Chapter 12
ကျင့်ချီက အန်းလုကိုနန်းတော်နှင့် အတော်ခပ်လှမ်းလှမ်းနေရာရှိ အိမ်တော်အသေးစားလေးတစ်ခုဆီသို့ခေါ်လာခဲ့သည်။ မီးရောင်မှိန်ပြပြတို့သည် ထိုအိမ်တော်လေး၏ နေရာအနှံ့တွင်ထွန်းလင်းကာ အိမ်တော်ကိုထိန်လင်းစေသည်။ တံခါးမတွင် အစောင့်နှစ်ယောက်ရှိသည်။
အန်းလုတို့က ထိုအပေါက်ဝရှေ့ကိုရောက်လေတော့ မြင်းကိုရပ်လိုက်ကြပြီး မြင်းကိုယ်စီပေါ်မှ ဆင်းလိုက်ကြသည်။ အန်းလုကထိုအိမ်တေယ်လေးအား ငေးကြည့်နေဆဲပင်။ ကျင့်ချီက သူ့အနားသိူ့ပြေးလာသော အိမ်ရှေ့တံခါးအပေါက်ဝရှိ အစောင့်နှစ်ယောက်အား မြင်းနှစ်ကောင်၏ ဇာတ်ကြိုးများအား လွှဲပေးလိုက်သည်။
"အန်းလု...."
ကျင့်ချီက အန်းလုဘေးတွင်ရပ်ကာ အန်းလုအားခေါ်လိုက်သည်။
"ဟမ်..."
ထိူအခါမှ အန်းလုကလျှောက်ငေးနေသည်ကို ရပ်တန့်လိုက်ပြီး ကျင့်ချီကိုကြည့်ကာ မေးမော့ပြလိုက်သည်။ ကျင့်ချီက တံခါးမကြီးအား အသာတွန်းဖွင့်လိုက်ပြီးနောက် အန်းလုကိုအထဲသို့ဝင်ရန် လမ်းပြလိုက်သည်။
"အထဲကိုကြွပါ။"
"အင်း။"
အန်းလုက တံခါးဘောင်အားကျော်ကာ အထဲသို့ဝင်ရောက်လိုက်သည်။ ဆယ်ပေခန့်လောက် လျှောက်လှမ်းလာပြီးနောက် အိမ်တော်ရဲ့ ဧည့်ခန်းမသို့ သူတို့ရောက်ရှိလာကြသည်။ အိမ်တေယ်က အပြင်ဘက်မှကြည့်လျင် သာမာန်လောက်ဟု ထင်ရသော်လည်း ထင်တာထက်ပိုကျယ်ဝန်းနေသည်။
မီးအိမ်လေးများကို နေရာတိုင်းတွင် ထွန်းကာထားသည်။ ညတာဟုဆိုသည့်အပြင် ဤနေရာက အလင်းရောင်ကိုပိုသုံးထားသည်ဟုထင်ရသည်။ အန်းလုက တွေးနေစဥ်မှာပင် ကျင့်ချီကဆိုသည်။
"မင်းသားလေးက အမှောင်ကြောက်တဲ့ရောဂါရှိတာမို့ သူ့အတွက်ညဘက်ဆို အလင်းရောင်တွေပိုသုံးပေးထားရတယ်။"
(ငါ့လိုမျိုး အမှောင်ထုကိုကြောက်တတ်တာလား။)
အန်းလုက စိတ်ထဲမှသာတွေးရင်း ခေါင်းညိမ့်ပြလိုက်သည်။ ကျင့်ချီက အန်းလုကို ထပ်မံကာလမ်းပြပြန်သည်။
"ကျွန်တော်တို့ မင်းသားလေးကိုသွားတွေ့ကြရအောင်။ ဒီဘက်ကိုကြွပါ။"
"အင်း။"
ထိုဧည့်ခန်းမဆောင်၏ အနောက်ဘက်သို့ အန်းလုအားခေါ်လာလိုက်သည်။အနောက်ဘက် မျက်နှာချင်းဆိုင်တွင် အိပ်ဆောင်တစ်ခုရှိ၏။ ကျင့်ချီက အန်းလုကိုခေါ်လာရင်းပင် ထိုအဆောင်၏ တံခါးဝနားရောက်လေတော့ အန်းလုဘက်သို့ပြန်လှည့်လိုက်ရင်း
