Chapter 36
" အရှင်....ကျွန်တော်ရှောင်ရှင်းပါ။"
" ဝင်လာခဲ့လိုက်။"
အပြင်မှ ခပ်သွက်သွက်ဝင်ကာလာသော ရှောင်ရှင်းက စာကြည့်ခန်းတွင် ထိုင်ကာနေသောချီရှန်းအား အမြန်ဂါရဝပြုလိုက်ပြီး စကားစသည်။ ခရီးအပြေးနှင်ကာလာပြီး အတော်ပင်မောပန်းနေသော်လည်း အားတင်းထားပုံပင်။
" အရှင်....ကိုယ်လုပ်တော်လုက..."
ချီရှန်းက ရှောင်ရှင်းကို လှမ်းကာကြည့်လိုက်သည်။ချက်ချင်းပင် မျက်လွှာကိုပြန်ချလိုက်၏။ သူ၏လက်ထဲတွင် တစ်စုံတစ်ခုကိုကိုင်ကာထားသည်။
" ကြားပြီးပြီလား။"
" မှန်လှပါ...အားလော့ဆီက အကြောင်းစုံသိသိချင်း ကျွန်တော်လာခဲ့တာပါ။ ပြန်ရောက်ရောက်ချင်း သူမကိုနန်းတော် တံခါးဝမှာတွေ့ခဲ့တာမလို့။
တကယ်ပဲ....တကယ်ပဲလား။"
ချီရှန်းကသူ၏လက်နှစ်ဖက်ဖြင့် ဆံထိုး၏အစွန်းတစ်ဖက်စီအား ကိုင်ကာတဖြည်းဖြည်းချင်းလှည့်နေသည်။ ရုတ်တရက် ရှောင်ရှင်းကိုပြန်ကြည့်လိုက်ရင်း
" ခဏအနားယူလိုက်ပြီး ညနေကျရင် ငါ့ကိုလာတွေ့။ ငါတို့မှာ လုပ်စရာတွေအများကြီးရှိလိမ့်မယ်။"
"......."
ရှောင်ရှင်းက ချီရှန်း၏စကားကြောင့် တခဏမျှရပ်တန့်နေမိသည်။ သိူ့သော်လည်း သူကချက်ချင်းပင် ဂါရဝပြုလိုက်လေ၏။
" အမိန့်အတိုင်းပါ။ ကျွန်တော်မျိုး ညနေစောင်းရင် အရှင့်ကိုလာတွေ့ပါ့မယ်။"
ရှောင်ရှင်းထွက်သွားပြီးတဲ့နောက်မှာ ချီရှန်းက လက်ထဲရှိဆံထိုးက်ုသေချာစွာမြှောက်ကာကြည့်နေသည်။ ဆံထိုး၏ကိုယ်ထည်သည် ရွေရောင်အတိပြီးကာ ထိပ်ဆုံးနားတွင် ပတ္တမြားအလုံးလေးများကို အသေး၊အကြီး အစုံအလင်ဖြင့် စီခြယ်ကာထားသည်။ သူ၏ဘေးပတ်ပတ်လည်တွင် တိမ်ပုံသဏ္ဍာန်အကွေးအခတ်လေးများကို ပတ်ကာစီထား၏။
ထိုဆံထိုးက ချီရှန်း၏မိခင်ပိုင်ဆိုင်သောအရာဖြစ်ပြီး မနေ့ညကအန်းလုဆိုလိုသော ဆံထိုးဖြစ်မည်မှာသေချာသလောက်ရှိသည်။ ချီရှန်းက မိုးမလင်းခင်တွင်ပင် တော်ဝင်သင်္ချိုင်းဂူဆီသို့ သွားကာ မယ်တော်ဖြစ်သူ၏ခေါင်းတလားထဲမှယူလာခဲ့ခြင်းဖြစ်သည်။
