Chapter 20
နန်းတော် အဆောင်များ၏အပြင်အဆင်က ချိုက်အန်းနန်းတော်လောက် မခမ်းနားသော်လည်း သူ့နေရာနှင့်သူတော့ တင့်တယ်နေသည်။ လောလောဆယ်တွင်တော့ နန်းတော်ကြီးတစ်ခုလုံးနီးပါးက အနီရောင်ဖဲသားစများ ရွေရောင်ချယ်မှုန်းထားသော မင်္ဂလာစကားလုံးများဖြင့် အဆောင်တိုင်းတွင်ပြည့်နှက်နေလေ၏။
ချင်းယာက ချီရှန်းတို့အား နန်းတော်ထဲရောက်သည်အထိကိုပင် သူမကရှေ့မှ ဦးဆောင်ကာလမ်းပြသည်။ သူမကအဆောင်တော်ကြီးတစ်ခုရှေ့တွင် ရပ်တန့်လိုက်ပြီးနောက် ချီရှန်းတို့ဘက်သို့လှည့်လိုက်ပြီး ချီရှန်းအား ထပ်မံကာဂါရဝပြုလိုက်သည်။
"အရှင်ချီရှန်း ။ ဒါကတော့ အရှင် အနားယူဖိူ့အဆောင်တော်ပါ။ ကျန်တဲ့သူတွေကိုတော့ ကျွန်မရဲ့ လူတွေက သီးသန့်အဆောင်တစ်ခုဆီကိုလိုက်ပို့ပေးပါလိမ့်မယ်။ ညဘက်မှာ ဧည့်သည်တော်တွေ အားလုံးအတွက် သီးသန့်တွေ့ဆုံညစာစားပွဲရှိပါလိမ့်မယ်။ ကျွန်မကပဲ လာရောက်ခေါ်ဆောင်ပေးပါ့မယ်။"
"အင်း....."
ချီရှန်းက ပြတ်သားသည့်စကားတစ်လုံးကိုသာဆိုလိုက်သည်။ အန်းလုတို့ကိုတခြားအဆောင်တွေဆီသို့ ခေါ်ဆောင်သွားရန်သူမက သူမ၏လူများအား အမိန့်ပေးလိုက်သည်။
"ကျန်တဲ့သူတွေကိုတော့ သက်ဆိုင်ရာပြင်ဆင်ထားတဲ့ ဧည့်ဆောင်တွေဆီကိုလမ်းပြပေးလိုက်ပါ။"
"အမိန့်အတိုင်းပါ။"
သူမနောက်ရှိ အမျိုးသမီးငယ်နှစ်ဦးက အမိန့်ကိုနာခံသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်ကြသည်။
"ဒီဘက်ကို...."
သူမတို့က အန်းလုတို့ကိုလမ်းပြသည်။ ရှောင်ရှင်းတို့တစ်ဖက်သို့လှည့်လိုက်သည်နှင့်ပင် နောက်ဘက်မှအသံတစ်ခုကိုကြားလိုက်ရသည်။
"ကျင့်ကိုယ်လုပ်တော်က ကိုယ်တော်နဲ့ပဲအတူနေလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သူက ကိုယ်တော့်ရဲ့ကိုယ်လုပ်တော်မလို့။"
ချင်းယာကပြုံးလျက်ပင်ပြောသည်။
"ဝူနန်ရဲ့တော်ဝင်စည်းကမ်းအရ တော်ဝင်မျိုးနွယ်တွေက အဆောင်တစ်ခုကို တစ်ဦးတည်းသာနေခွင့်ရှိတာမလို့ နားလည်ပေးစေချင်ပါတယ်။"
ချီရှန်းက ချင်းယာကိုစူးစိုက်ကြည့်လိုက်သည်။ ပြီးနောက်ချက်ချင်းအကြည့် လွှဲလိုက်ပြီးနောက် ရုတ်တရက်ပင် အန်းလုတို့အနားသို့သွားကာ အန်းလု၏လက်အားဆွဲကိုင်လိုက်ပြီး ချင်းယာဘက်သို့လှည့်ကာ
" ငါ့ကိုဘယ်သူကတားရဲလဲ။"
ချီရှန်းက ထိုစကားကိုပြောပြီးနောက် အန်းလုကိုဆွဲလျက်ပင် ရှေ့ရှိအဆောင်တော်ထဲသို့ တံခါးကို ဝုန်းခနဲ မြည်အောင်တွန်းဖွင့်ရင်းဝင်သွားလေတော့သည်။ အန်းလုကလည်း ဘုမသိ ဘာမသိနှင့်ပင် ချီရှန်းခေါ်ရာနောက်ပါသွားလေတော့၏။ အဆောင်အတွင်းဘက်ရောက်တော့ အန်းလုကိုဆွဲထားလျက်ပင် ကျန်လက်တစ်ဖက်ဖြင့် တံခါးချပ်နှစ်ချပ်အား တစ်ချပ်ဆီ ဆောင့်ပိတ်ချလိုက်သည်။
ရှောင်ရှင်းက အခြေအနေကိုအကဲခတ်နေပြီး ကျီချန်းက ချီရှန်းတို့ဝင်ကာသွားသောအဆောင်တော်၏ တံခါးဝအား စိုက်ကြည့်နေသည်။
ချင်းယာက သူ၏မျက်နှာကိုတည်ထားရာမှ ချက်ချင်းပြန်ပြုံး လိုက်ရင်းရှောင်ရှင်းတို့ဘက်သို့လှည့်လိုက်သည်။ သူတို့ဘေးတွင်ရပ်ကာနေသော သူမ၏ အစောင့်နှစ်ယောက်အား
" တစ်ခြားသူတွေကို သက်ဆိုင်ရာအဆောင်ဆီ ပို့ပေးလိုက်ပါ။"
ထိုအမျိုးသမီးနှစ်ယောက်က ဂါရဝပြုလိုက်သည်။ ချင်းယာကလည်း ရှောင်ရှင်းတို့အား ခေါင်းငြိမ့်ယုံသာငြိမ့်ပြလိုက်ပြီးနောက် ထိုနေရာမှထွက်သွားလေတော့သည်။ ရှောင်ရှင်းတို့လည်း ထိုမိန်းကလေးများ ညွှန်ပြသည့်အဆောင်ရှိရာသို့လိုက်လာကြလေတော့၏။
..............................................
