Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 25
"ရော့...မင်းအတွက်"

အမဲရောင်အိတ်တစ်ထုပ်အား ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည့်အသံသည် ထိုအလုံးပိတ်မြေအောက်ခန်းကြီးအား ဟိန်းထွက်သွားစေသည်။

ရှန်ဖန်းက ငါးပေနီးပါးမြင့်သောကျောက်တုံးကြီးပေါ်တွင် သူ၏ခြေနှစ်ဖက်ကိုချိတ်ကာ ထိုင်နေလေ၏။ သူနှင့် ဆယ်ပေခန့်အကွာတွင်တော့ ဝူနန်နယ်စားမင်းသည် သူ၏ကိုယ်ခန္တာအား ရှေ့သို့ကိုင်းညွန့်ကာ ခေါင်းကိုပင် မြေပြင်နှင့် ထိကပ်လျက် အရိုအသေပြုနေလေ၏။

ပြုတ်ကျလာသော အမဲရောင်အထုပ်လေးတစ်ထုတ်ကို ဝူနန်နယ်စားက ခေါင်းကို ငုံ့ထားလျက်ပင် အမြန် လှမ်းယူလိုက်သည်။ သူက ရှန်ဖန်းကို မဝံ့မရဲတစ်ချက်ကြည့်ရင်း ခေါင်းတညိမ့်ညိမ့်ဖြင့်​ပင်

" ကျေးဇူးကြီးမားလှပါတယ် ။ ကျေးဇူးကြီးမားလှပါတယ် ။ သခင်ရှန်..."

ဝူနန်နယ်စားမင်း၏ အထုပ်ကိုကိုင်ဆွဲထားသောလက်များသည် တုန်ယင်ကာနေလေ၏။ ထို့အပြင်သူ၏လက်နှစ်ဖက်လုံးရှိ သွေးကြောများသည် အနက်ရောင်သဏ္ဍာန်ပြောင်းလဲကာ ထကြွနေကြသည်။ သွေးကြောများက မြင်မကောင်းလောက်အောင်ပင် သူ၏ မျက်နှာတွင်ပါ ထင်ဟက်ကာ ကြောက်စဖွယ်ကောင်းနေလေ၏။ တုန်ယင်နေသော လက်တို့က ထိုအထုတ်ကိုဖွင်ရန်ကြိုးစားနေကြသည်။ အထဲတွင်ရှိသော စိမ်းပုတ်ရောင်ဆေးလုံးများက ဆယ်လုံးခန့်လောက်တော့ရှိလိမ့်မည်။

ဝူနန်နယ်စားက ချက်ချင်းပင်ထိုဆေးလုံးများထဲမှတစ်လုံးကို မော့ကာသောက်ချပစ်လိုက်သည်။ ကျန်ဆေးလုံးများကို သူ့တွင်ပါလာသော ကြွေသားပုလင်းအသေးလေးထဲသို့ ထည့်လိုက်လေ၏။ ဆေးကိုမြိုချလိုက်သည်နှင့်တစ်ပြိုင်နက် သူ့တွင်ထွက်ပေါ်နေသော အနက်ရော သွေးကြောများမှာ ပျောက်ကွယ်သွားပြီး မူလပုံစံအတိုင်းပြန်ဖြစ်သွားလေတော့၏။

ဝူနန်နယ်စားက ရှန်ဖန်းအား ထက်မံကာဂါရဝပြုအရိုအသေပေးလိုက်ပြန်သည်။

" ကျေးဇူးကြီးမားလှပါတယ် သခင်ရှန်။"

ရှန်ဖန်းက အနည်းငယ်ပြုံးစစဖြင့်ပင် သူ၏လက်တစ်ဖက်ကိုဆန့်တန်းလိုက်ရင်း ကာပြလိုက်သည်။

"မင်းကိုလိုအပ်နေလို့ ပေးတာ။ ကျေးဇူးတင်မနေနဲ့။ သုံးစားမရရင်ကယ်စရာအကြောင်းမရှိဘူး။"

"ကျွန်တော်မျိုး နားလည်ပါတယ်။"

