Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 27
* ကျွီ.......*

ကျီချန်း တဖက်ပြတင်းပေါက်မှ အရှေ့ဘက်ကိုပြန်ထွက်လာလိုက်စဥ်တွင်ပဲ တံခါးအဝနားတွင် ရပ်နေသော အနီရောင် ဝတ်ရုံရှည်နှင့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။

တို့ထောင့်တဖက်တွင်ပင် ခတ္တခဏရပ်ကာပုန်းရန်ဆုံးဖြတ်လိုက်ပြီး ထိုလူကိုကြည့်လေတော့

"မင်းသားသုံး...မင်းသားသုံးက ဒီအချိန်ကြီး..."

ထို လူက တံခါးကိုသုံး လေးချက်ခန့် ခေါက်လိူက်ပြီးနောက် ထိုတံခါးကိုပင် တွန်းဖွင့်လိုက်သည်။ ကျီချန်းက ထိုမြင်ကွင်းကို သေချာစွာတွေးတောကြည့်နေသည်။

"ဘာလို့ မင်းသမီးချင်းယာရဲ့အခန်းကို အကိုဖြစ်သူက ဒီအချိန်ကြီးရောက်လာရတာလဲ။ ပြီးတော့ သူက မင်္ဂလာဦးနေရမှာမဟုတ်ဘူးလား။ ပြီးတော့ အစောင့်တွေလည်းမရှိဘူး။"

* ခွမ်း...*

အတော်ကြာ တိတ်ဆိတ်နေပြီးတဲ့နောက် အထဲမှ အသံတစ်ခုကြားလိုက်ရသည်။ ကျီခန်းက ချက်ချင်းပင် အစောပိုင်းသူထွက်လာခဲ့သည့် ပြတင်းပေါက်ရှိရာမှ တံခါးရွက်ကို အသာဟကာ ချောင်းကြည့်လိုက်သည်။

ချင်းယာက နိုးနေလေပြီ။ သူမက အကိုဖြစ်သူအား နှင်လွှတ်နေပုံရသည်။ သူမ၏ မျက်နှာတစ်ခုလုံးက နီရဲကာနေလေ၏။

"ထွက်သွား...ထွက်သွားလိူ့ပြောနေတယ်လေ။ ထွက်သွားလို့။"

သူမက စားပွဲပေါ်ရှိ နောက်ထပ် ပန်းကန်လုံးများကို ပစ်ပေါက်ကာ ထပ်ခွဲလိုက်ပြန်သည်။ သူမ၏ မျက်ဝန်းမှ မျက်ရည်များက တလှိမ့်လှိမ့်စီးကျကာလာလေ၏။

"ချင်းယာ...အကို..တောင်းပန်ပါတယ်။ မင်း...ခမည်းတော်အကြောင်းကိုလည်း သိရဲ့သားနဲ့..."

"ဟုတ်တယ် ။ သိတယ်..ဒါ့ကြောင့်ထွက်သွားလို့။ ညီမတို့ရဲ့ အဖြစ်အပျက်မှန်သမျှ ဒီနေ့မှာတင်အဆုံးသတ်ပြီ။ သွားလိုက်တော့။ ဒါ ညီမရဲ့အခန်း။ မင်းသမီးတစ်ပါးရဲ့ အခန်းဆိုတာလည်း သတိရ...ကိုယ့်ကိုယ်ကို အိမ်ထောင်ရှိပြီဖြစ်တဲ့ မင်းသားတစ်ပါဆိုတာလည်း သတိရ။"

သူမက မင်းသားသုံးအား လက်ညိုးငေါ့ငေါ့ထိုးလျက်ပြန်ပြောနေခြင်းပင်။ သူမ၏ အသံက သိပ်မကျယ်လှသော်လည်း တိုးတိုးလေးပြောနေခြင်းတော့မဟုတ်။

ကျီချန်းက ကြည့်နေရာမှ သူ၏ ကိုယ်ခန္တာကို အပြင်ဘက်နံရံတွင် ပြန်ကပ်ကာရပ်လိုက်မိသည်။ သူကြားခဲ့သည့်အကြောင်းအရာများကို သူကိုယ်တိုင်ပင် မယုံနိုင်အောင် စွံ့အကာ အံ့သြမှင်သက်လျက်ရှိသည်။ သူ၏ လက်ဖြင့် ပါးစပ်ကိုပိတ်လိုက်ရင်း

" သူတို့က မောင်နှမချင်း....မဟုတ်တာ။ မဖြစ်နိုင်ဘူး။"

အထဲတွင် ဆက်လက်တိုက်ခိုက်နေသေးပုံရသည်။ ချင်းယာက သူ၏လက်နက်ထားသော တန်းလျားပေါ်မှ ကြာပွတ်အားသွားဆွဲယူလိုက်ပြီး တိုက်ခိုက်ရန်ပြင်လိုက်သည်။ သူမကြာပွတ်ကိုလွှဲလိုက်သည်နှင့် တစ်ပြိုက်နက် မင်းသားသုံးက ထိုကြာပွတ်၏ အစွန်းတစ်ဖက်ကို ဖမ်းလိုက်သည်။ သူက ကြာပွတ်ကိုပါ ချင်းယာ၏လက်ထဲမှ လုယူလိုက်ပြီး ကြမ်းပြင်ပေါ်သို့ပစ်ချလိုက်သည်။

ထို့နောက် သူမအား လက်မောင်းမှဆွဲကာ ဖက်လိုက်သည်။ ချင်းယာက အတင်းအကျပ်ရုန်းရင်း အော်လေ၏။

"ကယ်ကြပါအုန်း။....ကယ်....ကယ်..."

မင်းသားသုံးက သူမကို အသံတိတ်စေရန်လက်ဖြင့် ပါးစပ်အား ပိတ်ထားလိုက်သည်။ ကျီချန်းက ဝင်ကယ်ရမလား ၊ ထွက်သွားလိုက်ရမလား ဟူသော စိတ်နှစ်ခုဖြင့် ခေါင်းကုတ်နေလေ၏။ ပုံမှန်လျင်မြန်ထက်မြတ်စွာ ဖြေရှင်းတတ်သော မိမိက ဤတစ်ခါတွင် ဘာလုပ်လို့ဘာကိုင်ရမှန်းကိုမသိလောက်အောင်ပင် အခက်တွေ့နေလေ၏။

ထို့နောက် သူပြတင်းပေါက် တံခါးကို အမြန် တွန်းဖွင့်လိုက်ပြီး အခန်းအတွင်းသို့ဝင်လိုက်သည်။ မြင်ကွင်းသည်က ကြည့်မကောင်းစွာ ချင်းယာသည် ကုတင်ပေါ်တွင် ပက်လက်လှန်ကာ သူမ၏အပေါ်ရုံကိုဆွဲချွတ်ခံနေရ၏။ လက်တစ်ဖက်ဖြင့် ပါးစပ်ကိုအပိတ်ခံထားရတာကြောင့် သူမက ထိုလက်ကို သူမ၏လက်နှစ်ဖက်ဖြင့် အတင်းဆွဲဖယ်လျက်ရှိသည်။

မင်းသားသုံးက တံခါးဖွင့်သံကြားလိုက်တာကြောင့် နောက်သို့လှည့်ကြည့်လေတော့ သူ၏မျက်ဝန်းများက အနည်းငယ်တော့ ပြူးကျယ်သွားသည်။ ထိုအခွင့်ကောင်းကိုယူကာ ချင်းယာက ချက်ချင်းပင် မင်းသားသုံး၏ လက်ကိုဖယ်ချလိုက်ပြီးနောက် သူ၏ပါးအား အားပါပါဖြင့် ပိတ်ရိုက်ခိပစ်လိုက်သည်။

"အယုတ်တမာကောင်...."

