Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 9
"မင်း..ဘယ်သူလဲ။"

အံသြမှူအပြည့်နှင့် ခပ်သြသြအသံတစ်ခုကပေါ်ထွက်လာလေ၏။မှိန်ပြပြမီးရောင်၏ ရောင်ပြန်ဟပ်မှုက အန်းလု၏ ပါးပြင်ပေါ်ရှိ မျက်ရည်စများကို လင်းလက်စေသည်။

ချီရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး အန်းလုကိုသေချာကြည့်နေသည်။ ချီရှန်း၏ နားထင်နားတစ်ဝိုက်တွင် ချွေးစေးများ စီးကျနေလေ၏။ အန်းလု၏ ကျန်လက်တစ်ဖက်က ထိုချွေးများကိူ သူ၏လက်ဝတ်ရုံစဖြင့်သုတ်ပေးရန် လှမ်းလိုက်သည်။

အန်းလု၏ ကျန်လက်တစ်ဖက်ကိုလည်း ချီရှန်းက ခပ်တင်းတင်းဆုပ်ကိုင်ပစ်လိုက်လေ၏။

"အ့...."

အန်းလုက အနည်းငယ်နာသွားတာကြောင့် အော်လိုက်သည်။ ချီရှန်းကစိတ်မရှည်သည့် လေသံဖြင့် ထပ်မေးလေ၏။

"မင်းဘယ်သူလဲလို့ ငါမေးနေတယ်လေ။ ဘာလို့ဒီနေရာကို ရောက်နေရတာလဲ။"

ချီရှန်းက ပြောလိုက်ပြီးနောက် အန်းလု၏ လက်နှစ်ဖက်စလုံးကို ခပ်ပြင်းပြင်း လွှတ်ပေးလိုက်သည်။ အန်းလု၏ ခန္တာကိုယ်သည် ကုတင်နှင့် အနည်းငယ်အကွာတွင် ပုံလျက်ကျလေ၏။ ချီရှန်းက ချက်ချင်း ကုတင်ပေါ်မှ ကောက်ထလိုက်ပြီး အန်းလုကို ကျောပေးလိုက်သည်။ ခန့်ညားထည်ဝါသော အရှိန်အဝါက ကျောပြင်ကျယ်ကြီးအား ကြည့်ရုံနှင့်ပင် ခံစားရနိုင်သည်။

ချီရှန်းက လက်နှစ်ဖက်ကိုနောက်ပစ်လျက်ပင် ခေါင်းငုံ့ကာတစ်ချက်ရီလိုက်သည်။ သူ၏ အသံကတစ်ခုခုကိုသဘောပေါက်သွားပုံပေါ်သည်။

"ဟား....ဘာလဲ။ ငါ့ကိုဆွဲဆောင်ဖို့လာတာလား။"

လဲကျနေသော အန်းလုရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အန်းလု၏ မေးရိုးအား ဆွဲညှစ်လိုက်သည်။

"မင်းသိလား။ ငါကယောက်ျားလေးတွေကိုလေ မင်းလိုချောချော၊ လှလှ ၊ ချစ်စရာကောင်းတိုင်းကြိူက်တာမဟူတ်ဘူး။ ငါက သူဖြစ်နေလို့ကိုကြိုက်တာ။ ငါကသူ့ကိုချစ်တာ။ ရုပ်လှပြီးနူးညံ့တဲ့ယောက်ျားမလို့ကြိုက်တာမဟုတ်ဘူး။ ဒါ့ကြောင့် မင်းအတွေးတွေကို ရပ်တန်းကနေရပ်လိုက်။"

ချီရှန်းက အကြည့်စူးစူးတို့ဖြင့်ကြည့်ကာပြောလိုက်ပြီးနောက် အန်းလု၏မေးရိုးကိုလွှတ်ပေးလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ အန်းလု၏ ပါးပြင်ထက်က မျက်ရည်များ အဆက်မပြတ်ကျဆင်းလေ၏။ ချီရှန်းကဆက်သည်။

