Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 28
"အဟမ်း...."

ချီရှန်းနှင့် အန်းလုတို့ တစ်ယောက်ကိုတစ်ယောက်ဖက်တွယ်ကာထားရင်းမှ ချောင်းဟန့်သံကြောင့် နှစ်ယောက်သားခွာလိုက်ကြသည်။ ချီရှန်းက ဆောင့်ကြောင့်ထိုင်နေသော အနေအထားနှင့်ပင် သူ၏အနောက်ဘက်သို့ ခေါင်းကိုစောင်းကာကြည့်လိုက်ပြီး အန်းလုကတော့ ခုံပေါ်တွင် ထိုင်လျက်ပင် လှမ်းကြည့်လိုက်သည်။ ယောကျ်ားသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးပင်။ ချီရှန်းက သူတို့အား လှည့်ကြည့်လိုက်လေတော့ နှစ်ဦးစလုံးက သူတို့၏ လက်ဖမိုးများကိုတဖက်နှင့်တစ်ဖက်ယှက်တင်ကာ ဂါရဝပြုလိုက်ကြသည်။

"ရှင်ဘုရင်လီချီရှန်း ကို ဂါရဝပြုပါတယ်။ "

ချီရှန်းက ထိုင်နေရာမှ ထလိုက်သည်။ သူ၏ လက်ဝတ်ရုံနှစ်ဖက်ကို ခါလိုက်ပြီးနောက် နောက်ဘက်သို့ လက်နှစ်ဖက်လုံးကိုထားလိူက်သည်။ အန်းလုကတော့ ထိုင်ခုံတွင် ထိုင်နေဆဲပင်။ ချီရှန်းက မနီးမဝေးတွင်ရှိနေသော ထိုနှစ်ယောက်အား သေချာကြည့်လိုက်ပြီးနောက်

"အော်...ဘုရင်ကျင့်ဝမ်ချိုး နဲ့ မိဖုရားကြီးတို့ပဲ။ ဒီကို ဘာကိစ္စကြောင့်များ လာကြတာလဲ။"

ထိုအခါမှ အန်းလုကလည်းထိုင်နေရာမှချက်ချင်းကောက်ထလိုက်လေသည်။ ထိုနှစ်ယောက်သည် ယိချန်၏မိဘများပင်ဖြစ်သည်။ မိဖုရားကြီးဖြစ်သူကတော့ ချီရှန်းထက်သူ၏နောက်တွင်ရှိနေသော ယိချန်၏ခန္တာကိုယ်ပုံစံနှင့်အန်းလုအား မျက်နှာမလွှဲပဲကြည့်နေလေ၏။

ကျင့်ဝမ်ချိုးကပင် ဦးဆောင်လျက် ချီရှန်းတို့အနားသို့ရောက်လာသည်။ မိဖုရားကြီးသည်လည်း သူနှင့်မလှမ်းမကမ်းမှလိုက်လာ၏။ အနားရောက်တော့ အန်းလုကချီရှန်းနောက်ဘက်ဘေးနားလောက်တွင် ရပ်ကာ သူတို့အားဂါရဝပြုလိုက်သည်။

"ခမည်းတော်နဲ့ မိဖုရားခေါင်ကြီးကို ဂါရဝပြုပါတယ်။"

"အင်း သက်သာသလိုနေ။"

ဘုရင်ကျင့်ဝမ်ချိုးက လက်ထောင်ပြလိုက်ရင်းဆိုသည်။ မိဖုရားကြီးကတော့ ဘာမှဝင်မပြောချေ။ အန်းလုက သူ၏လက်ကိုပုံမှန်အတိုင်းပြန်ထားလိုက်ရင်း

"ထိုင်ပါ။"

နှစ်ယောက်သားက ချီရှန်းကိုအရင်မဝံ့မရဲကြည့်လာ၏။ ချီရှန်းက ပြန်ကြည့်လိုက်ရင်း

"ထိုင်ပါ။ ပြောစရာရှိတာ အေးဆေးပြောကြတာပေါ့။ ကျွန်တော့်ဘက်ကလည်း ပြောစရာတစ်ချို့ရှိနေတာမလို့။"

"ကောင်းပါပြီ။"

လေးယောက်သား ကျောက်သားစားပွဲဝိုင်းပတ်လည်ရှိ ထိုင်ခုံနေရာလေးခုတွင် အသီးသီးနေရာယူလိုက်ကြသည်။ ရာသီဥတုကတိတ်ဆိတ်ငြိမ်သက်နေလေ၏။ တအောင့်နေလေတော့ ဘုရင်ကျင့်ဝမ်ချိုးကပင် စကာ အန်းလုငိုကြည့်လျက်

