Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 31
"ဘယ်လိုကနေ ဘယ်လိုဖြစ်ရတာတုန်း။ ရုတ်တရက်ဆုံးသွားတယ်ဆိုတာက မဖြစ်နိုင်တာချည်းလေ။"

ကျီချန်းက နန်းတော်ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့်လျှောက်ကာလာရင်း သူ့ဘေးရှိလူအားမေးနေသည်။ ထိုလူကလည်း ကျီချန်းအား သူသိသလောက်ပြန်လည်းတင်ပြနေလေ၏။

" ကျွန်တော်မျိုးလည်း သေချာမသိပေမဲ့ အခုအချိန်ထိတော့ ရှင်ဘုရင်ချီရှန်းက သမားတော်တွေအကုန်လုံးနဲ့ စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ အရင်တခေါက်ကလည်း ဒီလိုဖြစ်စဥ်မျိုးရှိဖူးတယ်လို့​ပြောနေလို့ အားလုံးကတော့ အံ့သြနေကြတယ်။ ဒါပေမဲ့ ခက်တာက..."

"ခက်တာက...ဘာဖြစ်လဲ။"

ကျီချန်းက သူ၏ခြေလှမ်းများကိုရပ်တန့်လိုက်ရက်းမေးသည်။ ထိုလူက ဆက်ပြောလာ၏။

" ခက်တာက အခုပဲနေမွန်းတည့်နေပြီ။ မနေ့ကညကတည်းက အသက်မရှုတော့တာဆိုတော့ "

" ထားလိုက်တော့...ငါ ဘုရင်ချီရှန်းနဲ့ပဲတွေ့လိုက်မယ်။"

" မှန်လှပါ။"

...........................

" ဘုရင်ချီရှန်း...ဘယ်လိုဖြစ်တာလဲ။"

ကျီချန်း အဆောင်ထဲကိုဝင်လာတော့ အတွင်းဘက်ရှိ စားပွဲနား ခုံပေါ်တွင်ချီရှန်းက သူ၏လက်ကိုထောက်လျက် မျက်ဝန်းများကိုပိတ်လှောင်ကာထားရင်း လက်ကသူ၏ ဦးခေါင်းကို ဖိထားသည်။ ဘေးတွင် မတ်တပ်ရပ်နေသူက ရှောင်ရှင်းပင်။ ကျီချန်းက သူ၏ပုံစံကိုကြည့်ရင်း

" မင်း....အဆင်ပြေရဲ့လား။"

"......"

ချီရှန်းထံမှမည်သည့် အဖြေမျိုးမှပြန်မလာပေ။ ကျီချန်းက ဘေးဆန့်ကျင့်ဘက်ကိုကြည့်လိုက်တော့ ကုတင်ပေါ်တွင် လှဲနေသော အန်းလုကိုတွေ့ရသည်။ ဘေးတွင် သမားတော် ငါးယောက်ခန့်က ဆေးဝါးများဖြင့် နည်းမျိုးစုံကြိုးစားနေပုံရသည်။ သူတို့၏ မျက်နှာများက လုံးဝမကောင်းကြပေ။

ကျီချန်းက ချီရှန်းကို လျစ်လျူရှူလိုက်ပြီး အန်းလုရှိရာ ကုတင်နားသို့ အရင်သွားကာအခြေအနေကြည့်ရန်ဆုံးဖြတ်လိုက်သည်။ ဤကောင်လေးက သေခြင်း၊ ရှင်ခြင်းကို ကလေးကစားသလိုပင် လုပ်နိုင်သည့်စွမ်းရည်မျိုး ပိုင်ဆိုင်ထားသည့်သူတစ်ယောက်ဟု ကျီချန်းကမှတ်ချက်ပေးထားသည်။

ယခုလည်း တခဏအပြောင်းအလဲဖြစ်သွားတာဖြစ်ပါလိမ့်မည်ဟုသာ သူ့စိတ်ကိုတွေးရင်း အတတ်နိုင်ဆုံးစိတ်မလှုပ်ရှားမိစေရန် တင်းထားရင်း ကုတင်နားသို့လျောက်လာသည်။

" မဟုတ်ဘူး...."

ကျီချန်းက အန်းလု၏ပုံစံကိုကြည့်မိတော့သူ၏ မျက်ဝန်းများက ပြူးကျယ်ကာသွားသည်။ ကုတင်ထက်တွင် လှဲနေသောအန်းလုသည် သွေးမရှိတော့သော မျက်နှာထားတွင်ရှိနေပြီး သူ၏နှုတ်ခမ်းများက အမဲရောင်နီးနီးသို့ပြောင်းလဲနေချေပြီ။ နှုတ်ခမ်းနှစ်ခုက အနည်းငယ်ဟနေပြီးမေးရိုးများပင်ကျနေလေချေပြီ။ ညကတည်းက သေဆုံးသည်ဟုဆိုလျင် ယခုအချိန်တွင် ခန္တာကိုယ်က စတင်၍ တောင့်တင်းလာကာ ဖြူလျော်လာမည်မှာ လူသေကောင်၏ ပုံမှန်ဖြစ်စဥ်အတိုင်းပင်ဖြစ်သည်။ အသက်မရှုတော့သည်အပြင် ထိုသို့ပြောင်းလဲလာတာကြောင့် သမားတော်များက မှတ်ချက်ချပေးသော်လည်း ချီရှန်းက လက်မခံခြင်းပင်။ ယခင်တခေါက်တုန်းကလည်း အသက်ရှုရပ်တန့်ဖူးတာကြောင့် သူကဤတခေါက်တွင်လည်း စောင့်ကြည့်ရန် ဆုံးဖြတ်ထားသည်။

