွင့္ မ်က္ဝန္းခ်င္းဆုံမိသည္။ အိပ္ထားေသာေၾကာင့္ အနည္းငယ္ရဲေနေသာ ေသြးေၾကာမၽွင္မ်ားထေနသည့္မ်က္ဝန္းတို႔သည္ ေမၽွာ္လင့္ျခင္းမ်ား ေျမာက္မ်ားစြာကို ကိုယ္စားျပဳလ်က္ရွိသည္။ အားေလာ့က သူမ၏ ေခါင္းကိုျပန္ငုံ႔ကာ ေအာ္လိုက္သည္။

" အန္းလု....အန္းလုျပန္နိုးလာၿပီ။"

" အန္းလု....ျပန္နိုးလာၿပီလား။"

" အန္းလု ျပန္နိုးလာပါၿပီ။ တကယ္ပါ။ ကၽြန္မကိုယ္တိုင္ ေတြ႕ခဲ့တာပါ။ သူအခု အဲ့ဒီအခန္းခဲမွာ ထိုင္ေနပါတယ္။"

" ဒါဆို....ဟိုတေယာက္ေျပာတာအမွန္ပဲေပါ့။ သု႔ရဲ့ဂိညာည္က သူ႔အနားကိုျပန္ေရာက္ေနၿပီဆိုတာ.....

သြားရေအာင္...အခုပဲ သူ႔ဆီကိုသြားရေအာင္။"

ခ်ီရွန္းက ထရပ္လိုက္ၿပီးေနာက္ ခ်က္ခ်င္းပင္ ထြက္သြားေလေတာ့သည္။ အားေလာ့သည္လည္း အျမန္ပင္ထရပ္လိုက္ၿပီး အမွီလိုက္ရေလေတာ့၏။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ေပ်ာက္သြားတယ္ဆိုတာ Q ဝင္ေနရလို႔ပါ။ အနံ့မရလို႔ မနက္ျဖန္ေနာက္တစ္ခါစစ္မွာ N ထြက္ရင္ အိမ္ျပန္လို႔ရပါၿပီ။ မေမးလည္းေျဖပါတယ္။ 😁😁

© Hnin Aung,
книга «Love, But Hurt (Season_3) The Last Begin».
Коментарі