Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 24
"ခင်ဗျား...ကျွန်တော် တို့ကိုပြန်ခေါ်လိုက်တဲ့သူ ခင်ဗျားလို့ဆိုလိုတာလား။"

"အင်း ဟုတ်တယ်။"

"ဘာလို့လဲ။ ကျွန်တော်တို့ကိုဘာလို့ ပြန်ခေါ်လိုက်တာလဲ။"

"မင်းရဲ့ အကူအညီကိုလိုအပ်လို့။"

"အကူအညီ...."

ထိုလူက အန်းလု၏ ဘယ်ဘက်ပုခုံးအားလှမ်းပုတ်လိုက်ရင်းဆိုသည်။

"မပူပါနဲ့။ မင်းရဲ့အကူအညီဆိုတာထက် မင်းနဲ့အပေးအယူလူပ်မှာပါ။ ငါကလည်းမင်းကိုပြန်ကူညီပေးမှာပါ။"

အန်းလုက မျက်မှောင်ကြုတ်လိုက်သည်။ ထိုသူ၏ပုံစံက အန္တာရာယ်ရှိသည့်ပုံစံမျိုးမပေါ်သော်လည်း သူကထူးဆန်းသည့်ပုံစံမျိုးတော့ ဖြစ်နေ၏။အန်းလုက မေးလိုက်သည်။

"ဘယ်လိုမျိုးလဲ။ ကျွန်တော်က အခုအကူအညီလိုနေတဲ့လူမျိုးမှမဟုတ်တာ။"

"ငါ နေ့လည်ကပြောခဲ့သလိုလေ။ မင်းရဲ့မူလခန္တာကိုယ်ကို ပြန်မသွားချင်ဘူးလားလို့။"

အန်းလုက ထိုလူအားသေချာစွာဆိုက်ကြည့်လိုက်သည်။

"ဘာကိုဆိုလိုတာလဲ။ ကျွန်တော့်ကို အရင်ခန္တာကိုယ်ပြန်ရနိုင်တယ်လို့ဆိုလိုတာလား။"

"ဟုတ်တယ်။ မင်း ဒီခန္တာကိုယ်နဲ့ကအဆင်မပြေပါဘူး။ ဟုတ်တယ်မလား။"

"ပြေပါတယ်။ ဘာလို့မပြေရမှာလဲ။"

ထိုလူကသူ၏မျက်ဝန်းအစုံကို မှိတ်ချလိုက်ပြီး အသက်ကိုဖြေးဖြေးချင်းရှုနေပုံရသည်။ အတော်ကြာမှ အန်းလုကိုပြန်ကြည့်လိုက်ပြီး

"မင်းကပြေပေမဲ့ မင်းခန္တာကိုယ်ရဲ့တကယ့်မူလပိုင်ရှင်က ပြေမနေဘူးလေ။ မင်းလုပ်ရက်တယ်ပေါ့။ "

" ယိချန်ကိုပြောချင်တာလား။"

"အင်းဟုတ်တယ်။ အဲ့တယောက်က သာမန်ထက်ပိုပိုအားနည်းလာတာ မင်းကြောင့်လေ။ သူ့ရဲ့ဖြစ်တည်မှုက မင်းရောက်လာတာနဲ့ တန်းပြီးတော့ကို ဆုတ်ယုတ်သွားတာ။ မင်းတို့က ကိုယ်ခန္တာနှစ်ခုဆိုပေမဲ့ မင်းကပိုတောက်ပလာလေ သူကပျောက်ကွယ်သွားဖို့ များလေလေပဲ။ "

အန်းလုက ငြိမ်ကျသွားလေသည်။ အနည်းငယ်သော ထိခိုက်မှုဟုဆိုသော်လည်း ယခုအချိန်ထိ မသက်သာပဲ သူနဲ့တွေ့ဆုံပြီးနောက်ပို၍ ဆိုးလာသည်ဟူသော ကျင့်ချီ၏ သတင်းစကားအားသူသတိရမိသည်။ မိမိ၏အတွေးက အားနည်းလွန်းသော ယိချန်၏ကိုယ်ခန္တာကြောင့် ဟုသာသူတွေးခဲ့မိသည်။ ထိုသူပြောသောစကားက သူ၏မူလအတွေးကို အနည်းငယ်ဝင်နှောက်ယှက်နိုင်ခဲ့သည်။