"အဆင့်သင့်ပဲလား။ အန်းလုနဲ့ဆင်တူနေတဲ့ မင်းသားလေးကိုကြည့်ဖို့။"
အန်းလုက တွေဝေနေသည့်မျက်နှာဖြင့် ကျင့်ချီအား ကြည့်နေသည်။ သူကအတော်ကြာမှ ဆုံးဖြတ်ချက်ချလိုက်သည့်နှယ် ကျင့်ချီကိုခေါင်းညိမ့်ပြကာ ဖြေလိုက်သည်။
"အင်း ။"
"ကောင်းပြီ။"
ကျင့်ချီက တံခါးနှစ်ဖက်စလုံးအား အသညတွန်းဖွင့်လိုက်သည်။ အခန်းထဲတွင် လည်း ဖယောင်းတိုင်မီးတို့က နေရာအနှံ့တွင်ထွန်းညှိထားကြသည်။ ကျင့်ချီက ရှေကြပင်ဦးဆောင်ကာ အခန်းထဲသိူ့ ဝင်လာလိုက်ပြီး တဖက်သိူ့ ကွေ့လိုက်သည်။ အန်းလုကလည်း ကျင့်ချီနောက်မှ လိုက်လာလိုက်ပြီး တဖက်သိူ့ကွေ့ပြီးနောက် အိပ်ယာကုတင်တစ်ခုတွင် ငြိမ်သက်စွာလဲလျောင်းနေသော လူတစ်ယောက်ကိုတွေ့လိုက်ရသည်။
အန်းလုက ကျင့်ချီနောက်သို့ ဆက်မလိုက်တော့ပဲ ထိုကုတင်နှင့် ဆယ်လှမ်းလောက်အကွာတွင် ရပ်ကာကျန်နေခဲ့သည်။ ကျင့်ချီက ထိုကုတင်အနားထိ သွားလိုက်ပြီးနောက် ထိုကုတင်ပေါ်ကှိလူအား ကိုယ်ကိုငုံ့ကိုင်းကာ ဂါရဝပြုလိုက်ပြီးနောက် နားနားကပ်ကာ တစ်ခုခုပြောလိုက်ပုံရသည်။
ထိုလူ၏ မျက်ဝန်းနှစ်ဖက်က ဖြည်းညင်းစွာ ပွင့်လာကြပြီးနောက် တဖက်ရှိ အန်းလုအား စောင်းငဲ့ကြည့်လာသည်။ အန်းလုက ထိုနေရာတွင် ရပ်တန့်ကာနေဆဲ။ ထိုလူက ကျင့်ချီအား သူ၏ရင်ဘက်ပေါ်တွင် ယှင်ကာတင်ထားသော လက်နှစ်ဖက်အနက်မှတစ်ဖက်ကို ကမ်းပေးလိုက်သည်။ သူ၏ လှုပ်ရှားမှုများက အလွန်ကိုနှေးကွေးလွန်းလှ၏။
ကျင့်ချီက ထိုလက်ကိုဆုပ်ကိုင်လိုက်ရင်း ထိုသူ၏ ခေါင်းရင်းဘက်ကိုသွားလိုက်သဘ်။ ထို့နောက် နောက်ကျောဘက်မှ နေ၍ တဖြည်းဖြည်းချင်း ထူမကာ သူ၏ကိုယ်ခန္တာကို အမှီသဖွယ်လုပ်စေရန် ထိုလူ၏နောက်ဘက်တွင် ထိုင်လိုက်ကာ ထိုသူအား မှီစေလိုက်သည်။
နေသားတကျ ဖြစ်သွားသည့်နောက် ထိုသူ၏အသက်ရှုသံပြင်းပြင်းက အခန်းတစ်ခန်းလုံးပင် ကြားနိုင်လောက်သည်အထိ တိတ်ဆိတ်နေပြီး သူ၏အသက်ရှုသံကလည်း ကျယ်လှသည်။ သူက အန်းလုကိုလှမ်းကြည့်လိုက်နောက် ပြုံးပြသည်။
အန်းလုကထိုနေရာတွင် ကြက်သေသေနေဆဲ။ သူရှေ့ရှိထိုလူနှင့် ယခုလက်ရှိသူ၏မျက်နှာသည် အမှန်တကယ်ကိုပင် တူညီနေလေ၏။ အနည်းငယ် မကျန်းမာပုံပေါက်ကာ ပိုပိန်သယောင်ရှိနေသော ထိုလူနှင့်က ထိုအချက်လောက်ပင်ကွာပေလိမ့်မည်။ အန်းလုကတကယ်ကိုပင် အံသြမိသည်မှာ အမှန်။ ပြီးတော့ ထိုသူကမိမိ သူနှင့်ဤမျှလောက်တူညီနေသည်ကို အံသြသည့်အမူအရာပင် တစ်ချက်မပြပဲ ပြုံးကာကြည့်နေသေးသည်။