"ချိုက်အန်းနန်းဆောင်မှာ နာမကျန်းဖြစ်နေတယ်လို့ ကြားထားတာ။ အခုလိုကျန်းမာနေတဲ့ပုံကိုမြင်ရတော့ တကယ်ဝမ်းသာစရာပါပဲ။"

အန်းလုက ထိုစကားကိုကြားတော့ ခေါင်းထောင်လာသည်။ သူ့အားဖခင်တယောက်ကဲ့သို့ကြည့်နေသော ကျင့်ဝမ်ချိုးအား ပြန်ကြည့်လိုက်ရင်း

"ဗျာ.... ကျွန်တော်လား။ "

အန်းလုက ချီရှန်းကိုကြည့်လိုက်သည်။ ချီရှန်းက အန်းလုကိုကြည့်နေရင်းမှ ကျင့်ဝမ်ချိုးအားပြန်ကြည့်လိုက်ရင်း

"ကျွန်တော့်ကိုယ်လုပ်တော်ကို ကျွန်တော်ကစောင့်ရှောက်ကာကွယ်ပေးနေတာမလို့ အခုဘုရင်ကျင့်ဝမ်ချိုးက တသီးတသန့်ကြီးစိတ်ပူပေးနေစရာမလိုတော့ပါဘူး။ "

"ဒီလိုတော့လည်း ဘယ်ဟူတ်ပါ့မလဲ အရှင်လီချီရှန်း။ ဘာပဲဖြစ်ဖြစ် အားချန်က အခုထိကျွန်မတို့ ရဲ့ အဖိုးတန်သားတော်တစ်ပါးဖြစ်နေတုန်းပဲလေ။ ပြီးတော့ ကျွန်မတို့နဲ့ အရှင်လီချီရှန်းကလည်း သမတ်တော်နဲ့ ယောက္ခမတော် အနေအထားမှာရှိနေတာပဲမလား။ "

ရုတ်တရက်ပင် မိဖုရားခေါင်ကြီးက ကြားဖြတ်ကာပြောလိုက်လေ၏။ ချီရှန်းတို့သုံးဦးသားက သူမကိုဦးတည်ကာကြည့်လာသည်။ သူမက ဆက်ပြောလေ၏။

" ပြီးတော့လည်း အရှင်လီချီရှန်းက ကျွန်မတို့ ယွဲ့တိုင်းပြည်ကိုသိမ်းခဲ့ပေမဲ့ ဘာဆိုဘာမှမထိန်းချုပ်ပဲ အပေးအယူတစ်ခုနဲ့တင်ကျေနပ်ခဲ့တာဆိုတော့ ကျွန်မတို့ဘက်က တကယ်ကိုကျေးဇူးတင်စကားပြောချင်နေခဲ့တာပါ။"

သူမ၏မျက်နှာက အမှန်တကယ်ကိုပင်ကျေးဇူးတင်ချင်စိတ်ရှိနေပုံမရချေ။ ခပ်ထန်ကာမာချောနေဆဲ။ ချီရှန်းက ခနဲ့သည့်ပုံစံဖြင့်ရီလိုက်သည်။ ရုတ်တရက် အန်းလု၏လက်ကိုဆွဲကိုင်ကာဆုပ်လိုက်ရင်း

"အခု ကျွန်တော်လို့ သုံးနှုန်းနေတာကလည်း ဒီက ကိုယ်လုပ်တော်ကျင့်ရဲ့ ခမည်းတော်နဲ့.....မယ်တော်...ဆိုတာကို အလေးထားပေးတာပါပဲ။ ပြီးတော့ လက်တလောမှာ ကိုယ်လုပ်တော်ကျင့်က ကျွန်တော့်ရဲ့ အနှစ်သက်ရဆုံး ကိုယ်လုပ်တော်တစ်ပါးဖြစ်နေတာမလို့ ကျွန်တော့်အနေနဲ့ နောက်ထပ် အမိန့်တစ်ခုကို ထုတ်ပြန်ပါမယ်။

အဲ့တာက ယွဲ့တိုင်းပြည်ကို ချိုက်အန်းအင်ပါယာ လက်အောက်ကနေ လွတ်ငြိမ်းခွင့်ပေးလိုက်တယ်ဆိုတာပါပဲ။ "

ထိုစကားကိုကြာတော့ ဘုရင်ကျင့်ဝမ်ချိုးသာမက မိဖုရားကြီးသည်လည်း ချက်ချင်းမယုံနိင်ဖြစ်နေသော မျက်နှာအနေအထားဖြင့် ချီရှန်းကိုကြည့်လာ၏။ အန်းလုသည်လည်း ချီရှန်းကိုကြည့်လိုက်မိသည်။ ချီရှန်းကဆက်ပြောလာသည်။