"အပေးအယူဆိုတော့ မူလကိုယ်ခန္တာပြန်ရမယ်ဆိုရင် ကျွန်တော်ကဘာလုပ်ပေးရမှာလဲ။ မကောင်းတာဆို ကျွန်တော်သေချင်သေပါစေ လုပ်မှာမဟုတ်ဘူး။ ကျွန်တော်ဒီအတိုင်းပဲ သေပစ်လိုက်မှာ။ အဲ့တာဆို အားလုံးပြီးသွားမှာပဲလေ။"

"ငါလည်း နတ်တစ်ပါးပါပဲ။ မင်းကိုမကောင်းတာလုပ်ခိုင်းမလား။ အဲ့လောက်ကြီး တစ်ဆုံးတွေးမနေပါနဲ့။ ပြီးတော့ အဲ့လိုမျိုး မင်းဝိညာဥ်ကိုနေရာလွှဲပို့မိတာကလည်း ငါ့အပြစ်ဆိုပေမဲ့ သူမရဲ့အပြစ်ဒဏ်ကငါ့ဆီမှာလည်း လာသက်ရောက်နေတာမလို့ မတတ်နိုင်ခဲ့ဘူး။

ငါက အခု နေရောင်ထိတွေ့လို့မရဘူး။ နေ့အလင်းရောင်က ငါ့ကိုပူလောင်စေတယ်။"

(ဒါ့ကြောင့် သူ့ကိုတွေ့တုန်းက တစ်ကိုယ်လုံးကိုဖုံးထားတာကိုး။)

အန်းလုက ထိုလူကိုသေချာကြည့်ရင်းတွေးလိုက်သည်။ ထိုသူကဆက်ပြောလာသည်။

"မင်းရဲ့ မူလကိုယ်ခန္တာကို မင်းရဲ့ဝိညာဥ်ပြန်ဝင်နိုင်အောင်ငါကူညီပေးမယ်။ မင်းကငါ့ကို တစ်ခုပြန်ကူညီရမယ်။"

"ဘယ်လိုကူညီပေးရမှာလဲ။"

"ချိုက်အန်းနန်းတော်ရဲ့ တစ်နေရာရာမှာ သူမချန်ရစ်ထားခဲ့တဲ့ ဆံထိုးကိုရှာပေးရမယ်။ ဒါက လီချီရှန်းကို မေးလို့ရမယ်လို့ထင်ပေမဲ့ သူမသူ့ကိုထားခဲ့တဲ့အချိန်ကအရမ်းငယ်တဲ့အပြင် သူ့ရဲ့ကိုယ်ပေါ်မှာလည်း အဲ့​တာနဲ့ ပတ်သတ်တဲ့ အငွေ့အသက်ကိုမရတာမို့ သူမသိလောက်ဘူး။ ဒါ့ကြောင့် မင်းကပဲ ငါ့ကိုရှာပေးရမယ်။ သူမရဲ့စွမ်းအားတစ်ချို့ကို မင်းအပေါ်မှာသုံးခဲ့တာမလို့ မင်းကအဲ့ဆံထိုးရဲ့တည်နေရာကို အာရုံခံနိုင်လိမ့်မယ်လို့ငါတွေးမိတယ်။ မင်းလုပ်ပေးရမှာအဲ့တာတစ်ခုပဲ။"

