Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 13
"ကျွန်တော့်ကိုတစ်ခုတော့ ကူညီပေးပါ။"

ကျင့်ယိချန်က ရုတ်တရက်ပင် ကုတင်ပေါ်မှဆင်းချလိုက်သည်။ ဟန်ချက်ပျက်ကာပြုတ်ကျသည့်အတွက် ကျင့်ချီကထိတ်လန့်သွားပြီး အမြန်ပင် ထူမပေးနိုင်ရန် သူပါချက်ချင်း ကုတင်ပေါ်မှလျောဆင်းလာသည်။ အန်းလုကလည်းချက်ချင်းခုန်ပေါ်မှ ဆင်းလိုက်သည်။ ကျင့်ယိချန်က ဒူးထောက်ထိုင်ချလိုက်၏။

အန်းလုရော ကျင့်ချီပါ ယိချန်၏အနားတွင် ဆောင့်ကြောင့်ထိုင်မိသွားကြသည်။ အန်းလုက

" ယိချန် ဒီလိုမလုပ်ပါနဲ့။ ကျွန်တော့ကို တမင်အနေခက်အောင်လူပ်နေတာလား။"

"မဟုတ်ပါဘူး။ ကျွန်တော်တကယ်ပဲ အန်းလုကိုအကူအညီတောင်းတာပါ။ ပြီးတော့ ဒီလိုမျိုး အန္တာရာယ်များတဲ့အလုပ်ကိုခိုင်းရတဲ့အတွက်လည်း တကယ်ကို အနူးအညွန့်တောင်းပန်ပါတယ်။"

ယိချန်က ဒူးထောက်ထားလျက်ပင် အန်းလုကိုကြည့်ကာဆိုသည်။ ကျင့်ချီက ယိချန်ဘေးတွင် ငြိမ်နေလေ၏။

"ကျွန်တော် ဘာထပ်လုပ်ပေးရမလဲ။ တိုင်းပြည်ကိုပြန်လွတ်လပ်ခွင့်ပေးခိုင်းတာအပြင်..."

အန်းလုကမေးလိုက်သည်။ ဤကိစ္စက ချီရှန်းနှသ့်တိုင်ပင်လိုက်လျှင် သိပ်တော့ အပန်းကြီးမည့်ကိစ္စကြီးကျယ်မဟုတ်ချေ။ သူလုပ်နိုင်မည်ကို သူယုံကြည်သည်။ အန်းလုပြောလိုက်သည့်စကားက ယိချန်အား သူတိူ့သားအမိကို နှိပ်စက်နေသည်ဟူသော မိဖုရားခေါင်ကြီးအား တစ်ခုခုပြန်လက်စားချေချင်သေးလားဟူသော မေးခွန်းပုံစံမျိုးဖြစ်၏။

"တိုင်းပြည်ပြန်လည် လွပ်လပ်ခွင့်ရပြီး ကျွန်တော့မိခင်လည်း အသက်ဘေးက လွတ်မြှောက်ခွင့်ရမယ်ဆိုရင် ကျွန်တော်သေပျော်ပါပြီ။ ကျွန်တော့် ကျန်ရှိနေတဲ့အချိန်တွေမှာစိတ်အေးချမ်းသာစွာနဲ့နေထိုင်လို့ရပါပြီ။"

ယိချန်၏စကားများက သူအတော်ပင်ပန်းနေပြီးဟူသော အချက်ကိုပြသနေသည်။ အန်းလုက ကျင့်ချီအားတစ်ချက်ကြည့်လိုက်တော့ ကျင့်ချီက မျက်နှာသေဖြင့်ပင် ယိချန်အားကြည့်နေလေ၏။

ယိချန်၏ ကျန်းမာရေးအခြေအနေက တကယ်ပဲ ကောင်းမွန်လာခြင်းမရှိတာလား။ သတိရလာပြီဟူသော အချက်ကဤသိူ့သော နောက်ဆုံးစကားများကို ပြောရန်အတွက်ပေလား။ ဤသို့ဆိုလျှင်တောင် ကျင့်ချီကငြိမ်နေမည့်လူစားမျိုးတော့မဟုတ်ချေ။ အန်းလုကဆိုသည်။

" ယိချန် ကျွန်တော်တို့နဲ့အတူ နန်းတော်ကိုလိုက်ခဲ့ပေးလို့ရမလား။ "

"......."