"ယခုအချိန်ကစပြီး ချိုက်အန်းအင်ပါယာနဲ့ ယွဲ့တိုင်းပြည်ဟာ ဘာမှမသက်ဆိုင်တော့တဲ့အပြင် ကိုယ်လုပ်တော်ကျင့်ယိချန်ကလည်း ယွဲ့တိုင်းပြည်နှင့် သက်ဆိုင်မှုမရှိတော့ဘူး။ ပြီးတော့ ယွဲ့တိုင်းပြည်က ထောက်ပံ့နေတဲ့ ဆေးကိုလည်း ယွဲ့တိုင်းပြည်ဘက်က ချိုက်အန်းအင်ပါယာကိုဆက်လက်ထောက်ပံ့စရာမလိုတော့ဘူး။ ယွဲ့တိုင်းပြည်က သီးခြားတိုင်းပြည်ငယ်တစ်ခုပြန်ဖြစ်သွားပြီ။"

ထိုအခါမှ ဘုရင်ကျင့်ဝမ်ချိုး နှင့် မိဖုရားခေါင်ကြီးဆို့က ချက်ချင်းခုံပေါ်မှဆင်းကာ ချီရှန်းအား ဝပ်တွားလျက်ပင် ခယကာဂါရဝပြုကြလေ၏။

" ကျေးဇူးကြီးမားလှပါတယ် ။ ကျေးဇူးကြီးမားလှပါတယ် ။ "

ချီရှန်းက အန်းလုကိုလှည့်ကြည့်လိုက်တော့ အန်းလုက ကျန်လက်တစ်ဖက်ဖြင့် လက်ညိုးနှင့်လက်မကိုထိကပ်ရင်း အိုကေဟူသော အမူအရာကိုရီလျက်လုပ်ပြသည်။ ချီရှန်းကလည်း သူ၏ကျန်လက်တစ်ဖက်ဖြင့် ထိုအမူအရာမျိုးပြန်လုပ်ပြလေ၏။ ပြီးနောက် ချီရှန်းက ထိုလူနှစ်ယောက်အား ပြန်ကြည့်ရင်း

"ထလို့ရပါပြီ။ အဆင်ပြေသလိုနေကြပါ။ ဘုရင်ကျင့်ဝမ်ချိုး နဲ့ ကျင့်မိဖုရာကြီး။"

ထိုနှစ်ယောက်က မူလနေရာတွင်ပြန်ထိုင်လိုက်ကြလေ၏။

"ဘာပဲပြောပြော အခုလိုတရားဝင်လွတ်ငြိမ်းချမ်းသာခွင့်ရတာက အားချန်ရဲ့ကျေးဇူးတွေကြောင့်ပါ။ အရင်က ဒီမယ်တော်မကောင်းခဲ့တာတွေရှိရင်လည် အားချန်ကပဲ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးပါ။ "

သူမက ထိုစကားကိုပြုံးလျက်ဆိုသည်။ ထိုအပြုံးကယခုအချိန်ထိ သူမ၏စိတ်ရင်းအမှန်မဟုတ်သေးသည်ကို မြင်သည့်လူတိုင်းသိနိုင်လိမ့်မယ်။ သူမကဆက်ပြောလာ၏။

"ဒါ့ကြောင့် နောက်ဆုံးအနေနဲ့ပဲ မနက်ဖြန် မယ်တော်တို့ရဲ့အဆောင်တော်မှာ ဘုရင်လီချီရှန်းနဲ့အတူ ညစာအတူသုံးဆောင်လို့ရနိုင်မလား။"

ချီရှန်းကအန်းလုကိုကြည့်လိုက်သည်။ သာ၏အကြည့်က မင်းစိတ်ကြိုက် ဆိုသည့်သဘောမျိုးသက်ရောက်နေမှန်း အန်းလုသိသည်။ ဘာပဲဖြစ်ဖြစ် သဘောရိုးဟုတသည်ဖြစ်စေ၊မဟုတ်သည်ဖြစ်စေ ယိချန်၏ခမည်းတော်ကို အန်းလုမရိုင်းပြမိစေရန်တော့ သတိထားရလိမ့်မည်။ ထိုဘုရင်၏ပုံစံကိုအမြဲလိုလို ကြောက်လန့်ကာနေရသည့်ပုံပေါ်နေသည်။ ယခုအချိန်ထိလည်း စကားတစ်ခွန်းမျှ ဝင်မပြောသေးပေ။ ချီရှန်းပြောသည့်အတိုင်း နောက်ကွယ်မှ တစ်ချိန်လုံးကြိုးကိုင်နေသူက ထိုမိဖုရားခေါင်ကြီးပင်ဖြစ်လိမ့်မည်။
အန်းလုက ခေါင်းညိမ့်လျက်ပင်ဖြေလိုက်သည်။

"ဟုတ်ကဲ့...ကျွန်တော်မနက်ဖြန်ကို ညစာအတူသုံးဆောင်ဖို့ လာခဲ့လိုက်ပါ့မယ်။"

...................................