"မင်းဒီနေရာကိုသိပြီး လာတယ်ဆိုကတည်းက ဒီအဆောင်ပိုင်ရှင်နဲ့ပတ်သတ်ပြီးတော့လည်း သတင်းတွေကြားမှာပဲ။ အဲ့တာကြောင့် ငါအရှင်းဆုံးပြောတာ။ ငါနဲ့ဝေးဝေးနေတာအကောင်းဆုံးပဲ။ နောက်တစ်ခါဒီအဆောင်နားကို လာမိခဲ့ရင်တောင် ငါမင်းကိုသတ်မယ်။"

ချီရှန်းက တစ်ဖက်သို့လှည့်အပြင်သို့ထွက်ရန်ပြင်လိုက်သည်။ ခြေတစ်လှမ်းကို လှမ်းရန်ပြင်စဉ်တွင်ပဲ နောက်ကနူးညံ့သည့်အသံတစ်ခုကြောင့် တစ်ကိုယ်လူံး ပူထူပြီး ရပ်တန့်သွားခဲ့လေသည်။

"ရှန်းရှန်း......"

ပြီးမှ ချီရှန်းက ခေါင်းကိုငုံ့ကာပြုံးလိုက်ပြီး

"ဒါတွေ အထိပါသိနေတာပါလား။ ဘယ်သူတွေကများ ဒီလောက်ထိသတင်းပေးတော်နေရတာလဲ။"

ချီရှန်းက အန်းလုဘက်သို့ပြန်လှည့်လိုက်သည်။ သူ့အား မျက်ရည်ပြည့်နှက်နေသော မျက်ဝန်းတို့ဖြင့် မော့ကြည့်နေသော အန်းလုကိုမြင်ရ၏။

"ထပ်ခေါ်ကြည့်...ငါမင်းကိုအခုဒီနေရာမှာတင်သတ်မယ်။"

"ရှန်း.....ရှန်း....."

အန်းလုက တစ်ဖြည်းဖြည်းချင်းမတ်တပ်ရပ်လိုက်ပြီးနောက် ချီရှန်းအား တစ်ခွန်းချင်းခေါ်လိုက်သည်။

"ကျွန်တော်က အန်းလုပါ။ ခင်ဗျားရဲ့ အန်းလု။"

အန်းလုက ကိုယ်ကိုမတ်မတ်ရပ်လျက် ရဲဝံ့သော မျက်ဝန်းတစ်စုံဖြင့် ချီရှန်းကိုကြည့်နေသည်။
ချီရှန်း၏ မျက်ဝန်းတို့က အနည်းငယ်ပြူးကျယ်လာလေ၏။ သူကလည်း အန်းလုကိုသာ ဆက်ကြည့်နေသည်။ အန်းလုက သူ့အားပြုံးလျက် ခေါင်းညိမ့်ပြသည်။

"ကျွန်တော်က ခင်ဗျားချစ်တဲ့ချီအန်းလု။ ကျွန်တော်ခင်ဗျားဆီကို ပြန်လာပြီ။"

အန်းလုက လက်နှစ်ဖက်ကို ဖြန့်ကာဆီးကြိုနေသည့်ပုံစံလူပ်လိုက်သည်။ အတော်ကြာသည်အထိ ချီရှန်းက သူ့ကိုကြည့်ရုံသာ ကြည့်နေသည်။ ပြီးမှ ရုတ်တရက် အန်းလုဆီသို့ပြေးသွားလေ၏။

အနားရောက်သည်အထိ မည်သည့်စကားတစ်ခွန်းကိုမျှမဆိုပဲ အန်းလုကို ဆွဲဖက်ကာရင်ခွင်ထဲ ဆွဲသိမ်းပစ်လိုက်သည်။ တင်းကျပ်စွာဖက်ထားသည်မှာ နှစ်ဦးကြားမည်သည့် လေဟာနယ်မှပင် မရှိလောက်သည်အထိကို ပူးကပ်နေကြလေ၏။

အန်းလုကချီရှန်း၏ ချိုင်းအောက်မှ လက်နှစ်ဖက်ကိုလျိုဝင်လိုက်ပြီး ချီရှန်း၏ ကျောပြင်အား အသာပုတ်ပေးရင်းဆိုသည်။

"ကျွန်တော့်ကို အများကြီးလွမ်းနေခဲ့တာလား။"

"......."