ကျင့်ချီသာမက ယိချန်ကပါ အန်းလုကိုကြည့်လာသည်။ ယိချန်က ဘာမျှမပြောသော်လည်း ကျင့်ချီက

"မင်းရူးနေလား။ မင်းတို့နှစ်ယောက်လုံးကိုတွေ့သွားရင် ငါတို့အကုန်သေမှာနော်။"

"ရှင်ဘုရင်ချီရှန်းက မနက်ဖြန်နေ့လည်ပိုင်းလောက်မှာ စတင်ပြီး ခရီးထွက်ခွာလိမ့်မည်။ ဒီတခေါက်ကိစ္စက ကိစ္စကြီးတစ်ခုပဲ။ သူဘယ်လိုမှဖြတ်သိမ်းလို့ရမှာမဟုတ်သလို တစ်လလောက်ကြာနိုင်တယ်။ "

"အဲ့ဒီတော့..."

ကျင့်ချီက မေးမော့ကာမေးသည်။ အန်းလုကလည်း ခပ်သွက်သွက်ပင်ဖြေလိုက်သည်။

"အဲ့ဒီတစ်လက ယိချန်အတွက် နန်းတော်ထဲမှာဆေးကုဖို့ လုံလောက်တဲ့ပမာဏပဲ။ အစပိုင်းကို ကျွန်တော်က ကိစ္စတစ်ခုခုအကြောင်းပြပြီး မလိုက်ပဲနေမယ်။ နန်းတော်အတွင်းမှာရှိတဲ့သူတွေ အကုန်လုံးက ကျွန်တော်ကျန်နေခဲ့တယ်လို့ပဲတွေးမှာ။ အဲ့အချိန်မှာ ကျွန်တော်ကပြင်ပမှာ ခဏနေမယ်။ ယိချန်က နန်းတော်ထဲက သမားတော်တွေနဲ့ ပျောက်ကင်းအောင်ကုသပါ။"

ကျင့်ချီက ထိုအကြံကိုအနည်းငယ်တော့သဘောကျသည်။ သူ၏လူအား အဘယ်အကြောင်းကြောင့်မှ လက်လွတ်ခံမည့်သူမဟုတ်တာကြောင့်လည်းကောင်း၊ ချိုက်အန်းသည် အစွမ်းထက်သော ဆေးမျိုးစုံတို့ပေါ်ထွက်ရာနေရာလည်းဖြစ်သည့်အပြင် နန်းတော်ထဲမှာသာဆိုလျှင် ယိချန်၏ ရောဂါဒဏ်ရာတို့က အမြန်ပင်ပျောက်နိုင်ပြီး ကိုယ်ခံအားပင်တိုးတတ်လာလေအုန်းမည်။ တန်ဖိုးကြီးမားသော ဆေးပင်ဆေးမြစ်တို့က ချိုက်အန်းနန်းတော်သို့သာ တိုက်ရိုက်တင်ပို့ကြသည်။

ထိူကိစ္စကိုလည်း အန်းလုကသဘောအပေါက်ဆုံးပင်။ ချီရှန်း ကျွေးခဲ့သည့်အစွမ်းထက် ဆေးမျိုးစုံတို့က အရင်သူ့ကိုယ်ခန္တာတွင် နည်းသည့်ပမာဏမဟုတ်ချေ။

"မင်းဘယ်လိုလုပ်မယ် စိတ်ကူးထားလဲ။ သူက ကိုယ်လုပ်တော်တစ်ယောက်အတွက် အစွမ်းထက်တဲ့ သမားတော်လွှတ်ပေးပါ့မလား။ ပြီးတော့ သူကဘယ်သူသေသေဂရုစိုက်တာမှမဟုတ်တာ။"