ဝူနန်နယ်စား၏အသံကိုကပင် အတော်ကိုခယကာ ရှန်ဖန်းအားကြောက်လန့်နေပုံရသည်။ ရှန်ဖန်းက

"ခဏနေရင် မင်းရဲ့သား ထိမ်းမြှားလက်ထပ်ပွဲစတော့မှာမလား။ သူတို့မပြန်မချင်း ဘာပြဿနာမှထပ်မဖြစ်စေနဲ့တော့။ သူတို့ချိုက်အန်းကိုပြန်ရောက်ဖို့လိုတယ်။ "

"မပူပါနဲ့ ။ ကျွန်တော်မျိုး ကျန်တဲ့နယ်စားတွေကို အစီအစဥ် ဖျက်သိမ်းဖို့ အကုန်လုံးက်ိုပြောပြီးပါပြီ။ ဒီလိုပုန်ကန်မယ်ဆိုတဲ့ ပြရုပ်ကိုအသုံးချပြီး သူတို့ကိုဒီကိုခေါ်လိုက်တယ်ဆိုတာကိုတော့ ကျွန်တော်မျိုးဘယ်သူ့ကိုမှ အသိမပေးပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့အကြံအစည်က အောင်မြင်သွားတာပဲ မဟုတ်ပါလား။"

"အင်း...မင်းတော်တယ်။ ဒါ့ကြောင့်လည်း မင်းကိုငါ ဒီတခေါက် ဆေးလုံးဆယ်လုံးပေးတာ။ တစ်လုံးကိုအနည်းဆုံး သုံးလလောက်ထိ ခံနိုင်တာမလို့ မင်း ၂နှစ်၊ ၃နှစ်ထိ ငါ့ဆီကဆေးကိုထပ်မလိုအပ်လောက်ဘူး။ အဲ့တော့ မင်းရဲ့နှလုံးရောဂါကလည်း ထပ်ဖောက်လာမှာမဟုတ်ဘူး။"

" ကျေးဇူးကြီးမားလှပါတယ် သခင်ရှန်။"

"သွားတော့..သွားတော့..."

ဝူနန်နယ်စားက မတ်တပ်ရပ်လိုက်ပြီးနောက် ဂါရဝပြုရင်း တဖက်သို့လှည့်ထွက်သွားလေတော့သည်။ ရှန်ဖန်းက ဝူနန်နယ်စားအားကြည့်နေရင်းပင် အနည်းငယ်ပြုံးလိုက်သေးသည်။ ထို့နောက် သူ၏ရင်ဘတ်ဝတ်ရုံထဲမှ ပစ္စည်းလေးတစ်ခုအား ထုတ်ကြည့်လိုက်သည်။

ဤသည်က ကျောက်စိမ်းဆံထိုးတစ်ခုပင်။ လှပသည့် ကနုတ်ပုံတို့ဖြင့် ရိုးရှင်းသော ဆံထိုး၏ ကိုယ်ထည်ကိုပုံဖော်ပေးထားသည်။

" မွေးစားအမေ...မွေးစားအမေ မြတ်နိုးချစ်ခင်ရပါတယ်ဆိုတဲ့လူရဲ့သား၊ မွေးစားအမေရဲ့ ဘဝတစ်ခုလုံးရင်းပြီးတော့ကို လိုက်ကာကွယ်ပေးနေတဲ့ သားလေးကို ကျွန်တော်ဖျက်စီးပစ်နိုင်တော့မယ်။ မွေးစားအမေရဲ့ချစ်ခြင်းတွေက သူနဲ့မှမတန်တာ။ ကျွန်တော်ပြန်ယူရမှာပေါ့။ ဟုတ်တယ်မလား။"

ရှန်ဖန်းက သူ၏လက်ထဲရှိဆံထိုးအား ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပစ်လိုက်သည်။

.............................,............