သိူ့သော်လည်း ချီရှန်း၏မျက်နှာကမကောင်းချေ။ ကြည့်ရသည်မှာသူလည်း စိတ်ထင့်နေပုံရသည်။ သမားတော်များ၏ ဘေးရှိ ဆေးသေတ္တာများကြားတွင် အဆိပ်စမ်းသပ်သည့် ပစ္စည်းများကိုလည်းတွေ့ရသည်။ ထိုရေခွက်ထဲတွင် အပ်ချောင်းများကို ထည့်ထားသည်။ သိူ့သော်လည်း ထိုရေကကြည်နေဆဲပေမို့ အဆိပ်မိသောလက္ခဏာတော့မဟုတ်ပုံရ၏။ ကျီချန်းက ရှောင်ရှင်းတို့ဘက်သို့ လှည့်ကြည့်ရင်း

" ကိုယ်လုပ်တော်ကျင့်ကို အဆိပ်မိတယ်လို့ထင်တာလား။"

" အင်း...ဟုတ်တယ်။ "

ချီရှန်းက သူ၏ ခေါင်းကိုဖိထားသောလက်ကိုချလိုက်ရင်း ခပ်တိုးတိုးပြန်ဖြေလာသည်။

"ဘာလို့လဲ။ "

" မနေ့က.....ငါတို့ ကိုယ်လုပ်တော်ကျင့်ရဲ့မိဘတွေနဲ့ အတူညစာစားနေချိန်မှာဖြစ်ခဲ့တာ။ "

ချီရှန်းက ထိုအကြောင်းကိုတဖြည်းဖြည်းချင်းပြောလာသည်။

.........................

" ထည့်စားနော်...ဒါတွေကို မယ်တော်ကိုယ်တိုင် စားဖိုဆောင်မှာအကူအညီတောင်းပြီး ချက်ခိုင်းထားရတာ။ အားချန်က ဘာကြိုက်တတ်မှန်းမသိလို့။ "

( ဘာကြိုက်တတ်မှန်းမသိရင် ချက်ကျွေးမနေပါနဲ့လား။ အရမ်းမျက်နှာလို မျက်နှာရ လူပ်တာပဲ အဒေါ်ကြီးက....)

" ကျေးဇူးတင်ပါတယ် မယ်တော်။"

အန်းလုက ထိုမိဖုရားကြီးထည့်ပေးသောဟင်းများကိုကြည့်ရင်း သူမအားကျေးဇူးတင်လိူက်သည်။ ဘုရင်ကျင့်ဝမ်ချိုးကလည်း အနည်းငယ်တော့ ပျော်ရွှင်နေပုံရသည်။ သူ၏မျက်နှာက ရွှင်လန်းနေလေ၏။

ချီရှန်းက ထိုမိဖုရားခေါင်းကြီးပုံကာထည့်ပေးသော အသားကြော်လေးများအား သူ့၏လက်ထဲရှိတူဖြင့်ဘေးသို့အသာဖယ်ရင်း ထိုတူတွင်ညှပ်ထားသော အရွက်ကြော်ကို ထမင်းပေါ်တွင် တင်ပေးလိုက်သည်။

" အသီးအရွက်ကိုစား။ ဒါမှ ကျန်းမာမှာ။"

မိဖုရားကြီး၏ မျက်နှာက ပျက်ယွင်းသွားလေ၏။ သူက သူ၏ စားလက်စထမင်းကိုသာ ဆက်စားနေလိုက်သည်။ အန်းလုက ချီရှန်းကိုကြည့်ရင်း ရီပြလိုက်ကာ

" ကျေးဇူးပါ ။ ကောင်းကောင်းစားပါ့မယ်။"

"အင်း...."

လေထုကတစ်ခဏတိတ်ဆိတ်ကာသွားပြီး အားလုံးကိုယ်စီက အစားစားခြင်းကိုသာလုပ်နေကြသည်။ အတော်ကြာမှ ဘုရင်ကျင့်ဝမ်ချိုးက သူ့ရှေ့တွင်ရှိနေသော သေရည်ခွက်အလွတ်ကလေးတစ်ခွက်ကို ကိုင်လိုက်ရင်း အန်းလုကို ကမ်းပေးလိုက်သည်။

" အားချန်..."