(အင်း...ကျင့်ချီကို ငါကသူ့အရင်ကိုယ်လူပ်တေယ်ပါလို့ ပြောလိူ့ကလည်းမဖြစ်တော့ သူ့ကို်လိူရှင်းပြပေးရပါ့မလဲ။ ပြီးတော့ ငါ့ဆိုရင်လည်း သူကအထင်ကြီးချင်တာမဟုတ်ဘူး။)

အန်းလုကယိချန်ကိုသာမက ကျင့်ချီကိုပါကြည့်ရင်း

"နှစ်ယောက်လုံး ဒီတစ်ခါ ကျွန်တော့ကိုယုံကြည်ပေးပါ။ "

အန်းလုက စူးရှသည့်မျက်ဝန်းတစ်စုံဖြင့်ကြည့်သည်။ ယိချန်ကသူ၏အကြံညာဏ်ကိုလက်ခံရန် ဆုံးဖြတ်လိုက်ပြီးနောက် ခေါင်းညိမ့်သည်။

"ဒါဆို အန်းလုကိုပဲ ထပ်ပြီး ဒုက္ခပေးရပါတော့မယ်။"

"ရတယ်။ အားမနာနဲ့။ "

အန်းလုကရီလျက်ဆိုသည်။ သူကသူတစ်ပါးကို ကိစ္စတစ်ခုခုကူညီလိုက်ရလျှင်ကို သဘောကျကာပျော်နေတတ်သူမို့ ဤတစ်ခါတွင်လည်း သူမနေနိုင်ခဲ့ပါချေ။

..........................

"ကျွန်တော်ဖျားနေတယ်ဆိုပြီးတော့ ဆင်ခြေမျိူးပေးလို့မရဘူး။ အဲ့တာဆို သူကသွားမှာမဟုတ်တော့ဘူး။ အကုန်ဗြောင်းဆန်ကုန်မယ်။ အဲ့တာကြောင့် နန်းတော်ကိုပြန်ရောက်တာနဲ့ ကျွန်တော် သူ့အဆောင်ကိုသွားပြီး ပြဿနာတစ်ခုခုတတ်အောင်လူပ်လိုက်မယ်။ အဲ့တာဆို သူကျွန်တေယ့်ကိုခေါ်မှာမဟုတ်တော့ဘူး။ မနက်ဖြန်ညနေလောက်ကို ဂိတ်တံခါးစောင့်ကို ယိချန်ကို အထဲခေါ်သွင်းဖို့ အပြင်ကနေ စားဖိုဆောင်က်ု အသီးအရွက်လာပို့နေကြလှည်းနဲ့တစ်ဆင့် လာမယ်ဆိုတဲ့အကြောင်းကို ကြားထားလိုက်။ ကျွန်တေယ့်အဆောင်ကိုတည့်တည့်ရောက်လာဖို့တော့လိုလိမ့်မယ်။"

အန်းလုနှင့် ကျင့်ချီက ထိုအိမ်တော်မှပြန်ထွက်လာကြရင်း အကြံညာဏ်ကိုဆွေးနွေးနေကြသည်။ ကျင့်ချီက ခေါင်းသားညိမ့်၍လိုက်ပါလာ၏။ အန်းလုသတိထားကြည့်မိသည့် ကျင့်ချီ ဤတစ်ခါတွင်ပဲ သူ၏စကားအား အဆင်ပြေပြေလက်ခံဖူးသည်။ သို့မဟုတ် သူ၏ပုံစံကစိတ်လှုပ်ရှားနေခြင်းမျိုးလား။

အန်းလုတို့က ပြင်ပတွင် တံခါးစောင့်နှစ်ယောက်နှင့်အတူအဆင်သင့်ရပ်ကာနေသော ကိုယ်စီမြင်းနှစ်ကောင်ပေါ်သို့ လှမ်းခုန်တတ်လိုက်ကြသည်။ နေရာအတည်တကျဖြစ်လေတော့ အန်းလုကပင် ဇာတ်ကြိုးကိုဆွဲလျက်ဘေးရှိ ကျင့်ချီအား လှမ်းပြောလိုက်သည်။

