Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 35
* ဝုန်း....*

" အန်းလု....."

ရုတ်တရက် အသံကျယ်လောင်စွာဖွင့်ပွင့်ဟလာသော တံခါးမကြီး၏အဝတွင် ချီရှန်းသည် မတ်တပ်ရပ်ကာ ကျောက်ဖျာချပ်ပေါ်တွင် ထိုင်ကာ မုန့်စားနေသော အန်ုးလုကိုကြည့်ရင်းလှမ်းအော်လိုက်သည်။ သူ၏ဘေးတွင် အားလော့က ခေါင်းကိုငုံ့ကာရပ်နေလေ၏။

အန်းလုက ချီရှန်း၏အသံကိုကြားလိုက်တာကြောင့် လှမ်းကြည့်လိုက်သည်။ ထိုအချိန်တွင်ပင် ချီရှန်းကသူ့ထံသို့ ခြေလှမ်းကျဲကြီးများဖြင့်ရောက်ကာလာလေတော့သည်။ အန်းလုက စားလက်စပဲပေါင်မုန့်ကို ချလိုက်ရင်း မတ်တပ်ရပ်လိုက်သည်။

" ရှန်...ရှန်းရှန်း...ဖြည်းဖြည်း ။"

လီချီရှန်းသည် အန်းလုအားသူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းကာ တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်လေ၏။ အန်းလုက သူ၏လက်နှစ်ဖက်ကို ဘေးတွင်ကပ်ထားသည့်အတွက် လက်များပါ ချုပ်ခံရသလိုဖြစ်ကာ တင်ဘေးတစ်ဖက်စီတွင် ကပ်နေလေ၏။ အန်းလု၏ ခပ်တိုးတိုးအသံကို ကြားရလေတော့ ချီရှန်း၏ဖက်ထားသော အားကပို၍ပင်သန်မာလာကာ အန်းလုကိုအနည်းငယ်ပိုတင်းကျပ်အောင်ဖက်ထားရင်း သူ၏ခေါင်းကိုပင် အန်းလု၏ပုခုံးပေါ်တွင်တင်ရင်း လျိုထားလိုက်၏။

လီချီရှန်းသည် ဤနေရာသို့အပြေးလာရသည့်အတွက်မောဟိုက်နေပုံရသည်။ သူ၏အသက်ရှူသံခပ်ပြင်းပြင်းက ဆက်တိုက်ကိုသိသာထင်ရှားစွာ အန်းလုခံစားမိနေ၏။

" ရှန်း..ရှန်း..."

"မင်း....ငါ့ကိုရှင်းပြရလိမ့်မယ်။....အန်းလု...မင်း...ငါ့ကို ဖြေရှင်းချက်ပေးရလိမ့်မယ်။"

ချီရှန်း၏ အနည်းငယ်တုန်ယင်နေသောအသံခပ်တိုးတိုးက ပေါ်ပေါက်ကာလာသည်။ အန်ုးလုသည်ပင် ကမ္ဘာကြီးတစ်ခုလုံးရပ်တန့်သွားသလိုပင်ခံစားလိုက်ရ၏။ ယခုကဲ့သို့ အလွန်ဝမ်းနည်းနေသည့် ကလေးတယောက်ပမာ၊ လိုချင်သည့်အရာကို မိခင်အား ငိုကာချွဲလျက်တောင်းနေသည့်အသံမျိုးသည် သူ၏ဘဝတစ်လျောက်လုံးတွင် ကြားဖူးခဲ့ခြင်းမရှိပါချေ။

အန်းလုက လက်တထောင်ဆစ်အားအနည်းငယ်လှုပ်ရရန်ကြိုးစားလိုက်ပြီးနောက် ချီရှန်း၏ ခါးအားသိုင်းဖက်လိုက်သည်။ သူသည်လည်း ချီရှန်း၏ရင်ဘတ်နားတွင်ခေါက်းထိုးအပ်လျက် ပြန်ဖြေလေ၏။

" အွန်း....အားလုံးပြောပြပေးမယ်။ ဖြေရှင်းချက်လည်းပေးမယ်။ အားလုံးပေးမယ်...."

ချီရှန်း၏ လက်များကထိုအခါမှ အနည်းငယ်ဖြေလျော့လာလေတော့၏။ အန်းလုက ချီရှန်း၏ လက်ကောက်ဝတ်နှစ်ဖက်ကိုကိုင်ကာ နှစ်ဦးသားဖက်တွယ်ထားခြင်းကိုပြန်ခွာစေလိုက်သည်။

ထင်သည့်အတိုင်းပါပင်။ ချီရှန်း၏ မျက်ဝန်းထောင့်နားတွင် မျက်ရည်စလေးများကတွဲခိုနေလေ၏။ အန်းလုက ချီရှန်း၏လက်ကောက်ဝတ်တစ်ဖက်ကို ကိုင်ထားလျက်ပင် ကျန်လက်တစ်ဖက်ဖြင့် ချီရှန်း၏မျက်ရည်စက် ပိစိကလေးများကို သုတ်ပေးလိုက်သည်။

" မငိုနဲ့....တိတ်တော့နော်။"

ချီရှန်းက သူ၏ခေါင်းကိုငုံ့ကာ ထိုအရာကိုဖုံးကွယ်ထားချင်ပုံရသည်။ အန်းလုက မျက်ရည်သုတ်ပေးလေတော့မှ သူ၏ခန္တာကိုယ်အား ဘေးသို့စောင်းလိူက်၏။

" ကိုယ်မငိုပါဘူး။ ဒါကဒီအတိုင်း..... ထွက်ချင်လို့ထွက်လာတာ။"

"အာ....အဲ့လိုကိုး။ ကျွန်တော်ကတော့ ရှန်းရှန်း ကျွန်တော့်အတွက် ငိုနေတယ်ထင်ပြီး စိတ်မကောင်းဖြစ်နေတာကို...အင်းလေ...