သူမ သေဆုံးသည်ဟု ယူဆခဲ့သည့်အချိန်က မည်သည့်ကမျှ သူမ၏အလောင်းအား ရှာမတွေ့ခဲ့ကြသဖြင့် သူမ၏အသုံးအဆောင်ပစ္စည်းများကိုသာ ထည့်သွင်း၍ ဂူသွင်းထားခြင်းဖြစ်သည်။ ထို့ကြောင့် သူမ၏ခေါင်းတလားထဲတွင် သူမ၏အဝတ်အထည်တစ်ခုနှင့် ဝတ်ဆင်လေ့ရှိသော ရတနာတစ်ချို့တို့ကိုသာထည့်သွင်းထားသည်။ ထို့အပြင် ဤဆံထိုးသည်ကလည်း သူမနှစ်သက်သော ရတနာများထဲမှတစ်ခုဖြစ်သည်။
သို့သော်လည်း ထိုကိစ္စနှင့်ပတ်သတ်၍ချီရှန်းထံတွင်လည်း သံသယများစွာရှိနေခဲ့သည်။ ဤဆံထိုးသည်က သာမန်ဆံထိုးတစ်ခုဟုဆိုသော်လည့း ခမည်းတော်က မယ်တော့်အားလက်ဆောင်ပေးခဲ့သည့် ဆံထိုးတစ်ခုပင်။ ထိုလူက ဤဆံထိုးကိုဘာအတွက်ကြောင့်လိုအပ်သည်ကိုတော့ သူတကာ်စဥ်းစားမရသည့်အပြင် ထို့လူ့အား မျက်နှာချင်းဆိုင်တွေ့ချင်သည့် စိတ်ကများစွာပြင်းပြနေခဲ့သည်။
.....................................
" ဝူနန်နယ်စားကို သူ့ဆီမှာခတ္တအနားယူနေတဲ့အချိန် အကောင်းဆုံးလုပ်ဆောင်ပေးခဲ့တဲ့အတွက် ဘဏ္ဍာတစ်ချို့ ချီးမြှင့်လိုက်ပါ။"
" မှန်လှပါ အရှင်မင်းကြီး "
ညီလာခံတွင် အမတ်များကသက်ဆိုင်ရာပြည်နယ်အလိုက် အရေးကြီးသောအချက်အလက်များနှင့် လက်အောက်ခံတိုင်းပြည်ငယ်များ၏ ကမ်းလှမ်းမှုများကိုအသီးသီးလျှောက်တင်လျက်ရှိသည်။
ဝူနန်ပြည်နယ်က ပြန်ရောက်ပြီးနောက်တစ်ရက်တွင် ပြုလုပ်သော ညီလာခံအစည်းအဝေးဖြစ်တာကြောင့် တော်တော်နှင့် မပြီးနိုင်သေးချေ။ ချီရှန်းကလည်း တင်ပြလာသော ကိစ္စရက်အသီးသီးအား ချက်ချင်းဖြေရှင်းနိုင်လျင် ဖြေရှင်းပြီး၊ အချိန်ယူရန်လိုအပ်လျင် ခတ္တစောင့်ဆိုင်းရန် ပြန်လည် ညှိနှိုင်းလျက်ရှိသည်။
ရုတ်တရက်အမတ်တစ်ဦးက ရှေ့သို့ထွက်လာကာစကားစသည်။
" အရှင်မင်းကြီး ကျွန်တော်မျိုးကို သတင်းတစ်ခုတင်ပြခွင့်ပြုပါ။"
" ပြောပါ အမတ်ချီ"
ချီရှန်းက သေချာစွာဂရုတစိုက်နားထောင်နေသည်။
" နွေဦးမြှားပစ်ပွဲက မကြာခင်ရောက်ရှိလာတော့မှာပါ။ ဒီတခေါက်ကို နောက်ထပ်နေရာသစ်တစ်ခုမှာ ကျင်းပဖို့ပြင်ဆင်ထားပါတယ်။ အဲ့တာ ကျွန်တော်မျိုး အရှင်မင်းကြီး နဲ့ဆွေးနွေးချင်လို့ပါ။"
ချီရှန်းက အမတ်ချီကိုကြည့်ရင်းပင်
" ကောင်းပြီ။ သေချာအစီအစဥ်ရေးဆွဲပြီးတဲ့အခါ ကိုယ်တော့်ကိုလာပြောပါ။"
"မှန်လှပါ အရှင်မင်းကြီး ။"
" ဒါဆို ထပ်ပြီးတော့ လျောက်တင်စရာတွေများရှိသေးလား။မရှိတော့ရင် ညီလာခံသိမ်းမယ်။"