ချီရှန်းကမည်သည့်စကားတစ်ခွန်းတစ်စမျှ ထွက်မလာပဲ အန်းလုကို ပိုပို၍သာ တင်းတင်းကျပ်ကျပ်ဖက်တွယ်ထားလေ၏။ အန်းလုက ချီရှန်း၏ကျောပြင်ကို ခပ်ဖွဖွပုတ်ပေးနေရင်း

"ကျွန်တော်အသက်ရှူကျပ်နေပြီ ။ ခဏလွှတ်ပေးလို့ရမလား။ ပြီးမှဆက်ဖက်လေ။"

ချီရှန်း၏ တင်းကျပ်စွာဖက်တွယ်ထားမှုက အတော်နှေးနှေးကို ပြေလျော့လာလေ၏။ အနည်းငယ်ကွာသွားလေတော့ ချီရှန်းက အန်းလုကိုသေချာကြည့်ရင်း မျက်ဝန်း၌ မျက်ရည်စတို့က တွဲခိုလာလေ၏။ အန်းလုက ချီရှန်း၏ နားထင်ဘေးနှစ်ဖက်ရှိ ချွေးစေးများကို သူ၏ လက်ဝတ်ရုံစဖြင့် သုတ်ပေးရင်း

"ညတိုင်းအိမ်မက်ဆိုးတွေ မက်နေခဲ့တာလား။"

ချီရှန်းကခေါင်းညိမ့်ပြ၏။ ကလေးတစ်ယောက်လိုအပြုအမူက ချီရှန်းအရမ်းဝမ်းနည်းနေတဲ့အချိန်ဆိုလျင် ပေါ်ပေါက်လာတတ်သည်ကိုအန်းလုသိသည်။

"ကျွန်တော့ကို တစ်ခုခုမပြောတော့ဘူးလား။ မယုံဘူးတို့ဘာတို့။ "

ချီရှန်းကခေါင်းခါပြ၏။

"ဒါဆို ကျွန်တော်ကအန်းလုဆိုတာယုံတယ်ပေါ့။ အရင်ကပုံစံမဟုတ်ဘူးလေ။အရင်က ခင်ဗျားအိမ်မက်ထဲကကောင်လေးပုံစံမဟုတ်တော့ဘူးလေ။"

"ရှူး....."

ချီရှန်းက အန်းလု၏ နှုတ်ခမ်းပါးပေါ်သိူ့ လက်ညိုးတင်လိုက်ပြီး တိတ်စေသည်။

"ခဏလေး။ ခဏလေးပဲ......ဒီလိုလေးနေရအောင်။"

ချီရှန်းက အန်းလုကိုရင်ခွင်ထဲပြန်ထည့်လိုက်ပြီး ဖက်တွယ်ထားပြန်သည်။ အန်းလုက အနည်းငယ်ပြုံးလိူက်ပြီးနောက် ချီရှန်းကိုပြန်လည်ဖက်တွယ်လိုက်သည်။

(အေးလေ...ဘာအကြောင်းပြချက်မှမ, မလိုအပ်တာ။)

......................

နေရောင်စူးစူးက ယုံးယွမ်အဆောင်၏ အရှေ့ဘက်ပြတင်းပေါက်မှတစ်ဆင့် အခန်းတွင်းသို့ ဝင်ရောက်နေလေ၏။ နေ့လည်ခင်းလောက်ပင်ရှိလေတော့မည်။

နှစ်ဦးသားလည်း မိုးလင်းခါနီးလောက်မှ အိပ်ရသည့်ပုံ။ အန်းလု၏ မျက်ဝန်းများက တဖြည်းဖြည်းချင်း ဖွင့်လိူ့လာ၏။ ဘေးပတ်ပတ်လည်ကိုကြည့်တော့ အရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်နေရချေပြီ။ သူထရန်ပြင်လေတော့မှ သူသတိထားမိသည်က ချီရှန်းက အနောက်မှ သူ့အသိုင်းဖက်ထားသည်။ ဒီတစ်သက်လွှတ်မည့်ပုံမပေါ်ချေ။