မငိုဘူးဆိုတော့လည်း မငိုဘူးပေါ့။"

အန်းလုက အသာပြုံးလိုက်ရင်း ချီရှန်းအားစလိုက်သည်။ ချီရှန်းက အန်ုးလုဘက်ကိုပြန်လှည့်လိုက်ရင်း အန်ုးလု၏လက်အားလှမ်းကိုင်ကာ သူ၏ပါးပြင်ကို ထိစေလိုက်သည်။

" မင်းအတွက်ပါပဲ။ ကိုယ့်မျက်ရည်တွေက မင်းအတွက်ပဲကျတာ။"

အန်းလုက ချီရှန်း၏ပါးပြင်ကို ပွတ်သတ်ပေးနေရင်း

" ထပ်ပြီး ကျွန်တော့်ကြောင့် ရှန်းရှန်းရဲ့မျက်ရည်တွေမကျစေရပါဘူး။ "

" ကိုယ်....တကယ်ရော...ယုံကြည်လို့ရရဲ့လား။"

" ......"

ချီရှန်းက အန်းလုကိုသေချာစွာစူးစိုက်ကြည့်ရင်းမေးလိုက်သည်။ အန်းလု တယောက်ထိုမေးခွန်းကိုတော့ ချက်ချင်းပြန်တုံ့ပြန်နိုင်ခြင်းမရှိချေ။

တအောင့်ကြာတေ့ာ ချီရှန်းက အန်ုးလုအားစူးစိုက်ကြည့်နေမိသော သူ၏အကြည့်များကိုရုပ်သိမ်းလိုက်ရင်း မျက်ဝန်းအစုံကိုမှတ်လိုက်သည်။

" မင်း အဆင်ပြေတဲ့အချိန်ကြမှ အဖြေပေးပါ။ ကိုယ် စောင့်နိုင်ပါတယ်။"

အန်းလုက ချီရှန်းအားပြုံးပြလိုက်သည်။ တံခါးမအပြင်နားတွင် ရပ်ကာနေသော အားလော့က သူတိူ့အတွက် ရှောင်ပေးသည့်အနေဖြင့် ပြင်ပသို့ထွက်သွားပြီဖြစ်ပုံပေါ်သည်။ အန်းလုက တံခါးမကိုလှမ်းကြည့်ရင်း

" ဒါနဲ့ ကျွန်တော်အပြင်ဘက်ကို ဘယ်လိုထွက်ရမလဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ထင်ထင်ပေါ်ပေါ်ကြီးတော့ နေလို့မရလောက်ဘူး။ ပြဿနာတွေကြီးကုန်လိမ့်မယ်။"

" ဘာဖြစ်စရာလိုလို့လဲ။ ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ။"

ချီရှန်းကပြောလေတော့ အန်းလုက တံခါးမဘက်ကိုလက်ညိုးထိုးပြရင်း

" ဂရုမစိုက်လို့မရဘူးလေ။ အပြင်က အစောင့်တယောက်လောက်သာ သိသွားကြည့်ပါလား။ ကျွန်တော်က သူတိူ့အတွက် မကောင်းဆိုးဝါးဖြစ်သွားမှာ။ ကျွန်တော့်ကို သာမန်လိုဆက်ဆံပေးတာဆိုလို့ ရှန်းရှန်းနဲ့ အားလော့ပဲရှ်တယ်။ ဒီနန်းတော်ထဲမှာ....အဲ့ဒါကြောင့် သိသွားလို့မဖြစ်ဘူး။ ကျွန်တော် လူတွေရဲ့အကြည့်ကိုမခံနိုင်ဘူး။"

ချီရှန်းက တံခါးမဘက်သို့လှည့်ကာကြည့်လိုက်ရင်း

" အင်း....မင်းပြောတာဟုတ်တယ်။ ဒီလိုကိစ္စရပ်မျိုးက ပြဿနာအကြီးကြီးဖြစ်လာနိုင်တာမျိုးဆိုတော့...ဘယ်လိူလူပ်ရင်ကောင်းမလဲ။"

ချီရှန်းက အန်းလုကိုကြည့်ကာ စဥ်းစားနေပုံပေါ်သည်။ အန်ုးလုကလည်း ချီရှန်းအားမော့ကြည့်ကာ ထွက်ပေါ်လာမည်အကြံညာဏ်ကိုမျှေယ်နေသည်။ ချီရှန်းက ပြောလိုက်၏။

" နန်းတော်ကို ဒီနေ့ကစပြီး ညမထွက်ရအမိန့်ထုတ်လိုက်မယ်။ အဓိကက ယုံးယွမ်အဆောင်နားမှာ ဘယ်သူမှ မရှိနေစေရဘူး။

အန်းလု ယုံးယွမ်မှာပဲနေမှာမလား။ ဒါမှမဟုတ် ဝူရှဲ့"

" ယုံးယွမ်.."

" အင်း...ကိုယ်သဘောပေါက်ပြီ။"

.................................

" ဝါး...တကယ်ကိုလူတွေရှင်းနေတာပဲ။"

အန်းလုက ယုံးယွမ်အဆောင်သို့ လာရာလမ်းတွင် ချီရှန်း၏လက်ကိုတွဲကာထားသည်။ ချီရှန်းက အန်းလု၏ လက်ကိုဆုပ်ကိုင်ကာတွဲထားရင်းပင် ကျန်လက်တစ်ဖက်ကမူ လမ်းပြမီးပုံးအား ကိုင်ကာထား၏။

" ဘယ်သူက အမိန့်ကိုဆန့်ကျင်ရဲမှာလဲ။"

" အင်း...ဟူတ်သား။"

" ရှေ့ဆိုရောက်ပြီ။ ပြင်ဆင်ထားတော့..."

ချီရှန်းက သူ၏ခြေလှမ်းများကို ပုံမှန်အတိုင်းဆက်လျောက်နေရင်းပင် မီးပုံးကိုမြှောက်ရင်းပြောလိုက်၏။ အန်းလုက ချီရှန်း၏လက်ကိုဆွဲဖြုတ်ချလိုက်ပြီးနောက် ရုတ်တရက်လက်နှစ်ဖက်အားယှက်ကာ ရင်ဘတ်ရှေ့တွင်ကာလိုက်သည်။

" ဘာ...ဘာကိုပြင်ဆင်ရမှာလဲ။"

"....."

