Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 18
"အဲ့တော့ ဒီနှစ်အတွင်း အချစ်ရေးအခြေအနေက"

အန်းလုက တူတစ်စုံကိုကိုင်ထားလျက်ပင် ရှေ့တွင်ရှိနေသော ကျီချန်းအားမေးလိုက်သည်။ တစ်ခြားသောအကြောင်းအရာများကမေးရန်ပင်မလိုပဲ ပြည့်စုံနေသူတစ်ယောက်ဆိုတာကိုသူသိသည်။ ကျီချန်းက လက်ဖက်ရည်သောက်နေချိန်ဖြစ်တာကြောင့် အန်းလု၏စကားကိုကြားလိုက်ရသည့်အခါတွင် ရုတ်တရက်ရပ်တန့်သွားလေသည်။ ချီရှန်းသည်ပင် လှူပ်ရှားမှုက ခတ္တရပ်တန့်သွားသေး၏။ သို့သော်လည်း ချက်ချင်းပင်ပြန်ထိန်းလိုက်ရင်း လုပ်လက်စအလုပ်ကိုသာဆက်လုပ်နေလိုက်သည်။ ကျီချန်းကလည်း သောက်လက်စလက်ဖက်ရည်ပန်းကန်လုံးလေးအား စားပွဲပေါ်တွင်ပြန်ချလိုက်ပြီး

"အဲ...မတွေ့သေးပါဘူး။ အခုထိတော့။"

ကျီချန်းက ခေါင်းကုတ်လျက်ဖြေသည်။ အန်းလု၏ မျက်ဝန်းများက အရောင်တောက်ပနေလေ၏။

( သုံးဆယ်နားပဲနီးနေပြီကို။ လူပျိုကြီးအဖြစ်အရိုးထုတ်ရတော့မှာပဲ)

သူက တူကိုင်ထားသောလက်တစ်ဖက်ဖြင့် ကျီချန်းအားလက်ခါပြသည်။ ကျီချန်းက မေးမော့လိုက်ပြီး သူ၏အမူအရာကိုမေးလိုက်သည်။

"အဲ့တာက ဘာကိုပြောချင်တာလဲ။"

(အဲ့လိုကလည်းပြောလို့မရဘူး။ အကိုကျီချန်းမှာ မိန်းမတွေအများကြီးပဲ)

အန်းလုက ခေါင်းကုတ်လျက်ပင်

"ဘာမှမဟုတ်ပါဘူး။ ဒါနဲ့ ကျီယွမ်တို့ရော အဆင်ပြေကြရဲ့လား။"

"အင်း...သူတို့ကတော့ အေးဆေးပါပဲ။ ကျီယွမ်က အရင်နှစ်က သားလေးတစ်ယောက်မွေးတယ်လေ။ နောက်တစ်လဆိုရင်ပဲ ကလေးကတစ်နှစ်ပြည့်ပြီ။"

"ဝိုး...ဝိုး...တိုးတတ်နေလိုက်တာ ကျီယွမ်တို့များ။ ဒါနဲ့သူရော အရင်အတိုင်းပဲလား။ ပြောင်းလဲသွားသေးလား။"

အန်းလု၏စကားကြောင့် ကျီချန်းကရီလိုက်သည်။

"ဘယ်ကသာ....နည်းနည်းလေးလောက်ပဲပြောင်းသွားတာ။ မိခင်ဖြစ်လာလို့လည်းဖြစ်လိမ့်မယ်။ ကျန်တဲ့အချိုးတွေကတော့ မပြောင်းသေးဘူး။အဲ့တုန်းကဆို အကို့မှာ သူတို့ကိုနန်းတော်ကိုမနည်းခေါ်လာခဲ့ရတယ်။ "

"ထင်တယ်။ ထင်တယ်။ သူတိူ့နှစ်​ယောက်ရဲ့ပုံစံက သူများတွေထက်ကိုပိုထူးခြား​နေတာလေ။ တစ်ယောက်က တည်ငြိမ်ပြီး တစ်ယောက်က အမြဲတတ်ကြွနေတာ။"