အန်းလုက ထိုလူအား သေချာစွာစူးဆိုက်ကြည့်နေသည်။

"အပေးအယူက နည်းနည်းထူးဆန်းတယ်။ အဲ့ဆံထိုးကဘာလုပ်ဖို့လဲ။ ဘာလို့လိုအပ်တာလဲ။ ရှန်းရှန်းတောင် မသိတဲ့ဆံထိုးဆိုတော့ ကျွန်တော်က ခင်ဗျားကိုရှာပေးနိုင်မယ်လို့ ဘာလို့ထင်ရတာလဲ။"

"မင်းက အရမ်းကိုလေရှည်သလိူပဲ။"

"မပြောပြလည်းနေ။ ကျွန်တော်သွားတော့မယ်။"

အန်းလုက တစ်ဖက်သို့အမြန်ပင်လှည့်ထွက်လိုက်သည်။

"နေပါအုန်းဟ။ "

ထိုလူကအန်းလု၏လက်ကို ချက်ချင်းပင် လှမ်းဆွဲလိုက်သည်။ ထို့နောက်သူက သက်ပြင်းချလိုက်ပြီး

"ငါ တကယ်ပြောပြလို့မရလို့ပါ။ မင်းကိုလုံးဝထိခိုက်မှုမရှိစေရဘူးလို့ အာမခံတယ်။ မင်းလုပ်ရမှာက ငါ့ကိုအဲ့ဆံထိုးလေးယူပေးဖို့ပဲ။ ပြီးတော့ မင်းရဲ့စိတ်ထဲမှာလည်း မင်းရဲ့မူလခန္တာကိုယ်ကိုပဲ လိုချင်နေတယ်ဆိုတာ ငါသိတယ်။ ဘာလို့ဆို မင်းကအခုလက်ရှိ မင်းရဲ့ခန္တာကိုယ်ကို ချီရှန်းက အပြည့်အဝသဘောမကျနိုင်ဘူးလို့ထင်နေတာလေ။ ဟုတ်တယ်မလား။ "

" ကျွန်တော်...."

"အန်းလု...အန်းလု..."

အန်းလုကို ထိုလူအားပြန်ဖြေရန် အားယူလိုက်စဥ်တွင်ပဲ ရုတ်တရက်စိုးရိမ်တကြီးသူ၏ အမည်အားအော်ခေါ်နေသည့် အသံတစ်ခုအားကြားလိုက်ရသည်။

"ရှန်းရှန်း.... "

အန်းလုက ထိုအသံမည်သည့်နေရာကလာသည်ကိုမသိသောကြောင့် လှည့်ပတ်ကာရှာဖွေနေသည်။ ထိုလူကမူ အပေါ်ဘက်ကိုတစ်ချက်ကြည့်လိုက်ရင်း

"ဟုတ်တယ်။ သူမင်းကို စိုးရိမ်နေပြီ။

ဒါဆိူ ငါတို့အပေးအယူကို သဘောတူလိုက်ပြီနော်။ ငါမင်းကို ပြန်ပို့ပေးလိုက်မယ်။ "

"အယ်...ဘာမှမပြောရသေးဘူးလေ။ ခဏ..."

*ဖြောက်...*

"ငါနာမည်ကိုမှတ်ထားအုန်း။ ရှန်ဖန်း..... ငါ့နာမည်က။"

ထိုလူက လက်ဖြောက်တစ်ချက်တီးလိုက်ပြီးနောက်တွင် အန်းလု၏အမြင်အာရုံများက ချက်ချင်းပင် ထိုလူရှေ့မှ တခြားတစ်နေရာသို့ကူးပြောင်းသလိုဖြစ်သွားပြီး ထိုလူပြောသည့်အမည်နာမကိုသာ သဲ့သဲ့ကြားလိုက်ရတော့သည်။

.........................

"အန်းလု...အန်းလု...ချီအန်းလု...ထပါအုန်း။"

"ဟ့....အဟွတ်...အဟွတ်..."