ချီရှန်းက နောက်သို့ ကိုယ်ခန္တာကိုစောင်းကာ သူ့အားကြောက်သည့်ပုံစံလုပ်ပြနေသော အန်းလုကို ခတ္တခဏကြောင်ကာ ကြည့်နေမိသည်။ ပြီးမှ ခေါင်းကိုငုံ့ကာပြုံးလိုက်ပြီးနောက် အန်းလု၏ နှဖူးအား သူ၏လက်ညိုးဖြင့် လှမ်းတို့ လိုက်လေ၏။

" ဘာလို့အတွေးတွေက မှောင်မိုက်နေတာပါလိမ့်။

ကိုယ်ပြောတာ အဆောင်ကိုရောက်ရင်မင်းကိုယ့်ကို အကြောင်းစုံရှင်းပြရမယ်ဆိုတာကို ပြောတာလေ။ ဘာတွေတွေးနေတာလဲ။"

"အဲ.....အဲ့..တာ.."

အန်းလုက ချီရှန်းကိုကြည့်နေရင်းမှထိုစကားကိုကြားတော့ သူ၏မျက်နှာကြီးမှာ နီရဲကာလာလေသည်။ ယှက်ကာထားသော လက်နှစ်ဖက်ကိုပြန်ချလိုက်ရင်း သူ၏ဝတ်ရုံလက်ကို ခါလိုက်၏။

" အဟမ်း....အဟမ်း...ကျွန်တော်လည်းအဲ့တာပဲ ပြောပြမလို့ပါ။"

အန်းလုက ချီရှန်းဘေးမှဖြတ်ရင်းပြောလိုက်သည်။ ထိုအခါမှ ချီရှန်းက သူ့အားကျော်တတ်သွားသော အန်းလု၏ နောက်ကျောကိုကြည့်ရင်း

" ဒါပေမဲ့ အမူအရာက မဟုတ်တာတွေတွေးလိုက်တဲ့အမူအရာပါ။"

"အာ....ဖူး...မဟူတ်တာတွေ။ အဲ့လိုဖြစ်စရာလား။ ဟား...ဟား....ဟားဟားဟား.... "

အန်းလုမှာ အသံကျယ်ကြီးဖြင့် ရီလျက် ခပ်သွက်သွက်ပင် ချီရှန်းအား စောင့်ပင်မစောင့်တော့ပဲ အဆောင်သို့တန်းပြေးလေတော့၏။ ချီရှန်းက သဘောကျစွာရီရင်းပင် နောက်မှအေးဆေးလိုက်သွားလေတော့သည်။

.................................

" ရှန်ဖန်း...ဟူတ်လား။ မသိဘူး။"

" အင်း..ထင်ထားပြီးသားပါ။ တကယ်လို့ ရှန်းရှန်းကို ရှန်းရှန်းရဲ့မယ်တော်က ပြောပြခဲ့မယ်ဆိုရင်တောင် မှတ်မိဖို့ခက်မှာ။

အဲ့တုန်းက ရှန်းရှန်းက ငယ်သေးတယ်လေ။"

ချီရှန်းက အန်းလုကိုခေါင်းညိမ့်ပြရင်း ဆက်နားထောင်နေသည်။ အန်းလုက ဖြစ်ပျက်ခဲ့သမျှအကြောင်းအရာအစုံကို သူ့အားပြောပြနေလေ၏။ အန်းလုကထိုင်နေရာမှ ချီရှန်း၏ ပေါင်ပေါ်တွင် ခေါင်းတင်ကာ လှဲလိုက်ရင်းဆက်ပြောသည်။

" အဲ့တာနဲ့ ကျွန်တော်အသက်ရှုခတ္တရပ်သွားတဲ့ညက သူနဲ့တွေ့ခဲ့တာ။ သူက ကျွန်တော့်ရဲ့ အရင်ခန္တာကိုယ်ထဲကို ကျွန်တော့်ဝိညာဥ်ပြန်ထည့်ပေးမယ်တဲ့။ အဲ့လိုသူလုပ်ပေးရင် ကျွန်တော်က သူ့အတွက်တစ်ခုပြန်လုပ်ပေးရမယ်။"

" အဲ့တာကဘာလဲ။"

" သေချာတော့ မသိဘူး။ ဆံထိုးတစ်ခုပဲတဲ့ အဲ့တာကိုရှာခိုင်းတာ။ ရှန်းရှန်းရဲ့မယ်တော်က ဒီနန်းတော်ရဲ့တစ်နေရာမှာထားခဲ့တယ်လို့ပြောတယ်။ သူက ကျွန်တော့်ကို အဲ့တာကိုရှာပြီးသူ့ကိုပေးစေချင်တာ။ ပြီးတော့ အဲ့တာက ရှန်းရှန်းရဲ့မယ်တော်ကို ပြန်သတိရလာအောင်လုပ်ပေးနိုင်တယ်လို့လဲပြောသေးတယ်။"

" ကိုယ်ကတော့ သူ့ကိုမသင်္ကာဘူး။ မယ်တော်က လူသားတွေနဲ့ ထပ်ပတ်သတ်တာမျိုး လုံးဝမလုပ်တော့ဘူးလို့ ပြောခဲ့တာ။ သူမက ဒီလိုဖြစ်နေစရာအကြောင်းမှမရှိတာ။ ပြီးတော့ ဒါကတကယ်ပဲ ဒီဆံထိုးလေးတစ်ခုက ဖြေရှင်းပေးနိုင်မှာမလို့လား။ အရမ်းလွယ်လွန်းနေတယ်။"

အန်ုးလုက ချီရှန်းအား ပက်လက်အနေအထားမှကြည့်လိုက်ရင်း

" သူပြောတဲ့အတိုင်းဆို သူက ရှန်းရှန်းရဲ့မယ်တော်ကို ကယ်ပေးနိုင်တဲ့သူတယောက်ပဲမလား။  ရှန်းရှန်းတို့ တွေ့ကြည့်သင့်တယ်လို့ထင်တယ်။ ရှန်းရှန်းမြင်ရင်လည်း အံ့သြမှာ ။ သူက ရှန်းရှန်းနဲ့အတော်လေးကို တူတယ်။"

ချီရှန်းက အလေးအနက်တွေးနေပုံပေါ်သည်။

" မယ်တော်က သူနဲ့ပတ်သတ်တဲ့အကြောင်းအရာတစ်ခုကိုမှ ကိုယ့်ကိုပြောမပြခဲ့ဖူးဘူး။ အဲ့တာကြောင့် သူကဘယ်လိုလူစားမျိုးဆိုတာ၊ ပြီးတော့ အန္တာရာယ်ရှိမရှိ ကိုယ်တို့မသိနိုင်ဘူး။ "