"အန်းလု ညဥ့်နက်နေပြီလေ။ ဘာလုပ်နေတာလဲ။"

"အမေ့..."

နောက်ကနေ ကိုယ်ခန္တာအား သိုင်းဖက်လိုက်တာကြောင့်အန်းလုကိုယ်လေး အနည်းငယ်တုန်တတ်သွားသည်။ အန်းလုက ချီရှန်းမှန်းသိသွားလေတော့ ချီရှန်း၏ပါးပြင်ကို အရှေ့မှပင် လက်ပြန်ကိုင်ကာအသာဆွဲညှစ်လိုက်ရင်း

"ယိချန်ဆီကို စာပို့နေတာ ။ တော်သေး စာပို့ငှက်ရဲ့ခြေထောက်မှာစာထည့်ပြီးတော့မှ ရှန်းရှန်းလာထိလို့သာပေါ့။ မဟုတ်ရင် ပျံသွားတာနဲ့ပဲဘာမှလုပ်လိုက်ရမှာမဟုတ်ဘူး။"

ချီရှန်းက အန်းလု၏ပုခုံးပေါ် မေးတင်လိုက်ရင်း

"အင်း...အခုဘာအကြောင်းတွေရေးပို့လိုက်တာလဲ။"

"အမ်း....သူ့တိုင်းပြည်လွတ်ငြိမ်းခွင့်ရပြီဆိုတဲ့အကြောင်းပေါ့။ သူက အဲ့တာကိုအတော်လေး စိုးရိမ်ပူပန်နေတာလေ။ ပြီးတော့ အဲ့တာတွေအားလုံးက ကျွန်တော့်ကြောင့်ဖြစ်ရတာ။ ကျွန်တော်သာ..... "

အန်းလုက စကားကိုရုတ်တရက်ရပ်တန့်ပစ်လိုက်သည်။ ချီရှန်းက သူ၏ပုခုံးပေါ်မေးတင်ထားရင်းမှ အန်းလု၏ တိတ်သွားသောစကားသံကြောင့် မေးလိုက်သည်။

"ကျွန်တော်သာ ဘာဖြစ်လဲ။"

အန်းလုက ချီရှန်းဘက်သို့လှည့်လိုက်ရင်း

"ကျွန်တော်သာ .....ကျွန်တော်သာ အန်းလုမဟုတ်ခဲ့ရင် ဘယ်လိုလုပ်ရမလဲလို့။ ဟုတ်တယ်မလား. ရှန်းရှန်းက သူ့ကိုဂရုစိုက်ဖြစ်မှာမဟုတ်ဘူးလေ။ သူလည်း ဒီလိုပျော်ရွှင်မှုမျိုးခံစားရမှာမဟုတ်ဘူး။ ဒါတွေအားလုံးက ကျွန်တော် တော်လို့ပဲ။"

အန်းလုက လက်မထောင်လျက်ဆိုသည်။ ချီရှန်းကရီလိုက်ရင်း အန်းလု၏ ဆံပင်အားဖွပစ်လိုက်သည်။

"အမလေး...တော်လိုက်တာ ။ လာ ညဥ့်နက်နေပြီ။ အိပ်ဖို့ပြင်တော့။ "

"မှန်လှပါ။ ရှင်ဘုရင်လီချီရှန်း ။"