"သွားကြပြီလား။ အဲ့ဒီစိတ်ရှုပ်စရာလူတွေ။"
အန်းလုက နံရံကိုကပ်နေသည့်အနေအထားနှင့်မှ ခေါင်းကိုဘေးဘက်သို့စောင်းကာ အဆောင်တံခါးကိုလှမ်းကြည့်လိုက်သည်။
"အွန်း ....သွားကြပြီထင်တယ်။ အသံတွေမကြားရတော့ဘူး။"
ချီရှန်းက အန်းလုကိုနံရံထက်မှီစေပြီး သူကမူနံရံကိုလက်တစ်ဖက်ဖြင့်ထောက်ကာအန်းလုအား အုပ်မိုးထားသည်။ အန်းလုက အခြေအနေကိုအကဲခတ်သည့်အနေဖြင့် သူ၏ခေါင်းလေးကိုကြွကာ ကြွကာကြည့်နေသည်။ ချီရှန်းက အန်းလုအားငုံ့ကြည့်နေရင်း အကြည့်မလွှဲပဲမေးနေခြင်းဖြစ်သည်။
အန်းလုက ရုတ်တရက်ချီရှန်းအားမော့ကြည့်လိုက်ပြီးနောက် သူတို့၏အခြေအနေအားသတိထားမိပုံရသွားသည်။ ချီရှန်း၏ နံရံကိုထောက်ထားသောလက်တစ်ဖက်၏ လက်ကောက်ဝတ်နားအား သူ၏လက်နှစ်ဖက်လုံးဖြင့်ဖမ်းကိုင်လိုက်ရင်း
"ဒါကဘာလုပ်ဖို့တွေးနေတာတုန်း။ သူများနေရာနော်။ သူများတွေရဲ့စည်းကမ်းကိုလည်း ဖောက်ထားသေး။ "
ချီရှန်းက ပြုံးစစနှင့်ပင်သူ၏ကျန်လက်တစ်ဖက်ကိုပါ နံရံတွင်ထောက်လိုက်ပြန်သည်။
" ကိုယ်မှသူတိူ့ကိုမကြောက်တာ။ အန်းလုက သူတို့ကိုကြောက်လို့လား။"
အန်းလုက ချီရှန်း၏လက်ကောက်ဝတ်ကိုဆုပ်ကိုင်ထားသော သူ၏လက်နှစ်ဖက်လုံးအားလွှတ်လိုက်ပြီး ကိုယ်ခန္တာအားဘေးသို့ ခပ်သာသာစောင်းလိူက်ရင်း တိုးတိုးဆိုသည်။
"မကြောက်ပါဘူး။"
" အင်း...ကြောက်စရာလည်းမလိုဘူးလေ။"
ချီရှန်းကခေါင်း တငြိမ့်ငြိမ့်ဖြင့် ပြောသည်။ အန်းလုက ဘေးစောင်းထားသည့်အနေအထားနှင့်ပင် နံရံကိုသူ၏လက်ညိုးဖြင့် လျှောက်ရေးနေ၏။ အန်းလုက ရုတ်တရက်ပင် ချီရှန်းကိုပြန်ကြည့်ကာ ရယ်လိုက်ပြီးနောက်
"ရှန်းရှန်းကိုလည်း မကြောက်တာ....ဘလက် ဘလက်။"
အန်းလုက ချီရှန်း၏ ထောက်ထားသောလက်နှစ်ဖက်အောက်မှ လျှိုထွက်လိုက်ရင်း တဖက်သို့ပြေးလေတော့သည်။ သူကလွတ်လွတ်ချင်း လျှာထုတ်ပြကာ ချီရှန်းအား စနောက်လေတော့သည်။
ချီရှန်းကလည်း တဖက်သိူ့ လှည့်လိုက်ပြီး အန်းလုကိုကြည့်ကာ ခါးထောက်လျက်ပင် ရီလိုက်သည်။
"အဟား...ကိုယ်အငိုက်မိသွားတာပေါ့။ သွားပါပြီ။ ယုန်လေးကို လွတ်သွားပြီထင်တယ်။ ဒီည ယုန်သားလေးစားမလို့ပါဆို...."