အန်းလုက ခေါင်းကိုအဆက်မပြတ်ငြိမ့်ရင်းပင်ထောက်ခံလေသည်။

" အင်း....ရှန်းရှန်းပြောတာလည်း ဟုတ်တယ်။ "

" အန်းလုကို သူကဘယ်မှာတွေ့ဖို့ပြောထားလဲ။"

" မပြောဘူး။ သူပြောတာ သူကနေရောင်နဲ့ထိလို့မရဘူးတဲ့။ ကျွန်တော့်ကိုလည်း အဲ့တုန်းက ရှန်းရှန်းရဲ့ခေါ်သံကြောင့် ချက်ချင်းကြီးပြန်လွှတ်လိုက်တာ။ ဒါပေမဲ့လေ သူကတော့ ရှန်းရှန်းရဲ့မယ်တော်အကြောင်းကို အလေးအနက်ထားပြီးပြောနေခဲ့တာ။"

အန်းလုက ရှန်ဖန်းပြောသော ရှန်ကျိနတ်သမီးနှင့်ဆိုင်သည့်အကြောင်းအရာများကို ပြောပြလိုက်သည်။

"....."

ချီရှန်းက မျက်မှောင်ကြုတ်ကာပင် ပြတင်းပေါက်မှတဆင့် ပြင်ပရှိကောင်းကင်ယံကိုကြည့်နေသည်။ အန်းလုကတော့ ချီရှန်း၏ပေါင်ပေါ်တွင် ခေါင်းအုံးကာ အိပ်ချင်လာပုံရ၏။ တဝါးဝါးသန်းနေလေတော့သည်။

" ရှန်းရှန်း မအိပ်သေးဘူးလား။ ကျွန်တော်အိပ်ချင်နေပြီ။ မနက်ကျရင် ဆံထိုးရှာရအုန်းမယ်။ ဘာပဲဖြစ်ဖြစ် အယူရှိရင် အပေးလည်းရှိတာဆိုတော့ ကျွန်တော်ဒီမှာဆက်နေနိုင်ဖို့ သူ့ကိုရှာပေးရ........။"

အန်းလုက ပြောနေရင်းတန်းလန်းပင်အိပ်ပျော်ကာသွားလေတော့၏။ ချီရှန်းက ရကတ်တရက် အန်းလု၏အသံတိတ်ကာသွားလေတော့မှ အန်းလုကိုလှမ်းကြည့်တော့ အိပ်ပျော်နေချေပြီ။ ခါးအနည်းငယ်ကိုင်းကာ ခေါင်းကိုငုံ့လျက် အန်းလု၏ နှဖူးပြင်အား အနမ်းဖွဖွပေးလိုက်သည်။

" အင်းပါ...ကိုယ်လည်း မင်းတို့နှစ်ယောက်လုံးကောင်းဖို့အတွက်ဆို ဘာမဆိုလုပ်မှာပါ။"

ချီရှန်း ကောင်းကင်ယံကို ထပ်မံကာမျက်နှာမူလိုက်သည်။ တိမ်ညို တိမ်မဲတို့ တစွန်းတစဖုံးကွယ်ခံရသော လခြမ်းကွေးအား ငေးမောကာကြည့်ရင်း ချီရှန်း၏မျက်ဝန်းများသည့် အနည်းငယ်အရောင်တောက်ကာနေသည်။