"ကိုယ်လုပ်တော်ကျင့်..... "

"မင်းသမီးချင်းယာကို ဂါရဝပြုပါတယ်။"

ချင်းယာက အခမ်းအနားမှတစ်ဖက်သိူ့လစ်ထွက်လာသော အန်းလုကို ဂါရဝပြုလိုက်သည်။ အန်းလုက ပြန်ဂါရဝပြုလိုက်သည်။ သူမက အန်းလုကိုကြည့်ရင်း

"ကိုယ်လုပ်တော်ကျင့်.... ကျွန်မရဲ့ ခမည်းတော်ကိုများတွေ့မိသေးလား။ မကြာခင် မိုးမြေကန်တော့ တော့မှာမလို့ သူ့ကိုလိုက်ရှာနေတာ။"

"အယ်...ခုနကပဲ သူတို့အခန်းအနားကိုစဖို့လုပ်နေပြီလေ။ ဝူနန်နယ်စားလည်း အဲ့နေရာမှာထိုင်နေတာတွေ့တယ်။ အရှင်ချီရှန်းနဲ့တောင် စကားစမြည်ပြောနေသေး။"

"အာ...ကျွန်မ စောနကတုန်းက.......

ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။"

ချင်းယာက အမြန်ပင်နှုတ်ဆက်ကာ ခန်းမဆောင်ကြီးဘက်ကို ထွက်လာခဲ့လိုက်တော့သည်။ အန်းလုက လူအရမ်းရှုပ်တာကြောင့် စိတ်ညစ်လာသဖြင့် စိတ်ပြေလက်ပျောက် ထွက်လာခဲ့လိုက်ခြင်းပင်။ ချီရှန်းကလည်း ဘုရင်တစ်ပါးအနေဖြင့် မင်္ဂလာမောင်နှံအားကောင်းချီးပေးရန်ရှိနေရသည့်အတွက် အန်းလုကတိတ်တိတ်ကလေးပင် အပြင်သို့ လစ်ထွက်လာခဲ့လိုက်သည်။

"မင်းသမီးချင်းယာ ကိုဂါရဝပြုပါတယ်။"

ရင်းနှီးသည့်အသံကြောင့် အန်းလုကနောက်သို့လှည့်ကြည့်လိုက်သည်။ ကျီချန်းနှင့် ချင်းယာက တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်နှုတ်ဆက်ဂါရဝပြုနေကြသည်။ တခဏနေတော့ ကျီချန်းကအန်းလုဆီသို့ ပြေးလာပြီး ချင်းယာက သူမ၏ဦးတည်ရာဆီသို့ဆ​က်သွားလေတေယ့သည်။ ကျီချန်းတစ်ယောက် အန်းလုအနားသို့ရောက်လေတော့ အန်းလုက

"အကိုကျီချန်း...အထဲမှာမနေဘူးလား။ ဘာလို့ထွက်လာတာလဲ။ "

"မင်းထွက်သွားတာမြင်လိုက်လို့လေ။ အထဲမှာ ဘာမှလုပ်စရာလည်းရှိတာမဟုတ်ဘူး။ ပျင်းဖို့ကောင်းတယ်။"

အန်းလုက ကျီချန်း၏မျက်နှာရှေ့အထိ လက်ကိုမြှောက်လိုက်ပြီးနောက် လက်မထောင်ပြလိုက်သည်။

"မှန်တယ်..မှန်တယ်။ ကျွန်တော်လည်းလုပ်စရာမရှိသလိုခံစားရလို့ ထွက်လာတာ။"

"အန်းလု...အခုပျင်းနေတာမလား။"

"အင်း"

"အကို ညဘက်လျှောက်သွားရင်းနဲ့နေရာတစ်ခုတွေ့ထားတယ်။ အခုညနေစောင်းတဲ့အချိန်နဲ့ဆို ကွက်တိပဲ။ သွားကြမလား။"

"ဟုတ်လား ။ ထူးထူးဆန်းဆန်း နေရာမျိုးလား။ "

"အင်း...အရမ်းလှတယ်။အန်းလုသဘောကျမှာ။ သွားရအောင်။"

ကျီချန်းက အန်းလု၏လက်တစ်ဖက်ကိုဆွဲကာ ခေါ်သွားလေတော့သည်။

"ခဏ..ခဏ။ ကျွန်တော် ရှန်းရှန်းကိုမပြောရသေး..."