အန်းလုက ကိုယ်ခန္တာအား တစ်ဖြည်းဖြည်းချင်းချီရှန်းဘက်သို့ လှည့်လိုက်သည်။ ချီရှန်းက နှစ်ခြိုက်စွာအိပ်နေတုန်းပင်။ ခန့်ညားထယ်ဝါသည့် မျက်နှာကို အနီးကပ်မြင်ခွင့့်ရှိသည့် သူဟူ၍ အစမှအဆုံးထိ သူတစ်ဦးတည်သာရှိခဲ့သည်။ အန်းလုက ထိုအကြောင်းကိုတွေးမိတော့ ပြုံးလိုက်၏။

အနည်းငယ် လှုပ်သွားတာကြောင့် ချီရှန်းက လွတ်ထွက်သွားမည်စိုးသည့်အလား အန်းလုကို ပိုတင်းကျပ်အောင် ဖက်ထားလိုက်သည်။

အန်းလုက သူ၏လက်တစ်ဖက်ကို နှစ်ဦးကြားထဲမှအသာဆွဲထုတ်လိုက်ပြီး ချီရှန်း၏ ပါးပြင်အား ထိကိုင်လိူက်သည်။

"အကြာကြီးပစ်ထားမိသလိုဖြစ်လို့ တောင်းပန်ပါတယ်။

" ဒါဆို ထပ်ပြီးတော့ ထွက်မသွားနဲ့တော့။ "

ချီရှန်းက သူ၏ပါးပြင်ပေါ်ရှိ အန်းလု၏လက်အား ပြန်လည်ဆုပ်ကိုင်လိူက်ရင်းဆိုသည်။ မျက်ဝန်းတို့က တဖြည်းဖြည်းချင်းပွင့်လာပြီးနောက် အန်းလုအား ကြည့်နေလေ၏။

အန်းလု၏လက်ကလေးအား ညှင်သာစွာဆုပ်ကိုင်ရင်း လက်ဖမိုးအားခပ်ဖွဖွအနမ်းပေးလိုက်သည်။ အန်းလုက ချီရှန်းအားကြည့်ရင်း

"ကျွန်တော့ရဲ့ဒီလိုပုံစံက ရှန်းရှန်းအတွက်တကယ်ရော အဆင်ပြေရဲ့လား။"

" မင်းကဘယ်လိုပုံစံဖြစ်ဖြစ် ကိုယ်အတွက် မင်းဖြစ်နေဖို့ပဲလိုတာ။"

ချီရှန်းက ငုတ်တုပ်ထထိုင်လိုက်သည်။ အန်းလုကလည်း လိုက်ထိုင်လိူက်ပြီး ချီရှန်းကိုကြည့်နေလိုက်သည်။

"ကိုယ်တကယ်ကိုမျှော်နေခဲ့တာ။ နှစ်တွေဘယ်လောက်ပဲကြာကြာ မင်းပြန်ကိုပြန်လာမယ်ဆိုတာ ကိုယ့်ရဲ့စိတ်ကသိနေပြီးသား။ နောက်ထပ်ခန္တာအသစ်နဲ့လာလိမ့်မယ်လို့တော့ မထင်ခဲ့မိဘူး။ ဒါပေမယ့် လည်း ဒါက ဖြစ်နိုင်ပါတယ်။ဘယ်လိုထူးခြားတဲ့အရာဖြစ်ဖြစ် မင်းနဲ့ပတ်သတ်ရင် ကိုယ့်အတွက်က ထူးဆန်းတော့တာမှမဟုတ်တာ။ "
အန်းလုက ချီရှန်းရင်ခွင်ထဲတိုးဝင်လိုက်သည်။

" ကျွန်တော် အနားကနေထပ်ထွက်မသွားတော့ပါဘူး။"

(ခင်ဗျားရှိတဲ့နေရာမှာ ကျွန်တော်လည်းရှိနေပေးမယ်။ အဲ့တာဘယ်နေရာဖြစ်ဖြစ်။)

~~~~~~~~~~~~~~~~~~~~~~~~~~
© Hnin Aung,
книга «Love, But Hurt (Season_3) The Last Begin».
Коментарі