အန်းလုကတူကို ဝေ့ယမ်းလျက်ဆိုသည်။ ဘေးရှိ ချီရှန်းက ထပြောလေ၏။

"ကိုယ်တို့လည်းတူတူပဲ။"

နှစ်ဦးသားစကားကောင်းနေကြသည်မှာ ဘေးတွင်ရှိသော ချီရှန်းကိုပင်မေ့နေကြလေ၏။ အန်းလုက ချီရှန်း၏ စကားကိုကြားလေတော့ ချီရှန်းကိုကြည့်ကာ စလိုက်သည်။

" တကယ်ကြီးပေါ့။ တည်ငြိမ်သူ လူကြီးမင်း။"

"အဟမ်း။ ဟုတ်တယ်။"

ချီရှန်းက ခပ်တည်တည်ပင်ပြန်ဖြေလိုက်တာကြောင့် သူတို့ရှေ့တွင်ရှိသော ကျီချန်းကထရီလေတော့သည်။

"ဟားဟား.... ဟားဟား ။"

"မင်းက ဘာလို့ရီတာလဲ။ "

ချီရှန်းက ကျီချန်းအားချက်ချင်း ငေါက်လိုက်လေသည်။ ကျီချန်းက သူ၏ ရီသံကိုချက်ချင်းပိတ်လိုက်ပြီးနောက် နှစ်ယောက်သား မျက်နှာချင်းဆိုင်ပြီး တစ်ယောက်ကိုတစ်ယောက်မျက်တောင်မခတ်တမ်းကြည့်နေလေ၏။ အန်းလုက တင်းမာလာသောအခြေအနေကို သိတာကြောင့် တခဏတော့ သူ၏ နေ့လည်စာကိုဆက်စားနေလိုက်သည်။ ပတ်ဝန်းကျင်၏ လေထုကအေးစက်သည့်အငွေ့အသက်သို့ရောက်ရှိနေလေသည်။ ချီရှန်းကပင် စကားစလိုက်၏။

"ချကြမလား။"

ကျီချန်းက သူ၏နှူတ်ခမ်းကိုကော့ညွှတ်ရုံသာပြုံးလိုက်ရင်း ဘေးရှိခုံပေါ်တွင်တင်ကာထားသော လက်ဆွဲတော်ဓားကိုကောက်ကိုင်လိုက်သည်။

"ကောင်းတာပေါ့။ မတိုက်ခိုက်ရတာအတော်ကြာနေပြီပဲ။ တစ်ပွဲလောက်စမ်းကြတာပေါ့။"

"ကောင်းပြီ။ "

ချီရှန်းကလည်းဘေးနားတွင်ရှိသော သူ၏ အနက်ရောင်လက်ဆွဲတော်ဓားအား ဆွဲကိုင်လိုက်ရင်း နှစ်ယောက်သား တစ်ပြိုင်တည်းမတ်တပ်ကောက်ရပ်လိုက်ကြသည်။

"လာပြန်ပြီ။ တွေ့တာနဲ့ ဘာလို့ရန်ပဲဖြစ်နေကြတာလဲလို့။"

အန်းလုက လက်ထဲတွင်ကိုင်ထားသောတူအား စားပွဲပေါ်သို့ အသံမြည်သည်အထိရိုက်ပြီးနောက်ချလိုက်သည်။ သူပါမတ်တပ်လိုက်ရပ်လိုက်သည့်အခါတွင် ထိုလူနှစ်ယောက်ကြားအလည်တွင်ပင် နစ်မြုပ်ပျောက်ကွယ်နေလေ၏။ အန်းလုက ချောင်းအသာဟန့်လိုက်ပြီး သူ၏ခြေဖျားအားအနည်းငယ်မြှောက်ကာ ခါးထောက်လျက်ပင် နှစ်ဖက်စလုံးအားတစ်လှည့်စီကြည့်လိုက်ပြီး

"အဟမ်း...တော်ကြတော့။ကလေးတွေလည်းမဟုတ်တော့ပဲနဲ့ဗျာ။"

"အရှင်....အသင့်ဖြစ်ပါပြီ။ စထွက်လို့ရပြီ။"