" မယ်တော်....အဆင်ပြေမနေခဲ့တာကို....ဘာလို့များ ကျွန်တော့်ကိုပေးမသိခဲ့ရတာလဲ။

ကျွန်တော်က ယုံကြည်ရဖို့တောင် မထိုက်တန်တော့ဘူးလား။

ဘာလို့လဲ။ ကျွန်တော်က သာမာန်လူသားတစ်ယောက်ဖြစ်နေခဲ့လို့လား။

ကျွန်တော် သူနဲ့တွေ့ပြီး အကြောင်းစုံသိအောင်လုပ်မှာပါ။ ပြီးရင် မယ်တော့ကိုလည်းထပ်ပြီး မထိခိုက်စေရအောင် ကာကွယ်ပေးသွားမယ်။ ကျွန်တော်က သာမန်လူတစ်ယောက်ဖြစ်နေရင်တောင်မှ.....မယ်တော် ကျွန်တော့ကိုယုံကြည်မယ်ဆိုတာ ကျွန်တော်သိတယ်။ "

~~~~~~~~~~~~~~~~~~~~~~~~~~
Hello ~~ ဆုတောင်းပေးမှုတွေကြောင့်
ကိုယ် တနေ့က အိမ်ပြန်ရောက်ပါတယ်။ နှစ်ခေါက်လုံး N ပါ။ အာ့ကြောင့် အားလုံးကို ဒီနေရာကနေ ကျေးဇူးတင်လိုက်ပါတယ်နော်။

အားလုံး ကျေးဇူးပါ 🙆🙆❤

ဒါက ကိုယ်ရေးတဲ့ဟာဖတ်တဲ့သူတွေအတွက် 👇🤣




* ဝုန္း....*

" အန္းလု....."

႐ုတ္တရက္ အသံက်ယ္ေလာင္စြာဖြင့္ပြင့္ဟလာေသာ တံခါးမႀကီး၏အဝတြင္ ခ်ီရွန္းသည္ မတ္တပ္ရပ္ကာ ေက်ာက္ဖ်ာခ်ပ္ေပၚတြင္ ထိုင္ကာ မုန္႔စားေနေသာ အန္ုးလုကိုၾကည့္ရင္းလွမ္းေအာ္လိုက္သည္။ သူ၏ေဘးတြင္ အားေလာ့က ေခါင္းကိုငုံ႔ကာရပ္ေနေလ၏။

အန္းလုက ခ်ီရွန္း၏အသံကိုၾကားလိုက္တာေၾကာင့္ လွမ္းၾကည့္လိုက္သည္။ ထိုအခ်ိန္တြင္ပင္ ခ်ီရွန္းကသူ႔ထံသို႔ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ေရာက္ကာလာေလေတာ့သည္။ အန္းလုက စားလက္စပဲေပါင္မုန္႔ကို ခ်လိုက္ရင္း မတ္တပ္ရပ္လိုက္သည္။

" ရွန္...ရွန္းရွန္း...ျဖည္းျဖည္း ။"

လီခ်ီရွန္းသည္ အန္းလုအားသူ၏ရင္ခြင္ထဲသို႔ ဆြဲသြင္းကာ တင္းတင္းက်ပ္က်ပ္ဖက္ထားလိုက္ေလ၏။ အန္းလုက သူ၏လက္ႏွစ္ဖက္ကို ေဘးတြင္ကပ္ထားသည့္အတြက္ လက္မ်ားပါ ခ်ဳပ္ခံရသလိုျဖစ္ကာ တင္ေဘးတစ္ဖက္စီတြင္ ကပ္ေနေလ၏။ အန္းလု၏ ခပ္တိုးတိုးအသံကို ၾကားရေလေတာ့ ခ်ီရွန္း၏ဖက္ထားေသာ အားကပို၍ပင္သန္မာလာကာ အန္းလုကိုအနည္းငယ္ပိုတင္းက်ပ္ေအာင္ဖက္ထားရင္း သူ၏ေခါင္းကိုပင္ အန္းလု၏ပုခုံးေပၚတြင္တင္ရင္း လ်ိဳထားလိုက္၏။

လီခ်ီရွန္းသည္ ဤေနရာသို႔အေျပးလာရသည့္အတြက္ေမာဟိုက္ေနပုံရသည္။ သူ၏အသက္ရွူသံခပ္ျပင္းျပင္းက ဆက္တိုက္ကိုသိသာထင္ရွားစြာ အန္းလုခံစားမိေန၏။

" ရွန္း..ရွန္း..."

"မင္း....ငါ့ကိုရွင္းျပရလိမ့္မယ္။....အန္းလု...မင္း...ငါ့ကို ေျဖရွင္းခ်က္ေပးရလိမ့္မယ္။"

ခ်ီရွန္း၏ အနည္းငယ္တုန္ယင္ေနေသာအသံခပ္တိုးတိုးက ေပၚေပါက္ကာလာသည္။ အန္ုးလုသည္ပင္ ကမၻာႀကီးတစ္ခုလုံးရပ္တန္႔သြားသလိုပင္ခံစားလိုက္ရ၏။ ယခုကဲ့သို႔ အလြန္ဝမ္းနည္းေနသည့္ ကေလးတေယာက္ပမာ၊ လိုခ်င္သည့္အရာကို မိခင္အား ငိုကာခၽြဲလ်က္ေတာင္းေနသည့္အသံမ်ိဳးသည္ သူ၏ဘဝတစ္ေလ်ာက္လုံးတြင္ ၾကားဖူးခဲ့ျခင္းမရွိပါေခ်။

အန္းလုက လက္တေထာင္ဆစ္အားအနည္းငယ္လွုပ္ရရန္ႀကိဳးစားလိုက္ၿပီးေနာက္ ခ်ီရွန္း၏ ခါးအားသိုင္းဖက္လိုက္သည္။ သူသည္လည္း ခ်ီရွန္း၏ရင္ဘတ္နားတြင္ေခါက္းထိုးအပ္လ်က္ ျပန္ေျဖေလ၏။

" အြန္း....အားလုံးေျပာျပေပးမယ္။ ေျဖရွင္းခ်က္လည္းေပးမယ္။ အားလုံးေပးမယ္...."

ခ်ီရွန္း၏ လက္မ်ားကထိုအခါမွ အနည္းငယ္ေျဖေလ်ာ့လာေလေတာ့၏။ အန္းလုက ခ်ီရွန္း၏ လက္ေကာက္ဝတ္ႏွစ္ဖက္ကိုကိုင္ကာ ႏွစ္ဦးသားဖက္တြယ္ထားျခင္းကိုျပန္ခြာေစလိုက္သည္။

