Chapter 6
အန်းလုက ချီရှန်းကိုပြန်စိုက်ကြည့်နေရင်းပင် တံတွေးတစ်ချက်မြိုချလိုက်သည်။ ချီရှန်း၏ပုံစံက သူ့ကို ယခုချက်ချင်းပင် ဝါးစားတော့မည့်ပုံစံဖြစ်နေလေ၏။
အန်းလုက စိတ်ကိုပြန်တင်းလိုက်ပြီး ထိုရပ်နေသော နေရာက၌ပင် ချီရှန်းကိုခေါ်ရန်ပြင်လိုက်သည်။
"ဟို...ကျွန်တော်က..."
ချီရှန်းက ထိုစကားပင်မကြားလိုက်သည့်ပုံစံ၊ သို့မဟုတ် တမင်ပင်ဂရုမစိုက်လေသလားမသိ၊ တချက်ပင်လှည့်မကြည့်ပဲ အဆောင်အတွင်း သို့ပြန်ဝင်သွားလေ၏။ အပေါက်ဝတွင် ရပ်နေသူတယောက်က ရေှာင်ရှင်းပင်။ သူ၏ဘေးမလှမ်းမကမ်းတွင်ရှိနေသည့် မိန်းကလေးတစ်ချို့ကလည်း ခေါင်းကိုသာအသေငုံ့ထားသည်။ ထိုထဲတွင် အားလော့လည်းအပါအဝင်ဖြစ်သည်။ ချီရှန်းက သွေးစွန်းနေသော ဓားရှည်ကို ရေှာင်ရှင်း၏ရင်ဘတ်အား ပစ်ပေးလိုက်သည်။ ရေှာင်ရှင်းက ထိုဓားအားဖမ်းလိုက်ပြီး ချီရှန်းအားဂါရဝပြုလိုက်သည်။
(သူတိူ့အကုန်လုံး ဒီမှာရှိနေကြတာပဲ။)
တခဏကြာတော့ ရေှာင်ရှင်းက အမတ်တစ်ချို့အား ပြန်ရန် ပြောလိုက်ပြီး တစ်ချို့နန်းတွင်းသူများကိုမူ အဆောင်အား သန့်ရှင်းရေးလုပ်ရန် စေခိုင်းနေသည်။အန်းလုကထိုအဆောင်အနားသိူ့ရောက်လာလိုက်ပြီး သူကအားလော့ကိုအရင်ခေါ်လိုက်သည်။
"အားလော့....."
အဆောင်တော်၏တိုင်တစ်တိုင်အား အဝတ်စဖြင့်သုတ်နေသော အားလော့ကသူ့အားလှည့်ကြည့်ကာလာသည်။ အန်းလုက အားလော့အားပြုံးကာပြလိုက်၏။ အားလော့က ခေါင်းကိုငူံ့ကာ ဂါရဝပြုလိုက်ပြီးနောက် ပြန်လှည့်သွားကာ လုပ်စရာရှိသည်ကိုသာ ဆက်လုပ်နေလိုက်သည်။ အန်းလုက ချက်ချင်းပင် ထပ်ခေါ်မည်အလူပ်
"အားလော့.... ငါက...."
"ကိုယ်လုပ်တော်ကျင့် ဒီမှာနေလို့မရပါဘူး။"
နောက်မှရောက်ချလာသည့် ကျင့်ချီပင်။ အန်းလုက လှည့်ကြည့်လိုက်လေတော့ ထိုသူကသူ့အနားရောက်နေလေချေပြီ။ သူက အန်းလုအနားထိကပ်လိုက်ပြီး
"တစ်ရက်တောင်မပြည့်သေးပဲ သေချင်နေတာတော့မဟုတ်ပါဘူးနော်။ အခုအဆောင်ပြန်ရအောင်။"
ကျင့်ချီက အန်းလု၏လက်ဝတ်ရုံရှည်အစအား ဆုပ်ကိုင်လိုက်ပြီး အတင်းဆွဲခေါ်သွားလေတော့သည်။
"ခဏလေး...ခဏလေး...ကျွန်တော်..."