" ဟုတ်ကဲ့။"

အန်းလုက သစ်သားတူကိုအမြန်ချလိုက်ပြီး ကျင့်ဝမ်ချိုးဆီမှ ထိုခွက်ကို တရိုတသေယူလိုက်သည်။ အန်းလုက ခွက်ကိုကိုင်ထားတော့ ကျင့်ဝမ်ချိုးကဘေးရှိ ရေနွေးကရားအိုးပုံစံ သေရည်အိုးလေးအား လှမ်းယူကာထည့်ပေးလိုက်သည်။ အန်းလုက မတ်တပ်ရပ်လိုက်ပြီးနောက် သေရည်ကိုခွက်ဖြင့် ခံထား၏။

အန်းလုက ခေါင်းကိုငုံ့ကာ သေရည်ခွက်ကိုကိုင်ထားဆဲပင်။ ကျင့်ဝမ်ချိုးက သေရည်အိုးလေးအား အန်းလုရှေ့တွင် ချပေးလိုက်ရင်း သူကမူ သေရည်ခွက်အလွတ်နောက်တစ်လူံးကို ကိုင်လိုက်သည်။

" ခမည်းတော်ကိုလည်း သေရည်ငှဲ့ပေး"

ကျင့်ဝမ်ချိုးက ပြုံးလျက်ဆို၏။ အန်းလုဘေးတွင်ထိုင်နေသော ချီရှန်းကတော့ ထမင်းစေ့ကိုတစ်စေ့ချင်း သစ်သားတူဖြင့်ယူကာစားနေသည်။

အန်းလုကလည်း ပြန်လည်ကာသေရည်ငှဲ့ပေးလိုက်ပြီးနောက် နှစ်ယောက်သားခွက်ချင်းတိုက်လိုက်ကာ သေရည်မော့ကြသည်။ ပြီးနောက် အန်းလုကပြန်ထိုင်လိုက်လေ၏။ ဘေးတွင် ထမင်းကိုတစ်စေ့ချင်းစားနေသော ချီရှန်း၏ နား အနားသို့ကပ်ကာ

" ထမင်းကိုများများစားလေ။"

"စားနေပါတယ်။"

ချီရှန်းက သူ့ကိုစောင်းကာကြည့်ရင်းပြောသည်။ ရုတ်တရက်ပင် မိဖုရားခေါင်ကြီးကထပ်မံကာ မတ်တပ်ရပ်လိုက်ပြန်ရင်း

" အားချန်...ဒီမယ်တော်နဲ့လည်း သေရည်တခွက်လောက် အတူမသောက်ချင်ဘူးလား။ "

( ဒါသက်သက်အကျင့်မကောင်းတာပဲ။ ငါထိုင်ပြီး​ ေနမှ)

အန်းလုက ရီလိုက်ရင်း သေရည်ခွက်ကိုယူကာမတ်တပ်ပြန်ရပ်လိုက်သည်။ ချီရှန်းကလည်း မျက်နှာသေဖြင့်​ပင် မိဖုရားကြီးအားမော့ကြည့်လာလေ၏။ သူမက လုပ်ပြုံးတစ်ခုကိုသာပြန် ပြုံးပြလိုက်သည်။

" ရပါတယ်။ ကျွန်တော် ငှဲ့ပေးပါရစေ။"

(ဒီနေ့ပြီးရင် အားလုံးငြိမ်းချမ်းသွားပြီပဲ။ သည်းခံလိုက်ရုံပေါ့။)

အပြန်အလှန်သေရည်ငှဲ့ပေးလိုက်ပြီးနောက် အန်းလုကပင် အရင်မော့လိုက်သည်။ နောက်မှ မိဖုရားကြီးက သေရည်ကိုဖြည်းဖြည်းချင်းသူမ၏ဝတ်ရုံလက်တစ်ဖက်ဖြင့် ကွယ်လျက်သောက်လိုက်လေ၏။

" ဖြစ်ခဲ့သမျှတွေကို မေ့ပစ်ပေးဖို့မျှော်လင့်ပါတယ် အားချန်။"

မိဖုရားကြီးက သေရည်ခွက်ကို စားပွဲပေါ်ပြန်ချလိုက်ရင်း အန်းလုကိုပြုံးလျက်ကြည့်ကာ ပြောလိုက်သည်။ အန်းလုကလည်း ပြန်ပြောရန်ပြင်လိုက်၏။

" ကျွန်တော်...ကျွန်....တော်..."