ဘေးသိူ့စောင်းကာသွားသော မျက်နှာက ပြန်လည်တည့်မတ်လာလေတော့ မျက်နှာထက်ပါးပြင်တွင် လက်ငါးချောင်းရာကြီးမှာ အထင်းသာပေါ်ပေါက်နေလေ၏။ ချင်းယာက ယိုယွင်းသွားသော သူမ၏အဝတ်အစားများကို အတင်းပြန်တည့်နေသည်။ ကျီချန်းက ထိုပြတင်းပေါက်နား သူတို့နှင့် မနီးမဝေးတွင် ကြောင်တောင်တောင်ဖြင့် ရပ်ကာနေဆဲပင်။ မင်းသားသုံးက ပါးကိုလက်ဖြင့် အသာထိကိုင်နေရင်း ကျီချန်းဘက်သို့လှည့်ကာ

"မင်းဆီက တစ်ခုခုသာ ထွက်လာသံကြားရင် မင်းဘယ်သူပဲဖြစ်ဖြစ် ငါမင်းကိုသတ်ပစ်မယ်။"

ထိုလူက ကျီချန်းအားလက်ညိုးရင်း ကြိမ်းဝါးပြီးနောက် အပြင်သိူ့ထွက်သွားလေတော့သည်။ ချင်းယာက သူမ၏မျက်ရည်များကို သုတ်လိုက်ရင်း ကျီချန်းကို တချက်လှမ်းကြည့်သည်။ ထို့နောက် တည်ငြိမ်စွာနှင့်ပင် သူမက အနားရှိ ထိုင်ခုံပေါ်တွင်ထိုင်လိုက်ပြီးနောက်

"ရှင့်မှာ မေးစရာတွေများနေလိမ့်မယ်။"

"......."

ကျီချန်းက မည်သည့်စကားတစ်ခွန်းမျှ ထွက်မလာချေ။

"ဒီနားကိုလာ ထိုင်လေ။"

ချင်းယာက အလွန်တည်ငြိမ်သွားသည့်ပူံစံဖြင့်ပင် ကျီချန်းကို ခေါ်လိုက်သည်။

"အ့....ကောင်းပြီ။"

ထိုအခါမှ ကျီချန်းက သူမအနားသို့သွားကာ သူမရှေ့ရှိ ထိုင်ခုံတွင် ထိုင်လိုက်သည်။ ကျီချန်းက မတ်မတ်ကြီးထိုင်နေလေ၏။ သူမက သူမ၏လက်နှစ်ဖက်ကို စားပွဲပေါ်တင်ရင်း လက်မနှစ်ဖက်ကို ထိလိုက်ခွာလိုက်လုပ်နေသည်။ သူမ၏ မျက်လုံးများကလည်း ထိုလက်မနှစ်ဖက်ကိုသာအကြည့်ရောက်နေလေ၏။

တခဏနေတော့ သူမက ရီသည်။ ပြီးနောက် ရုတ်တရက် ကျီချန်းကိုကြည့်လာလေ၏။ ကျီချန်းကလည်း သူမကိုကြည့်နေသည်။ ကျီချန်း၏မျက်ဝန်းများက မေးခွန်းများစွာသည် အဖြေမရသေးပဲ ကျန်နေသည့်အငွေ့အသက်ကိုခံစားရစေသည်။ ချင်းယာကပင်ဆို၏။

"ကျွန်မတို့က တကယ်တမ်းမောင်နှမအတော်စပ်ဘူး။"

ကျီချန်းက ရုတ်တရက်ဖြတ်မေးလိုက်သည်။

"....မင်းနဲ့...မင်းသားသုံး နဲ့ကလား။"

သူမက အနည်းငယ်ပြုံးသယောင်လုပ်လို​က်ရင်းဖြေသည်။

"အင်း...ဟုတ်တယ်။ကျန်တာတွေက ကျွန်မတို့ရဲ့ အတွင်းရေးဖြစ်တာမလို့ ကျွန်မရှင်းပြမှာမဟုတ်ဘူး။

ဘယ်လိုကဘယ်လိုတို့...မွေးစားသမီးလားတို့...အဲ့တာမျိုးတွေ ၊ ဖြေမှာမဟုတ်ဘူး။

ပြီးတော့ ဘယ်လိုတွေးတွေး ဒါကရှင့်ကိစ္စ။ရှင်လည်းဘယ်သူ့ကိုမှမပြောဘူးလို့ ကျွန်မထင်တယ်။ ပြောရင်လည်း ဟိုတယောက်ပြောသလိုရှင့်ကိုသတ်ပစ်ရမှာပဲ။ ဒါဆို...ရှင်...ပြန်လို့ရပြီ။"

"......."

သူမက ကျီချန်းကို တံခါးမအားလက်ညိုးညွှန်ပြလိုက်သည်။ ကျီချန်းက ကြောင်အအဖြစ်နေဆဲပင်။ သို့သော်လည်း သူမညွှန်ပြရာသို့ ကျီချန်းသွားလိုက်သည်။ အခန်းအပြင်ဘက် အခြေချပြီးသည်နှင့် တပြိုင်နက် သူမကအခန်းတံခါးကို ဝုန်းခနဲ ပိတ်ချပစ်လိုက်၏။ ကျီချန်းက ပြန်လှည့်ကြည့်မိသည်။ အထဲတွင် အစောပိုင်းလင်းနေဆဲဖြစ်သော မီးအိမ်သည်ပါ မီးငြိမ်းပစ်လိုက်ပုံရသည်။ အခန်းတစ်ခုလုံး မှောင်ပိတ်ဖုံးသွား၏။

"ဒီကောင်မလေး...ငါသူ့ထက် ဆယ်နှစ်ကျော်လောက် ကြီးတာကို ငါ့ကိုဆက်ဆံတဲ့ပုံစံကိုက...ရိုင်းလိုက်တာ။

အင်းလေ...သူပြောသလိုပဲ။ ဘာပဲဖြစ်ဖြစ် ငါ့အပူပါတာမှမဟုတ်တာ။ ဂရုစိုက်မနေတော့ဘူး။"

ကျီချန်း ထိုနေရာမှ ထွက်လာခဲ့လိုက်တော့သည်။ သောက်ထားသော သေရည်တစ်အိုးစာပင် ဘယ်နားရောက်သွားသလဲသူမသိတော့ချေ။ နန်းရင်ပြင်ဘက်တွင်တော့ ယခုအချိန်ထိ ပျော်ပွဲခံနေသည့်ဆူညံသံများကို ကြားနေရသေး၏။

........................................