ချီရှန်းက ပုလ္လင်တော်ပေါ်မှပင်ခပ်သွပ်သွပ်ထကာ ထွက်သွားလေတော့သည်။ ဘေးရှိ မိန်းမစိုး၏ "အရှင်မင်းကြီး ကြွချီတော်မူမည်" ဟူသော စကားကိုပင် စောင့်ဆိုင်းခြင်းမရှိတော်ပဲ အတော်ကိုအလျင်လိုနေပုံရ၏။ ညီလာခံ ခန်းမဆောင်ထဲတွင် ကျန်နေခဲ့သော အမတ်များက တီးတိုးဆိုနေကြသည်။
" ဝူနန်က ပြန်လာပြီးနောက်ပိုင်း အရှင်ကနည်းနည်း သဘောကောင်းလာသလိုပဲ။ ကျွန်တော်ပဲ စိတ်ကထင်နေတာလား။"
"မဟုတ်ဘူး။ ကျွန်တော်လည်း ထင်နေတာ။"
"ဟူတ်တယ်။ တစ်ခုခုများဖြစ်လာခဲ့သလား။ ဘာပဲဖြစ်ဖြစ် ဝူနန်နယ်စားက အရှင့်ရဲ့ ဦးရီးတော်ပဲလေ။
ဆုံးမလိူက်တာတွေ ဘာတွေများလား။ ဟား ဟား"
"တော်.....တော်...မဖြစ်နိုင်တာ။ အရှင့်ကို သူ့ရဲ့ ဆုံးသွားတဲ့ ကိုယ်လုပ်တော်က လွဲပြီးဘယ်သူကများ ပြောရဲဆိုရဲတာရှိလိူ့လဲ။
ဖြစ်နိုင်ရင် အဲ့ကိုယ်လုပ်တော်အသက်ပြန်ရှင်လာလို့ပဲ ဖြစ်ရလိမ့်မယ်။"
"ဟေး.....အမတ်ဝမ်...ပေါက်ကရတွေ ကျောချမ်းစရာကောင်းအောင်မပြောပါနဲ့ဗျာ။ ဘာရောဂါနဲ့သေလို့သေမှန်းမသိ၊ သူ့ဝိညာဥ်ကလည်း ဘယ်ရောက်လို့ရောက်နေမှန်းတောင် မသိတာကို။"
"ဟုတ်ပ ဟုတ်ပ။ ဒါနဲ့ အရှင်က ဝူနန်ကို ကိုယ်လုပ်တော်အသစ်တယောက်နဲ့အတူသွားခဲ့တာလို့ကြားတယ်။ အဲ့သတင်းကို သိကြလား။"
ရုတ်တရက်ပြောလိုက်သောစကားကြောင့် အားလုံးကစိတ်ဝင်စားသွားကြသည်။ ကိုယ်လုပ်တော်လု သေဆုံးပြီးနောက်ပိုင်း စိတ္တဇဖြစ်ကာနေခဲ့သော ဘုရင်အားစိတ်ဖြေနိုင်စေရန် ကိုယ်လူပ်တော်များခေါ်ယူရာတွင် ချောမောသောယောက်ျားသားများကို အဓိကထားကာခေါ်ယူစေခဲ့သည်မှာ အမတ်များ၏စနပ်ပင်ဖြစ်သည်။ အနည်းဆုံးတော့ တယောက်ယောက်ကို သဘောကျသွားပါစေဟူသော ၎င်းတို့၏ ဆုတောင်းပင်ဖြစ်တာကြောင့် ထိုစကားကိုကြားလိုက်တော့ ခန်းမထဲရှိအားလုံးက ရုတ်ရုတ်သဲသဲဖြစ်ကာသွားလေတော့သည်။
စကားစလိုက်မိသော အမတ်နားသို့ အားလုံးကစုရုံးလာကြပြီး မေးလေသည်။
" တကယ်ပဲလား။ အရှင်မင်းကြီး နောက်ဆုံးတော့ စိတ်ဝင်စားတဲ့သူတွေ့ပြီပေါ့။ တကယ်သာဆို ဝမ်းသာစရာသတင်းပဲ။ "
"ဟုတ်တယ်။"
ဘေးရှိအမတ်တစ်ချို့ကလည်းထောက်ခံသည်။
" အဟမ်း....."