တစ်ပြိုင်တည်းပင် သူတို့နောက်မှထွက်ပေါ်လာသူက ရှောင်ရှင်းပင်။ ပြင်ပတွင်မြင်းများပြင်ဆင်ပြီးနောက် စတင်ထွက်ခွာ၍ရပြီဖြစ်ကြောင်း အသိလာပေးပုံရသည်။ တိုက်ခိုက်ရန်အသင့်ပြင်နေကြသော သူနှစ်ယောက်နှင့် အလည်တွင်ကြားညှပ်နေသော အန်းလုကိုမြင်လေတော့ ရှောင်ရှင်းကအခြေအနေကိုနားလည်လိုက်ပုံရသည်။ သူက ချီရှန်းကို ဂါရဝပြုကာ

"ကျွန်တော် ဒီထဲကလူတွေကို ထွက်သွားခိုင်းဖို့ဆိုင်ရှင်ကိုအသိပေးလိုက်ပါ့မယ်။"

"အမ်..."

အန်းလုက မျက်လုံးပင်ပြူးကျယ်သွားလေသည်။ရှောင်ရှင်းက တားဖို့မစဥ်းစားတဲ့အပြင် သူက လူသတ်ကွင်းနေရာကိုပါ နှစ်ဦးသားအတွက်စီစဥ်ပေးရန် ကြံစည်နေသေးသည်။

(ဒီကမ္ဘာကြီးမှာ ဘာတွေဖြစ်ပျက်နေတာလဲလို့)

ရှောင်ရှင်းအမှန်တကယ်ပင် လူများကိုရှင်းထုတ်ရန်အတွက် မလှမ်းမကမ်းတွင်ရှိသော ဆိုင်ရှင်သူဌေးဆီသို့ တန်းသွားရန်ပြင်လိုက်သည်။ အန်းလုက အမြန်ပင် လက်ကိုယမ်းလိုက်ပြီး

"ရပ်.....ရပ်...ရပ်ရပ်ရပ်..."

"ကိုယ်လုပ်တော်လု ဘာများခိုင်းစရာရှိလို့ပါလဲ။"

ရပ်တန့်သွားသော ရှောင်ရှင်း၏ဘေးနားသို့အန်းလုကအမြန်ပင်ပြေးသွားလိုက်သည်။ ချီရှန်းနှင့် ကျီချန်းတို့ကတော့ ဓားရှည်ကိုယ်စီကိုင်ကာ တစ်ယောက်ကိုတစ်ယောက် ဆိုက်ကြည့်နေကြဆဲပင်။ အန်းလုက ရှောင်ရှင်းကိုတစ်ဖက်သိူ့ဆွဲခေါ်လိုက်ရင်း ခပ်တိုးတိုးပြောသည်။

" ရှောင်ရှင်း...အကိုကသူတို့ကိုထိန်းရမှာလေ။ ဘာလို့လူမိုက်အားပေးလုပ်နေရတာလဲ။"

ရှောင်ရှင်းကအန်းလုကို ဂါရဝပြုလိုက်ရင်းဆိုသည်။

"သူတို့က အမြဲတိုက်ခိုက်နေကြပါ။ တွေ့တဲ့အချိန်တိုင်း မတိုက်ခိုက်ရရင် မနေတတ်ကြတော့လို့နောက်ပိုင်းကို ကျွန်တော်ကပဲ တခြားသူတွေမထိခိုက်အောင်အဓိကထားပြီး ပြင်ဆင်ပေးဖြစ်တာပါ။"

"အမလေး...သေပါပြီ။"

အန်းလုက သူ၏နှဖူးကိုပင် လက်ဖြင့်ပိတ်ရိုက်ချမိလိုက်သည်။ သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ချီရှန်းတို့ဘက်ကိုသာ ပြန်သွားလိုက်ပြီး နှစ်ယောက်လုံးကိုခါးထောက်လျက်ကြည့်သည်။

"ကဲ...အကြည့်တိုက်ပွဲလုပ်နေတာတော်တော့။ မြင်းတွေအသင့်ဖြစ်နေပြီတဲ့ သွားကြမယ်။ လိုက်ချင်လိုက် မလိုက်ချင်လည်းနေခဲ့ကြတော့။