"နောက်နှစ်ရက်နေရင် မြို့တော်ကိုပြန်မယ်။"

" အွန်း...ဒီနေရာက နည်းနည်းတော့ ပူပေမဲ့ နေလို့ကောင်းတယ်နော်။ "

အန်းလုက လက်ဖက်ရည်ခွက်လေးအား လက်နှစ်ဖက်ဖြင့်ကိုင်ကာထားရင်းဆိုသည်။ အဆောင်ရှေ့က ဥယျာဥ်လေးရှိ ထိုင်ခုံပေါ်တွင်ထိုင်ရင်း လက်ဖက်ရည်သောက်နေကြသည်။ အန်းလုစကားကိုကြားတော့ ချီရှန်းက လက်ဖက်ရည်သောက်နေရင်းပင်

"နေလို့မကောင်းပါဘူး။ အရမ်းပူတယ်။ ဒီမှာက နှင်းမကျဘူး။"

"ကန္တာရနဲ့ နီ​းတဲ့နိုင်ငံလေဗျာ ။ နှင်းကျစရာလား။"

အန်းလုက ချီရှန်းအား လှမ်းအော်လိုက်သော်လည်း ချီရှန်းက လက်ဖက်ရည်အသောက်မပျက်ပေ။ သူ့တို့ဘေးရှိ ရှောင်ရှင်းက ပို၍ပင်ဆိုသေးသည်။ မည်သည့်စကားတစ်ခွန်းကိုမှ မဟချေ။ အန်းလုကပင် ဆက်ပြောလေ၏။

"ဆောင်းရာသီကို ကြိုက်ပေမဲ့ နွေဦးရာသီကလည်းအရမ်းလှတယ်။ အရမ်းလည်းမပူ ၊ အရမ်းလည်း မအေးတဲ့ရာသီမလို့ နေလို​ကောင်းတယ်လေ။"

"ဆောင်းရာသီကျ အရမ်းချမ်းတော့ အန်းလုက ညတိုင်း ကိုယ့်ကိုတချိန်လုံးဖက်ထားရတယ်လေ။ အဲ့အခါကျရင် နွေဦးရာသီလိုပဲ အရမ်းနွေးတာ။ သိတယ်မလား။"

"ဖူး......"

ရှောင်ရှင်းသည် ထိုစကားကြားပြီးနောက် သောက်နေသောလက်ဖက်ရည်အား မှုတ်ထုတ်ပစ်လိုက်၏။

"အဟွတ်..အဟွတ်။"

"အယ်...ရှောင်ရှင်း...အ..ဆင်ပြေရဲ့လား။"

အန်းလုက ချက်ချင်း လက်ဖက်ရည်ခွက်ကိုချကာ ရှောင်ရှင်း၏ ကျောအား ပွတ်ပေးရန်ပြင်လိုက်သော်လည်း ရှောင်ရှင်းက အမြန်ပင်လက်ကာလိုက်ရင်း

"အဆင်ပြေပါတယ်။"

အန်းလုက သူ့နေရာတွင်ပြန်ထိုင်လိုက်ရင်း

"ရှန်းရှန်း...နည်းနည်းပါးပါး ဆင်ခြင်ပါအုန်း။ ဘယ်လိုဖြစ်လို့..သူများတွေပါရှိနေတာကို..."

"ကျွန်တော့အတွက်က ရိုးနေပါပြီ။ ဒါက ဒီအတိုင်း သတိမထားမိပဲ သောက်လိုက်မိလို့ပါ။

စိတ်ပူသွားစေမိလို့ အရှင်နဲ့ ကိုယ်လုပ်တော်လုကို တောင်းပန်ပါတယ် ။"

"အာ...လူစုံနေတာပဲ။"

ရုတ်တရက်ကြားလိုက်ရသောအသံကြောင့် အားလုံးကလှည့်ကြည့်လိုက်ကြသည်။ ဤသည်က ကျီချန်းပင်။ သူက လက်ကို မြှောက်ကာ ယိမ်းလိုက်ပြီးနောက် အန်းလုတို့အနားသို​ရောက်လာသည်။

ရှောင်ရှင်းဘေးတွင် ဝင်ထိုင်လိုက်ရင်း စားပွဲပေါ်ရှိ လက်ဖက်ရည်ပန်းကန်လုံးအလွတ်တစ်လုံးကိုယူလိုက်သည်။ အန်းလုကမည်သည်စကားတစ်ခွန်းကိုမှ ဟ မလာပဲအသံပင်တိတ်သွားသေးတာကြောင့် ချီရှန်းကအန်းလုကို ကြည့်လာသည်။

"ရန်ဖြစ်ထားကြလို့လား။"

ကျီချန်းက လက်ဖက်ရည်သောက်ရန်နှုတ်ခမ်းဝတေ့လိုက်ပြီးမှ ချီရှန်း၏စကားကြောင့် ရပ်တန့်သွားသည်။ အန်းလုက ဘာစကားမှမပြောပဲ ငြိမ်နေသေး၏။ ကျီချန်းကပင်စ၍

" ချီရှန်း...မင်းကိုနစ်ခုမေးချင်လို့။ မင်းသမီးချင်းယာ အကြောင်းလေ။"

ချီရှန်းက ကျီချန်းအားကြည့်လိုက်ပြီး

"မင်းသမီးချင်းယာ။..... ဘာအကြောင်းမေးမလို့လဲ။"

" အဲ့တာက.....

ထားလိုက်တော့...ထားလိုက်တော့။ မမေးတော့ဘူး။"

ကျီချန်းက စကားစရန်ပြင်လိုက်ပြီးမှ တစ်ခုခုကိုတွေးတောမိသွားဟန်ဖြင့် ပြန်ကာအဆက်ဖြတ်လိုက်သည်။ ချီရှန်းကလည်း

"ကောင်းပြီ။"

ကျီချန်းက လက်ဖက်ရည်တစ်ငုံသောက်လိုက်ရင်း

"ဒါနဲ့လေ။ ဒီနေရာမှာမူမမှန်တာမျိုးတွေ့မိလား။ မင်းအကူအညီတောင်းလို့ ငါလိုက်လာခဲ့ပေမဲ့ အခုတော့ လူပိုကြီးကိုဖြစ်လို့။စိတ်ဝင်စားစရာမျိုးလည်းမရှိဘူး။"

"မင်းက ဘာကိုမျှော်လင့်နေတာလဲ။ အရာအားလုံး အန္တာရာယ်ကင်းကင်းနဲ့ အဆင်ပြေပြေ ဖြစ်သွားတော့လည်း ကောင်းတာပဲမဟုတ်ဘူးလား။ မပူပါနဲ့။ နွေဦးမြှားပစ်ပွဲရောက်ရင် မင်းကိုစိတ်ဝင်စားစရာလေးတွေ ဖန်တီးပေးပါ့မယ်။"

" ဟုတ်သား။ နွေဦးမြှားပစ်ပွဲတောင်ရောက်တော့မယ်။"

ကျီချန်း တစ်ခုခုကိုတွေးမိသွားပုံရသည်။ ရုတ်တရက်ပက် ဘေးရှိ ရှောင်ရှင်းကထပြောလေ၏။။

"အရှင်...ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ချိုက်အန်းကိုပြန်မရောက်သေးသရွေ့ သတိထားနေမှရပါမယ်။ အကယ်၍ ဘာအကြံအစည်မှမရှိဘူးဆိုရင်တောင် နယ်စပ်ကိုတမင်သတင်းလွှင့်ပြီး အရှင့်ကို ဒီအထိရောက်အောင်ခေါ်လိုက်တာမလို့ ဒီကိစ္စကပေါ့သေးသေးတော့မဟုတ်ပါဘူး။"