အန်းလုက သူ၏ကိုယ်ခန္တာကို နိမ့်ကာဂါရဝပြုသလိုလုပ်ရင်း ပြန်လည်ဖြေဆိုနေရာမှ ပါးစပ်မှမည်သည့်စကားသံမှထွက်မလာတော့ချေ။ ခေါင်းက တဖြည်းဖြည်းချင်း ဗလာကျင်းသလိုဖြစ်ပြီး ရင်ဘတ်ကအတော်မြန်မြန်ခုန်နေ၏။

အန်းလုက ရုတ်တရက်ဘာသံမှမကြားရတော့သလိူ ဘာမှပြန်လည်မပြောနိုင်တော့သည့် မိမိကိုယ်ကို အံ့သြနေပုံရသည်။ သူ၏လည်ပင်းကိုအတင်းဆွဲညစ်ထားမိ၏။ ဘေးရှိ ချီရှန်းကိုလှမ်းကြည့်ရင်း ရပ်နေသောခြေထောက်များကပါ အားမရှိစွာဖြင့် ခွေကျလာလေတော့သည်။ ချီရှန်းက အန်းလု၏ အမည်ကိုအော်ခေါ်ရင်း လှမ်းဖမ်းလိုက်ပုံရသော်လည်း အန်းလုကတော့ ပါးစပ်လှုပ်နေသည်ကိုမြင်ရသည်မှတပါး အသံကိုတော့ မကြားရချေ။

မျက်ဝန်းများပိတ်လှောင်မသွားခင်အထိ ချီရှန်းက သူ့ကိုကြည့်လိုက်၊ တစ်ခုခုကို ပါးစပ်ပြဲကြီးဖြသ့်အော်ခေါ်လိုက်လုပ်နေပုံရသည်။ အန်းလု မျက်ဝန်းများကို ပိတ်လှောင်လိုက်မိရင်း

( ငါသေသွားပြန်ပြီပေါ့....)

..............................

ကျီချန်းက ဖြစ်စဥ်တစ်ချို့ကိုနားထောင်ကြည့်ပြီးနောက်

" အဲ့တော့အခု မင်းကသူတို့ကိုလည်း သံသယရှိနေတာပေါ့။ အခုသူတို့ဘယ်မှာလဲ။"

" အချုပ်ခန်း ထဲထည့်ထားတယ်။ ဦးရီးတော်ကတော့ မလုပ်ချင်တဲ့ပုံစံပဲ။ ဒါမဲ့ သူငါ့အမိန့်ကိုလွန်ဆန်လို့ရမှာမဟုတ်ဘူး။

ပြီးတော့ မထည့်လို့လည်းမရဘူး။ အဆိပ်ခပ်တာလည်း ဖြစ်နိုင်တယ်။ လက္ခဏာမပြသေးတာလည်း ဖြစ်နိုင်သေးတယ်။ သူတို့ဆီကနေ ဖြေဆေးတောင်းလိုက်ရင် အန်းလုက ပြန်ရှင်လာမှာ။"

ချီရှန်းက သူ၏ ခေါင်းကိုလက်နှစ်ဖက်လုံးဖြင့်အုပ်ရင်း ပြောနေသည်။ ကျီချန်းက ချီရှန်းနှင့်ဆက်မပြောသင့်မှန်း ရိပ်မိတာကြောင့် ဘေးရှိရှောင်ရှင်းအား မေးမော့ပြလိူက်သည်။ ရှောင်ရှင်းကခေါင်းညိမ့်လိုက်ပြီး

"အရှင် ကျွန်တော် တချက်အခြေအနေသွားကြည့်လိုက်ပါ့မယ်။"

ချီရှန်းက ရှောင်ရှင်းကိုကြည့်လာရင်း

" အင်း....သူတိူ့ဆီက ဖြေဆေးရအောင်တောင်းလာခဲ့။"

" မှန်လှပါ အရှင်။"

ရှောင်ရှင်းက ဂါရဝပြုပြီးနောက် ကျီချန်းနှင့်အတူအပြင်ဘက်သို့ ထွက်လာသည်။ ချီရှန်းကတော့ ကုတင်ပေါ်ရှိ အန်းလုကိုလှမ်းကြည့်နေလေ၏။ ယခုအချိန်ထိ အန်းလုအနားသို့မကပ်သေးချေ။ သမားတော်များကလည်း ထိုဘေးနားတွင်သာ ငြိမ်သက်နေကြသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~


"ဘယ္လိုကေန ဘယ္လိုျဖစ္ရတာတုန္း။ ႐ုတ္တရက္ဆုံးသြားတယ္ဆိုတာက မျဖစ္နိုင္တာခ်ည္းေလ။"

က်ီခ်န္းက နန္းေတာ္ထဲသို႔ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ေလၽွာက္ကာလာရင္း သူ႔ေဘးရွိလူအားေမးေနသည္။ ထိုလူကလည္း က်ီခ်န္းအား သူသိသေလာက္ျပန္လည္းတင္ျပေနေလ၏။

" ကၽြန္ေတာ္မ်ိဳးလည္း ေသခ်ာမသိေပမဲ့ အခုအခ်ိန္ထိေတာ့ ရွင္ဘုရင္ခ်ီရွန္းက သမားေတာ္ေတြအကုန္လုံးနဲ႔ စစ္ေဆးမွုေတြျပဳလုပ္ေနပါတယ္။ အရင္တေခါက္ကလည္း ဒီလိုျဖစ္စဥ္မ်ိဳးရွိဖူးတယ္လို႔​ေျပာေနလို႔ အားလုံးကေတာ့ အံ့ၾသေနၾကတယ္။ ဒါေပမဲ့ ခက္တာက..."