ထင္သည့္အတိုင္းပါပင္။ ခ်ီရွန္း၏ မ်က္ဝန္းေထာင့္နားတြင္ မ်က္ရည္စေလးမ်ားကတြဲခိုေနေလ၏။ အန္းလုက ခ်ီရွန္း၏လက္ေကာက္ဝတ္တစ္ဖက္ကို ကိုင္ထားလ်က္ပင္ က်န္လက္တစ္ဖက္ျဖင့္ ခ်ီရွန္း၏မ်က္ရည္စက္ ပိစိကေလးမ်ားကို သုတ္ေပးလိုက္သည္။

" မငိုနဲ႔....တိတ္ေတာ့ေနာ္။"

ခ်ီရွန္းက သူ၏ေခါင္းကိုငုံ႔ကာ ထိုအရာကိုဖုံးကြယ္ထားခ်င္ပုံရသည္။ အန္းလုက မ်က္ရည္သုတ္ေပးေလေတာ့မွ သူ၏ခႏၲာကိုယ္အား ေဘးသို႔ေစာင္းလိူက္၏။

" ကိုယ္မငိုပါဘူး။ ဒါကဒီအတိုင္း..... ထြက္ခ်င္လို႔ထြက္လာတာ။"

"အာ....အဲ့လိုကိုး။ ကၽြန္ေတာ္ကေတာ့ ရွန္းရွန္း ကၽြန္ေတာ့္အတြက္ ငိုေနတယ္ထင္ၿပီး စိတ္မေကာင္းျဖစ္ေနတာကို...အင္းေလ...

မငိုဘူးဆိုေတာ့လည္း မငိုဘူးေပါ့။"

အန္းလုက အသာျပဳံးလိုက္ရင္း ခ်ီရွန္းအားစလိုက္သည္။ ခ်ီရွန္းက အန္ုးလုဘက္ကိုျပန္လွည့္လိုက္ရင္း အန္ုးလု၏လက္အားလွမ္းကိုင္ကာ သူ၏ပါးျပင္ကို ထိေစလိုက္သည္။

" မင္းအတြက္ပါပဲ။ ကိုယ့္မ်က္ရည္ေတြက မင္းအတြက္ပဲက်တာ။"

အန္းလုက ခ်ီရွန္း၏ပါးျပင္ကို ပြတ္သတ္ေပးေနရင္း

" ထပ္ၿပီး ကၽြန္ေတာ့္ေၾကာင့္ ရွန္းရွန္းရဲ့မ်က္ရည္ေတြမက်ေစရပါဘူး။ "

" ကိုယ္....တကယ္ေရာ...ယုံၾကည္လို႔ရရဲ့လား။"

" ......"

ခ်ီရွန္းက အန္းလုကိုေသခ်ာစြာစူးစိုက္ၾကည့္ရင္းေမးလိုက္သည္။ အန္းလု တေယာက္ထိုေမးခြန္းကိုေတာ့ ခ်က္ခ်င္းျပန္တုံ႔ျပန္နိုင္ျခင္းမရွိေခ်။

တေအာင့္ၾကာေတ့ာ ခ်ီရွန္းက အန္ုးလုအားစူးစိုက္ၾကည့္ေနမိေသာ သူ၏အၾကည့္မ်ားကို႐ုပ္သိမ္းလိုက္ရင္း မ်က္ဝန္းအစုံကိုမွတ္လိုက္သည္။

" မင္း အဆင္ေျပတဲ့အခ်ိန္ၾကမွ အေျဖေပးပါ။ ကိုယ္ ေစာင့္နိုင္ပါတယ္။"

အန္းလုက ခ်ီရွန္းအားျပဳံးျပလိုက္သည္။ တံခါးမအျပင္နားတြင္ ရပ္ကာေနေသာ အားေလာ့က သူတိူ႔အတြက္ ေရွာင္ေပးသည့္အေနျဖင့္ ျပင္ပသို႔ထြက္သြားၿပီျဖစ္ပုံေပၚသည္။ အန္းလုက တံခါးမကိုလွမ္းၾကည့္ရင္း

" ဒါနဲ႔ ကၽြန္ေတာ္အျပင္ဘက္ကို ဘယ္လိုထြက္ရမလဲ။ ဘာပဲျဖစ္ျဖစ္ ကၽြန္ေတာ္ ထင္ထင္ေပၚေပၚႀကီးေတာ့ ေနလို႔မရေလာက္ဘူး။ ျပႆနာေတြႀကီးကုန္လိမ့္မယ္။"

" ဘာျဖစ္စရာလိုလို႔လဲ။ ဘယ္သူ႔ကို ဂ႐ုစိုက္ရမွာလဲ။"

ခ်ီရွန္းကေျပာေလေတာ့ အန္းလုက တံခါးမဘက္ကိုလက္ညိဳးထိုးျပရင္း

" ဂ႐ုမစိုက္လို႔မရဘူးေလ။ အျပင္က အေစာင့္တေယာက္ေလာက္သာ သိသြားၾကည့္ပါလား။ ကၽြန္ေတာ္က သူတိူ႔အတြက္ မေကာင္းဆိုးဝါးျဖစ္သြားမွာ။ ကၽြန္ေတာ့္ကို သာမန္လိုဆက္ဆံေပးတာဆိုလို႔ ရွန္းရွန္းနဲ႔ အားေလာ့ပဲရွ္တယ္။ ဒီနန္းေတာ္ထဲမွာ....အဲ့ဒါေၾကာင့္ သိသြားလို႔မျဖစ္ဘူး။ ကၽြန္ေတာ္ လူေတြရဲ့အၾကည့္ကိုမခံနိုင္ဘူး။"

ခ်ီရွန္းက တံခါးမဘက္သို႔လွည့္ကာၾကည့္လိုက္ရင္း

" အင္း....မင္းေျပာတာဟုတ္တယ္။ ဒီလိုကိစၥရပ္မ်ိဳးက ျပႆနာအႀကီးႀကီးျဖစ္လာနိုင္တာမ်ိဳးဆိုေတာ့...ဘယ္လိူလူပ္ရင္ေကာင္းမလဲ။"

ခ်ီရွန္းက အန္းလုကိုၾကည့္ကာ စဥ္းစားေနပုံေပၚသည္။ အန္ုးလုကလည္း ခ်ီရွန္းအားေမာ့ၾကည့္ကာ ထြက္ေပၚလာမည္အႀကံညာဏ္ကိုေမၽွယ္ေနသည္။ ခ်ီရွန္းက ေျပာလိုက္၏။

" နန္းေတာ္ကို ဒီေန႔ကစၿပီး ညမထြက္ရအမိန္႔ထုတ္လိုက္မယ္။ အဓိကက ယုံးယြမ္အေဆာင္နားမွာ ဘယ္သူမွ မရွိေနေစရဘူး။

အန္းလု ယုံးယြမ္မွာပဲေနမွာမလား။ ဒါမွမဟုတ္ ဝူရွဲ႕"

" ယုံးယြမ္.."

" အင္း...ကိုယ္သေဘာေပါက္ၿပီ။"

.................................

" ဝါး...တကယ္ကိုလူေတြရွင္းေနတာပဲ။"