"ဒါဆို အစီအစဥ်ကိုဒီလိုပဲသွားမယ်။ဟုတ်ပြီလား။"

အန်ုးလုက ကျင့်ချီအားရီပြလိုက်သည်။ ကျင့်ချီက အန်းလုကိုကြည့်လိုက်ပြီးနောက် ပြန်ပြုံးပြကာ ဖြေလိုက်သည်။

"ကောင်းပြီ။"

ထို့နောက်နှစ်ဦးသား မြင်းကိုဒုန်းဆိုင်းစီးကာ နန်းတော်ဆီသိူ့ ဦးတည်လေတော့သည်။

..........................

နန်းတော်ကိုရောက်တော့ အန်းလုက ဝူရှဲ့အဆောင်သိူ့သာ မြင်းကိုတိုက်ရိုက်နှင်လိုက်ပြီးနောက် ရောက်သည်နှင့် မလှမ်းမကမ်းတွင် မြင်းကိုရပ်စေလိုက်ပြီး ဝတ်ရုံအနက်ထည်အားထိုမြင်းပေါ်တွင်သာအသာတင်လိူက်ပြီး သူကမူ အဆောင်အတွင်းသို့ ပြေးဝင်လာခဲ့သည်။

ဝူရှဲ့အဆောင်ကများသောအားဖြင့် အစောင့်များကိုမထားချေ။ ချီရှန်းကတစ်ယောက်တည်းလွတ်လွတ်လပ်လပ်နေတတ်သည့်အကျင့်ကြောင့် သူကအတတ်နိုင်ဆုံး အစောင့်များကိုရှင်းလင်းနေစေခြင်းအား ပို၍သဘောကျသည်။

သို့ပေမဲ့ ရှောင်ရှင်းကတော့ ဆယ်ပေပတ်ပတ်လည်တွင် အမြဲလိုလို ဝူရှဲ့အဆောင်နှင့် လီချီရှန်း အတွက် ကိုယ်ရံတော်အစောင့်များ ဆယ်ယောက်ထက်မနည်းထားရှိပြီးသားပင်။ ထိုကိုယ်ရံတော်အစောင့်များသည်လည်း ချီရှန်းတွင်မည်သည့်ပြဿနာတစ်စုံတစ်ရာမရှိသရွေ့ပေါ်ထွက်လာကြလိမ့်မည်မဟုတ်ချေ။

အန်းလုကတော့ အေးအေးဆေးဆေးပင် အဆောင်အတွင်းသို့ တံခါးကိုတွန်းဖွင့်ကာဝင်သွားသည်။ ကြည့်ရသည်မှာ ရှောင်ရှင်းက အသိပေးထားပြီးသားဖြစ်ချေလိမ့်မည်။မဟုတ်လျက် အန်းလုတစ်ယောက် တံခါးကိုထိသည်နှင့် ထိုလူများက လည်ပင်းနှင့်ခေါင်းအားလွဲအောင်လူပ်ကြတော့မှာပင်ဖြစ်သည်။

"ရှန်း....ရှန်း...."

အန်းလုကအထဲသို့ဝင်လာပြီးနောက် အခန်းတွင်းအားကြည့်ရှူလိုက်သည်။ စာကြည့်သည့်နေရာတွင်လည်း ချီရှန်းမရှိသလို၊ အိပ်ဆောင်အခန်းထဲတွင်လည်း ချီရှန်းအားမတွေ့ရချေ။

"ဘယ်ရောက်နေတာလဲ။"

အန်းလုက တွေးတောနေသည်။

"ယုံးယွမ်မှာများလား ဒါမှမဟုတ် ဟိုအဆောင်မှာလား။"

"အန်းလု"