"ခက္တာက...ဘာျဖစ္လဲ။"

က်ီခ်န္းက သူ၏ေျခလွမ္းမ်ားကိုရပ္တန္႔လိုက္ရက္းေမးသည္။ ထိုလူက ဆက္ေျပာလာ၏။

" ခက္တာက အခုပဲေနမြန္းတည့္ေနၿပီ။ မေန႔ကညကတည္းက အသက္မရွုေတာ့တာဆိုေတာ့ "

" ထားလိုက္ေတာ့...ငါ ဘုရင္ခ်ီရွန္းနဲ႔ပဲေတြ႕လိုက္မယ္။"

" မွန္လွပါ။"

...........................

" ဘုရင္ခ်ီရွန္း...ဘယ္လိုျဖစ္တာလဲ။"

က်ီခ်န္း အေဆာင္ထဲကိုဝင္လာေတာ့ အတြင္းဘက္ရွိ စားပြဲနား ခုံေပၚတြင္ခ်ီရွန္းက သူ၏လက္ကိုေထာက္လ်က္ မ်က္ဝန္းမ်ားကိုပိတ္ေလွာင္ကာထားရင္း လက္ကသူ၏ ဦးေခါင္းကို ဖိထားသည္။ ေဘးတြင္ မတ္တပ္ရပ္ေနသူက ေရွာင္ရွင္းပင္။ က်ီခ်န္းက သူ၏ပုံစံကိုၾကည့္ရင္း

" မင္း....အဆင္ေျပရဲ့လား။"

"......"

ခ်ီရွန္းထံမွမည္သည့္ အေျဖမ်ိဳးမွျပန္မလာေပ။ က်ီခ်န္းက ေဘးဆန္႔က်င့္ဘက္ကိုၾကည့္လိုက္ေတာ့ ကုတင္ေပၚတြင္ လွဲေနေသာ အန္းလုကိုေတြ႕ရသည္။ ေဘးတြင္ သမားေတာ္ ငါးေယာက္ခန္႔က ေဆးဝါးမ်ားျဖင့္ နည္းမ်ိဳးစုံႀကိဳးစားေနပုံရသည္။ သူတို႔၏ မ်က္ႏွာမ်ားက လုံးဝမေကာင္းၾကေပ။

က်ီခ်န္းက ခ်ီရွန္းကို လ်စ္လ်ဴရွူလိုက္ၿပီး အန္းလုရွိရာ ကုတင္နားသို႔ အရင္သြားကာအေျခအေနၾကည့္ရန္ဆုံးျဖတ္လိုက္သည္။ ဤေကာင္ေလးက ေသျခင္း၊ ရွင္ျခင္းကို ကေလးကစားသလိုပင္ လုပ္နိုင္သည့္စြမ္းရည္မ်ိဳး ပိုင္ဆိုင္ထားသည့္သူတစ္ေယာက္ဟု က်ီခ်န္းကမွတ္ခ်က္ေပးထားသည္။

ယခုလည္း တခဏအေျပာင္းအလဲျဖစ္သြားတာျဖစ္ပါလိမ့္မည္ဟုသာ သူ႔စိတ္ကိုေတြးရင္း အတတ္နိုင္ဆုံးစိတ္မလွုပ္ရွားမိေစရန္ တင္းထားရင္း ကုတင္နားသို႔ေလ်ာက္လာသည္။

" မဟုတ္ဘူး...."

က်ီခ်န္းက အန္းလု၏ပုံစံကိုၾကည့္မိေတာ့သူ၏ မ်က္ဝန္းမ်ားက ျပဴးက်ယ္ကာသြားသည္။ ကုတင္ထက္တြင္ လွဲေနေသာအန္းလုသည္ ေသြးမရွိေတာ့ေသာ မ်က္ႏွာထားတြင္ရွိေနၿပီး သူ၏ႏွုတ္ခမ္းမ်ားက အမဲေရာင္နီးနီးသို႔ေျပာင္းလဲေနေခ်ၿပီ။ ႏွုတ္ခမ္းႏွစ္ခုက အနည္းငယ္ဟေနၿပီးေမးရိုးမ်ားပင္က်ေနေလေခ်ၿပီ။ ညကတည္းက ေသဆုံးသည္ဟုဆိုလ်င္ ယခုအခ်ိန္တြင္ ခႏၲာကိုယ္က စတင္၍ ေတာင့္တင္းလာကာ ျဖဴေလ်ာ္လာမည္မွာ လူေသေကာင္၏ ပုံမွန္ျဖစ္စဥ္အတိုင္းပင္ျဖစ္သည္။ အသက္မရွုေတာ့သည္အျပင္ ထိုသို႔ေျပာင္းလဲလာတာေၾကာင့္ သမားေတာ္မ်ားက မွတ္ခ်က္ခ်ေပးေသာ္လည္း ခ်ီရွန္းက လက္မခံျခင္းပင္။ ယခင္တေခါက္တုန္းကလည္း အသက္ရွုရပ္တန္႔ဖူးတာေၾကာင့္ သူကဤတေခါက္တြင္လည္း ေစာင့္ၾကည့္ရန္ ဆုံးျဖတ္ထားသည္။