ရုတ်တရက်ထွက်ကာလာသောချောင်းဟန့်သံကြောင့် ဆူညံမှုတစ်ချို့တိတ်ကာသွားလေသည်။ အမတ်ချီက ခပ်တည်တည်ဖြင့်ပင်
" အားလုံးပဲ....တိုင်းပြည်ရဲ့မှူးမတ်အရာရှိတွေဖြစ်ပြီး အရှင်မင်းမြတ်ရဲ့နောက်ကွယ်မှာ ဒီလိုပြောဆိုနေတာတွေက မဖြစ်သင့်ပါဘူး။ ကျေးဇူးပြုပြီးတော့ ဂရုစိုက်ပေးကြပါ။"
အမတ်ချီက ပြောပြီးနောက်ခန်းမဆောင်အပြင်ဘက်သို့ ထွက်လာလိုက်တော့သည်။ အမတ်များ၏ ဆွေးနွေးပွဲက သူ့ဘက်သို့လှည့်ကာလာလေသည်။ အမတ်ချီက အသက်၂၈နှစ်ခန့်သာရှိသေးသော အမတ်ငယ်တစ်ဦးဖြစ်ပြီး သူ၏အလုပ်သက်တမ်းက သုံးနှစ်ပင်မပြည့်သေးချေ။ ငယ်ရွယ်ပြီး ပါရမီပါသော လူငယ်တစ်ယောက်ဖြစ်ပြီး တိုင်းပြည်ရေးရာတွင် ချီရှန်း၏အာရုံကိုဖမ်းစားနိုင်ခဲ့သူလည်းဖြစ်သည်။
ယခင်နှစ်များက ချီရှန်းနှင့်အတူ စစ်ပွဲတစ်ချို့ကိုပါဝင်ခဲ့ဖူးသူဖြစ်သည်။ တိုက်ရည်ခိုက်ရည်လည်းအနည်းငယ်ရှိတာကြောင့် ချီရှန်းကသူ့အားအနည်းငယ်တော့ သတိထားမိခဲ့သည်။
ချီရှန်းက အန်းလုသေဆုံးပြီးနောက်ပိုင်းတွင်တောင်မှ သူလုပ်ဆောင်ရမည့် နိုင်ငံရေးကိစ္စရပ်များကိုမပြတ်မကွက်လူပ်ဆောင်ခဲ့သည်။ သို့သော်လည်း ဆိုးသည်က သွေးအေးလွန်းသည်။ ပြတ်သားလွန်းသည်။ တိကျလွန်းပြီး အနည်းမျှပင် ရန်စမိလျင်ကိုစစ်ပွဲဖန်တီးလိုက်ခြင်းပင်။ တိုင်းပြည်အင်ပါယာကိုချဲ့ထွင်သည်မှာကောင်းသောတစ်ချက်ဖြစ်သော်လည်း နောက်ပိုင်းတွင် ထိုသို့သောအပြုအမူများကို ရုတ်တရက်ရပ်တန့်လိုက်ပြန်သည်။ အတိအကျပြောရလျင် ယွဲ့တိုင်းပြည်ကို သိမ်းပိုက်ပြီးနောက်ပိုင်းဖြစ်သည်။
......................................