အကယ်၍ သူသာဘာမျှမဖြစ်ခဲ့ပဲ နှစ်ဦးသား လမ်းတစ်ခုလပ်တွင် ရုတ်တရက်တွေ့ဆုံခဲ့ကြမည်ဆိုပါလျင် အံသြမှုတစ်စုံတစ်ရာတော့ ရှိကိုရှိပေလိမ့်မည်။ ယခုတော့ အံသြနေရသည့်သူက မိမိဖြစ်နေပြီး ကာယကံရှင်က မည်သို့မျှမနေချေ။
"ကျွန်တော်လည်း ကြားကြားချင်း အံ့သြနေခဲ့တာပါပဲ။"
ထိုသူရဲ့ အသံကအလွန်ကိုသာယာပျော့ပြောင်းလွန်းလှသည်။ ကြားရသည့်သူ၏ စိတ်နှလုံးကိုပင် အေးချမ်းစေနိုင်သည့် အသံမျိုးဖြစ်၏။ ထိုသူကလက်ကို ဖြည်းဖြည်းချင်းမြှောက်လိုက်ပြီးနောက် အန်းလုနှင့်မလှမ်းမကမ်းတွင်ရှိသော စားပွဲနှင့် ထိုင်ခုံတစ်ချို့ဆီအား လက်ညွှန်ပြလိုက်သည်။
"ထိုင်ပါ။ ဧည့်ဝတ်တော့ ကျေနိုင်မယ်မထင်ဘူးဗျ။ ကျွန်တော်လည်း ဒီလိုပုံစံဖြစ်နေတာဆိုတော့လေ။"
"အာ...ရပါတယ်။ကျွန်တော် ထိုင်လိုက်မယ်။"
အန်းလုက ထိုအခါမှ ထျက်ချင်းသူ၏အံသြနေသည့်အမူအရာကို ပြင်လိုက်သည်။ ထိုသူညွှန်ပြသည့် ထိုင်ခုံနေရာတွင် ထိုင်လိုက်ပြီးနောက် ထိုသူ့အားပြန်ကြည့်လိုက်သည်။ ကိုယ်ခန္တာထက်ဝက်ခန့်က ခြုံစောင်၏ ဖုံးကွယ်နေရာမှ လွတ်ထွက်နေ
၏။ ကျင့်ချီက ရုတ်တရက်ဆိုသည်။
"နေရတာရော အဆင်ပြေပါရဲ့လား။ မင်းသားလေး။ ကျွန်တော် ပုံစံပြောင်းပေးရမလား။"
"ဟင့်အင်း။ ရတယ်။ အဆင်ပြေတယ်။"
အန်းလုသူတို့နှစ်ဦး၏ပုံစံကို တစ်ချက်ကြည့်လိုက်သည်။ နှစ်ဦးသားအကြားရှိ ဆံချည်မျှင်ကြိုးက အနည်းငယ်တော့ သာမန်ထက်ပိုနေပေလိမ့်မည်။ သူလည်း ချစ်ရသူရှိသည့်သူတစ်ယောက်ဖြစ်တာကြောင့် ကျင့်ချီ၏ တခြားအချိန်များနှင့်လုံးဝမတူညီသော အကြည့်တိူ့ကိုနားလည်နိုင်သည်။ ဤအကြည့်မျိုးက သူနှင့်ရှိ နေသည့်အချိန်မျိုးအတွင်းလုံးဝမရှိခဲ့ဖူးသည့်အကြည့်မျိုးပင်။သို့သော်လည်း သူ၏အလုပ်က မသိချင်ယောင်ဆောင်ရမည့် အလုပ်ပင်။
ကျင့်ယိချန်၏ ပုံစံက အလွန်ကိုပင်အားနည်းလွန်းလှသည်။ သူကစကားလုံးများကို အားတင်းကာအဆုံးထိပြောရန်ဆုံးဖြတ်ထားပုံရသည်။ အများစုကတော့ သူ၏တိုင်းပြည်နှသ့် ပတ်သက်သည့်အကြောင်းအရာများပင်။ တစ်ခါတစ်ရံ ရုတ်တရက်စကားသံတို့ထွက်မလာသည့်အချိန်လည်းရှိ၏။ ကျင့်ချီဆီမှ ထိုသူနှင့်ပတ်သတ်သည့်အကြောင်းများကို မသိရှိခဲ့ဖူးသည့်အတွက် ယခုဤကဲ့သိူ့တွေ့ဆုံကာ ပြောဆိုပြီးသည့်နောက် အန်းလုအတွက်တော့ ထိုသူက အမှန်တကယ်ကိုပင် နူးညံ့ကာ စိတ်ထားကောင်းမွန်သည့်သူတစ်ယောက်ဖြစ်ကြောင်း မှတ်ချက်ချမိသည်။