သိူ႔ေသာ္လည္း ခ်ီရွန္း၏မ်က္ႏွာကမေကာင္းေခ်။ ၾကည့္ရသည္မွာသူလည္း စိတ္ထင့္ေနပုံရသည္။ သမားေတာ္မ်ား၏ ေဘးရွိ ေဆးေသတၱာမ်ားၾကားတြင္ အဆိပ္စမ္းသပ္သည့္ ပစၥည္းမ်ားကိုလည္းေတြ႕ရသည္။ ထိုေရခြက္ထဲတြင္ အပ္ေခ်ာင္းမ်ားကို ထည့္ထားသည္။ သိူ႔ေသာ္လည္း ထိုေရကၾကည္ေနဆဲေပမို႔ အဆိပ္မိေသာလကၡဏာေတာ့မဟုတ္ပုံရ၏။ က်ီခ်န္းက ေရွာင္ရွင္းတို႔ဘက္သို႔ လွည့္ၾကည့္ရင္း

" ကိုယ္လုပ္ေတာ္က်င့္ကို အဆိပ္မိတယ္လို႔ထင္တာလား။"

" အင္း...ဟုတ္တယ္။ "

ခ်ီရွန္းက သူ၏ ေခါင္းကိုဖိထားေသာလက္ကိုခ်လိုက္ရင္း ခပ္တိုးတိုးျပန္ေျဖလာသည္။

"ဘာလို႔လဲ။ "

" မေန႔က.....ငါတို႔ ကိုယ္လုပ္ေတာ္က်င့္ရဲ့မိဘေတြနဲ႔ အတူညစာစားေနခ်ိန္မွာျဖစ္ခဲ့တာ။ "

ခ်ီရွန္းက ထိုအေၾကာင္းကိုတျဖည္းျဖည္းခ်င္းေျပာလာသည္။

.........................

" ထည့္စားေနာ္...ဒါေတြကို မယ္ေတာ္ကိုယ္တိုင္ စားဖိုေဆာင္မွာအကူအညီေတာင္းၿပီး ခ်က္ခိုင္းထားရတာ။ အားခ်န္က ဘာႀကိဳက္တတ္မွန္းမသိလို႔။ "

( ဘာႀကိဳက္တတ္မွန္းမသိရင္ ခ်က္ေကၽြးမေနပါနဲ႔လား။ အရမ္းမ်က္ႏွာလို မ်က္ႏွာရ လူပ္တာပဲ အေဒၚႀကီးက....)

" ေက်းဇူးတင္ပါတယ္ မယ္ေတာ္။"

အန္းလုက ထိုမိဖုရားႀကီးထည့္ေပးေသာဟင္းမ်ားကိုၾကည့္ရင္း သူမအားေက်းဇူးတင္လိူက္သည္။ ဘုရင္က်င့္ဝမ္ခ်ိဳးကလည္း အနည္းငယ္ေတာ့ ေပ်ာ္ရႊင္ေနပုံရသည္။ သူ၏မ်က္ႏွာက ရႊင္လန္းေနေလ၏။

ခ်ီရွန္းက ထိုမိဖုရားေခါင္းႀကီးပုံကာထည့္ေပးေသာ အသားေၾကာ္ေလးမ်ားအား သူ႔၏လက္ထဲရွိတူျဖင့္ေဘးသို႔အသာဖယ္ရင္း ထိုတူတြင္ညႇပ္ထားေသာ အရြက္ေၾကာ္ကို ထမင္းေပၚတြင္ တင္ေပးလိုက္သည္။

" အသီးအရြက္ကိုစား။ ဒါမွ က်န္းမာမွာ။"

မိဖုရားႀကီး၏ မ်က္ႏွာက ပ်က္ယြင္းသြားေလ၏။ သူက သူ၏ စားလက္စထမင္းကိုသာ ဆက္စားေနလိုက္သည္။ အန္းလုက ခ်ီရွန္းကိုၾကည့္ရင္း ရီျပလိုက္ကာ

" ေက်းဇူးပါ ။ ေကာင္းေကာင္းစားပါ့မယ္။"

"အင္း...."

ေလထုကတစ္ခဏတိတ္ဆိတ္ကာသြားၿပီး အားလုံးကိုယ္စီက အစားစားျခင္းကိုသာလုပ္ေနၾကသည္။ အေတာ္ၾကာမွ ဘုရင္က်င့္ဝမ္ခ်ိဳးက သူ႔ေရွ႕တြင္ရွိေနေသာ ေသရည္ခြက္အလြတ္ကေလးတစ္ခြက္ကို ကိုင္လိုက္ရင္း အန္းလုကို ကမ္းေပးလိုက္သည္။

" အားခ်န္..."