အန္းလုက ယုံးယြမ္အေဆာင္သို႔ လာရာလမ္းတြင္ ခ်ီရွန္း၏လက္ကိုတြဲကာထားသည္။ ခ်ီရွန္းက အန္းလု၏ လက္ကိုဆုပ္ကိုင္ကာတြဲထားရင္းပင္ က်န္လက္တစ္ဖက္ကမူ လမ္းျပမီးပုံးအား ကိုင္ကာထား၏။

" ဘယ္သူက အမိန္႔ကိုဆန္႔က်င္ရဲမွာလဲ။"

" အင္း...ဟူတ္သား။"

" ေရွ႕ဆိုေရာက္ၿပီ။ ျပင္ဆင္ထားေတာ့..."

ခ်ီရွန္းက သူ၏ေျခလွမ္းမ်ားကို ပုံမွန္အတိုင္းဆက္ေလ်ာက္ေနရင္းပင္ မီးပုံးကိုေျမႇာက္ရင္းေျပာလိုက္၏။ အန္းလုက ခ်ီရွန္း၏လက္ကိုဆြဲျဖဳတ္ခ်လိုက္ၿပီးေနာက္ ႐ုတ္တရက္လက္ႏွစ္ဖက္အားယွက္ကာ ရင္ဘတ္ေရွ႕တြင္ကာလိုက္သည္။

" ဘာ...ဘာကိုျပင္ဆင္ရမွာလဲ။"

"....."

ခ်ီရွန္းက ေနာက္သို႔ ကိုယ္ခႏၲာကိုေစာင္းကာ သူ႔အားေၾကာက္သည့္ပုံစံလုပ္ျပေနေသာ အန္းလုကို ခတၱခဏေၾကာင္ကာ ၾကည့္ေနမိသည္။ ၿပီးမွ ေခါင္းကိုငုံ႔ကာျပဳံးလိုက္ၿပီးေနာက္ အန္းလု၏ ႏွဖူးအား သူ၏လက္ညိဳးျဖင့္ လွမ္းတို႔ လိုက္ေလ၏။

" ဘာလို႔အေတြးေတြက ေမွာင္မိုက္ေနတာပါလိမ့္။

ကိုယ္ေျပာတာ အေဆာင္ကိုေရာက္ရင္မင္းကိုယ့္ကို အေၾကာင္းစုံရွင္းျပရမယ္ဆိုတာကို ေျပာတာေလ။ ဘာေတြေတြးေနတာလဲ။"

"အဲ.....အဲ့..တာ.."

အန္းလုက ခ်ီရွန္းကိုၾကည့္ေနရင္းမွထိုစကားကိုၾကားေတာ့ သူ၏မ်က္ႏွာႀကီးမွာ နီရဲကာလာေလသည္။ ယွက္ကာထားေသာ လက္ႏွစ္ဖက္ကိုျပန္ခ်လိုက္ရင္း သူ၏ဝတ္႐ုံလက္ကို ခါလိုက္၏။

" အဟမ္း....အဟမ္း...ကၽြန္ေတာ္လည္းအဲ့တာပဲ ေျပာျပမလို႔ပါ။"

အန္းလုက ခ်ီရွန္းေဘးမွျဖတ္ရင္းေျပာလိုက္သည္။ ထိုအခါမွ ခ်ီရွန္းက သူ႔အားေက်ာ္တတ္သြားေသာ အန္းလု၏ ေနာက္ေက်ာကိုၾကည့္ရင္း

" ဒါေပမဲ့ အမူအရာက မဟုတ္တာေတြေတြးလိုက္တဲ့အမူအရာပါ။"

"အာ....ဖူး...မဟူတ္တာေတြ။ အဲ့လိုျဖစ္စရာလား။ ဟား...ဟား....ဟားဟားဟား.... "

အန္းလုမွာ အသံက်ယ္ႀကီးျဖင့္ ရီလ်က္ ခပ္သြက္သြက္ပင္ ခ်ီရွန္းအား ေစာင့္ပင္မေစာင့္ေတာ့ပဲ အေဆာင္သို႔တန္းေျပးေလေတာ့၏။ ခ်ီရွန္းက သေဘာက်စြာရီရင္းပင္ ေနာက္မွေအးေဆးလိုက္သြားေလေတာ့သည္။

.................................

" ရွန္ဖန္း...ဟူတ္လား။ မသိဘူး။"

" အင္း..ထင္ထားၿပီးသားပါ။ တကယ္လို႔ ရွန္းရွန္းကို ရွန္းရွန္းရဲ့မယ္ေတာ္က ေျပာျပခဲ့မယ္ဆိုရင္ေတာင္ မွတ္မိဖို႔ခက္မွာ။

အဲ့တုန္းက ရွန္းရွန္းက ငယ္ေသးတယ္ေလ။"

ခ်ီရွန္းက အန္းလုကိုေခါင္းညိမ့္ျပရင္း ဆက္နားေထာင္ေနသည္။ အန္းလုက ျဖစ္ပ်က္ခဲ့သမၽွအေၾကာင္းအရာအစုံကို သူ႔အားေျပာျပေနေလ၏။ အန္းလုကထိုင္ေနရာမွ ခ်ီရွန္း၏ ေပါင္ေပၚတြင္ ေခါင္းတင္ကာ လွဲလိုက္ရင္းဆက္ေျပာသည္။

" အဲ့တာနဲ႔ ကၽြန္ေတာ္အသက္ရွုခတၱရပ္သြားတဲ့ညက သူနဲ႔ေတြ႕ခဲ့တာ။ သူက ကၽြန္ေတာ့္ရဲ့ အရင္ခႏၲာကိုယ္ထဲကို ကၽြန္ေတာ့္ဝိညာဥ္ျပန္ထည့္ေပးမယ္တဲ့။ အဲ့လိုသူလုပ္ေပးရင္ ကၽြန္ေတာ္က သူ႔အတြက္တစ္ခုျပန္လုပ္ေပးရမယ္။"

" အဲ့တာကဘာလဲ။"

" ေသခ်ာေတာ့ မသိဘူး။ ဆံထိုးတစ္ခုပဲတဲ့ အဲ့တာကိုရွာခိုင္းတာ။ ရွန္းရွန္းရဲ့မယ္ေတာ္က ဒီနန္းေတာ္ရဲ့တစ္ေနရာမွာထားခဲ့တယ္လို႔ေျပာတယ္။ သူက ကၽြန္ေတာ့္ကို အဲ့တာကိုရွာၿပီးသူ႔ကိုေပးေစခ်င္တာ။ ၿပီးေတာ့ အဲ့တာက ရွန္းရွန္းရဲ့မယ္ေတာ္ကို ျပန္သတိရလာေအာင္လုပ္ေပးနိုင္တယ္လို႔လဲေျပာေသးတယ္။"

" ကိုယ္ကေတာ့ သူ႔ကိုမသကၤာဘူး။ မယ္ေတာ္က လူသားေတြနဲ႔ ထပ္ပတ္သတ္တာမ်ိဳး လုံးဝမလုပ္ေတာ့ဘူးလို႔ ေျပာခဲ့တာ။ သူမက ဒီလိုျဖစ္ေနစရာအေၾကာင္းမွမရွိတာ။ ၿပီးေတာ့ ဒါကတကယ္ပဲ ဒီဆံထိုးေလးတစ္ခုက ေျဖရွင္းေပးနိုင္မွာမလို႔လား။ အရမ္းလြယ္လြန္းေနတယ္။"