"ရတယ်။ သူ့ကို အကိုပြောခဲ့တယ်။ အန်းလုကိုသိမ်းလိုက်ပြီလို့။"

"ဗျာ...."

ကျီချန်းက အန်းလုကိုထပ်မံကာစကားပြောခွင့်မပေးတော့ပဲ လက်ကိုသာ အတင်းဆွဲ၍ ရီကာပြေးလေတော့သည်။

....................................

"ဒီနေရာက....."

"နန်းတော် အနောက်ဘက်မြို့ရိုး။ ပြီးတော့ ကန္တာရလွင်ပြင်။"

"လှလိုက်တာ...နေဝင်နေပြီ။ နေလုံးကြီးက.... ဝါး တကယ်ကိုလှလိုက်တာ။"

ကျီချန်းက အုတ်တံတိုင်း၏ ဝံရံတာကို လက်ထောက်ကာ ဘေးရှိ တအံတသြကြည့်နေသော အန်းလုကို ငေးဆိုက်ကြည့်နေသည်။ မကြာခင်ရောက်ရှိတော့မည့် ညတာအတွက် ပျောက်ကွယ်လုနီးနေသော နေမင်းကြီးက ထိုကန္တာရရှိ သဲသောင်ပြင်ကြီးများထဲသို့ နစ်ဝင်နေသည့်ဟန် ပေါ်နေသည်။ မြင့်မြင့်မားမားတည်ဆောက်ကာထားသော နီညိုရောင်အုတ်တို့ဖြင့် တံတိုင်းကြီးသည် ပျောက်ကွယ်လုနီးသော နေမင်း၏ နီညိုရောင်အလင်းတို့ဖြင့် ပို၍နီစွေးနေလျက်ရှိသည်။

လွင်ပြင်တစ်ခုလုံးနီးပါးက မည်သည့် သစ်ပင်အရိပ်တို့မျှမရှိတာကြောင့် နေမင်းကြီးကို သေချာစွာမြင်ရနိုင်သည်။ အန်းလုက သူ၏လက်နှစ်ဖက်လုံးကို ထိုတံတိုင်း၏ ဝံရံတာတွင်ထောက်လျက် အတော်ကြာအထိငေးကြည့်နေမိသည်။ သူ၏မျက်ဝန်းများကပင် ဝန်းလဲ့တောက်ပနေသေး၏။

"ပြောသားပဲ။ လိုက်လာရတာတန်တယ်မလား။"

ထိုအခါမှ အန်းလုက ကျီချန်းဘက်ကိုကြည့်ကာ ပြုံးလျက်ပင်

" အွန်း......တကယ်လှလိုက်တာ။ ဒါမျိုးဆိုရင် အရင်က တီဗွီတွေထဲမှာပဲ မြင်ဖူးခဲ့တာ။ အခုကျ တကယ့်သဘာဝအလှကိုမြင်လိုက်ရသလိုပဲ။ တကယ်...တကယ်ကို လှလွန်းတယ်။"

ကျီချန်းက အန်းလုကို ပြုံးလျက်ကြည့်နေရင်းပင် အန်းလု၏ ခေါင်းအား လက်ဖြင့် ပွတ်သတ်ပေးလိုက်သည်။ အန်းလု၏ ခေါင်းလေးကအနည်းငယ် တိုဝင်သွားပြီးနောက် ကျီခန်းကိုကြည့်လာသည်။

"အကိုကျီချန်း...."