ချီရှန်းက

"အင်း...ဒီတခေါက်တော့ တကယ်ကိုနားမလည်နိုင်တော့ဘူး။ ဦးရီးတော် တကယ်ပဲဘာတွေကိုကြံစည်နေမှန်း။ အတတ်နိုင်ဆုံးတော့ချိုက်အန်းကို မြန်မြန်ပြန်ရမှာပဲ။"

"ဒါနဲ့ နယ်စားတွေ အကုန်လုံးက နောက်နှစ်ရက်နေရင် ပြန်ကြမှာမလား။ "

"ဟုတ်ပါတယ်။"

"ဒါဆို သူတို့ရဲ့ မြေအောက်ခန်းမဆောင် အဝင်ဝကို တချက်စောင့်ကြည့်ခိုင်းထားလိုက်။ ဘာပဲဖြစ်ဖြစ် နှစ်ရက်အတွင်းမှာ တစ်ခုခုသိလာနိုင်တာပဲ။"

"ဟုတ်ကဲ့ပါ အရှင်။ ကျွန်တော် လူလွှတ်လိုက်ပါမယ်။ "

အန်းလုက ထိုအချိန်မှထပြောလေ၏။

"ရှန်းရှန်း ။ ကျွန်တော်တို့ နောက်နှစ်ရက်နေရင်ပြန်ကြတော့မှာပေါ့။"

"အင်း။ ဒီနေရာက ရန်သူ့နေရာနဲ့အတူတူပဲမလို့ ကိုယ်တို့အတတ်နိုင်ဆုံးမြန်မြန်ပြန်တာအကောင်းဆုံးပဲ။"

"အွန်း"

"ဒါဆို ငါ့အဆောင်ကိုပြန်တော့မယ်။ "

ကျီချန်းက ထိုင်နေရာမှထလိုက်ပြီး ထွက်သွားလေတော့သည်။ ရှောင်ရှင်းကလည်း နေရာမှထ၍

"ကျွန်တော်လည်း အခြေအနေမေးမြန်းဖို့သွားလိုက်ပါအုန်းမယ်။"

"ကောင်းပြီ။"

ထိုနေရာတွင် အန်းလု နှင့်ချီရှန်းတို့သာ ကျန်နေခဲ့တော့သည်။ ချီရှန်းက နေရာမှထလိုက်ပြီး ငြိမ်နေသော အန်းလုဘေးနားတွင် မတ်တပ်ရပ်လိုက်သည်။ အန်းလုက ထိုင်နေရာမှ ချီရှန်းကို မော့ကြည့်လာ၏။ ထို့နောက် ချီရှန်းက အန်းလုရှေ့တွင်ပင် ဆောင့်ကြောင့်ထိုင်ကာ သူ၏ လက်နှစ်ဖက်က အန်းလု၏ ပေါင်နှစ်ဖက်အား ကိုင်ထားသည်။ ထိုအခါ အန်းလုက ပြန်ကာငုံ့ကြည့်လာလေ၏။

"ကိုယ့်ကိုပြော....ဘာဖြစ်ခဲ့လို့လဲ။"

အန်းလုက ချီရှန်း၏မျက်ဝန်းများကို စိုက်ကြည့်လျက်

"ခုနက....ညနေလောက်က...အကိုကျီချန်းနဲ့ကျွန်တော် အနောက်ဘက်မြို့ရိုးနားကိုသွားခဲ့တယ်။ ကျွန်တော်လည်း အခန်အနားမှာ ပျင်းနေတာနဲ့ သူခေါ်သွားပေးတာ။ "

"အင်း...."

"အဲ့မှာ...ကျွန်တော်တို့ နေဝင်တာကိုအတူကြည့်ပြီးပြန်လာတော့...အကိုကျီချန်းက ကျွန်တော့်ကို ကျွန်တော်နဲ့ပတ်သတ်ပြီး သူ့ခံစားချက်ကို ပြောပြလာတယ်။

ကျွန်တော် သူ့ကိုအပြတ်ငြင်းလိုက်တယ်။ အဲ့တာကြောင့်...သူ့...သူ့ကို ....."

"အားနာလို့...မျက်နှာတောင်စေ့စေ့မကြည့်ရဲဘူး။ အဲ့လိုလား။"

"အွန်း...."

အန်းလုက ခေါင်းတညိမ့်ညိမ့်ဖြင့် ချီရှန်းကိုကြည့်ရင်းဖြေသည်။ ချီရှန်းက အသာပြုံးလိုက်ရင်း အန်းလု၏ခေါင်းအား အသာပွတ်သတ်ပေးရင်း

"ကျီချန်းကိုယ်တိုင်ကလည်း အန်းလုဆီက ဒီလိုအဖြေမျိုးကိုပဲ ပြန်ရလာလိမ့်မယ်ဆိုတာ သူတွေးထားပြီးသားပါ။ ဒါပေမဲ့ သူလည်းသူ့ခံစားချက်ကို တစ်ခါတော့ ဖွင့်ဟချင်မှာပဲ။ ကိုယ်လည်း နားလည်ပါတယ်။ သူလည်း အန်းလုကို နားလည်ပေးလိမ့်မယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို အပြစ်တင်မနေနဲ့။ ဟုတ်ပြီလား။"

အန်းလုက ချီရှန်းကို ကြည့်နေရင်း ရုတ်တရက်ကောက်ဖက်လိုက်သည်။

" ကျေးဇူးပါ ရှန်းရှန်း ။ ကျွန်တော့်ကိုနားလည်ပေးလို့ကျေးဇူးပါ။"