အန်းလုက ရီရင်း ဂါရဝပြုလိုက်သည်။ ချီရှန်းက အန်းလု၏ပါးနှစ်ဖက်ကိုဆွဲညှစ်လိုက်လေ၏။

" ကလေးပေါက်လေး"
~~~~~~~~~~~~~~~~~~~~~~~~~~~~

"အဟမ္း...."

ခ်ီရွန္းႏွင့္ အန္းလုတို႔ တစ္ေယာက္ကိုတစ္ေယာက္ဖက္တြယ္ကာထားရင္းမွ ေခ်ာင္းဟန္႔သံေၾကာင့္ ႏွစ္ေယာက္သားခြာလိုက္ၾကသည္။ ခ်ီရွန္းက ေဆာင့္ေၾကာင့္ထိုင္ေနေသာ အေနအထားႏွင့္ပင္ သူ၏အေနာက္ဘက္သို႔ ေခါင္းကိုေစာင္းကာၾကည့္လိုက္ၿပီး အန္းလုကေတာ့ ခုံေပၚတြင္ ထိုင္လ်က္ပင္ လွမ္းၾကည့္လိုက္သည္။ ေယာက်္ားသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးပင္။ ခ်ီရွန္းက သူတို႔အား လွည့္ၾကည့္လိုက္ေလေတာ့ ႏွစ္ဦးစလုံးက သူတို႔၏ လက္ဖမိုးမ်ားကိုတဖက္ႏွင့္တစ္ဖက္ယွက္တင္ကာ ဂါရဝျပဳလိုက္ၾကသည္။

"ရွင္ဘုရင္လီခ်ီရွန္း ကို ဂါရဝျပဳပါတယ္။ "

ခ်ီရွန္းက ထိုင္ေနရာမွ ထလိုက္သည္။ သူ၏ လက္ဝတ္႐ုံႏွစ္ဖက္ကို ခါလိုက္ၿပီးေနာက္ ေနာက္ဘက္သို႔ လက္ႏွစ္ဖက္လုံးကိုထားလိူက္သည္။ အန္းလုကေတာ့ ထိုင္ခုံတြင္ ထိုင္ေနဆဲပင္။ ခ်ီရွန္းက မနီးမေဝးတြင္ရွိေနေသာ ထိုႏွစ္ေယာက္အား ေသခ်ာၾကည့္လိုက္ၿပီးေနာက္

"ေအာ္...ဘုရင္က်င့္ဝမ္ခ်ိဳး နဲ႔ မိဖုရားႀကီးတို႔ပဲ။ ဒီကို ဘာကိစၥေၾကာင့္မ်ား လာၾကတာလဲ။"

ထိုအခါမွ အန္းလုကလည္းထိုင္ေနရာမွခ်က္ခ်င္းေကာက္ထလိုက္ေလသည္။ ထိုႏွစ္ေယာက္သည္ ယိခ်န္၏မိဘမ်ားပင္ျဖစ္သည္။ မိဖုရားႀကီးျဖစ္သူကေတာ့ ခ်ီရွန္းထက္သူ၏ေနာက္တြင္ရွိေနေသာ ယိခ်န္၏ခႏၲာကိုယ္ပုံစံႏွင့္အန္းလုအား မ်က္ႏွာမလႊဲပဲၾကည့္ေနေလ၏။

က်င့္ဝမ္ခ်ိဳးကပင္ ဦးေဆာင္လ်က္ ခ်ီရွန္းတို႔အနားသို႔ေရာက္လာသည္။ မိဖုရားႀကီးသည္လည္း သူႏွင့္မလွမ္းမကမ္းမွလိုက္လာ၏။ အနားေရာက္ေတာ့ အန္းလုကခ်ီရွန္းေနာက္ဘက္ေဘးနားေလာက္တြင္ ရပ္ကာ သူတို႔အားဂါရဝျပဳလိုက္သည္။

"ခမည္းေတာ္နဲ႔ မိဖုရားေခါင္ႀကီးကို ဂါရဝျပဳပါတယ္။"

"အင္း သက္သာသလိုေန။"

ဘုရင္က်င့္ဝမ္ခ်ိဳးက လက္ေထာင္ျပလိုက္ရင္းဆိုသည္။ မိဖုရားႀကီးကေတာ့ ဘာမွဝင္မေျပာေခ်။ အန္းလုက သူ၏လက္ကိုပုံမွန္အတိုင္းျပန္ထားလိုက္ရင္း

"ထိုင္ပါ။"

ႏွစ္ေယာက္သားက ခ်ီရွန္းကိုအရင္မဝံ့မရဲၾကည့္လာ၏။ ခ်ီရွန္းက ျပန္ၾကည့္လိုက္ရင္း

"ထိုင္ပါ။ ေျပာစရာရွိတာ ေအးေဆးေျပာၾကတာေပါ့။ ကၽြန္ေတာ့္ဘက္ကလည္း ေျပာစရာတစ္ခ်ိဳ႕ရွိေနတာမလို႔။"

"ေကာင္းပါၿပီ။"