ရုတ်တရက်ပင် ခံစားလိုက်ရသော အသက်ရှုကျပ်သလိုခံစားချက်ကြောင့် မိမိလည်ပင်းကို ဖိနှိပ်လျက် ချောင်းဆိုးလိုက်မိသည်။ ချီရှန်းက ရုတ်ရက် ထထိုင်ကာ ချောင်းဆိုးနေသော အန်းလုကို အတင်းဆွဲကာ ဖက်လိုက်ပြီး

"တော်သေးတယ်။ တော်သေးတယ်။ တကယ်ကိုတော်ပါသေးရဲ့။"

အန်းလုက ချီရှန်း၏ကိုယ်ခန္တာကိုထိနေရသောကြောင့် တုန်ယင်နေသည့် ချီရှန်း၏ကိုယ်လုံးအား ခံစားရသည်။ သူ၏လက်များကို ချီရှန်း၏ ကျောပြင်အား ပွတ်သတ်ပေးရန် လှမ်းလိုက်သည်။

"အန်း..မဟုတ်..ကိုယ်လုပ်တော်ကျင့်..မင်းအဆင်ပြေရဲ့လား။"

ထိုအခုမှ သူသတိထားမိသည်က ထိုအခန်းထဲတွင် သူနှင့်ချီရှန်းနှစ်ဦးတည်း မဟုတ်ပဲ ကျီချန်းနှင့်  ရှောင်ရှင်းသာမက မင်းသမီးချင်းယာပါ ရှိနေကြောင်းတွေ့ရသည်။ ထို့အပြင် သူတိူ့နှင့် မလှမ်းမကမ်းနောက်ဘက်တွင် ရပ်နေသော အသက်ကြီးကြီး လူများကိုပါတွေ့ရသေးသည်။

အန်းလုတို့ ဖက်ကာနေသော ဘေးနားတွင်ပင် စိတ်ပူသည့်အနေအထား မျက်နှာဖြင့်ရှိနေသူက ကျီချန်းပင်။ အန်းလုကိုအတော်စိုးရိမ်နေပုံရ၏။ ထိုအခါမှ အန်းလုက မိမိအားအတင်းဖက်ကာထားသော ချီရှန်းကို လွှတ်ခိုင်းစေလိုက်သည်။

"ရှန်းရှန်း.......ခဏလွှတ်အုန်း။"

ချီရှန်းက မလွှတ်ချင် လွှတ်ချင်အနေအထားဖြင့်ပင် အန်းလုကို လွှတ်ပေးလိူက်သည်။ ထိုအခါမှ အန်းလုက အားလုံးကိုကြည့်လိုက်ပြီး

"ဘယ်လိုဖြစ်လို့ အားလုံးဒီကိုရောက်နေကြ​တာလဲဗျ။"

"အဲ့တာက...."

"မင်း အသက်ရှုရပ်သွားလို့။ ကိုယ်သတိထားမိတဲ့အချိန်လောက်ကဆို တစ်နာရီနီးပါးကိုရှိနေပြီ။ ဒါကမူမမှန်ဘူး။ အဲ့တာကြောင့် အကုန်လူံးကိုခေါ်လိုက်တာ။ သမားတော်တွေကိုရော စမ်းသပ်ခိုင်းလိူက်တာ။ အဖြေမပေးနိုင်ကြလို့ သူတို့ကို ဟိုနောက်ဘက်မှာ သွားရပ်ခိုင်းထားတယ်။"

ဘေးရှိ မတ်တပ်ရပ်ကာနေသော ကျီချန်းကပြောရန်ပြင်လိုက်စဥ်တွင်ပဲ တရစပ်ထွက်ကျလာသော ချီရှန်း၏ စကားများကြောင့် မည်သူမျှ စကားမဟရဲကြတော့ချေ။

"အော်....အဲ့လိုကိုး။"

အန်းလုက သဘောပေါက်သွားသည့်ပုံစံဖြင့် သူတိူ့နှင့်မလှမ်းမကမ်းတွင် ငြိမ်ကုတ်ကာ ရပ်နေရှာသော လူသုံးလေးယောက်ကိုလှမ်းကာကြည့်သည်။ ထို့နောက် တဖက်ရှိ မင်းသမီးချင်းယာထံမှ အသံထွက်ပေါ်လာလေ၏။