ချီရှန်းကလည်း အန်းလုကိုဖက်ထားရင်းမှ အန်းလုကျောပြင်အား ခပ်ဖွဖွပုတ်ပေးလိုက်သည်။

~~~~~~~~~~~~~~~~~~~~~~~

* ကၽြီ.......*

က်ီခ်န္း တဖက္ျပတင္းေပါက္မွ အေရွ႕ဘက္ကိုျပန္ထြက္လာလိုက္စဥ္တြင္ပဲ တံခါးအဝနားတြင္ ရပ္ေနေသာ အနီေရာင္ ဝတ္႐ုံရွည္ႏွင့္ လူတစ္ေယာက္ကို ေတြ႕လိုက္ရသည္။

တို႔ေထာင့္တဖက္တြင္ပင္ ခတၱခဏရပ္ကာပုန္းရန္ဆုံးျဖတ္လိုက္ၿပီး ထိုလူကိုၾကည့္ေလေတာ့

"မင္းသားသုံး...မင္းသားသုံးက ဒီအခ်ိန္ႀကီး..."

ထို လူက တံခါးကိုသုံး ေလးခ်က္ခန္႔ ေခါက္လိူက္ၿပီးေနာက္ ထိုတံခါးကိုပင္ တြန္းဖြင့္လိုက္သည္။ က်ီခ်န္းက ထိုျမင္ကြင္းကို ေသခ်ာစြာေတြးေတာၾကည့္ေနသည္။

"ဘာလို႔ မင္းသမီးခ်င္းယာရဲ့အခန္းကို အကိုျဖစ္သူက ဒီအခ်ိန္ႀကီးေရာက္လာရတာလဲ။ ၿပီးေတာ့ သူက မဂၤလာဦးေနရမွာမဟုတ္ဘူးလား။ ၿပီးေတာ့ အေစာင့္ေတြလည္းမရွိဘူး။"

* ခြမ္း...*

အေတာ္ၾကာ တိတ္ဆိတ္ေနၿပီးတဲ့ေနာက္ အထဲမွ အသံတစ္ခုၾကားလိုက္ရသည္။ က်ီခန္းက ခ်က္ခ်င္းပင္ အေစာပိုင္းသူထြက္လာခဲ့သည့္ ျပတင္းေပါက္ရွိရာမွ တံခါးရြက္ကို အသာဟကာ ေခ်ာင္းၾကည့္လိုက္သည္။

ခ်င္းယာက နိုးေနေလၿပီ။ သူမက အကိုျဖစ္သူအား ႏွင္လႊတ္ေနပုံရသည္။ သူမ၏ မ်က္ႏွာတစ္ခုလုံးက နီရဲကာေနေလ၏။

"ထြက္သြား...ထြက္သြားလိူ႔ေျပာေနတယ္ေလ။ ထြက္သြားလို႔။"

သူမက စားပြဲေပၚရွိ ေနာက္ထပ္ ပန္းကန္လုံးမ်ားကို ပစ္ေပါက္ကာ ထပ္ခြဲလိုက္ျပန္သည္။ သူမ၏ မ်က္ဝန္းမွ မ်က္ရည္မ်ားက တလွိမ့္လွိမ့္စီးက်ကာလာေလ၏။

"ခ်င္းယာ...အကို..ေတာင္းပန္ပါတယ္။ မင္း...ခမည္းေတာ္အေၾကာင္းကိုလည္း သိရဲ့သားနဲ႔..."

"ဟုတ္တယ္ ။ သိတယ္..ဒါ့ေၾကာင့္ထြက္သြားလို႔။ ညီမတို႔ရဲ့ အျဖစ္အပ်က္မွန္သမၽွ ဒီေန႔မွာတင္အဆုံးသတ္ၿပီ။ သြားလိုက္ေတာ့။ ဒါ ညီမရဲ့အခန္း။ မင္းသမီးတစ္ပါးရဲ့ အခန္းဆိုတာလည္း သတိရ...ကိုယ့္ကိုယ္ကို အိမ္ေထာင္ရွိၿပီျဖစ္တဲ့ မင္းသားတစ္ပါဆိုတာလည္း သတိရ။"

သူမက မင္းသားသုံးအား လက္ညိဳးေငါ့ေငါ့ထိုးလ်က္ျပန္ေျပာေနျခင္းပင္။ သူမ၏ အသံက သိပ္မက်ယ္လွေသာ္လည္း တိုးတိုးေလးေျပာေနျခင္းေတာ့မဟုတ္။

က်ီခ်န္းက ၾကည့္ေနရာမွ သူ၏ ကိုယ္ခႏၲာကို အျပင္ဘက္နံရံတြင္ ျပန္ကပ္ကာရပ္လိုက္မိသည္။ သူၾကားခဲ့သည့္အေၾကာင္းအရာမ်ားကို သူကိုယ္တိုင္ပင္ မယုံနိုင္ေအာင္ စြံ့အကာ အံ့ၾသမွင္သက္လ်က္ရွိသည္။ သူ၏ လက္ျဖင့္ ပါးစပ္ကိုပိတ္လိုက္ရင္း

" သူတို႔က ေမာင္ႏွမခ်င္း....မဟုတ္တာ။ မျဖစ္နိုင္ဘူး။"

အထဲတြင္ ဆက္လက္တိုက္ခိုက္ေနေသးပုံရသည္။ ခ်င္းယာက သူ၏လက္နက္ထားေသာ တန္းလ်ားေပၚမွ ၾကာပြတ္အားသြားဆြဲယူလိုက္ၿပီး တိုက္ခိုက္ရန္ျပင္လိုက္သည္။ သူမၾကာပြတ္ကိုလႊဲလိုက္သည္ႏွင့္ တစ္ၿပိဳက္နက္ မင္းသားသုံးက ထိုၾကာပြတ္၏ အစြန္းတစ္ဖက္ကို ဖမ္းလိုက္သည္။ သူက ၾကာပြတ္ကိုပါ ခ်င္းယာ၏လက္ထဲမွ လုယူလိုက္ၿပီး ၾကမ္းျပင္ေပၚသို႔ပစ္ခ်လိုက္သည္။

ထို႔ေနာက္ သူမအား လက္ေမာင္းမွဆြဲကာ ဖက္လိုက္သည္။ ခ်င္းယာက အတင္းအက်ပ္႐ုန္းရင္း ေအာ္ေလ၏။

"ကယ္ၾကပါအုန္း။....ကယ္....ကယ္..."

မင္းသားသုံးက သူမကို အသံတိတ္ေစရန္လက္ျဖင့္ ပါးစပ္အား ပိတ္ထားလိုက္သည္။ က်ီခ်န္းက ဝင္ကယ္ရမလား ၊ ထြက္သြားလိုက္ရမလား ဟူေသာ စိတ္ႏွစ္ခုျဖင့္ ေခါင္းကုတ္ေနေလ၏။ ပုံမွန္လ်င္ျမန္ထက္ျမတ္စြာ ေျဖရွင္းတတ္ေသာ မိမိက ဤတစ္ခါတြင္ ဘာလုပ္လို႔ဘာကိုင္ရမွန္းကိုမသိေလာက္ေအာင္ပင္ အခက္ေတြ႕ေနေလ၏။

ထို႔ေနာက္ သူျပတင္းေပါက္ တံခါးကို အျမန္ တြန္းဖြင့္လိုက္ၿပီး အခန္းအတြင္းသို႔ဝင္လိုက္သည္။ ျမင္ကြင္းသည္က ၾကည့္မေကာင္းစြာ ခ်င္းယာသည္ ကုတင္ေပၚတြင္ ပက္လက္လွန္ကာ သူမ၏အေပၚ႐ုံကိုဆြဲခၽြတ္ခံေနရ၏။ လက္တစ္ဖက္ျဖင့္ ပါးစပ္ကိုအပိတ္ခံထားရတာေၾကာင့္ သူမက ထိုလက္ကို သူမ၏လက္ႏွစ္ဖက္ျဖင့္ အတင္းဆြဲဖယ္လ်က္ရွိသည္။