သားတော်တွေထဲမှာ သူကအငယ်ဆုံးဖြစ်ပြီး အားနည်းလွန်းတဲ့အတွက် ဖခင်ကဂရုမစိုက်ခဲ့ချေ။ မိခင်သည်ကလည်း ကိုယ်လုပ်တော်တစ်ပါးဖြစ်တာကြောင့် ပြည့်ဝသည့်အာဏာမရှိခဲ့ပေ။ အမြဲလိုလိုအနှိမ်ခံခဲ့ကြရသည်။ ယခုလည်း တိုင်းပြည်အတွက် နောက်ဆုံး စတေးခဲ့ရသူမှာ သူသာဖြစ်ခဲ့သည်။ ဤသည်ကိုမှ မကျေနပ်သူတစ်ချို့၏ လမ်းတွင် လုပ်ကြံခြင်းကို ခံခဲ့ရသေးသည်။
ကျင့်ယိချန်က သူ၏ အဖြူရောင်ဝတ်ရုံလက်ရှည်ကို တဖက်ဆီခေါက်တင်ပြလိုက်သည်။ လက်နှစ်ဖက်စလုံးသည် လက်မောင်းတစ်လျှောက် အမာရွတ်ကဲ့သို့သော အရာများက ပြည့်နှက်နေ၏။ ကြည့်ရသည့်ပုံအရတော့ ကြာပွတ်ရာများဖြစ်ချေလိမ့်မည်။
အန်းလုက ပါးစပ်အဟောင်းသားဖြင့်ကြည့်နေမိသည်။ ဘယ်လိုတောင် နှိပ်စက်ခံခဲ့သနည်း။တိုင်းပြည်တစ်ပြည်၏ မင်းသားတစ်ပါးကိုကိုယ်ထိလက်ရောက် လုပ်ရဲသည့် သတ္တိကိုကြည့်ပုံအရ သေချာသည်က သူ့ထက်ပင်အာဏာရှိသူဖြစ်တန်၏။
အန်းလု၏တွေဝေနေသော မျက်နှာကို ထိုကောင်လေးကနားလည်ပုံရသည်။ သူ၏ဝတ်ရုံလက်ကိုပြန်ချလိုက်သည်။ ကျင့်ချီက ကူညီပေး၏။
"ကျွန်တော် အန်းလုကိုပဲ အားကိုးရလိမ့်မယ်။ ဘာလို့ဆို ကျွန်တော်လုပ်နိုင်တဲ့အရာက အန်းလုက်ို အကူအညီတောင်းတာပါပဲ။ကျွန်တော့်အတွက် ကျင့်ချီက အန်းလုကိုရှာတွေ့ပြီးဒီလိုဖမ်းဆွဲထားနိုင်ခဲ့တာ တကယ်ကိုကံကောင်းတယ်လို့ပြောရမှာပဲ။ ကလေးတွေကို ဓားစာခံလုပ်ရတာကိုတော့ ကျွန်တော်ကပဲထပ်တောင်းပန်ပါတယ်။ ပြီးတော့ ဒီတိုင်းပြည်ကို ကျွန်တော့ကိုကိယ်လူပ်တော်အဖြစ်စေခိုင်းပြီး လွှတ်လိုက်တာကလည်း ဓားစာခံလုပ်ဖို့သက်သက်ပါပဲ။
"ဘာလို့လဲ။ ဘယ်သူကဒီလောက်တောင် လုပ်ရက်ရတာလဲ။"
ကလေးတွေအကြောင်းနှင့်ပတ်သတ်ပြီးအားလုံးအဆင်ပြေနေကြတာမလို့ အန်းလုက ဂရုမစိုက်တော့ချေ။ အမှန်ဆို သူတို့ဤသို့လုပ်လိုက်၍သာ ချီရှန်းနှင့်တွေ့ရခြင်းဖြစ်သည်။ အန်းလုကမေးလေတော့ ယိချန်က ပြန်ဖြေသည်။
"မိဖုရားခေါင်ကြီး။ "
(ထင်တော့ထင်သား။ ဒီလောက်အာဏာရှိလို့သာ သူ့ကို နှိပ်စက်ရဲတာပေါ့။)