"ယုန်သား စားမယ်ဆို ယုန်ကို အရင်မိအောင်ဖမ်းရမှာပေါ့။ လာလေ....သိတယ်မလား။ ယုန်တွေက အပြေးမြန်တယ်ဆိုတာ ဟဲဟဲ။"
ချီရှန်းက သူ၏ ဝတ်ရုံရှည်လက်ကိုအနည်းလိပ်တင်လိုက်သည်။
"အာ...ခက်တာပါပဲကွာ။ ကိုယ်ကလည်း ဆာလောင်နေတဲ့ကျားဖြစ်နေပြီဆိုတော့ ဒီယုန်လေးကိုတော့ မမိမချင်းဖမ်းပြီးစားမှဖြစ်မှာဗျ။ လာပြီ။"
"ဟား...ဟားဟား....ဟား....."
အန်းလုက အခန်းထဲတွင်ပင် ပတ်ကာပြေးနေသည်။ ချီရှန်းကနောက်မှလိုက်နေလေ၏။ အဆောင်တော်က အတော်ပင်ကျယ်ဝန်းလှသည်။ ပြေးတိုင်းလိုက်တိုင်းဆော့ရလောက်အောင်ပင်လုံလောက်သည့်အတွက် အန်းလုတို့၏ ကစားကွင်းသဖွယ်ပင်ဖြစ်နေလေတော့သည်။ ထိုင်ခုံရှည်များ နှင့် စားပွဲဝိုင်းကို ပတ်လျက် အန်းလုကပြေးကာနေသည်။ ချီရှန်းက စက်ဝိုင်းပုံစံလိုက်ဖမ်းနေရင်းမှ ရုတ်တရက် တဖက်သို့ပြန်လှည့်ပြေးလိုက်လေတော့ သူ၏ ရင်ခွင်ထဲသို့ အန်းလုက တန်းဝင်လာလေ၏။ ချီရှန်းက သူရင်ခွင်ထဲပူးကပ်နေသည်အထိ လက်နှစ်ဖက်လုံးနှင့်ပင် ဖမ်းကာထားရင်း
"မိပြီ။"
အန်းလုက ရီမောနေလျက် သူ၏လက်နှစ်ဖက်ကိုမြှောက်လိုက်ကာ ချီရှန်း၏ပါးပြင်ကိုတစ်ဖက်စီလှမ်းကိုင်လိုက်သည်။ သူကခြေဖျားထောက်လိုက်ပြီးနောက် ချီရှန်း၏ဦးခေါင်းကိုလည်း အနည်းငယ် နိမ့်စေရန်ဆွဲယူလိုက်ပြီးနောက် နှုတ်ခမ်းခြင်းထိကပ်စေသည်။ ချီရှန်းက အနည်းငယ်မျက်လုံးပြူးသွားသော်လည်း အန်းလု၏ မှေးစင်းနေသော မျက်လုံးများကိုမြင်ပြီးသည်နှင့် သူပါမျက်လွှာမှိတ်ချလိုက်သည်။ အတော်ကြာတော့ အန်းလုက ပြန်ခွာလိုက်ရင်း သွားများပေါ်သည်အထိပင်ရီကာ
"ဒီယုန်လေးက တမင်ကျားကြီးစားပါစေတော့ဆိုပြီး အမိခံလိုက်တာဆိုရင်ရော။"
"ဟားဟား...... ကိုယ့်ကိုအထင်သေးတာလား။"
ချီရှန်းက ရီလိုက်ရင်း အန်းလုကိုပိုတင်းအောင်ဖက်ထားလိုက်သည်။ အန်းလုက သူ၏ဦးခေါင်းအား ချီရှန်း၏ရင်ဘတ်ပေါ်တွင်မှီလိုက်ရင်း
" ကျွန်တော့်မှာ ရှန်းရှန်းတစ်ယောက်ပဲရှိတော့တာပါ။ အထင်သေးစရာလား။"
"ကိုယ့်မှာလည်း မင်းတစ်ယောက်ပဲရှိတော့တာပါ။ အန်းလု..... ကိုယ်မင်းကိုချစ်တယ်။"
"ကျွန်တော်လည်း ရှန်းရှန်းကိုလည်းချစ်တယ်။နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာကနေကိုချစ်တယ်။ကျွန်တော့်ရဲ့ထာဝရအချစ်တစ်ခုက ရှန်းရှန်းအတွက်ပဲ။"
............................................

Коментарі