မင္းသားသုံးက တံခါးဖြင့္သံၾကားလိုက္တာေၾကာင့္ ေနာက္သို႔လွည့္ၾကည့္ေလေတာ့ သူ၏မ်က္ဝန္းမ်ားက အနည္းငယ္ေတာ့ ျပဴးက်ယ္သြားသည္။ ထိုအခြင့္ေကာင္းကိုယူကာ ခ်င္းယာက ခ်က္ခ်င္းပင္ မင္းသားသုံး၏ လက္ကိုဖယ္ခ်လိုက္ၿပီးေနာက္ သူ၏ပါးအား အားပါပါျဖင့္ ပိတ္ရိုက္ခိပစ္လိုက္သည္။

"အယုတ္တမာေကာင္...."

ေဘးသိူ႔ေစာင္းကာသြားေသာ မ်က္ႏွာက ျပန္လည္တည့္မတ္လာေလေတာ့ မ်က္ႏွာထက္ပါးျပင္တြင္ လက္ငါးေခ်ာင္းရာႀကီးမွာ အထင္းသာေပၚေပါက္ေနေလ၏။ ခ်င္းယာက ယိုယြင္းသြားေသာ သူမ၏အဝတ္အစားမ်ားကို အတင္းျပန္တည့္ေနသည္။ က်ီခ်န္းက ထိုျပတင္းေပါက္နား သူတို႔ႏွင့္ မနီးမေဝးတြင္ ေၾကာင္ေတာင္ေတာင္ျဖင့္ ရပ္ကာေနဆဲပင္။ မင္းသားသုံးက ပါးကိုလက္ျဖင့္ အသာထိကိုင္ေနရင္း က်ီခ်န္းဘက္သို႔လွည့္ကာ

"မင္းဆီက တစ္ခုခုသာ ထြက္လာသံၾကားရင္ မင္းဘယ္သူပဲျဖစ္ျဖစ္ ငါမင္းကိုသတ္ပစ္မယ္။"

ထိုလူက က်ီခ်န္းအားလက္ညိဳးရင္း ႀကိမ္းဝါးၿပီးေနာက္ အျပင္သိူ႔ထြက္သြားေလေတာ့သည္။ ခ်င္းယာက သူမ၏မ်က္ရည္မ်ားကို သုတ္လိုက္ရင္း က်ီခ်န္းကို တခ်က္လွမ္းၾကည့္သည္။ ထို႔ေနာက္ တည္ၿငိမ္စြာႏွင့္ပင္ သူမက အနားရွိ ထိုင္ခုံေပၚတြင္ထိုင္လိုက္ၿပီးေနာက္

"ရွင့္မွာ ေမးစရာေတြမ်ားေနလိမ့္မယ္။"

"......."

က်ီခ်န္းက မည္သည့္စကားတစ္ခြန္းမၽွ ထြက္မလာေခ်။

"ဒီနားကိုလာ ထိုင္ေလ။"

ခ်င္းယာက အလြန္တည္ၿငိမ္သြားသည့္ပူံစံျဖင့္ပင္ က်ီခ်န္းကို ေခၚလိုက္သည္။

"အ့....ေကာင္းၿပီ။"

ထိုအခါမွ က်ီခ်န္းက သူမအနားသို႔သြားကာ သူမေရွ႕ရွိ ထိုင္ခုံတြင္ ထိုင္လိုက္သည္။ က်ီခ်န္းက မတ္မတ္ႀကီးထိုင္ေနေလ၏။ သူမက သူမ၏လက္ႏွစ္ဖက္ကို စားပြဲေပၚတင္ရင္း လက္မႏွစ္ဖက္ကို ထိလိုက္ခြာလိုက္လုပ္ေနသည္။ သူမ၏ မ်က္လုံးမ်ားကလည္း ထိုလက္မႏွစ္ဖက္ကိုသာအၾကည့္ေရာက္ေနေလ၏။

တခဏေနေတာ့ သူမက ရီသည္။ ၿပီးေနာက္ ႐ုတ္တရက္ က်ီခ်န္းကိုၾကည့္လာေလ၏။ က်ီခ်န္းကလည္း သူမကိုၾကည့္ေနသည္။ က်ီခ်န္း၏မ်က္ဝန္းမ်ားက ေမးခြန္းမ်ားစြာသည္ အေျဖမရေသးပဲ က်န္ေနသည့္အေငြ႕အသက္ကိုခံစားရေစသည္။ ခ်င္းယာကပင္ဆို၏။

"ကၽြန္မတို႔က တကယ္တမ္းေမာင္ႏွမအေတာ္စပ္ဘူး။"

က်ီခ်န္းက ႐ုတ္တရက္ျဖတ္ေမးလိုက္သည္။

"....မင္းနဲ႔...မင္းသားသုံး နဲ႔ကလား။"

သူမက အနည္းငယ္ျပဳံးသေယာင္လုပ္လို​က္ရင္းေျဖသည္။

"အင္း...ဟုတ္တယ္။က်န္တာေတြက ကၽြန္မတို႔ရဲ့ အတြင္းေရးျဖစ္တာမလို႔ ကၽြန္မရွင္းျပမွာမဟုတ္ဘူး။

ဘယ္လိုကဘယ္လိုတို႔...ေမြးစားသမီးလားတို႔...အဲ့တာမ်ိဳးေတြ ၊ ေျဖမွာမဟုတ္ဘူး။

ၿပီးေတာ့ ဘယ္လိုေတြးေတြး ဒါကရွင့္ကိစၥ။ရွင္လည္းဘယ္သူ႔ကိုမွမေျပာဘူးလို႔ ကၽြန္မထင္တယ္။ ေျပာရင္လည္း ဟိုတေယာက္ေျပာသလိုရွင့္ကိုသတ္ပစ္ရမွာပဲ။ ဒါဆို...ရွင္...ျပန္လို႔ရၿပီ။"

"......."

သူမက က်ီခ်န္းကို တံခါးမအားလက္ညိဳးညႊန္ျပလိုက္သည္။ က်ီခ်န္းက ေၾကာင္အအျဖစ္ေနဆဲပင္။ သို႔ေသာ္လည္း သူမညႊန္ျပရာသို႔ က်ီခ်န္းသြားလိုက္သည္။ အခန္းအျပင္ဘက္ အေျခခ်ၿပီးသည္ႏွင့္ တၿပိဳင္နက္ သူမကအခန္းတံခါးကို ဝုန္းခနဲ ပိတ္ခ်ပစ္လိုက္၏။ က်ီခ်န္းက ျပန္လွည့္ၾကည့္မိသည္။ အထဲတြင္ အေစာပိုင္းလင္းေနဆဲျဖစ္ေသာ မီးအိမ္သည္ပါ မီးၿငိမ္းပစ္လိုက္ပုံရသည္။ အခန္းတစ္ခုလုံး ေမွာင္ပိတ္ဖုံးသြား၏။

"ဒီေကာင္မေလး...ငါသူ႔ထက္ ဆယ္ႏွစ္ေက်ာ္ေလာက္ ႀကီးတာကို ငါ့ကိုဆက္ဆံတဲ့ပုံစံကိုက...ရိုင္းလိုက္တာ။

အင္းေလ...သူေျပာသလိုပဲ။ ဘာပဲျဖစ္ျဖစ္ ငါ့အပူပါတာမွမဟုတ္တာ။ ဂ႐ုစိုက္မေနေတာ့ဘူး။"