ေလးေယာက္သား ေက်ာက္သားစားပြဲဝိုင္းပတ္လည္ရွိ ထိုင္ခုံေနရာေလးခုတြင္ အသီးသီးေနရာယူလိုက္ၾကသည္။ ရာသီဥတုကတိတ္ဆိတ္ၿငိမ္သက္ေနေလ၏။ တေအာင့္ေနေလေတာ့ ဘုရင္က်င့္ဝမ္ခ်ိဳးကပင္ စကာ အန္းလုငိုၾကည့္လ်က္

"ခ်ိဳက္အန္းနန္းေဆာင္မွာ နာမက်န္းျဖစ္ေနတယ္လို႔ ၾကားထားတာ။ အခုလိုက်န္းမာေနတဲ့ပုံကိုျမင္ရေတာ့ တကယ္ဝမ္းသာစရာပါပဲ။"

အန္းလုက ထိုစကားကိုၾကားေတာ့ ေခါင္းေထာင္လာသည္။ သူ႔အားဖခင္တေယာက္ကဲ့သို႔ၾကည့္ေနေသာ က်င့္ဝမ္ခ်ိဳးအား ျပန္ၾကည့္လိုက္ရင္း

"ဗ်ာ.... ကၽြန္ေတာ္လား။ "

အန္းလုက ခ်ီရွန္းကိုၾကည့္လိုက္သည္။ ခ်ီရွန္းက အန္းလုကိုၾကည့္ေနရင္းမွ က်င့္ဝမ္ခ်ိဳးအားျပန္ၾကည့္လိုက္ရင္း

"ကၽြန္ေတာ့္ကိုယ္လုပ္ေတာ္ကို ကၽြန္ေတာ္ကေစာင့္ေရွာက္ကာကြယ္ေပးေနတာမလို႔ အခုဘုရင္က်င့္ဝမ္ခ်ိဳးက တသီးတသန္႔ႀကီးစိတ္ပူေပးေနစရာမလိုေတာ့ပါဘူး။ "

"ဒီလိုေတာ့လည္း ဘယ္ဟူတ္ပါ့မလဲ အရွင္လီခ်ီရွန္း။ ဘာပဲျဖစ္ျဖစ္ အားခ်န္က အခုထိကၽြန္မတို႔ ရဲ့ အဖိုးတန္သားေတာ္တစ္ပါးျဖစ္ေနတုန္းပဲေလ။ ၿပီးေတာ့ ကၽြန္မတို႔နဲ႔ အရွင္လီခ်ီရွန္းကလည္း သမတ္ေတာ္နဲ႔ ေယာကၡမေတာ္ အေနအထားမွာရွိေနတာပဲမလား။ "

႐ုတ္တရက္ပင္ မိဖုရားေခါင္ႀကီးက ၾကားျဖတ္ကာေျပာလိုက္ေလ၏။ ခ်ီရွန္းတို႔သုံးဦးသားက သူမကိုဦးတည္ကာၾကည့္လာသည္။ သူမက ဆက္ေျပာေလ၏။

" ၿပီးေတာ့လည္း အရွင္လီခ်ီရွန္းက ကၽြန္မတို႔ ယြဲ႕တိုင္းျပည္ကိုသိမ္းခဲ့ေပမဲ့ ဘာဆိုဘာမွမထိန္းခ်ဳပ္ပဲ အေပးအယူတစ္ခုနဲ႔တင္ေက်နပ္ခဲ့တာဆိုေတာ့ ကၽြန္မတို႔ဘက္က တကယ္ကိုေက်းဇူးတင္စကားေျပာခ်င္ေနခဲ့တာပါ။"

သူမ၏မ်က္ႏွာက အမွန္တကယ္ကိုပင္ေက်းဇူးတင္ခ်င္စိတ္ရွိေနပုံမရေခ်။ ခပ္ထန္ကာမာေခ်ာေနဆဲ။ ခ်ီရွန္းက ခနဲ႔သည့္ပုံစံျဖင့္ရီလိုက္သည္။ ႐ုတ္တရက္ အန္းလု၏လက္ကိုဆြဲကိုင္ကာဆုပ္လိုက္ရင္း

"အခု ကၽြန္ေတာ္လို႔ သုံးႏွုန္းေနတာကလည္း ဒီက ကိုယ္လုပ္ေတာ္က်င့္ရဲ့ ခမည္းေတာ္နဲ႔.....မယ္ေတာ္...ဆိုတာကို အေလးထားေပးတာပါပဲ။ ၿပီးေတာ့ လက္တေလာမွာ ကိုယ္လုပ္ေတာ္က်င့္က ကၽြန္ေတာ့္ရဲ့ အႏွစ္သက္ရဆုံး ကိုယ္လုပ္ေတာ္တစ္ပါးျဖစ္ေနတာမလို႔ ကၽြန္ေတာ့္အေနနဲ႔ ေနာက္ထပ္ အမိန္႔တစ္ခုကို ထုတ္ျပန္ပါမယ္။

အဲ့တာက ယြဲ႕တိုင္းျပည္ကို ခ်ိဳက္အန္းအင္ပါယာ လက္ေအာက္ကေန လြတ္ၿငိမ္းခြင့္ေပးလိုက္တယ္ဆိုတာပါပဲ။ "