" အရှင် ကျွန်တော်ရောက်ပါပြီ။"
"အင်း....ထိုင်။"
ညနေစောင်းကာ နေဝင်လုနီးနေချေပြီ။ ရှောင်ရှင်းက ချီရှန်း၏ အဆောင်တော်သို့ ရောက်ကာလာလေ၏။
ထိုင်ရင် နေရာညွှန်လိုက်သော ချီရှန်းကို ဂါရဝပြုပြီးနောက် ထိုနေရာလွတ်ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ချီရှန်းက စားပွဲပေါ်တွင် စာအိတ်တစ်အိတ်ကိုတင်ကာထားပြီး ထိုစာအိတ်ပေါ်တွင် သူ၏လက်တစ်ဖက်ကိုတင်ကာထားသည်။ ထိုနောက် ရှောင်ရှင်းဘက်သို့ ထိုစာအိတ်အားတိုးကာပေးလိုက်ပြီး
" ဒီစာက ကျီချန်းဆီကို ပို့ရမဲ့စာ။ အကြောင်းစုံကို ငါသေချာရှင်းပြပေးထားတာမလို့ အန်းလုနဲ့ပတ်သတ်ပြီး သူရှင်းသွားလိမ့်မယ်။ "
"မှန်လှပါ အရှင်။"
"နောက်တစ်ခု...... "
ချီရှန်းက စကားကိုဆက်ပြောခြင်းမရှိတာကြောင့် စာအိတ်က်ုအာရုံရနေသော ရှောင်ရှင်းက ချီရှန်းကိုကြည့်လာသည်။ ထို့အခါမှ ချီရှန်းက ရှောင်ရှင်းကို သေချာကြည့်ရင်း
" မင်းရဲ့ တပည့်နှစ်ယောက် လန်ရှား တို့ကိုနယ်စပ်ကနေပြန်ခေါ်လိုက်။ ငါယုံကြည်စိတ်ချရတဲ့သူတွေနဲ့ပဲ ဒီကိစ္စတွေကိုလုပ်ဆောင်ချင်တယ်။"
လန်ရှားနှင့်ချန်ရီတို့က နယ်စပ်တွင်စောင့်ကြပ်ရသည့် တပ်မှူးများအဖြစ် တာဝန်အသီးသီးထမ်းဆောင်နေကြပြီဖြစ်တာမို့ ဤသို့ပြန်လည်ခေါင်ဆောင်မည်ဟုပြောလာသော ချီရှန်းကြောင့် ရှောင်ရှင်းက သေချာစွာချီရှန်းအားကြည့်လာလေသည်။ ပြီးနောက်
" အမိန့်အတိုင်းပါ။"
"အင်း....သူတိူ့ရောက်လာတဲ့အခါ တိုင်ပင်ကြတာပေါ့။"
" မှန်လှပါ။"
........................................
" ဘာလို့ တနေကုန် ကျွန်တော့်ကိုလာမတွေ့တာလဲ။ ပျင်းလွန်းလို့သေတော့မှာပဲ။ အလုပ်တွေအရမ်းရှုပ်နေတာလား။ ဆံထိုးရှာဖို့ကို..."
တံခါးကိုခေါက်ကာ အန်းလုလာဖွင့်ပေးသည်အဖိ စောင့်နေသော ချီရှန်းကိုတံခါးဖွင့်ပေးပြီးသည်နှင့် စတင်ကာပြောလေတော့သည်။ ချီရှန်းသည် တံခါးဝတွင်သာရပ်နေဆဲဖြစ်ပြီး အန်းလုကိုသာ သေချာစွာငုံ့ကြည့်နေလေသည်။ အန်းလုကလည်း သူ၏မေးခွန်းအား ပြန်ဖြေရန်စောင့်ဆိုင်းနေပုံရသည်။ အတော်ကြာမှ ချီရှန်းက အထဲသို့ဝင်ကာလာသည်။
" လုပ်ရအောင်...."
" အယ်.....နေအုန်း...နေအုန်း...တံခါးလေးပိတ်ပါရစေအုန်း။"
ချီရှန်းက ရုတ်တရက်ပင်အန်းလု၏လက်ကိုဆွဲကာအထဲသို့ဝင်လိုက်၏။ အန်းလုက ချီရှန်းနောက်ပါသွားရင်ပင် တံခါးအားလှမ်းပိတ်ရန်ကြိုးစားလိုက်သည်။
"အ့..."