အန်းလုက မျက်မှောင်ကြုတ်လိုက်သည်။
"ယိချန်ရဲ့ ခမည်းတော်က မသိဘူးလား။ ဘာမှမပြောဘူးလား။ဘာပဲဖြစ်ဖြစ် ယိချန်က သူ့သားပဲလေ။"
"ဟား....အဟွတ်...အဟွတ်။"
ကျင့်ယိချန်က ရီလိုက်မိသည်။ နောက်ဆက်တွဲက အသက်ရှုမြန်သွားတာကြောင့် ချောင်းဆိုးခြင်းပင်။ ကျင့်ချီက ချက်ချင်းသူနှင့်မလှမ်းမကမ်းရှိ စားပွဲအသေးလေးပေါ်ရှိ လက်ကိုင်ပုဝါအဖြူလေးအား လှမ်းယူကာ ကျင့်ယိချန်လက်ထဲသိူ့ထည့်ပေးလိုက်သည်။
"ဖြည်းဖြည်းချင်းပြောပါ။"
ကျင့်ချီကစိုးရိမ်သည့်အသံဖြင့်ဆိုသည်။ အန်းလုကလည်း အနည်းငယ်စိုးထိတ်သွားသည့်ပုံစံဖြင့်
"ဟုတ်ပါတယ်။ ကျွန်တော်နားထောင်ပေးနေမှာပါ။"
ကျင့်ချီလက်ထဲမှ လက်ကိုင်ပုဝါကိုယူလိုက်ပြီးနောက် ကျင့်ချီကို စိတ်မပူရန် လက်ကာပြလိုက်သည်။
"ရတယ်။ ရတယ်။ "
ပြီးမှသူက ဆက်ပြောလာ၏။
"ကျင့်ချီက ကျွန်တော်နဲ့ ငယ်ငယ်ကတည်းက ညီအကိုလို သူငယ်ချင်းလိုပါ ခင်မင်လာတဲ့သူမလို့ အခုချိန်မှာတော့ ကျွန်တော့်ဘေးနားရှိနေပေးတဲ့ အဖိုးတန်ဆုံးသူတစ်ယောက်ပါပဲ။ သူ့အကျင့်က နည်းနည်းတော့ ဆိုးလို့ အန်းလုကို စိတ်အနှောက်အယှက်ဖြစ်စေမှာလည်းဆိုးတယ်။"
ကျင့်ယိချန်က ခေါင်းကိုမော့ကာ သူနောက်ကျောရှိ အမှီဖြစ်သူ ကျင့်ချီကိုလှမ်းကြည့်ရင်းပြုံးသည်။ ကျင့်ချီက ခေါင်းကိုငုံ့ထားရင်း
"မင်းသားလေး...."
(တော်သေးတာပေါ့။ သူ့အကျင့်မကောင်းတဲ့ကိစ္စ သူ့လူသိလို့...အမလေး...ကြည့်ပါအုန်း။ ရှက်ပြနေတာ။ ကြာပန်းဖြူလေးကျလို့...)
အန်းလုက ပြုံးလိုက်သည်။
"ရပါတယ်။ ကျွန်တော်လည်း သူ့ကိုတွေ့တွေ့ချင်း ကျွန်တော်သိတဲ့သူတစ်ယောက်နဲ့ တူလို့ အထင်တောင်မှားမိသေးတယ်။ သူတိူ့က တကယ်ကိုအကျင့်ခြင်းတူကြတယ်။ ဒါနဲ့ ဒဏ်ရာကရော သက်သာရဲ့လား။ "
ကျင့်ယိချန်၏အခြေအနေက ထင်သလောက်ဆို ကိုယ်ခံအားနည်းတာကြောင့် သာမန်ထက်ဒဏ်ရာ၏အရှိန်ကို ပိုခံစားနေရပုံပေါ်သည်။ မသိလျှင် နူးညံ့ကာခံနိုင်ရည်မရှိသည့် မိန်းမလှလေးတစ်ယောက်လိုပင်။
အန်းလုနှင့် ရုပ်ရည်ချင်းဆင်တူနေသော်လည်း နှစ်ဦးသား၏ကျန်အရာများက မိုးနဲ့မြေပြင်လိုပင်ကွာခြားနေသည်မှာ မည်သူပင်ကြည့်ကြည့်သိနိုင်လောက်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~

Коментарі