ရုတ်တရက်နောက်မှအော်ခေါ်သံတစ်ခုကြောင့် အန်းလု ထိတ်လန့်ကာ ခန္တာကိုယ်ကပင်တုန်တတ်သွား၏။ ချီရှန်းကသူ့အား အော်ခေါ်လိုက်ခြင်းပင်။

အန်းလုကနောက်သို့လှည့်ကြည့်လိုက်သည်။ ချီရှန်းကအမှန်တကယ်ပင် သူ့အားအကြည့်စူးစူးတို့ဖြင့်ကြည့်နေလေ၏။ ပြီးတော့ အဝတ်အစားမဖားကလည်းထူးဆန်းနေသေးသည်။ ညအိတ်ဝတ်ရုံရှည်မဟုတ်သည့်အပြင် ဝတ်နေကြဘုရင်မင်းမြတ်တို့ဆင်မြန်းသည့် ဝတ်စုံလည်းမဟုတ်ပဲ အရောင်ခပ်မှိန်မှိန်ဖြင့် သာမန်လူတန်းစားတို့ ဝတ်သည့် ပုံစံမျိုးကိုမှ ပေါ့ပေါ့ပါးပါးအသွင့်ဖသ့်ဝတ်ဆင်ထားသည်။

"ရှန်းရှန်း...ညဘက်ကြီးကို ဘယ်လိုကြီးဝတ်ထားတာလဲ။"

အန်းလုက မေးလိုက်သည်နှင့် တပြိုင်နက် ချီရှန်းက သူ့ထံသို့ခြေလှမ်းကျဲကြီးများဖြင့်ရောက်ချလာသည်။ ချီရှန်းက အန်းလုအား ဆွဲကာဖက်လိုက်ပြီး တဖြည်းဖြည်းချင်းပင် ပိုမိုကာတင်းကျပ်လာသည်။ အန်းလုက မျက်ဝန်းတိူ့ပြူးကာချီရှန်းကို အဖက်ခံနေရသည့်ကြားမှ ဘေးသို့မျက်လုံးကိုစွေကာကြည့်သည်။ သိူ့သော်လည်း သူ၏ လက်နှစ်ဖက်က ချီရှန်း၏ကျောပြင်ကိုပြန်ဖက်တွယ်ထားသည်။

"ရှန်းရှန်း ဘာဖြစ်လို့လဲ။"

"မဟုတ်ဘူးမလား။ ကိုယ်ထင်သလို မဟုတ်ဘူးမလား။"

အန်းလုကနားမလည်စွာဖြင့်

"ဘာကိုလဲ။"

ချီရှန်းက အက်ကွဲနေသောအသံဖြင့်ဆိုသည်။

"ကိုယ် မင်းတို့အပြင်ထွက်သွားတာကိုမြင်လိုက်တယ်။ ကိုယ် မင်းတို့နောက်ကနေလိုက်ခဲ့တာ။ မင်းတိူ့ အခန်းတစ်ခုထဲဝင်သွားပြီး အတော်ကြာမှပြန်ထွက်လာခဲ့တယ်။"

(သူတကယ်ပဲ နောက်ယောင်ခံလိုက်လာတာလား။)

"ရှန်းရှန်း.... အဲ့..အဲ့တာကလေ။"

(ခဏ...ငါသူ့ကိုစိတ်ဆိုးအောင်ပြောလိုက်ကမလား။ မနက်ဖြန်မလိုက်ရတော့အောင်။ ရှန်းရှန်းကိုနောက်မှ ပြန်ရှင်းပြလိုက်မယ်လေ။ မဟုတ်ရင် အဲ့လိုအကြောင်းအရာတွေရှိပြီး ငါကအဲ့ဒီတိုင်းပြည်နဲ့မသက်ဆိုင်တာသူသိရင် သူလွတ်ငြိမ်းခွင့်ပေးမှာ မဟုတ်လောက်တော့ဘူး။ သူ့ကိုကြည့်ရတာ အတော်သဘောမကျပုံပဲ။)