" ဟုတ္ကဲ့။"

အန္းလုက သစ္သားတူကိုအျမန္ခ်လိုက္ၿပီး က်င့္ဝမ္ခ်ိဳးဆီမွ ထိုခြက္ကို တရိုတေသယူလိုက္သည္။ အန္းလုက ခြက္ကိုကိုင္ထားေတာ့ က်င့္ဝမ္ခ်ိဳးကေဘးရွိ ေရေႏြးကရားအိုးပုံစံ ေသရည္အိုးေလးအား လွမ္းယူကာထည့္ေပးလိုက္သည္။ အန္းလုက မတ္တပ္ရပ္လိုက္ၿပီးေနာက္ ေသရည္ကိုခြက္ျဖင့္ ခံထား၏။

အန္းလုက ေခါင္းကိုငုံ႔ကာ ေသရည္ခြက္ကိုကိုင္ထားဆဲပင္။ က်င့္ဝမ္ခ်ိဳးက ေသရည္အိုးေလးအား အန္းလုေရွ႕တြင္ ခ်ေပးလိုက္ရင္း သူကမူ ေသရည္ခြက္အလြတ္ေနာက္တစ္လူံးကို ကိုင္လိုက္သည္။

" ခမည္းေတာ္ကိုလည္း ေသရည္ငွဲ႕ေပး"

က်င့္ဝမ္ခ်ိဳးက ျပဳံးလ်က္ဆို၏။ အန္းလုေဘးတြင္ထိုင္ေနေသာ ခ်ီရွန္းကေတာ့ ထမင္းေစ့ကိုတစ္ေစ့ခ်င္း သစ္သားတူျဖင့္ယူကာစားေနသည္။

အန္းလုကလည္း ျပန္လည္ကာေသရည္ငွဲ႕ေပးလိုက္ၿပီးေနာက္ ႏွစ္ေယာက္သားခြက္ခ်င္းတိုက္လိုက္ကာ ေသရည္ေမာ့ၾကသည္။ ၿပီးေနာက္ အန္းလုကျပန္ထိုင္လိုက္ေလ၏။ ေဘးတြင္ ထမင္းကိုတစ္ေစ့ခ်င္းစားေနေသာ ခ်ီရွန္း၏ နား အနားသို႔ကပ္ကာ

" ထမင္းကိုမ်ားမ်ားစားေလ။"

"စားေနပါတယ္။"

ခ်ီရွန္းက သူ႔ကိုေစာင္းကာၾကည့္ရင္းေျပာသည္။ ႐ုတ္တရက္ပင္ မိဖုရားေခါင္ႀကီးကထပ္မံကာ မတ္တပ္ရပ္လိုက္ျပန္ရင္း

" အားခ်န္...ဒီမယ္ေတာ္နဲ႔လည္း ေသရည္တခြက္ေလာက္ အတူမေသာက္ခ်င္ဘူးလား။ "

( ဒါသက္သက္အက်င့္မေကာင္းတာပဲ။ ငါထိုင္ၿပီး​ ေနမွ)

အန္းလုက ရီလိုက္ရင္း ေသရည္ခြက္ကိုယူကာမတ္တပ္ျပန္ရပ္လိုက္သည္။ ခ်ီရွန္းကလည္း မ်က္ႏွာေသျဖင့္​ပင္ မိဖုရားႀကီးအားေမာ့ၾကည့္လာေလ၏။ သူမက လုပ္ျပဳံးတစ္ခုကိုသာျပန္ ျပဳံးျပလိုက္သည္။

" ရပါတယ္။ ကၽြန္ေတာ္ ငွဲ႕ေပးပါရေစ။"

(ဒီေန႔ၿပီးရင္ အားလုံးၿငိမ္းခ်မ္းသြားၿပီပဲ။ သည္းခံလိုက္႐ုံေပါ့။)

အျပန္အလွန္ေသရည္ငွဲ႕ေပးလိုက္ၿပီးေနာက္ အန္းလုကပင္ အရင္ေမာ့လိုက္သည္။ ေနာက္မွ မိဖုရားႀကီးက ေသရည္ကိုျဖည္းျဖည္းခ်င္းသူမ၏ဝတ္႐ုံလက္တစ္ဖက္ျဖင့္ ကြယ္လ်က္ေသာက္လိုက္ေလ၏။

" ျဖစ္ခဲ့သမၽွေတြကို ေမ့ပစ္ေပးဖို႔ေမၽွာ္လင့္ပါတယ္ အားခ်န္။"

မိဖုရားႀကီးက ေသရည္ခြက္ကို စားပြဲေပၚျပန္ခ်လိုက္ရင္း အန္းလုကိုျပဳံးလ်က္ၾကည့္ကာ ေျပာလိုက္သည္။ အန္းလုကလည္း ျပန္ေျပာရန္ျပင္လိုက္၏။

" ကၽြန္ေတာ္...ကၽြန္....ေတာ္..."