အန်းလုအားကုတင်ပေါ်သို့ လွှတ်ချလိုက်ပြီးချက်ချင်းပင် အပေါ်မှအုပ်မိုးလိုက်သည်။
" ရှန်းရှန်း.... "
ချီရှန်းက အန်းလုကိုအပေါ်မှအုပ်မိုးထားလျက်ပင် သူ၏ထောက်ကာထားသော လက်တစ်ဖက်ကိုလွှတ်လိုက်ပြီး အန်းလု၏လက်အားလှမ်းကိုင်ကာ သူ၏ပါးပြင်အားထိတွေ့စေလိုက်သည်။
ချီရှန်း၏ပါးပြင်က ပူနွေးကာနေလေ၏။ မျက်ဝန်းတို့က ရီဝေကာနေသည်။ အန်းလုက သဘောပေါက်စွာပင် ချီရှန်း၏မျက်နှာအားပွတ်သတ်ပေးလိုက်နောက် ချီရှန်းကအန်းလုအားကိုင်ထားသော လက်ကိုလွှတ်လိုက်ပြီး ရင်ဘတ်ရှိဝတ်ရုံဆီသိူ့ ရောက်ကာလာသည်။ ပေါ်ကာလာသော ရင်ဘတ်အတွင်းသားတို့အား နမ်းရှိုက်နေလေ၏။ အန်းလုကလည်း အတတ်နိုင်ဆုံးချီရှန်း၏ ဝတ်ရုံကို ချွတ်ကာပေးနေသည်။
" ဟင်း.....ကျွန်တော့်ရဲ့ ခန္တာကိုယ်ကအဆင်ပြေရဲ့လား။"
ထိုင်လျက်အနေအထားဖြင့်ပင် ချီရှန်း၏ကိုယ်ခန္တာအား အန်းလုကခွကာထိုင်နေသည်။ ကိုယ်ခန္တာနှစ်ခုလုံး ဗလာကျင်းနေပြီး အချစ်၏ရမ္မတ်တို့က အခန်းတွင်းတွင် ပျံ့နှံကာနေလေ၏။ ချီရှန်းက လှုပ်ရှားနေရင်းပင် အန်းလု၏ ရင်ဘတ်ကို စုပ်လိုက်၊ ယှက်လိုက် လုပ်နေသည်။ သို့သော်လည်း ညည်းသံသဲ့သဲ့ပါသော အန်းလု၏ မေးလိုက်သည့် စကားကြောင့် သူ၏လှုပ်ရှားမှုက ရုတ်တရက်ရပ်တန့်ကာသွားလေ၏။
ရုတ်တရက် အောက်ပိုင်းလှုပ်ရှားမှုကိုရပ်လိုက်တာကြောင့် အန်းလုက ချီရှန်းကိုကြည့်လိုက်သည်။
" ဘာဖြစ်လို့လဲ ။"
"အ့...."
ချီရှန်းက အန်းလုအား ကုတင်ပေါ်သို့ပြန်လှဲစေလိုက်သည်။ အန်းလုကိုယ်ထဲမှ သူ့အရာကိုထုတ်လိုက်ပြီးနောက် အန်းလုအား သူ၏ဝတ်ရုံကိုလွှားပေးလိုက်၏။ သူကမူ ကုတင်ပေါ်တွင်ပင် အန်းလု၏ဘေး၌ထိုင်လိုက်သည်။ အန်းလုက ချက်ချင်းထထိုင်လိုက်ရင်း ချီရှန်း၏ကျောပြင်ကိုကြည့်ရင်း
" ဘာလို့လဲ။ ဘာလို့ရပ်လိုက်တာလဲ။ ကျွန်တော်တစ်ခုခုမှားပြောမိလို့လား။"
ချီရှန်းက အန်းလုကိုလှည့်ကြည့်လာသည်။ အန်းလုကို ဖက်လိုက်ပြီးနောက်
" ကိုယ်က မင်းရဲ့ကိုယ်ခန္တာကို သဘောကျတာမဟုတ်ဘူး။ မင်းဘယ်လိုပုံစံပဲ ပြောင်းသွား၊ ပြောင်းသွား မင်းဖြစ်နေလို့ကိုချစ်တာဆိုတာကို မင်းကိုနားလည်စေချင်တယ်။"
" မဟုတ်ဘူး..... ကျွန်တော်ကဒီအတိုင်း..."