"အာ...တောင်းပန်တယ်။"

ကျီချန်းက သတိဝင်လာပြီးနောက်သူ၏လက်ကိုပြန်ရုတ်လိုက်သည်။ အန်းလုက သူ၏ခေါင်းကို ငုတ်လိုက်ပြီးနောက် နှစ်ဦးသားကြားတွင်ရှိသော လေထုက တိတ်ဆိတ်သွားတော့သည်။

တစ်ခဏနေတော့ အန်းလုက သူ၏ဝတ်ရုံလက်နှစ်ဖက်ကို ကြည့်မိတော့ ဖုန်မှုန့်များဖြင့် ဝတ်ရုံလက်မှာ ညစ်ပတ်ကာနေလေသည်။ အန်းလုက သူ၏လက်တစ်ဖက်ကို နောက်တစ်ဖက်ဆီသို့ခါရင်း

" သတိမထားမလိုက်တာ ဖုန်တွေကပ်ပြီး ညစ်ပတ်ကုန်ပြီ။"

"ဟုတ်တယ်...ဒီနားမှာ ဖုန်တွေနဲ့ ညစ်ပတ်နေတာပဲ။ အဆင်ပြေရဲ့လား။"

"ပြေပါတယ်။ ကျွန်တော်က အစထဲက အရမ်းသန့်တဲ့သူမှမဟုတ်တာ။ "

အန်းလုက ပြုံးလျက်ပင်ပြောလိုက်သည်။ ကျီချန်းကလည်း ပြန်ပြုံးပြလိုက်ရင်း

"ဟုတ်ပ။ မင်းက ညစ်ပတ်အိုးလေးဆိုတာမေ့နေတာ။

နေတောင် ဝင်သွားပြီ။ ဒါဆို အခန်းအနားဆီပဲ ပြန်ကြရအောင်လေ။ ချီရှန်းကမင်းကို မတွေ့ရင် လိုက်ရှာနေလိမ့်မယ်။"

"အွန်း...သွားကြရအောင်။"

အန်းလုက သူ၏ ဝတ်ရုံကိုဖုန်ဆက်ခါနေရင်းပင် ရှေ့ကနေသွားလိုက်သည်။ ကျီချန်းက နောက်တွင် ရပ်ကာကျန်နေခဲ့သေး၏။ အန်းလု နည်းနည်းဝေးဝေးကိုရောက်တော့ ကျီချန်းက နောက်ဘက်မှနေ၍ စကားစသည်။

"တခါတလေမှာ တောက်ပတဲ့ နေမင်းကြီးထက် ညဘက်ကောင်းကင်ယုံမှာ ထွက်ပေါ်လာတဲ့ လမင်းကြီးကို မင်းက ပိုပြီးလှပတယ်လို့ ခံစားရစေနိုင်တာမျိုးလည်းရှိတယ်။

နေမင်းကြီးရဲ့ အနားမှာနေရတာ  အရမ်းပူလောင်တယ်လို့ ခံစားရတိုင်း အေးချမ်းမှုကို ပေးနိုင်တဲ့ လမင်းကြီးရဲ့ ရင်ခွင်မှာလည်း ခိုလှုံလို့ရပါတယ်။"

အန်းလုက နောက်ကျောပေးကာရပ်နေရင်းမှ ကျီချန်းရဲ့စကားဆုံးလေတော့ သူက ကျီချန်းကိုလှည့်ကြည့်ကာ ပြုံးလိုက်လေသည်။

" လမင်းကြီးမှာ အတူထွန်းလင်းပေးမဲ့ ကြယ်လေးတွေရှိပေမဲ့ နေမင်းကြီးကတော့ တစ်ကိုယ်တည်း အထီးကျန်နေရတာလေ။ ကျွန်တော်က သူ့ရဲ့ အထီးကျန်ခြင်းကို နည်းနည်းပဲ ဖြစ်ဖြစ်မေ့ဖျောက်ပေးနိုင်မယ်ဆိုရင်တောင် ကျွန်တော် ပူလောင်ရလည်း အဆင်ပြေတယ်။ ဘာလို့ဆိုတော့  ကျွန်တော်သူ့ကိုချစ်တာမလို့။"

အန်းလုက ကျီချန်းရဲ့အနားကို ပြန်လျောက်လာလိုက်သည်။ ပျောက်ကွယ်ကာသွားသော နေမင်းကြီးအစား ကောင်းကင်ယံ၏ တဖက်တွင် လမင်းကြီးက ထွန်းလင်းကာလာလေ၏။ ကြယ်ရောင်တို့က မှိတ်တုတ် မှိတ်တုတ်ဖြင့်၊ ပတ်ဝန်းကျင်တွင်တို့ တိတ်ဆိတ်ကာ ပိုးကောင်များ၏ အသံများမှ အပ မည်သည့်အသံကိုမျှမကြားရချေ။
အန်းလုက ကျီချန်းကို သေချာစွာဆိုက်ကြည့်ရင်း