က်ီခ်န္း ထိုေနရာမွ ထြက္လာခဲ့လိုက္ေတာ့သည္။ ေသာက္ထားေသာ ေသရည္တစ္အိုးစာပင္ ဘယ္နားေရာက္သြားသလဲသူမသိေတာ့ေခ်။ နန္းရင္ျပင္ဘက္တြင္ေတာ့ ယခုအခ်ိန္ထိ ေပ်ာ္ပြဲခံေနသည့္ဆူညံသံမ်ားကို ၾကားေနရေသး၏။

........................................

"ေနာက္ႏွစ္ရက္ေနရင္ ၿမိဳ႕ေတာ္ကိုျပန္မယ္။"

" အြန္း...ဒီေနရာက နည္းနည္းေတာ့ ပူေပမဲ့ ေနလို႔ေကာင္းတယ္ေနာ္။ "

အန္းလုက လက္ဖက္ရည္ခြက္ေလးအား လက္ႏွစ္ဖက္ျဖင့္ကိုင္ကာထားရင္းဆိုသည္။ အေဆာင္ေရွ႕က ဥယ်ာဥ္ေလးရွိ ထိုင္ခုံေပၚတြင္ထိုင္ရင္း လက္ဖက္ရည္ေသာက္ေနၾကသည္။ အန္းလုစကားကိုၾကားေတာ့ ခ်ီရွန္းက လက္ဖက္ရည္ေသာက္ေနရင္းပင္

"ေနလို႔မေကာင္းပါဘူး။ အရမ္းပူတယ္။ ဒီမွာက ႏွင္းမက်ဘူး။"

"ကႏၲာရနဲ႔ နီ​းတဲ့နိုင္ငံေလဗ်ာ ။ ႏွင္းက်စရာလား။"

အန္းလုက ခ်ီရွန္းအား လွမ္းေအာ္လိုက္ေသာ္လည္း ခ်ီရွန္းက လက္ဖက္ရည္အေသာက္မပ်က္ေပ။ သူ႔တို႔ေဘးရွိ ေရွာင္ရွင္းက ပို၍ပင္ဆိုေသးသည္။ မည္သည့္စကားတစ္ခြန္းကိုမွ မဟေခ်။ အန္းလုကပင္ ဆက္ေျပာေလ၏။

"ေဆာင္းရာသီကို ႀကိဳက္ေပမဲ့ ေႏြဦးရာသီကလည္းအရမ္းလွတယ္။ အရမ္းလည္းမပူ ၊ အရမ္းလည္း မေအးတဲ့ရာသီမလို႔ ေနလို​ေကာင္းတယ္ေလ။"

"ေဆာင္းရာသီက် အရမ္းခ်မ္းေတာ့ အန္းလုက ညတိုင္း ကိုယ့္ကိုတခ်ိန္လုံးဖက္ထားရတယ္ေလ။ အဲ့အခါက်ရင္ ေႏြဦးရာသီလိုပဲ အရမ္းေႏြးတာ။ သိတယ္မလား။"

"ဖူး......"

ေရွာင္ရွင္းသည္ ထိုစကားၾကားၿပီးေနာက္ ေသာက္ေနေသာလက္ဖက္ရည္အား မွုတ္ထုတ္ပစ္လိုက္၏။

"အဟြတ္..အဟြတ္။"

"အယ္...ေရွာင္ရွင္း...အ..ဆင္ေျပရဲ့လား။"

အန္းလုက ခ်က္ခ်င္း လက္ဖက္ရည္ခြက္ကိုခ်ကာ ေရွာင္ရွင္း၏ ေက်ာအား ပြတ္ေပးရန္ျပင္လိုက္ေသာ္လည္း ေရွာင္ရွင္းက အျမန္ပင္လက္ကာလိုက္ရင္း

"အဆင္ေျပပါတယ္။"

အန္းလုက သူ႔ေနရာတြင္ျပန္ထိုင္လိုက္ရင္း

"ရွန္းရွန္း...နည္းနည္းပါးပါး ဆင္ျခင္ပါအုန္း။ ဘယ္လိုျဖစ္လို႔..သူမ်ားေတြပါရွိေနတာကို..."

"ကၽြန္ေတာ့အတြက္က ရိုးေနပါၿပီ။ ဒါက ဒီအတိုင္း သတိမထားမိပဲ ေသာက္လိုက္မိလို႔ပါ။

စိတ္ပူသြားေစမိလို႔ အရွင္နဲ႔ ကိုယ္လုပ္ေတာ္လုကို ေတာင္းပန္ပါတယ္ ။"

"အာ...လူစုံေနတာပဲ။"

႐ုတ္တရက္ၾကားလိုက္ရေသာအသံေၾကာင့္ အားလုံးကလွည့္ၾကည့္လိုက္ၾကသည္။ ဤသည္က က်ီခ်န္းပင္။ သူက လက္ကို ေျမႇာက္ကာ ယိမ္းလိုက္ၿပီးေနာက္ အန္းလုတို႔အနားသို​ေရာက္လာသည္။

ေရွာင္ရွင္းေဘးတြင္ ဝင္ထိုင္လိုက္ရင္း စားပြဲေပၚရွိ လက္ဖက္ရည္ပန္းကန္လုံးအလြတ္တစ္လုံးကိုယူလိုက္သည္။ အန္းလုကမည္သည္စကားတစ္ခြန္းကိုမွ ဟ မလာပဲအသံပင္တိတ္သြားေသးတာေၾကာင့္ ခ်ီရွန္းကအန္းလုကို ၾကည့္လာသည္။

"ရန္ျဖစ္ထားၾကလို႔လား။"

က်ီခ်န္းက လက္ဖက္ရည္ေသာက္ရန္ႏွုတ္ခမ္းဝေတ့လိုက္ၿပီးမွ ခ်ီရွန္း၏စကားေၾကာင့္ ရပ္တန္႔သြားသည္။ အန္းလုက ဘာစကားမွမေျပာပဲ ၿငိမ္ေနေသး၏။ က်ီခ်န္းကပင္စ၍

" ခ်ီရွန္း...မင္းကိုနစ္ခုေမးခ်င္လို႔။ မင္းသမီးခ်င္းယာ အေၾကာင္းေလ။"

ခ်ီရွန္းက က်ီခ်န္းအားၾကည့္လိုက္ၿပီး

"မင္းသမီးခ်င္းယာ။..... ဘာအေၾကာင္းေမးမလို႔လဲ။"

" အဲ့တာက.....

ထားလိုက္ေတာ့...ထားလိုက္ေတာ့။ မေမးေတာ့ဘူး။"

က်ီခ်န္းက စကားစရန္ျပင္လိုက္ၿပီးမွ တစ္ခုခုကိုေတြးေတာမိသြားဟန္ျဖင့္ ျပန္ကာအဆက္ျဖတ္လိုက္သည္။ ခ်ီရွန္းကလည္း

"ေကာင္းၿပီ။"

က်ီခ်န္းက လက္ဖက္ရည္တစ္ငုံေသာက္လိုက္ရင္း

"ဒါနဲ႔ေလ။ ဒီေနရာမွာမူမမွန္တာမ်ိဳးေတြ႕မိလား။ မင္းအကူအညီေတာင္းလို႔ ငါလိုက္လာခဲ့ေပမဲ့ အခုေတာ့ လူပိုႀကီးကိုျဖစ္လို႔။စိတ္ဝင္စားစရာမ်ိဳးလည္းမရွိဘူး။"

"မင္းက ဘာကိုေမၽွာ္လင့္ေနတာလဲ။ အရာအားလုံး အႏၲာရာယ္ကင္းကင္းနဲ႔ အဆင္ေျပေျပ ျဖစ္သြားေတာ့လည္း ေကာင္းတာပဲမဟုတ္ဘူးလား။ မပူပါနဲ႔။ ေႏြဦးျမႇားပစ္ပြဲေရာက္ရင္ မင္းကိုစိတ္ဝင္စားစရာေလးေတြ ဖန္တီးေပးပါ့မယ္။"