အန္းလုက သူ၏ကိုယ္ခႏၲာကို နိမ့္ကာဂါရဝျပဳသလိုလုပ္ရင္း ျပန္လည္ေျဖဆိုေနရာမွ ပါးစပ္မွမည္သည့္စကားသံမွထြက္မလာေတာ့ေခ်။ ေခါင္းက တျဖည္းျဖည္းခ်င္း ဗလာက်င္းသလိုျဖစ္ၿပီး ရင္ဘတ္ကအေတာ္ျမန္ျမန္ခုန္ေန၏။

အန္းလုက ႐ုတ္တရက္ဘာသံမွမၾကားရေတာ့သလိူ ဘာမွျပန္လည္မေျပာနိုင္ေတာ့သည့္ မိမိကိုယ္ကို အံ့ၾသေနပုံရသည္။ သူ၏လည္ပင္းကိုအတင္းဆြဲညစ္ထားမိ၏။ ေဘးရွိ ခ်ီရွန္းကိုလွမ္းၾကည့္ရင္း ရပ္ေနေသာေျခေထာက္မ်ားကပါ အားမရွိစြာျဖင့္ ေခြက်လာေလေတာ့သည္။ ခ်ီရွန္းက အန္းလု၏ အမည္ကိုေအာ္ေခၚရင္း လွမ္းဖမ္းလိုက္ပုံရေသာ္လည္း အန္းလုကေတာ့ ပါးစပ္လွုပ္ေနသည္ကိုျမင္ရသည္မွတပါး အသံကိုေတာ့ မၾကားရေခ်။

မ်က္ဝန္းမ်ားပိတ္ေလွာင္မသြားခင္အထိ ခ်ီရွန္းက သူ႔ကိုၾကည့္လိုက္၊ တစ္ခုခုကို ပါးစပ္ျပဲႀကီးျဖသ့္ေအာ္ေခၚလိုက္လုပ္ေနပုံရသည္။ အန္းလု မ်က္ဝန္းမ်ားကို ပိတ္ေလွာင္လိုက္မိရင္း

( ငါေသသြားျပန္ၿပီေပါ့....)

..............................

က်ီခ်န္းက ျဖစ္စဥ္တစ္ခ်ိဳ႕ကိုနားေထာင္ၾကည့္ၿပီးေနာက္

" အဲ့ေတာ့အခု မင္းကသူတို႔ကိုလည္း သံသယရွိေနတာေပါ့။ အခုသူတို႔ဘယ္မွာလဲ။"

" အခ်ဳပ္ခန္း ထဲထည့္ထားတယ္။ ဦးရီးေတာ္ကေတာ့ မလုပ္ခ်င္တဲ့ပုံစံပဲ။ ဒါမဲ့ သူငါ့အမိန္႔ကိုလြန္ဆန္လို႔ရမွာမဟုတ္ဘူး။

ၿပီးေတာ့ မထည့္လို႔လည္းမရဘူး။ အဆိပ္ခပ္တာလည္း ျဖစ္နိုင္တယ္။ လကၡဏာမျပေသးတာလည္း ျဖစ္နိုင္ေသးတယ္။ သူတို႔ဆီကေန ေျဖေဆးေတာင္းလိုက္ရင္ အန္းလုက ျပန္ရွင္လာမွာ။"

ခ်ီရွန္းက သူ၏ ေခါင္းကိုလက္ႏွစ္ဖက္လုံးျဖင့္အုပ္ရင္း ေျပာေနသည္။ က်ီခ်န္းက ခ်ီရွန္းႏွင့္ဆက္မေျပာသင့္မွန္း ရိပ္မိတာေၾကာင့္ ေဘးရွိေရွာင္ရွင္းအား ေမးေမာ့ျပလိူက္သည္။ ေရွာင္ရွင္းကေခါင္းညိမ့္လိုက္ၿပီး

"အရွင္ ကၽြန္ေတာ္ တခ်က္အေျခအေနသြားၾကည့္လိုက္ပါ့မယ္။"

ခ်ီရွန္းက ေရွာင္ရွင္းကိုၾကည့္လာရင္း

" အင္း....သူတိူ႔ဆီက ေျဖေဆးရေအာင္ေတာင္းလာခဲ့။"

" မွန္လွပါ အရွင္။"

ေရွာင္ရွင္းက ဂါရဝျပဳၿပီးေနာက္ က်ီခ်န္းႏွင့္အတူအျပင္ဘက္သို႔ ထြက္လာသည္။ ခ်ီရွန္းကေတာ့ ကုတင္ေပၚရွိ အန္းလုကိုလွမ္းၾကည့္ေနေလ၏။ ယခုအခ်ိန္ထိ အန္းလုအနားသို႔မကပ္ေသးေခ်။ သမားေတာ္မ်ားကလည္း ထိုေဘးနားတြင္သာ ၿငိမ္သက္ေနၾကသည္။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~










© Hnin Aung,
книга «Love, But Hurt (Season_3) The Last Begin».
Коментарі