"ရှန်းရှန်း ဘာတွေသိထားသေးလဲ။ သူနဲ့ပတ်သတ်ပြီး"

ချီရှန်းက ထိုစကားကိုကြားတော့ အန်းလုအားဖက်ထားရာမှ ပြန်လွှတ်ပေးကာ ခွာလိုက်သည်။

"ဘာကိုဆိုလိုတာလဲ။"

"ဟုတ်တယ်လေ။ ညဘက် ကျွန်တော်တို့အပြင်မှာတွေ့ကြတာကိုတောင် ကျွန်တော်ကိုမယုံလို့ နောက်ယောင်ခံလိုက်တယ်ဆိုတော့ ကျွန်တော်တို့နဲ့ ပတ်သတ်တဲ့ သတင်းတွေသိထားရလို့နေမှာပေါ့။ ပြောကြည့်လေ။"

ချီရှန်း၏မျက်ဝန်းများက အံသြနေသည့်ပုံစံမျိုးတော့ အနည်းငယ်သက်ရောက်နေလေ၏။သူက ဘာတစ်ခုမှမပြောနိုင်ပေ။

"..........."

အန်းလုက ဆက်သွားရန်ဆုံးဖြတ်လိုက်သည်။

"ဟုတ်တယ်။ ရှန်းရှန်းထင်သလိုပဲ။ ကျွန်တော်သူနဲ့ပတ်သတ်နေတာ။ အရင်က ဒီခန္တာကိုယ်ပိုင်ရှင်နဲ့ သူနဲ့က ဆက်ဆံရေးပိုနေခဲ့တာမလို့ ကျွန်တော်လည်း သူနဲ့အနေကြာလာတော့ စိတ်အနည်းငယ်ယိုင်သွားမိတယ်။ ကျွန်တော် ရှန်းရှန်းကိုလည်းချစ်ပါတယ်။ သူ့ကိုလည်း...."

"တိတ်.....မင်းပါးစပ်ကိုပိတ်လိုက်တော့။"

(ရှန်းရှန်း တကယ်တောင်းပန်ပါတယ် ။ ငါတကယ်ပဲဘာတွေပြောမိနေတာတုန်း။)

ချီရှန်းက ဘေးဘီကို ဝေ့ဝဲကြည့်လိုက်သည်။ သူတကယ်ကိုပင် စိတ်တိုကာဒေါသထွက်နေလေ၏။ ရှောင်ရှင်းကိုလည်း ထိုလူအကြောင်းစုံစမ်းခိုင်ထားတာမို့ သူတို့၏အကြောင်းကိုအနည်းငယ်သိသင့်သလောက်သိသည်။ အမှန်ဆို အန်းလုက ထိုသူနှင့် ဝေးဝေးမှာပင်နေသင့်သည်။ အန်းလုက စိတ်ယိုင်သည်တဲ့လား။ သူ့စကားကို ဘာမှနားမလည်သည့် မွေးကင်းစကလေးငယ်ပင် ယုံလိမ့်မည်မဟုတ်ချေ။ ပိုဆိုးသည်က လိမ်သည့်နေရာတွင်လည်း အသေကိုည့ံသည်။ ချီရှန်းစိတ်တိုသည့်အကြောင်းက ဘာ့ကြောင့်သူထိုနေရာသို့ ထိုလူနှင့်အတူသွားရသနည်းဟူသောမေးခွန်းပင်။

အန်းလုကပြောမည့်ပုံမပေါ်ပဲ သူကအထင်လွဲအောင်သာတမင်ပြောနေသည်။ ချီရှန်းက ညာဘက်ထောင့်တစ်နေရာတွင် တင်ကာထားသော ဓားရှည်နှစ်ချောင်းရှိသည့်အနက်မှ တစ်ချောင်းကိုသွားပြေးယူလိုက်သည်။ အန်းလု၏ မျက်ဝန်းတို့က ပြူးကျယ်လာလေ၏။