"ဒါဆို ကိုယ်လုပ်တော်ကျင့်က အဆင်ပြေသွားပြီထင်တယ်။ သူမှာအဲ့လို အသက်ရှုလမ်းကြောင်း နဲ့ပတ်သတ်ပြီးထူးဆန်းတဲ့ ရောဂါတစ်မျိုးမျိုးများရှိနေလို့လား။ တကယ်အသက်ရှုရပ်သွားပြီးတော့မှ အကောင်းပကတိပြန်ဖြစ်သွားတယ်ဆိုတော့လေ။"

"သူက....."

"ဟုတ်တယ်။ ထူးဆန်းတယ်လို့ပြောရင်ရပေမဲ့ သူငယ်ငယ်က အပြင်းဖျားပြီး​နှလုံးတစ်ခါရပ်သွားဖူးတယ်။ နောက်ပိုင်း အဲ့လိုမျိုး အိပ်နေရင်း အသက်ရှုရပ် ရပ်သွားတတ်တာ။ မဖြစ်တာကြာလို့ နည်းနည်းထူးဆန်းသွားတာထင်တယ်။"

ဤတစ်ခါတွင်တော့ ကျီချန်းကအမြန်ပြောလိုက်သည်။ သူ၏ဖြေရှင်းနည်းက အဆင်ပြေတာကြောင့် ချီရှန်းလည်း ငြိမ်ကာနေလိုက်တော့သည်။ အန်းလုကလည်း ကျီချန်းကိုကြည့်နေရင်း ခေါင်းငြိမ့်ပြလိုက်၏။

ချင်းယာက သူ၏မေးစေ့က်ိုလက်ဖြင့်ပွတ်ရင်း မေးခွန်းထုတ်လာသည်။

"အရှင်ကျီချန်းက ကိုယ်လုပ်တော်ကျင့်နဲ့ဘယ်လိုပတ်သတ်နေလို့ သူ့အကြောင်းကို သိနေရတာတုန်း။ အရှင်ချီရှန်းတောင် မသိဘူးလားလို့။"

ကျီချန်းက ချီရှန်းကို လှမ်းကြည့်လိုက်သည်။ ချီရှန်းကခေါင်ငြိမ့်ပြလိုက်ပြီးနောက် အန်းလုအနားမှ နေ၍ သူမအနားသို့ရောက်လာလိုက်သည်။

"အခု အဆင်ပြေသွားပြီဆိုတော့ အားလုံးကိုယ့်အိပ်ဆောင်ကို ပြန်လို့ရပါပြီ။ "

ချီရှန်းက အားလုံးကို အဆောင်၏အပြင်ဘက်သို့ လမ်းညွှန်ပြလိုက်သည်။ ထိုအခါ ကျီချန်းတို့က အမြန်ပင် ထွက်သွားလိုက်ကြပြီး ချင်းယာကမူ မေးခွန်းများကို ဆက်မေးချင်နေသေးပုံပေါ်သည်။ သို့သော်လည်း ကျီချန်းက သူမကိုအဆောင်ပြင်သိူ့ ထွက်စေရန် တွန်းအားပေးလိုက်သည်။

"မင်းသမီးချင်းယာ...ကျွန်တော်တို့ မနှောက်ယှက်သင့်တော့ဘူးလေ။"

"အာ...ဒါပေမဲ့..... "

.................................