" ဟုတ္သား။ ေႏြဦးျမႇားပစ္ပြဲေတာင္ေရာက္ေတာ့မယ္။"

က်ီခ်န္း တစ္ခုခုကိုေတြးမိသြားပုံရသည္။ ႐ုတ္တရက္ပက္ ေဘးရွိ ေရွာင္ရွင္းကထေျပာေလ၏။။

"အရွင္...ဘာပဲျဖစ္ျဖစ္ ကၽြန္ေတာ္တို႔ ခ်ိဳက္အန္းကိုျပန္မေရာက္ေသးသေရြ႕ သတိထားေနမွရပါမယ္။ အကယ္၍ ဘာအႀကံအစည္မွမရွိဘူးဆိုရင္ေတာင္ နယ္စပ္ကိုတမင္သတင္းလႊင့္ၿပီး အရွင့္ကို ဒီအထိေရာက္ေအာင္ေခၚလိုက္တာမလို႔ ဒီကိစၥကေပါ့ေသးေသးေတာ့မဟုတ္ပါဘူး။"

ခ်ီရွန္းက

"အင္း...ဒီတေခါက္ေတာ့ တကယ္ကိုနားမလည္နိုင္ေတာ့ဘူး။ ဦးရီးေတာ္ တကယ္ပဲဘာေတြကိုႀကံစည္ေနမွန္း။ အတတ္နိုင္ဆုံးေတာ့ခ်ိဳက္အန္းကို ျမန္ျမန္ျပန္ရမွာပဲ။"

"ဒါနဲ႔ နယ္စားေတြ အကုန္လုံးက ေနာက္ႏွစ္ရက္ေနရင္ ျပန္ၾကမွာမလား။ "

"ဟုတ္ပါတယ္။"

"ဒါဆို သူတို႔ရဲ့ ေျမေအာက္ခန္းမေဆာင္ အဝင္ဝကို တခ်က္ေစာင့္ၾကည့္ခိုင္းထားလိုက္။ ဘာပဲျဖစ္ျဖစ္ ႏွစ္ရက္အတြင္းမွာ တစ္ခုခုသိလာနိုင္တာပဲ။"

"ဟုတ္ကဲ့ပါ အရွင္။ ကၽြန္ေတာ္ လူလႊတ္လိုက္ပါမယ္။ "

အန္းလုက ထိုအခ်ိန္မွထေျပာေလ၏။

"ရွန္းရွန္း ။ ကၽြန္ေတာ္တို႔ ေနာက္ႏွစ္ရက္ေနရင္ျပန္ၾကေတာ့မွာေပါ့။"

"အင္း။ ဒီေနရာက ရန္သူ႔ေနရာနဲ႔အတူတူပဲမလို႔ ကိုယ္တို႔အတတ္နိုင္ဆုံးျမန္ျမန္ျပန္တာအေကာင္းဆုံးပဲ။"

"အြန္း"

"ဒါဆို ငါ့အေဆာင္ကိုျပန္ေတာ့မယ္။ "

က်ီခ်န္းက ထိုင္ေနရာမွထလိုက္ၿပီး ထြက္သြားေလေတာ့သည္။ ေရွာင္ရွင္းကလည္း ေနရာမွထ၍

"ကၽြန္ေတာ္လည္း အေျခအေနေမးျမန္းဖို႔သြားလိုက္ပါအုန္းမယ္။"

"ေကာင္းၿပီ။"

ထိုေနရာတြင္ အန္းလု ႏွင့္ခ်ီရွန္းတို႔သာ က်န္ေနခဲ့ေတာ့သည္။ ခ်ီရွန္းက ေနရာမွထလိုက္ၿပီး ၿငိမ္ေနေသာ အန္းလုေဘးနားတြင္ မတ္တပ္ရပ္လိုက္သည္။ အန္းလုက ထိုင္ေနရာမွ ခ်ီရွန္းကို ေမာ့ၾကည့္လာ၏။ ထို႔ေနာက္ ခ်ီရွန္းက အန္းလုေရွ႕တြင္ပင္ ေဆာင့္ေၾကာင့္ထိုင္ကာ သူ၏ လက္ႏွစ္ဖက္က အန္းလု၏ ေပါင္ႏွစ္ဖက္အား ကိုင္ထားသည္။ ထိုအခါ အန္းလုက ျပန္ကာငုံ႔ၾကည့္လာေလ၏။

"ကိုယ့္ကိုေျပာ....ဘာျဖစ္ခဲ့လို႔လဲ။"

အန္းလုက ခ်ီရွန္း၏မ်က္ဝန္းမ်ားကို စိုက္ၾကည့္လ်က္

"ခုနက....ညေနေလာက္က...အကိုက်ီခ်န္းနဲ႔ကၽြန္ေတာ္ အေနာက္ဘက္ၿမိဳ႕ရိုးနားကိုသြားခဲ့တယ္။ ကၽြန္ေတာ္လည္း အခန္အနားမွာ ပ်င္းေနတာနဲ႔ သူေခၚသြားေပးတာ။ "

"အင္း...."

"အဲ့မွာ...ကၽြန္ေတာ္တို႔ ေနဝင္တာကိုအတူၾကည့္ၿပီးျပန္လာေတာ့...အကိုက်ီခ်န္းက ကၽြန္ေတာ့္ကို ကၽြန္ေတာ္နဲ႔ပတ္သတ္ၿပီး သူ႔ခံစားခ်က္ကို ေျပာျပလာတယ္။

ကၽြန္ေတာ္ သူ႔ကိုအျပတ္ျငင္းလိုက္တယ္။ အဲ့တာေၾကာင့္...သူ႔...သူ႔ကို ....."

"အားနာလို႔...မ်က္ႏွာေတာင္ေစ့ေစ့မၾကည့္ရဲဘူး။ အဲ့လိုလား။"

"အြန္း...."

အန္းလုက ေခါင္းတညိမ့္ညိမ့္ျဖင့္ ခ်ီရွန္းကိုၾကည့္ရင္းေျဖသည္။ ခ်ီရွန္းက အသာျပဳံးလိုက္ရင္း အန္းလု၏ေခါင္းအား အသာပြတ္သတ္ေပးရင္း

"က်ီခ်န္းကိုယ္တိုင္ကလည္း အန္းလုဆီက ဒီလိုအေျဖမ်ိဳးကိုပဲ ျပန္ရလာလိမ့္မယ္ဆိုတာ သူေတြးထားၿပီးသားပါ။ ဒါေပမဲ့ သူလည္းသူ႔ခံစားခ်က္ကို တစ္ခါေတာ့ ဖြင့္ဟခ်င္မွာပဲ။ ကိုယ္လည္း နားလည္ပါတယ္။ သူလည္း အန္းလုကို နားလည္ေပးလိမ့္မယ္။ ဒါ့ေၾကာင့္ ကိုယ့္ကိုယ္ကို အျပစ္တင္မေနနဲ႔။ ဟုတ္ၿပီလား။"

အန္းလုက ခ်ီရွန္းကို ၾကည့္ေနရင္း ႐ုတ္တရက္ေကာက္ဖက္လိုက္သည္။

" ေက်းဇူးပါ ရွန္းရွန္း ။ ကၽြန္ေတာ့္ကိုနားလည္ေပးလို႔ေက်းဇူးပါ။"

ခ်ီရွန္းကလည္း အန္းလုကိုဖက္ထားရင္းမွ အန္းလုေက်ာျပင္အား ခပ္ဖြဖြပုတ္ေပးလိုက္သည္။

© Hnin Aung,
книга «Love, But Hurt (Season_3) The Last Begin».
Коментарі