ရှောင်ရှင်း သွားကြမယ်။ ကျွန်တော့နောက်ကလိုက်ခဲ့။"

အန်းလုက စကားပြောပြီးနောက် ချက်ချင်းပင်ထိုဆိုင်မှ ထွက်သွားလေတော့သည်။ ရှောင်ရှင်းကလည်းနှစ်ယောက်လုံးကို တစ်ချက်ကြည့်လိုက်ပြီးနောက် အန်းလုနောက်သိူ့လိုက်သွားလေ၏။

" နောက်မှ သက်သက်ပွဲတစ်ခုလုပ်ပြီး ပြိုင်ကြတာပေါ့။ အခုက အရေးကြီးတဲ့ကိစ္စကိုအရင်အလေးပေးမှရမယ်။"

"ကောင်းပြီ။ မျှော်နေမယ်။"

ချီရှန်းက ကျီချန်းအား ပြောလိုက်ပြီး ကျီချန်းကလည်းသဘောတူလိုက်သည်။ ထို့နောက်နှစ်ဦးသား အပြင်ဘက်သို့သာဦးတည်လာခဲ့တော့သည်။

.................................

ဝူနန်မြို့က ယွဲ့တိုင်းပြည်၏တောင်ဘက်အရပ်စွန်းစွန်းတွင်တည်ရှိသည်။ ဝူနန်ပြည်၏ ကျောနောက်ခံတွင် သဲကန္တာရတစ်ခုရှိသည်။ သိူ့သော်လည်းထိုမြို့သည် သာယာစည်ပင်ပြီး လူမျိုးပေါင်းစုံနေထိုင်ကာ စီးပွားရေးပင်လုပ်ကိုင်နေကြသေးသည်။ ယဥ်ကျေးမှုကအစ မတူညီသည့်အပြင်အဝတ်အစားအသွင်အ​ပြင်၊ စကားအပြောအဆို၊ ဆံပင်ပုံစံတို့ကပါ မသိမသာကွဲထွက်နေသည်။

အန်းလုက ဤသို့သောအရာများကိုမျက်တောင်မခပ်တန်းပင် လိုက်ကြည့်နေမိသည်။ တစ်ချို့သော လူများကကုလားအုပ်များကို စီးနင်းနေကြသည်။ မိန်းကလေးများသည်ပင် ချိုက်အန်းကဲ့သို့ဝတ်စားဆင်ယင်သူများရှိသလို ဒူးအောက်အထိသာဖုံးကွယ်ထားသော ဂါဝန်ကဲ့သို့ရှုပ်ယှက်ခတ်သည့်ကြိုးများပါသည့် အဝတ်အစားများကိုအရောင်မျိုးစုံစပ်ကာ ဝတ်ဆင်ထားကြသည့် သူများလည်းရှိသည်။ ယောက်ျားသားများတစ်ချို့က ဦးခေါင်းအားအဝတ်စဖြင့် ပတ်ကာထားပြီး ခေါင်းဆောင်းသဖွယ်လုပ်ကာဆောင်း ထားကြသည်။ ကြည့်ရသည့်ပုံစံအရ အင်္ဂလိပ်လူမျိုးများ၊ နိုင်ငံရပ်ခြားလူမျိုးများပင် ထို စျေးတစ်လျောက်တွင် တစ်ယောက်စနှစ်ယောက်စ တွေ့ရသေးသည်။

(ဒါ ဇာတ်ကားတွေထဲမှာပါတဲ့ သဲကန္တာရထဲက တိုင်းပြည်တွေဆိုတာပေါ့။ လှလိုက်တာ။)

"မင်္ဂလာပွဲက မနက်ဖြန်စမှာလား။"

ချီရှန်းက သူ၏ နောက်တွင်ရှိသောရှောင်ရှင်းအားလှည့်မေးလိုက်သည်။

"ဟုတ်ပါတယ်။ မနက်ဖြန် ညဘက်မှ စတင်မှာပါ။"

"ဟိုမှာကြည့်စမ်း။"