ကျင့်ချီက သူ့ကိုလုံးဝပင်ပြောခွင့်မပေးတော့သည့်ပုံစံဖြင့် ဆွဲခေါ်လာခဲ့လိုက်သည်။ အားလော့ကသူ့အားကြောင်ကြည့်နေလေ၏။ ကျင့်ချီက အန်းလူအားအသံမထွက်စေရန် ပါးစပ်ကိုလက်ဖြင့် ပိတ်ချပစ်လိူက်ပြီး ဆွဲခေါ်လာခဲ့လိုက်တော့သည်။
........................
" ဒီနေ့ပဲ သူလျိွုတစ်ယောက်ဝူရှဲ့အဆောင်မှာအသတ်ခံလိုက်ရတယ်။ ဒီပုံစံအတိုင်းဆို ဘုရင်ချီရှန်းက အန်းလုဆီကိုလာနိုင်တယ်။ "
အန်းလုက အဆောင်ထဲရှိ ကုတင်စွန်းနားေွင် ထိုင်နေသည်။ ခေါင်းကိုငုံ့ကာ လက်နှစ်ဖက်ကမူ အငြိမ်မနေပဲ တဖက်ကိုတစ်ဖက်ပွတ်သက်ကာနေလေ၏။ သူလျိွုဟူသော စကားကိုကြားလေတော့ အန်းလုကခေါင်းထောင်လာပြီး
"သူလျိွူဟုတ်လား။ အဲ့တူန်းကသေနေတဲ့တယောက်က ခင်ဗျားနဲ့ ပတ်သတ်နေတာလား။ ဘာလို့လဲ။ ခင်ဗျား ဘာတွေကြံစည်နေတာလဲ။"
ကျင့်ချီက အန်းလုကိုကြည့်ပြီးသက်ပြင်းချလိုက်သည်။
"ဟင်း.....ကျွန်တော်တို့ဘက်မှလူတစ်ယောက်ထပ်မနည်းရှိနေမှ ဒီနေရာမှာဆက်အသက်ရှင်နိုင်မှာပေါ့။ နန်းတွင်းဆိုတာ ထင်သလောက်မရိုးရှင်းဘူး။ အချိန်မရွေးသေနိုင်တယ်။ လည်ပင်းမှာခေါင်းမြဲနေဖို့ဘာမဆိုလူပ်ရမှာပဲ။"
"ဘုရင်က်ုလူပ်ကြံဖို့တော့မဟုတ်ဘူးမလား။"
"ရှူး...တိုးတိုး"
ကျင့်ချီက သူ၏လက်ညိုးအား နွူတ်ခမ်းပေါ်တင်ကာ အန်းလုကိုအသံတိတ်စေလိုက်သည်။
"ဘယ်လိုဖြစ်လို့ အန္တာရယ်များတဲ့ စကားတွေကိုပြောဖို့တွေးနေရတာလဲ။ ဖြစ်နိုင်ရင် ဒီအဆောင်ကနေ တစ်လှမ်းမှမလှမ်းပါနဲ့။ အပြင်ကလူတွေကကိုလည်း စောင့်ကြည့်ခိုင်းထားမှာမလို့ လုံးဝမထွက်ရင်အကောင်းဆုံးပါ။"
"ဘာလို့ ကျွန်တော်ကခင်ဗျားပြောတဲ့အတိုင်း လူပ်ရမှာလဲ။ မလုပ်နိုင်ဘူးဆိုရင်ရော။"
(ငါ ရှန်းရှန်းနဲ့ မျက်နှာချင်းဆိုင်တွေ့ရမှကိုဖြစ်မှာ။)
ကျင့်ချီကသူ့အားစူးစိုက်ကြည့်လိုက်သည်။ ခနဲ့သည့်အပြုံးတစ်ခုကိုပြုံးလိုက်ပြီးနောက်
"ကျွန်တော် ကလေးတွေကိုသတ်ခိုင်းလိူက်မယ်။"
"မင်း....."