ထိုစကားကိုၾကာေတာ့ ဘုရင္က်င့္ဝမ္ခ်ိဳးသာမက မိဖုရားႀကီးသည္လည္း ခ်က္ခ်င္းမယုံနိင္ျဖစ္ေနေသာ မ်က္ႏွာအေနအထားျဖင့္ ခ်ီရွန္းကိုၾကည့္လာ၏။ အန္းလုသည္လည္း ခ်ီရွန္းကိုၾကည့္လိုက္မိသည္။ ခ်ီရွန္းကဆက္ေျပာလာသည္။

"ယခုအခ်ိန္ကစၿပီး ခ်ိဳက္အန္းအင္ပါယာနဲ႔ ယြဲ႕တိုင္းျပည္ဟာ ဘာမွမသက္ဆိုင္ေတာ့တဲ့အျပင္ ကိုယ္လုပ္ေတာ္က်င့္ယိခ်န္ကလည္း ယြဲ႕တိုင္းျပည္ႏွင့္ သက္ဆိုင္မွုမရွိေတာ့ဘူး။ ၿပီးေတာ့ ယြဲ႕တိုင္းျပည္က ေထာက္ပံ့ေနတဲ့ ေဆးကိုလည္း ယြဲ႕တိုင္းျပည္ဘက္က ခ်ိဳက္အန္းအင္ပါယာကိုဆက္လက္ေထာက္ပံ့စရာမလိုေတာ့ဘူး။ ယြဲ႕တိုင္းျပည္က သီးျခားတိုင္းျပည္ငယ္တစ္ခုျပန္ျဖစ္သြားၿပီ။"

ထိုအခါမွ ဘုရင္က်င့္ဝမ္ခ်ိဳး ႏွင့္ မိဖုရားေခါင္ႀကီးဆို႔က ခ်က္ခ်င္းခုံေပၚမွဆင္းကာ ခ်ီရွန္းအား ဝပ္တြားလ်က္ပင္ ခယကာဂါရဝျပဳၾကေလ၏။

" ေက်းဇူးႀကီးမားလွပါတယ္ ။ ေက်းဇူးႀကီးမားလွပါတယ္ ။ "

ခ်ီရွန္းက အန္းလုကိုလွည့္ၾကည့္လိုက္ေတာ့ အန္းလုက က်န္လက္တစ္ဖက္ျဖင့္ လက္ညိဳးႏွင့္လက္မကိုထိကပ္ရင္း အိုေကဟူေသာ အမူအရာကိုရီလ်က္လုပ္ျပသည္။ ခ်ီရွန္းကလည္း သူ၏က်န္လက္တစ္ဖက္ျဖင့္ ထိုအမူအရာမ်ိဳးျပန္လုပ္ျပေလ၏။ ၿပီးေနာက္ ခ်ီရွန္းက ထိုလူႏွစ္ေယာက္အား ျပန္ၾကည့္ရင္း

"ထလို႔ရပါၿပီ။ အဆင္ေျပသလိုေနၾကပါ။ ဘုရင္က်င့္ဝမ္ခ်ိဳး နဲ႔ က်င့္မိဖုရာႀကီး။"

ထိုႏွစ္ေယာက္က မူလေနရာတြင္ျပန္ထိုင္လိုက္ၾကေလ၏။

"ဘာပဲေျပာေျပာ အခုလိုတရားဝင္လြတ္ၿငိမ္းခ်မ္းသာခြင့္ရတာက အားခ်န္ရဲ့ေက်းဇူးေတြေၾကာင့္ပါ။ အရင္က ဒီမယ္ေတာ္မေကာင္းခဲ့တာေတြရွိရင္လည္ အားခ်န္ကပဲ သေဘာထားႀကီးႀကီးနဲ႔ ခြင့္လႊတ္ေပးပါ။ "

သူမက ထိုစကားကိုျပဳံးလ်က္ဆိုသည္။ ထိုအျပဳံးကယခုအခ်ိန္ထိ သူမ၏စိတ္ရင္းအမွန္မဟုတ္ေသးသည္ကို ျမင္သည့္လူတိုင္းသိနိုင္လိမ့္မယ္။ သူမကဆက္ေျပာလာ၏။

"ဒါ့ေၾကာင့္ ေနာက္ဆုံးအေနနဲ႔ပဲ မနက္ျဖန္ မယ္ေတာ္တို႔ရဲ့အေဆာင္ေတာ္မွာ ဘုရင္လီခ်ီရွန္းနဲ႔အတူ ညစာအတူသုံးေဆာင္လို႔ရနိုင္မလား။"

ခ်ီရွန္းကအန္းလုကိုၾကည့္လိုက္သည္။ သာ၏အၾကည့္က မင္းစိတ္ႀကိဳက္ ဆိုသည့္သေဘာမ်ိဳးသက္ေရာက္ေနမွန္း အန္းလုသိသည္။ ဘာပဲျဖစ္ျဖစ္ သေဘာရိုးဟုတသည္ျဖစ္ေစ၊မဟုတ္သည္ျဖစ္ေစ ယိခ်န္၏ခမည္းေတာ္ကို အန္းလုမရိုင္းျပမိေစရန္ေတာ့ သတိထားရလိမ့္မည္။ ထိုဘုရင္၏ပုံစံကိုအျမဲလိုလို ေၾကာက္လန္႔ကာေနရသည့္ပုံေပၚေနသည္။ ယခုအခ်ိန္ထိလည္း စကားတစ္ခြန္းမၽွ ဝင္မေျပာေသးေပ။ ခ်ီရွန္းေျပာသည့္အတိုင္း ေနာက္ကြယ္မွ တစ္ခ်ိန္လုံးႀကိဳးကိုင္ေနသူက ထိုမိဖုရားေခါင္ႀကီးပင္ျဖစ္လိမ့္မည္။