အန်းလုက ချီရှန်းတို့အား သူတို့နှင့်မလှမ်းမကမ်းတွင်ရှိသော လူများကြိတ်ကြိတ်တိုးနေသည့်နေရာ တစ်ခုကိုပြလိုက်သည်။ ချီရှန်းတို့တစ်ဖွဲ့လုံးအန်းလုညွှန်ပြသည့် ထိုနေရာအားကြည့်လိုက်ကြသည်။ စျေးတန်းတစ်လျောက် ဆူညံကာနေပြီး ထိုနေရာကပို၍ပင် လူစည်ကာဆူညံနေသေးသည်။ အန်းလုက သူ၏မြင်းကိုရပ်လိုက်ပြီး မြင်းပေါ်မှ ခုန်ဆင်းလိုက်သည်။

"အန်းလု ဖြေးဖြေးသွားလေ။"

ချီရှန်းကလှမ်းအော်လေ၏။ ထို့နောက်တွင်သူပါမြင်းပေါ်မှ ချက်ချင်းခုန်ဆင်းလိုက်ပြီး အန်းလုနောက်လိုက်ရလေတော့သည်။ ကျီချန်းနှင့် ရှောင်ရှင်းကတော့ တယောက်ကိုတစ်ယောက်ကြည့်ကာပင် မြင်းပေါ်၌သာ ဆက်ထိုင်နေလိုက်ကြသည်။

.........................

"မြန်မြန်လာ။ တစ်ခုခုပြပွဲလုပ်နေတာနေမှာ။"

အန်းလုက ချီရှန်း၏ လက်ကိုဆွဲကာ ထိုလူအုပ်ကြားတိုးဝှေ့ပြီး ရှေ့ဆုံးထိရောက်အောင်သွားလိုက်သည်။ လူများက ထိုတစ်စုံတစ်ခုအား ပတ်ပတ်လည်ဝိုင်းရံထားကြသည်။ အန်းလုတို့ရှေ့ဆုံးသို့ရောက်လေတော့ ထိုလူအုံနေရသည့်အကြောင်းကို သေချာမြင်တွေ့ရသည်။

၅ယောက် ၆ယောက်ခန့်လောက်ရှိသော လူများက ၎င်းတို့၏ သိုင်းပညာဖြင့် လူများအားဖျော်ဖြေကာ အလှူငွေကောက်ခံသည့် ပွဲပင်ဖြစ်သည်။ ယောက်ျားသားနှစ်ယောက်က ဓားတစ်ချောင်းနှင့် လှံတစ်ချောင်းအား ကိုယ်စီကိုင်ထားရင်း သိုင်းကွက်ပြနေကြသည်။ လေပေါ်တွင် ခုန်ဝဲလိုက်တိုင်း လူအများက သူတို့နှစ်ဦးအား လက်ခုပ်သြဘာပေးကြသည်။ မိန်းကလေး နှစ်ယောက်ကမူ မောင်း၏ အချိုင့်ဘက်ကိုလှန်ကာ အလှူငွေကောက်ခံနေကြလေ၏။ ကျန်အသက်ကြီးနေသည်ဟုထင်ရသော လူနှစ်ယောက်ကတော့ လက်နက်ပစ္စည်းများ၏ ဘေးအနောက်ဘက်တွင် ထိုင်ကာနေကြသည်။

"ကျွန်မတို့ကို စေတနာရှိသလောက် လှူဒါန်းပေးလို့ရပါတယ်။ လူကြီးမင်းတို့ အားလုံးကိုကျေးဇူးပါ။ "

သိုင်းကွက်ပြကစားခြင်းပြီးသွားလေတော့ မိန်းကလေးနှစ်ယောက်ကပင် ပတ်ပတ်လည်ရှိ လူများအား အလှူငွေကောက်ခံခြင်းကိုစတင်လိုက်သည်။ အန်းလုက ထိုလူနှစ်ယောက်၏ ပြကွက်များကိုကြည့်ပြီးနောက် သဘောကျစွာပင်  တစ်ခြားသောလူများနှင့်အတူ လက်ခုပ်တီးသည်။