" ကိုယ့်အချစ်ကို ယုံကြည်ပေးပါနော်။ "
အန်းလုက ချီရှန်းကိုပြန်ဖက်လိုက်ပြီး
" ယုံတယ်လေ။ ကျွန်တော် မယုံပဲနေမလား။ ကျွန်တော့ဘဝမှာ ရှန်းရှန်းပဲကျန်တော့တာ။ ရှန်းရှန်းကိုမှမယုံရင် ကျွန်တော်ကဘယ်သူ့ကိုယုံရမှာလဲ။"
"......."
နှစ်ဦးသားဆက်ကာဖက်တွယ်ထားနေသေးသည်။ အန်းလုက မျက်လုံးအားဘေးစောင်းလိုက်ရင်းပင်
" ရှန်းရှန်း.... "
" အင်း...."
ချီရှန်းက လွှတ်ရန်စိတ်ကူးမရှိပုံရ၏။ အန်းလုက ပင်ပြောလေသည်။
" ဆက်လုပ်ရအောင်လေ။ တန်းလန်းကြီး..."
"......."
ထိုအခါမှ ချီရှန်းက အန်းလုကိုဖက်ထားတာအားခွာလိုက်ပြီး အန်းလုကိုကြည့်သည်။ အောက်ကိုကြည့်တော့လည်း တကယ်ကိုတန်းလန်းဖြစ်နေလေ၏။ ချီရှန်းက ချောင်းဟန့်သည့်ပုံစံဖြင့်ပင် ခေါင်းကိုငုံ့ကာ ရီလိုက်၏။ အန်းလုက ချီရှန်း၏ လက်မောင်းအား ဖြန်းကနဲမြည်အောင်ရိုက်ချလိုက်သည်။
" မကောင်းတဲ့လူ...။ လူယုတ်မာကြီး။"
အန်းလုက ဆက်တိုက်ရိုက်နေရင်း အော်ငိုလေတော့၏။ ထိုအခါမှ ချီရှန်းက သူ၏လက်မောင်းများကို တဖက်စီကာနေရင်းပင်
" ကောင်းပြီ...ကောင်းပြီ။ ဆက်လုပ်မယ်။ ဆက်လူပ်ကြမယ်လိူ့။"
~~~~~~~~~~~~~~~~~~~~~~~~~
" ဝင်လာခဲ့လိုက်။"
" ကြားပြီးပြီလား။"
တကယ်ပဲ....တကယ်ပဲလား။"
"......."
.....................................
" ပြောပါ အမတ်ချီ"
ဆုံးမလိုက်တာတွေ ဘာတွေများလား။ ဟား ဟား"
"ဟုတ်တယ်။"
" အဟမ်း....."
......................................
"အင်း....ထိုင်။"
"မှန်လှပါ အရှင်။"
"နောက်တစ်ခု...... "
" အမိန့်အတိုင်းပါ။"
"အင်း....သူတို့ရောက်လာတဲ့အခါ တိုင်ပင်ကြတာပေါ့။"
" မှန်လှပါ။"
" လုပ်ရအောင်...."
"အ့..."
" ရှန်းရှန်း.... "
" ဘာဖြစ်လို့လဲ ။"
"အ့...."
"......."
" ရှန်းရှန်း.... "
" အင်း...."
" ဆက်လုပ်ရအောင်လေ။ တန်းလန်းကြီး..."
"......."
" မကောင်းတဲ့လူ...။ လူယုတ်မာကြီး။"
" ကောင်းပြီ...ကောင်းပြီ။ ဆက်လုပ်မယ်။ ဆက်လူပ်ကြမယ်လို့။"