"ဘာလုပ်မလို့လဲ။ မသွားရဘူး။"

ချီရှန်းက ထိုဓားရှည်အားမြဲမြံစွာကိုင်လျက် အပြင်သို့ထွက်ရန်ပြင်လိုက်စဥ်တွင်ပဲ အန်းလုက ရှေ့သိူ့အမြန်ရောက်လာပြီး လက်ကို ကာကာတားလိုက်သည်။

"ဖယ်....ငါသူ့ကိုသတ်မလို့။ "

"မလုပ်ရဘူး လို့ပြောနေတယ်လေ။"

ချီရှန်းက ခနဲ့သည့်ပုံစံဖြင့်ရီလိုက်သည်။ သူကအန်းလု၏မေးစေ့အား လက်ဖြင့် ခပ်ဖွဖွကိုင်ရင်း

"အန်းလု ကိုယ်မင်းကိုဘယ်လိုယူထားလည်းဆိုတာ မင်းကအရမ်းမေ့တတ်တာပဲ။ ခဏခဏပြောနေရရင် အဆင်မပြေဘူးနော်။ ဥပမာ ဒီလိုစိတ်တိုနေတဲ့အချိန်မျိုးပေါ့။ ဖြစ်နိုင်ရင် ကိုယ်ကအချိန်ပေးနေတုန်း ကိုယ့်က်ိုပြော မင်းနဲ့သူကတေယ့ ရိုးသားပါတယ်ဆိုတာ။"

အန်းလုက တံတွေးတစ်ချက်မြိုချလိုက်ပြီးနောက် ချီရှန်း၏လက်အားဖြတ်ရိုက်ချလိုက်သည်။ သူက တစ်ဖက်သို့လှည့်ကာမျက်ဝန်းများကို ပိတ်ချလိုက်ရင်းဆိုသည်။

"ကျွန်တော် အချိန်ယူပြီးပြန်စဥ်းစားဖို့လိုတယ်။ ကျွန်တော်တကယ်ပဲ ဘယ်သူ့ကိုသဘောကျတယ်ဆိုတာ။ မနက်ဖြန်ခရီးကိုကျွန်တော် လိုက်ဖြစ်မှာမဟုတ်ဘူး။ ရှန်းရှန်း တကယ်ပဲ ကျွန်တော့ကို ချစ်တယ်ဆိုရင် ကျွန်တော့ကိုအချိန်​ပေးပါ။"

*ချလွမ်*

ဓားတစ်ချောင်းကြမ်းပြင်ပေါ်သို့လွတ်ကျသံက အခန်းတွင်း ပဲ့တင်သွားလေ၏။

"အန်းလု မင်းရူးနေတာလား။"

အန်းလုကချီရှန်းဘက်သိူ့လှည့်လာသည်။ ချီရှန်းက အန်းလုကို နားမလည်နိုင်သည့်မျက်ဝနခးများဖြသ့် ခေါင်းကိုအသာ​ေစာင်းကာကြည့်နေလေ၏။ အန်းလု၏ စိတ်သည်လည်း တစ်ချိန်လုံး ဘုရားကိုသာ မလွတ်တမ်းတနေခဲ့သည်။

"ဟုတ်တယ်။ အဲ့လိုသတ်မှတ်တယ်ဆိုလည်း အဲ့လိုပဲပေါ့။ ကျွန်တော်က ရူး​နေတာ။ လက်တလော ကျွန်တော် ရှန်းရှန်းကိုမတွေ့ချင်ဘူး။"

အန်းလုက အပြင်ဘက်သို့ပြေးထွက်လာခဲ့လိုက်သည်။ သူ၏ပုခုံးက ချီရှန်း၏ တံတောက်ဆစ်နားနှင့် တိုက်မိလိုက်သော်လည်း ချီရှန်းက ထိုနေရာတွင်သာ တောင့်တောင့်ကြီးရပ်ကျန်နေခဲ့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~
© Hnin Aung,
книга «Love, But Hurt (Season_3) The Last Begin».
Коментарі