"ကျွန်တော် အကို့ရဲ့အချစ်ကိုမမြင်ခဲ့တာမဟုတ်ပါဘူး။ မမြင်ချင်ယောင်ဆောင်ခဲ့တာ။ ကျွန်တော် အဲ့လောက်ကြီးတော့ မတုံးအသေးဘူးလေ။ ဟုတ်တယ်မလား။ ကျွန်တော်သာ မသိချင်ယောင်ဆောင်နေခဲ့ရင် အကိုလည်း တစ်နေ့ကျွန်တော့်ကို သဘောကျတဲ့စိတ်တွေ ပျောက်ကွယ်သွားမှာပါလို့ တွေးမိပေမဲ့ ကျွန်တော့်က တွေးလိုက်တိုင်းလွဲတာများတယ်။

ဒါပေမဲ့ ကျွန်တော် ဒီနေ့မှာတော့ အကို့ကို အပြတ်ငြင်းပါရစေ။

ကျွန်တော့ နှလုံးသားထဲမှာ လီချီရှန်းဆိုတဲ့ လူတစ်ယောက်ပဲရှိတယ်။ ဟိုးအရင်အစဦးကတည်းကနေ အခုလက်ရှိအချိန်အထိ၊ သူတစ်ယောက်ပဲ ကျွန်တော့်နှလုံးသားကို စိုးမိုးထားတယ်။

ကျွန်တော်က အကို့ကို ကျွန်တော့်ရဲ့အကိုကြီးတစ်ယောက်လိုခင်တွယ်တာမလို့ မျှော်လင့်ချက်ကိုဒီထက်ပိုပြီး ထပ်မထားစေချင်ဘူး။

အကို့ကိုလည်း အချစ်သစ်တစ်ခုတွေစေချင်တယ်။ မိသားစုတစ်ခုနဲ့ ပျော်ရွှင်စေချင်တယ်။ ကျီယွမ်တို့လို လှပတဲ့မိသားစုလေးတစ်ခု ရစေချင်တယ်။ ကျွန်တော် ပထမတစ်ခါ ဒီနေရာကနေထွက်မသွားခင်ကတည်းက အဲလိုဖြစ်စေချင်ခဲ့တာ။

ဒါပေမဲ့ ကျွန်တော်ဖြစ်စေချင်တဲ့ ပုံစံမျိုးဖြစ်မလာခဲ့ဘူး။ အကိုကျီချန်းက ဒီနွံထဲမှာ ဆက်နစ်နေတုန်းပဲ။ ဒါက မဖြစ်သင့်ဘူးလေ။ ဟုတ်တယ်မလား။ ဒါ့ကြောင့် အတတ်နိုင်ဆုံးမြန်မြန်ရုန်းထွက်ပါ။ ကျွန်တော်ကြောင့် အကို့ကိုရော ဘယ်သူ့ကိုမှ ထပ်မနာကျင်စေချင်တော့ဘူး။"

"........."

ကျီချန်းက အန်းလုကိုသာဆိုက်ကြည့်နေသည်။ သူ၏နှူတ်ခမ်းတစ်စုံက ဟစိ ဟစိဖြင့် ဖြေရှင်စချက်တစ်စုံတစ်ရာပေးရန် ပြင်ဆင်နေသော်လည်း မည်သည့်စကားသံမျှတော့ ထွက်မလာချေ။

အန်းလုက တစ်ဖက်သို့ပြန်လှည့်လိုက်ပြီးနောက် ထွက်သွားလေတော့သည်။ ကျီချန်းက ထိုနေရာတွင်ပင် ကျန်ခဲ့လေတော့၏။

~~~~~~~~~~~~~~~~~~~~~~~~~~~~~
© Hnin Aung,
книга «Love, But Hurt (Season_3) The Last Begin».
Коментарі