အန်းလုကအသံကိုအနည်းငယ်မြှင့်ကာ အော်ရန်ပြင်လိုက်ပြီးမှ စိတ်ကိုပြန်လျော့ချလိုက်သည်။ စစချင်းဤအလုပ်ကိုလက်ခံခဲ့စဉ်ကလည်း ကလေးတွေရှိရာသိူ့ လိုက်သွားက အတည်ပြုစစ်ဆေးခဲ့သည်။ အိမ်တစ်အိမ်ထဲတွင် သေချာခေါ်ထားပြီး အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ချို့ကို သင်ကြားပေးနေခဲ့သည်ကို သူတွေ့ခဲ့ရသည်။
ဤသိူ့သော သူမျိုးက ကလေးတွေကိုသတ်မည်ဟု မိမိအား ခဏခဏခြိမ်းခြောက်နေသည်ကိုတော့ အန်းလုအမှန်တကယ်ပင်ခံပြင်းသည်။ ကလေးတွေက သူ့အတွက်နှင့် ဓားစာခံများဖြစ်နေကြရ၏။
"ကောင်းပြီ။ ငါဒီမှာငြိမ်ငြိမ်လေးနေပေးမယ်။"
"ဒီလိူမှပေါ့။"
.......................
"ရှန်းရှန်း....."
ချွေးစေးများပြန်ကာနေပြီး အိပ်ယာခင်းတွင်ပင် ချွေးများနှင့် အနည်းငယ်စိုရွွဲကာနေသေးသည်။ အန်းလုက ညလည်ခေါင်နားရောက်တော့ အိမ်မက်ဆိုးတစ်ခုကြောင့် လန့်နိုးလာခဲ့ခြင်းပင်။
မလှမ်းမကမ်းတွင်ရှိသောမီးပုံးအလင်းရောင်က မိှန်ပြပြရှိနေသည့်အတွက် သူ့အတွက်အဆင်ပြေသည်။ အန်းလုကသက်ပြင်းချလိုက်ပြီး ထထိုင်ရန်ပြင်လိုက်စဉ်တွင်ပင် အခန်းအပြင်ဘက်တစ်နေရာမှ ဖြတ်သွားသည့်အရိပ်တစ်ခုကို လျှပ်ကနဲမြင်လိုက်ရသောကြောင့် လှမ်းအော်လိုက်သည်။
"အပြင်မှာ တစ်ယောက်ယောက်ရှိလား။ ကျင့်ချီလား။ ဟုတ်လား။"
အန်းလုက လှမ်းအော်လိုက်သည်။ မီးရောင်ကရှိသည်ဆိုရုံသာထွန်းထားသည့်အတွက် အဝေးနေရာများကတော့ မေှာင်မဲနေလေ၏။ မည်သုမျှအသံမပြုလာသည့်အတွက် အန်းလုကနောက်တခေါက်ထပ်မံအော်လိုက်သည်။
"ကျင့်ချီ....အ့......"
ရုတ်တရက် နောက်ဘက်မှနေ၍ လည်ပင်းအားအဝတ်စကဲ့သိူ့သောအရာနှင့် ဆွဲကာချည်နေှယင်ခံလိူက်ရသည်။ လက်နှစ်ဖက်သည်လည်း ထိုတင်းကျပ်လာသော အဝတ်စအား ဖယ်ရန်ကြိုးစားနေလေ၏။
တစ်ဖြည်းဖြည်း အသက်ရွုရခက်လာပြီး မျက်လုံးများပင်ပြာဝေလာတော့၏။ ကိုယ်ခန္တာတစ်ခုလုံး ရှိသမျှအားကုန်သုံးကာ ရုန်းကန်နေသော်လည်း နောက်ဖက်ရှိသုက ပို၍အားကြီးနေသောကြောင့် အန်းလုမလွတ်ပဲ ဖြစ်နေတော့သည်။ လက်များကလည်း ထိုနောက်ဘက်ရှိလူ၏အား တတ်နိုင်သမျှမှီရန် လှမ်းကုတ်နေသော်လည်း ထိုလူက အန်းလု၏လက်များကိူ အသာလေးပင်ရေှာင်နေ၏။
အသက်ရွုရပိုမိုခက်ခဲလာပြီးနောက် အန်းလု၏အားအင်တို့သည်လည်း ကုန်ခန်းလုနီးပါးဖြစ်သွားလေသည်။ တဖြည်းဖြည်းအောက်သိူ့ ကျလာသောလက်နှစ်ဖက်အပြင် မျက်လုံးနှစ်ဖက်သည်လည်း မျက်ဖြူပင်ဆိုက်လုနီးပါးဖြစ်သွားလေတော့သည်။
~~~~~~~~~~~

Коментарі