အန္းလုက ေခါင္းညိမ့္လ်က္ပင္ေျဖလိုက္သည္။

"ဟုတ္ကဲ့...ကၽြန္ေတာ္မနက္ျဖန္ကို ညစာအတူသုံးေဆာင္ဖို႔ လာခဲ့လိုက္ပါ့မယ္။"

...................................

"အန္းလု ညဥ့္နက္ေနၿပီေလ။ ဘာလုပ္ေနတာလဲ။"

"အေမ့..."

ေနာက္ကေန ကိုယ္ခႏၲာအား သိုင္းဖက္လိုက္တာေၾကာင့္အန္းလုကိုယ္ေလး အနည္းငယ္တုန္တတ္သြားသည္။ အန္းလုက ခ်ီရွန္းမွန္းသိသြားေလေတာ့ ခ်ီရွန္း၏ပါးျပင္ကို အေရွ႕မွပင္ လက္ျပန္ကိုင္ကာအသာဆြဲညႇစ္လိုက္ရင္း

"ယိခ်န္ဆီကို စာပို႔ေနတာ ။ ေတာ္ေသး စာပို႔ငွက္ရဲ့ေျခေထာက္မွာစာထည့္ၿပီးေတာ့မွ ရွန္းရွန္းလာထိလို႔သာေပါ့။ မဟုတ္ရင္ ပ်ံသြားတာနဲ႔ပဲဘာမွလုပ္လိုက္ရမွာမဟုတ္ဘူး။"

ခ်ီရွန္းက အန္းလု၏ပုခုံးေပၚ ေမးတင္လိုက္ရင္း

"အင္း...အခုဘာအေၾကာင္းေတြေရးပို႔လိုက္တာလဲ။"

"အမ္း....သူ႔တိုင္းျပည္လြတ္ၿငိမ္းခြင့္ရၿပီဆိုတဲ့အေၾကာင္းေပါ့။ သူက အဲ့တာကိုအေတာ္ေလး စိုးရိမ္ပူပန္ေနတာေလ။ ၿပီးေတာ့ အဲ့တာေတြအားလုံးက ကၽြန္ေတာ့္ေၾကာင့္ျဖစ္ရတာ။ ကၽြန္ေတာ္သာ..... "

အန္းလုက စကားကို႐ုတ္တရက္ရပ္တန္႔ပစ္လိုက္သည္။ ခ်ီရွန္းက သူ၏ပုခုံးေပၚေမးတင္ထားရင္းမွ အန္းလု၏ တိတ္သြားေသာစကားသံေၾကာင့္ ေမးလိုက္သည္။

"ကၽြန္ေတာ္သာ ဘာျဖစ္လဲ။"

အန္းလုက ခ်ီရွန္းဘက္သို႔လွည့္လိုက္ရင္း

"ကၽြန္ေတာ္သာ .....ကၽြန္ေတာ္သာ အန္းလုမဟုတ္ခဲ့ရင္ ဘယ္လိုလုပ္ရမလဲလို႔။ ဟုတ္တယ္မလား. ရွန္းရွန္းက သူ႔ကိုဂ႐ုစိုက္ျဖစ္မွာမဟုတ္ဘူးေလ။ သူလည္း ဒီလိုေပ်ာ္ရႊင္မွုမ်ိဳးခံစားရမွာမဟုတ္ဘူး။ ဒါေတြအားလုံးက ကၽြန္ေတာ္ ေတာ္လို႔ပဲ။"

အန္းလုက လက္မေထာင္လ်က္ဆိုသည္။ ခ်ီရွန္းကရီလိုက္ရင္း အန္းလု၏ ဆံပင္အားဖြပစ္လိုက္သည္။

"အမေလး...ေတာ္လိုက္တာ ။ လာ ညဥ့္နက္ေနၿပီ။ အိပ္ဖို႔ျပင္ေတာ့။ "

"မွန္လွပါ။ ရွင္ဘုရင္လီခ်ီရွန္း ။"

အန္းလုက ရီရင္း ဂါရဝျပဳလိုက္သည္။ ခ်ီရွန္းက အန္းလု၏ပါးႏွစ္ဖက္ကိုဆြဲညႇစ္လိုက္ေလ၏။

" ကေလးေပါက္ေလး"
~~~~~~~~~~~~~~~~~~~~~~~~~~~~

© Hnin Aung,
книга «Love, But Hurt (Season_3) The Last Begin».
Коментарі