"ကောင်းတယ်...ကောင်းတယ်။ရှန်းရှန်း ငွေအိတ်ပေးအုန်း။"

ဘေးရှိ ချီရှန်းကအန်းလုကို သူ၏ခါးတွင်ချိတ်ကာထားသော ငွေစများ အသပြာများ ထည့်ထားသည့် အိတ်ကလေးအားဖြုတ်ပေးလိုက်သည်။ အန်းလုက အိတ်ကိုဖွင့်လိုက်ပြီး လက်တစ်လုံးစာနီးပါးရှိသော ငွေတုံးလေးအား အိတ်ထဲမှထုတ်ကာ အလှူငွေလာခံသော ကောင်မလေး၏မောင်း ပေါ်သို့တင်ပေးလိုက်သည်။

" ကျေးဇူးပါ ။ ကျေးဇူးပါ ။ ကျေး..."

ကောင်မလေးက ခေါင်းကိုအသေငုံ့ကာ ကျေးဇူးတင်စကားကိုသာဆိုနေသော်လည်း သူ၏ အလှူခံမောင်းပေါ်သို့ ရုတ်တရက်ကျလာသော တန်ဖိုးကြီးသည့် ငွေတုံးကိုမြင်လေတော့ မျက်လုံးပြူးသွားလေသည်။ အလှူရှင်ကိုသိချင်တာကြောင့် သူမကချက်ချင်းမော့ကြည့်လိုက်မိသည်။ အန်းလုက သူမအားပြုံးလျက်ကြည့်နေလေ၏။ အန်းလု၏ဘေးတွင်ရပ်ကာနေသော ချီရှန်းကိုပါ သူမ၏ အကြည့်ကရောက်မိသွားသည်။ ချီရှန်းကိုမြင်လိုက်သည်နှင့် သူမကချက်ချင်းပင်ခေါင်းပြန်ငုံ့သွားလေ၏။ အန်းလုသည်ပင် သူမ၏ အပြုအမူကြောင့် ချီရှန်းအားလှည့်ကာမော့ကြည့်လိုက်မိသေးသည်။ ကောင်မလေးကတော့ သူတို့ရှိရာနှင့် ဝေးရာသို့ရောက်သွားလေပြီ။ အန်းလုကဆိုသည်။

"ရှန်းရှန်း... နည်းနည်းလေးလောက်တော့ သဘောကောင်းတဲ့ပုံစံလေးဖမ်းကြည့်ပါအုန်းလား။ တွေ့လား သူများတွေတောင် ထွက်ပြေးကုန်ပြီ။ ပြုံး...ပြုံး။"

အန်းလုက ချီရှန်း၏ နှုတ်ခမ်းအစွန်းနှစ်ဖက်အား လက်နှစ်ဖက်ဖြင့် အတင်းအပေါ်သို့ တွန်းတင်နေသည်။ ချီရှန်းက လူအုပ်ကြားထဲတွင်ပင်အန်းလု၏ လက်နှစ်ဖက်ကို ဆွဲဖမ်းလိုက်လေ၏။

"ကိုယ်က ကိုယ့်ရဲ့အပြုံးတွေကိုရော ကိုယ့်ရဲ့အရာအားလုံးကိုပါ မင်းတစ်ယောက်တည်းကိုပဲပေးချင်တာ။ "

သိုင်းကွက်ပြကစားနေသူများပင် နောက်ထပ်တမျိုးတစ်ဖုံ ကစားကွက်များကိုပြန်စတင်နေလေချေပြီ။ အန်းလုနှင့်ချီရှန်းတို့နှစ်ဦးသားကတော့အကြည့်ချင်းဆုံကာ ထိုလူအုပ်ကြားထဲတွင်ပင် နှလုံးသားနှစ်စုံကတော့ တစ်ဒိန်းဒိန်းခုန်လျက် ကိုယ်ခန္တာတို့ကမူ ငြိမ်သက်နေကြလေ၏။

~~~~~~~~~~~~~~~~~~~~~~~~~
© Hnin Aung,
книга «Love, But Hurt (Season_3) The Last Begin».
Коментарі