အန္ုးလုက ခ်ီရွန္းအား ပက္လက္အေနအထားမွၾကည့္လိုက္ရင္း

" သူေျပာတဲ့အတိုင္းဆို သူက ရွန္းရွန္းရဲ့မယ္ေတာ္ကို ကယ္ေပးနိုင္တဲ့သူတေယာက္ပဲမလား။  ရွန္းရွန္းတို႔ ေတြ႕ၾကည့္သင့္တယ္လို႔ထင္တယ္။ ရွန္းရွန္းျမင္ရင္လည္း အံ့ၾသမွာ ။ သူက ရွန္းရွန္းနဲ႔အေတာ္ေလးကို တူတယ္။"

ခ်ီရွန္းက အေလးအနက္ေတြးေနပုံေပၚသည္။

" မယ္ေတာ္က သူနဲ႔ပတ္သတ္တဲ့အေၾကာင္းအရာတစ္ခုကိုမွ ကိုယ့္ကိုေျပာမျပခဲ့ဖူးဘူး။ အဲ့တာေၾကာင့္ သူကဘယ္လိုလူစားမ်ိဳးဆိုတာ၊ ၿပီးေတာ့ အႏၲာရာယ္ရွိမရွိ ကိုယ္တို႔မသိနိုင္ဘူး။ "

အန္းလုက ေခါင္းကိုအဆက္မျပတ္ၿငိမ့္ရင္းပင္ေထာက္ခံေလသည္။

" အင္း....ရွန္းရွန္းေျပာတာလည္း ဟုတ္တယ္။ "

" အန္းလုကို သူကဘယ္မွာေတြ႕ဖို႔ေျပာထားလဲ။"

" မေျပာဘူး။ သူေျပာတာ သူကေနေရာင္နဲ႔ထိလို႔မရဘူးတဲ့။ ကၽြန္ေတာ့္ကိုလည္း အဲ့တုန္းက ရွန္းရွန္းရဲ့ေခၚသံေၾကာင့္ ခ်က္ခ်င္းႀကီးျပန္လႊတ္လိုက္တာ။ ဒါေပမဲ့ေလ သူကေတာ့ ရွန္းရွန္းရဲ့မယ္ေတာ္အေၾကာင္းကို အေလးအနက္ထားၿပီးေျပာေနခဲ့တာ။"

အန္းလုက ရွန္ဖန္းေျပာေသာ ရွန္က်ိနတ္သမီးႏွင့္ဆိုင္သည့္အေၾကာင္းအရာမ်ားကို ေျပာျပလိုက္သည္။

"....."

ခ်ီရွန္းက မ်က္ေမွာင္ၾကဳတ္ကာပင္ ျပတင္းေပါက္မွတဆင့္ ျပင္ပရွိေကာင္းကင္ယံကိုၾကည့္ေနသည္။ အန္းလုကေတာ့ ခ်ီရွန္း၏ေပါင္ေပၚတြင္ ေခါင္းအုံးကာ အိပ္ခ်င္လာပုံရ၏။ တဝါးဝါးသန္းေနေလေတာ့သည္။

" ရွန္းရွန္း မအိပ္ေသးဘူးလား။ ကၽြန္ေတာ္အိပ္ခ်င္ေနၿပီ။ မနက္က်ရင္ ဆံထိုးရွာရအုန္းမယ္။ ဘာပဲျဖစ္ျဖစ္ အယူရွိရင္ အေပးလည္းရွိတာဆိုေတာ့ ကၽြန္ေတာ္ဒီမွာဆက္ေနနိုင္ဖို႔ သူ႔ကိုရွာေပးရ........။"

အန္းလုက ေျပာေနရင္းတန္းလန္းပင္အိပ္ေပ်ာ္ကာသြားေလေတာ့၏။ ခ်ီရွန္းက ရကတ္တရက္ အန္းလု၏အသံတိတ္ကာသြားေလေတာ့မွ အန္းလုကိုလွမ္းၾကည့္ေတာ့ အိပ္ေပ်ာ္ေနေခ်ၿပီ။ ခါးအနည္းငယ္ကိုင္းကာ ေခါင္းကိုငုံ႔လ်က္ အန္းလု၏ ႏွဖူးျပင္အား အနမ္းဖြဖြေပးလိုက္သည္။

" အင္းပါ...ကိုယ္လည္း မင္းတို႔ႏွစ္ေယာက္လုံးေကာင္းဖို႔အတြက္ဆို ဘာမဆိုလုပ္မွာပါ။"

ခ်ီရွန္း ေကာင္းကင္ယံကို ထပ္မံကာမ်က္ႏွာမူလိုက္သည္။ တိမ္ညိဳ တိမ္မဲတို႔ တစြန္းတစဖုံးကြယ္ခံရေသာ လျခမ္းေကြးအား ေငးေမာကာၾကည့္ရင္း ခ်ီရွန္း၏မ်က္ဝန္းမ်ားသည့္ အနည္းငယ္အေရာင္ေတာက္ကာေနသည္။

" မယ္ေတာ္....အဆင္ေျပမေနခဲ့တာကို....ဘာလို႔မ်ား ကၽြန္ေတာ့္ကိုေပးမသိခဲ့ရတာလဲ။

ကၽြန္ေတာ္က ယုံၾကည္ရဖို႔ေတာင္ မထိုက္တန္ေတာ့ဘူးလား။

ဘာလို႔လဲ။ ကၽြန္ေတာ္က သာမာန္လူသားတစ္ေယာက္ျဖစ္ေနခဲ့လို႔လား။

ကၽြန္ေတာ္ သူနဲ႔ေတြ႕ၿပီး အေၾကာင္းစုံသိေအာင္လုပ္မွာပါ။ ၿပီးရင္ မယ္ေတာ့ကိုလည္းထပ္ၿပီး မထိခိုက္ေစရေအာင္ ကာကြယ္ေပးသြားမယ္။ ကၽြန္ေတာ္က သာမန္လူတစ္ေယာက္ျဖစ္ေနရင္ေတာင္မွ.....မယ္ေတာ္ ကၽြန္ေတာ့ကိုယုံၾကည္မယ္ဆိုတာ ကၽြန္ေတာ္သိတယ္။ "

~~~~~~~~~~~~~~~~~~~~~~~~~~
Hello ~~ ဆုေတာင္းေပးမွုေတြေၾကာင့္
ကိုယ္ တေန႔က အိမ္ျပန္ေရာက္ပါတယ္။ ႏွစ္ေခါက္လုံး N ပါ။ အာ့ေၾကာင့္ အားလုံးကို ဒီေနရာကေန ေက်းဇူးတင္လိုက္ပါတယ္ေနာ္။

အားလုံး ေက်းဇူးပါ 🙆🙆❤

ဒါက ကိုယ္ေရးတဲ့ဟာဖတ္တဲ့သူေတြအတြက္ 👇🤣



© Hnin Aung,
книга «Love, But Hurt (Season_3) The Last Begin».
Коментарі