ချီရှန်းက အားလုံးကိုနှင်ထုတ်ပစ်လိူက်ပြီးနောက် အန်းလုဆီသို့ ပြန်လာလိုက်သည်။ ကုတင်ထက်ရှိ အန်းလုဘေးတွင် ဝင်ထိုင်လိုက်ပြီးနောက် ထပ်မံကာ ရင်ခွင်ထဲသို့ထည့်လိုက်ရင်း

"တကယ်ကို စိုးရိမ်သွားတာပဲ။ မင်းထပ်ပြီး မရှိတော့မှာကို ကိုယ်တကယ် သေမလောက်ကြောက်နေမိတာ။ "

အန်းလုက အသာပြုံးလျက်ပင် ချီရှန်း၏ကျောပြင်အား ပုတ်ပေးလိူက်သည်။

"ကျွန်တော် ဘယ်ကိုမှမသွားပါဘူး။ တကယ်လို့ တစ်ခုခုဖြစ်ခဲ့ရင်တောင် ကျွန်တော်က မရရတဲ့နည်းနဲ့ ရှန်းရှန်း ဘေးနားမှာဖက်တွယ်နေအုန်းမှာ။ "

အန်းလုက ချီရှန်းကိုလွှတ်စေလိုက်ပြီးနောက် နှစ်ဦးသား အကြည့်ချင်းဆုံစေလိုက်သည်။

"ပြီးတော့ ကျွန်တော်တိူ့နှစ်ယောက်ကို မတူတဲ့ကမ္ဘာကြီးနှစ်ခုကတောင် ခွဲထားလို့မရနိုင်တဲ့ဟာ။ ဘာတွေကို တွေးပူနေမှာလဲ။ စိတ်ကိုအေးအေးထားပါ။ ဟုတ်ပြီလား။"

ချီရှန်းက မဖြေပဲ အန်းလုကိုသာဆိုက်ကြည့်နေသည်။ အန်းလုကလည်း ချီရှန်းကို ဆိုက်ကြည့်နေရင်းမှ မျက်လုံးက ဖွင့်ချည်ပိတ်ချည် ဖြစ်နေလေ၏။

"ဟုတ်ပြီလားလိူ့ မေးနေတာကို...."

"အင်း...."

အန်းလုက ထပ်မံကာမေးလေ တော့မှ ချီရှန်းက ခပ်တိုးတိုးအသံဖြင့်ပြန်ဖြေလာသည်။ ထို့နောက် အန်းလုက ပတ်ဝန်းကျင်ကို တချက်ကြည့်လိုက်ရင်း

"မိုးလင်းခါနီးပြီလား။"

"ဟင့်အင်း...ညနှစ်နာရီလောက်ပဲရှိလိမ့်အုန်းမယ်။"

"ညနှစ်နာရီ..ဟုတ်လား။ "

အန်းလုက တအံ့တသြပြောလာလေတော့ ချီရှန်းက

"အင်းလေ...ဘာဖြစ်လို့လဲ။"

"မဟုတ်ပါဘူး။ ခုနကလူတွေကို အားနာလို့။ အကုန်လုံး လန့်သွားကြမှာပဲ။"

"ကိုယ်လည်း လန့်သွားတာပဲ။ ကိုယ်ဘယ်လောက်တောင်ကြောက်သွားလဲ သိရဲ့လား။"

"အွန်း...အွန်း....သိပါတယ်။ ဒီကလေးလေးကို ထိတ်လန့်အောင်လုပ်မိလို့ တောင်းပန်ပါတယ်နော်။

ညဘက်ပဲရှိသေးတာဆိူတော့ပြန်အိပ်ရအောင်လေ။ ကျွန်တော်ချော့သိပ်ပေးရမလား။"

ထိုအခါ ချီရှန်းက အန်းလုရှေ့သို့ သူ၏ခေါင်းကို ထိုးပေးလာသည်။

"အင်း...ခေါင်းပုတ်ပြီး ချော့သိပ်။"

"ဟား...ရှန်းရှန်းက တကယ်ကို ကလေးလေးဖြစ်သွားတာပဲ။...ဟုတ်ပါပြီ...ဟုတ်ပါပြီ..ချော့သိပ်မယ်နော်။"

အန်းလုက ရီလျက်ပင် ချီရှန်း၏ခေါင်းအား ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။

~~~~~~~~~~~~~~~~~~~~~~~~~~
© Hnin Aung,
книга «Love, But Hurt (Season_3) The Last Begin».
Коментарі